id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,351,001
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် တပ်သားအဆင့်သို့ လျော့ချထားသော အရာခံဗိုလ်တဦးအား၊ ၎င်း၏ဆန္ဒနှင့်ဆန့်ကျင်လျက် တပ်သား အဖြစ်ဖြင့် စစ်မှုမထမ်းစေရ။
1,351,002
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များအတွက်ဖြစ်ပါက၊ အဆင့်သက်တမ်းလျှော့ဒဏ်၊ ထို့ပြင် အဆင့်တိုးမြှင့်ရေးသည်၊ စစ်မှုထမ်းသက်တမ်းပေါ်တွင် အမှီပြုရသူများဖြစ်ပါက၊ အဆင့်တိုးမြှင့် ရေးကိစ္စအတွက်၊ ၎င်းတို့၏စစ်မှုထမ်းသက်အားလုံး၊ သို့တည်းမဟုတ် တစိတ်တဒေသကို ဆုံးရှုံးစေသည့် ဒဏ်။
1,351,003
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) လစာတိုးမှုကိစ္စအတွက်သော်၎င်း၊ အငြိမ်းစားလစာအတွက်သော်၎င်း၊ အခြားသတ်မှတ်ထား သော ကိစ္စတရပ်ရပ်အတွက်သော်၎င်း၊ စစ်မှုထမ်းသက်လျှော့ဒဏ်။
1,351,004
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဈ) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များအတွက်ဖြစ်ပါက၊ ပြင်းထန်စွာပြစ်တင်ရှုတ်ချဒဏ်၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချဒဏ်။
1,351,005
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ည) တန်းပြည့်စစ်မှုထမ်းချိန်တွင် ကျူးလွန်သောပြစ်မှုတခုအတွက်ဖြစ်ပါက၊ သုံးလထက်မပိုသော လစာနှင့် စရိတ်များကို ဖြတ်တောက်ဒဏ်။
1,351,006
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဋ) ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ် ချမှတ်ခံရသူ တဦးအတွက်ဖြစ်ပါက၊ ယင်းသို့ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှု ထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ်ခံရချိန်တွင်၊ ထိုသူအားပေးရန်ကျန်ရှိနေသော လစာနှင့်စရိတ်များ အပြင်၊ အစိုးရထံမှ ထိုသူရထိုက်သော အခြားငွေအားလုံးသိမ်းယူရန်။
1,351,007
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဌ) ထိုသူအား ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်း ထင်ရှားသက်သေခံချက်ရှိသော ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်းတခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။
1,351,008
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးက လွှဲပြောင်းချမှတ်နိုင်သော ပြစ်ဒဏ်များ။
1,351,009
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၃၂ မှ ၇၀ ထိ၊ ထိုပုဒ်မနှစ်ခုလုံး အပါအဝင်ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှုတခုခုကျူးလွန်သည့် ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ပြစ်မှုထင်ရှား စီရင်ရာတွင်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ပြစ်မှုအမျိုးအစားနှင့် အကြီး အငယ်ကိုထောက်ထားပြီး၊ ထိုပြစ်မှုအတွက်စီရင်နိုင်သည်ဟု အဆို...
1,351,010
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စုပေါင်းချမှတ်နိုင်သော ပြစ်ဒဏ်များ။
1,351,011
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးတရုံးသည်၊ ချမှတ်လိုက်သည့် ပြစ်ဒဏ်တခုအပြင်၊ ပုဒ်မ ၇၃ ၏ အပိုဒ်(ဃ)၊ သို့တည်းမဟုတ် အပိုဒ် (င) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်နှင့် ထိုပုဒ်မ၏ အပိုဒ်(စ)မှ (ဌ) အထိ ဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုဖြစ်စေ၊ တခုထက် ပို၍ဖြစ်စေ၊ ပူးပေါင်းပြီးချမှတ်နိုင်သည်။
1,351,012
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် စစ်တရားရုံးတရုံးသည်၊ အခြားပြစ်ဒဏ်တခုမချမှတ် စေကာမူ၊ ပုဒ်မ ၇၃ ၏ အပိုဒ်(ဃ)၊ သို့တည်းမဟုတ် အပိုဒ် (င) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်နှင့် ထိုပုဒ်မ၏ အပိုဒ် (စ) မှ (ဌ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုဖြစ်စေ၊ တခုထက်ပို၍ဖြစ်စေ၊ ပူးပေါင်းပြီးချမှတ်နိုင်သည်။
1,351,013
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိများအတွက် ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်။
1,351,014
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိတဦးအား၊ ပုဒ်မ ၇၃ ၏ အပိုဒ်(က)မှ (ဂ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြ ထားသောပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုမချမှတ်မီ၊ ရှုတ်ချ၍ အမြဲတန်း ထုတ်ပစ်ဒဏ်ချမှတ်ရ မည်။
1,351,015
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မြေပြင် ပြစ်ဒဏ်။
1,351,016
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးသည်၊ အရာခံဗိုလ်အဆင့်အောက်နိမ့်သော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး အား၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် ပြစ်မှုတခုခုကိုကျူးလွန်သည့်အတွက်၊ စစ်မြေပြင်ပြစ်ဒဏ်ဟု၊ သတ်မှတ်ထားသည့်၊ ပြစ်ဒဏ်တခုခုချမှတ်နိုင်သည်။
1,351,017
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မြေပြင်ပြစ်ဒဏ်သည်၊ လူကိုချုတ်ချယ်ခြင်းမျိုး၊ သို့တည်းမဟုတ် အလုပ်ကြမ်းမျိုးဖြစ်သော ပြစ်ဒဏ်ဖြစ်စေရမည်။
1,351,018
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့သော်လည်း အသက်ကိုသော်၎င်း၊ ကိုယ်အင်္ဂါကိုသော်၎င်း၊ ထိခိုက်စေသည့်ပြစ်ဒဏ်မျိုးမဖြစ်စေရ။
1,351,019
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် အဆိုပါ စစ်မြေပြင်ပြစ်ဒဏ်တွင်၊ ရိုက်နှက်ဆုံးမခြင်း မပါဝင်စေရ။
1,351,020
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်များ အချိုးအစားတွင် စစ်မြေပြင်ပြစ်ဒဏ်၏ နေရာ။
1,351,021
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်လျော့ပေါ့ပြောင်းလွှဲခြင်းကိစ္စအတွက် စစ်မြေပြင်ပြစ်ဒဏ်သည်၊ ပုဒ်မ ၇၃ ရှိ သီးခြား ဖေါ်ပြထားသော ပြစ်ဒဏ်များအချိုးအစားတွင် အမြဲတန်းထုတ်ပစ်ဒဏ်အောက် ကပ်လျက်ရှိသည်ဟု မှတ်ယူရမည်။
1,351,022
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦးအားချမှတ်သော အချို့ပြစ်ဒဏ်များ၏ အကျိုးသက်ရောက်ခြင်း။
1,351,023
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးတရုံးက တကျွန်းပို့ဒဏ်၊ ထောင်ဒဏ်၊ စစ်မြေပြင်ပြစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှု ထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ် ချမှတ်ခြင်းခံရသော အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦး သည်၊ တပ်သားအဆင့်သို့လည်း လျော့ချခြင်းခံရသည်ဟု မှတ်ယူရမည်။
1,351,024
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တန်းပြည့်စစ်မှုထမ်းချိန်တွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတဦးကို တပ်သားအဆင့်တွင် ဆက်လက်ထားရှိခြင်း။
1,351,025
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်တရားရုံးက အမြဲတန်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ တကျွန်းပို့ဒဏ်ကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို အမြဲတန်းထုတ်ပစ် ဒဏ်နှင့် ပူးပေါင်းလျက်ဖြစ်စေ၊ မပူးပေါင်းဘဲဖြစ်စေ၊ ချမှတ်သည့်အခါ၊ သတ်မှတ်ထားသော အရာရှိက၊ ထိုသူကို တပ်သားအဆင့်တွင် ဆက်လက်စစ်မှုထမ်းရန် ညွှန်ကြားနိုင်သ...
1,351,026
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် တကျွန်းပို့ဒဏ်ကို ဖြစ်စေ၊ ထောင်ဒဏ်ကိုဖြစ်စေ၊ ချမှတ်ခဲ့လျှင်၊ ယင်းသို့တပ်သားအဖြစ်နှင့် စစ်မှုထမ်းသည့်ကာလကို ထိုသူ ကျခံရသော တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်၏တစိတ်တဒေသအဖြစ်ဖြင့် ရေတွက်ရမည်။
1,351,027
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးဖြင့်မဟုတ်ဘဲ၊ အခြားနည်းဖြင့် ချမှတ်သောပြစ်ဒဏ်များ။
1,351,028
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူများက ကျူးလွန်သောပြစ်မှုများနှင့်စပ်လျဉ်း၍၊ စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းမပြုဘဲ၊ ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့တွင် ဖေါ်ပြထားသည့် နည်းလမ်းအတိုင်း ပြစ်ဒဏ်များကို ချမှတ်နိုင်သည်။
1,351,029
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိနှင့် အရာခံဗိုလ်မဟုတ်သူများအား ချမှတ်နိုင်သော ပြစ်ဒဏ်များ။
1,351,030
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၃ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ တပ်မှူးတဦးသည်၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊ ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသော အခြား အရာရှိတဦးသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည်လည်း ဖြစ်၍၊ အရာရှိ၊ သို့တည်းမဟုတ် အရာခံဗိုလ်လည်းမဟုတ်သော ဤအက်ဥပဒေကို လိုက်နာရသူတဦး အား၊ သ...
1,351,031
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) စစ်ဘက်အချုပ်တွင် နှစ်ဆယ့်ရှစ်ရက်ထိ ထောင်ဒဏ်။
1,351,032
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) စစ်တန်းလျားများတွင်၊ သို့တည်းမဟုတ် သင်္ဘောတွင် နှစ်ဆယ့်ရှစ်ရက်ထိ လိုင်းချုပ်။
1,351,033
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) (၁) အပိုကင်းတာဝန်များ၊ သို့တည်းမဟုတ် အပိုတာဝန်များ။
1,351,034
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အပိုအလုပ်၊ သို့တည်းမဟုတ် အပိုစစ်ရေးပြခြင်းများ။
1,351,035
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် အဆိုပါတာဝန်များ၊ သို့တည်းမဟုတ် စစ်ရေးပြခြင်းများသည်၊ အရေအတွက်အားဖြင့် တဆယ့်လေးကြိမ်ထက် မပိုစေရ။
1,351,036
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) နှစ်ဆယ့်ရှစ်ရက်အတွက်ထက်မပိုသော အရည်အချင်းလစာကို ဖြတ်တောက်ခြင်း၊ ထို့ပြင်၊ အကြပ်များအတွက်ဖြစ်ပါက၊ ခေတ္တအဆင့်ကို ဖြုတ်ပစ်ခြင်း။
1,351,037
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) မည်သည့် လတလတွင်မဆို၊ တဆယ့်လေးရက်အတွက်ထိ လစာနှင့်ညီမျှသော ငွေဒဏ်။
1,351,038
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(စ) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချခြင်း။
1,351,039
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) ပုဒ်မ ၉၃ ၏ အပိုဒ်(ဆ)အရ၊ ဒဏ်အဖြစ်လစာနှင့် စရိတ်များဖြတ်တောက်ခြင်း။
1,351,040
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) တန်းပြည့်စစ်မှုထမ်းနေသူတဦးအတွက်ဖြစ်ပါက၊ သတ်မှတ်ထားသော စစ်မြေပြင်ပြစ်ဒဏ်တမျိုး မျိုးကို နှစ်ဆယ့်ရှစ်ရက်ထိ။
1,351,041
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၂ အရ ချမှတ်နိုင်သောပြစ်ဒဏ်များကို ကန့်သတ်ခြင်း။
1,351,042
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပုဒ်မ ၈၂ ပါ ပြစ်ဒဏ်ချမှတ်ရာတွင် စစ်မြေပြင်ပြစ်ဒဏ်ကို ထိုပုဒ်မ၏ (က) နှင့် (ခ)တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုနှင့်သော်၎င်း၊ နှစ်ခုစလုံးနှင့်သော်၎င်း၊ ပူးပေါင်းချမှတ်ခြင်းမပြုရ။
1,351,043
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အဆိုပါ ပုဒ်မ၏ အပိုဒ်(က)၊ (ခ) နှင့် (ဂ)တို့တွင် သီးခြားဖေါ်ပြထားသည့် ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်နှစ်ခုသော်၎င်း၊ နှစ်ခုထက်ပို၍သော်၎င်း၊ ချမှတ်ခဲ့ပါက၊ အပိုဒ်(က) တွင် သီးခြားဖေါ်ပြထား သည့် ပြစ်ဒဏ်ကျခံပြီးမှသာလျှင်၊ အပိုဒ်(ခ)၊ သို့တည်းမဟုတ် အပိုဒ်(ဂ) တွင် သီးခြားဖေါ်ပြထားသည့် ပြစ်ဒဏ်ကို စတင်ကျခံစေရမည်။
1,351,044
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) သူတဦးအား၊ အဆိုပါ အပိုဒ်(က) နှင့် (ခ) များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များကို ပေါင်း စပ်၍ချမှတ်သည့်အခါ၊ သို့တည်းမဟုတ် အဆိုပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကျခံနေရသည့်အခါ၊ စုစုပေါင်းပြစ်ဒဏ်သည်၊ နှစ်ဆယ့်ရှစ်ရက်ထက်မပိုစေရ။
1,351,045
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) အကြပ်အဆင့်ရှိသူတဦးဦး၊ သို့တည်းမဟုတ် အပြစ်ပေးခံရသောပြစ်မှုကို ကျူးလွန်ချိန်တွင် အကြပ် အဆင့်ရှိသူတဦးဦးအား၊ အဆိုပါပုဒ်မ၏ အပိုဒ် (က)၊ (ခ)၊ (ဂ) (၂) နှင့် (ဇ) တို့တွင် သီးခြားဖေါ်ပြထား သော ပြစ်ဒဏ်များကို မချမှတ်ရ။
1,351,046
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) အကြပ်အဆင့်အောက် နိမ့်သောအဆင့်ရှိသူ တဦးဦးအား၊ အဆိုပါ ပုဒ်မ၏ အပိုဒ် (စ) တွင် သီးခြား ဖေါ်ပြထားသော ပြစ်ဒဏ်ကိုမချမှတ်ရ။
1,351,047
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၂ တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအပြင် ချမှတ်နိုင်သောပြစ်ဒဏ်များ။
1,351,048
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၂ တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုနှင့် ပူးပေါင်း၍ သော်၎င်း၊ ပြစ်ဒဏ်တခုခုမပါဘဲသော်၎င်း၊ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမတ၏ သဘောတူညီ ချက်ဖြင့်၊ ပုဒ်မ ၈၂ အရ ချမှတ်နိုင်သော အခြားပြစ်ဒဏ်များနှင့် ထိုအခြားပြစ်ဒဏ်များကို မည်ရွေ့ မည်မျှအထိ ချမှတ်နိုင်သည်ကို သီးခြားဖေါ်ပြနိုင်သည်။
1,351,049
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်မဟာမှူးများနှင့် အခြားအရာရှိများက အရာရှိများနှင့်အရာခံဗိုလ်များအား ချမှတ်နိုင်သော ပြစ်ဒဏ်များ။
1,351,050
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်း မဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိတဦး၊ သို့တည်းမဟုတ် သတ်မှတ်ထား သော အခြားအရာရှိတဦးဦးက၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကျူးလွန...
1,351,051
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချခြင်း။
1,351,052
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ထိုသူအား ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်း ထင်ရှားသက်သေခံချက် ရှိသောဆုံးရှုံးခြင်း၊ သို့တည်းမဟုတ်ပျက်စီးနစ်နာခြင်း တခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။
1,351,053
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်မမှူးနှင့်အခြားအရာရှိများက အရာရှိများနှင့် အရာခံဗိုလ်များအား ချမှတ်နိုင်သောပြစ်ဒဏ်များ။
1,351,054
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိ တဦး၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ စစ်တရားရုံးချုပ် ဖွဲ့စည်းနိုင်ခွင့် အာဏာ အပ်နှင်းခြင်းခံရသော အရာရှိတဦး၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊ ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိသည်၊ ဤအက်ဥပဒေအရ ဖြစ်သော ပြစ်မှုတခု...
1,351,055
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) အဆင့်သက်တမ်းလျှော့ဒဏ်၊ သို့တည်းမဟုတ် မိမိ၏အဆင့် တိုးမြှင့်ရေးသည်၊ စစ်မှုထမ်းသက် ပေါ်တွင်အမှီပြုရသောသူဖြစ်ပါက၊ တဆယ့်နှစ်လထက်မပိုသော စစ်မှုထမ်းသက်ကို အဆင့်တိုးမြှင့်ရေး ကိစ္စအတွက်လျှော့ဒဏ်။
1,351,056
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် ပြစ်ဒဏ်မချမှတ်မီ တရားခံသည်၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင် ခြင်းကို ရွေးချယ်နိုင်သည်။
1,351,057
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) မည်သည့်လ တလတွင်မဆို၊ တဆယ့်လေးရက်အတွက်ထိ လစာနှင့်ညီမျှသော ငွေဒဏ်။
1,351,058
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချဒဏ်၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချဒဏ်။
1,351,059
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) ထိုသူအားပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်းထင်ရှား သက်သေခံချက်ရှိသောဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်း တခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။
1,351,060
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်မှူးများက အရာခံဗိုလ်များအား ချမှတ်နိုင်သောပြစ်ဒဏ်များ။
1,351,061
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်မှူးတဦး၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊ ကာကွယ်ရေးဦးစီး ချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကျူးလွန်သည် ဟု စွပ်စွဲခြင်းခံရသည့် အရာခံဗိုလ်တဦးအား၊ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း စစ်ဆေးစီရင်၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ်...
1,351,062
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အမှုတွဲများ ပို့ပေးခြင်း။
1,351,063
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မ တခုခုအရ ပြစ်ဒဏ်ချမှတ်လိုက်သည့်အမှုတိုင်းတွင်၊ ပြစ်ဒဏ်ချမှတ်သောအရာရှိသည်၊ အမှုတွဲ၏ တာဝန်ခံမိတ္တူမှန်များကို၊ ပုဒ်မ ၉၀ တွင် အဓိပ္ပါယ်ဖေါ်ပြ ထားသော စစ်ဘက်အထက်အာဏာပိုင်ထံ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းပေးပို့ရမည်။
1,351,064
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အမှုတွဲများကို ပြန်လည်သုံးသပ်ခြင်း။
1,351,065
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ ချမှတ်လိုက်သည့် ပြစ်ဒဏ်တခုခုသည်၊ တရားဥပဒေနှင့်မညီ၊ တရားမမျှတ၊ သို့တည်းမဟုတ် များလွန်းသည်ဟု ပုဒ်မ ၉၀ တွင် အဓိပ္ပါယ်ဖေါ်ပြ ထားသော စစ်ဘက်အထက်အာဏာပိုင် တဦးကယူဆလျှင်၊ အဆိုပါအာဏာပိုင်သည် ထိုပြစ်ဒဏ်ကို ဖျက်သိမ်း၊ ပြောင်းလဲ၊ သို့တည်းမဟုတ် လျှော့ပစ်နိုင်သည့်ပြင်၊ ထိုအမှု၏ အဖြစ်အပျက် ...
1,351,066
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်ဘက် အထက်အာဏာပိုင်။
1,351,067
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၈၈ နှင့် ၈၉ တို့၏ ကိစ္စအလို့ငှါ၊ “စစ်ဘက်အထက်အာဏာပိုင်”ဆိုသည်မှာ-
1,351,068
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) တပ်မှူးတဦးက ချမှတ်သော ပြစ်ဒဏ်များအတွက်ဖြစ်ပါက၊ ထိုတပ်မှူး၏ အထက်အရာရှိ တဦးဦးကို ဆိုလိုသည်။
1,351,069
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) အခြားအာဏာပိုင်တဦးဦးက ချမှတ်သော ပြစ်ဒဏ်များအတွက်ဖြစ်ပါက၊ နိုင်ငံတော်သမတ၊ ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိ ကို ဆိုလိုသည်။
1,351,070
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စုပေါင်းငွေဒဏ်များ။
1,351,071
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) တပ်၊ တပ်ခွဲ၊ သို့တည်းမဟုတ် အလားတူတပ်တခု၏ ပစ္စည်းကိရိယာတန်ဆာပလာတွင် ပါဝင်သည့် လက်နက်တခုခုသော်၎င်း၊ လက်နက်တခု၏ အစိတ်အပိုင်းတခုခုသော်၎င်း၊ ပျောက်ဆုံးသည့် အခါဖြစ်စေ၊ ခိုးယူခြင်းခံရသည့်အခါဖြစ်စေ၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက် မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီ...
1,351,072
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အဆိုပါဒဏ်ငွေကို၊ ပေးဆောင်ရမည့်သူတဦးချင်း၏ လစာပေါ်မူတည်သည့် ရာခိုင်နှုန်းအဖြစ်ဖြင့်၊ ပေးစေရမည်။
1,351,073
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၈။ ဒဏ်အဖြစ်ဖြင့်ငွေနုတ်ယူခြင်းများ။
1,351,074
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိများ၏ လစာနှင့်စရိတ်ထဲမှ ငွေနုတ်ယူခြင်းများ။
1,351,075
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိများ၏ လစာနှင့်စရိတ်များထဲမှ ဒဏ်အဖြစ်ဖြင့် အောက်ပါငွေများ နုတ်ယူနိုင်သည်။
1,351,076
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) အရာရှိတဦးသည်၊ ခွင့်မဲ့ပျက်ကွက်သဖြင့်၊ ကျေနပ်ဘွယ်ကောင်းသော ထုချေချက်တရပ်ကို၊ မိမိ၏ တပ်မှူးအားပေးပြီးသည့်ပြင်၊ နိုင်ငံတော်သမတကလည်း ထိုထုချေချက်ကို လက်ခံသည့် ကိစ္စမျိုးမှတပါး ထိုအရာရှိ ခွင့်မဲ့ပျက်ကွက်သည့် ရက်အသီးသီးအတွက် ရသင့်သောလစာနှင့် စရိတ်အားလုံး။
1,351,077
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) အရာရှိတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရပြီးသည့်နောက်၊ ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာ သုံးစွဲနိုင်သောအရာရှိတဦးက၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုပြစ်မှုအတွက် ထိုအရာရှိအချုပ်ခံနေရ သည့်၊ သို့တည်းမဟုတ် ရာထူးမှခေတ္တချထားခြင်းခံနေရသ...
1,351,078
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) တရားဥပဒေနှင့်ဆန့်ကျင်လျက် လက်ရှိထားသော၊ သို့တည်းမဟုတ် တရားဥပဒေနှင့် ဆန့်ကျင် လျက် ပေးရန်ငြင်းပယ်ခဲ့သော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး၏လစာအတွက် လျော်ပေးရန် လိုအပ်သည့်ငွေ။
1,351,079
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) ပြစ်မှုတခုကျူးလွန်သဖြင့်၊ အရာရှိတဦးအား ပြစ်မှုထင်ရှားသည်ဟုစီရင်သော စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရ ဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက၊ ထိုပြစ်မှုကျူးလွန်ခြင်းကြောင့် ဖြစ်ပေါ်ရသည့် စရိတ်စကများ၊ ဆုံးရှုံးခြင်း၊ ပျက်စီးနစ်နာခြင်း၊ သို့တည်း မဟုတ် ဖျက်ဆီးခြင်းအတွက် ဆုံးဖြတ်သည့်လျော်ကြေးကို...
1,351,080
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၇ အရ အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးက သိမ်းယူ စေရန်၊ သို့တည်းမဟုတ် ရပ်စဲစေရန် အမိန့်ချမှတ်သောလစာနှင့် စရိတ်အားလုံး။
1,351,081
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(စ) ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၇၁ အရ စီရင်ပိုင်ခွင့် အာဏာသုံးစွဲနိုင်သည့် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၆ အရ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက ချမှတ်သည့် ဒဏ်ငွေကို ပေးဆောင်ရန်လိုအပ်သည့်ငွေ။
1,351,082
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) လုပ်သင့်လုပ်ထိုက်သော စုံစမ်းစစ်ဆေးခြင်းပြုလုပ်ပြီးသည့်နောက်၊ အရာရှိမှ မတရားပြုလုပ်မှု ကြောင့်ဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ဖြစ်ပေါ်ရသည်ဟု၊ နိုင်ငံတော်သမတက ယူဆသောပြည်သူပိုင် ပစ္စည်း၊ သို့တည်းမဟုတ် တပ်ရင်းပိုင်ပစ္စည်း ဆုံးရှုံးခြင်း၊ ပျက်စီးနစ်နာခြင်း၊ သို့တည်းမဟုတ် ဖျက်ဆီး ခြင်းအတွက် လျော်ပေးရန်လိုအပ်သည့်ငွေ။
1,351,083
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) အရာရှိတဦးသည်၊ တပ်မှရန်သူ့ထံသို့ ထွက်ပြေးသည်ဟု၊ သို့တည်းမဟုတ် ရန်သူ၏ လက်တွင်းသို့ ကျရောက်နေစဉ် ရန်သူနှင့်အတူအမှုထမ်းရွက်သည်၊ သို့တည်းမဟုတ် ရန်သူ၏အမိန့်များကို ခံယူသည် ဟု၊ သို့တည်းမဟုတ် ရှိသင့်သောကြိုတင်စီမံမှု မရှိခြင်းကြောင့်သော်၎င်း၊ ထင်ရှားသက်သေခံချက်ရှိသော အမိန့်ဖီဆန်မှုကြောင့်သော်၎င်း၊ တာဝန်ဝတ်တရားဆောင်ရွက်ရန် ...
1,351,084
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဈ) အရာရှိတဦး၏ မယားစရိတ်၊ သို့တည်းမဟုတ် အရာရှိတဦး၏ တရားဝင်ကလေး၊ သို့တည်းမဟုတ် တရားမဝင်သောကလေး၏ စရိတ်အတွက်၊ သို့တည်းမဟုတ် အဆိုပါမယားကိုဖြစ်စေ၊ ကလေးကိုဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံအစိုးရကပေးသော ကူညီထောက်ပံ့မှုတခုခု၏ ကုန်ကျစရိတ်အတွက်၊ နိုင်ငံတော် သမတ၏၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ၊ နိုင်ငံတော်သမတက ဆောင်ရွက်ရန်လွှဲအပ်ထားသော အ...
1,351,085
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာရှိမဟုတ်သူများ၏ လစာနှင့်စရိတ်များထဲမှ ငွေနုတ်ယူခြင်းများ။
1,351,086
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၉၆ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အရာရှိတဦးမှတပါး ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦး၏ လစာနှင့်စရိတ်များထဲမှ ဒဏ်အဖြစ်ဖြင့် အောက်ပါငွေများကို နုတ်ယူနိုင်သည်။
1,351,087
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) တပ်မှထွက်ပြေးခြင်းကြောင့်သော်၎င်း၊ ခွင့်မဲ့ပျက်ကွက်ခြင်းကြောင့်သော်၎င်း၊ သုံ့ပန်းတဦး အဖြစ် ဖြင့်သော်၎င်း၊ ပျက်ကွက်သည့်ရက်အသီးသီးအတွက်၊ ထို့ပြင်ရာဇဝတ်တရားရုံးကဖြစ်စေ၊ စစ်တရားရုံး ကဖြစ်စေ၊ ပုဒ်မ ၈၂ အရ အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးကဖြစ်စေ၊ ချမှတ်သောတကျွန်းပို့ဒဏ်၊ ထောင်ဒဏ်၊ သို့တည်းမဟုတ် ထိုအရာရှိကဖြစ်စေ၊ စစ်တရားရုံး...
1,351,088
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) အရာရှိမဟုတ်သူတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရပြီးသည့်နောက်၊ ရာဇဝတ် တရားရုံးက၊ သို့တည်းမဟုတ် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂ အရ၊ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုပြစ်မှုအတွက် ထိုအရာရှိမဟုတ်သူ အချုပ်ခံနေရ သည့် ရက်အသီးသီးအတွက် ကျန်ရှိနေသေးသည့်လစာနှင့် စရိတ်အားလုံး...
1,351,089
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) အရာရှိမဟုတ်သူတဦး၏ ဖျားနာမှုသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကို ထိုသူကျူး လွန်ခြင်းကြောင့်ဖြစ်ပေါ်သည်ဟု၊ ထိုသူအား ဆေးကုပေးသောဆေးဘက်အရာရှိက သက်သေခံလျှင်၊ ထိုသူဆေးရုံတက်နေရသည့် ရက်အသီးသီးအတွက် လစာနှင့်စရိတ်အားလုံး။
1,351,090
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) အရာရှိမဟုတ်သူတဦး၏ ဖျားနာမှုသည်၊ ထိုသူ၏အကျင့်ပျက်ပြားမှု၊ သို့တည်းမဟုတ် ဆင်ခြင် ခြင်းကင်းမဲ့မှုကြောင့်ဖြစ်ပေါ်သည်ဟု၊ ထိုသူအားဆေးကုပေးသော ဆေးဘက်အရာရှိက သက်သေခံလျှင်၊ ထိုသူဆေးရုံတက်နေရသည့် ရက်အသီးသီးအတွက် ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် ကာကွယ် ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အရာရှိကချမှတ်သောအမိန့်အရ သီးခြားဖေါ်ပြသ...
1,351,091
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက် ပုဒ်မ တခုခုအရ၊ အာဏာ သုံးစွဲနိုင်သည့် အရာရှိတဦးက သိမ်းယူစေရန်၊ သို့တည်းမဟုတ် ရပ်စဲစေရန် အမိန့်ချမှတ်သော လစာနှင့် စရိတ်အားလုံး။
1,351,092
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(စ) အရာရှိမဟုတ်သူတဦးကို ရန်သူ့ထံမှ ပြန်လည်ရရှိသည့်နေ့ရက်နှင့် ရန်သူက အကျဉ်းသားအဖြစ် ဘမ်းဆီးထားစဉ်၊ သို့တည်းမဟုတ် ထိုသူရန်သူ့လက်တွင်းရှိနေစဉ်၊ ၎င်း၏အပြုအမူကြောင့် စစ်မှုထမ်း ခြင်းမှ ၎င်းအား အမြဲတန်းထုတ်ပစ်ခြင်းခံရသည့် နေ့ရက်အကြားရှိ ရက်အသီးသီးအတွက် လစာနှင့် စရိတ်အားလုံး။
1,351,093
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဆ) ပြည်ထောင်စုနိုင်ငံအစိုးရ၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရအား စရိတ်စကများ ကုန်ကျအောင် ဖြစ်စေ၊ ဆုံးရှုံးအောင်ဖြစ်စေ၊ ပြုလုပ်သည့်အတွက်၊ သို့တည်းမဟုတ် အဆောက်အအုံတခုခုကို၊ သို့တည်း မဟုတ် ပစ္စည်းတခုခုကို ပျက်စီးနစ်နာအောင်ဖြစ်စေ၊ ပျက်ပြုန်းအောင်ဖြစ်စေ၊ ပြုလုပ်သည့်အတွက် တပ်မှူးကချမှတ်သည့် လျော်ကြေးကိုပေးရန် လိုအပ်သည့်ငွေ။
1,351,094
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဇ) ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၇၁ အရ၊ စီရင်ပိုင်ခွင့် အာဏာသုံးစွဲနိုင်သော စစ်တရား ရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂ အရဖြစ်စေ၊ ပုဒ်မ ၉၁ အရဖြစ်စေ၊ အခွင့်အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးက ချမှတ်သည့်ဒဏ်ငွေကို ပေးဆောင်ရန် လိုအပ်သည့်ငွေ။
1,351,095
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဈ) အရာရှိမဟုတ်သူတဦး၏ မယားစရိတ်၊ သို့တည်းမဟုတ် အရာရှိမဟုတ်သူတဦး၏ တရားဝင်သော ကလေး၊ သို့တည်းမဟုတ် တရားမဝင်သော ကလေး၏စရိတ်အတွက်၊ သို့တည်းမဟုတ် အဆိုပါမယားကို ဖြစ်စေ၊ ကလေးကိုဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ အစိုးရကပေးသော ကူညီထောက်ပံ့မှုတခုခု၏ ကုန်ကျ စရိတ်အတွက် ကာကွယ်ရေးဦးစီးချုပ်၏၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အရာရှိတဦးဦး၏ အမိန့် အ...
1,351,096
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ခွင့်မဲ့ပျက်ကွက်ခြင်း၏၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်း၏ အချိန်ကာလတွက်စစ်နည်း။
1,351,097
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၉၃၊ အပိုဒ်(က)နှင့် (ခ)တို့၏ ကိစ္စများအလို့ငှါ-
1,351,098
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းသည် လုံးဝအားဖြင့် တရက်အတွင်း တွင်ဖြစ်စေ၊ တစိတ်တဒေသအားဖြင့် တရက်အတွင်းနှင့် တစိတ်တဒေသအားဖြင့် အခြားတရက်အတွင်း တွင်ဖြစ်စေ၊ တဆက်တည်း ခြောက်နာရီသော်၎င်း၊ ခြောက်နာရီထက်ပို၍သော်၎င်း၊ မကြာမြင့်ဘဲ မည်သူ့ ကိုမျှ တရက်အတွက် ခွင့်မဲ့ပျက်ကွက်သည်၊ သို့တည်းမဟုတ် အချုပ်နှင့်န...
1,351,099
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) တဦးတယောက်သောသူသည်၊ တရက်အောက်လျော့၍ ခွင့်မဲ့ပျက်ကွက်သဖြင့်၊ သို့တည်းမဟုတ် အချုပ်နှင့်နေရသဖြင့် စစ်ဘက်တာဝန်ဝတ်တရားတခုခုကို ပြီးမြောက်အောင်မဆောင်ရွက်နိုင်ရာ၊ ထိုတာဝန်ဝတ်တရားကို အခြားသူတဦးကဆောင်ရွက်ရလျှင်၊ အဆိုပါခွင့်မဲ့ပျက်ကွက်ခြင်းကိုဖြစ်စေ၊ အချုပ်နှင့်နေရခြင်းကိုဖြစ်စေ၊ တရက်ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ...
1,351,100
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) တဆက်တည်း တဆယ့်နှစ်နာရီဖြစ်စေ၊ တဆယ့်နှစ်နာရီထက် ပို၍ဖြစ်စေ၊ ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်း၏ တစိတ်တဒေသကျရောက်သည့် ရက်တိုင်းကို တရက်လုံး အတွက် ခွင့်မဲ့ပျက်ကွက် ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းဟု ရေတွက်နိုင်သည်။