id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,350,801 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ပုန်ကန်မှု။ |
1,350,802 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) တပ်မတော်တွင်သော်၎င်း၊ တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်နေသော တပ်ဖွဲ့တခုခုတွင်သော် ၎င်း၊ စစ်ပုန်ကန်မှုတခုခုဖြစ်ပွါးစေရန် မည်သူနှင့်မဆို စတင်ပြုလုပ်လျှင်၊ လှုံ့ဆော်လျှင်၊ ဖြစ်ပွါးစေလျှင်၊ သို့တည်းမဟုတ် ပူးပေါင်းကြံစည်လျှင်၊ သို့တည်းမဟုတ် |
1,350,803 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အဆိုပါစစ်ပုံကန်မှုတခုခုတွင်ပါဝင်လျှင်၊ သို့တည်းမဟုတ် |
1,350,804 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) အဆိုပါစစ်ပုန်ကန်မှုတခုခုဖြစ်ပွါးရာတွင် ရှိနေလျက်နှင့် ထိုစစ်ပုန်ကန်မှုကိုနှိမ်နင်းရန် မိမိ၏ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုကိုမပြုဘဲနေလျှင်၊ သို့တည်းမဟုတ် |
1,350,805 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) အဆိုပါစစ်ပုန်ကန်မှု တခုခုရှိကြောင်းကိုသော်၎င်း၊ စစ်ပုန်ကန်မှုပြုရန်ကြံရွယ်ချက် တခုခုရှိ ကြောင်းကိုသော်၎င်း၊ ထိုပူးပေါင်းကြံစည်မှု တခုခုရှိကြောင်းကိုသော်၎င်း၊ သိလျက်နှင့်ဖြစ်စေ၊ ယုံကြည် ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ မိမိ၏တပ်မှူးအား၊ သို့တည်းမဟုတ် အခြားအထက်အရာရှိအား ကြန့်ကြာမှုမရှိစေဘဲ သတင်းမပေးဘဲနေလျှင်၊ သို့တည်းမဟုတ် |
1,350,806 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) တပ်မတော်ဝင်တဦးဦးကို တာဝန်ဝတ်တရားမဆောင်ရွက်စေခြင်းငှါသော်၎င်း၊ နိုင်ငံတော်၏သစ္စာ တော်ကို ဖေါက်ဖျက်စေခြင်းငှါသော်၎င်း၊ သွေးဆောင်ရန်ကြိုးစားအားထုတ်လျှင်၊ |
1,350,807 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,808 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ပြေးမှုနှင့် စစ်ပြေးမှုကိုကူပံ့မှု။ |
1,350,809 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တန်းပြည့်စစ်မှုထမ်းချိန်တွင်ဖြစ်စေ၊ တန်းပြည့် စစ်မှုထမ်းရန်အမိန့်ရရှိပြီး ဖြစ်သည့်အချိန်တွင်ဖြစ်စေ၊ စစ်ပြေးမှုကျုးလွန်လျှင်၊ သို့တည်းမဟုတ် စစ်ပြေး မှုကျူးလွန်ရန် အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,810 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသူသည်၊ ဆိုခဲ့သည့်အချိန်မဟုတ်သည့် အခြားအချိန်တွင် စစ်ပြေးမှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် စစ်ပြေးမှု ကျူးလွန်ရန်အားထုတ်လျှင်၊ စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,811 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ အဆိုပါစစ်ပြေးတဦးဦးအား သိလျက်နှင့်လက်သင့်ခံ လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။ |
1,350,812 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး စစ်ပြေးမှု ကျူးလွန်ကြောင်းကိုသော်၎င်း၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်ကြောင်းကိုသော်၎င်း၊ သိမြင်လျက်နှင့် မိမိ၏ အထက်အရာရှိအားဖြစ်စေ၊ အခြားအထက်အရာရှိအားဖြစ်စေ၊ ချက်ခြင်းမတိုင်ကြားဘဲနေလျှင်၊ သို့တည်းမဟုတ် ထိုသူကို ဘမ်းဆီးရမိရန်အလို့ငှါ၊ မိမိတတ်စွမ်းသမျှ မဆောင်ရွက်ဘဲနေလျှင်၊ စစ်တရား ရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,813 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ခွင့်မဲ့ပျက်ကွက်မှု။ |
1,350,814 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ခွင့်မဲ့ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,815 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) လုံလောက်သောအကြောင်းမရှိဘဲ၊ မိမိအားပေးသောခွင့်ရက်ထက်ပို၍နေလျှင်၊ သို့တည်းမဟုတ် |
1,350,816 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ခွင့်ရက်နှင့်နေစဉ်၊ မိမိပါဝင်သည့်တပ်၊ ခွဲထုတ်တပ်၊ သင်္ဘော၊ သို့တည်းမဟုတ် ဌာနတခုခုအား တန်းပြည့်စစ်မှုထမ်းရန်အတွက် အမိန့်ပေးထားကြောင်းကို ဆိုင်ရာအာဏာပိုင်ထံမှ အကြောင်းကြားချက် ရရှိလျက်နှင့် လုံလောက်သောအကြောင်းမရှိဘဲ၊ ထို့ပြင် ကြန့်ကြာမှုမရှိဘဲ ပြန်လာရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,817 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) ချိန်းဆိုထားသောအချိန်တွင် စစ်ရေးပြရာသို့သော်၎င်း၊ လေ့ကျင့်ခဏ်းအတွက်ဖြစ်စေ၊ တာဝန် ဝတ်တရားအတွက်ဖြစ်စေ၊ ချိန်းဆိုထားသောအချိန်တွင် ချိန်းဆိုထားသောနေရာသို့သော်၎င်း၊ လုံလောက် သောအကြောင်းမရှိဘဲ လာရောက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,818 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) စစ်ရေးပြနေစဉ်ဖြစ်စေ၊ စစ်ချီတက်နေစဉ်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ မိမိ၏အထက်အရာရှိထံမှ ခွင့်မရရှိဘဲသော်၎င်း၊ ထိုစစ်ရေးပြခြင်း၊ သို့တည်းမဟုတ် ထိုစစ်ချီတက်ခြင်းမှ ထွက်ခွါလျှင်၊ သို့တည်းမဟုတ် |
1,350,819 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ သို့တည်းမဟုတ် မည်သည့်နေရာတွင်မဆိုရှိနေစဉ်၊ မိမိ၏ အထက် အရာရှိထံမှ ခွင့်ပြုလက်မှတ်ကိုသော်၎င်း၊ ခွင့်စာကိုသော်၎င်းမရရှိဘဲ၊ ယေဘုယျအမိန့်၊ ဒေသန္တရအမိန့်၊ သို့တည်းမဟုတ် အခြားအမိန့်တခုခု၊ အရပိုင်းခြားထားသည့် နယ်နိမိတ်အပ၌ဖြစ်စေ၊ တားမြစ်ထားသော နေရာတခုခု၌ဖြစ်စေ၊ တွေ့ရှိရလျှင်၊ သို့တည်းမဟုတ် |
1,350,820 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဆ) မည်သည့်ကျောင်း၊ သို့တည်းမဟုတ် သင်ကြားရာနေရာသို့မဆို တက်ရောက်ရန် နည်းလမ်းတကျ အမိန့်ပေးထားသောအခါ၊ မိမိ၏အထက်အရာရှိထံမှ ခွင့်မရရှိဘဲသော်၎င်း၊ လုံလောက်သောအကြောင်း မရှိဘဲသော်၎င်း၊ မတက်ရောက်ဘဲနေလျှင်၊ |
1,350,821 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,822 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အထက်အရာရှိများအားရိုက်ပုတ်မှု၊ သို့တည်းမဟုတ် ခြိမ်းချောက်မှု။ |
1,350,823 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ အထက်အရာရှိတဦးအား၊ အထက်အရာရှိဖြစ် ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ သို့တည်းမဟုတ် ထိုအထက်အရာရှိ တာဝန်ဝတ်တရားထမ်းဆောင်နေသည့်အချိန်တွင်၊ ရာဇဝတ်မကင်း သော၊ အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။ |
1,350,824 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသူသည်၊ အဆိုပါအထက်အရာရှိအား၊ တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့် အခြား အချိန်တွင်၊ သို့တည်းမဟုတ် တာဝန်ဝတ်တရားထမ်းဆောင်နေသည့် အချိန်မဟုတ်သည့် အခြားအချိန် တွင်၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက် သင့်စေရမည်။ |
1,350,825 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင်ထိုသူသည်၊ ဆိုခဲ့သည့်မည်သည့်အချိန်တွင်မဆို၊ အဆိုပါအထက်အရာရှိအား၊ စည်း ကမ်းဖီဆန်သော စကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,826 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အထက်အရာရှိကို ဖီဆန်မှု။ |
1,350,827 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိ၏အထက်အရာရှိက ၎င်း၏တာဝန် ဝတ်တရားထမ်းဆောင်ရာ၌ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ် စေ၊ ကိုယ်တိုင်ပေးသည့်၊ တရားဥပဒေနှင့်ညီသော အမိန့်တခုခုကို အာဏာတမင်ဖီဆန်ရာရောက်သော အမူအရာနှင့်ဖီဆန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်အထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,828 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ဤအက်ဥပဒေကို လိုက်နာသူတဦးဦးသည်၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် မိမိ၏ အထက်အရာရှိက ပေးသည့် ဥပဒေနှင့်ညီသောအမိန့်တခုခုကိုဖီဆန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,829 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသူသည်၊ အဆိုပါပြစ်မှုကို တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်သည့်အချိန် တွင် ကျူးလွန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,830 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စည်းကမ်းဖီဆန်မှုနှင့် ဟန့်တားမှု။ |
1,350,831 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) မည်သည့်ခိုက်ရန်ဖြစ်မှု၊ သတ်ပုတ်နှောင့်ရှက်မှု၊ သို့တည်းမဟုတ် ဗရုန်းသုံးကားဖြစ်မှုတွင်မဆို ပါဝင်နေလျက်နှင့် မိမိအောက်အဆင့်ပင်နိမ့်သော်လည်း မိမိအားဖမ်းဆီးခံရန် အမိန့်ပေးသောအရာရှိ တဦးဦးအား နာခံရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ထိုအရာရှိအား ရာဇဝတ်မကင်းသော အနိုင် အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် |
1,350,832 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) မိမိအား ဥပဒေနှင့်အညီ တဦးတယောက်သောသူ၏ လက်အောက်တွင်ချုပ်ထားရာ၌ ထိုသူသည်၊ ဤအက်ဥပဒေကို လိုက်နာရသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထို့ပြင် မိမိ၏အထက်အရာရှိ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထိုသူအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် |
1,350,833 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) မိမိအားဖမ်းဆီးရန်သော်၎င်း၊ စောင့်ထိန်းရန်သော်၎င်း၊ တာဝန်ဝတ်တရားရှိသော အစောင့်အကြပ် တဦးအားခုခံလျှင်၊ သို့တည်းမဟုတ် |
1,350,834 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) စစ်တန်းလျား၊ စစ်စခန်း၊ သို့တည်းမဟုတ် နေထိုင်ရန်နေရာမှ ခွင့်မဲ့ထွက်ခွါလျှင်၊ သို့တည်းမဟုတ် |
1,350,835 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) ယေဘုယျအမိန့်၊ ဒေသန္တရအမိန့်၊ သို့တည်းမဟုတ် အခြားအမိန့်တခုခုကို နာခံရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,836 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) တပ်ထိန်းချုပ်ကိုသော်၎င်း၊ တပ်ထိန်းချုပ်၏ကိုယ်စား တရားဥပဒေအရ၊ ဆောင်ရွက်နေသော သူတဦးဦးကိုသော်၎င်း၊ ဟန့်တားလျှင်၊ သို့တည်းမဟုတ် တပ်ထိန်းချုပ်ကဖြစ်စေ၊ တပ်ထိန်းချုပ်၏ ကိုယ်စား တရားဥပဒေအရဆောင်ရွက်နေသော သူတဦးဦးကဖြစ်စေ၊ တာဝန်ဝတ်တရား၊ ထမ်းဆောင် ရာ၌ အကူအညီတောင်းဆိုသောအခါ၊ ကူညီရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် |
1,350,837 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဆ) တပ်ဖွဲ့များသို့ စားနပ်ရိက္ခာများဖြစ်စေ၊ ထောက်ပံ့ပစ္စည်းများဖြစ်စေ၊ ယူဆောင်လာသူတဦးဦးအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ |
1,350,838 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အပိုဒ်(ဃ)နှင့်(င)တွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများ ဖြစ်ပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထို့ပြင် အခြားအပိုဒ်များတွင် သီးခြားဖေါ်ပြထားသောပြစ်မှုများဖြစ်ပါက၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,839 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ် စာရင်းသွင်းမှု။ |
1,350,840 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) မိမိပါဝင်သောတပ်မှထွက်ခွင့်ကို နည်းလမ်းတကျ ရှေးဦးစွာမရယူခဲ့ဘဲ၊ ထိုတပ်တွင်သော်၎င်း၊ အခြားတပ်တခုခုတွင်သော်၎င်း၊ မြန်မာနိုင်ငံပြည်စောင့်တပ်အက်ဥပဒေ (The Burma Territorial Force Act) အရ ဖွဲ့စည်းထားသော တပ်တခုခုတွင်သော်၎င်း၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလျှင်၊ သို့တည်းမဟုတ် |
1,350,841 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တဦးတယောက်သောသူကို၊ ထိုသူစစ်ပြေးတဦးဖြစ်သည်ကို သိလျက်နှင့်ဖြစ်စေ ယုံကြည်ရန် အ ကြောင်းရှိလျက်နှင့်ဖြစ်စေ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန်ဆောင်ရွက်ပေးလျှင်၊ သို့တည်းမဟုတ် ဆောင်ရွက်ပေးရန်အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,842 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်မှုထမ်းအဖြစ် စာရင်းသွင်းရာ၌ မဟုတ်မမှန်ဖြေဆိုမှု။ |
1,350,843 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရပြီးဖြစ်သူတဦးဦးသည်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန် စစ်မှုထမ်း အဖြစ် စာရင်းသွင်းရေးအရာရှိ၏ မျက်မှောက်သို့ရောက်ရှိသည့်အခါ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန် သတ်မှတ်ထားသည့်ပုံစံတွင် ဖေါ်ပြထားသောမေးခွန်းတခုခုကို၊ မိမိအားထိုအရာရှိကမေးမြန်းရာ၌ မဟုတ်မမှန်သည့်အဖြေတရပ်ရပ်ကို၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်အချိန်တွင် တမင်ပေးခဲ့သည်ဟု တွေ့ရှိလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,844 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မလျော်သော အပြုအမူပြုမှု။ |
1,350,845 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အရာရှိတဦးဦး၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးဦးသည်၊ မိမိ၏ အဆင့်အတန်းနှင့်မလျော်သည့် ပြင် မိမိတွင်ရှိထိုက်သော အကျင့်စာရိတ္တနှင့်မလျော်သော နည်းအတိုင်းပြုမူလျှင်၊ စစ်တရားရုံးက ပြစ်မှု ထင်ရှား စီရင်သောအခါ- |
1,350,846 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသူမှာ အရာရှိတဦးဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ |
1,350,847 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသူမှာ အရာခံဗိုလ်တဦးဖြစ်ပါက အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ |
1,350,848 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုက်သင့်စေရမည်။ |
1,350,849 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ရှက်ဘွယ်ကောင်းသော အပြုအမူပြုမှု။ |
1,350,850 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ရက်စက်သော၊ သိက္ခာမဲ့သော၊ သို့တည်းမဟုတ် ဓမ္မတာနှင့်ဆန့်ကျင်သော အမျိုးအစားတခုဖြစ် သည့် ရှက်ဘွယ်ကောင်းသော၊ အပြုအမူတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် |
1,350,851 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တာဝန်ဝတ်တရားလွှဲရှောင်ရန် မကျန်းမာဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် မိမိကိုယ်တွင် အနာ ရောဂါသော်၎င်း၊ ချည့်နဲ့ခြင်းသော်၎င်း၊ ဖြစ်ပေါ်ဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် ဖြစ်ပေါ်စေလျှင်၊ သို့တည်းမဟုတ် မိမိ၏ပျောက်ကင်းမှုကို တမင်ကြန့်ကြာစေလျှင်၊ သို့တည်းမဟုတ် မိမိ၏အနာရောဂါကို သော်၎င်း၊ ချည့်နဲ့ခြင်းသော်၎င်း၊ တမင်တိုးစေလျှင်၊ သို့တည်းမဟုတ် |
1,350,852 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) မိမိကိုယ်တိုင်သော်၎င်း၊ အခြားသူသော်၎င်း၊ စစ်မှုထမ်းခြင်းအတွက် မသင့်တော်စေရန် အကြံဖြင့် မိမိအလိုအလျောက် မိမိကိုယ်ကိုဖြစ်စေ၊ ထိုသူကိုဖြစ်စေ နာကျင်စေလျှင်၊ |
1,350,853 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,854 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | လက်အောက်ခံ စစ်မှုထမ်းတဦးကို ညှဉ်းပန်းနှိပ်စက်မှု။ |
1,350,855 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်၊ အဆင့်အားဖြင့်သော်၎င်း၊ ရာထူးအားဖြင့်သော်၎င်း၊ မိမိ၏ လက်အောက်ခံဖြစ်သော စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦးအား ရိုက်ပုတ်လျှင်၊ သို့တည်း မဟုတ် အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။ |
1,350,856 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မူးယစ်မှု။ |
1,350,857 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တာဝန်ဝတ်တရားဆောင်ရွက်နေသည့် အခါဖြစ်စေ၊ မဆောင်ရွက်နေသည့်အခါဖြစ်စေ၊ မူးယစ်နေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သော အခါ ထိုသူမှာ အရာရှိတဦးဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုသူမှာ အရာရှိတဦးမဟုတ်ပါက၊ ပုဒ်မခွဲ (၂) ရှိ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်စေဘဲ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,858 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့်အခါသော်၎င်း၊ တာဝန်ဝတ်တရားမဆောင်ရွက်နေသည့် အခါ သော်၎င်း၊ အရာရှိမှတပါး၊ အခြားသူတဦးသည်၊ မူးယစ်မှုတခုကို ကျူးလွန်ပါက၊ ထိုသူအား ချမှတ်သည့် ထောင်ဒဏ်သည်၊ ခြောက်လထက် မပိုစေရ။ |
1,350,859 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ။ သေရည်သေရက် တခုတည်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ တခုခုသောဆေးဘက်ဝင် ဝတ္ထုတခုတည်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ သေရည်သေရက်၊ သို့တည်းမဟုတ် ဆေးဘက်ဝင်ဝတ္ထုကို အခြားပတ်ဝန်းကျင်ကြောင်းခြင်းရာတခုခုနှင့် ပေါင်းစပ်ခြင်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ မိမိ၏တာဝန် ဝတ်တရားကိုသော်၎င်း၊ မိမိအားပေးအပ်တန်ရာသည့် တာဝန်ဝတ်တရား တခုခုကိုသော်၎င်း၊ ပေးအပ်ရန်အတွက် တဦးတယောက်သောသူသည်၊ မသင့်မတော်ဖြစ်လျှင်၊ သို့တည်းမဟုတ် ဣန္ဒြေသိက္ခာမဲ့သော နည်းဖြင့်သော်၎င်း၊ တပ်မတော်၏ဂုဏ်ကို ထိခိုက်နစ်နာစေတန်ရာသည့် နည်းတမျိုးမျိုးဖြင့်သော်၎င်း၊ တဦးတယောက်သောသူသည်ပြုမူလျှင်၊ ဤပြစ်မှုပါ ကိစ္စများအလို့ငှါ၊ ထိုသူ၌ မူးယစ်မှုအတွက် အပြစ်ရှိသည်။ |
1,350,860 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အချုပ်နှင့်ထားသူ လွတ်ပြေးမှု။ |
1,350,861 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေလိုက်နာသူ တဦးဦးသည်- |
1,350,862 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်းမဟုတ် တာဝန်ကျနေရာတခုကို ကွပ်ကဲနေသောအခါ၊ တမင်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲနှင့်ဖြစ်စေ၊ မိမိစောင့်ထိန်းရန်လွှဲအပ်ထားသူ တဦးဦးကို ဆိုင်ရာအခွင့်အာဏာမရရှိဘဲလွှတ်ပစ်လျှင်၊ သို့တည်းမဟုတ် မိမိထံနည်းလမ်းတကျ လွှဲအပ်သောသူ တဦးဦးကိုဖြစ်စေ၊ အကျဉ်းသားတဦးဦးကိုဖြစ်စေ လက်ခံရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် |
1,350,863 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) မိမိအားစောင့်ထိန်းရန်လွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိစောင့်ထိန်းရန်တာဝန်သော်၎င်း၊ စောင့်ကြပ်ရန်တာဝန်သော်၎င်း၊ ရှိသောသူတဦးဦးအားတမင်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲ နှင့်ဖြစ်စေ၊ လွတ်ပြေးစေလျှင်၊ |
1,350,864 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြုမှုဖြစ်ပါက တဆယ့်လေးနှစ်အထိ ထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေတမင်ပြုသော ပြုမှုမဟုတ် ပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,865 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဘမ်းဆီးခြင်း၊ သို့တည်းမဟုတ် ချုပ်နှောင်ထားခြင်းနှင့်စပ်လျဉ်း၍ နည်းလမ်းမကျမှု။ |
1,350,866 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စစ်ဆေးစီရင်ခြင်းမပြုဘဲ၊ တဦးတယောက်သောသူအား အကြောင်းမဲ့ဘမ်းဆီးထားလျှင်၊ သို့တည်း မဟုတ် ချုပ်နှောင်ထားလျှင်၊ သို့တည်းမဟုတ် ထိုသူ၏အမှုကိုစုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာအာဏာ ပိုင်ထံတင်ပြရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,867 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တဦးတယောက်သောသူအား၊ စစ်ဘက်အချုပ်သို့လွှဲအပ်ပြီးသည့်နောက် ဘမ်းဆီးခြင်းခံရသူအား ချုပ်ထားရန် လွှဲအပ်ခြင်းခံရသော အရာရှိကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ၊ ထိုသို့လွှဲအပ်ချိန်တွင်သော်၎င်း၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာသော်၎င်း၊ မည်သည့်နည်းနှင့်မဆို၊ ထိုသို့လွှဲအပ်ပြီးသည့်နောက် နှစ်ဆယ့် လေးနာရီအတွင်း ယင်းသို့အချုပ်ခံရသူအပေါ် စွဲဆိုထားသောပြစ်မှု၏ အကြောင်းအရာကို ရေးသားပြီး၊ မိမိကိုယ်တိုင်လက်မှတ်ရေးထိုး၍ ပေးအပ်ရန်လုံလောက်သောအကြောင်းမရှိဘဲ၊ ပျက်ကွက်လျှင်၊ စစ် တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထား သည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,868 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အချုပ်မှထွက်ပြေးမှု။ |
1,350,869 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိအားတရားဥပဒေအရ ချုပ်ထားရာမှထွက်ပြေး လျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန်အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက် သင့်စေရမည်။ |
1,350,870 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပစ္စည်းနှင့်စပ်လျဉ်းသည့် ပြစ်မှုများ။ |
1,350,871 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပြည်ထောင်စုနိုင်ငံ အစိုးရပိုင်သော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ရိပ်သာ၊ တီးဝိုင်း၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ဥပဒေ ကို လိုက်နာရသူတဦးဦးပိုင်သောပစ္စည်းတခုခုကို ခိုးယူလျှင်၊ သို့တည်းမဟုတ် |
1,350,872 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အဆိုပါပစ္စည်းတခုခုကို၊ မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလျှင်၊ သို့တည်းမဟုတ် မိမိ၏ပစ္စည်းအဖြစ်သို့ ပြောင်းလွှဲခြင်းပြုလျှင်၊ သို့တည်းမဟုတ် |
1,350,873 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) အဆိုပါပစ္စည်းတခုခုနှင့်စပ်လျဉ်း၍၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုကိုကျူး လွန်လျှင်၊ သို့တည်းမဟုတ် |
1,350,874 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) အပိုဒ်(က)၊ (ခ) နှင့် (ဂ) အရဖြစ်သော ပြစ်မှုများအနက် ပြစ်မှုတခုခုနှင့်စပ်လျဉ်းသော ပစ္စည်း တခုခုကို၊ ထိုပြစ်မှုကျူးလွန်ကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ မရိုး မဖြောင့်သော သဘောဖြင့်လက်ခံလျှင်၊ သို့တည်းမဟုတ် ဆက်လက်ထားရှိလျှင်၊ သို့တည်းမဟုတ် |
1,350,875 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) မိမိအားယုံကြည်အပ်နှံထားသော၊ ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ ၏ ပစ္စည်းတခုခုကို တမင်ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးစေလျှင်၊ သို့တည်းမဟုတ် |
1,350,876 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) လိမ်လည်လှည့်ဖျားလိုသော အကြံဖြင့်ဖြစ်စေ၊ တဦးတယောက်သောသူအား မတရားရယူစေရန် အကြံဖြင့်ဖြစ်စေ၊ မတရားဆုံးရှုံးစေရန် အကြံဖြင့်ဖြစ်စေ၊ အခြားမည်သည့်အရာကိုမဆိုပြုလျှင် |
1,350,877 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,878 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ချောက်လှန့်တောင်းယူမှုနှင့် တရားမဲ့ပြုမှု။ |
1,350,879 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်- |
1,350,880 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ချောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ် |
1,350,881 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ဆိုင်ရာအခွင့်အာဏာမရရှိဘဲ၊ သူတဦးဦးထံမှကြေးငွေ၊ စားနပ်ရိက္ခာများ၊ သို့တည်းမဟုတ် တခုခု ဆောင်ရွက်ပေးရန် အတင်းအကျပ်၊ တောင်းဆိုလျှင်၊ |
1,350,882 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,883 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပစ္စည်းကိရိယာတန်ဆာပလာများ ထုခွဲမှု။ |
1,350,884 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) မိမိအသုံးပြုရန်မိမိအား၊ ထုတ်ပေးထားသော၊ သို့တည်းမဟုတ် မိမိအားယုံကြည်အပ်နှံထားသော ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရပိုင်၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်ပစ္စည်းတခုခုကို ထုခွဲလျှင်၊ သို့တည်းမဟုတ် ထိုသို့ထုခွဲရာတွင်ပါဝင်လျှင်၊ သို့တည်းမဟုတ် |
1,350,885 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပေါ့လျော့မှုကြောင့် အပိုဒ်(က) တွင် ဖေါ်ပြထားသောပစ္စည်းတခုခုပျောက်ဆုံးလျှင်၊ သို့တည်းမဟုတ် |
1,350,886 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) မိမိအားချီးမြှင့်ထားသောဆုတံဆိပ်၊ သို့တည်းမဟုတ် ဘွဲ့တံဆိပ်တခုခုကိုရောင်းလျှင်၊ ပေါင်နှံလျှင်၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပုံသဏ္ဌာန်ဖျက်လျှင် စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အပိုဒ် (က) တွင်သီးခြားဖေါ်ပြထားသော ပြစ်မှုအတွက်ဖြစ်ပါက၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ အခြားအပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်မှုအတွက်ဖြစ်ပါက၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,887 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပစ္စည်းကိုပျက်စီးစေမှု။ |
1,350,888 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်သော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ရိပ်သာ၊ တီးဝိုင်း၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ဥပဒေ ကို လိုက်နာရသူတဦးဦးပိုင်သော၊ သို့တည်းမဟုတ် တပ်မတော်နှင့်အတူအမှုထမ်းရွက်နေသည့်၊ သို့တည်း မဟုတ် တပ်မတော်သို့ တွဲဘက်ထားခြင်းခံရသည့် သူတဦးဦးပိုင်သော၊ ပစ္စည်းတခုခုကိုဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်ဆီးစေလျှင်၊ သို့တည်းမဟုတ် |
1,350,889 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ၏ပစ္စည်းတခုခုကို မီးဖြင့်ပျက်စီး နစ်နာစေခြင်း၊ သို့တည်းမဟုတ် ပျက်ပြုန်းခြင်းဖြစ်စေသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် |
1,350,890 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ပြည်ထောင်စုနိုင်ငံအစိုးရကဖြစ်စေ၊ ပြည်နယ်အစိုးရကဖြစ်စေ၊ မိမိအားယုံကြည်အပ်နှံထားသော မည်သည့် တိရစ္ဆာန်ကိုမဆိုသတ်ဖြတ်လျှင်၊ နာကျင်စေလျှင်၊ ထုခွဲလျှင်၊ ညှဉ်းပန်းနှိပ်စက်လျှင်၊ သို့တည်း မဟုတ် ဆုံးရှုံးစေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြုမှုဖြစ်ပါက၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲ ပြုသောပြုမှုဖြစ်ပါက၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,891 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မဟုတ်မမှန်စွပ်စွဲမှု။ |
1,350,892 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စွပ်စွဲချက်တခုကို မဟုတ်မမှန်ကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ် စေ၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ ထိုသို့မဟုတ်မမှန်စွပ်စွဲလျှင်၊ သို့တည်းမဟုတ် |
1,350,893 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပုဒ်မ ၂၄၊ သို့တည်းမဟုတ် ပုဒ်မ ၂၅ အရ၊ တိုင်ကြားချက်တခုပြုရာ၌၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦး၏ အကျင့်စာရိတ္တထိခိုက်သော ထွက်ဆိုချက်တခုခုကို၊ ထိုထွက်ဆိုချက် မဟုတ်မမှန် ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ ပြုလျှင်၊ သို့တည်းမဟုတ် အရေး ပါသောအကြောင်းခြင်းရာများကို သိလျက်နှင့်တမင်ဖုံးကွယ်ထားလျှင်၊ |
1,350,894 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,895 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မဟုတ်မမှန်ဖေါ်ပြမှုနှင့် အစိုးရစာတမ်းအမှတ်အသားများကို မဟုတ်မမှန်ပြုမှု။ |
1,350,896 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) မိမိပြုလုပ်ထားသော၊ သို့တည်းမဟုတ် မိမိလက်မှတ်ရေးထိုးထားသော၊ အစီရင်ခံစာ၊ ပြန်တမ်း၊ စာရင်း၊ သက်သေခံလက်မှတ်၊ စာအုပ်၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားတွင်ဖြစ်စေ၊ မိမိမှာတိကျမှန်ကန်ခြင်းကိုစိစစ်ရန် တာဝန်ဝတ်တရားရှိသည့် ၎င်းတို့တွင်ပါရှိသော အကြောင်းအရာများ တွင်ဖြစ်စေ၊ မဟုတ်မမှန်သော၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖြားသော ထွက်ဆိုချက်တခုခုကို သိလျက်နှင့်ပြုလျှင်၊ သို့တည်းမဟုတ် ထိုထွက်ဆိုချက်တခုခုကို ပြုရာ၌ပါဝင်လျှင်၊ သို့တည်းမဟုတ် |
1,350,897 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အပိုဒ် (က) ၌ ဖေါ်ပြထားသော စာတမ်းအမှတ်အသားတမျိုးမျိုးတွင် လိမ်လည်လှည့်ဖြားလိုသော အကြံဖြင့် တခုခုကိုပြုလုပ်ရန်သိလျက်နှင့် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် တခုခုကိုပြုလုပ်ရန် ပျက်ကွက်ရာ၌ပါဝင်လျှင်၊ သို့တည်းမဟုတ် |
1,350,898 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ထိန်းသိမ်းထားရန်ဖြစ်စေ၊ တင်ပြရန်ဖြစ်စေ၊ မိမိ၏တာဝန်ဝတ်တရားဖြစ်သော စာတမ်းအမှတ် အသားတခုခုကို သိလျက်နှင့် သူတဦးဦးနစ်နာစေရန်အကြံဖြင့်၊ သို့တည်းမဟုတ် သိလျက်နှင့် သူတဦးဦး ကို လိမ်လည်လှည့်ဖြားလိုသောအကြံဖြင့် ဖုံးကွယ်ထားလျှင်၊ ဘတ်၍မရအောင်ပြုလုပ်လျှင်၊ ပြောင်းလဲ လျှင်၊ သို့တည်းမဟုတ် ဖျောက်ဖျက်လျှင်၊ သို့တည်းမဟုတ် |
1,350,899 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) ကိစ္စတရပ်ရပ်နှင့်စပ်လျဉ်း၍၊ ဖွင့်ဟဖေါ်ပြရန်ရာထူးအလျောက် မိမိ၌တာဝန်ဝတ်တရားရှိရာတွင်၊ သိလျက်နှင့်မဟုတ်မမှန် ဖွင့်ဟဖေါ်ပြလျှင်၊ သို့တည်းမဟုတ် |
1,350,900 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) မဟုတ်မမှန်သည်လည်းဖြစ်သည့်ပြင်၊ မဟုတ်မမှန်ကြောင်း မိမိသိသည်လည်းဖြစ်သော၊ သို့တည်း မဟုတ် ယုံကြည်သည်လည်းဖြစ်သော၊ သို့တည်းမဟုတ် ဟုတ်မှန်သည်ဟုမိမိယုံကြည်ခြင်း မရှိသည် လည်းဖြစ်သော ထွက်ဆိုချက်တခုဖြင့်သော်၎င်း၊ စာအုပ်၊ သို့တည်းမဟုတ် မှတ်တမ်းတခုခုတွင် မဟုတ် မမှန်သောရေးသွင်းချက်တရပ်ကို ပြုလုပ်ခြင်းဖြင့်သော်၎င်း၊ ယင်းသို့ မဟုတ်မမှန်ရေးသွင်းချက်တရပ်ကို အသုံးပြုခြင်းဖြင့်သော်၎င်း၊ မဟုတ်မမှန်သော ထွက်ဆိုချက်တခုပါရှိသည့် စာတမ်းအမှတ်အသား တခုခု ကို ပြုလုပ်ခြင်းဖြင့်သော်၎င်း၊ ဟုတ်မှန်သော ရေးသွင်းချက်တခု၊ သို့တည်းမဟုတ် ဟုတ်မှန်သောထွက်ဆို ချက်တခုပါရှိသော စာတမ်းအမှတ်အသားတခုပြုလုပ်ရန် ပျက်ကွက်ခြင်းဖြင့်သော်၎င်း၊ မိမိအတွက် ဖြစ်စေ၊ အခြားသူတဦးဦးအတွက်ဖြစ်စေ၊ အငြိမ်းစားလစာ၊ လစာ၊ စရိတ်၊ သို့တည်းမဟုတ် အကျိုးခံစား ခွင့်၊ သို့တည်းမဟုတ် ကျေးဇူးခံစားခွင့်တခုခုကို ရယူလျှင်၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.