id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,351,101 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) ည ၁၂ နာရီအချိန်မတိုင်မီ အစပြု၍၊ ည ၁၂ နာရီကျော်လွန်ပြီးသည့် နောက်တွင် အဆုံးသတ်သော ခွင့်မဲ့ပျက်ကွက်ခြင်း ကာလအပိုင်းအခြားကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို တရက်အဖြစ် ရေတွက်နိုင် သည်။ |
1,351,102 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဆေးစီရင်နေစဉ် လစာနှင့်စရိတ်များ။ |
1,351,103 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသဖြင့်၊ အချုပ်ခံနေရသည့်၊ သို့တည်းမဟုတ် ရာထူးမှခေတ္တချထားခြင်းခံရသည့်အခါ၊ ထိုစွပ်စွဲခြင်းနှင့် စပ်လျဉ်း ၍ စစ်ဆေးစီရင်ခြင်း မပြီးပြတ်ဘဲရှိနေဆဲတွင်၊ ထိုသူ၏ လစာနှင့်စရိတ်များအနက် သုံးပုံနှစ်ပုံထက် မပိုသောငွေကို မပေးသေးဘဲဆိုင်းထားရန်၊ သတ်မှတ်ထားသောအရာရှိက ညွှန်ကြားနိုင်သည်။ |
1,351,104 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ငွေနုတ်ယူခြင်းအချို့ကို ကန့်သတ်ခြင်း။ |
1,351,105 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၉၃ ၏ အပိုဒ် (င) နှင့် (ဆ) မှ (ဈ) အထိ အပိုဒ်များအရ၊ တဦးတယောက်သောသူ၏ လစာ နှင့်စရိတ်များထဲမှ နုတ်ယူသည့်စုစုပေါင်းငွေသည်၊ ထိုသူအား အမြဲတန်းထုတ်ပစ်ဒဏ် ချမှတ်သည့် အခါမှတပါး၊ မည်သည့်လတွင်မဆို၊ ထိုလအတွက် လစာနှင့်စရိတ်များ၏ တဝက်မပိုစေရ။ |
1,351,106 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တဦးတယောက်သောသူရသင့်သည့် အစိုးရငွေမှနုတ်ယူခြင်း။ |
1,351,107 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သူတဦးဦး၏လစာနှင့် စရိတ်များထဲမှ၊ ဤအက်ဥပဒေအရ နုတ်ယူခွင့်ပြုသောငွေကို၊ ထိုငွေ ပြန်လည်ရယူတောင်းခံနိုင်သည့် အခြားနည်းတခုခုကို မထိခိုက်စေဘဲ၊ အငြိမ်းစားလစာထဲမှတပါး၊ ထိုသူရထိုက်သည့် အစိုးရငွေတခုခုထဲမှ နုတ်ယူနိုင်သည်။ |
1,351,108 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သုံ့ပန်းတဦး၏အပြုအမူကို စုံစမ်းစစ်ဆေးနေစဉ် ထိုသူ၏လစာနှင့် စရိတ်များ။ |
1,351,109 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ ရန်သူ၏ဘမ်းဆီးခြင်းကိုခံရစဉ်၊ သို့တည်းမဟုတ် ရန်သူ၏လက်တွင်းကျရောက်နေစဉ်၊ မိမိ၏အပြုအမူကို၊ ဤအက်ဥပဒေအရဖြစ်စေ၊ အခြားတရားဥပဒေ တခုခုအရဖြစ်စေ၊ စုံစမ်းစစ်ဆေးရမည့်အခါ၊ ကာကွယ်ရေးဦးစီးချုပ်ကသော်၎င်း၊ ကာကွယ်ရေးဦးစီးချုပ် က အာဏာလွှဲအပ်သော အရာရှိတဦးဦးကသော်၎င်း၊ အဆိုပါ စုံစမ်းစစ်ဆေးခြင်းမပြီးပြတ်မီ၊ ထိုသူ၏ လစာနှင့်စရိတ်များ၏ သုံးပုံနှစ်ပုံထက်မပိုသောငွေကို မပေးသေးဘဲ ဆိုင်းထားရန် အမိန့်ချမှတ်နိုင်သည်။ |
1,351,110 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နုတ်ယူငွေများလျှော့ခြင်း။ |
1,351,111 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေ၏ ခွင့်ပြုချက်အရ၊ လစာနှင့်စရိတ်များထဲမှ နုတ်ယူခြင်းတခုခုကို၊ အခါအားလျော် စွာ၊ သတ်မှတ်ထားသည့်အာဏာပိုင်က၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ သတ်မှတ်ထားသရွေ့ လျှော့နိုင်သည်။ |
1,351,112 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နုတ်ယူငွေအနက် လျှော့ငွေထဲမှ သုံ့ပန်းအားမှီခိုနေသူများအတွက် စရိတ်ထောက်ခြင်း။ |
1,351,113 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၉၂၊ အပိုဒ် (ဇ) အရဖြစ်စေ၊ ပုဒ်မ ၉၃၊ အပိုဒ် (က) အရဖြစ်စေ၊ လစာနှင့်စရိတ်များ သိမ်းယူခြင်းခံရသည်ဖြစ်၍၊ ပုဒ်မ ၉၉ အရ လျှော့ခွင့်ရသည်လည်းဖြစ်သော၊ သုံ့ပန်းများဖြစ်ကြရသည့်၊ ဤအက်ဥပဒေကို လိုက်နာရသူအားလုံးနှင့်စပ်လျဉ်း၍၊ သတ်မှတ်ထားသောအာဏာပိုင်များသည်၊ ထို လစာနှင့်စရိတ်များထဲမှ၊ ထိုသူများအပေါ် မှီခိုနေသူများအတွက်၊ သင့်လျော်သော ထောက်ပံ့ကြေးငွေကို ပေးနိုင်စေရမည်။ |
1,351,114 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသို့ထောက်ပံ့ကြေးငွေပေးလျှင်၊ ဆိုခဲ့သည့်လျှော့ခြင်းသည်၊ ထောက်ပံ့ကြေး ငွေနုတ်ပြီး ကျန်ရှိနေသောလစာ၊ စရိတ်များနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူရမည်။ |
1,351,115 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သုံ့ပန်းအား မှီခိုနေသူများအတွက် ထိုသုံ့ပန်း၏လစာနှင့် စရိတ်များထဲမှ စရိတ်ထောက်ခြင်း။ |
1,351,116 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သုံ့ပန်းတဦးဖြစ်သော၊ သို့တည်းမဟုတ် ပျောက်နေသော၊ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးအပေါ် မှီခိုနေရသူများအတွက်၊ သတ်မှတ်ထားသော အာဏာပိုင်များက၊ ထိုသုံ့ပန်း၏ လစာနှင့် စရိတ်များထဲမှ တဝက်အောက် မလျော့သောငွေကို၊ ထောက်ပံ့ကြေးငွေအဖြစ် ပေးနိုင်စေရမည်။ |
1,351,117 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တဦးတယောက်သောသူအား သုံ့ပန်းတဦးဖြစ်သည်ဟု မှတ်ယူရမည့်ကာလအပိုင်းအခြား။ |
1,351,118 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၀၀ နှင့် ၁၀၁ တို့၏ကိစ္စများအလို့ငှါ၊ တဦးတယောက်သောသူအား ပုဒ်မ ၉၈ တွင် ရည်ညွှန်းထားသည့်အတိုင်း၊ ထိုသူ၏အပြုအမူကို စုံစမ်းစစ်ဆေးခြင်းပြီးဆုံးသည်အထိ၊ သုံ့ပန်းတဦး ဆက်လက်ဖြစ်နေသည်ဟု မှတ်ယူရမည့်ပြင်၊ အဆိုပါအပြုအမူကြောင့် စစ်မှုထမ်းခြင်းမှ ထိုသူအား ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်လျှင်ဖြစ်စေ၊ အမြဲတန်းထုတ်ပစ်လျှင်ဖြစ်စေ၊ ထိုသို့ရှုတ်ချ၍ အမြဲတန်း ထုတ်ပစ်သည့်၊ သို့တည်းမဟုတ် အမြဲတန်းထုတ်ပစ်သည့်အချိန်အထိ၊ ထိုသူသည်၊ သုံ့ပန်းတဦးဆက်လက် ဖြစ်နေသည်ဟုလည်း မှတ်ယူရမည်။ |
1,351,119 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အခဏ်း ၉။ ဘမ်းဆီးခြင်းနှင့် စစ်ဆေးစီရင်ခြင်းမပြုမီ မှုခင်းကိစ္စဆောင်ရွက်ခြင်း။ |
1,351,120 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပြစ်မှုကျူးလွန်သူများကို ချုပ်ထားခြင်း။ |
1,351,121 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကို၊ စစ်ဘက်အချုပ်နှင့် ထားနိုင်သည်။ |
1,351,122 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) အဆိုပါသူတဦးဦးကို စစ်ဘက်အချုပ်နှင့်ထားရန် အထက်အရာရှိတဦးဦးက အမိန့်ပေးနိုင်သည်။ |
1,351,123 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) အရာရှိတဦးသည်၊ ခိုက်ရန်ဖြစ်မှု၊ သတ်ပုတ်နှောင့်ရှက်မှု၊ သို့တည်းမဟုတ် ဗရုန်းသုံးကားဖြစ်မှုတွင် ပါဝင်သောအရာရှိတဦးဦးကို အဆင့်အားဖြင့် မိမိထက်ပို၍မြင့်သူဖြစ်စေကာမူ၊ စစ်ဘက်အချုပ်နှင့်ထား ရန် အမိန့်ပေးနိုင်သည်။ |
1,351,124 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ချုပ်ထားခြင်းနှင့်စပ်လျဉ်း၍ တပ်မှူး၏တာဝန်ဝတ်တရား။ |
1,351,125 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) တပ်မှူးတိုင်းသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသော မိမိကွပ်ကဲရသူ တဦးတယောက်ကို အချုပ်နှင့်ထားကြောင်း မိမိအားသတင်းပို့ပြီးသည့်နောက်၊ ပြည်သူ့အကျိုးကို ထောက်ထားရခြင်းကြောင့်၊ လေးဆယ့်ရှစ်နာရီအတွင်း စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရန် မဖြစ်နိုင်ဟု မိမိယူ ဆသည့်အခါမှတပါး၊ ထိုစွပ်စွဲချက်ကို မစုံစမ်းမစစ်ဆေးဘဲ၊ လေးဆယ့်ရှစ်နာရီထက်ပို၍၊ ထိုသူကိုအချုပ် နှင့် မထားရန်ဂရုစိုက်ရမည်။ |
1,351,126 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) တပ်မှူးသည်၊ လေးဆယ့်ရှစ်နာရီထက် ကျော်လွန်ပြီးချုပ်ထားခြင်းခံရသူတိုင်း၏ ကိစ္စကို၎င်း၊ ထိုသို့ လေးဆယ်ရှစ်နာရီထက်ပို၍ ချုပ်ထားရခြင်း၏အကြောင်းပြချက်ကို၎င်း၊ စွပ်စွဲခြင်းခံရသူအား စစ်ဆေး စီရင်ရေးအတွက်၊ တိုင်းစစ်တရားရုံးတခုဖွဲ့စည်းပေးရန် လျှောက်ထားခြင်းခံရမည့် အရာရှိထံ အစီရင်ခံရမည်။ |
1,351,127 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ပုဒ်မခွဲ(၁)တွင် သီးခြားဖေါ်ပြထားသော လေးဆယ့်ရှစ်နာရီကို ရေတွက်ရာ၌၊ တနင်္ဂနွေနေ့များနှင့် အစိုးရ၏ အခြားရုံးပိတ်ရက်များကို ချန်လှပ်ထားရမည်။ |
1,351,128 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးအား ထိုသူကျူးလွန်ခဲ့သော ပြစ်မှုတခုခုနှင့် စပ်လျဉ်း၍၊ အခွင့်ရအာဏာပိုင် တဦးဦး က စစ်ဆေးစီရင်ခြင်း မပြီးပြတ်မီ၊ ဘမ်းဆီးခြင်း၊ စစ်ဘက်အချုပ်တွင် ချုပ်ထားခြင်းဆိုင်ရာ စည်းကမ်း နည်းလမ်းနှင့် ချုပ်ထားနိုင်သည့် ကာလအပိုင်းအခြားကို ပြဋ္ဌာန်းရန်နည်းဥပဒေများပြုနိုင်သည်။ |
1,351,129 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အချုပ်နှင့်ထားခြင်းနှင့်စစ်တရားရုံးဖွဲ့စည်းခြင်း စပ်ကြားရှိအချိန်ကာလ။ |
1,351,130 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၀၃တွင် ဖေါ်ပြထားသည့်အတိုင်း ချုပ်ထားခြင်းခံနေရသူဖြစ်သည့်ပြင်၊ တန်းပြည့်စစ်မှု ထမ်းနေရသူလည်းမဟုတ်သော သူတဦးဦးအား စစ်ဆေးစီရင်ရန်အတွက် စစ်တရားရုံး တရုံးဖွဲ့စည်းစေ ရန် အမိန့်မပေးသေးဘဲ ရှစ်ရက်ထက်ပို၍ အချုပ်ခံနေရသည့်အမှုတိုင်းတွင်၊ ထိုသူ၏တပ်မှူးက၊ ကြန့် ကြာရသည့်အကြောင်းများပါရှိသည့် အထူးအစီရင်ခံချက်တခုကို သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပေးပို့ရမည့်ပြင်၊ စစ်တရားရုံးအဖွဲ့ဝင်များ ရုံးထိုင်ရန် စုဝေးရောက်ရှိသည့်အထိ၊ သို့တည်းမဟုတ်ထိုသူကို အချုပ်မှ လွှတ်သည်အထိ၊ အလားတူ အစီရင်ခံချက်တခုကိုလည်း ရှစ်ရက်တကြိမ်ပေးပို့ရမည်။ |
1,351,131 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နယ်ဘက်အာဏာပိုင်များက ဘမ်းဆီးခြင်း။ |
1,351,132 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မည်သည့်အခါမဆို၊ ရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲအရာရှိတဦးဦး၏ အာဏာ ပိုင်နက်အတွင်း၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဤ အက်ဥပဒေကို လိုက်နာရသူတဦးဦးရှိနေလျှင်၊ ထိုရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲအရာရှိ သည်၊ ထိုသူအားဘမ်းဆီးရေးနှင့် စစ်ဘက်အချုပ်သို့ လက်ရောက်အပ်ရေးအတွက် ထိုသူ၏ တပ်မှူး လက်မှတ်ရေးထိုးသော တောင်းဆိုစာတစောင်ကို ရရှိသောအခါ၌၊ ထိုအရေးများတွင်ကူညီရမည်။ |
1,351,133 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ပြေးများကို ဘမ်းဆီးခြင်း။ |
1,351,134 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တပ်မှထွက်ပြေးလျှင်၊ ထိုသူပါဝင်သည့် တပ်အဖွဲ့၊ ဌာန၊ တပ်၊ သင်္ဘော၊ သို့တည်းမဟုတ် ခွဲထုတ်တပ်၏တပ်မှူးက၊ ထိုစစ်ပြေးကိုဘမ်းဆီးရန် အကူအညီပေးနိုင်မည်ဟုယူဆသည့်၊ နယ်ဘက်အာဏာပိုင်များထံ၊ ထိုတပ်မှထွက်ပြေးကြောင်း စာရေး အကြောင်းကြားရမည်။ |
1,351,135 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အဆိုပါအာဏာပိုင်များသည်၊ ထိုအကြောင်းကြားစာရသည့်အခါ၊ အဆိုပါ စစ်ပြေးအား ဘမ်းဆီးရန်အတွက် ရာဇဝတ်တရားသူကြီးက ဘမ်းဆီးရန်ဝရမ်းထုတ်ထားသူ တဦးဖြစ်ဘိ သကဲ့သို့ အရေးယူရမည့်ပြင်၊ ဘမ်းဆီးရမိသောအခါ၊ ထိုသူကို စစ်ဘက်အချုပ်သို့လက်ရောက်အပ်ရမည်။ |
1,351,136 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဖြစ်သည်ဟု ယုံကြည်ရန်အကြောင်းရှိပြီး၊ စစ်ပြေးတဦး၊ သို့တည်းမဟုတ် အခွင့်အာဏာမပါဘဲ ခရီးသွားနေသူတဦးဖြစ်သည်ဟုလည်း ယုံကြည်ရန်အကြောင်းရှိ သော သူတဦးဦးကို၊ ရဲအရာရှိတဦးဦးက ဝရမ်းမရှိဘဲဘမ်းဆီးနိုင်သည့်ပြင်၊ တရားဥပဒေနှင့်အညီ အရေး ယူရန် အနီးဆုံးရာဇဝတ် တရားသူကြီးရှေ့မှောက်သို့ ကြန့်ကြာမှုမရှိဘဲ၊ ထိုသူကိုခေါ်လာရမည်။ |
1,351,137 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ခွင့်မဲ့ပျက်ကွက်ခြင်းကို စုံစမ်းစစ်ဆေးခြင်း။ |
1,351,138 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ရရှိသင့်သောအခွင့်အာဏာမရရှိဘဲ၊ နှစ်ဆယ့် တရက်မျှ၊ မိမိ၏တာဝန်ဝတ်တရားဆောင်ရွက်ရန် ပျက်ကွက်သည့်အခါ၊ စုံစမ်းစစ်ဆေးရေး ခုံရုံးတခုကို ဆောလျင်နိုင်သမျှဆောလျင်စွာ ဖွဲ့စည်းစေရမည်။ |
1,351,139 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ ထိုခုံရုံးက သက်သေများကို ကျမ်းသစ္စာသော်၎င်း၊ ကတိသစ္စာသော်၎င်း၊ ပြုစေပြီးနောက်၊ ထိုသူ၏ ခွင့်မဲ့ ပျက်ကွက်မှုနှင့် ထိုသူအားအပ်နှံထားသော အစိုးရပိုင်ပစ္စည်းများ၊ သို့တည်းမဟုတ် လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ ပစ္စည်းကိရိယာတန်ဆာပလာများ၊ အဝတ်အစား၊ သို့တည်းမဟုတ် လိုအပ်သော ပစ္စည်းများလျော့၍နေခြင်း တခုခုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရမည်။ |
1,351,140 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့နောက် အဆိုပါခွင့်မဲ့ပျက် ကွက်ခြင်းသည်၊ ရရှိသင့်သောအခွင့်အာဏာမရှိဘဲ၊ သို့တည်းမဟုတ် အခြားလုံလောက်သောအကြောင်း မရှိဘဲ၊ ပျက်ကွက်ခြင်းဖြစ်သည်ဟုကျေနပ်ပါက၊ ထိုခုံရုံးသည်၊ အဆိုပါခွင့်မဲ့ပျက်ကွက်ခြင်းနှင့် ခွင့်မဲ့ပျက် ကွက်ခြင်း၏ ကာလအပိုင်းအခြားအပြင်၊ ပစ္စည်းလျော့နေခြင်းရှိလျှင်၊ အဆိုပါပစ္စည်းလျော့နေခြင်းကိုပါ ကျေညာရမည်။ |
1,351,141 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့နောက် ထိုသူပါဝင်သော တပ်အဖွဲ့၊ တပ်၊ သို့တည်းမဟုတ် သင်္ဘောကို ကွပ်ကဲသည့် အရာရှိက၊ ထိုတပ်အဖွဲ့၊ တပ်၊ သို့တည်းမဟုတ် သင်္ဘော၏ စစ်တရားရုံး မှတ်တမ်းစာအုပ်တွင် ထိုကျေညာချက်ကို ရေးသွင်းရမည်။ |
1,351,142 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ခွင့်မဲ့ပျက်ကွက်သည်ဟု ကျေညာခြင်းခံရသူသည်၊ ယင်းသို့ကျေညာပြီးသည့်နောက် လာ၍ဘမ်းဆီး ခြင်းမခံလျှင်၊ သို့တည်းမဟုတ် ထိုသူအားဘမ်း၍မရလျှင်၊ ဤအက်ဥပဒေ၏ ကိစ္စများအလို့ငှါ၊ စစ်ပြေး တယောက်ဖြစ်သည်ဟု မှတ်ယူရမည်။ |
1,351,143 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်ထိန်းချုပ်များ။ |
1,351,144 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) တပ်ထိန်းချုပ်များကို၊ ကာကွယ်ရေးဦးစီးချုပ်ကသော်၎င်း၊ သတ်မှတ်ထားသော အရာရှိတဦးဦးကသော်၎င်း၊ ခန့်အပ်နိုင်သည်။ |
1,351,145 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) တပ်ထိန်းချုပ်တဦး၏ တာဝန်ဝတ်တရားများသည်၊ ပြစ်မှုတခုခုအတွက် အချုပ်နှင့်ထားသူများကို စောင့်ထိန်းရန်၎င်း၊ စည်းကမ်းနှင့်စံနစ်တကျရှိမှုကို ထိန်းသိမ်းရန်၎င်း၊ တပ်မတော်တွင် ပါဝင်အမှုထမ်း ရွက်နေကြသော၊ သို့တည်းမဟုတ် တွဲဘက်ထားသောသူများက အဆိုပါစည်းကမ်းနှင့် စံနစ်တကျရှိမှု ဖေါက်ဖျက်ခြင်းကို တားမြစ်ရန်၎င်း၊ ဖြစ်သည်။ |
1,351,146 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) တပ်ထိန်းချုပ်တဦးသည်၊ ပြစ်မှုတခုကိုကျူးလွန်သော၊ သို့တည်းမဟုတ် ပြစ်မှုတခုနှင့်စွပ်စွဲခြင်း ခံရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကို မည်သည့်အခါမဆိုဘမ်းဆီးပြီးနောက်၊ စစ်ဆေး စီရင်ရန်အတွက် ချုပ်ထားနိုင်သည့်အပြင်၊ စစ်တရားရုံးကသော်၎င်း၊ ပုဒ်မ ၈၂ အရ အခွင့်အာဏာသုံးစွဲ နိုင်သည့် အရာရှိတဦးကသော်၎င်း၊ ချမှတ်သည့်ပြစ်ဒဏ်စီရင်ခြင်းနှင့်အညီ ကျခံရမည့်ပြစ်ဒဏ်တခုခု အကျိုးသက်ရောက်အောင်ဆောင်ရွက်နိုင်သည်။ |
1,351,147 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့သော်လည်း တပ်ထိန်းချုပ်တဦးသည်၊ မိမိ၏အခွင့် အာဏာကိုသုံးစွဲပြီး မည်သည့်ပြစ်ဒဏ်ကိုမျှမပေးရ။ |
1,351,148 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင်အရာရှိမဟုတ်သူတပ်ထိန်းချုပ်တဦးသည်၊ အရာရှိတဦးကို အခြားအရာရှိတဦး၏ အမိန့်အရမှ တပါး၊ မဘမ်းဆီးရ၊ သို့တည်းမဟုတ် ချုပ်မထားရ။ |
1,351,149 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အခဏ်း ၁၀။ စစ်တရားရုံးများ။ |
1,351,150 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံး အမျိုးအစားများ။ |
1,351,151 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေ၏ ကိစ္စများအလို့ငှါ၊ အောက်ပါအတိုင်း၊ စစ်တရားရုံး လေးမျိုးရှိရမည်။ |
1,351,152 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စစ်တရားရုံးချုပ်၊ |
1,351,153 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တိုင်းစစ်တရားရုံး၊ |
1,351,154 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) အကျဉ်းစစ်တရားရုံးချုပ်နှင့် |
1,351,155 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) တပ်တွင်းစစ်တရားရုံး။ |
1,351,156 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်ဖွဲ့စည်းရန်အာဏာ။ |
1,351,157 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ နိုင်ငံတော်သမတ၊ သို့တည်းမ ဟုတ် ကာကွယ်ရေးဦးစီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦး ဦးကဖြစ်စေ၊ စစ်တရားရုံးချုပ်တခုကို ဖွဲ့စည်းနိုင်သည်။ |
1,351,158 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တိုင်းစစ်တရားရုံး ဖွဲ့စည်းရန်အာဏာ။ |
1,351,159 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်တခုဖွဲ့စည်းရန် အာဏာရရှိထားသော အရာရှိတဦးကဖြစ်စေ၊ ထိုအရာရှိ တဦးဦးက၊ ဤကိစ္စအလို့ငှါ၊ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦးဦးကဖြစ်စေ၊ တိုင်းစစ်တရားရုံးတရုံးကို ဖွဲ့စည်းနိုင်သည်။ |
1,351,160 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၁၁ နှင့် ၁၁၂ အရ၊ ထုတ်ပေးသော အမိန့်စာတွင်ပါဝင်သည့် အကြောင်းအရာများ။ |
1,351,161 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၁၁၊ သို့တည်းမဟုတ် ပုဒ်မ ၁၁၂ အရ၊ ထုတ်ပေးသော အမိန့်စာတွင် ထိုအမိန့်စာကို ထုတ်ပေးသောအရာရှိက သင့်တော်မည်ဟုထင်သည့် ကန့်သတ်ချက်များ၊ ခြွင်းချက်များ၊ သို့တည်း မဟုတ် စည်းကမ်းချက်များ ပါဝင်နိုင်သည်။ |
1,351,162 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အောက်ပါအာဏာပိုင်များမှာ အကျဉ်းစစ်တရားရုံးချုပ်တခုကို ဖွဲ့စည်းရန်အာဏာရှိရမည်။ |
1,351,163 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အကျဉ်းစစ်တရားရုံးချုပ် ဖွဲ့စည်းရန်အာဏာ။ |
1,351,164 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ ဤကိစ္စအလို့ငှါ၊ အမိန့်တရပ်ဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦး၊ |
1,351,165 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ စစ်မြေပြင်၌ တပ်ဖွဲ့များကိုကွပ်ကဲနေသည့် အရာရှိ၊ သို့တည်းမဟုတ် ထိုအရာရှိက ဤကိစ္စအလို့ငှါ၊ အာဏာအပ်နှင်းထားသည့် အရာရှိတဦး၊ |
1,351,166 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) စစ်စည်းကမ်းနှင့် စစ်ဘက်လတ်တလော လိုအပ်ခြင်းများကို ထိုက်သင့်သလို ထောက်ထား၍၊ ပြစ်မှု တမှုကို စစ်တရားရုံးချုပ်တခုဖြင့် စစ်ဆေးစီရင်ရန်မဖြစ်နိုင်ဟု ထင်မြင်ယူဆသည့်အခါ၊ တန်းပြည့်စစ်မှု ထမ်းချိန်တွင် တပ်မတော်၏ ခွဲထုတ်ထားသော အစိတ်အပိုင်းတခုခုကို ကွပ်ကဲနေသည့်အရာရှိတဦး။ |
1,351,167 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်တွင် ပါဝင်သူများ။ |
1,351,168 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်တခုတွင် ငါးဦးအောက်မနည်းသော အရာရှိများပါဝင်ရမည်။ |
1,351,169 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုအရာရှိ အသီးသီးသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ်ဖြင့် အနည်းဆုံးသုံးနှစ်အမှုထမ်းရွက်ပြီးသူ ဖြစ်ရမည့်ပြင်၊ ထိုအရာရှိများအနက်၊ အနည်းဆုံး လေးဦးသည်၊ ဗိုလ်ကြီးအဆင့်ရှိသူများဖြစ်ရမည်။ |
1,351,170 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် သုံးနှစ်အောက်လျော့သော စစ်မှုထမ်းသက်ရှိသည့် အရာရှိတဦးသည်၊ စက်ရှင်တရားသူကြီး အဖြစ်ဖြင့်၎င်း၊ ရာဘက်စက်ရှင်တရားသူကြီးအဖြစ်ဖြင့်၎င်း၊ အနည်းဆုံး နှစ်နှစ်အမှုထမ်းရွက်ခဲ့ဘူးသူ ဖြစ်လျှင်၊ သို့တည်းမဟုတ် တရားလွှတ်တော် ရှေ့နေတဦးအဖြစ်ဖြင့် အနည်းဆုံးဆယ်နှစ် အမှုလိုက်လဲ ဆောင်ရွက်ခဲ့ဘူးသူဖြစ်လျှင်၊ ထိုသူအား စစ်တရားရုံးချုပ်တွင် ခန့်အပ်နိုင်သည်။ |
1,351,171 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တိုင်းစစ်တရားရုံးတွင် ပါဝင်သူများ။ |
1,351,172 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တိုင်းစစ်တရားရုံးတရုံးတွင် သုံးဦးအောက်မနည်းသောအရာရှိများပါဝင်ရမည်။ |
1,351,173 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုအရာရှိအသီး သီးသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ်ဖြင့် အနည်းဆုံးနှစ်နှစ်အမှုထမ်းရွက်ပြီးသူဖြစ်ရမည်။ |
1,351,174 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အကျဉ်းစစ်တရားရုံးချုပ်တွင် ပါဝင်သူများ။ |
1,351,175 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အကျဉ်းစစ်တရားရုံးချုပ်တခုတွင်၊ သုံးဦးအောက်မနည်းသော အရာရှိများပါဝင်ရမည်။ |
1,351,176 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးများတွင် ပါဝင်သူများ။ |
1,351,177 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်၊ တရားခံသည် ကြည်းတပ်မှဖြစ်လျှင်၊ အဖွဲ့ဝင်အများသည် ကြည်းတပ်မှဖြစ်ရမည်။ |
1,351,178 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တရားခံသည် ရေတပ် မှဖြစ်လျှင်၊ အဖွဲ့ဝင်များသည် ရေတပ်မှဖြစ်ရမည်။ |
1,351,179 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တရားခံသည် လေတပ်မှဖြစ်လျှင်၊ အဖွဲ့ဝင်များသည် လေတပ်မှဖြစ်ရမည်။ |
1,351,180 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်တွင်းစစ်တရားရုံး။ |
1,351,181 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) တပ်တွင်း စစ်တရားရုံးတရုံးတွင်၊ အောက်ပါအရာရှိများရုံးထိုင်နိုင်သည်။ |
1,351,182 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ကြည်းတပ်အတွက်ဖြစ်လျှင် တပ်အဖွဲ့၊ တပ်၊ ဌာန၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုခု၏တပ်မှူး။ |
1,351,183 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ရေတပ်အတွက်ဖြစ်လျှင် သင်္ဘော၊ တပ်၊ ရေတပ်စခန်း၊ သို့တည်းမဟုတ် ရေတပ်စခန်းခွဲတခုခု၏ တပ်မှူး။ |
1,351,184 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) လေတပ်အတွက်ဖြစ်လျှင် လေတပ်စခန်း၊ လေတပ်ရင်း၊ တပ်၊ သို့တည်းမဟုတ်ခွဲထုတ်တပ်တခုခု ၏တပ်မှူး။ |
1,351,185 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) တွဲဘက်ထား၍ အမှုထမ်းရွက်နေကြသည့်၊ ဤအက်ဥပဒေကိုလိုက်နာရသော အကြပ်နှင့် တပ်သားများကို ကွပ်ကဲနေသော၊ သို့တည်းမဟုတ် အမိန့်ပေးနိုင်သော အပိုဒ်(က)၊ (ခ)၊ သို့တည်းမဟုတ် အပိုဒ် (ဂ) တွင် ဖေါ်ပြထားသည့် တပ်မှူးတဦးဦး။ |
1,351,186 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) တပ်တွင်း စစ်တရားရုံးအသီးသီးတွင် စစ်ဆေးစီရင်ခြင်းပြုလုပ်သည့် အရာရှိတဦးတည်းသာ ပါဝင်ရမည်။ |
1,351,187 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့သော်လည်း အခြားအရာရှိနှစ်ဦးသည်၊ မှုခင်းကိစ္စ ဆောင်ရွက်ချက်များတလျှောက်လုံး တွင် တက်ရောက်ရမည်။ |
1,351,188 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသို့တက်ရောက်သော အရာရှိနှစ်ဦးအား၊ ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ် စေ၊ မပြုစေရ။ |
1,351,189 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးများဖျက်သိမ်းခြင်း။ |
1,351,190 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်ဆေးစီရင်ခြင်း စတင်ပြီးသည့်နောက်၊ စစ်တရားရုံးတရုံးတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ သည်၊ အနည်းဆုံးတရားဝင်ဦးရေအောက်လျော့သွားလျှင်၊ ထိုစစ်တရားရုံးကို ဖျက်သိမ်းရမည်။ |
1,351,191 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် စစ်တရားရုံးချုပ်ဖွဲ့စည်းသည့်အရာရှိက အနည်းဆုံးတရားဝင်ဦးရေပြည့်ရန် အဖွဲ့ဝင်အသစ် များကို ခန့်အပ်သည့်ပြင် စစ်တရားရုံး၏ မူလအဖွဲ့ဝင်သုံးဦးလည်း စစ်ဆေးစီရင်ခြင်းတလျှောက်လုံးတွင် ကျန်ရှိနေသမျှကာလပတ်လုံး ဤပုဒ်မခွဲပါပြဋ္ဌာန်းချက်များသည် စစ်တရားရုံးချုပ်တခုနှင့် မသက်ဆိုင် စေရ။ |
1,351,192 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် အဖွဲ့ဝင်သစ်တဦးဦးသည်၊ ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုပြီးသောအခါ၊ တရားခံ၊ တရားလို ဘက်မှလိုက်ပါသူများ၊ တရားခံဘက်မှလိုက်ပါသူများနှင့် စစ်ဥပဒေအရာရှိ၏ရှေ့တွင် ယခင်က စစ်ဆေးမေးမြန်းပြီးသည့် သက်သေတဦးစီ၏ ရေးမှတ်ထားပြီးသက်သေခံချက်ကို စစ်တရားရုံး အား ဘတ်ပြပြီးနောက်၊ စစ်ဆေးစီရင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်သည်။ |
1,351,193 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ဆုံးဖြတ်ချက်မချမှတ်မီ၊ တရားခံဖျားနာသောကြောင့် ဆက်လက်စစ်ဆေးစီရင်ရန် မဖြစ်နိုင်လျှင်၊ စစ်တရားရုံးကို ဖျက်သိမ်းရမည်။ |
1,351,194 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) စစ်တရားရုံး ဖွဲ့စည်းသည့်အရာရှိသည်၊ စစ်ဘက်လတ်တလော လိုအပ်ခြင်းများ၊ သို့တည်းမဟုတ် စစ်စည်းကမ်းအရ လိုအပ်ခြင်းများကြောင့်၊ ထိုစစ်တရားရုံးဆက်လက် ရုံးထိုင်ရန်မဖြစ်နိုင်၊ သို့တည်း မဟုတ် မသင့်လျော် ဟု ထင်မြင်လျှင်၊ အဆိုပါစစ်တရားရုံးကို ဖျက်သိမ်းနိုင်သည်။ |
1,351,195 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) ဤပုဒ်မအရ စစ်တရားရုံးကို ဖျက်သိမ်းသည့်အခါ၊ တရားခံကို ထပ်မံစစ်ဆေးစီရင်နိုင်သည်။ |
1,351,196 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်တို့၏ အာဏာများ။ |
1,351,197 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်မှာ ဤအက်ဥပဒေအရ ပြစ်ဒဏ် ချမှတ်ထိုက်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ဆေးစီရင်ရန်နှင့် ဤအက်ဥပဒေကခွင့်ပြုသည့် ပြစ်ဒဏ်တခုခုချမှတ်ရန် အာဏာရှိရမည်။ |
1,351,198 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တိုင်းစစ်တရားရုံးများ၏ အာဏာများ။ |
1,351,199 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တိုင်းစစ်တရားရုံးမှာ ဤအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတခုခုအတွက် အရာရှိမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦးဦးအား စစ်ဆေးစီရင်ရန်နှင့် သေဒဏ်၊ တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် နှစ်နှစ်ထက်ပိုသော ထောင်ဒဏ်မှတပါး ဤအက်ဥပဒေက ခွင့်ပြုသည့် အခြားပြစ်ဒဏ်တခုခုကိုချမှတ်ရန် အာဏာရှိရမည်။ |
1,351,200 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် တိုင်းစစ်တရားရုံးတရုံးသည်၊ အရာခံဗိုလ်တဦးအား ထောင်ဒဏ်မချမှတ်ရ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.