id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,350,701
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) ပုဒ်မခွဲ (၃)တွင် ဖေါ်ပြပြီးသော အရာရှိတဦးဦးသည်၊ မိမိကွပ်ကဲရသော အရာခံဗိုလ်တဦးဦးအား၊ သို့တည်းမဟုတ် အကြပ်တဦးဦးအား၊ ပို၍နိမ့်သောအတန်းသို့ဖြစ်စေ၊ ပို၍နိမ့်သောအဆင့်သို့ဖြစ်စေ၊ တပ်သားအဆင့်သို့ဖြစ်စေ၊ လျှော့ချနိုင်သည်။
1,350,702
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် တပ်သားအဆင့်သို့ လျှော့ချထားသော အရာခံဗိုလ်တဦးအား၊ ၎င်း၏ဆန္ဒနှင့်ဆန့်ကျင်လျက် တပ်သားအဖြစ်ဖြင့် စစ်မှုမထမ်းစေရ။
1,350,703
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) ခေတ္တအကြပ်တဦး၏ တပ်မှူးသည်၊ ထိုအကြပ်ကို အကြပ်တဦးအဖြစ် ၎င်း၏အမြဲတန်းအဆင့်သို့၊ သို့တည်းမဟုတ် ထိုအကြပ်၌ တပ်သားအဆင့်ထက်မြင့်သော အမြဲတန်းအဆင့်မရှိလျှင်၊ တပ်သားအဆင့် သို့ ပြန်လည်ဆင်းသက်ရန် အမိန့်ပေးနိုင်သည်။
1,350,704
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၆) ဤအက်ဥပဒေရှိပြဋ္ဌာန်းချက်များနှင့်၎င်း၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေများနှင့်၎င်း၊ မဆန့်ကျင်စေဘဲ ဤပုဒ်မနှင့်အပ်နှင်းထားသောအာဏာများကိုသုံးစွဲရမည်။
1,350,705
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
မူလအခွင့်အရေးအချို့ကို ဤအက်ဥပဒေလိုက်နာရသူများနှင့်သက်ဆိုင်စေရာ၌ ပြောင်းလဲ ပြင်ဆင်ပိုင်ခွင့်အာဏာ။
1,350,706
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်မတော်၊ သို့တည်းမဟုတ် တပ်မတော်၏အစိတ်အပိုင်းတခုခုနှင့်စပ်လျဉ်း၍ တည်ဆဲတရား ဥပဒေတရပ်ရပ်၏ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာဖြင့် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး၏-
1,350,707
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) မည်သည့်ဝါဏိဇ္ဇသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ဝါဏိဇ္ဇသမဂ္ဂအမျိုးအစား၊ အလုပ်သမားသမဂ္ဂ အမျိုးအစား၊ အဖွဲ့၊ အဖွဲ့အစည်း၊ အသင်း၊ အဖွဲ့အမျိုးအစား၊ အဖွဲ့အစည်းအမျိုးအစား၊ သို့တည်းမဟုတ် အသင်းအမျိုးအစား တခုခုတွင်မဆို၊ အသင်းဝင်ဖြစ်ရန် အခွင့်အရေး၊ သို့တည်းမဟုတ် အဆိုပါသမဂ္ဂ၊ သို့တည်းမဟုတ် အသင်းအဖွဲ့တခုခုနှင့် တနည်းနည်းဆက်သွယ်ရန်အခွင့်အရေး၊
1,350,708
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) နိုင်ငံရေး၊ သို့တည်းမဟုတ် အခြားအရေးကိစ္စများအတွက် လူတစုက ကမကထပြုလုပ်သည့် လူထု ဆန္ဒပြပွဲ၊ သို့တည်းမဟုတ် အစည်းအဝေးသို့ တက်ရောက်ရန်အခွင့်အရေး၊ သို့တည်းမဟုတ် ထိုဆန္ဒ ပြပွဲတွင်သော်၎င်း၊ ထိုအစည်းအဝေးတွင်သော်၎င်း၊ ဟောပြောရန်အခွင့်အရေး၊
1,350,709
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) စာပုံနှိပ်တိုက်နှင့်ဆက်သွယ်ရန်၊ သို့တည်းမဟုတ် စာအုပ်၊ စာ၊ သို့တည်းမဟုတ် အခြားစာတမ်း အမှတ်အသားတခုခုကို ပုံနှိပ်ထုတ်ဝေရန်အခွင့်အရေး၊ သို့တည်းမဟုတ် ပုံနှိပ်ထုတ်ဝေစေရန် အခွင့်အရေး၊
1,350,710
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကို ကန့်သတ်လိုသည့်နည်းဖြင့် ကန့်သတ်လိုသမျှကန့်သတ်ရန် နည်းဥပဒေများပြုနိုင်သည်။
1,350,711
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်း။
1,350,712
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ သတ်မှတ်ထားသည့်အာဏာပိုင်က သတ်မှတ်ထား သည့်နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့်၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးနိုင်သည်။
1,350,713
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းခြင်းကိုရပ်စဲရာတွင် ပေးရမည့်လက်မှတ်။
1,350,714
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ခြင်း၊ နုတ်ပယ်ခြင်း၊ ထွက်ခွင့်ပေးခြင်း၊ သို့တည်းမဟုတ် အငြိမ်းစားပေးခြင်းခံရသည့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူတိုင်းအား-
1,350,715
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ထိုသူ၏စစ်မှုထမ်းခြင်းကို ရပ်စဲသောအခွင့်အာဏာ၊
1,350,716
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ထိုသို့ရပ်စဲခြင်း၏ အကြောင်းရင်း၊
1,350,717
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) တပ်မတော်တွင် ထိုသူစစ်မှုထမ်းခဲ့သည့် အချိန်ကာလ၊
1,350,718
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တို့ကိုဖေါ်ပြထားသော လက်မှတ်တစောင်ကို ထိုသူ၏တပ်မှူးကပေးအပ်ရမည်။
1,350,719
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပတွင်ရောက်ရှိနေသောအခါ ထွက်ခွင့်ပေးခြင်း၊ သို့တည်းမဟုတ် အမြဲတန်းထုတ်ပစ်ခြင်း။
1,350,720
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များအရ၊ ထွက်ခွင့်ရထိုက်သူဖြစ်၍၊ ထိုကဲ့သို့ ထွက်ခွင့်ရထိုက်သောအခါ၊ သို့တည်းမဟုတ် ထွက်ခွင့်ယူရန် အခွင့်ရအာဏာပိုင်က အမိန့်ချမှတ် ခြင်းခံရသူဖြစ်၍၊ ထိုကဲ့သို့ထွက်ခွင့်ယူရန် အမိန့်ချမှတ်ခြင်းခံရသောအခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပ၌ စစ်မှုထမ်းရွက်နေရသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသို့ ပြန်ပို့ရန်တောင်းခံသော၊ ဤအက်ဥပဒေ အရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား ထွက်ခွင့်မပေးမီ၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဆောလျင်နိုင်သမျှဆောလျင်စွာ ပြန်ပို့ရမည်။
1,350,721
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ခြင်းခံရ၍၊ ထိုကဲ့သို့ အမြဲတန်းထုတ်ပစ်ခြင်းခံရသည့်အခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပတွင်စစ်မှုထမ်းရွက်နေရသော ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဆောလျင်နိုင်သမျှဆောလျင်စွာပြန်ပို့ရမည်။
1,350,722
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် ထိုသူတဦးဦးအား အမြဲတန်းထုတ်ပစ်ဒဏ်နှင့် အခြားပြစ်ဒဏ်တခုခုကို ပူးတွဲ၍ ချမှတ်သော အခါ၊ ထိုအခြားပြစ်ဒဏ်ကိုသော်၎င်း၊ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်သောအခါ၊ ထိုပြစ်ဒဏ်၏ တစိတ်တဒေသကိုသော်၎င်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ထိုသူအားပြန်မပို့မီ၊ ကျခံစေနိုင် သည်။
1,350,723
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ဤပုဒ်မ၏ ကိစ္စများအတွက် “အမြဲတန်းထုတ်ပစ်ခြင်း”ဆိုသည့် စကားရပ်တွင် “နုတ်ပယ်ခြင်း” လည်းပါဝင်ရမည်။
1,350,724
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၅။ စစ်မှုထမ်းခြင်းဆိုင်ရာ ကျေးဇူးခံစားခွင့်များ။
1,350,725
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နုတ်ယူခွင့်ပြုသည့်ငွေများကိုသာ လစာနှင့်စရိတ်များမှနုတ်ရန်။
1,350,726
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ တည်ဆဲစည်းမျဉ်းဥပဒေတခုခုအရ၊ ဤအက်ဥပဒေကို လိုက်နာသူအဖြစ် ရသင့်ရထိုက်သော လစာနှင့်စရိတ်ငွေကို၊ ဤအက်ဥပဒေက၊ သို့တည်းမဟုတ် ဤ အက်ဥပဒေအရဖြစ်စေ၊ အခြားအက်ဥပဒေတခုခုက၊ သို့တည်းမဟုတ် အခြားအက်ဥပဒေ တခုခုအရ ဖြစ်စေ၊ နုတ်ယူခွင့်ပြုသည့်ငွေများမှတပါး၊ အခြားမည်သည့်ငွေကိုမျှ နုတ်ယူခြင်းမပြုဘဲပေးရမည်။
1,350,727
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိများမှတပါး၊ နစ်နာသောသူများ၏ ကာကွယ်ခွင့်၊ ရယူခွင့်။
1,350,728
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေကို လိုက်နာရသည့်အရာရှိမဟုတ်သူတဦးဦးသည်၊ မိမိအား အထက်အရာရှိ တဦးဦးက၊ သို့တည်းမဟုတ် အခြားအရာရှိတဦးဦးက မတရားပြုသည်ဟုမှတ်ယူပါက၊ ထိုသူမှာ၊ တပ် တခု၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုသို့တွဲဘက်ထားသူမဟုတ်လျှင်၊ မိမိကိုကွပ်ကဲသော၊ သို့တည်း မဟုတ် အမိန့်ပေးနိုင်သောအရာရှိထံ တိုင်ကြားနိုင်သည်။
1,350,729
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုသူမှာ၊ တပ်တခု၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုသို့ တွဲဘက်ထားသူဖြစ်လျှင်၊ ထိုတပ်၊ သို့တည်းမဟုတ် ခွဲထုတ်တပ်ကို ကွပ်ကဲသော အရာရှိထံတိုင်ကြားနိုင်သည်။
1,350,730
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) တိုင်ကြားခြင်းခံရသောအရာရှိသည်၊ ပုဒ်မခွဲ (၁) အရ တိုင်ကြားချက်ကိုလက်ခံရမည့် အရာရှိဖြစ် သည့်အခါ၊ နစ်နာသူသည်၊ ထိုအရာရှိထက်တဆင့်မြင့်သော အထက်အရာရှိထံ တိုင်ကြားနိုင်သည်။
1,350,731
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) အဆိုပါတိုင်ကြားချက်ကို လက်ခံရရှိသောအရာရှိတိုင်းသည်၊ ထိုတိုင်ကြားသူအား အစွမ်းကုန်ကာ ကွယ်ပေးရန်အလို့ငှါ၊ ထိုတိုင်ကြားချက်နှင့်စပ်လျဉ်း၍ ပြည့်စုံနိုင်သမျှပြည့်စုံအောင် စုံစမ်းစစ်ဆေးရမည်၊ သို့တည်းမဟုတ် လိုအပ်လျှင်၊ ထိုတိုင်ကြားချက်ကို အထက်အာဏာပိုင်ထံသို့ တင်ပြရမည်။
1,350,732
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) အဆိုပါတိုင်ကြားချက်အသီးသီးကို၊ သက်ဆိုင်ရာအာဏာပိုင်က၊ အခါအားလျော်စွာ၊ သီးခြားဖေါ်ပြ သည့် နည်းလမ်းအတိုင်း တင်သွင်းရမည်။
1,350,733
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) နိုင်ငံတော်သမတသည်၊ ကာကွယ်ရေးဦးစီးချုပ်က၊ ပုဒ်မခွဲ (၂) အရ ချမှတ်သော ဆုံးဖြတ်ချက် တခုခုကို ပြင်ဆင်နိုင်သည်။
1,350,734
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် နိုင်ငံတော်သမတက ယင်းသို့ပြင်ဆင်ခြင်းမပြုလျှင်၊ ကာကွယ် ရေးဦးစီးချုပ်၏ဆုံးဖြတ်ချက်သည်၊ အပြီးအပြတ်ဖြစ်စေရမည်။
1,350,735
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နစ်နာသောအရာရှိ၏ ကာကွယ်ခွင့်၊ ရယူခွင့်။
1,350,736
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
မည်သည့်အရာရှိမဆို၊ မိမိ၏တပ်မှူးက၊ သို့တည်းမဟုတ် အထက်အရာရှိတဦးဦးက၊ မိမိအား မတရားပြုသည်ဟုမှတ်ယူ၍၊ မိမိ၏တပ်မှူးထံနည်းလမ်းတကျလျှောက်ထားလျက်နှင့် မိမိ ရထိုက်သည် ဟုယူဆသော ကာကွယ်နိုင်၊ ရယူနိုင်ခွင့်ကိုမရရှိလျှင်၊ သက်ဆိုင်ရာအာဏာပိုင်က၊ အခါအားလျော်စွာ သီးခြားဖေါ်ပြထားသည့် နည်းလမ်းအတိုင်း နိုင်ငံတော်သမတထံ တိုင်ကြားနိုင်သည်။
1,350,737
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဝရမ်းကပ်ခြင်းမှ လွတ်ကင်းခြင်း။
1,350,738
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တရားမရုံးကဖြစ်စေ၊ အခွန်တော်ရုံးကဖြစ်စေ၊ အခွန်တော်အရာရှိကဖြစ်စေ၊ ချမှတ်သည့်ဒီကရီ၊ သို့တည်းမဟုတ် အမိန့်ကိုအတည်ပြုရန်၊ ထိုရုံး၊ သို့တည်းမဟုတ် ထိုအရာရှိက ထုတ်ဆင့်သော ညွှန်ကြား ချက်အရ၊ ဤအက်ဥပဒေကို လိုက်နာရသူ၏ လက်နက်များ အဝတ်အစားများ၊ ပစ္စည်းကိရိယာတန်ဆာ ပလာများ၊ လိုအပ်သောအရာဝတ္ထုများ၊ သို့တည်းမဟုတ် ထိုသူတာဝန်ဝတ်တရား ဆောင်ရွက်ရန်အတွက် အသုံးပြုသောတိရစ္ဆာန်ကို သိမ်းယူဘမ်းဆီးခြင်းမပြုရ၊ သို့တည်းမဟုတ် ထိုသူ၏လစာနှင့် စရိတ်အား လုံး၊ သို့တည်းမဟုတ် တစိတ်တဒေသကို ဝရမ်းကပ်ခြင်းမပြုရ။
1,350,739
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကြွေးမြီအတွက် ဘမ်းဆီးခြင်းမှ လွတ်ကင်းခြင်း။
1,350,740
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ တပ်မတော်တွင်ပါဝင်နေသမျှကာလပတ်လုံး၊ မည် သည့်တရားမရုံး၊ အခွန်တော်ရုံး၊ သို့တည်းမဟုတ် အခွန်တော်အရာရှိကမဆို ထုတ်ဆင့်သော အမိန့် ဆင့်စာတခုခုအရဖြစ်စေ၊ ထိုရုံး၊ သို့တည်းမဟုတ် ထိုအရာရှိ၏ အခွင့်အာဏာနှင့်အညီ၊ ထုတ်ဆင့်သော အမိန့်ဆင့်စာအရဖြစ်စေ၊ ကြွေးမြီအတွက်ဘမ်းဆီးခြင်း မခံထိုက်စေရ။
1,350,741
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) တပ်မတော်တွင်ပါဝင်နေသော ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက် များကိုဆန့်ကျင်လျက် ဘမ်းဆီးခြင်းနှင့်စပ်လျဉ်း၍၊ ထိုသူ၊ သို့တည်းမဟုတ် ထိုသူ၏အထက်အရာရှိ၏ တိုင်ကြားချက်ကို အဆိုပါတရားရုံး၏ တရားသူကြီး၊ သို့တည်းမဟုတ် အဆိုပါအခွန်တော်အရာရှိသည်၊ စစ်ဆေးမေးမြန်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးသောဝရမ်းအရ ထိုသူအားလွှတ်ပစ်နိုင်သည့်အပြင်၊ ထို တိုင်ကြားသူအား သင့်လျော်သောကုန်ကျစရိတ်များပေးရမည်ဟုလည်း အမိန့်ချမှတ်နိုင်သည်။
1,350,742
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထိုတိုင် ကြားသူသည်၊ အမိန့်ဆင့်စာရရှိသူအပေါ် ဒီကရီတရပ်ဖြင့်ချမှတ်ပေးသော ကုန်ကျစရိတ်များကို၊ ပြန် လည်ရယူနိုင်သည့် နည်းလမ်းအတိုင်း၊ ထိုကုန်ကျစရိတ်များကို ရယူနိုင်သည်။
1,350,743
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) အဆိုပါ ကုန်ကျစရိတ်များ ပြန်လည်ရရန်အတွက်၊ တိုင်ကြားသူက ရုံးခွန်တော်မပေးစေရ။
1,350,744
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးတက်ရောက်ကြသူများ ဘမ်းဆီးခံရခြင်းမှလွတ်ကင်းခြင်း။
1,350,745
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်တရားရုံးတရုံး၏ ဥက္ကဋ္ဌ၊ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်၊ စစ်ဥပဒေအရာရှိ၊ စစ်တရားရုံး တရုံး၏ မှုခင်းကိစ္စတခုခုတွင်ပါဝင်သည့် အမှုသည်၊ ထိုအမှုသည်၏ရှေ့နေ၊ ထိုအမှုသည်၏ကိုယ်စား လှယ်၊ သို့တည်းမဟုတ် စစ်တရားရုံးတရုံးသို့ တက်ရောက်ရန်ထုတ်ဆင့်သော သမ္မာန်စာတခုနှင့်အညီ လိုက်နာဆောင်ရွက်နေရသည့်သက်သေသည်၊ စစ်တရားရုံးသို့ တက်ရောက်ရန် သွားနေစဉ်သော်၎င်း၊ စစ်တရားရုံး တက်ရောက်နေစဉ်သော်၎င်း၊ စစ်တရားရုံးမှ ပြန်လာနေစဉ်သော်၎င်း၊ တရားမ၊ သို့တည်း မဟုတ် အခွန်တော်ဆိုင်ရာ အမိန့်ဆင့်စာအရ ဘမ်းဆီးခြင်းမခံထိုက်စေရ။
1,350,746
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ထိုသူတဦးဦးအား၊ အဆိုပါအမိန့်ဆင့်စာတခုခုအရ ဘမ်းဆီးခဲ့လျှင် စစ်တရားရုံး၏အမိန့်အရ ထိုသူအား လွှတ်ပစ်နိုင်သည်။
1,350,747
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရံစစ်မှုထမ်းများ၏ ကျေးဇူးခံစားခွင့်များ။
1,350,748
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အရံတပ်ဖွဲ့များတွင် ပါဝင်နေသူတိုင်းသည်၊ လေ့ကျင့်ရေးအတွက် ဖြစ်စေ၊ စစ်မှုထမ်းခြင်းအတွက်ဖြစ်စေ၊ ဆင့်ခေါ်ခြင်းခံရသည့်အခါ၊ သို့တည်းမဟုတ် လေ့ကျင့်နေဆဲ၊ သို့တည်းမဟုတ် စစ်မှုထမ်းနေဆဲအခါ၊ သို့တည်းမဟုတ် လေ့ကျင့်ရေးမှဖြစ်စေ၊ စစ်မှုထမ်းခြင်းမှဖြစ်စေ၊ ပြန်လာနေသောအခါ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ပုဒ်မ ၂၆ နှင့် ၂၇ တို့က ပေးအပ်ထား သော ကျေးဇူးခံစားခွင့်အားလုံးကို ရထိုက်စေရမည်။
1,350,749
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းများ၏မှုခင်းကိစ္စတို့ကို ဦးစားပေးခြင်း။
1,350,750
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကဖြစ်စေ၊ ထိုသူ၏ကိုယ်စားဖြစ်စေ၊ တရားရုံးတခုခု သို့၊ ထိုတရားရုံးတွင်တရားမမှု၊ သို့တည်းမဟုတ် အခြားအမှုတခုခုကို စွဲဆိုရန်ဖြစ်စေ၊ ခုခံချေပရန်ဖြစ်စေ၊ ဆိုင်ရာစစ်ဘက်အာဏာပိုင်ထံမှ၊ ထိုသူအားခွင့်ရက်ပေးထားကြောင်း၊ သို့တည်းမဟုတ် ထိုအာဏာပိုင်ထံ ထိုသူက ခွင့်ရက်ရရန်တောင်းဆိုထားကြောင်း သက်သေခံလက်မှတ်တင်ပြ၍၊ ယင်းသို့ပေးထားသော၊ သို့တည်းမဟုတ် တောင်းဆိုထားသောခွင့်ရက်အတွင်း၊ ထိုတရားမမှု၊ သို့တည်းမဟုတ် အခြားအမှုကို ကြားနာစစ်ဆေး၍၊ အပြီးအပြတ်စီရင်ပေးရန် လျှောက်ထားလျှင်၊ ထိုသို့စစ်ဆေးစီရင်နိုင်စေခြင်းငှါ၊ ထိုတရားရုံးကဖြစ်မြောက်နိုင်သမျှ စီစဉ်ပေးရမည်။
1,350,751
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ဆိုင်ရာစစ်ဘက်အာဏာပိုင်ကထုတ်ပေးသော သက်သေခံလက်မှတ်တွင်၊ ပေးထားသည့်ခွင့်ရက်၊ သို့တည်းမဟုတ် ပေးရန်ရည်ရွယ်သည့်ခွင့်ရက်၏ ပဌမနှင့်နောက်ဆုံးနေ့ရက်တို့ကို ဖေါ်ပြထားရမည်။
1,350,752
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ခွင့်ရက်ပေးလိုက်ရခြင်း၊ သို့တည်းမဟုတ် ခွင့်ရက်တောင်းဆိုထားခြင်းနှင့်စပ်လျဉ်းသော အမှု၏ အကြောင်းကိုလည်း ဖေါ်ပြထားရမည်။
1,350,753
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ထိုသက်သေခံလက်မှတ် တခုခုတင်ပြခြင်းနှင့် စပ်လျဉ်း၍သော်၎င်း၊ မိမိ၏အမှုကိုဦးစားပေး၍ ကြားနာစစ်ဆေးရန်အတွက် ထိုသူကဖြစ်စေ၊ ထိုသူ၏ကိုယ်စားဖြစ်စေ၊ လျှောက်လွှာတင်သွင်းခြင်းနှင့် စပ်လျဉ်း၍သော်၎င်း၊ တရားရုံးသို့ရုံးခွန်တော်မပေးဆောင်စေရ။
1,350,754
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) ယင်းသို့၊ ပေးထားသည့်၊ သို့တည်းမဟုတ် ပေးရန်ရည်ရွယ်ထားသည့် အဆိုပါခွင့်ရက်အတွင်း တရားမမှု၊ သို့တည်းမဟုတ် အခြားအမှုကို ကြားနာစစ်ဆေး၍ အပြီးအပြတ်စီရင်ပေးရန် တရားရုံးက စီစဉ်မပေးနိုင်သည့်အခါ၊ ထိုသို့စီစဉ်မပေးနိုင်ခြင်း၏ အကြောင်းရပ်များကို ထိုတရားရုံးက ရေးမှတ်ရ မည်။
1,350,755
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုသူကလျှောက်ထားလျှင်၊ ထိုရေးမှတ်ချက်၏မိတ္တူနှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုရေးမှတ် ချက်၏မိတ္တူအတွက် လျှောက်လွှာနှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုသူက မည်သည့်ကြေးငွေပေးဆောင်ခြင်း ကိုမျှမပြုစေရဘဲ ထိုသူအားထိုရေးမှတ်ချက်၏ မိတ္တူတစောင်ကိုပေးအပ်စေရမည်။
1,350,756
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) မည်သည့်ကိစ္စတွင်မဆို၊ အဆိုပါသက်သေခံလက်မှတ်ကို ပေးအပ်လိုက်သော စစ်ဘက်အာဏာပိုင် သည်၊ ထိုလက်မှတ်ကို ပေးနိုင်ခွင့်ရှိသူဟုတ်မဟုတ်ဟူသော ပြဿနာပေါ်ပေါက်လျှင်၊ ထိုပြဿနာကို၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သောအဖွဲ့အစည်းကို ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်း အောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိတဦးထံ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးဦးထံ ဆုံးဖြတ်ပေးရန် ထိုတရားရုံးကချက်ခြင်းလွှဲအပ်ရမည်။
1,350,757
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထိုအရာရှိ၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
1,350,758
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခြားတရားဥပဒေများက အပ်နှင်းထားသည့် အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များအတွက် ခြွင်းချက်။
1,350,759
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအခဏ်း၏ အထက်ပါပုဒ်မများတွင် သီးခြားဖေါ်ပြထားသော အခွင့်အရေးများနှင့် ကျေးဇူးခံ စားခွင့်များသည်၊ တည်ဆဲအခြားတရားဥပဒေတခုခုက၊ ဤအက်ဥပဒေကို လိုက်နာရသူများအား၊ ယေဘုယျအားဖြင့် အပ်နှင်းထားသည့် အခြားအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ဖြည့်စွက် ခြင်းသာဖြစ်စေရမည်၊ ယုတ်လျော့စေခြင်းမဖြစ်စေရ။
1,350,760
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၆။ ပြစ်မှုများ။
1,350,761
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရန်သူနှင့်သက်ဆိုင်သည့်ပြင် သေဒဏ်ထိုက်သင့်သောပြစ်မှုများ။
1,350,762
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-
1,350,763
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ နေရာ၊ သင်္ဘော၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာစွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန်တပ်မှူးတဦးဦးအားသော်၎င်း၊ အခြားသူတဦးဦးအားသော်၎င်း၊ အတင်း အကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံးပြုလျှင်၊ သို့တည်းမဟုတ်
1,350,764
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ရန်သူအပေါ် အရေးယူခြင်းမှရှောင်ကြဉ်ရန် စစ်ဘက်ဥပဒေကိုလိုက်နာရသူတဦးဦးအား အတင်း အကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ ရန်သူအပေါ်အရေးယူရန် စိတ်ပျက်အောင် ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို တမင်အသုံးပြုလျှင်၊ သို့တည်းမဟုတ်
1,350,765
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) ရန်သူ၏ရှေ့မှောက်တွင် မိမိ၏လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ သို့တည်းမဟုတ် ပစ္စည်း ကိရိယာတန်ဆာပလာများကို ရှက်ဘွယ်ကောင်းစွာစွန့်ပစ်လျှင်၊ သို့တည်းမဟုတ် မိမိသူရဲဘောနည်းခြင်း ကို ပြသရာရောက်သည့်အမူအရာဖြင့် မသင့်မလျော်ပြုလျှင်၊ သို့တည်းမဟုတ်
1,350,766
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) ရန်သူနှင့်ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအား လက်နက်စွဲကိုင်တိုက်ခိုက်သူတဦးဦးနှင့်ဖြစ်စေ၊ သစ္စာမဲ့စွာ စာပေးစာယူပြုလုပ်လျှင်၊ သို့တည်းမဟုတ် ထိုရန်သူကိုဖြစ်စေ၊ ထိုလက်နက်စွဲကိုင် တိုက်ခိုက် သူတဦးဦးကိုဖြစ်စေ၊ သစ္စာမဲ့စွာ သတင်းပေးဆက်သွယ်လျှင်၊ သို့တည်းမဟုတ်
1,350,767
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း၊ ရန်သူအားကြေးငွေ၊ လက်နက်များ၊ ခဲယမ်းမီးကျောက် များ၊ ပစ္စည်းများ၊ သို့တည်းမဟုတ် ထောက်ပံ့ပစ္စည်းများဖြင့် ကူညီလျှင်၊ သို့တည်းမဟုတ်
1,350,768
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(စ) သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် သူရဲဘောနည်းသဖြင့် ရန်သူထံစစ်ရပ်ဆိုင်းရေးအလံတခုကိုပို့လျှင်၊ သို့တည်းမဟုတ်
1,350,769
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) စစ်ဖြစ်သောအခါ၌သော်၎င်း၊ စစ်ဆင်ရေးတခုခုပြုနေစဉ်တွင်သော်၎င်း၊ တိုက်ပွဲ၊ စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ နေထိုင်ရာနေရာ၊ တပ်၊ နေရာ၊ သို့တည်းမဟုတ် သင်္ဘောတွင် မဟုတ်မမှန်သော တပ်လှန့်မှုကို တမင်ဖြစ်စေလျှင်၊ သို့တည်းမဟုတ် စစ်ဖြစ်သောအခါ၌သော်၎င်း၊ စစ်ဆင်ရေးတခုခုပြုလုပ် နေစဉ်တွင်သော်၎င်း၊ တပ်လှန့်မှုကိုဖြစ်စေ၊ စိတ်ဓါတ်ကျဆင်းမှုကိုဖြစ်စေ၊ ဖန်တီးစေရန်ရည်စူးလျက် သတင်းများလွှင့်လျှင်၊ သို့တည်းမဟုတ်
1,350,770
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) တိုက်ပွဲဖြစ်ပွါးနေသည့်အခါတွင် နည်းလမ်းတကျ တာဝန်လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲဖြစ်စေ၊ ခွင့်မရ ရှိဘဲဖြစ်စေ၊ မိမိ၏တပ်မှူး၊ သို့တည်းမဟုတ် မိမိတာဝန်ကျနေရာ၊ ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်းမဟုတ် အဖွဲ့ကိုစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ်
1,350,771
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဈ) သုံ့ပန်းတဦးဖြစ်သွားပြီးသည့်အခါသော်၎င်း၊ ရန်သူ၏လက်တွင်းတွင် အကျဉ်းသားတဦးဖြစ်နေရ သောအခါသော်၎င်း၊ မိမိအလိုအလျောက် ရန်သူနှင့်အတူအမှုထမ်းရွက်လျှင်၊ သို့တည်းမဟုတ် ရန်သူကို ကူပံ့လျှင်၊ သို့တည်းမဟုတ်
1,350,772
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ည) အကျဉ်းသားတဦးမဟုတ်သော ရန်သူတဦးကို သိလျက်နှင့်လက်သင့်ခံလျှင်၊ သို့တည်းမဟုတ် ကာကွယ်စောင့်ရှောက်လျှင်၊ သို့တည်းမဟုတ်
1,350,773
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဋ) စစ်ဖြစ်စဉ်၊ သို့တည်းမဟုတ် တပ်လန့်နေစဉ်၊ ကင်းစောင့်နေရသောအခါဖြစ်စေ၊ သင်္ဘောပေါ်တွင် စောင့်ကြည့်နေရသောအခါဖြစ်စေ၊ တာဝန်ကျနေရာတွင်အိပ်ပျော်နေလျှင်၊ သို့တည်းမဟုတ်မူးယစ်နေ လျှင်၊ သို့တည်းမဟုတ်
1,350,774
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဌ) တပ်မတော်ရှိတပ်ဖွဲ့များ၏၊ သို့တည်းမဟုတ် ထိုတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ တခုခု၏၊ သို့တည်းမဟုတ် အဆိုပါတပ်ဖွဲ့များရှိ အစိတ်အပိုင်းတခုခု၏ အောင်မြင်မှုကို အန္တရာယ်ဖြစ်စေ ရန်ရည်စူးလျက်၊ မည်သည့်ပြုလုပ်မှုကိုမဆို သိလျက်နှင့်ပြုလျှင်၊ သို့တည်းမဟုတ်
1,350,775
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဍ) မဟုတ်မမှန်သော လေကြောင်းအချက်ပြတခုခုကို သစ္စာမဲ့စွာအသုံးပြုလျှင်၊ သို့တည်းမဟုတ် လေကြောင်းအချက်ပြတခုခုကို ပြောင်းလဲလျှင်၊ သို့တည်းမဟုတ် နှောင့်ရှက်လျှင်၊ သို့တည်းမဟုတ်
1,350,776
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဎ) စစ်ဆင်ရေးတခုခုကိုပြုလုပ်ရန် မိမိ၏အထက်အရာရှိက အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြား တနည်းနည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ထိုအမိန့်များကိုပြီးမြောက်အောင် ဆောင်ရွက်ရေး အတွက် မိမိတတ်စွမ်းသမျှ ကြိုးစားအားထုတ်ရန်သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် ရှက်ဘွယ်ကောင်းစွာ ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်
1,350,777
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဏ) တပ်မတော်၏ မည်သည့်စစ်သည်စုများ၊ တိုက်ပွဲဝင်စစ်မှုထမ်းများ၊ သင်္ဘောများ၊ သို့တည်းမဟုတ် လေယာဉ်များကိုမဆို၊ သို့တည်းမဟုတ် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသော မည်သည့်တပ်ဖွဲ့များကို မဆို၊ တိုက်ပွဲဖြစ်ပွါးနေသည့်အခါတွင်၊ ဖြစ်မြောက်နိုင်သမျှသော သက်သာစေမှု၊ ထောက်ပံ့ကူညီမှုများကို မပေးဘဲနေလျှင်၊ သို့တည်းမဟုတ်
1,350,778
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(တ) တပ်မတော်ပိုင် မည်သည့်လေယာဉ်၊ သင်္ဘော၊ တင့်ကား၊ အမြောက်၊ သို့တည်းမဟုတ် အခြားစစ်ပစ္စည်းကိုမဆို၊ ရန်သူကဘမ်းဆီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ပြုနိုင်ရန် သစ္စာမဲ့စွာသော် ၎င်း၊ ရှက်ဘွယ်ကောင်းစွာသော်၎င်းပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။
1,350,779
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရန်သူအတွက် သူလျှိုဖြစ်နေသည့်ပြင် သေဒဏ်ထိုက်သင့်သောပြစ်မှု။
1,350,780
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရန်သူအတွက်သူလျှိုဖြစ်သူတဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဖြစ်သည်ဟု မှတ်ယူရမည်။
1,350,781
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုသူအား စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုသူသည် သေဒဏ်ဖြစ် စေ၊ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ငွေဒဏ်ချမှတ်ခြင်းလည်းခံရ မည်။
1,350,782
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရန်သူနှင့်ပတ်သက်သည့်ပြင် သေဒဏ်မထိုက်သင့်သောပြစ်မှုများ။
1,350,783
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-
1,350,784
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ရှိသင့်သော ကြိုတင်စီမံမှုမရှိခြင်းကြောင့်သော်၎င်း၊ အမိန့်များကိုဖီဆန်ခြင်းကြောင့်သော်၎င်း၊ တာဝန်ဝတ်တရားတမင်ပေါ့လျော့ခြင်းကြောင့်သော်၎င်း၊ သုံ့ပန်း၊ သို့တည်းမဟုတ် အကျဉ်းသားဖြစ်သွား လျှင်၊ သို့တည်းမဟုတ် သုံ့ပန်းသော်၎င်း၊ အကျဉ်းသားသော်၎င်း၊ ဖြစ်သွားပြီးသည့်နောက်၊ တပ်မတော် သို့ပြန်၍လာနိုင်သည့်အခါတွင် ပြန်လာရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်
1,350,785
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ရှိသင့်သောအခွင့်အာဏာမရှိဘဲ၊ ရန်သူနှင့်စာပေးစာယူပြုလုပ်လျှင်၊ သို့တည်းမဟုတ် ရန်သူကို ဆက်သွယ်သတင်းပေးလျှင်၊ သို့တည်းမဟုတ် ယင်းသို့စာပေးစာယူပြုလုပ်ခြင်း တခုခုကိုသော်၎င်း၊ ဆက်သွယ်သတင်းပေးခြင်းတခုခုကိုသော်၎င်း၊ သိလျက်နှင့်မိမိ၏တပ်မှူးကိုဖြစ်စေ၊ အခြားအထက် အရာရှိကိုဖြစ်စေ၊ ချက်ခြင်းထုတ်ဖေါ်ပြောရန် တမင်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ပေါ့လျော့စွာ ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်
1,350,786
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) ရှိသင့်သော အခွင့်အာဏာမရှိဘဲ၊ ရန်သူထံစစ်ရပ်ဆိုင်းရေး အလံတခုကိုပို့လျှင်၊ သို့တည်းမဟုတ်
1,350,787
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) တပ်မတော်ပိုင် လေယာဉ်၊ သင်္ဘော၊ တင့်ကား၊ အမြောက်၊ သို့တည်းမဟုတ် အခြားမည်သည့် ပစ္စည်းကိုမဆို၊ ရန်သူကဘမ်းဆီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ပြုနိုင်ရန် ပေါ့လျော့စွာပြုလျှင်၊ သို့ တည်းမဟုတ်
1,350,788
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) စစ်ဆင်ရေးတခုခုကိုပြုလုပ်ရန် မိမိ၏အထက်အရာရှိက အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြားတနည်း နည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ပေါ့လျော့ခြင်းကြောင့်၊ သို့တည်းမဟုတ် အခြားချွတ်ယွင်း ခြင်းကြောင့်၊ ထိုအမိန့်များကို ပြီးမြောက်အောင်ဆောင်ရွက်ရေးအတွက်၊ မိမိတတ်စွမ်းသမျှ ကြိုးစား အားထုတ်ရန်ပျက်ကွက်လျှင်၊
1,350,789
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။
1,350,790
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခြားအချိန်များထက် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပို၍ပြင်းထန်စွာပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုများ။
1,350,791
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) အစောင့်အကြပ်အား အနိုင်အထက်ပြုမှုပြုလျှင်၊ သို့တည်းမဟုတ် ကင်းစောင့်တဦးအား၊ အနိုင် အထက်ပြုမှုပြုလျှင်၊ သို့တည်းမဟုတ် ကင်းစောင့်တဦးအား၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု ပြုလျှင်၊ သို့တည်းမဟုတ်
1,350,792
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ပစ္စည်းလုယက်ယူရန် မည်သည့်အိမ်၊ သို့တည်းမဟုတ် နေရာကိုမဆိုဖေါက်ထွင်းလျှင်၊ သို့တည်း မဟုတ်
1,350,793
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) ကင်းစောင့်နေရသောအခါဖြစ်စေ၊ သင်္ဘောပေါ်တွင်စောင့်ကြည့်နေရသောအခါဖြစ်စေ၊ မိမိ၏တာဝန် ကျနေရာတွင် အိပ်ပျော်နေလျှင်၊ သို့တည်းမဟုတ် မူးယစ်နေလျှင်၊ သို့တည်းမဟုတ်
1,350,794
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) ကင်းစောင့်နေရသောအခါဖြစ်စေ၊ အစောင့်ကျနေသောအခါဖြစ်စေ၊ မိမိအားစောင့်ရှောက်ရန် တာဝန်ပေးထားသော မည်သည့်ပစ္စည်းကိုမဆို လုယက်ယူလျှင်၊ သို့တည်းမဟုတ် တမင်ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးစေလျှင်၊ သို့တည်းမဟုတ်
1,350,795
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) မိမိ၏အထက်အရာရှိထံမှ အမိန့်များမရရှိဘဲ၊ မိမိ၏ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်း မဟုတ် တာဝန်ကျနေရာကိုစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ်
1,350,796
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(စ) တိုက်ပွဲ၊ စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ နေထိုင်ရာနေရာ၊ တပ်၊ နေရာ၊ သို့တည်းမဟုတ် သင်္ဘော တွင် မဟုတ်မမှန်သောတပ်လန့်မှုကိုဖြစ်စေလျှင်၊ သို့တည်းမဟုတ် တပ်လန့်မှုကိုသော်၎င်း၊ စိတ်ဓါတ်ကျ ဆင်းမှုကို သော်၎င်း၊ ဖန်တီးစေရန်ရည်စူးလျက် သတင်းများလွှင့်လျှင်၊ သို့တည်းမဟုတ်
1,350,797
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) စကားဝှက်ကိုဖြစ်စေ၊ တုံ့ပြန်စကားဝှက်ကိုဖြစ်စေ၊ တုံ့ပြန်အချက်ပြကိုဖြစ်စေ၊ သိပိုင်ခွင့်မရှိသော သူတဦးဦးအားသိစေလျှင်၊ သို့တည်းမဟုတ် မိမိရရှိထားသည့်အတိုင်းမဟုတ်ဘဲ ကွဲလွဲသောစကားဝှက် တခုကိုဖြစ်စေ၊ တုံ့ပြန်စကားဝှက်တခုကိုဖြစ်စေ၊ တုံ့ပြန်အချက်ပြတခုကိုဖြစ်စေ၊ သိလျက်နှင့်ပေးလျှင်၊ သို့တည်းမဟုတ်
1,350,798
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) ရှိသင့်သော အခွင့်အာဏာမရှိဘဲ၊ လေကြောင်းအချက်ပြတခုခုကို ပြောင်းလဲလျှင်၊ သို့တည်းမဟုတ် နှောင့်ရှက်လျှင်၊
1,350,799
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တန်းပြည့်စစ်မှုထမ်းချိန်တွင်ကျူးလွန်ပါက၊ စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေး နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေ ရမည်။
1,350,800
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့်အချိန်တွင်ကျူးလွန်ပါက၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ၊ ထိုက်သင့်စေရမည်။