id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,351,301
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) စစ်တရားရုံးတွင်၊ စစ်ပြေးမှုကျူးလွန်ရန်အားထုတ်မှုဖြင့် စွပ်စွဲခြင်းခံရသူတဦးသည်၊ ခွင့်မဲ့ပျက် ကွက်မှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။
1,351,302
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) စစ်တရားရုံးတွင်၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုဖြင့် စွပ်စွဲခြင်းခံရသူတဦးသည်၊ လက်ရောက်မှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။
1,351,303
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) စစ်တရားရုံးတွင်၊ ခြိမ်းချောက်သောစကားပြောဆိုမှုဖြင့် စွပ်စွဲခံရသူတဦးသည်၊ စည်းကမ်းဖီဆန် သော စကားပြောဆိုမှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။
1,351,304
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) ပုဒ်မ ၅၁ ၏ အပိုဒ်(က)၊ (ခ)၊ (ဂ) နှင့် (ဃ)တွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှု တခုခုဖြင့် စစ်တရားရုံးတွင်စွပ်စွဲခြင်းခံရသူတဦးသည်၊ သီးခြားဖေါ်ပြထားသည့် ထိုပြစ်မှုများအနက်၊ ထိုသူအား စွပ်စွဲနိုင်သော အခြားပြစ်မှုတခုခုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးကဆုံးဖြတ်နိုင် သည်။
1,351,305
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၆) ပုဒ်မ ၇၁ အရ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတခုဖြင့်၊ စစ်တရားရုံးတွင် စွပ်စွဲခြင်းခံရသူတဦးသည်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ပါက၊ ထိုသူအပြစ်ရှိကြောင်းဆုံးဖြတ်နိုင်မည့် အခြားပြစ်မှုတခုခုအတွက်အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။
1,351,306
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၇) ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုဖြင့်၊ စစ်တရားရုံးတွင် စွပ်စွဲခြင်းခံရသူတဦးသည်၊ ပို၍ကြီးလေးသည့် ပြစ်ဒဏ်ထိုက်သင့်နိုင်သောအခြေအနေတွင် ကျူးလွန်ခဲ့ကြောင်း သက်သေထင်ရှား မပြနိုင်သည့်အခါ၊ ပေါ့လျော့သည့်ပြစ်ဒဏ်ထိုက်သင့်နိုင်သော အခြေအနေတွင် ထိုပြစ်မှုကျူးလွန်ခဲ့သည့် အတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။
1,351,307
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၈) ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုဖြင့်၊ စစ်တရားရုံးတွင် စွပ်စွဲခြင်းခံရသူတဦးသည်၊ ထိုပြစ်မှု ကျူးလွန်ရန် အားထုတ်မှုဖြင့်ဖြစ်စေ၊ ထိုပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုဖြင့်ဖြစ်စေ၊ ခွဲခြား၍ စွပ်စွဲ ခြင်းမခံရသော်လည်း၊ ထိုအားထုတ်မှု၊ သို့တည်းမဟုတ် ထိုအားပေးကူညီမှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။
1,351,308
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထိုးမြဲလက်မှတ်များကို အမှန်ကဲ့သို့မှတ်ယူခြင်း။
1,351,309
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
၁၄၄။ ။
1,351,310
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရ မှုခင်းကိစ္စဆောင်ရွက်ခြင်းတခုခုတွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ၏၊ သို့တည်းမဟုတ် ပြည်နယ်တနယ်အစိုးရ၏ လက်အောက်တွင် အမှုထမ်းနေသော အရာရှိတဦးက လက်မှတ်ရေးထိုးသည်ဟု သဘောသက်ရောက်သောလျှောက်လွှာ၊ သက်သေခံလက်မှတ်၊ ဝရမ်း၊ ပြန် ကြားစာ၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားတခုခုကို တင်ပြရာတွင်၊ ဆန့်ကျင်ကွဲလွဲကြောင်း သက်သေထင်ရှား မပြနိုင်သမျှကာလပတ်လုံး၊ ထိုးမြဲလက်မှတ်ဟု သဘောသက်ရောက်သော လက်မှတ် ဖြင့် လက်မှတ်ထိုးရမည့်သူက၊ နည်းလမ်းတကျထိုးထားသည့် ထိုးမြဲလက်မှတ်အမှန်ကဲ့သို့၎င်း၊ ထိုးမြဲ လက်မှတ်ဟု သဘောသက်ရောက်သောလက်မှတ်ဖြင့် လက်မှတ်ထိုးရမည့်သူက ရာထူးအရ နည်းလမ်း တကျထိုးထားသည့် ထိုးမြဲလက်မှတ်အမှန်ကဲ့သို့၎င်း၊ မှတ်ယူရမည်။
1,351,311
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာ။
1,351,312
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေအရ မှုခင်းကိစ္စဆောင်ရွက်ခြင်း တခုခုတွင်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်း ရေးအရာရှိတဦးက လက်မှတ်ရေးထိုးထားသည်ဟု သဘောသက်ရောက်သော စစ်မှုထမ်းအဖြစ် စာရင်း သွင်းလွှာသည်၊ ထိုစာရင်းသွင်းလွှာပါမေးခွန်းများကို စစ်မှုထမ်းအဖြစ်စာရင်းသွင်းခြင်းခံရသူက ဖြေဆို သည့်အတိုင်း ဖေါ်ပြထားကြောင်းသက်သေခံချက်ဖြစ်စေရမည်။
1,351,313
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ထိုသူ၏ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာမူရင်းကိုဖြစ်စေ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာကို ထိန်းသိမ်းရသောအရာရှိက မိတ္တူမှန်ဟု သက်သေခံလက်မှတ်ရေးထိုးထားသည့် သဘောသက်ရောက် သော၊ ထိုသူ၏ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာမိတ္တူတခုကိုဖြစ်စေ၊ တင်ပြခြင်းဖြင့် ထိုသူ စစ်မှုထမ်း အဖြစ် စာရင်းသွင်းခြင်းကို သက်သေထင်ရှားပြနိုင်သည်။
1,351,314
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စာတမ်းအမှတ်အသားအချို့ကို အမှန်ကဲ့သို့ မှတ်ယူခြင်း။
1,351,315
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ နိုင်ငံတော်သမတ၏ ကိုယ်စားဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်၏ကိုယ်စားဖြစ်စေ၊ သတ်မှတ်ထားသော အရာရှိတဦးဦးက ဖြစ်စေ၊ လက်မှတ်ရေးထိုးထားသည်ဟု သဘောသက်ရောက်သော၊ တပ်မတော်၏ အစိတ်အပိုင်းတခုခု တွင် သူတဦးဦး စစ်မှုထမ်းရွက်ခဲ့ကြောင်းနှင့်စပ်လျဉ်းသည့်၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ် အပိုင်းတခုခုမှ သူတဦးဦးအားရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ခြင်းနှင့်ဖြစ်စေ၊ အမြဲတန်းထုတ်ပစ်ခြင်းနှင့် ဖြစ်စေ၊ ထွက်ခွင့်ပေးခြင်းနှင့်ဖြစ်စေ၊ စပ်လျဉ်းသည့်၊ သို့တည်းမဟုတ် တပ်မတော်၏အစိတ်အပိုင်းတခုခု တွင် သူတဦးဦးစစ်မှုမထမ်းရွက် ခဲ့ကြောင်းနှင့်ဖြစ်စေ၊ တပ်မတော်၏အစိတ်အပိုင်းတခုခုတွင် သူတဦးဦး မပါဝင်ခဲ့ကြောင်းနှင့်ဖြစ်စေ၊ စပ်လျဉ်းသည့်စာ၊ ပြန်တမ်း၊ သို့တည်းမဟုတ် အခြားစာတမ်း အမှတ် အသားသည်၊ ထိုစာ၊ ပြန်တမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားပေါ်တွင် ဖေါ်ပြထားသည့် အကြောင်းခြင်းရာများ၏ သက်သေခံဖြစ်စေရမည်။
1,351,316
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အမိန့်အရထုတ်ပြန်သည်ဟု သဘောသက်ရောက်သော ကြည်းတပ်၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ် ဆိုင်ရာစာရင်း၊ သို့တည်းမဟုတ် ပြန်တမ်းတခုသည်၊ ၎င်းတွင်ဖေါ်ပြထားသည့် အရာရှိများ၏ အဆင့်အတန်း၊ အဆင့်၊ ထိုအရာရှိများ ရရှိထားသည့် ရာထူး၊ ထိုအရာရှိများ ပါဝင်သည့်တပ်အဖွဲ့၊ သင်္ဘော၊ တပ်၊ စစ်လက်ရုံး၊ သို့တည်းမဟုတ် ဌာနနှင့်၎င်း၊ ကြည်းတပ်၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်နှင့်၎င်း၊ စပ်လျဉ်းသည့် သက်သေခံဖြစ်စေရမည်။
1,351,317
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ဤအက်ဥပဒေနှင့်အညီဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေများနှင့်အညီဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ စစ်ဘက်တာဝန်ဝတ်တရားအရ လိုက်နာဆောင်ရွက်ရသည်နှင့်အညီဖြစ်စေ၊ တပ်ရင်းမှတ်တမ်းစာအုပ်တွင် အကြောင်းအရာတခုကို ရေးမှတ်ထားသည့်ပြင်၊ ထိုရေးမှတ်ချက်ကို တပ်မှူးကဖြစ်စေ၊ ထိုသို့ရေးမှတ်ရန် တာဝန်ရှိသည့်အရာရှိကဖြစ်စေ၊ လက်မှတ်ရေးထိုးသည်ဟုသဘော သက်ရောက်သော ထိုရေးမှတ်ချက်သည်၊ ၎င်းတွင်ဖေါ်ပြထားသည့် အကြောင်းခြင်းရာများ၏ သက်သေ ခံဖြစ်စေရမည်။
1,351,318
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) တပ်ရင်းမှတ်တမ်းစာအုပ်တခုခုကို ထိန်းသိမ်းရသောအရာရှိက၊ ထိုစာအုပ်တခုခုမှ မိတ္တူမှန်ဟု သက်သေခံလက်မှတ်ရေးထိုးထားသည့် သဘောသက်ရောက်သော မှတ်တမ်းတင်ချက်တခုခု၏ မိတ္တူ သည်၊ ထိုမှတ်တမ်းတင်ချက်၏ သက်သေခံဖြစ်စေရမည်။
1,351,319
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ပြေးမှုအတွက်၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှု အတွက် စစ်ဆေးစီရင်ရာတွင်၊ ထို့ပြင်ထိုသူက အရာရှိတဦးဦးထံသော်၎င်း၊ ဤအက်ဥပဒေကို လိုက်နာ ရသည့်အခြားသူ တဦးဦးထံသော်၎င်း၊ တပ်မတော်၏အစိတ်အပိုင်း တခုခုသို့သော်၎င်း၊ လာ၍ဘမ်းဆီး ခြင်းခံရာတွင်၊ သို့တည်းမဟုတ် ထိုအရာရှိကသော်၎င်း၊ ဤအက်ဥပဒေကို လိုက်နာရသည့် ထိုအခြားသူ ကသော်၎င်း၊ ထိုသူအားဘမ်းဆီးထားရာတွင်၊ ထိုအရာရှိ၊ သို့တည်းမဟုတ် ထိုသူလာ၍ ဘမ်းဆီးခြင်းခံရ သည့် တပ်မတော်အစိတ်အပိုင်းတခု၏ တပ်မှူး၊ သို့တည်းမဟုတ် ထိုသူပါရှိသည့် တပ်အဖွဲ့၊ ဌာန၊ ခွဲထုတ်တပ်၊ တပ်၊ သို့တည်းမဟုတ် သင်္ဘောကို ကွပ်ကဲသည့်အရာရှိ၊ သက်ဆိုင်ရာရာက လက်မှတ် ရေးထိုးထားသည်ဟု သဘောသက်ရောက်သည့်ပြင်၊ ထိုသို့ လာ၍ဘမ်းဆီးခြင်းခံသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးထားသည့် အကြောင်းခြင်းရာ၊ နေ့ရက်၊ နေရာနှင့် ထိုသူဝတ်ဆင်ထားပုံတို့ကို ဖေါ်ပြသည့် သက်သေခံလက်မှတ်သည်၊ ထိုသို့ဖေါ်ပြထားသည့် အကြောင်းအရာများ၏ သက်သေခံဖြစ်စေရမည်။
1,351,320
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၆) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ပြေးမှုအတွက်၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှု အတွက် စစ်ဆေးစီရင်ရာတွင်၊ ထို့ပြင် ထိုသူကရဲဌာနတခုကို အုပ်ချုပ်သည့်ရဲအရာရှိ အဆင့်အောက်မနိမ့် သည့် ရဲအရာရှိတဦးထံလာ၍ ဘမ်းဆီးခြင်းခံရာတွင်ဖြစ်စေ၊ ထိုရဲအရာရှိက ဘမ်းဆီးထားရာတွင်ဖြစ်စေ၊ ထိုရဲအရာရှိက လက်မှတ်ရေးထိုးထားသည်ဟု သဘောသက်ရောက်သည့်ပြင်၊ ထိုသို့လာ၍ ဘမ်းဆီးခြင်း ခံသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးထားသည့်အကြောင်းခြင်းရာ၊ နေ့ရက်၊ နေရာနှင့် ထိုသူဝတ်ဆင်ထားပုံ တို့ကို ဖေါ်ပြသည့်သက်သေခံလက်မှတ်သည်၊ ထိုသို့ဖေါ်ပြထားသည့် အကြောင်းအရာများ၏ သက်သေခံ ဖြစ်ရမည်။
1,351,321
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၇) စမ်းသပ်ကြည့်ရှုရန်၊ သို့တည်းမဟုတ် ဓါတ်ခွဲ၍အစီရင်ခံရန်၊ အစိုးရဓါတုဗေဒဝန်ထံသို့ဖြစ်စေ၊ အစိုးရလက်ထောက် ဓါတုဗေဒဝန်ထံသို့ဖြစ်စေ၊ နည်းလမ်းတကျတင်ပို့သော ဝတ္ထုပစ္စည်းအပေါ်တွင် သော်၎င်း၊ အရာတခုခုအပေါ်တွင်သော်၎င်း၊ အဆိုပါသူတဦးဦးက ရေးသားလက်မှတ်ထိုးသော အစီရင်ခံ စာသဘောသက်ရောက်သည့် စာတမ်းအမှတ်အသားကို၊ ဤအက်ဥပဒေအရဆောင်ရွက်သော မှုခင်းကိစ္စ တွင် သက်သေခံအဖြစ် အသုံးပြုနိုင်သည်။
1,351,322
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တရားခံကအစိုးရအရာရှိကို ကိုးကားခြင်း။
1,351,323
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်ပြေးမှုအတွက်၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှုအတွက်ဖြစ်စေ၊ ပေးသည့်ခွင့်ရက်ထက် ပို၍နေမှုအတွက်ဖြစ်စေ၊ စစ်မှုထမ်းရန်သတိပေးသောအခါ ပြန်၍မလာမှုအတွက်ဖြစ်စေ၊ စစ်ဆေးစီရင်မှု တခုခုတွင်၊ စစ်ဆေးစီရင်ခြင်းခံရသူက မိမိ၏ခုခံချေပချက်တွင် အခွင့်မရရှိသော မိမိ၏ပျက်ကွက်မှု အတွက် လုံလောက်သည့်၊ သို့တည်းမဟုတ် ယုတ္တိရှိသည့်အကြောင်းကိုပြ၍ ထိုအကြောင်းပြချက်ကို ခိုင်လုံစေရန် ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်တနယ်အစိုးရ၏ အရာရှိတဦးဦး အားကိုးကားလျှင်၊ သို့တည်းမဟုတ် ထိုသို့ကိုးကားခြင်းခံရသည့်အရာရှိက၊ ထိုတရားခံ၏ အဆိုပါ အကြောင်းပြချက်မှန်၊ မမှန်သက်သေခံတန်ရာသည့် အကြောင်းပေါ်ပေါက်လျှင်၊ ထိုစစ်တရားရုံးသည်၊ ထိုအရာရှိထံ အကြောင်းကြားရမည့်ပြင်၊ ထိုအရာရှိ၏ပြန်ကြားစာကို လက်ခံရရှိသည့်အချိန်ထိလည်း ထိုမှုခင်းကိစ္စကို ရွှေ့ဆိုင်းထားရမည်။
1,351,324
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ထိုသို့ကိုးကားခြင်းခံရသည့် အရာရှိ၏ပြန်ကြားစာသည်၊ ထိုအရာရှိက လက်မှတ်ရေးထိုးထားလျှင် သက်သေခံအဖြစ်နှင့် လက်ခံရမည့်ပြင်၊ စစ်တရားရုံးတွင် ကျမ်းသစ္စာပြုပြီး ထွက်ဆိုသည့်သက်သေခံ ချက် ဖြစ်ဘိသကဲ့သို့ အကျိုးသက်ရောက်စေရမည်။
1,351,325
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) အဆိုပါပြန်ကြားစာကို မရရှိမီ၊ ထိုစစ်တရားရုံးကို ဖျက်သိမ်းလျှင်၊ သို့တည်းမဟုတ် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ထိုစစ်တရားရုံးက ပျက်ကွက်လျှင်၊ စစ်တရားရုံးဖွဲ့စည်းသည့်အရာရှိက၊ မိမိ၏သဘောအတိုင်း၊ ထိုမှုခင်းဆောင်ရွက်ချက်များကို ပယ်ဖျက်၍စစ်ဆေးစီရင်ခြင်း အသစ်တရပ်ကို ပြုလုပ်ရန် အမိန့်ပေးနိုင်သည်။
1,351,326
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ယခင်ပြစ်မှုထင်ရှားစီရင်ခံရခြင်းများနှင့် အကျင့်စာရိတ္တသက်သေခံ။
1,351,327
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်တရားရုံးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအားပြစ်မှုတခုခုအတွက် ပြစ်မှု ထင်ရှားစီရင်သည့်အခါ၊ ထိုသူအား စစ်တရားရုံး တရုံးကဖြစ်စေ၊ ရာဇဝတ်တရားရုံး တရုံးကဖြစ်စေ၊ ယခင်ပြစ်မှုထင်ရှားစီရင်ခံရခြင်းများကို၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မ တခုခုအရ ယခင်ပြစ်ဒဏ်ချမှတ်ခြင်းတခုခုကို ထိုစစ်တရားရုံးက စုံစမ်းနိုင်သည့်ပြင်၊ ၎င်းတို့နှင့် စပ်လျဉ်းသည့် သက်သေခံများကိုရယူ၍ရေးမှတ်နိုင်သည်။
1,351,328
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ဆက်လက်၍ ထိုသူ၏ အကျင့်စာရိတ္တ နှင့် သတ်မှတ်ထားသည့် အခြားအကြောင်းအရာများကို စုံစမ်း၍ရေးမှတ်နိုင်သည်။
1,351,329
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ဤပုဒ်မအရ လက်ခံရရှိသည့်သက်သေခံသည်၊ နှုတ်သက်သေခံ၊ သို့တည်းမဟုတ် စစ်တရားရုံး စာအုပ်များတွင်ဖြစ်စေ၊ အစိုးရ၏ အခြားမှတ်တမ်းများတွင်ဖြစ်စေ၊ ရေးသွင်းချက်များ၊ သို့တည်းမဟုတ် စစ်တရားရုံးစာအုပ်များမှဖြစ်စေ၊ အစိုးရ၏အခြားမှတ်တမ်းများမှဖြစ်စေ၊ တာဝန်ခံကောက်နုတ်ချက် များဖြစ်နိုင်သည်။
1,351,330
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် တရားခံအား ၎င်း၏ယခင်ပြစ်မှုထင်ရှား စီရင်ခံရခြင်းများနှင့်ဖြစ်စေ၊ အကျင့် စာရိတ္တနှင့်ဖြစ်စေ၊ စပ်လျဉ်းသည့်သက်သေခံကို ရယူမည်ဟု စစ်ဆေးစီရင်ခြင်းမပြုမီ အကြောင်းကြား ထားရန်မလိုချေ။
1,351,331
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) တပ်တွင်း စစ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းကို ပြုလုပ်နေသည့်အရာရှိသည်၊ သင့်တော်သည်ဟု မိမိထင်မြင်လျှင်၊ ပြစ်မှုကျူးလွန်သူခံခဲ့ရသော ယခင်ပြစ်မှုထင်ရှားစီရင်ခြင်းများ၊ ထိုသူ၏ အကျင့် စာရိတ္တ၊ ထို့ပြင်သတ်မှတ်ထားသည့် အခြားအကြောင်းအရာများကို ဤပုဒ်မပါပြဋ္ဌာန်းချက်များအရ သက်သေထင်ရှားပြစေမည့်အစား၊ မိမိကိုယ်တိုင်သိရှိသည့် ထိုသူ၏အကြောင်းအရာဟူသမျှကို ရေးမှတ် နိုင်သည်။
1,351,332
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တရားခံရူးသွပ်ခြင်း။
1,351,333
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်တရားရုံးဖြင့်စစ်ဆေးစီရင်နေစဉ် တရားခံသည်၊ စိတ်ပေါ့သွပ်သူဖြစ်သောကြောင့် ခုခံချေပနိုင်စွမ်းမရှိဟု၊ သို့တည်းမဟုတ် ထိုတရားခံကျူးလွန်သည်ဟု စွပ်စွဲသောပြုလုပ်မှုကို ထိုတရားခံ ကျူးလွန်သော်လည်း စိတ်ပေါ့သွပ်နေသည့်အကြောင်းကြောင့် မိမိ၏ပြုလုပ်မှုသည်၊ မည်သို့သဘော ရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း၊ တရားဥပဒေနှင့်ဆန့်ကျင်သည်ကိုသော်၎င်း၊ မသိနိုင် ဟု စစ်တရားရုံးကထင်မြင်ယူဆသောအခါ၊ ထိုသို့ထင်မြင်ယူဆသည့်အတိုင်း၊ ဆုံးဖြတ်ချက်တရပ်ကို စစ်တရားရုံးက ရေးမှတ်ရမည်။
1,351,334
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) စစ်တရားရုံး၏ ဥက္ကဋ္ဌသည်၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးဖြစ်ပါက၊ စစ်ဆေးစီရင်ခြင်းကို ပြုလုပ်နေသည့်အရာရှိသည်၊ ထိုကိစ္စကိုအတည်ပြုအရာရှိ၊ သို့တည်းမဟုတ် ပုဒ်မ ၁၆၆ အရ စစ်တရားရုံး ၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းထားသည့် အာဏာပိုင်၊ သက်ဆိုင်ရာရာသို့ ချက်ချင်းအကြောင်းကြားရမည်။
1,351,335
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ပုဒ်မခွဲ(၂) အရ ထိုကိစ္စကို အကြောင်းကြားခြင်းခံရသည့် အတည်ပြုအရာရှိသည်၊ ဆုံးဖြတ်ချက်ကို အတည်မပြုလျှင်၊ အဆိုပါစစ်တရားရုံးဖြင့်ဖြစ်စေ၊ အခြားစစ်တရားရုံးဖြင့်ဖြစ်စေ၊ ထိုတရားခံအား မူလက စွပ်စွဲထားသည့်ပြစ်မှုအတွက် စစ်ဆေးစီရင်စေရန် ဆောင်ရွက်နိုင်သည်။
1,351,336
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) ပုဒ်မခွဲ(၂) အရ တပ်တွင်းစစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို အကြောင်းကြားခြင်းခံရသည့် အာဏာပိုင်သည်၎င်း၊ ထိုသို့အကြောင်းကြားသည့် အမှုတခုခုတွင် ဆုံးဖြတ်ချက်တခုကို အတည်ပြုသည့် အတည်ပြုအရာရှိတဦးသည်၎င်း၊ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း တရားခံကိုချုပ်ထားရန် အမိန့်ပေးရ မည့်ပြင်၊ နိုင်ငံတော်သမတ၏ အမိန့်ရယူရန်အလို့ငှါ၊ ထိုအမှုအကြောင်းကို အစီရင်ခံရမည်။
1,351,337
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) ပုဒ်မခွဲ (၄) အရ အစီရင်ခံချက်တရပ်ကိုရရှိသောအခါ၊ နိုင်ငံတော်သမတသည်၊ တရားခံအား စိတ္တဇဆေးရုံတွင်ဖြစ်စေ၊ လုံခြုံစွာချုပ်ထားနိုင်မည့် အခြားသင့်တော်သည့် နေရာတွင်ဖြစ်စေ၊ ချုပ်ထားရန် အမိန့်ချမှတ်နိုင်သည်။
1,351,338
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရူးသွပ်သောတရားခံ ပြန်၍ကျန်းမာလာသဖြင့် စစ်ဆေးစီရင်ခြင်း။
1,351,339
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စိတ်ပေါ့သွပ်သည့်အကြောင်းကြောင့် ခုခံချေပနိုင်စွမ်းမရှိဟု ဆုံးဖြတ်ချက်ချမှတ်ခြင်းခံရသည့် တရားခံတဦးအား၊ ပုဒ်မ ၁၄၉ အရ ချုပ်ထားသည့်ကိစ္စတွင်၊ ထိုတရားခံအား ချုပ်ထားသည့်နယ်မြေကို ကွပ်ကဲရ၍၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထား သည့် အဖွဲ့အစည်းအောက်မငယ်သော အဖွဲ့အစည်းကို၊ ကွပ်ကဲရသည်လည်းဖြစ်သော အရာရှိသည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ၊ သတ်မှတ်ထားသည့် အခြားအရာရှိတဦးသည်-
1,351,340
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ထိုတရားခံကို ပုဒ်မ ၁၄၉၊ ပုဒ်မခွဲ(၄) အရ ချုပ်ထားလျှင်၊ ထိုတရားခံ၌ ခုခံချေပနိုင်စွမ်းရှိပြီဟု ဆေးဘက်အရာရှိက အစီရင်ခံသောအခါ၊ သို့တည်းမဟုတ်
1,351,341
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ထိုတရားခံကို ပုဒ်မ ၁၄၉၊ ပုဒ်မခွဲ(၅)အရ ထောင်တွင်အချုပ်ထားလျှင်၊ အကျဉ်းထောင်မင်းကြီး ထံမှ၊ ထို့ပြင်ထိုတရားခံကို၊ အဆိုပါပုဒ်မခွဲအရ စိတ္တဇဆေးရုံတွင်ချုပ်ထားလျှင်၊ ထိုစိတ္တဇဆေးရုံကြည့်ရှု ရသော လူကြီးများအနက်၊ လူကြီးနှစ်ဦး၊ သို့တည်းမဟုတ် နှစ်ဦးထက်ပိုသော လူကြီးများထံမှ၊ ထိုတရား ခံ၌ ခုခံချေပနိုင်စွမ်းရှိပြီဟု သက်သေခံလက်မှတ် ရရှိသောအခါ၊
1,351,342
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တရားခံအားမူလကစွပ်စွဲထားသည့် ပြစ်မှုအတွက်ဆိုခဲ့သည့် စစ်တရားရုံးဖြင့်ဖြစ်စေ၊ အခြားစစ်တရား ရုံးဖြင့်ဖြစ်စေ၊ စစ်ဆေးစီရင်ရန်၊ သို့တည်းမဟုတ် ပြစ်မှုသည် နယ်ဘက်ပြစ်မှုဖြစ်လျှင်၊ ရာဇဝတ်တရားရုံး ဖြင့်ဖြစ်စေ၊ စစ်ဆေးစီရင်ရန် ဆောင်ရွက်နိုင်သည်။
1,351,343
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတထံ ပုဒ်မ ၁၅၀ အရ အမိန့်ကိုပေးပို့ခြင်း။
1,351,344
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၅၀ အရ၊ တရားခံကိုစစ်ဆေးရန်၊ အရာရှိတဦးဦးကထုတ်သည့်အမိန့်စာတိုင်း၏ မိတ္တူ ကို၊ နိုင်ငံတော်သမတထံ ချက်ခြင်းပေးပို့ရမည်။
1,351,345
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရူးသွပ်သည့် တရားခံအားလွှတ်ခြင်း။
1,351,346
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၄၉ ၏ ပုဒ်မခွဲ (၄) အရဖြစ်စေ၊ ပုဒ်မခွဲ (၅) အရဖြစ်စေ၊ တရားခံတဦးအား ချုပ်ထားသည့် ကိစ္စတွင် နိုင်ငံတော်သမတသည်-
1,351,347
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ထိုတရားခံကို အဆိုပါပုဒ်မခွဲ (၄) အရ ချုပ်ထားလျှင်၊ ဆေးဘက်ဆိုင်ရာအရာရှိက အစီရင်ခံသော အခါ၊ သို့တည်းမဟုတ်
1,351,348
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ထိုတရားခံကို အဆိုပါ ပုဒ်မခွဲ(၅)အရ ချုပ်ထားလျှင်၊ ပုဒ်မ ၁၅၀ ၏ အပိုဒ် (ခ) တွင် ဖေါ်ပြထား သည့် အကျဉ်းထောင်မင်းကြီး၏၊ သို့တည်းမဟုတ် စိတ္တဇဆေးရုံကြည့်ရှုရသော လူကြီးများ၏ ထင်မြင် ယူဆချက်အရ၊ ထိုတရားခံသည်၊ မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူတဦးဦးကိုဖြစ်စေ၊ နစ်နာစေမှုပြုမည်ဟု စိုးရိမ်ဘွယ်ရာမရှိသဖြင့် ထိုတရားခံအားလွှတ်နိုင်ကြောင်း၊ ထိုမင်းကြီးထံမှဖြစ်စေ၊ ထိုလူကြီးများ ထံမှဖြစ်စေ၊ သက်သေခံလက်မှတ်ရရှိသောအခါ၊
1,351,349
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထိုတရားခံအားလွှတ်ရမည်၊ သို့တည်းမဟုတ် အချုပ်နှင့်ထားရမည်၊ သို့တည်းမဟုတ် ထိုသူကို စိတ္တဇ ဆေးရုံသို့ မပို့ရသေးလျှင်၊ စိတ္တဇဆေးရုံသို့ ပို့ရမည်ဟု အမိန့်ချမှတ်နိုင်သည်။
1,351,350
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရူးသွပ်သည့်တရားခံကို ဆွေမျိုးများအား လက်ရောက်ပေးအပ်ခြင်း။
1,351,351
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၄၉ ၏ပုဒ်မခွဲ(၄)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၅) အရ ချုပ်ထားခြင်းခံရသူ၏ ဆွေမျိုး ကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ၊ ထိုသူကိုစောင့်ရှောက်အုပ်ထိန်းထားရန်၊ မိမိအားပေးအပ်စေလို၍ ထိုသို့ ပေးအပ်စေလိုကြောင်းလျှောက်ထားလျှင်၊ ထိုသူကိုကောင်းမွန်စောင့်ရှောက်ပါမည်ဟု၎င်း၊ သူ့ကိုယ်ကိုဖြစ် စေ၊ အခြားသူတဦးတယောက်ကိုဖြစ်စေ၊ နစ်နာစေမှုမပြုအောင် တားဆီးပေးပါမည်ဟု၎င်း၊ နိုင်ငံတော် သမတ ညွှန်ကြားသောအရာရှိထံ၊ ထိုသူကို၊ ညွှန်ကြားသောအချိန်နှင့်နေရာများတွင်၊ ထိုအရာရှိက စစ်ဆေးရန် အလို့ငှါပို့ပေးပါမည်ဟု၎င်း၊ နိုင်ငံတော်သမတကြေနပ်အောင် ခံဝန်ချုပ်၊ ချုပ်ဆိုသောအခါ၊ ထိုသူကို အဆိုပါဆွေမျိုးထံသို့ဖြစ်စေ၊ အဆိုပါမိတ်ဆွေထံသို့ဖြစ်စေ၊ ပေးအပ်စေဟု နိုင်ငံတော်သမတက အမိန့်ချမှတ်နိုင်သည်။
1,351,352
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်ဆေးစီရင်ခြင်းမပြီးပြတ်သေးသောအမှုများတွင် ပစ္စည်းကိုထိန်းသိမ်းရေးအတွက်၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးအတွက်အမိန့်။
1,351,353
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကျူးလွန်ခဲ့ပုံပေါ်သည့် ပြစ်မှုနှင့်စပ်လျဉ်းသော၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ခြင်းအတွက် အသုံးပြုခဲ့ ပုံပေါ်သောပစ္စည်းကို၊ အမှုစစ်ဆေးစီရင်နေစဉ်အတွင်း၊ စစ်တရားရုံးရှေ့သို့ တင်ပြသောအခါ၊ ထိုစစ်တရားရုံးသည်၊ ထိုစစ်ဆေးစီရင်မှု မပြီးပြတ်သေးမီအတွင်းတွင်၊ ထိုပစ္စည်းကိုကောင်းမွန်စွာ ထိန်းသိမ်းရန်၊ မိမိသင့်တော်မည်ဟုထင်မြင်သော အမိန့်ကိုချမှတ်နိုင်သည်။
1,351,354
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထိုပစ္စည်းသည်၊ အလျင် အမြန်သော်၎င်း၊ ဓမ္မတာအတိုင်းသော်၎င်း၊ ပျက်စီးလွယ်သည့် ပစ္စည်းဖြစ်လျှင်၊ ထိုစစ်တရားရုံးသည်၊ လိုအပ်သည်ဟုထင်မြင်သော သက်သေခံကိုရေးမှတ်ပြီးနောက်၊ ထိုပစ္စည်းကို ရောင်းချရန်ဖြစ်စေ၊ အခြား နည်းဖြင့် စီမံခန့်ခွဲရန်ဖြစ်စေ၊ အမိန့်ချမှတ်နိုင်သည်။
1,351,355
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကျူးလွန်ပြီးပြစ်မှုနှင့်စပ်လျဉ်းသောပစ္စည်းကို စီမံခန့်ခွဲရန်အမိန့်။
1,351,356
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းပြီးဆုံးသည့်အခါ၊ ထိုစစ်တရားရုံး၊ သို့တည်းမဟုတ် ထို စစ်တရားရုံး၏ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အတည်ပြုသည့်အရာရှိ၊ သို့တည်း မဟုတ် ထိုအရာရှိ၏အထက်အာဏာပိုင်၊ သို့တည်းမဟုတ် ထိုစစ်တရားရုံးကို ဖွဲ့စည်းသည့်အရာရှိ၏ အထက်အာဏာပိုင်၊ သို့တည်းမဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အတည် ပြုရန်မလိုသည့် စစ်တရားရုံးအတွက်ဆိုသော်၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအတွင်း စစ်ဆေး စီရင်သောအမှုတွင်၊ တပ်မဟာအောက်မငယ်သောအဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိ၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထား သည့် အဖွဲ့အစည်းအောက် မငယ်သော အဖွဲ့အစည်းအတွင်း စစ်ဆေးစီရင်သောအမှုတွင်၊ ထိုအဖွဲ့အစည်း ကို ကွပ်ကဲသောအရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိက၊ စစ်တရားရုံးတွင်တင်ပြ ထားသည့်၊ သို့တည်းမဟုတ် စစ်တရားရုံးက ထိန်းသိမ်းထားသည့်၊ သို့တည်းမဟုတ် ကျူးလွန်ခဲ့ပုံပေါ် သည့်ပြစ်မှုနှင့်စပ်လျဉ်းသော၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ခြင်းအတွက် အသုံးပြုခဲ့သောပစ္စည်း ကိုဖြစ်စေ၊ စာတမ်းအမှတ်အသားကိုဖြစ်စေ၊ ဖျက်ဆီးခြင်း ဖြင့်သော်၎င်း၊ ဘဏ္ဍာတော်အဖြစ်သိမ်းယူ ခြင်းဖြင့်သော်၎င်း၊ လက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူ အားပေးအပ်ခြင်းဖြင့်သော်၎င်း၊ အခြားနည်း ဖြင့်သော်၎င်း၊ စီမံခန့်ခွဲရန် သင့်တော်သည်ဟု ထင်မြင်သည့် အမိန့်ကို ချမှတ်နိုင်သည်။
1,351,357
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ကျူးလွန်ခဲ့ပုံပေါ်သည့် ပြစ်မှုနှင့်စပ်လျဉ်းသည့် ပစ္စည်းနှင့်သက်ဆိုင်သော အမိန့်တခုခုကို ပုဒ်မခွဲ (၁) အရ ချမှတ်သည့်အခါ၊ စစ်ဆေးစီရင်ခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ပြည်ပတွင်ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ထိုပစ္စည်း အခါအားလျော်စွာ တည်ရှိရာနယ်နိမိတ်အတွင်း စီရင်ပိုင်ခွင့် အာဏာရှိသည့် ရာဇဝတ်တရားသူကြီးတဦးထံ၊ အဆိုပါအမိန့်ကို ချမှတ်သည့်အာဏာပိုင်က၊ ထိုအမိန့်၏ တာဝန်ခံ မိတ္တူတစောင်ကို လက်မှတ်ရေးထိုးပြီးပို့နိုင်သည်။
1,351,358
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထိုရာဇဝတ်တရားသူကြီးသည်၊ ရာဇဝတ် ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ ထိုအမိန့်ကို မိမိကချမှတ်သည့်အမိန့်ဖြစ်ဘိသကဲ့သို့ ပြီးမြောက် အောင် ဆောင်ရွက်ရမည်။
1,351,359
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
။ ဤပုဒ်မတွင် “ပစ္စည်း”ဆိုသည့်စကားရပ်၌ ကျူးလွန်ခဲ့ပုံပေါ်သော ပြစ်မှုနှင့် စပ်လျဉ်းသည့်ပစ္စည်းဖြစ်လျှင်၊ တဦးတယောက်သောသူ မူလလက်ရှိဖြစ်သော၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်သောပစ္စည်းသာမက၊ ထိုပစ္စည်းမှပြောင်းလဲလိုက်သည့်၊ သို့တည်းမဟုတ် ထိုပစ္စည်းနှင့် လဲလှယ်လိုက်သည့် ပစ္စည်းပါဝင်သည့်ပြင်၊ ထိုသို့ပြောင်းလဲခြင်းဖြင့်ဖြစ်စေ၊ လဲလှယ်ခြင်းဖြင့်ဖြစ်စေ၊ ချက်ခြင်းသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ရရှိသောပစ္စည်းလည်းပါဝင်သည်။
1,351,360
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရ မှုခင်းကိစ္စဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်းသည့် စစ်တရားရုံး၏ အာဏာများ။
1,351,361
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို၊ ရာဇသတ်ကြီး ပုဒ်မ ၁၉၃ နှင့် ၂၂၈ တို့၏ အဓိပ္ပါယ်အရ တရားစီရင်သော မှုခင်းကိစ္စတခုဖြစ်သည်ဟု မှတ်ယူရမည့်ပြင်၊ ထိုစစ်တရားရုံးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၈၀ နှင့် ၄၈၂ တို့၏ အဓိပ္ပါယ်အရ တရားရုံးဟု မှတ်ယူရမည်။
1,351,362
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၁၂။ အတည်ပြုခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း။
1,351,363
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဆုံးဖြတ်ခြင်းနှင့်ပြစ်ဒဏ်ချမှတ်ချက်တို့သည် အတည်မပြုမခြင်းမခိုင်လုံ။
1,351,364
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တခု၏ ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်သည်၊ ဤအက်ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း အတည်မပြုမခြင်းမခိုင်လုံ။
1,351,365
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးချုပ်၏ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို အတည်ပြုရန်အာဏာ။
1,351,366
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတက၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်က၊ သို့တည်းမဟုတ် နိုင်ငံတော် သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ ဤကိစ္စအလို့ငှါ အမိန့်စာဖြင့် အာဏာအပ်နှင်းထား သည့် အရာရှိတဦးဦးက၊ စစ်တရားရုံးချုပ်များ၏ ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုနိုင်သည်။
1,351,367
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တိုင်းစစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို အတည်ပြုရန်အာဏာ။
1,351,368
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးချုပ်တခုကိုဖွဲ့စည်းရန်အာဏာရ အရာရှိတဦးဦးက၊ သို့တည်းမဟုတ် ထိုအရာရှိက ဤကိစ္စအလို့ငှါ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသည့် အရာရှိတဦးဦးက တိုင်းစစ်တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြု နိုင်သည်။
1,351,369
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အတည်ပြုအာဏာပိုင်၏ အာဏာများကို ကန့်သတ်ခြင်း။
1,351,370
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၅၈၊ သို့တည်းမဟုတ် ပုဒ်မ ၁၅၉ အရ ထုတ်သည့်အမိန့်စာတွင် ထိုအမိန့်စာကိုထုတ်သည့် အာဏာပိုင်က သင့်တော်မည်ထင်သည့် ကန့်သတ်ချက်များ၊ ခြွင်းချက်များ၊ သို့တည်းမဟုတ် စည်းကမ်း ချက်များ ပါဝင်နိုင်သည်။
1,351,371
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို အတည်ပြုရန်အာဏာ။
1,351,372
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းသည့်အရာရှိက၊ အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များ နှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် ထိုအရာရှိက မိမိအထက် အာဏာပိုင်တဦးက အတည်ပြုလိမ့်မည်ဟုဖေါ်ပြလျှင်၊ ထိုအထက်အာဏာပိုင်က အတည်ပြုနိုင်သည်။
1,351,373
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ချမှတ်ချက်များကို လျှော့ပေါ့ရန်၊ လွတ်ငြိမ်းသက်သာခွင့်ပြုရန်၊ သို့တည်းမဟုတ် လျှော့ပေါ့ပြောင်းလဲရန် အတည်ပြုအာဏာပိုင်၏ အာဏာ။
1,351,374
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပုဒ်မ ၁၅၈၊ သို့တည်းမဟုတ် ပုဒ်မ ၁၅၉ အရ ထုတ်သည့် အမိန့်စာတွင်ပါဝင်သည့် ကန့်သတ် ချက်များ၊ ခြွင်းချက်များ၊ သို့တည်းမဟုတ် စည်းကမ်းချက်များအပြင်၊ ပုဒ်မခွဲ(၂)ပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်စေဘဲ၊ အတည်ပြုအာဏာပိုင်သည်၊ စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို အတည်ပြုသော အခါ၊ ထိုစစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်ကို လျော့နိုင်သည်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာ ခွင့်ပြုနိုင်သည်၊ သို့တည်းမဟုတ် ပုဒ်မ ၇၃ တွင်ဖေါ်ပြထားသည့် အချိုးအစားရှိ ပို၍နိမ့်သော ပြစ်ဒဏ်တခုခုနှင့်ဖြစ်စေ၊ ပြစ်ဒဏ်များနှင့်ဖြစ်စေ၊ ထိုပြစ်ဒဏ်ကို လျော့ပေါ့ပြောင်းလဲနိုင်သည်။
1,351,375
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) စစ်တရားရုံးကချမှတ်သည့် တကျွန်းပို့ဒဏ်ကို၊ ၎င်း၏ကာလထက်ပိုသည့် ကာလအတွက် ထောင်ဒဏ်နှင့် လျော့ပေါ့ပြောင်းလဲခြင်း မပြုလုပ်ရ။
1,351,376
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သင်္ဘောပေါ်တွင် ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုခြင်း။
1,351,377
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ သင်္ဘောတစင်းပေါ်တွင်ရှိနေစဉ် စစ်တရား ရုံးဖြင့်စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်အခါ၊ ထိုဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်ကို၊ ထိုသင်္ဘောပေါ်တွင်အတည်ပြုခြင်း၊ ဆောင်ရွက်ခြင်းမပြုရသေးပါက၊ ထိုသူအား ထိုသင်္ဘောဆိုက်သည့် ဆိပ်ကမ်းမြို့တွင် စစ်ဆေးစီရင်ဘိသကဲ့သို့ အတည်ပြု၍၊ ထိုသို့အတည်ပြုသည့်အတိုင်းဆောင်ရွက်ရမည်။
1,351,378
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်ကို ပြန်လည်ပြင်ဆင်ခြင်း။
1,351,379
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) အတည်ပြုချက်လိုသေးသည့် စစ်တရားရုံး၏ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ် ချမှတ်ချက်ကို၊ အတည်ပြုအာဏာပိုင်၏အမိန့်ဖြင့် ပြန်လည်ပြင်ဆင်ခြင်း တကြိမ်ပြုလုပ်နိုင် သည့်ပြင်၊ ထိုသို့ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုအာဏာပိုင်က ညွှန်ကြားလျှင်၊ ထိုစစ်တရားရုံးသည်၊ ညွှန်ကြား သည့်အတိုင်း နောက်ထပ်သက်သေခံချက် ယူနိုင်သည်။
1,351,380
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) မူလဆုံးဖြတ်ချက်ချမှတ်စဉ်က ရှိကြသည့်အရာရှိများအနက်၊ တဦးဦးမလွှဲမရှောင်သာ၍ ပျက်ကွက် သည်မှအပ၊ ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်ရာ၌၊ ထိုစစ်တရားရုံးတွင် ထိုအရာရှိများပါဝင်ရမည်။
1,351,381
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ထိုသို့မလွှဲမရှောင်သာသည့် ပျက်ကွက်ခြင်းမျိုးတွင်၊ ထိုသို့ပျက်ကွက်ရခြင်း၏ အကြောင်းပြချက်ကို၊ အမှုတွဲ၌ နည်းလမ်းတကျရေးသားလက်မှတ်ထိုးပြီးနောက်၊ ထိုစစ်တရားရုံးသည်၊ ပြန်လည်ပြင်ဆင်ခြင်း ကို ဆက်လက်ဆောင်ရွက်ရမည်။
1,351,382
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် စစ်တရားရုံးချုပ်တခုဖြစ်နေလျှင်၊ ထိုရုံးတွင် အရာရှိငါးဦး ပါဝင်လျက်ပင် ရှိနေရမည်၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တခုသော်၎င်း၊ တိုင်းစစ်တရားရုံး သော်၎င်း၊ ဖြစ်နေလျှင်၊ ထိုရုံးတွင်အရာရှိသုံးဦး ပါဝင်လျက်ပင် ရှိနေရမည်။
1,351,383
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်တွင်းစစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်။
1,351,384
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပုဒ်မခွဲ (၂) တွင် အတိအလင်းအခြားနည်း ပြဋ္ဌာန်းထားသည်မှတပါး၊ တပ်တွင်း စစ်တရားရုံး၏ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်ကို အတည်ပြုရန်မလိုသည့်ပြင်၊ ထိုဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို ချက်ခြင်းဆောင်ရွက်နိုင်သည်။
1,351,385
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) စစ်ဆေးစီရင်ခြင်းကိုပြုလုပ်သည့် အရာရှိသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ် စစ်မှုထမ်းသက် ငါးနှစ် အောက်လျော့သူဖြစ်လျှင်၊ တန်းပြည့်စစ်မှုထမ်းချိန်မှတပါး၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ အောက်မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိ၏၊ သို့တည်းမဟုတ် အခြားသတ်မှတ်ထားသည့် အရာရှိ၏သဘောတူညီချက်ကို မရမခြင်း၊ ထိုအရာရှိသည်၊ ပြစ်ဒဏ်ချမှတ်ချက်ကို ပြီးမြောက်အောင်မဆောင်ရွက်ရ။
1,351,386
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တပ်တွင်းစစ်တရားရုံး၏ အမှုတွဲများကိုပေးပို့ခြင်း။
1,351,387
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကြည်းတပ်အတွက်ဆိုလျှင်၊ တပ်မဟာအတွင်းစစ်ဆေးစီရင်သောအမှုဖြစ်ပါက၊ တပ်မဟာ အောက်မငယ်သော အဖွဲ့အစည်းကိုကွပ်ကဲသည့်အရာရှိထံ၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက် ဆိုလျှင်၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက် မငယ်သော အဖွဲ့အစည်းအတွင်း စစ်ဆေးစီရင်သောအမှုဖြစ်ပါက၊ ထိုအဖွဲ့အစည်းကို ကွပ်ကဲသော အရာရှိထံ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောအရာရှိထံ၊ တပ်တွင်းစစ်တရားရုံးအသီးသီး၏ အမှုတွဲကို ကြန့်ကြာခြင်းမရှိဘဲပို့ရမည်။
1,351,388
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုအရာရှိက၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီး ချုပ်က၊ ဤကိစ္စအလို့ငှါ အာဏာအပ်နှင်းထားသည့်အရာရှိက၊ အမှု၏အရည်အသွားကို မထိခိုက်သည့်အ ကြောင်းများသက်သက်ကိုအခြေမပြုဘဲ၊ အမှု၏အရည်အသွားကိုသာ အခြေပြု၍၊ မှုခင်းကိစ္စ ဆောင်ရွက်ချက်များကို ပယ်ဖျက်နိုင်သည်၊ သို့တည်းမဟုတ် ထိုစစ်တရားရုံးက ချမှတ်နိုင်မည့် အခြား ပြစ်ဒဏ်တခုခုသို့ ထိုပြစ်ဒဏ်ကို လျှော့ချနိုင်သည်။
1,351,389
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အချို့အမှုများတွင်ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်ကို ပြောင်းလဲခြင်း။
1,351,390
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) အတည်ပြုပြီးသော၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသော စစ်တရားရုံး၏ အပြစ်ရှိ သည်ဆိုသည့် ဆုံးဖြတ်ချက်တရပ်မှာ၊ အကြောင်းတခုခုကြောင့် မခိုင်လုံဟုတွေ့ရှိသည့်အခါ၊ သို့တည်း မဟုတ် သက်သေခံအထောက်အထားမရှိသည့်အခါ၊ ထိုဆုံးဖြတ်ချက်ခိုင်လုံသည်ဖြစ်ခဲ့လျှင် ထိုက်သင့်စေ သည့်ပြစ်ဒဏ်ကို ပုဒ်မ ၁၈၂ အရ၊ လျှော့ပေါ့ပြောင်းလဲရန် အာဏာရှိမည့်အာဏာပိုင်က ထိုဆုံးဖြတ်ချက် အစား ဆုံးဖြတ်ချက်အသစ်တခုကို ချမှတ်နိုင်သည့်ပြင်၊ ထိုဆုံးဖြတ်ချက်အသစ်တွင် သီးခြားဖေါ်ပြသည့် ပြစ်မှုအတွက်သော်၎င်း၊ ထိုဆုံးဖြတ်ချက်အသစ်တွင် ပေါ်လွင်သည့်ပြစ်မှုအတွက်သော်၎င်း၊ ပြစ်ဒဏ် ချမှတ်နိုင်သည်။
1,351,391
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် စွဲချက်အရ ထိုစစ်တရားရုံးက ခိုင်လုံစွာချမှတ်နိုင်မည့် ဆုံးဖြတ်ချက်မျိုးမဟုတ်သည့်ပြင်၊ အဆိုပါပြစ်မှုကို ထင်ရှားစေသည့်အကြောင်းခြင်းရာများရှိကြောင်း ထိုစစ်တရားရုံးက ကြေနပ်နိုင် ဘွယ်ရှိပုံလည်းမပေါ်လျှင်၊ ယင်းသို့အစားထိုးခြင်းကို မပြုလုပ်ရ။
1,351,392
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ပုဒ်မခွဲ (၁) အရ အစားထိုးသည့် ဆုံးဖြတ်ချက်အသစ်နှင့်အညီ ချမှတ်သည့်ပြစ်ဒဏ်မဟုတ်ဘဲ၊ အတည်ပြုပြီးဖြစ်သော၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသော စစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ် မှာ အကြောင်းတခုခုကြောင့် မခိုင်လုံဟုတွေ့ရှိသည့်အခါ၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် အာဏာ ပိုင်သည်၊ ခိုင်လုံသည့်ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။
1,351,393
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) ပုဒ်မခွဲ(၁)၊ သို့တည်းမဟုတ် ပုဒ်မခွဲ(၂) အရ ချမှတ်သည့်ပြစ်ဒဏ်သည်၊ ဤပုဒ်မအရ ပြစ်ဒဏ် ချမှတ်ချက်အသစ်တခုဖြင့် အစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မပိုစေရ၊ သို့တည်းမဟုတ် ပြစ်ဒဏ်များ အချိုးအစားတွင် ထိုအစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မမြင့်စေရ။
1,351,394
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) ဤပုဒ်မအရ အစားထိုးသည့် ဆုံးဖြတ်ချက်တခုခု၊ သို့တည်းမဟုတ် ချမှတ်သည့် ပြစ်ဒဏ်တခုခု သည်၊ ဤအက်ဥပဒေနှင့် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများ၏ကိစ္စများအလို့ငှာ၊ စစ်တရားရုံး ၏ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက် ဖြစ်ဘိသကဲ့သို့ အကျိုးသက်ရောက်စေရမည်။
1,351,395
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံး၏အမိန့်၊ ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်နှင့်စပ်လျဉ်း၍ ကာကွယ်ခွင့်၊ ရယူခွင့်။
1,351,396
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်၊ မိမိအား စစ်တရားရုံးချမှတ်သောအမိန့်က နစ်နာစေ သည်ဟုယူဆလျှင်၊ ထိုစစ်တရားရုံး၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အတည်ပြုရန် အာဏာအပ်နှင်းခြင်းခံရသည့်အရာရှိ၊ သို့တည်းမဟုတ် အာဏာပိုင်ထံ လျှောက်လွှာတင် နိုင်သည့်ပြင်၊ ချမှတ်သည့်ထိုအမိန့် မှန် မမှန်တရားဥပဒေနှင့် ညီမညီ၊ သင့်လျော်အပ်စပ်ခြင်းရှိ မရှိနှင့် စပ်လျဉ်း၍၊ သို့တည်းမဟုတ် ထိုအမိန့်နှင့်စပ်ဆိုင်သည့် မှုခင်းကိစ္စဆောင်ရွက်ခြင်းတွင် နည်းလမ်းကျ မကျနှင့်စပ်လျဉ်း၍ ကြေနပ်အောင်၊ လိုအပ်သည်တို့ကို ထိုအတည်ပြုအာဏာပိုင်က ဆောင်ရွက်နိုင်သည်။
1,351,397
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိအားစစ်တရားရုံး၏ ဆုံးဖြတ်ချက်ကဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကဖြစ်စေ၊ နစ်နာစေသည်ဟုယူဆလျှင်၊ အတည်ပြုအရာရှိထံသော်၎င်း၊ တပ်တွင်း စစ်တရားရုံးတရုံးအတွက်ဖြစ်ပါက ပြန်လည်သုံးသပ်ရေး အာဏာပိုင်ထံသော်၎င်း၊ လိုက်နာရမည့် လမ်းစဉ် အတိုင်းလျှောက်လွှာတင်နိုင်သည့်ပြင်၊ နိုင်ငံတော်သမတသည်၊ သို့တည်းမဟုတ် ကာကွယ်ရေး ဦးစီးချုပ်သည်၊ သို့တည်းမဟုတ် မှုခင်းကိစ္စကို အတည်ပြုသည့်အရာရှိထက် ကွပ်ကဲမှုတွင် တဆင့်မြင့် သောအရာရှိသည်၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးအတွက်ဖြစ်ပါက ပုဒ်မ ၁၆၆ အရ၊ ထိုမှုခင်း ကိစ္စကို ပြန်လည်သုံးသပ်သည့်အရာရှိသည်၊ ထိုမှုခင်းကိစ္စတွင် မိမိသင့်တော်မည်ထင်သည့်အမိန့်ကို ချမှတ်နိုင်သည်။
1,351,398
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
မှုခင်းကိစ္စဆောင်ရွက်ခြင်းများကို ပယ်ဖျက်ခြင်း။
1,351,399
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတ၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် သတ်မှတ်ထား သည့်အရာရှိသည်၊ တရားဥပဒေနှင့်မညီဆိုသည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားမျှတမှုမရှိဆိုသည့် အကြောင်း ပြချက်ဖြင့်ဖြစ်စေ၊ မှုခင်းကိစ္စဆောင်ရွက်ခြင်းများကို ပယ်ဖျက်နိုင်သည်၊ သို့တည်းမဟုတ် စစ်တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်နိုင်သည်။
1,351,400
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၁၃။ ပြစ်ဒဏ်ချမှတ်ချက်များကို ဆောင်ရွက်ခြင်း။