id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,350,901 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,902 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကွက်လပ်ချန်၍လက်မှတ်ထိုးမှုနှင့် အစီရင်ခံရန်ပျက်ကွက်မှု။ |
1,350,903 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာသူတဦးဦးသည်- |
1,350,904 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) လစာ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်၊ ပစ္စည်းကိရိယာ တန်ဆာပလာများ၊ အဝတ်အစား၊ ထောက်ပံ့ပစ္စည်းများ၊ သို့တည်းမဟုတ် ပစ္စည်းများ၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ၏ ပစ္စည်းတခုခုနှင့်စပ်လျဉ်းသော စာတမ်းအမှတ်အသားတခုခုကို လက်မှတ်ရေးထိုးရာတွင် အရေးပါသောအစိတ်အပိုင်းတခုခုအတွက် မှန်ကန်ကြောင်း မိမိ၏လက်မှတ် သည်၊ ထောက်ခံချက်ဖြစ်ပါလျက်နှင့် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ထိုအရေးပါသော အစိတ် အပိုင်းတခုခုကို မဖြည့်စွက်ဘဲချန်လှပ်၍ထားလျှင်၊ |
1,350,905 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပြုလုပ်ရန်သော်၎င်း၊ ပေးပို့ရန်သော်၎င်း၊ မိမိ၌တာဝန်ဝတ်တရားရှိသော အစီရင်ခံစာ၊ သို့တည်း မဟုတ် ပြန်တမ်းတခုခုကိုပြုလုပ်ရန်ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ပြစ်ဒဏ် ခံထိုက်သော ပေါ့လျော့မှုဖြင့်ပျက်ကွက်လျှင်၊ |
1,350,906 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,907 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးများနှင့်စပ်လျဉ်းသော ပြစ်မှုများ။ |
1,350,908 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စစ်တရားရုံးတရုံးသို့ သက်သေတဦးအဖြစ်ဖြင့် တက်ရောက်ရန် သမ္မာန်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ၊ နည်းလမ်းတကျ ချအပ်ခြင်းခံရလျက်၊ တမင်သော်၎င်း၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ တက်ရောက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,909 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုရန်စစ်တရားရုံးက တရားဥပဒေနှင့်အညီ ခိုင်းသည်ကို ငြင်းပယ် လျှင်၊ သို့တည်းမဟုတ် |
1,350,910 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) မိမိ၏အာဏာ၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်မှုအတွင်းရှိသော စာတမ်း အမှတ်အသားတခုကို တင်ပြရန်သော်၎င်း၊ ပေးအပ်ရန်သော်၎င်း၊ စစ်တရားရုံးတရုံးက တရားဥပဒေနှင့်အညီ ခိုင်းသည်ကို ငြင်းပယ် လျှင်၊ သို့တည်းမဟုတ် |
1,350,911 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) သက်သေတဦးအဖြစ်ဖြင့် တရားဥပဒေအရ ဖြေဆိုရန်တာဝန်ရှိသော မေးခွန်းတခုခုကိုဖြေဆိုရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် |
1,350,912 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) စော်ကားသော၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားကို အသုံးပြုခြင်းအားဖြင့်သော်၎င်း၊ စစ်တရားရုံးတရုံး၏ မှုခင်းကိစ္စများတွင် ဝင်ရောက်နှောင့်ရှက်ခြင်း၊ သို့တည်းမဟုတ် နှောင့်ရှက်ခြင်း တခုခုကို ဖြစ်စေခြင်းအားဖြင့်သော်၎င်း၊ ထိုစစ်တရားရုံးကိုမထီလေးစားပြုလျှင်၊ |
1,350,913 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,914 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မဟုတ်မမှန်သက်သေခံမှု။ |
1,350,915 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်၊ စစ်တရားရုံးတရုံးရှေ့တွင်၊ သို့တည်းမဟုတ် အဖွဲ့ တခုခုရှေ့တွင်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ကျမ်းသစ္စာတိုက်ရန် အာဏာရရှိထားသော အရာရှိ ရှေ့တွင်ရောက်ရှိနေသောမှုခင်းကိစ္စများ၌ မိမိသည်၊ သက်သေတဦးအဖြစ်ဖြင့်သော်၎င်း၊ စကားပြန်တဦး အဖြစ်ဖြင့် သော်၎င်း၊ တရားဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုပြီးပါလျက်နှင့် မဟုတ်မမှန်ဟုမိမိသိသော၊ သို့တည်းမဟုတ် ဟုတ်မှန်သည်ဟု မိမိယုံကြည်ခြင်းမရှိသော၊ မှုခင်းကိစ္စများတွင် အရေးပါသော ထွက်ဆိုချက်တခုကိုပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ ခုနစ်နှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,916 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တရားဥပဒေနှင့် ဆန့်ကျင်၍ လစာကိုဆိုင်းထားမှု။ |
1,350,917 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အရာရှိ၊ အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး ၏လစာကို လက်ခံထားပြီးသည့်နောက်၊ ထိုလစာကို အချိန်ကျရောက်သည့်အခါ၊ တရားဥပဒေနှင့် ဆန့်ကျင်၍မပေးဘဲ၊ ဆိုင်းထားလျှင်၊ သို့တည်းမဟုတ် ပေးရန်ငြင်းပယ်လျှင်၊ စစ်တရားရုံးက ပြစ်မှု ထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့ သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,918 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပျံသန်းရေးနှင့် လေယာဉ်ဆိုင်ရာပြစ်မှုများ။ |
1,350,919 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းကို၊ တမင်သော်၎င်း၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ ပျက်စီးနစ်နာစေလျှင်၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ဆုံးရှုံးစေလျှင်၊ သို့တည်းမဟုတ် |
1,350,920 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အဆိုပါပျက်စီးနစ်နာမှု၊ ဖျက်ဆီးမှု၊ သို့တည်းမဟုတ် ဆုံးရှုံးမှုဖြစ်စေတန်ရာသောပြုလုပ်မှု၊ သို့တည်း မဟုတ် ပေါ့လျော့မှုတခုခုကြောင့် ပျက်စီးနစ်နာမှု၊ ဖျက်ဆီးမှု၊ သို့တည်းမဟုတ် ဆုံးရှုံးမှုဖြစ်စေလျှင်၊ သို့တည်းမဟုတ် |
1,350,921 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းကို တရားဥပဒေနှင့် ညီသော အခွင့်အာဏာမရှိဘဲထုခွဲလျှင်၊ သို့တည်းမဟုတ် |
1,350,922 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) အသက်ဆုံးရှုံးမှု၊ သို့တည်းမဟုတ် ကိုယ်အင်္ဂါနာကျင်မှုဖြစ်စေသော၊ သို့တည်းမဟုတ် ဖြစ်စေတန် ရာသောပြုလုပ်မှု၊ သို့တည်းမဟုတ် ပေါ့လျော့မှုတခုခုကြောင့် ပျံသန်းရာတွင်သော်၎င်း၊ လေယာဉ်ကို အသုံးပြုရာတွင်သော်၎င်း၊ လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းနှင့်စပ်လျဉ်း၍သော်၎င်း၊ သူတဦးဦးအား အသက်ဆုံးရှုံးမှု၊ သို့တည်းမဟုတ် ကိုယ်အင်္ဂါနာကျင်စေမှုဖြစ်စေလျှင်၊ သို့တည်းမဟုတ် |
1,350,923 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) စစ်ဖြစ်နေစဉ်တွင် ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်ကို တမင်ဖြစ်စေ၊ သင့်လျော်သော အကြောင်းမရှိဘဲဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကြားနေတိုင်းပြည်တပြည်ကသော်၎င်း၊ ကြားနေ တိုင်းပြည်တပြည်၏ အမိန့်အရသော်၎င်း၊ သိမ်းယူခြင်းခံရစေလျှင်၊ သို့တည်းမဟုတ် ကြားနေတိုင်းပြည် တပြည်တွင် ဖျက်ဆီးခြင်းခံရစေလျှင်၊ |
1,350,924 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသော ပြုမှုဖြစ်ပါက တဆယ့်လေးနှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ တမင်ပြုသောပြုမှုမဟုတ် ပါက၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,925 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပျံသန်းရေးနှင့် လေယာဉ်ဆိုင်ရာ အခြားပြစ်မှုများ။ |
1,350,926 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းနှင့်စပ်လျဉ်းသော သက်သေခံလက်မှတ်တခုခုကို တိကျမှန်ကန်ကြောင်း သေချာစွာမစီစစ်ဘဲ လက်မှတ်ရေးထိုးလျှင်၊ သို့တည်းမဟုတ် |
1,350,927 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်တစီး၏ လေသူရဲဖြစ်သည်တွင်၊ မြေပြင်မှ လေယာဉ်ထွက်ခွါ နေစဉ်၊ သို့တည်းမဟုတ် မြေပြင်သို့လေယာဉ်သက်ဆင်းနေစဉ်၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ် က သီးခြားဖေါ်ပြထားသော အခြားအကြောင်းအချက်များတွင်မှအပ၊ လေယာဉ်ကိုကာကွယ်ရေးဦးစီး ချုပ်က သီးခြားဖေါ်ပြထားသည့် အမြင့်အောက်နိမ့်၍ပျံသန်းလျှင်၊ သို့တည်းမဟုတ် |
1,350,928 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်တစီး၏ လေသူရဲဖြစ်သည်တွင်၊ သူတဦးဦးအား မလိုလား အပ်သော စိတ်ငြိုငြင်ခြင်းဖြစ်စေသော၊ သို့တည်းမဟုတ် စိတ်ငြိုငြင်ခြင်းဖြစ်စေတန်ရာသော ပျံသန်းခြင်း မျိုးဖြင့် ထိုလေယာဉ်ကိုပျံသန်းလျှင်၊ |
1,350,929 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,930 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | လေယာဉ်မှူး၏ တရားဥပဒေနှင့်ညီသော အမိန့်ကိုဖီဆန်မှု။ |
1,350,931 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မည်သည့်အဆင့်မဆိုရှိသည့် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်- |
1,350,932 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) လေယာဉ်တစီးအတွင်းရှိစဉ်၊ ထိုလေယာဉ်၏ လေယာဉ်မှူးမှာ၊ ဤအက်ဥပဒေကို လိုက်နာရသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လေယာဉ်ပျံသန်းရေးနှင့်သော်၎င်း၊ ထိန်းသိမ်းရေးနှင့်သော်၎င်း၊ လုံခြုံမှုနှင့်သော်၎င်း၊ သက်ဆိုင်သည့်ကိစ္စအားလုံးနှင့်စပ်လျဉ်း၍ ထိုလေယာဉ်မှူးကပေးသော တရား ဥပဒေနှင့်ညီသည့် အမိန့်တခုခုကိုဖီဆန်လျှင်၊ သို့တည်းမဟုတ် |
1,350,933 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အခြားလေယာဉ်တစီးက ဆွဲသွားရသော စက်မဲ့လေယာဉ်တစီး၏ လေယာဉ်မှူးဖြစ်သည်တွင်၊ ဆွဲသည့်လေယာဉ်မှူးမှာ၊ ဤအက်ဥပဒေကို လိုက်နာရသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အထက်ဆိုခဲ့ပြီးသော ကိစ္စအားလုံးနှင့်စပ်လျဉ်း၍ ထိုလေယာဉ်မှူးကပေးသော တရားဥပဒေနှင့်ညီသည့် အမိန့်တခုခုကိုဖီဆန်လျှင်၊ |
1,350,934 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,935 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သင်္ဘောများနှင့်စပ်လျဉ်းသော ပြစ်မှုများ။ |
1,350,936 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တပ်မတော်ပိုင်၊ သို့တည်းမဟုတ် တပ်မတော် ကအသုံးပြုသောရေယာဉ်ကို၊ ဘေးအန္တရာယ်မကင်းအောင်ပြုလုပ်သဖြင့်၊ သို့တည်းမဟုတ် ဘေး အန္တရာယ်မကင်းအောင်ဖြစ်စေသဖြင့်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြစ်မှု ဖြစ်ပါက တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သောပြစ် ဒဏ်ဖြစ်စေ၊ တမင်ပြုသောပြစ်မှုမဟုတ်ပါက၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,937 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) သင်္ဘောများ၊ သို့တည်းမဟုတ် ရေယာဉ်များကိုခြံရံစောင့်ကြပ်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း တို့အတွက် တာဝန်ပေးအပ်ခြင်းခံရသော သင်္ဘောတစင်း၏ အရာရှိတဦးဖြစ်သည့်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်- |
1,350,938 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) တာဝန်ဝတ်တရားကို ဆောင်ရွက်ရန်ကိစ္စအလို့ငှါ ရရှိသောညွှန်ကြားချက်များနှင့်အညီ မိမိ၏ တာဝန်ဝတ်တရားကို ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,939 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အခြားမည်သည့်ကိစ္စကိုမျှ လွှဲပြောင်းဆောင်ရွက်ခြင်းမပြုဘဲ၊ မိမိခြံရံစောင့်ကြပ်သော သင်္ဘောများ နှင့်ကုန်စည်များကို ကာကွယ်ခုခံရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,940 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) တိုက်ခိုက်ခြင်းခံရပါက၊ အဆိုပါသင်္ဘောများနှင့် ကုန်စည်များကို ကာကွယ်ခုခံပြီး တိုက်ခိုက်ရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် |
1,350,941 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) မိမိခြံရံစောင့်ကြပ်လာသော အဆိုပါသင်္ဘောများကို၊ ဘေးအန္တရာယ်မကင်းအောင် သူရဲဘောနည်း စွာစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ် အကာအကွယ်မရှိဘဲထားလျှင်၊ သို့တည်းမဟုတ် |
1,350,942 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) စောင့်ရှောက်ရန် မိမိအားအပ်နှံထားသော သင်္ဘောများ၊ သို့တည်းမဟုတ် ရေယာဉ်များကို ခြံရံ စောင့်ကြပ်ခြင်းအတွက် ကုန်သည်၊ သို့တည်းမဟုတ် ရေယာဉ်မှူးတဦးဦးထံမှငွေ၊ သို့တည်းမဟုတ် အခြားဆုလာဘ်တခုခုကိုတောင်းဆိုလျှင်၊ သို့တည်းမဟုတ် အတင်းအကြပ်တောင်းယူလျှင်၊ သို့တည်း မဟုတ် |
1,350,943 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) အဆိုပါသင်္ဘောများ၊ သို့တည်းမဟုတ် ရေယာဉ်များမှရေယာဉ်မှူးများ သို့တည်းမဟုတ် သင်္ဘော သားများကို အလွဲအသုံးပြုလျှင်၊ |
1,350,944 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ တရားလွှတ်တော်က ရေကြောင်းစီရင်ပိုင်ခွင့်အာဏာ သုံးစွဲလျက်၊ စီရင်ဆုံးဖြတ်သည့် လျော်ကြေးကိုလည်း၊ ကုန်သည်များ၊ ပိုင်ရှင်များနှင့်အခြားသူများအား ပေးရမည်။ |
1,350,945 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ဤအက်ဥပဒေကိုလိုက်နာရသူ ရေယာဉ်မှူးတဦးဦးသည်၊ မိမိသင်္ဘောသုံးရန်သာဖြစ်သော ကုန်စည် များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်းမဟုတ် ဆိုင်ရာပိုင်ရှင်များအတွက်မပျက်စီးရန် ထိန်းသိမ်းထားရမည့် ကုန်သည်တဦးဦးပိုင်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်း မဟုတ် ဆိုင်ရာပိုင်ရှင်များအတွက် မပျက်စီးရန်ထိန်းသိမ်းထားရမည့် ပင်လယ်ပြင်တွင်ဖြစ်စေ၊ သင်္ဘော ဆိပ်တွင်ဖြစ်စေ၊ ချောင်းတွင်းတွင်ဖြစ်စေ၊ ဆိပ်ကမ်းတွင်ဖြစ်စေ၊ ပျက်စီးသွားသည့် သင်္ဘောပေါ်တွင် သော်၎င်း၊ ဘေးအန္တရာယ်ရောက် မည့်ဆဲဆဲဖြစ်သော သင်္ဘောပေါ်တွင်သော်၎င်း၊ ရှိသည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်းမဟုတ် မည်သည့်အချိန်တွင်မဆို နိုင်ငံတော်သမတက ဖြစ်စေ၊ မိမိအထက်အရာရှိကဖြစ်စေ၊ သင်္ဘောပေါ်တွင် ယူဆောင်ရန်သော်၎င်း၊ လက်ခံရန်သော်၎င်း၊ မိမိအားအမိန့်ပေးသည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ မိမိသင်္ဘောပေါ်တွင် အခြား မည်သည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များကိုမဆိုလက်ခံလျှင်၊ သို့တည်းမဟုတ် လက်ခံရန် ခွင့်ပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,946 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်- |
1,350,947 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သိမ်းရပစ္စည်းအဖြစ်ဖြင့် ဘမ်းဆီးထားသော သင်္ဘောတစင်းပေါ်တွင်တွေ့ရှိသော စာရွက်စာတမ်း များ၊ သင်္ဘောငှါးစာချုပ်များ၊ သင်္ဘောကုန်တင်တန်ဆာများ၊ နိုင်ငံကူးလက်မှတ်များနှင့်အခြားမည်သည့် စာတမ်းအမှတ်အသားကိုမဆို ထိန်းသိမ်းထားရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,948 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) သိမ်းရပစ္စည်းဖြစ်သည့် အဆိုပါသင်္ဘောကို ယူဆောင်သွားရမည့် ရေယာဉ်၏ရေယာဉ်မှူးဖြစ်သည် တွင်၊ ရေကြောင်းစီရင်ပိုင်ခွင့်အာဏာရှိ တရားလွှတ်တော်သို့သော်၎င်း၊ အဆိုပါသိမ်းရပစ္စည်းများကို တရားဥပဒေနှင့်အညီ ဘမ်းဆီးခြင်းဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် အာဏာလွှဲအပ်ထားသည့်တရားရုံး၊ သို့တည်းမဟုတ် အမှုအရေးလွှဲအပ်ခံရသူအရာရှိများထံသို့သော်၎င်း၊ ထိုရုံးများ၊ သို့တည်းမဟုတ် အရာရှိ များက ကြည့်ရှုစစ်ဆေးရန်၊ အသုံးချရန်နှင့် တရားဥပဒေအရဆက်လက်ဆောင်ရွက်ရန် ထိုစာရွက် စာတမ်းများ၊ သင်္ဘောငှါးစာချုပ်များ၊ သင်္ဘောကုန်တင်တန်ဆာများ၊ နိုင်ငံကူးလက်မှတ်များနှင့် အခြား စာတမ်းအမှတ်အသား မူရင်းအလုံးစုံကို လိမ်လည်လှည့်ဖြားမှုမရှိဘဲ ရေတပ်သက်ဆိုင်ရာတို့မှ တဆင့်ပို့ ရန်ပျက်ကွက်ခဲ့လျှင်၊ |
1,350,949 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဘမ်းဆီးရမိသည့်ပစ္စည်းထဲမှ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့် ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။ |
1,350,950 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်- |
1,350,951 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ရေကြောင်းစီရင်ပိုင်ခွင့် အာဏာသုံးစွဲလျက်၊ တရားလွှတ်တော်က တရားဥပဒေနှင့်အညီ သိမ်းရ ပစ္စည်းဟုတ်ကြောင်း စီရင်ဆုံးဖြတ်ခြင်းမပြုမီ၊ မည်သည့်ငွေ၊ သို့တည်းမဟုတ် ကုန်စည်ကိုမဆို၊ ၎င်းတို့ ၏ ပိုမိုလုံခြုံမှုအတွက် လိုအပ်သည်မဟုတ်ဘဲနှင့်၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံအစိုးရ အသုံးပြုနေသော သင်္ဘောတစင်းအတွက် အသုံးပြုရန်လိုအပ်သည်မဟုတ်ဘဲနှင့် သိမ်းရပစ္စည်းထဲမှ၊ သို့တည်းမဟုတ် သိမ်းရပစ္စည်းအဖြစ် ဘမ်းဆီးထားသောသင်္ဘောထဲမှ ထုတ်ယူလျှင်၊ သို့တည်းမဟုတ် |
1,350,952 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ရေကြောင်းစီရင်ပိုင်ခွင့်အာဏာသုံးစွဲလျက်၊ တရားလွှတ်တော်က တရားဥပဒေနှင့်အညီ သိမ်းရ ပစ္စည်းဖြစ်ကြောင်း စီရင်ဆုံးဖြတ်ပေးရန်အတွက် ဘမ်းဆီးရမိခြင်း၏ အကြောင်းအရာအပြည့်အစုံကို ယူဆောင်၍ မလာဘဲနေလျှင်၊ |
1,350,953 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဘမ်းဆီးရမိသည့်ပစ္စည်းထဲမှ၊ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့် ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။ |
1,350,954 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၆) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ သိမ်းရပစ္စည်းအဖြစ် ဘမ်းဆီးထားသော သင်္ဘော၊ သို့တည်းမဟုတ် ရေယာဉ်ပေါ်ရှိ အရာရှိ၊ သင်္ဘောသား၊ သို့တည်းမဟုတ် အခြားသူတဦးဦးကို လုယက် လျှင်၊ ရိုက်နှက်လျှင်၊ နှိပ်စက်ညှဉ်းဆဲလျှင်၊ သို့တည်းမဟုတ် ထိုအရာရှိ၊ သင်္ဘောသား၊ သို့တည်းမဟုတ် အခြားသူ၏ အဝတ်အစားကို ဆွဲချွတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,955 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၇) ပြည်ထောင်စုနိုင်ငံ အစိုးရအသုံးပြုသောသင်္ဘောတစင်းကို ကွပ်ကဲသောအရာရှိဖြစ်သည့်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်- |
1,350,956 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ရန်သူနှင့်အတူပူးပေါင်းကြံစည်ပြီး ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခု ကို သိမ်းရပစ္စည်းအဖြစ်ယူလျှင်၊ သို့တည်းမဟုတ် |
1,350,957 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) သိမ်းရပစ္စည်းအဖြစ်ဖြင့် ဘမ်းဆီးထားသော ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာဝတ္ထု တခုခုကို ရွေးယူစေရန်၊ သူတဦးဦးနှင့် တရားဥပဒေနှင့်ဆန့်ကျင်လျက် သဘောတူလျှင်၊ သို့တည်းမဟုတ် |
1,350,958 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) သိမ်းရပစ္စည်းအဖြစ်ဖြင့် ဘမ်းဆီးထားသော ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာ ဝတ္ထုတခုခုကို ရွေးယူရန်အတွက် တရားဥပဒေနှင့်ဆန့်ကျင်လျက် သဘောတူညီထားချက်နှင့်အညီ၊ သို့တည်းမဟုတ် အခြားနည်းဖြင့် ပူးပေါင်းကြံစည်ပြုလုပ်ထားခြင်းနှင့်အညီ၊ လက်လွှတ်လိုက်လျှင်၊ သို့တည်းမဟုတ် ပြန်အပ်လိုက်လျှင်၊ |
1,350,959 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,960 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၈) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ သိမ်းရပစ္စည်းအဖြစ် ဘမ်းဆီးထားသည့်၊ သို့တည်း မဟုတ် စစ်မက်ဘက်ပြိုင်ခြင်း၏ အခွင့်အရေးတခုခုကိုသုံးစွဲ၍ဖြစ်စေ၊ ရေကြောင်းဓါးပြတိုက်ခြင်း ဆိုင်ရာ၊ သို့တည်းမဟုတ်ကျွန်ကုန်ကူးခြင်းဆိုင်ရာ၊ သို့တည်းမဟုတ်အကောက်တော်ဆိုင်ရာ အက်ဥပဒေ တခုခုအရဖြစ်စေ၊ တားဆီးထားသည့် ရေယာဉ်တစင်းပေါ်ရှိ၊ သို့တည်းမဟုတ် ရေယာဉ်ပိုင် မည်သည့် အရာဝတ္ထုကိုမဆို၊ အလွဲသုံးစားပြုလုပ်ရန်အကြံဖြင့် အချို့အဝက်ကို ဖေါက်၍နုတ်ယူလျှင်၊ စစ်တရားရုံး က ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဘမ်းဆီးရမိသည့်ပစ္စည်းထဲမှ မိမိ၏ဝေစုကို သိမ်းယူ ခြင်းနှင့်ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။ |
1,350,961 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စည်းကမ်းဖေါက်ဖျက်မှု။ |
1,350,962 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ဤအက်ဥပဒေတွင် သီးခြားဖေါ်ပြမထား သော်လည်း စံနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကိုထိခိုက်သော ပြုလုပ်မှုကိုပြုလျှင်၊ သို့တည်းမဟုတ် စံနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းထိခိုက်အောင်ပျက်ကွက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင် သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,963 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အထွေထွေပြစ်မှုများ။ |
1,350,964 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) တာဝန်ကျနေရာတခုကို ကွပ်ကဲနေရစဉ်ဖြစ်စေ၊ စစ်ချီနေစဉ်ဖြစ်စေ၊ မိမိလက်အောက်ရှိ တဦး တယောက်သောသူက အခြားသူတဦးဦးအားရိုက်နှက်သည်၊ သို့တည်းမဟုတ် အခြားနည်းဖြင့်ညှဉ်းပန်း သည်၊ သို့တည်းမဟုတ် ဘိနှိပ်ချုတ်ချယ်သည်၊ သို့တည်းမဟုတ် ပွဲဈေးတခုခုကိုသော်၎င်း၊ ဈေးတခုခုကို သော်၎င်း၊ နှောင့်ရှက်သည်၊ သို့တည်းမဟုတ် ရုန်းရင်းဆန်ခတ်မှုကိုသော်၎င်း၊ ကျော်နင်းမှုကိုသော်၎င်း ကျူးလွန်သည်ဟု တိုင်ကြားချက်တရပ်ကိုရရှိလျက်နှင့် နစ်နာသူကို ထိုက်သင့်သောကြေနပ်မှုရရှိအောင် ပြုလုပ်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ဆိုင်ရာအာဏာပိုင်ထံ အမှုကို အစီရင်ခံရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် |
1,350,965 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ကိုးကွယ်ဝတ်ပြုသောနေရာတခုခုကို ယုတ်ညံ့စေခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ သူတဦး ဦး၏ ဘာသာသာသနာကိုတမင်စော်ကားလျှင်၊ သို့တည်းမဟုတ် သူတဦးဦး၏ဘာသာရေးစိတ်ကို တမင် နာကြည်းစေလျှင်၊ သို့တည်းမဟုတ် |
1,350,966 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်၍ ထိုသို့အားထုတ်ရာတွင် ထိုပြစ်မှုကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် |
1,350,967 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) အရာခံဗိုလ်အောက် အဆင့်ရှိသူဖြစ်လျက်၊ တာဝန်ဝတ်တရားမထမ်းဆောင်သည့်အခါ၊ ဆိုင်ရာ အခွင့်အာဏာမပါရှိဘဲ၊ တပ်၊ သို့တည်းမဟုတ် စစ်စခန်း၊ သို့တည်းမဟုတ် သင်္ဘောအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ ရိုင်ဖယ်၊ စစ်ဓါးလွယ်၊ သို့တည်းမဟုတ် ရန်မူနိုင်သောအခြားလက်နက်ကို ကိုင်ဆောင် လျှင်၊ သို့တည်းမဟုတ် |
1,350,968 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) သူတဦးဦး၏စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးကိုဆောင်ရွက်ပေးရန်၊ သို့တည်းမဟုတ် စစ်မှုထမ်း နေသူတဦးဦးအတွက် ခွင့်ရက်ရရေးကိုသော်၎င်း၊ ရာထူးတိုးမြှင့်ရေးကိုသော်၎င်း၊ အခြားကျေးဇူးတခုခု ကိုသော်၎င်း၊ အခြားလိုက်လျောမှုတခုခုကိုသော်၎င်း၊ ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ချက်အဖြစ်ဖြင့် ဖြစ်စေ၊ ဆုလာဘ်အဖြစ်ဖြင့်ဖြစ်စေ၊ တံစိုးတခုခုကို မိမိအတွက်သော်၎င်း၊ သူတပါးအတွက်သော်၎င်း၊ တိုက်ရိုက်၊ သို့တည်းမဟုတ် သွယ်ဝိုက်၍လက်ခံလျှင်၊ သို့တည်းမဟုတ် ရယူလျှင်၊ သို့တည်းမဟုတ် လက်ခံရန်သဘောတူလျှင်၊ သို့တည်းမဟုတ် ရယူရန်အားထုတ်လျှင်၊ သို့တည်းမဟုတ် |
1,350,969 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) မိမိစစ်မှုထမ်းနေသော တိုင်းပြည်တွင် ယာယီ၊ သို့တည်းမဟုတ် အမြဲနေထိုင်သူတဦးဦး၏ ပစ္စည်းကို သော်၎င်း၊ ကိုယ်ကိုသော်၎င်း၊ ထိခိုက်စေသော ပြစ်မှုတခုခုကိုကျူးလွန်လျှင်၊ |
1,350,970 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အားထုတ်မှု။ |
1,350,971 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မ နှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင်သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက် ပြစ်မှုတခုခုကို ကျူးလွန်ရန် အားထုတ်၍ ထိုသို့အားထုတ်ရာတွင် ပြစ်မှုကျူးလွန်ခြင်းသို့ရှေ့ရှုသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အဆိုပါအားထုတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ရန် ဤ အက်ဥပဒေက အတိအလင်းပြဋ္ဌာန်းခြင်းမပြုသည့်အခါ၊ |
1,350,972 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကျူးလွန်ရန်အားထုတ်သည့် ပြစ်မှုသည်၊ သေဒဏ်စီရင်ထိုက်သည့် ပြစ်မှုဖြစ်ပါက၊ တဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။ |
1,350,973 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကျူးလွန်ရန် အားထုတ်သည့် ပြစ်မှုသည်၊ ထောင်ဒဏ်စီရင်ထိုက်သည့် ပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် သတ်မှတ်သည့် အများဆုံး ထောင်ဒဏ်ကာလ၏တဝက်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ် ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,974 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကျူးလွန်ပြီးဖြစ်သောပြစ်မှုကို အားပေးကူညီမှု။ |
1,350,975 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မနှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထားသောပြစ်မှုများအနက် ပြစ်မှုတခုခုကျူးလွန်ခြင်းကို အားပေး ကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုအားပေးကူညီခြင်းခံရသော ပြုလုပ်မှုအထ မြောက်ခဲ့ရာတွင်၊ အားပေးကူညီခြင်းအတွက် ပြစ်ဒဏ်ကို၊ ဤအက်ဥပဒေက အတိအလင်း ပြဋ္ဌာန်းထား ခြင်းမရှိပါက၊ ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းထားသည့်ပြစ်ဒဏ် ထိုက်သင့်စေရမည်။ |
1,350,976 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဒဏ်ထိုက်သင့်သော်လည်း ကျူးလွန်ခြင်းအထမမြောက်သည့်ပြစ်မှုကို အားပေးကူညီမှု။ |
1,350,977 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂၊ ၃၃၊ ၃၆၊ ၃၇ (၁) နှင့် ၆၄ (၂) အရ၊ သေဒဏ် ထိုက်သင့်သော ပြစ်မှုတခုခုကိုကျူးလွန်ရန် အားပေးကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ထိုပြစ်မှုကျူးလွန်ခြင်းအထမမြောက်ခဲ့ရာတွင်၊ ထိုအားပေးကူညီမှုအတွက် ဤအက် ဥပဒေက ပြစ်ဒဏ်အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါက တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤ အက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,978 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထောင်ဒဏ် ထိုက်သင့်သော်လည်း ကျူးလွန်ခြင်း အထမမြောက်သည့် ပြစ်မှုကို အားပေးကူညီမှု။ |
1,350,979 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မ နှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထား၍၊ ထောင်ဒဏ် ထိုက်သင့်သောပြစ်မှုတခုခုကို ကျူးလွန်ရန် အားပေးကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုပြစ်မှုကျူးလွန်ခြင်းအထမမြောက် ခဲ့ရာတွင်၊ ထိုအားပေးကူညီမှုအတွက် ဤအက်ဥပဒေက ပြစ်ဒဏ်အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါ က၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အများဆုံးထောင်ဒဏ်၏ တဝက်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ |
1,350,980 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နယ်ဘက်ပြစ်မှုများ။ |
1,350,981 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၇၂ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ သို့တည်းမဟုတ် ပြင်ပရှိ မည်သည့်နေရာတွင်မဆို၊ နယ်ဘက်ပြစ်မှု တခုခုကိုကျူးလွန်လျှင်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။ |
1,350,982 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ဤပုဒ်မအရ၊ ထိုပြစ်မှုအတွက်၊ စွဲချက်တင်ခြင်းခံရပါက၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်း ခံရ မည့်ပြင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ- |
1,350,983 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ထိုပြစ်မှုသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ တည်ဆဲတရားဥပဒေတခုခုအရ သေဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်ချမှတ်နိုင်သောပြစ်မှုတခုဖြစ်ပါက၊ ကြိမ်ဒဏ်မှအပ၊ အဆိုပါတရားဥပဒေ က ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်အပြင် ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သော ပြစ်ဒဏ်လည်း ထိုက်သင့်စေရမည်။ |
1,350,984 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အခြားပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတခုခုအတွက်ဖြစ်ပါက၊ ကြိမ်ဒဏ်မှအပ၊ ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း တည်ဆဲတရားဥပဒေက ထိုပြစ်မှုအတွက်ပြဋ္ဌာန်းထားသောပြစ်ဒဏ်တခုခုဖြစ်စေ၊ ခုနစ်နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။ |
1,350,985 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးဖြင့်မစစ်ဆေးနိုင်သော နယ်ဘက်ပြစ်မှုများ။ |
1,350,986 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ စစ်ဘက်ဥပဒေကို မလိုက်နာသူတဦးအား၊ သေစေသည့်လူသတ်မှုကိုသော်၎င်း၊ ထိုသို့မလိုက်နာရသူတဦးအား၊ သေစေသည့် လူသတ်မှုမမြောက် သော ရာဇဝတ်ပြစ်ဒဏ်ထိုက်သည့် လူသေမှုကိုသော်၎င်း၊ ထိုသို့မလိုက်နာရသူတဦးအား၊ မုဒိမ်းမှုကိုသော် ၎င်း၊ ကျူးလွန်ခြင်းမှာ- |
1,350,987 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ သို့တည်းမဟုတ် |
1,350,988 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပြည်ထောင်စု မြန်မာနိုင်ငံပြင်ပရှိ နေရာတခုခုတွင်၊ သို့တည်းမဟုတ် |
1,350,989 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့်၊ ဤကိစ္စအလို့ငှါ၊ သီးခြားဖေါ်ပြထားသော နယ်စပ် စစ်စခန်းတွင်၊ ကျူးလွန်ခြင်းမဟုတ်လျှင်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကိုကျူးလွန်သည်ဟု မမှတ်ယူရ။ |
1,350,990 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုပြစ်မှုကျူးလွန်သူအား စစ်တရားရုံးက စစ်ဆေးစီရင်ခြင်းလည်းမပြုရ။ |
1,350,991 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အခဏ်း ၇။ ပြစ်ဒဏ်များ။ |
1,350,992 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးများကချမှတ်နိုင်သော ပြစ်ဒဏ်များ။ |
1,350,993 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူများသည်၊ မိမိတို့ကျူးလွန်သည့် ပြစ်မှုများအတွက်၊ စစ်တရားရုံး များက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အောက်ပါအချိုးအစားအတိုင်း ပြစ်ဒဏ်ထိုက်သင့်စေရမည်။ |
1,350,994 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သေဒဏ်။ |
1,350,995 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တသက်တကျွန်းဒဏ်၊ သို့တည်းမဟုတ် ခုနစ်နှစ်အောက်မလျော့သော တကျွန်းပို့ဒဏ်။ |
1,350,996 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) တဆယ့်လေးနှစ်ထက်မပိုသော အလုပ်ကြမ်းနှင့်၊ သို့တည်းမဟုတ် အလုပ်မဲ့ထောင်ဒဏ်။ |
1,350,997 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) အရာရှိများအတွက်ဖြစ်ပါက ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်။ |
1,350,998 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ်။ |
1,350,999 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) အရာခံဗိုလ်များအတွက်ဖြစ်ပါက၊ ပို၍နိမ့်သောအဆင့်၊ ပို၍နိမ့်သောအတန်း၊ ၎င်းတို့၏အဆင့် စာရင်းတွင် ပို၍နိမ့်သောနေရာ၊ သို့တည်းမဟုတ် တပ်သားအဆင့်သို့လျော့ချဒဏ်။ |
1,351,000 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် အကြပ်များ အတွက်ဖြစ်ပါက၊ ပို၍နိမ့်သောအဆင့်၊ သို့တည်းမဟုတ် တပ်သားအဆင့်သို့လျော့ချဒဏ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.