id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,351,201 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်တွင်းစစ်တရားရုံးများ၏ အာဏာများ။ |
1,351,202 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) တပ်တွင်းစစ်တရားရုံးသည်၊ ပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သော မည်သည့် ပြစ်မှုကိုမဆို စစ်ဆေးစီရင်နိုင်သည်။ |
1,351,203 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) တပ်တွင်းစစ်တရားရုံးသည်၊ အမြန်အရေးယူရန်အရေးကြီးသော အကြောင်းလည်းမရှိသည့်ပြင်၊ စစ် စည်းကမ်းကိုထိခိုက်နစ်နာမှုလည်းမရှိလျှင်၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသောသူအား စစ်ဆေး စီရင်ရန်အတွက် တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် အကျဉ်းစစ်တရား ရုံးချုပ် ဖွဲ့စည်းနိုင်သည့် အခွင့်အာဏာရအရာရှိထံ အမှုကိုတင်ပြနိုင်သည့်အခါ၊ ထိုသို့တင်ပြခြင်းမပြုဘဲ၊ ပုဒ်မ ၃၂၊ ၃၃၊ ၃၆၊ ၆၄(၂) နှင့် ၇၁ တို့အနက် ပုဒ်မ တခုခုအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတခုခု၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံး၊ ရုံးထိုင်နေသည့် အရာရှိအပေါ် ကျူးလွန်သောပြစ်မှုတခုခုကို စစ်ဆေးစီရင်ခြင်းမပြုရ။ |
1,351,204 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) တပ်တွင်းစစ်တရားရုံးသည်၊ အရာရှိ၊ သို့တည်းမဟုတ် အရာခံဗိုလ်မှတပါး ထိုတပ်တွင်း စစ်တရား ရုံး၊ ရုံးထိုင်နေသည့်အရာရှိ၏ ကွပ်ကဲခြင်းခံနေရသော ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦး ဦးအား စစ်ဆေးစီရင်နိုင်သည်။ |
1,351,205 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) တပ်တွင်းစစ်တရားရုံးသည်၊ သေဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၅)တွင် သီးခြားဖေါ်ပြထားသော ကန့်သတ်ချက်ထက်ပိုသည့် ထောင်ဒဏ်မှတပါး၊ ဤအက်ဥပဒေအရ၊ ချမှတ်နိုင်သည့် အခြားပြစ်ဒဏ်တခုခုကို ချမှတ်နိုင်သည်။ |
1,351,206 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) တပ်တွင်းစစ်တရားရုံး၊ ရုံးထိုင်သည့်အရာရှိသည်၊ ဗိုလ်မှူးအဆင့်အောက်မနိမ့်သော အဆင့်ရှိသူ ဖြစ်လျှင်၊ ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းသည့်ကန့်သတ်ချက်သည် ထောင်ဒဏ်တနှစ်၊ ထို့ပြင် အဆိုပါအရာရှိ သည်၊ ဗိုလ်မှူးအဆင့်အောက်နိမ့်သော အဆင့်ရှိသူဖြစ်လျှင်၊ ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းသည့်ကန့်သတ် ချက်သည် ထောင်ဒဏ်သုံးလဖြစ်ရမည်။ |
1,351,207 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဒုတိယအကြိမ် စစ်ဆေးစီရင်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း။ |
1,351,208 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ စစ်တရားရုံးကဖြစ်စေ၊ ရာဇဝတ်တရားရုံးက ဖြစ်စေ၊ ပြစ်မှုတခုအတွက် တရားသေလွှတ်လိုက်သည့်အခါ၊ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်လိုက် သည့်အခါ၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ အရေးယူပြီးသည့် အခါ၊ ထိုသူကို ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် ထပ်မံ၍စစ်ဆေးစီရင်ခြင်းမပြုရ၊ သို့တည်းမဟုတ် အဆိုပါပုဒ်မများအရ အရေးယူခြင်းမပြုရ။ |
1,351,209 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကိုအတည်မပြုသေးသမျှ၊ ထိုဆုံးဖြတ်ချက်သည်ခိုင်လုံခြင်းမရှိ၊ ထိုသို့ ခိုင်လုံခြင်းမရှိသော ကြောင့် တရားခံအား တရားသေလွှတ်သည်၊ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်သည်ဟုမဆိုရ။ |
1,351,210 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်။ |
1,351,211 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ၊ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းကို စတင်မပြုလုပ်ရ။ |
1,351,212 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များသည်၊ စစ်ပြေးမှု၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်း အဖြစ် စာရင်းသွင်းမှု၊ သို့တည်းမဟုတ် ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသည့်ပြစ်မှုများအနက် ပြစ်မှုတခုခုကို စစ်ဆေးစီရင်ခြင်းနှင့် မသက်ဆိုင်စေရ။ |
1,351,213 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသည့် ကာလအပိုင်းအခြားကို တွက်စစ်ရာတွင် ထိုသူပြစ်မှုကျူးလွန်ပြီး သည့်နောက် သုံ့ပန်းတယောက်ဖြစ်နေသည့်၊ သို့တည်းမဟုတ် ရန်သူ၏နယ်မြေတွင် ရောက်ရှိနေသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးခြင်းကိုရှောင်တိမ်းနေသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးထားခြင်းကိုဖြစ်စေ၊ ရာထူးမှ ခေတ္တချထားခြင်းကိုဖြစ်စေ၊ ခံနေရစဉ် ဆေးရုံတက်ရသည့်၊ ကာလကို ထည့်သွင်းတွက်စစ်ခြင်း မပြုရ။ |
1,351,214 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်ပြစ်မှု၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှု ထမ်းချိန်မဟုတ်သည့်အခါတွင် စစ်ပြေးမှုကျူးလွန်သူတဦးသည်၊ အရာရှိမဟုတ်သည့်ပြင်၊ ထိုပြစ်မှု ကျူးလွန်ပြီးသည့်နောက်၊ တပ်မတော်၏အစိတ်အပိုင်းတခုခုတွင်၊ သုံးနှစ်အောက်မနည်း၊ စံနမူနာပြု လောက်အောင်လည်း တဆက်တည်းအမှုထမ်းရွက်ခဲ့လျှင်၊ ထိုသူအား၊ ထိုပြစ်မှုအတွက် စစ်ဆေးစီရင် ခြင်းကို စတင်မပြုလုပ်ရ။ |
1,351,215 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပြစ်မှုကျူးလွန်ပြီးနောက် ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲသွားသူ၏တာဝန်။ |
1,351,216 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ဤအက်ဥပဒေပါပြစ်မှုတခုကို ကျူးလွန်ပြီး နောက်၊ ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲပြီးဖြစ်သော်လည်း၊ ထိုသူကို ထိုပြစ်မှုအတွက် စစ်ဘက်အချုပ် နှင့်ထားနိုင်သည့်ပြင်၊ ဤအက်ဥပဒေကို ဆက်လက်လိုက်နာနေရဘိသကဲ့သို့၊ ထိုသူအား စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။ |
1,351,217 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲပြီးသည့်နောက် ခြောက်လအတွင်း၊ ထိုသူအား စစ်ဆေးစီရင်ခြင်းစတင်မပြုလုပ်လျှင်၊ ထိုသူအား ပြစ်မှုတခုအတွက် စစ်ဆေးစီရင်ခြင်းမပြုလုပ်ရ။ |
1,351,218 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များသည်၊ စစ်ပြေးမှုကိုဖြစ်စေ၊ လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်း အဖြစ် စာရင်းသွင်းသည့်ပြစ်မှုကိုဖြစ်စေ၊ ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှုတခုခု ကိုဖြစ်စေ၊ ကျူးလွန်သောထိုသူတဦးအား စစ်ဆေးစီရင်ခြင်းနှင့်မသက်ဆိုင်စေရ၊ သို့တည်းမဟုတ် ရာဇဝတ်တရားရုံးအပြင်၊ စစ်တရားရုံးကလည်း စစ်ဆေးစီရင်နိုင်သောပြစ်မှုတခုကို စစ်ဆေးစီရင်ရန် ရာဇဝတ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။ |
1,351,219 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ စစ်တရားရုံးက တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင် ဒဏ်ချမှတ်သောအခါ၊ ထိုသူသည် ရှုတ်ချ၍အမြဲတန်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ စစ်မှုထမ်းခြင်းမှ အမြဲတန်း ထုတ်ပစ်ဒဏ်ဖြစ်စေ၊ ကျခံရစေကာမူ၊ သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့်၊ ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲသွားပြီဖြစ်စေကာမူ ထိုသူတကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်ကျခံ ရသည့်ကာလအတွင်း ဤအက်ဥပဒေသည်၊ ထိုသူနှင့်သက်ဆိုင်စေရမည့်ပြင်၊ ထိုသူသည်၊ ဤအက်ဥပဒေ ကို လိုက်နာရသူ ဆက်လက်ဖြစ်နေဘိသကဲ့သို့၊ ထိုသူအားအချုပ်နှင့် ထားနိုင်သည်၊ ရွှေ့ပြောင်းနိုင်သည်၊ ထောင်ချနိုင်သည်၊ ထို့ပြင် ပြစ်ဒဏ်ချမှတ်နိုင်သည်။ |
1,351,220 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ စစ်တရားရုံးက သေဒဏ်ချမှတ်သောအခါ၊ ထိုပြစ်ဒဏ် ကို ဆောင်ရွက်ပြီးသည်အထိ၊ ဤအက်ဥပဒေသည်၊ ထိုသူနှင့်သက်ဆိုင်စေရမည်။ |
1,351,221 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဆေးစီရင်သည့်နေရာ။ |
1,351,222 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကိုကျူးလွန်သည့်၊ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးအား၊ မည်သည့်နေရာတွင်မဆို၊ အဆိုပါပြစ်မှုအတွက် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။ |
1,351,223 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ရာဇဝတ်တရားရုံးကိုဖြစ်စေ၊ စစ်တရားရုံးကိုဖြစ်စေ၊ ရွေးချယ်ခြင်း။ |
1,351,224 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ရာဇဝတ်တရားရုံးနှင့် စစ်တရားရုံးမှာ၊ ပြစ်မှုတခုနှင့်စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာ အသီးသီး ရှိနေသောအခါ၊ ထိုမှုခင်းကိစ္စကို မည်သည့်တရားရုံးကစစ်ဆေးစီရင်ရမည်ဟု၊ တရားခံအား၊ စစ်ဆေး ရန်အတွက်၊ စစ်တရားရုံးချုပ်ဖွဲ့စည်းနိုင်သည့် အခွင့်အာဏာရအရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထား သည့် အခြားအရာရှိက မိမိ၏သဘောအတိုင်းဆုံးဖြတ်ပေးနိုင်သည်။ |
1,351,225 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုအရာရှိသည် ထိုမှုခင်း ကိစ္စကို၊ စစ်တရားရုံးက စစ်ဆေးစီရင်ရမည်ဟု ဆုံးဖြတ်လျှင်၊ တရားခံအား စစ်ဘက်အချုပ်နှင့်ထားရ မည်ဟု၊ မိမိ၏သဘောအတိုင်းညွှန်ကြားနိုင်သည်။ |
1,351,226 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပြစ်မှုကျူးလွန်သူကို လက်ရောက်ပေးအပ်ရန် ရာဇဝတ်တရားရုံးက တောင်းဆိုနိုင်သည့်အာဏာ။ |
1,351,227 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စီရင်ပိုင်ခွင့်အာဏာရရှိထားသော ရာဇဝတ်တရားရုံးသည်၊ စွပ်စွဲထားသော ပြစ်မှုတခုခုနှင့် စပ်လျဉ်းသည့် မှုခင်းကိစ္စကို၊ မိမိရုံးတွင်ပင်စွဲဆိုရမည်ဟု ထင်မြင်ယူဆသည့်အခါ၊ ပြစ်မှုကျူးလွန်သူကို၊ အနီးဆုံးရာဇဝတ်တရားသူကြီးထံ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူရန် လက်ရောက်ပေးအပ် ခြင်းကိုဖြစ်စေ၊ နိုင်ငံတော်သမတထံ တင်ပြခြင်းကိစ္စမပြီးပြတ်မီ၊ မှုခင်းကိစ္စဆောင်ရွက်ချက်များ ရွှေ့ဆိုင်းထားခြင်းကိုဖြစ်စေ၊ ပုဒ်မ ၁၂၈ တွင်ရည်ညွှန်းထားသည့် အရာရှိအား၊ ၎င်း၏ သဘောအတိုင်း ဆောင်ရွက်ရန်၊ ထိုရာဇဝတ်တရားရုံးက နို့တစ်စာဖြင့်တောင်းဆိုနိုင်သည်။ |
1,351,228 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) အဆိုပါကိစ္စတိုင်းတွင်၊ ထိုအရာရှိသည်၊ တောင်းဆိုချက်အရ၊ လိုက်နာဆောင်ရွက်လျက် ပြစ်မှု ကျူးလွန်သူကို လက်ရောက်ပေးအပ်ရမည်၊ သို့တည်းမဟုတ် မှုခင်းကိစ္စ စွဲဆိုရမည့်ရုံး ရွေးချယ်ရေး ပြဿနာကိုဆုံးဖြတ်ရန်၊ နိုင်ငံတော်သမတထံချက်ခြင်းတင်ပြရမည်။ |
1,351,229 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသို့တင်ပြသည့် ကိစ္စနှင့် စပ်လျဉ်း၍၊ နိုင်ငံတော်သမတ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ |
1,351,230 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ဤအက်ဥပဒေကို လိုက်နာရသည့် တရားခံတဦးသည်၊ ရာဇဝတ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းကို ခံနေရသောအခါ၊ သို့တည်းမဟုတ် ထိုတရားခံအား စစ်ဆေးစီရင်ရမည့်ရုံး အမျိုးအစားနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမတက ဆုံးဖြတ်ချက်မချရသေးမီ၊ ထိုတရားခံကို စစ်ဘက်အချုပ်နှင့်ထားနိုင်သည်။ |
1,351,231 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဆေးသည့်တရားရုံးက၊ ထိုတရားခံကိုခေါ်လာရမည်ဟု တောင်းဆိုသည့်အခါ၊ ထိုတရားရုံးရှေ့မှောက် သို့ပို့ရမည်။ |
1,351,232 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးသော အမှုများကို ရာဇဝတ်တရားရုံးက ထပ်မံစစ်ဆေးစီရင်ခြင်း။ |
1,351,233 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) တည်ဆဲအခြားတရားဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင် ခြင်း၊ သို့တည်းမဟုတ် တရားသေလွှတ်ခြင်း ခံရသူတဦးအား၊ ထပ်တူဖြစ်သည့်ပြစ်မှု၊ သို့တည်းမဟုတ် ထပ်တူဖြစ်သည့်အကြောင်းခြင်းရာများအတွက်၊ ရာဇဝတ်တရားရုံးက၊ နိုင်ငံတော်သမတ၏ ကြိုတင်ခွင့် ပြုချက်ဖြင့် ထပ်မံစစ်ဆေးစီရင်နိုင်သည်။ |
1,351,234 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ဤအက်ဥပဒေအရ စစ်တရားရုံးက ပြစ်ဒဏ်စီရင်ချက်ချမှတ်ခြင်းခံရသူတဦးကိုဖြစ်စေ၊ ပုဒ်မ ၈၂၊ ၈၅၊ ၈၆၊ သို့တည်းမဟုတ် ပုဒ်မ ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူတဦးကိုဖြစ် စေ၊ ထပ်တူဖြစ်သည့် ပြစ်မှုအတွက်သော်၎င်း၊ ထပ်တူဖြစ်သည့် အကြောင်းခြင်းရာများအတွက်သော်၎င်း၊ ရာဇဝတ်တရားရုံးက စစ်ဆေး၍၊ ပြစ်မှုထင်ရှားစီရင်လျှင်၊ ထိုတရားရုံးသည်၊ ပြစ်ဒဏ်ချမှတ်ရာတွင်၊ အဆိုပါပြစ်မှုအတွက် ထိုသူခံရပြီးဖြစ်သည့် ပြစ်ဒဏ်ကိုထောက်ရှု၍ ချမှတ်ရမည်။ |
1,351,235 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အခဏ်း ၁၁။ စစ်တရားရုံးများလိုက်နာရမည့်ကျင့်ထုံး။ |
1,351,236 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အရာရှိ။ |
1,351,237 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တွင် ပါဝင်သည့် အဖွဲ့ဝင် များအနက်၊ ဝါအရင့် ဆုံးအဖွဲ့ဝင်သည် ထိုစစ်တရားရုံး၏ ဥက္ကဋ္ဌဖြစ်ရမည်။ |
1,351,238 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဥပဒေအရာရှိ။ |
1,351,239 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးချုပ် အသီးသီးတွင်၊ စစ်ဥပဒေအရာရှိတဦးပါဝင်ရမည့်ပြင်၊ တိုင်းစစ်တရားရုံး အသီးသီး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်လည်း စစ်ဥပဒေအရာရှိ တဦးပါဝင် နိုင်သည်။ |
1,351,240 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုစစ်ဥပဒေအရာရှိသည်၊ စစ်ဥပဒေချုပ်ဌာနမှ အရာရှိတဦးသော်၎င်း၊ အဆိုပါအရာရှိတဦးကို မရနိုင်လျှင်၊ စစ်ဥပဒေချုပ်ကဖြစ်စေ၊ ဒုတိယစစ်ဥပဒေချုပ်တဦးဦးကဖြစ်စေ၊ သဘောတူသည့် သင့်တော် သူတဦးဦးသော်၎င်း၊ ဖြစ်ရမည်။ |
1,351,241 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကန့်ကွက်ခြင်း။ |
1,351,242 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စစ်ဆေးစီရင်သည့်အခါတိုင်း၊ စစ်တရားရုံး၊ ရုံးထိုင်လျှင်ထိုင်ခြင်း၊ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောအရာရှိ နှင့် အဖွဲ့ဝင်များ၏အမည်များကို တရားခံအားဘတ်ပြရမည်။ |
1,351,243 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသို့ဘတ်ပြပြီးသောအခါ၊ ထိုစစ်တရား ရုံးတွင် ပါဝင်ရုံးထိုင်နေသော အရာရှိတဦးဦး၏ စစ်ဆေးစီရင်ချက်ကို ကန့်ကွက်လို၊ မလို တရားခံအား မေးမြန်းရမည်။ |
1,351,244 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ပုဒ်မ ၁၂၀ ၏ ပုဒ်မခွဲ(၁)အရ၊ အဖွဲ့ဝင်အသစ် တဦးဦးခန့်အပ်လျှင်၊ ထိုသို့ခန့်အပ် ပြီးနောက် စစ်တရားရုံးချုပ်ရုံးထိုင်လျှင်ထိုင်ခြင်း ထိုအဖွဲ့ဝင်အသစ်တဦးနှင့်စပ်လျဉ်း၍လည်း ဤနည်း လမ်းအတိုင်း လိုက်နာဆောင်ရွက်ရမည်။ |
1,351,245 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) အဆိုပါအဖွဲ့ဝင်အရာရှိတဦးဦးအား တရားခံကကန့်ကွက်လျှင်၊ တရားခံ၏ကန့်ကွက်ချက်နှင့် ကန့် ကွက်ခံရသောအရာရှိ၏ ချေပချက်တို့ကိုကြားနာ၍၊ ရေးမှတ်ရမည်။ |
1,351,246 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင်ကန့်ကွက်ခံရသော အရာရှိ ၏မျက်ကွယ်တွင်၊ ကျန်ရှိနေသောအဖွဲ့ဝင် အရာရှိများက ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ ဆုံးဖြတ် ရမည်။ |
1,351,247 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) မဲပေးပိုင်ခွင့်ရှိသော အဖွဲ့ဝင်အရာရှိများ၏ ဦးရေတဝက်ကဖြစ်စေ၊ တဝက်ထက်ပိုသော အဖွဲ့ဝင် အရာရှိများကဖြစ်စေ၊ ကန့်ကွက်ချက်ကိုထောက်ခံမဲပေးလျှင်၊ ကန့်ကွက်ချက်ကိုလက်ခံရမည်။ |
1,351,248 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုအခါ၊ ကန့်ကွက်ခံရသောအဖွဲ့ဝင်သည် နုတ်ထွက်ရမည်။ |
1,351,249 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့နောက်တရားခံ၏ ကန့်ကွက်နိုင်သည့် အခွင့်အရေး ကို မထိခိုက်စေဘဲ၊ လစ်လပ်သည့်နေရာတွင် အခြားအရာရှိတဦးအား၊ သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း ခန့်အပ်နိုင်သည်။ |
1,351,250 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) ကန့်ကွက်ခြင်းမပြုလုပ်သည့်အခါတွင်ဖြစ်စေ၊ ကန့်ကွက်ခြင်းပြုလုပ်ပြီးကန့်ကွက်ခြင်းကို ပယ် လိုက်သည့် အခါတွင်ဖြစ်စေ၊ ကန့်ကွက်ချက်ကိုလက်ခံသဖြင့်၊ နုတ်ထွက်သွားသောအရာရှိတဦး၏ နေရာတွင်၊ အခြားအရာရှိတဦးကိုခန့်အပ်ပြီး၊ ထိုအရာရှိအားကန့်ကွက်ခြင်းမပြုလုပ်သည့်အခါ၊ သို့တည်း မဟုတ် ပြုလုပ်သည့်ကန့်ကွက်ချက်ကို လက်မခံသည့်အခါတွင်ဖြစ်စေ၊ စစ်တရားရုံးသည်၊ စစ်ဆေးစီရင် ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်။ |
1,351,251 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အဖွဲ့ဝင်၊ စစ်ဥပဒေအရာရှိနှင့်သက်သေတို့ ကျမ်းသစ္စာပြုခြင်း။ |
1,351,252 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၃၃ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတပါး၊ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်အသီးသီးနှင့် စစ်ဥပဒေအရာရှိသည်၊ စစ်ဆေးစီရင်ခြင်းကိုမစမီ၊ ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိ သစ္စာကိုဖြစ်စေ၊ ပြုရမည်။ |
1,351,253 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်တရားရုံးတွင် သက်သေခံသူအသီးသီးအား၊ သတ်မှတ်ထားသည့်အတိုင်း ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိသစ္စာကိုဖြစ်စေ၊ နည်းလမ်းတကျ ပြုစေပြီးမှ စစ်မေးရမည်။ |
1,351,254 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) သက်သေသည်၊ အသက်တဆယ့်နှစ်နှစ်အောက် ကလေးတယောက်ဖြစ်သည့်ပြင်၊ အမှန်ထွက်ဆိုရ မည့် တာဝန်ဝတ်တရားကိုနားလည်စေကာမူ၊ ကျမ်းသစ္စာ၏သဘောကိုသော်၎င်း၊ ကတိသစ္စာ၏သဘော ကိုသော်၎င်း၊ နားမလည်ဟု စစ်တရားရုံးက ထင်မြင်ယူဆသောအခါ၊ ပုဒ်မခွဲ(၂)ပါ ပြဋ္ဌာန်းချက်များ ကို လိုက်နာဆောင်ရွက်ခြင်းမပြုရ။ |
1,351,255 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အဖွဲ့ဝင်များကမဲပေးခြင်း။ |
1,351,256 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပုဒ်မခွဲ (၂) နှင့် (၃) တို့၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စစ်တရားရုံးသည်၊ ဆုံးဖြတ်ချက်တခုကို တဝက်ထက်ပိုသည့် မဲများအရချမှတ်ရမည်။ |
1,351,257 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ မဲအရေအတွက် တူညီနေသည့်အခါ၊ စစ်တရားရုံး၏ ဆုံးဖြတ် ချက်သည်၊ တရားခံကို သက်သာခွင့်ပေးသည့် ဆုံးဖြတ်ချက်ဖြစ်စေရမည်။ |
1,351,258 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်တရားရုံးချုပ်သည်၊ အဖွဲ့ဝင်အနည်းဆုံးသုံးပုံနှစ်ပုံ၏ သဘောတူညီချက်ကို မရရှိဘဲ၊ သေဒဏ် မချမှတ်ရ။ |
1,351,259 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) အကျဉ်းစစ်တရားရုံးချုပ်သည်၊ အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ကို မရရှိဘဲ၊ သေဒဏ်မချ မှတ်ရ။ |
1,351,260 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) ကန့်ကွက်ချက်၊ သို့တည်းမဟုတ် ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်နှင့် စပ်လျဉ်း သည့်ကိစ္စမှအပ၊ အခြားကိစ္စများတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်အရာရှိ၌၊ အနိုင်မဲပေးပိုင်ခွင့်ရှိရမည်။ |
1,351,261 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သက်သေခံနှင့်စပ်လျဉ်းသည့် ယေဘုယျနည်းဥပဒေ။ |
1,351,262 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ သက်သေခံအက်ဥပဒေ (The Evidence Act) သည်၊ စစ်တရားရုံး တရုံးတွင် စစ်ဆေးစီရင်သည့် မှုခင်းကိစ္စအားလုံးနှင့် သက်ဆိုင်စေ ရမည်။ |
1,351,263 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တရားခံ၏ သက်သေခံချက်။ |
1,351,264 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပြစ်မှုတခုဖြင့် စွဲဆိုခြင်းခံရသူသည်၊ တဦးတည်းစွဲဆိုခြင်းခံရသည်ဖြစ်စေ၊ အခြားသူတဦးနှင့်၊ သို့တည်းမဟုတ် အခြားသူများနှင့် ပူးတွဲ၍စွဲဆိုခြင်းခံရသည်ဖြစ်စေ၊ ထိုပြစ်မှုဆိုင်ရာ စစ်ဆေးစီရင် မှုတွင် မိမိအတွက် ကိုယ်တိုင်သက်သေခံရန် အရည်အချင်းရှိသူဖြစ်ရမည်။ |
1,351,265 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသူ၏ သက်သေခံချက်ကို၊ ထိုသူနှင့်ပူးတွဲ၍ စစ်ဆေးစီရင်ခြင်းခံရသူတဦးအပေါ်တွင်ဖြစ်စေ၊ အများအပေါ်တွင်ဖြစ်စေ၊ အသုံးပြုနိုင် သည်။ |
1,351,266 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) တရားခံက မိမိသဘောအတိုင်း သက်သေခံလိုသောအခါမှတပါး၊ အခြားအခါများတွင် တရားခံကို သက်သေအဖြစ် စစ်မေးခြင်းမပြုရ။ |
1,351,267 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) တရားခံကသက်သေမခံမီ၊ စစ်တရားရုံးသည်၊ တရားခံ၌သက်သေခံရန် တာဝန်ဟူ၍မရှိဟု၎င်း၊ တရားခံကသက်သေခံလျှင်၊ တရားခံနှင့်ပူးတွဲ၍ စစ်ဆေးစီရင်ခြင်းခံရသူတဦးအပေါ်တွင်ဖြစ်စေ၊ အများ အပေါ်တွင်ဖြစ်စေ၊ တရားခံ၏သက်သေခံချက်ကို အသုံးပြုနိုင်သည်ဟု၎င်း၊ တရားခံအားသတိပေးရ မည်။ |
1,351,268 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) တရားခံက သက်သေမခံ၊ ပျက်ကွက်ခြင်းကြောင့် ထိုသို့ပျက်ကွက်ခြင်းကို အကြောင်းပြုလျက်၊ တရားလိုဘက်က အာတော်ကိုမပြောရ၊ အဆိုပါပျက်ကွက်ခြင်းကို အကြောင်းပြုလျက် တရားခံအား နစ်နာစေမည့် ယူဆချက်ကို မည်သည့်စစ်တရားရုံးကမျှ မယူဆရ။ |
1,351,269 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအက်ဥပဒေအရ၊ တရားခံရရှိသည့် မိမိအတွက် ကိုယ်ပိုင်သက်သေခံနိုင်ခွင့်သည်၊ ကျမ်းသစ္စာမပြုဘဲ ထွက်ဆိုချက်ပြုနိုင်ခွင့်အစားဖြစ်ရမည်။ |
1,351,270 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုအခွင့်အရေးနှစ်ရပ်အနက်၊ မိမိကြိုက်နှစ်သက်ရာအခွင့်အရေး ကို သုံးစွဲနိုင်သည်။ |
1,351,271 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တရားစီရင်ရာတွင် ကိစ္စအချို့ကို သက်သေခံချက်မယူဘဲ လက်ခံခြင်း။ |
1,351,272 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးသည်၊ တရားစီရင်ရာတွင် မည်သည့်အကြောင်းကိစ္စနှင့်မဆို စပ်လျဉ်း၍ အဖွဲ့ဝင် များ၏ စစ်ဘက်ဗဟုသုတကို သက်သေခံချက်မယူဘဲ လက်ခံနိုင်သည်။ |
1,351,273 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သက်သေများအား သမ္မာန်စာချအပ်ခြင်း။ |
1,351,274 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးဖွဲ့စည်းသည့်အရာရှိ၊ စစ်တရားရုံး၏ ဥက္ကဋ္ဌ၊ စစ်ဥပဒေအရာရှိ၊ သို့တည်းမဟုတ် တရားခံ၏တပ်မှူးသည်၊ မိမိလက်မှတ်ရေးထိုးသော သမ္မာန်စာဖြင့် သူတဦးဦးအား၊ သက်သေခံရန် ဖြစ်စေ၊ စာတမ်းအမှတ်အသားတခုခုကိုသော်၎င်း၊ အခြားအရာတခုခုကိုသော်၎င်း၊ တင်ပြရန်ဖြစ်စေ၊ သမ္မာန်စာတွင်ဖေါ်ပြထားသည့် နေ့ရက်နှင့်အချိန်တွင် ဖေါ်ပြထားသည့်နေရာသို့ လာရောက်ရန်ဆင့်ခေါ် နိုင်သည်။ |
1,351,275 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်ဘက်အမိန့်အာဏာကို လိုက်နာရသူတဦးအတွက်ဖြစ်ပါက ထိုသူ၏ တပ်မှူးထံသို့ သမ္မာန်စာကို ပို့ရမည်။ |
1,351,276 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုတပ်မှူးက ထိုသူအပေါ်သမ္မာန်စာချအပ်ရမည်။ |
1,351,277 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) အခြားသက်သေတဦးဦးအတွက်ဖြစ်ပါက ထိုသက်သေရှိနိုင်သော၊ သို့တည်းမဟုတ် နေထိုင်သော ဒေသအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသည့် ရာဇဝတ်တရားသူကြီးထံ သမ္မာန်စာပို့ရမည်။ |
1,351,278 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် အဆိုပါ ရာဇဝတ်တရားသူကြီးသည်၊ ထိုသက်သေအပေါ်မိမိ၏ တရားရုံးတွင် အလိုရှိသည့်သက်သေဖြစ်ဘိသကဲ့ သို့ သမ္မာန်စာချအပ်ရမည်။ |
1,351,279 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) သက်သေတဦး၏ လက်ရှိဖြစ်သော၊ သို့တည်းမဟုတ် စီမံခန့်ခွဲနိုင်ခွင့်ရှိသော သီးခြားစာတမ်း အမှတ်အသားတခုခုကိုသော်၎င်း၊ အခြားအရာတခုခုကိုသော်၎င်း၊ ထိုသက်သေအားတင်ပြခိုင်းသော အခါ၊ သမ္မာန်စာတွင် ထိုစာတမ်းအမှတ်အသား၊ သို့တည်းမဟုတ် အရာတခုခုကို တိကျမှန်ကန်နိုင်သမျှ မှန်ကန်အောင်ဖေါ်ပြရမည်။ |
1,351,280 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရသည့် စာတမ်းအမှတ်အသားများ။ |
1,351,281 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပုဒ်မ ၁၃၉ ပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ သက်သေခံအက်ဥပဒေရှိပုဒ်မ ၁၂၃ နှင့် ပုဒ်မ ၁၂၄ တို့၏ အကျိုးသက်ရောက်ခြင်းကို မထိခိုက်ဟု၊ သို့တည်းမဟုတ် စာတိုက်နှင့်ကြေးနန်းဆိုင်ရာ အာဏာပိုင်များက ထိန်းသိမ်းထားရသော ချောစာနှင့်ဖြစ်စေ၊ စာပို့ကဒ်နှင့်ဖြစ်စေ၊ ကြေးနန်းစာနှင့်ဖြစ် စေ၊ အခြားစာတမ်းအမှတ်အသားနှင့်ဖြစ်စေ မသက်ဆိုင်ဟုမှတ်ယူရမည်။ |
1,351,282 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ထိုသို့ ထိန်းသိမ်းထားသော စာတမ်းအမှတ်အသားတခုခုကို စစ်တရားရုံး၏ ကိစ္စအတွက် အလိုရှိသည်ဟု ခရိုင်ရာဇဝတ်တရားသူကြီး၊ စက်ရှင်တရားရုံး၊ သို့တည်းမဟုတ် တရားလွှတ်တော်က ထင်မြင်ယူဆလျှင်၊ ထိုရာဇဝတ်တရားသူကြီးကဖြစ်စေ၊ စက်ရှင်တရားရုံးကဖြစ်စေ၊ တရားလွှတ်တော်က ဖြစ်စေ၊ ညွှန်ကြားသူထံသို့ ထိုစာတမ်းအမှတ်အသားကို လက်ရောက်ပေးအပ်ရန်၊ ထိုရာဇဝတ် တရား သူကြီး၊ သို့တည်းမဟုတ် စက်ရှင်တရားရုံး၊ သို့တည်းမဟုတ် တရားလွှတ်တော်၊ သက်ဆိုင်ရာရာက စာတိုက် ဆိုင်ရာ အာဏာပိုင်များကိုသော်၎င်း၊ ကြေးနန်းဆိုင်ရာ အာဏာပိုင်များကိုသော်၎င်း၊ ဆင့်ဆိုနိုင်သည်။ |
1,351,283 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) အဆိုပါစာတမ်းအမှတ်အသားတခုခုကို ထိုကိစ္စတခုခုအတွက်အလိုရှိသည်ဟု အခြားရာဇဝတ် တရားသူကြီးတဦးဦးကသော်၎င်း၊ ရဲမင်းကြီးတဦးဦးကသော်၎င်း၊ ခရိုင်ရဲဝန်တဦးဦးကသော်၎င်း၊ ထင်မြင်ယူဆလျှင်၊ ထိုခရိုင်ရာဇဝတ်တရားသူကြီး၊ စက်ရှင်တရားရုံး၊ သို့တည်းမဟုတ် တရားလွှတ်တော် ကအမိန့်မချမှတ်မီ၊ အဆိုပါစာတမ်းအမှတ်အသားကိုရှာဖွေစေပြီးနောက် သိမ်းဆည်းထားရန် ထိုရာဇ ဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲမင်းကြီး၊ သို့တည်းမဟုတ် ခရိုင်ရဲဝန်၊ သက်ဆိုင်ရာရာက စာတိုက် ဆိုင်ရာ အာဏာပိုင်များကိုဖြစ်စေ၊ ကြေးနန်းဆိုင်ရာအာဏာပိုင်များကိုဖြစ်စေ ဆင့်ဆိုနိုင်သည်။ |
1,351,284 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သက်သေများကို စစ်ဆေးမေးမြန်းရန်အတွက် ကော်မရှင်များ။ |
1,351,285 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နေစဉ် တရားမျှတမှုရရှိရေးအတွက် သက်သေကို စစ်မေးရန် လိုအပ်သည်ဟု ထိုစစ်တရားရုံးက ထင်မြင်ယူဆသည့်ပြင်၊ အမှု၏အခြေအနေအရ မသင့်တော်သော နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ၊ စရိတ်စကကုန်ကျခြင်းမရှိဘဲ၊ သို့တည်းမဟုတ် ကသိကအောက် ဖြစ်ခြင်း မရှိဘဲ၊ ထိုစစ်တရားရုံးရှေ့သို့ ထိုသက်သေတက် ရောက်ခြင်းကိုမရရှိနိုင်ဟုလည်း ယူဆသောအခါ၊ ထိုစစ် တရားရုံးသည်၊ ထိုသက်သေ၏ သက်သေခံချက် ကိုရယူရန် ကော်မရှင်ထုတ်ပေးစေခြင်းငှါ၊ စစ်ဥပဒေ ချုပ်အား တိုက်ရိုက်အကြောင်းကြားနိုင်သည်။ |
1,351,286 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ထိုအခါ၊ စစ်ဥပဒေချုပ်သည်၊ လိုအပ်သည်ဟုမိမိယူဆလျှင်၊ ထိုသက်သေနေထိုင်သော ဒေသန္တရ နယ်နိမိတ်အတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော ခရိုင်ရာဇဝတ်တရားသူကြီး၊ ပဌမတန်း ရာဇဝတ်တရား သူကြီး၊ သို့တည်းမဟုတ် ပုဒ်မခွဲ(၄) တွင် ဖေါ်ပြထားသည့် အရာရှိတဦးဦးထံသို့ ထိုသက်သေ၏ သက် သေခံချက်ကို ရယူရန်ကော်မရှင် ထုတ်ပေးနိုင်သည်။ |
1,351,287 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ကော်မရှင်ထုတ်ပေးခြင်းခံရသော ရာဇဝတ်တရားသူကြီးသည်၊ သို့တည်းမဟုတ် အရာရှိ၊ သို့တည်းမဟုတ် ထိုရာဇဝတ်တရားသူကြီးမှာ၊ ခရိုင်ရာဇဝတ်တရားသူကြီးဖြစ်လျှင်၊ ထိုခရိုင်ရာဇဝတ် တရားသူကြီးသည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ ထိုခရိုင်ရာဇဝတ်တရားသူကြီးကခန့်အပ်သော ပဌမတန်း ရာဇဝတ်တရားသူကြီးသည်၊ ထိုသက်သေရှိရာနေရာသို့ သွားရောက်၍ဖြစ်စေ၊ ထိုသက်သေကို မိမိရှေ့သို့ သမ္မာန်စာဖြင့်ဆင့်ခေါ်၍ဖြစ်စေ၊ သက်သေခံချက်ကိုရေးမှတ်ယူရမည့်ပြင်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေအရ ဝရမ်းမှုများစစ်ဆေးစီရင်ရာတွင် သက်သေခံချက်ကို ရယူသည့်နည်းလမ်းအတိုင်း ထိုသူ၏ သက်သေခံချက်ကို ရယူမည်ဖြစ်၍၊ ထိုသို့စစ်ဆေးစီရင်ရာတွင် သုံးစွဲသည့်အာဏာများကို ဤကိစ္စ အလို့ငှါ သုံးစွဲနိုင်သည်။ |
1,351,288 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) သက်သေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင်နေထိုင်သောအခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်စစ်ဝန်တဦးဦးထံသို့ဖြစ်စေ၊ ထိုသက်သေနေထိုင်သည့်နေရာတွင် ကျမ်းသစ္စာကိုသော်၎င်း၊ ကတိ သစ္စာကိုသော်၎င်း၊ ပြုခိုင်းရန်အခွင့်အာဏာရှိသော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြားအရာရှိတဦးဦးထံ သို့ဖြစ်စေ၊ ထိုကော်မရှင်ကို ထုတ်ပေးနိုင်သည်။ |
1,351,289 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) ဤပုဒ်မနှင့် ပုဒ်မ ၁၄၂ ရှိ “စစ်ဥပဒေချုပ်”ဆိုသည့် စကားရပ်တွင် ဒုတိယစစ်ဥပဒေချုပ် ပါဝင်သည်။ |
1,351,290 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကော်မရှင်အရ သက်သေတဦးအား စစ်ဆေးမေးမြန်းခြင်း။ |
1,351,291 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပုဒ်မ ၁၄၁ အရကော်မရှင်ထုတ်ပေးရသော အမှုတခုခုတွင် တရားလိုဘက် အမှုလိုက်အရာရှိ နှင့် တရားခံအသီးသီးတို့သည်၊ အမှုနှင့်သက်ဆိုင်သည်ဟု စစ်တရားရုံးကထင်မြင်သော မေးမြန်းချက် စာတမ်းများကို ရေးသားပေးပို့နိုင်သည်။ |
1,351,292 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့နောက် ကော်မရှင်အရ ဆောင်ရွက်ရမည့် ရာဇဝတ်တရား သူကြီးကဖြစ်စေ၊ အရာရှိကဖြစ်စေ၊ ထိုမေးမြန်းချက်စာတမ်းများအရ၊ သက်သေကိုစစ်မေးရမည်။ |
1,351,293 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ထိုတရားလိုဘက်အမှုလိုက်အရာရှိနှင့် ထိုတရားခံသည်၊ ထိုရာဇဝတ်တရားသူကြီးရှေ့သို့၊ သို့တည်း မဟုတ် ထိုအရာရှိရှေ့သို့ မိမိတို့ကိုယ်စား ရှေ့နေများအား သွားရောက်စေနိုင်သည်၊ သို့တည်းမဟုတ် တရားခံသည်၊ အချုပ်နှင့်နေရသည့်အခါမှတပါး၊ ထိုရာဇဝတ်တရားသူကြီးရှေ့သို့၊ သို့တည်းမဟုတ် ထိုအရာရှိရှေ့သို့၊ ကိုယ်တိုင်လာရောက်နိုင်သည်။ |
1,351,294 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် အဆိုပါသက်သေအားစစ်မေးခြင်း၊ ပြန်လှန် စစ်မေးခြင်း၊ ထပ်မံစစ်မေးခြင်းတို့ကို အကြောင်းအားလျော်စွာပြုလုပ်နိုင်သည်။ |
1,351,295 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ပုဒ်မ ၁၄၁ အရ ထုတ်သောကော်မရှင်ကို နည်းလမ်းတကျ ဆောင်ရွက်ပြီးသည့်နောက်၊ ထိုကော်မရှင်အရ စစ်မေးပြီးသည့် သက်သေ၏အစစ်ခံချက်နှင့်အတူ ထိုကော်မရှင်ကို၊ စစ်ဥပဒေချုပ်ထံ သို့ ပြန်ပို့ရမည်။ |
1,351,296 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) ပုဒ်မခွဲ(၃)အရ ပြန်ပို့သည့်ကော်မရှင်နှင့် သက်သေအစစ်ခံချက်ကို ရသည့်အခါ၊ စစ်ဥပဒေချုပ်သည်၊ ထိုကော်မရှင်နှင့် သက်သေအစစ်ခံချက်ကို၊ ကော်မရှင်ထုတ်ပေးရန်တောင်းဆိုသည့် စစ်တရားရုံးသို့ ဖြစ်စေ၊ ထိုစစ်တရားရုံးဖျက်သိမ်းပြီးဖြစ်လျှင်၊ ထိုတရားခံအား စစ်ဆေးစီရင်ရန် ဖွဲ့စည်းသည့် အခြား စစ်တရားရုံးသို့ဖြစ်စေ၊ ပို့ရမည်။ |
1,351,297 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် တရားလိုဘက် အမှုလိုက်အရာရှိနှင့် တရားခံအား ထိုကော်မရှင်၊ ထိုကော်မရှင်အတွက် အစီရင်ခံစာနှင့် ထိုသက်သေအစစ်ခံချက်တို့ကို ကြည့်ရှုစစ်ဆေးနိုင်ခွင့် ပေးရမည့် ပြင်၊ တရားမျှတသောကန့်ကွက်ချက်များကို ထောက်ထားလျက်၊ ထိုအမှုတွင် တရားလိုဘက်အမှု လိုက်အရာရှိကဖြစ်စေ၊ တရားခံကဖြစ်စေ၊ သက်သေခံအဖြစ်ဘတ်ပြနိုင်၍၊ ထိုကော်မရှင်အတွက် အစီရင် ခံစာနှင့် ထိုသက်သေအစစ်ခံချက်တို့သည်၊ ထိုအမှုတွဲ၏အစိတ်အပိုင်းဖြစ်စေရမည်။ |
1,351,298 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) ပုဒ်မ ၁၄၁ အရ ကော်မရှင်ထုတ်ပေးရသည့် အမှုတိုင်းတွင်၊ ထိုကော်မရှင်အတိုင်း ဆောင်ရွက်ရန်နှင့် ထိုကော်မရှင်ကို ပြန်ပို့ရန်အတွက် သင့်တော်လုံလောက်အောင် သီးခြားဖေါ်ပြသည့်အချိန်ထိ၊ စစ်ဆေး စီရင်ခြင်းကို ရွှေ့ဆိုင်းထားနိုင်သည်။ |
1,351,299 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စွပ်စွဲခြင်းမရှိသည့်ပြစ်မှုအရ ပြစ်မှုထင်ရှားစီရင်ခြင်း။ |
1,351,300 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးတွင်၊ စစ်ပြေးမှုဖြင့်စွပ်စွဲခြင်းခံရသူတဦးသည်၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်မှု၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင် သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.