id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,350,601
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အဓိပ္ပါယ်ဖေါ်ပြချက်များ။
1,350,602
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင်-
1,350,603
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) “တန်းပြည့်စစ်မှုထမ်းချိန်”ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့် သက်ဆိုင်စေရာ ၌၊ အောက်ပါအတိုင်း၊ ထိုသူပါဝင်ဆောင်ရွက်နေသည့်အချိန်ကို ဆိုလိုသည်။
1,350,604
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ရန်သူနှင့်ပြိုင်ဆိုင် တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တဖွဲ့တွင်၊ တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
1,350,605
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ရန်သူက လုံးဝသော်၎င်း၊ တစိတ်တဒေသသော်၎င်း၊ သိမ်းပိုက်ထားသော တိုင်းပြည်တပြည်၌ ဖြစ်စေ၊ နေရာတခု၌ဖြစ်စေ၊ တိုက်ပွဲဆင်နွှဲနေသည့်အချိန်၊ သို့တည်းမဟုတ် ယင်းကဲ့သို့သော တိုင်းပြည် တပြည်သို့ဖြစ်စေ၊ နေရာတခုသို့ဖြစ်စေ၊ စစ်ချီတက်ရာ၌ ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
1,350,606
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) နိုင်ငံခြားနိုင်ငံတခုကို သိမ်းပိုက်ထားသော တပ်ဖွဲ့တဖွဲ့တွင် တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်။
1,350,607
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) “လေယာဉ်”ဆိုသည့်စကားရပ်တွင် လေယာဉ်ပျံများ၊ ဓါတ်ပုံးပျံများ၊ လေတံခွန်ဓါတ်ပုံးပျံများ၊ လေသင်္ဘောများ၊ စက်မဲ့လေယာဉ်များ၊ သို့တည်းမဟုတ် အခြားပျံသန်းရေး စက်ယန္တရားများပါဝင်သည်။
1,350,608
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) “လေယာဉ်ပစ္စည်း”ဆိုသည့် စကားရပ်တွင် လေယာဉ်နှင့်စပ်လျဉ်း၍ အသုံးပြုသောစက်များ၊ တပ်ဆင်ထားသောပစ္စည်းများ၊ သေနတ်များ၊ ကိရိယာများ၊ ချိန်ခွက်များ၊ သို့တည်းမဟုတ် တန်ဆာ ပလာများ၊ လေယာဉ်၏အတက်ပစ္စည်းများနှင့် အကူပစ္စည်းများ၊ ထို့ပြင် လေယာဉ်ပျံများပျံသန်းနိုင်ရန် စွမ်းအားပေးရေးအတွက် အသုံးပြုသော ဓါတ်ဆီ၊ စက်ဆီနှင့် အခြားအရာဝတ္ထုများ ပါဝင်သည်။
1,350,609
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) “လေကြောင်းအချက်ပြ”ဆိုသည်မှာ၊ အလံဖြင့်ဖြစ်စေ၊ မြေပြင်မှ အချက်ပြခြင်းဖြင့်ဖြစ်စေ၊ မီးရောင်ဖြင့်ဖြစ်စေ၊ လေညွှန်းကိရိယာဖြင့်ဖြစ်စေ၊ အခြားနည်းတခုခုဖြင့်ဖြစ်စေ၊ လေယာဉ်ကိုလမ်းညွှန် ပြရေးအတွက် ရည်စူးပြုလုပ်သော အချက်ပြခြင်းကိုဆိုလိုသည်။
1,350,610
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) “နယ်ဘက်ပြစ်မှု”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျူးလွန်သည့်ပြစ်မှုဖြစ်လျှင်၊ ရာဇဝတ်တရားရုံးတရုံးက စစ်ဆေးစီရင်နိုင်သော ပြစ်မှုကိုဆိုလိုသည်။
1,350,611
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(စ) “နယ်ဘက်အကျဉ်းထောင်”ဆိုသည်မှာ၊ အကျဉ်းထောင်များ အက်ဥပဒေအရသော်၎င်း၊ တည်ဆဲ အခြားတရားဥပဒေ တခုခုအရသော်၎င်း၊ မည်သည့်ရာဇဝတ်အကျဉ်းသားကိုမဆို၊ ချုပ်ထားရန်အသုံး ပြုသော အကျဉ်းထောင်တခုခု၊ သို့တည်းမဟုတ် နေရာတခုခုကို ဆိုလိုသည်။
1,350,612
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) “တပ်မှူး”ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့်ပတ်သက်၍ သုံးနှုန်းထားသည့် အခါ၊ ထိုသူပါရှိသော၊ သို့တည်းမဟုတ် ထိုသူအားတွဲဘက်ထားသော တပ်ကိုသော်၎င်း၊ ခွဲထုတ်တပ်ကို သော်၎င်း၊ အခါအားလျော်စွာ ကွပ်ကဲနေသောအရာရှိကို၊ သို့တည်းမဟုတ် နိုင်ငံတော်သမတက “တပ်မှူး”ဟု သီးခြားသတ်မှတ်လိုက်သော အရာရှိတဦးဦးကို ဆိုလိုသည်။
1,350,613
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) “တပ်အဖွဲ့”ဆိုသည်မှာ၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံး၊ သို့တည်းမဟုတ် တခုခု၏ ကိစ္စ များအတွက် တပ်အဖွဲ့တဖွဲ့ဟုသတ်မှတ်ထားသော ဤအက်ဥပဒေကို လိုက်နာရသည့် သီးခြားလူစုတစု ကို ဆိုလိုသည်။
1,350,614
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဈ) “စစ်တရားရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ရုံးထိုင်သော စစ်တရားရုံးကို ဆိုလိုသည်။
1,350,615
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ည) “စစ်ဘက်အယူခံတရားရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေ၏ အခဏ်း ၁၇ အရ၊ ဖွဲ့စည်းအပ်သော စစ်ဘက် အယူခံတရားရုံးကို ဆိုလိုသည်။
1,350,616
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဋ) “ရာဇဝတ်တရားရုံး”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင်းရှိ သာမန်ရာဇဝတ်မှု တရားစီရင် သောရုံးကို ဆိုလိုသည်။
1,350,617
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဌ) “တပ်မတော်”ဆိုသည်မှာ၊ ကြည်းတပ်၊ ရေတပ်နှင့်လေတပ်တို့ကို ဆိုလိုသည်။
1,350,618
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဍ) “ဌာန”ဆိုသည့်စကားရပ်တွင် ဌာနတခု၏အစိတ်အပိုင်းတခုခု၊ သို့တည်းမဟုတ် ဌာနခွဲတခုခုပါဝင် သည်။
1,350,619
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဎ) “ရန်သူ”ဆိုသည့်စကားရပ်တွင် လက်နက်ကိုင်စစ်ပုန်ကန်မှု ပြုသူအားလုံး၊ လက်နက်ကိုင်သူပုန် အားလုံး၊ လက်နက်ကိုင်ရုန်းရင်းဆန်ခတ်မှုပြုသူအားလုံး၊ ရေကြောင်း၊ လေကြာင်း၊ ဓါးပြအားလုံးအပြင်၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦး၏ အရေးယူခြင်းခံရမည့်၊ မည်သည့်လက်နက်စွဲကိုင်သူမဆိုပါဝင် သည်။
1,350,620
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဏ) “စစ်ဘက်”ဆိုသည့်စကားရပ်သည် တပ်မတော်တခုလုံး၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ် အပိုင်းတခုခုကို ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။
1,350,621
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(တ) “စစ်ဘက်အချုပ်”ဆိုသည်မှာ၊ တပ်မတော်ထုံးတမ်းအတိုင်း တဦးတယောက်သောသူအား ဘမ်းဆီးထားခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်ထားခြင်းကို ဆိုလိုသည်။
1,350,622
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ထ) “စစ်ဘက်အကျဉ်းထောင်”ဆိုသည်မှာ၊ ပုဒ်မ ၁၈၀ ပါ ပြဋ္ဌာန်းချက်များအရ၊ ထားရှိသော စစ်ဘက်အကျဉ်းထောင်ကို ဆိုလိုသည်။
1,350,623
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင်ထိုစကားရပ်တွင် နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာ ဖြင့် အခါအားလျော်စွာထုတ်ပြန်ကျေညာသည့် စစ်ဘက်အကျဉ်းထောင်လည်းပါဝင်သည်။
1,350,624
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဒ) “စစ်ဘက်ဆု”ဆိုသည့်စကားရပ်တွင် လုပ်သက်ရှည်အတွက်သော်၎င်း၊ စာရိတ္တကောင်းအတွက် သော်၎င်း၊ ပေးသောဆုကြေးတခုခု၊ သို့တည်းမဟုတ် နှစ်စဉ်ဆုကြေးတခုခု၊ စာရိတ္တကောင်း လစာတခုခု အပြင်၊ အခြား မည်သည့်စစ်ဘက်ဆုငွေမဆို ပါဝင်သည်။
1,350,625
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဓ) “အကြပ်”ဆိုသည်မှာ၊ တပ်မတော်တွင် အကြပ်အဆင့် လက်ရှိဖြစ်သောသူကို ဆိုလိုသည်။
1,350,626
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုစကားရပ်တွင် ခေတ္တအကြပ်များလည်း ပါဝင်သည်။
1,350,627
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(န) “ပြစ်မှု”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြုလုပ်မှုတခုခု၊ သို့တည်း မဟုတ် ပျက်ကွက်မှုတခုခုကို ဆိုလိုသည်။
1,350,628
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုစကားရပ်တွင် နယ်ဘက်ပြစ်မှုလည်း ပါဝင်သည်။
1,350,629
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ပ) “အရာရှိ”ဆိုသည်မှာ၊ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီးသော၊ အစိုးရပြန်တမ်းတွင် ထုတ်ပြန် ပြီးသော၊ သို့တည်းမဟုတ် တပ်မတော်၏တပ်တခုခုတွင် ပြန်တမ်းဝင်အရာရှိ တဦးအဖြစ်ဖြင့် လစာရရှိ နေသောသူကို ဆိုလိုသည်။
1,350,630
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဖ) “သတ်မှတ်သည်”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ ပြုသည့်နည်းဥပဒေများဖြင့် သတ်မှတ်ခြင်းကို ဆိုလိုသည်။
1,350,631
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဗ) “တပ်ထိန်းချုပ်”ဆိုသည်မှာ၊ ပုဒ်မ ၁၀၉ အရ၊ ခန့်အပ်သောတပ်ထိန်းချုပ်ကို ဆိုလိုသည်။
1,350,632
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုစကားရပ်တွင် ဒုတိယတပ်ထိန်းချုပ်၊ သို့တည်းမဟုတ် လက်ထောက်တပ်ထိန်းချုပ်၊ သို့တည်းမဟုတ် တပ်ထိန်းချုပ်၏ လက်အောက်ခံအဖြစ်သော်၎င်း၊ တပ်ထိန်းချုပ်၏ ကိုယ်စားသော်၎င်း၊ ဤအက်ဥပဒေ နှင့်အညီ အာဏာသုံးစွဲနိုင်သည့် အခြားသူတဦးဦးလည်းပါဝင်သည်။
1,350,633
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဘ) “အတွင်းဝန်”ဆိုသည်မှာ၊ စစ်ဘက်အယူခံတရားရုံး၏ အတွင်းဝန်ကို ဆိုလိုသည်။
1,350,634
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(မ) “စစ်ဘက်အယူခံတရားရုံးနည်းဥပဒေများ”ဆိုသည်မှာ၊ နိုင်ငံတော်သမတ၏ သဘောတူညီချက် ဖြင့်၊ တရားလွှတ်တော်ချုပ်ကပြုသော စစ်ဘက်အယူခံတရားရုံးနည်းဥပဒေများကို ဆိုလိုသည်။
1,350,635
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ယ) “အထက်အရာရှိ”ဆိုသည့်စကားရပ်တွင် ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့် ပတ်သက်၍ သုံးနှုန်းထားသည့်အခါ အရာခံဗိုလ်နှင့် အကြပ်တို့ပါဝင်သည်။
1,350,636
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ရ) “တပ်”ဆိုသည့်စကားလုံးတွင်-
1,350,637
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) သီးခြားဖွဲ့စည်းပုံဇယား ခွင့်ပြုရရှိထားသော၊ အရာရှိများနှင့် အရာရှိမဟုတ်သူများ ပါဝင်သည့် အဖွဲ့အစည်းတခုခုနှင့်
1,350,638
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) နိုင်ငံတော်သမတက တပ်တတပ်ဟုသီးခြားဖေါ်ပြထားပြီး၊ ဤအက်ဥပဒေကိုလိုက်နာရသူအားလုံး၊ သို့တည်းမဟုတ် အချို့ပါဝင်သည့် အခြားသီးခြားအဖွဲ့အစည်း တခုခုပါဝင်သည်။
1,350,639
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(လ) “အရာခံဗိုလ်”ဆိုသည်မှာ၊ တပ်မတော်တွင် အရာခံဗိုလ်တဦးအဖြစ် ခန့်ထားသော၊ သို့တည်း မဟုတ် အရာခံဗိုလ်တဦးအဖြစ် လစာရရှိနေသောသူကို ဆိုလိုသည်။
1,350,640
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဝ) “စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများ” ဆိုသည့် စကားရပ်တွင်၊ စစ်ဘက်ကြွေးမြီများဖြစ်သော အောက်ပါတို့နှင့်စပ်လျဉ်းသည့် ကျသင့်ငွေ၊ သို့တည်းမဟုတ် ကြိုတင်ပေးငွေအတွက် ပေးဆပ်ရမည့်ငွေပါဝင်သည်။
1,350,641
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) နေထိုင်ရာနေရာ။
1,350,642
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ရိပ်သာ၊ တီးဝိုင်း၊ တို့ပြင် တပ်ရင်းအခြားငွေစာရင်း။
1,350,643
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) သေဆုံးသူ၏ သုံးလအတွက် လစာနှင့်ညီမျှသည့် ငွေထက်မပိုသည့်ပြင်၊ ထိုသူမသေမီက တဆယ့် ရှစ်လအတောအတွင်း ပေးဆပ်ရမည်ဖြစ်သည့် စစ်ဘက်အဝတ်အစား၊ အဆောင်အယောင်နှင့် ကိရိယာ တန်ဆာပလာ။
1,350,644
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(သ) “ကိုယ်စားဆောင်ရွက်ခွင့်လက်မှတ်” ဆိုသည့်စကားရပ်တွင် သူတဦးအား သေဆုံးသူ၏ သေတမ်းစာ အတည်ပြုသူသော်၎င်း၊ အမွေထိန်းသော်၎င်း၊ ဖြစ်စေသည့်၊ သို့တည်းမဟုတ် သေဆုံးသူ၏ ကြွေးမြီဆပ်ပြီး ကျန်ရှိသည့်အမွေပစ္စည်းများကို လက်ခံရန်ဖြစ်စေ၊ ရယူရန်ဖြစ်စေ၊ အာဏာလွှဲအပ်သည့် သေတမ်းစာအတည်ပြုလက်မှတ်၊ သေတမ်းစာပူးတွဲပါသော၊ သို့တည်းမဟုတ် ပူးတွဲမပါသော အမွေထိန်း ခန့်စာ၊ ထိုပြင် အမွေဆက်ခံရန် သက်သေခံလက်မှတ်စာပါဝင်သည်။
1,350,645
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဟ) “ကိုယ်စားဆောင်ရွက်သူ”ဆိုသည်မှာ၊ ကိုယ်စားဆောင်ရွက်ခွင့် လက်မှတ်ရသူ တဦးဦးကိုဆိုလို သည်။
1,350,646
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် ထိုစကားရပ်တွင် အမွေထိန်းမင်းကြီး မပါဝင်ချေ။
1,350,647
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဠ) “စုံစမ်းစစ်ဆေးရေးခုံရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဆိုလိုသည်။
1,350,648
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(အ) ရာဇသတ်ကြီးတွင် အဓိပ္ပါယ်ဖေါ်ပြထားပြီးဖြစ်၍ အထက်တွင်အဓိပ္ပါယ်ဖေါ်ပြမထားသော၊ ဤ အက်ဥပဒေတွင် သုံးနှုန်းထားသည့်စကားလုံးနှင့် စကားရပ်အားလုံး၏အဓိပ္ပါယ်သည်၊ ထိုရာဇသတ်ကြီး တွင် ဖေါ်ပြထားသော အဓိပ္ပါယ်များအတိုင်းဖြစ်သည်ဟု မှတ်ယူရမည်။
1,350,649
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၂။ ဤအက်ဥပဒေနှင့်သက်ဆိုင်စေခြင်း။
1,350,650
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြည်ထောင်စုအစိုးရ လက်အောက်ရှိ အချို့သောတပ်ဖွဲ့များ နှင့် ဤအက်ဥပဒေ သက်ဆိုင်စေခြင်း။
1,350,651
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်အားလုံးသည်၊ သို့တည်းမဟုတ် တခုခုသည် ပါလီမန်ကဖြစ်စေ၊ ပြည်နယ်ကောင်စီ တခုခုကဖြစ်စေ၊ နိုင်ငံတော်သမတ၏ အမိန့်အာဏာအရဖြစ်စေ၊ ဖွဲ့စည်းတည်ထောင် ထားသော တပ်ဖွဲ့တခုခုနှင့်သက်ဆိုင်ရမည်ဟု နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ကျေညာနိုင် သည်။
1,350,652
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ယင်းသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာသည့်အခါ၊ ထိုသို့သက်ဆိုင်စေသည့် ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များသည်၊ ဤအက်ဥပဒေနှင့် ယင်းသို့သက်ဆိုင်စေသော တပ်ဖွဲ့တွင်ပါဝင်သူများ၊ အခါအား လျော်စွာ၊ ရရှိထားသောအဆင့်နှင့်တူညီသည့် အဆင့်ကိုတပ်မတော်တွင် ရရှိထားသော ဤအက်ဥပဒေကို လိုက်နာကြရသူများအပေါ် အကျိုးသက်ရောက်သကဲ့သို့၊ ပြဋ္ဌာန်းချက်များသည်၊ ထိုတပ်ဖွဲ့တွင် ပါဝင်သူ များအပေါ် အကျိုးသက်ရောက်စေရမည်။
1,350,653
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင်ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ)အရ၊ ဤအက်ဥပဒေ ကို လိုက်နာရသူများအပေါ် အကျိုးသက်ရောက်သကဲ့သို့ အဆိုပါတပ်ဖွဲ့တခုခု၏ အစိတ်အပိုင်းတခုခုက စေခိုင်းခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် ပါဝင်အမှုထမ်းရွက်နေရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ သို့တည်း မဟုတ် ယင်းအစိတ်အပိုင်းတခုခုနှင့် လိုက်ပါလာကြသူများအပေါ်လည်း အကျိုးသက်ရောက်စေရမည်။
1,350,654
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်တခုခုသည်၊ ထိုတပ်ဖွဲ့တခုခုအပေါ် အကျိုးသက်ရောက်နေစဉ်၊ ထိုပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ခြင်းကြောင့် သုံးစွဲဆောင်ရွက်ရမည့် စီရင်ပိုင်ခွင့်အာဏာ၊ အခြား အာဏာများ၊ သို့တည်းမဟုတ် တာဝန်ဝတ်တရားတခုခုကို မည်သည့်အာဏာပိုင်က ထိုတပ်ဖွဲ့နှင့် စပ်လျဉ်း၍ သုံးစွဲဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည်။
1,350,655
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် အခါအားလျော်စွာ ထိုတပ်ဖွဲ့နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းထားသော အခြားဥပဒေတရပ်ရပ်ကို ရပ်ဆိုင်းထားနိုင်သည်။
1,350,656
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အချို့ကိစ္စရပ်များတွင် အဆင့်နှင့်စပ်လျဉ်းသော အထူးပြဋ္ဌာန်းချက်။
1,350,657
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ) အရ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအားဖြစ်စေ၊ လူအမျိုးအစားတမျိုးတစားအားဖြစ်စေ၊ အရာရှိများ၊ အရာခံဗိုလ်များ၊ သို့တည်းမဟုတ် အကြပ်များအ ဖြစ်၊ ထိုအက်ဥပဒေကိုလိုက်နာရမည်ဟု နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည့် ပြင်၊ ထိုသူတဦးဦးနှင့်ပတ်သက်၍ အလားတူညွှန်ကြားချက်တရပ်ပေးရန်နှင့် ထိုညွှန်ကြားချက်ကို ပယ်ဖျက်ရန်အရာရှိတဦးဦးအား အခွင့်အာဏာအပ်နှင်းနိုင်သည်။
1,350,658
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူအားလုံးသည်၊ ပုဒ်မခွဲ(၁) အရ၊ ထုတ်ပြန်ထားသောအမိန့်ကြော်ငြာစာ၊ သို့တည်းမဟုတ် ညွှန်ကြားချက်တရပ်နှင့်သက် ဆိုင်သူများမဟုတ်ပါက၊ အကြပ်တဦး၏ အဆင့်အောက်နိမ့်သော အဆင့်ရှိသူများဖြစ်သည်ဟုမှတ်ယူရ မည်။
1,350,659
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ)အရ စစ်ဘက် ဥပဒေကို လိုက်နာရသူများ၏ တပ်မှူး။
1,350,660
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပုဒ်မ ၂၊ ပုဒ်မခွဲ (၁) ၏ အပိုဒ်(ဃ) အရ၊ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ မိမိအား တွဲဘက်ထားသောတပ်အဖွဲ့ကို၊ ဌာနကို၊ တပ်ကို၊ သင်္ဘောကို၊ အဖွဲ့အစည်းကို၊ သို့တည်းမဟုတ် ခွဲထုတ်တပ်ကို ကွပ်ကဲသောတပ်မှူး၏ လက်အောက်တွင်ရှိသည်ဟု၊ ဤအက်ဥပဒေ၏ ကိစ္စများအတွက် မှတ်ယူရမည့်ပြင်၊ မိမိအား တပ်အဖွဲ့၊ ဌာန၊ တပ်၊ သင်္ဘော၊ အဖွဲ့အစည်း၊ သို့တည်းမဟုတ် ခွဲထုတ်တပ် တခုခုသို့ တွဲဘက်၍မထားခဲ့လျှင်၊ မိမိအမှုထမ်းရွက်လျက်ရှိမည့်တပ်ဖွဲ့ကို၊ အခါအားလျော်စွာ၊ ကွပ်ကဲရ သောအရာရှိက၊ ထိုအချိန်တွင် မိမိ၏တပ်မှူးဖြစ်သည်ဆိုသည့် အရာရှိတဦးဦး၏ လက်အောက်တွင်ဖြစ် စေ၊ သတ်မှတ်ထားသော အခြားအရာရှိတဦးဦး၏ လက်အောက်တွင်ဖြစ်စေ၊ ယင်းသို့ အရာရှိတဦးကို၊ တပ်မှူးဖြစ်သည်ဟုဆိုထားခြင်း၊ သို့တည်းမဟုတ် သတ်မှတ်ထားခြင်းမရှိလျှင်၊ တပ်ဖွဲ့ကိုကွပ်ကဲသော အဆိုပါအရာရှိ၏ လက်အောက်တွင်ရှိသည်ဟု မှတ်ယူရမည်။
1,350,661
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) တပ်ဖွဲ့တခုကို ကွပ်ကဲနေသောအရာရှိတဦးသည်၊ တဦးတယောက်သောသူအား၊ ထိုသူရှိသော နေရာတွင် ထိုသူကိုကွပ်ကဲနိုင်သည်လည်းဖြစ်၍၊ အဆင့်လည်းပို၍မြင့်သော အရာရှိတဦးဦးရှိလျှင်၊ ထိုသူ ၏အဆင့်အောက်နိမ့်သော အရာရှိတဦး၏ လက်အောက်တွင်မထားရ။
1,350,662
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အချို့ ကိစ္စရပ်များ အတွက် အာဏာများ သုံးစွဲမည့် အရာရှိများ။
1,350,663
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤပုဒ်မတွင် အမည်သီးခြားဖေါ်ပြမထားသည့်ပြင်၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ အောက်မငယ်ဟု၎င်း၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့်တူညီသောအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်ဟု၎င်း၊ နိုင်ငံတော် သမတက ထင်မြင်ယူဆသောစစ်ဘက်အဖွဲ့အစည်းတခုခုကို ကွပ်ကဲနေသည့်အရာရှိ၏လက်အောက်တွင်၊ ဤအက်ဥပဒေကို လိုက်နာရသူများအမှုထမ်းရွက်နေကြသည့်အခါတိုင်း၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်တော်များ၊ တပ်မကြီးများ၊ တပ်မများနှင့် တပ်မဟာများကိုကွပ်ကဲသော အရာရှိများက၎င်း၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ ကြည်းတပ်ရှိတပ်တော်၊ တပ်မကြီး၊ တပ်မ၊ သို့တည်းမဟုတ် တပ်မဟာနှင့်တူညီသော အဖွဲ့အစည်းများကိုကွပ်ကဲသော အရာရှိများက၎င်း၊ ဤအက်ဥပဒေအရ၊ သုံးစွဲ နိုင်သောအာဏာများကို ထိုသူများနှင့်ပတ်သက်၍ မည်သည့်အရာရှိက သုံးစွဲရမည်ဟု၊ နိုင်ငံတော်သမတ ကသတ်မှတ်နိုင်သည်။
1,350,664
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တန်းပြည့် စစ်မှုထမ်းနေကြသူများဟု ကျေညာရန် အာဏာ။
1,350,665
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၃၊ အပိုဒ်ခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးအား ဖြစ်စေ၊ လူတမျိုးတစားအားဖြစ်စေ၊ ထိုသူများအမှုထမ်းလျက်ရှိမည့် နယ်တခုခုကိုရည်ညွှန်း၍သော်၎င်း၊ ဤအက်ဥပဒေ၏၊ သို့တည်းမဟုတ် အခါအားလျော်စွာ တည်ဆဲအခြားတရားဥပဒေ တရပ်ရပ်၏ ပြဋ္ဌာန်း ချက်တခုခုကို ရည်ညွှန်း၍သော်၎င်း၊ ဤအက်ဥပဒေ၏အဓိပ္ပါယ်အရ၊ တန်းပြည့်စစ်မှုထမ်း ရွက်နေကြ သူများအဖြစ် မှတ်ယူရမည်ဟု၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ကျေညာနိုင်သည်။
1,350,666
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၃။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းနှင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း။
1,350,667
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြန်တမ်းဝင်အရာရှိ အဖြစ်ခန့်အပ်ခြင်း။
1,350,668
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတသည်၊ မည်သူကိုမဆို တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိတဦးအဖြစ် ခန့်အပ် နိုင်သည်။
1,350,669
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံခြားသားများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းနိုင်ခွင့်မရှိခြင်း။
1,350,670
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြည်ထောင်စုနိုင်ငံသားမဟုတ်လျှင်၊ နိုင်ငံတော်သမတ၏ သဘောတူညီချက်စာမရရှိဘဲ၊ မည့်သူ့ကိုမျှ တပ်မတော်တွင် စစ်မှုထမ်းအဖြစ် စာရင်းမသွင်းရ။
1,350,671
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
မိန်းမများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းနိုင်ခွင့်၊ သို့တည်းမဟုတ် အလုပ်လုပ်နိုင် ခွင့်ရှိခြင်း။
1,350,672
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤကိစ္စအလို့ငှါ၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် သီးခြားဖေါ်ပြသည့်၊ တပ်မတော်၏ တပ်အဖွဲ့၊ ဌာန၊ ဌာနခွဲ၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ်အပိုင်းတခုခု၌ တစိတ်တဒေသ ပါဝင်နေသော၊ သို့တည်းမဟုတ် တွဲဘက်ထားသောအခြားအဖွဲ့တွင် မိန်းမများစစ်မှုထမ်းအဖြစ် စာရင်း သွင်းနိုင်ခွင့်ဖြစ်စေ၊ အလုပ်လုပ်ကိုင်နိုင်ခွင့်ဖြစ်စေ ရှိရမည်။
1,350,673
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေး အရာရှိ မျက်မှောက်တွင် လိုက်နာရန် နည်းလမ်း။
1,350,674
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သတ်မှတ်ထားသော စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေး အရာရှိမျက်မှောက်သို့ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလိုသူတဦးဦးရောက်ရှိသည့်အခါ၊ ထိုအရာရှိက စစ်မှုထမ်းလိုက်နာရမည့် စည်းကမ်းချက်များ ကို ထိုသူအားဘတ်၍ရှင်းပြရမည်၊ သို့တည်းမဟုတ် မိမိ၏မျက်မှောက်တွင် ဘတ်ပြစေပြီးရှင်းပြစေရ မည်။
1,350,675
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် စစ်မှုထမ်းအဖြစ်စာရင်းသွင်းရန် သတ်မှတ်ထားသည့်ပုံစံတွင် ဖေါ်ပြထားသော မေးခွန်း များကို ထိုသူအားမေးမြန်းရမည်။
1,350,676
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် အဆိုပါမေးခွန်းတခုခုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော အဖြေ တရပ်ကို ထိုသူကမေးလျှင်၊ ဤအက်ဥပဒေအရ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်ဟု ထိုသူအား သတိပေးပြီး အဆိုပါမေးခွန်းတခုစီအတွက် ထိုသူ၏အဖြေကိုရေးမှတ်ရမည်၊ သို့တည်းမဟုတ် ရေးမှတ်စေရမည်။
1,350,677
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းအဖြစ် စာရင်းသွင်းနည်း။
1,350,678
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၂ ၏ ပြဋ္ဌာန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလို သူသည်၊ မေးခွန်းများကိုပြည့်စုံစွာနားလည်၍၊ စစ်မှုထမ်းလိုက်နာရမည့် စည်းကမ်းချက်များကို သဘော တူသည်ဟု စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးအရာရှိက ကြေနပ်လျှင်၊ ထို့ပြင် စာရင်းသွင်းခြင်းကို ငြင်းပယ်ရန် အကြောင်းမရှိဟုထင်မြင်လျှင်၊ စစ်မှုထမ်းအဖြစ်စာရင်းသွင်းရန်ပုံစံတွင် မိမိကိုယ်တိုင်က လက်မှတ်ရေးထိုး၍ ထိုသူအားလည်း လက်မှတ်ရေးထိုးစေပြီးနောက်၊ ထိုသူကိုစစ်မှုထမ်းအဖြစ်စာရင်း သွင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။
1,350,679
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း ခိုင်လုံမှု။
1,350,680
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးအနေနှင့် သုံးလမျှ စစ်ဘက်လစာကိုရရှိနေပြီးလျှင်၊ မည်သည့်တပ်အဖွဲ့၊ ဌာန၊ တပ်၊ သို့တည်းမဟုတ် သင်္ဘော၏ လူစာရင်းတွင်မဆို ပါရှိနေသူတိုင်းကို နည်းလမ်းတကျ စစ်မှုထမ်းအဖြစ်စာရင်းသွင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။
1,350,681
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုသူစစ်မှုထမ်း အဖြစ် စာရင်းသွင်းရာ၌ နည်းလမ်းမကျခြင်း အကြောင်းပြချက်တခုခု၊ သို့တည်းမဟုတ် တရားဥပဒေနှင့် ဆန့်ကျင်ခြင်း အကြောင်းပြချက်တခုခု၊ သို့တည်းမဟုတ် အခြားမည်သည့် အကြောင်းပြချက်ကိုမဆို၊ အခြေပြုပြီး ထိုသူ၌ ထွက်ခွင့်တောင်းဆိုပိုင်ခွင့်မရှိစေရ။
1,350,682
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် အဆိုပါသုံးလအတွင်း၊ ထိုသူကထွက်ခွင့် တောင်းဆိုလျှင်၊ ထိုတောင်းဆိုချက်နှင့်အညီ ၎င်းအား ထွက်ခွင့်ပေးလိုက်သည့်အချိန်တိုင်အောင်၊ အဆိုပါ နည်းလမ်းမကျခြင်းအကြောင်းပြချက်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်ဆန့်ကျင်ခြင်းအကြောင်းပြ ချက်၊ သို့တည်းမဟုတ် အခြားအကြောင်းပြချက်တခုခုသည်၊ ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာ ရင်းသွင်းထားပြီးသူတဦးဖြစ်နေသည့် ထိုသူ၏အခြေအနေကိုမထိခိုက်စေရ၊ သို့တည်းမဟုတ် ထိုသူထွက် ခွင့်မရမီပြုလုပ်ခဲ့သော၊ သို့တည်းမဟုတ် ထိုသူ့အပေါ်အရေးယူခဲ့သောမည်သည့် ဆောင်ရွက်ချက်၊ ပြုလုပ် ချက်၊ သို့တည်းမဟုတ် အရာသည်၊ အဆိုပါအကြောင်းပြချက်တခုခုကြောင့် မပျက်ပြယ်စေရ။
1,350,683
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သစ္စာပြုခြင်း။
1,350,684
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သစ္စာပြုရသူများ။
1,350,685
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အောက်ပါသူများသည် သစ္စာပြုကြရမည်။
1,350,686
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) တိုက်ပွဲဝင် စစ်မှုထမ်းများအဖြစ် စာရင်းသွင်းပြီးသူအားလုံး၊
1,350,687
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) အကြပ်၊ သို့တည်းမဟုတ် ခေတ္တအကြပ်အဖြစ် ရွေးချယ်ခြင်းခံရသူအားလုံး၊
1,350,688
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) နိုင်ငံတော်သမတက သတ်မှတ်သည့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသော အခြားသူအားလုံး။
1,350,689
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သစ္စာပြုနည်း။
1,350,690
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) သစ္စာပြုရမည်ဖြစ်သော သူတဦးသည်၊ တာဝန်ဝတ်တရားထမ်းဆောင်ရန် သင့်တော်သည်ဟု သတင်းပို့ခြင်းခံရသည့်အခါဖြစ်စေ၊ သတ်မှတ်ထားသော အစမ်းခန့်အချိန်ကာလပြီးဆုံးသည့်အခါဖြစ်စေ၊ ထိုသူ၏ တပ်အဖွဲ့ရှေ့မှောက်တွင်သော်၎င်း၊ ထိုတပ်အဖွဲ့၏ အစိတ်အပိုင်းရှေ့မှောက်တွင်သော်၎င်း၊ ထိုသူ ၏ဌာန၊ တပ်၊ သို့တည်းမဟုတ် သင်္ဘောမှ တက်ရောက်နိုင်သမျှသော သူများ၏ရှေ့မှောက်တွင်သော်၎င်း၊ သတ်မှတ်သည့်မူအတိုင်း ထိုသူ၏တပ်မှူးကကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုစေရမည်၊ သို့ တည်းမဟုတ် သတ်မှတ်ထားသည့်မူအတိုင်း၊ သတ်မှတ်ထားသည့် အခြားပုဂ္ဂိုလ်တဦးဦးက ထိုသူအား ကျမ်း သစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုစေရမည်။
1,350,691
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ဤပုဒ်မအရ သတ်မှတ်သည့်ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာမူတွင် သစ္စာပြုရမည့်သူသည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို၊ မိမိ၏အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူ၍၎င်း၊ တပ်မတော်တွင် ဝင်ရောက်အမှုထမ်းရွက်၍ ကုန်းကြောင်းခရီးဖြင့်ဖြစ်စေ၊ ရေကြောင်းခရီးဖြင့်ဖြစ်စေ၊ လေကြောင်းခရီးဖြင့်ဖြစ်စေ၊ မည်သည့်နေရာအရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏အသက်စွန့်၍ ပင် သွားမည်ဟူ၍၎င်း၊ မိမိကိုအုပ်ချုပ်သော အထက်အရာရှိတဦးဦး၏ အမိန့်အားလုံးကို၊ မိမိ၏ အသက်စွန့်၍ပင် နာခံပါမည်ဟူ၍၎င်း၊ ကတိပြုချက်ပါရှိရမည်။
1,350,692
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးသည်၊ ဤပုဒ်မအရ ဆောင်ရွက်ရန်ညွှန်ကြားသည့်အတိုင်း ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာပြုပြီးကြောင်းကို၊ ထိုသူ၏စစ်မှုထမ်းအဖြစ် စာရင်းသွင်းပုံစံ တွင် ရေးသွင်းပြီးနောက်၊ ယင်းသို့ရေးသွင်းပြီးကြောင်းကို ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာ ပြုစေသည့်အရာရှိက ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးရမည်။
1,350,693
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၄။ စစ်မှုထမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များ။
1,350,694
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတက စစ်မှုထမ်းခြင်းကိုရပ်စဲခြင်း
1,350,695
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေပါ ပြဋ္ဌာန်းခြင်းများနှင့်၎င်း၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေ၊ သို့တည်း မဟုတ် စည်းမျဉ်းဥပဒေများနှင့်၎င်း၊ မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်မှုထမ်းခြင်းမှအမြဲတန်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင် သည်။
1,350,696
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကာကွယ်ရေး ဦးစီးချုပ် နှင့်အခြားအရာရှိများက အမြဲတန်းထုတ်ပစ်ခြင်း နုတ်ပယ်ခြင်း၊ သို့တည်းမဟုတ် လျှော့ချခြင်း။
1,350,697
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ကာကွယ်ရေးဦးစီးချုပ်သည်၊ အရာရှိတဦးဦးမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး အား စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင်သည်။
1,350,698
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ကာကွယ်ရေးဦးစီးချုပ်သည်၊ အရာခံဗိုလ်တဦးဦး၊ သို့တည်းမဟုတ် အကြပ်တဦးဦးအား ပို၍နိမ့် သောအတန်းသို့ဖြစ်စေ၊ ပို၍နိမ့်သောအဆင့်သို့ဖြစ်စေ၊ တပ်သားအဆင့်သို့ဖြစ်စေ၊ လျှော့ချနိုင်သည်။
1,350,699
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သောအဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်း မဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းကိုကွပ်ကဲသည့် အရာရှိတဦးသည်၊ သို့တည်းမဟုတ် သတ်မှတ် ထားသောအခြားအရာရှိတဦးသည်၊ အရာရှိတဦးမှတပါး မိမိကွပ်ကဲရသူတဦးဦးကို၊ စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင်သည်။
1,350,700
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် ကာကွယ်ရေးဦးစီးချုပ်မှတပါး၊ အခြားအရာရှိတဦးဦးသည်၊ အရာခံဗိုလ် (ပဌမတန်း) တဦး ကို စစ်မှုထမ်းခြင်းမှ အမြဲတန်းမထုတ်ပစ်ရ၊ သို့တည်းမဟုတ် မနုတ်ပယ်ရ။