id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,351,401
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သေဒဏ်ချမှတ်နည်း။
1,351,402
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးတရုံးသည်၊ သေဒဏ်ချမှတ်သည့်အခါ၊ ပြစ်မှုကျူးလွန်သူအား၊ လည်ပင်းကြိုးတပ် ၍ မသေမခြင်းကြိုးဆွဲချ သတ်ရမည်ဟု၊ သို့တည်းမဟုတ် သေနတ်ဖြင့် မသေမခြင်းပစ်သတ်ရမည်ဟု၊ ထိုစစ်တရားရုံး၏ သဘောအတိုင်း ညွှန်ကြားရမည်။
1,351,403
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်စတင်ခြင်း။
1,351,404
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရ၊ သူတဦးအား စစ်တရားရုံးက တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်သောအခါ ထိုပြစ်ဒဏ်ချမှတ်ချက်ကို ပြန်လည်ပြင်ဆင်သည်ဖြစ်စေ၊ ပြန်လည်မပြင်ဆင်သည် ဖြစ်စေ၊ ထိုတကျွန်းပို့ဒဏ် သို့တည်းမဟုတ် ထောင်ဒဏ်သည်၊ စစ်တရားရုံး ဥက္ကဋ္ဌက သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးတရုံးအတွက်ဖြစ်ပါက၊ ထိုစစ်တရားရုံးက၊ မူရင်းအမှုတွဲတွင် လက်မှတ်ရေးထိုး သည့်နေ့ရက်မှ စတင်သည်ဟုရေတွက်ရမည်။
1,351,405
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တကျွန်းပို့ဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။
1,351,406
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရ၊ တကျွန်းပို့ဒဏ်ကိုချမှတ်သည့်အခါ၊ သို့တည်းမဟုတ် သေဒဏ်ကို တကျွန်းပို့ဒဏ်သို့ လျှော့ပေါ့ပြောင်းလဲသည့်အခါ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၏တပ်မှူးက၊ သို့တည်းမ ဟုတ် သတ်မှတ်ထားသည့်အခြားအရာရှိက၊ ထိုသူကိုချုပ်ထားရမည်ဖြစ်သော နယ်ဘက်အကျဉ်းထောင် အုပ်ချုပ်သည့်အရာရှိထံ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဝရမ်းတစောင်ပေးပို့ရမည့်ပြင်၊ ထိုသူကို ဝရမ်း နှင့်အတူတကွ ထိုနယ်ဘက် အကျဉ်းထောင်သို့ပို့ရန် စီစဉ်ရမည်။
1,351,407
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထောင်ဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။
1,351,408
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေအရ စစ်တရားရုံးက ထောင်ဒဏ်ချမှတ်သည့်အခါ၊ သို့တည်းမဟုတ် သေဒဏ်ကိုဖြစ်စေ၊ တကျွန်းပို့ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်သို့လျှော့ပေါ့ပြောင်းလဲချမှတ်သည့်အခါ၊ ပုဒ်မခွဲ (၃) နှင့် (၄) တွင် အခြားနည်း ပြဋ္ဌာန်းထားသည်မှ တပါး၊ စစ်ဘက်အကျဉ်းထောင်တွင် ချုပ်ထား ခြင်းဖြင့်ဖြစ်စေ၊ နယ်ဘက်အကျဉ်းထောင်တွင် ချုပ်ထား ခြင်းဖြင့်ဖြစ်စေ၊ ထိုထောင်ဒဏ်ချမှတ်ချက်ကို ကျခံစေရမည်ဟုအတည်ပြုအရာရှိက၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးအတွက်ဖြစ်ပါက ထိုစစ် တရားရုံး၊ ရုံးထိုင်သည့်အရာရှိက၊ သို့တည်းမဟုတ် သတ်မှတ်ထားသည့် အခြားအရာရှိက ညွှန်ကြား ရမည်။
1,351,409
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ပုဒ်မခွဲ(၁) အရ ညွှန်ကြားချက်ပေးပြီးသည့်အခါ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို ကွပ်ကဲသည့်အရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသည့်အခြားအရာရှိက၊ ထိုသူကိုချုပ်ထားရမည်ဖြစ်သော အကျဉ်းထောင် အုပ်ချုပ်သည့်အရာရှိထံ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဝရမ်းတစောင်ပေးပို့ရမည့်ပြင်၊ ထိုသူကို၊ ဝရမ်း နှင့်အတူတကွ၊ ထိုအကျဉ်းထောင်သို့ပို့ရန် စီစဉ်ရမည်။
1,351,410
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) စစ်တရားရုံးက ဤအက်ဥပဒေအရ၊ ချမှတ်သည့် သုံးလထက်မပိုသော ထောင်ဒဏ်အတွက်ဖြစ် ပါက၊ နယ်ဘက်အကျဉ်းထောင်၊ သို့တည်းမဟုတ် စစ်ဘက်အကျဉ်းထောင်အစား၊ စစ်ဘက်အချုပ်တွင် ချုပ်ထားခြင်းဖြင့်၊ ထိုထောင်ဒဏ်ချမှတ်ချက်ကိုကျခံစေရမည်ဟု ပုဒ်မခွဲ (၁) တွင် ဖေါ်ပြသည့် သက်ဆိုင် ရာအရာရှိက ညွှန်ကြားနိုင်သည်။
1,351,411
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်မြေပြင်ရှိတပ်ဖွဲ့များကို ကွပ်ကဲသည့်အရာရှိက၊ အခါအားလျော်စွာ သီးခြားဖေါ်ပြသည့်နေရာ၌ ချုပ်ထားခြင်းဖြင့်၊ ချမှတ်သောထောင်ဒဏ်ကိုကျခံစေနိုင်သည်။
1,351,412
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်မှုကျူးလွန်သူကို ယာယီချုပ်ထားခြင်း။
1,351,413
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တကျွန်းဒဏ်ကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို၊ နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရမည် ဟု ညွှန်ကြားသည့်အခါ၊ နယ်ဘက်အကျဉ်းထောင်သို့မပို့နိုင်သေးမီ၊ စစ်ဘက်အကျဉ်းထောင်တွင်ဖြစ်စေ၊ စစ်ဘက်အချုပ်တွင်ဖြစ်စေ၊ သင့်တော်သည့်အခြားနေရာတွင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သူကိုထားနိုင်သည်။
1,351,414
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အထူးကိစ္စများတွင် ထောင်ဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။
1,351,415
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထောင်ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်၏တစိတ်တဒေသကိုဖြစ်စေ၊ ပုဒ်မ ၁၇၃ ပါပြဋ္ဌာန်းချက်များ နှင့်အညီ၊ စစ်ဘက်အကျဉ်းထောင်တွင်သော်၎င်း၊ စစ်ဘက်အချုပ်တွင်သော်၎င်းအကြောင်းထူးများ ကြောင့်၊ လွယ်ကူစွာကျခံစေနိုင်မည်မဟုတ်ဟု ကြည်းတပ်အတွက်ဖြစ်ပါက တပ်မဟာအောက်မငယ် သောအဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့်တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသော အရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိက ထင်မြင်ယူဆသောအခါ၊ နယ်ဘက် အကျဉ်းထောင်တွင်ဖြစ်စေ၊ သင့်တော်သည့်အခြားနေရာတွင်ဖြစ်စေ၊ ချုပ်ထားခြင်းအားဖြင့်၊ ထိုထောင် ဒဏ်ကိုသော်၎င်း၊ ထိုထောင်ဒဏ်၏ တစိတ်တဒေသကိုသော်၎င်း၊ ကျခံစေရမည်ဟု ထိုအရာရှိက၊ ညွှန် ကြားနိုင်သည်။
1,351,416
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တကျွန်းပို့ဒဏ်ချမှတ်ခြင်းခံရသည့် ပြစ်မှုကျူးလွန်သူများနှင့်ပတ်သက်၍ ကျွန်းသို့မပို့သေးမီ ဆောင်ရွက်နည်း။
1,351,417
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရ တကျွန်းပို့ဒဏ်ချမှတ်သည့်အမှုတိုင်းတွင် ပြစ်မှုကျူးလွန်သူကို၊ ကျွန်းသို့မပို့ ရသေးမီ၊ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခြင်းခံရဘိသကဲ့သို့၊ ထိုသူအား၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံစေရမည်။
1,351,418
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် အဆိုပါအလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံနေရသည့် ကာလကိုလည်း တကျွန်းပို့ ဒဏ်ခံနေရသည့် ကာလကဲ့သို့မှတ်ယူရမည်။
1,351,419
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အကျဉ်းသားကို တနေရာမှ တနေရာသို့ယူဆောင်ခြင်း။
1,351,420
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်ခြင်းခံရသူကို၊ တနေရာမှတနေရာသို့ယူ ဆောင်သွားနေစဉ်၊ ထိုသူအား လုံခြုံစွာယူဆောင်ရေးနှင့် ရွှေ့ပြောင်းရေးအတွက် လိုအပ်သည့်ချုတ်ချယ် မှုမျိုးပြုနိုင်သည်။
1,351,421
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အချို့အမိန့်များနှင့်စပ်လျဉ်း၍ အကျဉ်းထောင်အရာရှိများထံ အကြောင်းကြားခြင်း။
1,351,422
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တဦးတယောက်သောသူအား၊ နယ်ဘက်အကျဉ်းထောင်၊ သို့တည်းမဟုတ် စစ်ဘက်အကျဉ်း ထောင်တွင်ကျခံစေသည့်ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ၊ ဝရမ်းကိုဖြစ်စေ၊ ပယ်ဖျက်သည့်၊ သို့တည်းမဟုတ် ပြောင်းလဲသည့်အမိန့်ကို၊ ဤအက်ဥပဒေအရ နည်းလမ်းတကျထုတ်သည့်အခါ၊ ထိုအ မိန့် ထုတ်သည့်အရာရှိကသော်၎င်း၊ ထိုအရာရှိ၏ ဦးစီးအရာရှိကသော်၎င်း၊ သတ်မှတ်ထားသော အခြား အရာရှိကသော်၎င်း၊ ထုတ်သည့်အမိန့်နှင့်အညီ ဝရမ်းတစောင်ကို၊ ထိုသူအားချုပ်ထားသည့် အကျဉ်း ထောင် အုပ်ချုပ်သောအရာရှိထံပို့ရမည်။
1,351,423
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ငွေဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။
1,351,424
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်တရားရုံးက၊ ပုဒ်မ ၇၁ အရငွေဒဏ်ချမှတ်သောအခါ၊ စစ်ဆေးစီရင်ခြင်းကို၊ ပြည်ထောင် စုမြန်မာနိုင်ငံအတွင်းတွင် ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ပြင်ပတွင်ပြုလုပ်ခဲ့သည်ဖြစ်စေ၊ အတည်ပြု အရာရှိက၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသည့်အခါ၊ စစ်ဆေးစီရင်ခြင်းကို ပြုလုပ်သည့် အရာရှိကလက်မှတ် ရေးထိုးသော ထိုပြစ်ဒဏ်ချမှတ်ချက်၏ တာဝန်ခံမိတ္တူတစောင်ကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်တရားသူကြီးတဦးထံပို့နိုင်သည့်ပြင်၊ ထိုပြစ်ဒဏ်ချမှတ်ချက်၏ တာဝန်ခံ မိတ္တူကိုရရှိသည့်အခါ၊ ထိုရာဇဝတ်တရားသူကြီးသည်၊ ထိုငွေဒဏ်မှာ၊ မိမိချမှတ်သော ငွေဒဏ်ဖြစ်ဘိ သကဲ့သို့၊ ရာဇဝတ် ကျင့်ထုံးဥပဒေပါ ဒဏ်ငွေကောက်ခံခြင်းနှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီ၊ ထိုဒဏ်ငွေကို ကောက်ခံစေရမည်။
1,351,425
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်ဘက်အကျဉ်းထောင်များထားရှိခြင်း။
1,351,426
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ အဆောက်အအုံတခုခုကိုဖြစ်စေ၊ အဆောက်အအုံ၏ အစိတ်အပိုင်းတခုခုကိုဖြစ်စေ၊ နေရာတခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ထောင် ဒဏ်ချမှတ်ခြင်းခံရသူများ ချုပ်ထားရန်အတွက်၊ စစ်ဘက်အကျဉ်း ထောင်အဖြစ် သီးသန့်ထားရှိနိုင် သည်။
1,351,427
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အမိန့်၊ သို့တည်းမဟုတ် ဝရမ်းတွင်စည်းကမ်းမကျခြင်း၊ မှားယွင်းခြင်း။
1,351,428
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရ၊ တဦးတယောက်သောသူအား၊ တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင် ဒဏ်ချမှတ်သည့်ပြင်၊ ဤအက်ဥပဒေနှင့်အညီ ထုတ်သည့်အမိန့်အရဖြစ်စေ၊ ဝရမ်းအရဖြစ်စေ၊ ထိုသူအား ချုပ်ထားရမည့်နေရာတွင်၊ သို့တည်းမဟုတ် ထိုသူအား ချုပ်ထားရမည့် နည်းလမ်းအတိုင်း ထိုသူပြစ်ဒဏ် ခံနေရသည့်အခါ၊ အမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားဖြင့် ပေးအပ်သည့်အာ ဏာအရဖြစ်စေ၊ အမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားဖြင့် ပေးအပ်သည့်အာဏာ အရ ဆောင်ရွက်ရာ၌ဖြစ်စေ၊ ထိုသူအား ထိုနေရာတခုခုသို့ ယူဆောင် စေခဲ့ခြင်းသည်၊ သို့တည်းမဟုတ် ထိုနေရာတခုခုတွင်ချုပ်ထားစေခဲ့ခြင်းသည်၊ အဆိုပါအမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်း အမှတ်အသား စည်းကမ်းမကျသည့် အကြောင်း ကြောင့်သာဖြစ်စေ၊ အဆိုပါ အမိန့်၊ ဝရမ်း၊ သို့တည်း မဟုတ် အခြားစာတမ်းအမှတ်အသားတွင် မှားယွင်းချက်ပါရှိသည့် အကြောင်းကြောင့်သာဖြစ်စေ၊ တရား ဥပဒေနှင့်မညီဟုမမှတ်ယူရ။
1,351,429
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် အဆိုပါအမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ် အသားကို လိုအပ်သည့်အတိုင်း ပြင်ဆင်နိုင်သည်။
1,351,430
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၁၄။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့် ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်းများ။
1,351,431
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်။
1,351,432
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပြစ်မှုတခုခုအတွက် စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါ၊ နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ ထိုသူသည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အချိန်၌၊ ကြည်းတပ်အတွက်ဖြစ်ပါက တပ်မဟာအောက်မငယ်သော အဖွဲ့အစည်းတခုတွင် အမှုထမ်းရွက်နေသော်၊ ထိုအဖွဲ့အစည်းကို ကွပ်ကဲသောအရာရှိ၊ ရေတပ်၊ သို့တည်း မဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ(ကြည်းတပ်)နှင့်တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းတွင် အမှုထမ်းရွက်နေသော်၊ ထိုအဖွဲ့အစည်းကိုကွပ်ကဲသော အရာရှိအတည်ပြုနိုင်သည့် ပြစ်ဒဏ်ချမှတ်ချက်၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသည့် ပြစ်ဒဏ် ချမှတ်ချက်အတွက်ဆိုလျှင်၊ ထိုအရာရှိကဖြစ်စေ၊ သတ်မှတ်ထားသော အရာရှိကဖြစ်စေ-
1,351,433
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ပြစ်ဒဏ်ချမှတ်ခြင်းခံရသူက လက်ခံသော စည်းကမ်းချက်များနှင့်ဖြစ်စေ၊ ထိုစည်းကမ်းချက်များ မပါရှိဘဲဖြစ်စေ၊ ထိုသူအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်၊ သို့တည်းမဟုတ် ချမှတ်သည့် ပြစ်ဒဏ်တခုလုံးကိုဖြစ်စေ၊ ထိုပြစ်ဒဏ်၏ တစိတ်တဒေသကိုဖြစ်စေ၊ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင် သည်၊ သို့တည်းမဟုတ်
1,351,434
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ချမှတ်သောပြစ်ဒဏ်ကို ပေါ့လျော့စေနိုင်သည်၊ သို့တည်းမဟုတ်
1,351,435
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) ချမှတ်သော ပြစ်ဒဏ်ကို၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်တခုခုနှင့်၊ သို့တည်းမဟုတ် လျော့သောပြစ်ဒဏ်များနှင့် လျော့ပေါ့ပြောင်းလဲနိုင်သည်။
1,351,436
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် စစ်တရားရုံးက ချမှတ်သည့်တကျွန်းပို့ဒဏ်ကို၊ ၎င်း၏ကာလထက်ပိုသည့်ကာလအတွက် ထောင်ဒဏ်နှင့် လျော့ပေါ့ ပြောင်းလဲခြင်းမပြုလုပ်ရ၊ သို့တည်းမဟုတ်
1,351,437
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) ပြစ်ဒဏ်ချမှတ်ခြင်းခံရသူက လက်ခံသောစည်းကမ်းချက်များနှင့်ဖြစ်စေ၊ ထိုစည်းကမ်းချက်များ မပါရှိဘဲဖြစ်စေ၊ ထိုသူအား ကတိထားစေ၍ လွှတ်နိုင်သည်။
1,351,438
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ကတိထားစေ၍ စည်းကမ်းချက်ခြင်းလွှတ်ခြင်း၊ သို့တည်းမဟုတ် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ကို ဖျက်သိမ်းခြင်း။
1,351,439
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) တဦးတယောက်သောသူအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ သို့တည်းမဟုတ် ကတိထားစေ၍လွှတ်ခြင်း၊ သို့တည်းမဟုတ် ပြစ်ဒဏ်ကိုလွတ်ငြိမ်းသက်သာခွင့်ပေးခြင်းနှင့် သက်ဆိုင် သည့် စည်းကမ်းချက်တခုခုကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သည်ဟု၊ လွတ်ငြိမ်းချမ်းသာခွင့်ပေး သည့်၊ ကတိထားစေ၍လွှတ်သည့်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးသည့် အာဏာပိုင်က ထင်မြင်ယူဆလျှင်၊ ထိုအာဏာပိုင်သည်၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ကတိထားစေ၍လွှတ်ခြင်း၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းကိုဖျက်သိမ်းနိုင်သည်။
1,351,440
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ထိုသို့ဖျက်သိမ်းသည့် အခါ၊ ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်၊ ကတိထားစေ၍လွှတ်ခွင့်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာ ခွင့်ကို မပေးဘိသကဲ့သို့၊ ထိုစစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို ကျခံစေရမည်။
1,351,441
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ကျခံရသူတဦးဖြစ်လျှင်၊ ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များအရ စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို ကျခံစေသည့်အခါ၊ ထိုတကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်၏ ကျန်ရှိနေသေးသည့် အစိတ်အပိုင်းကိုသာ ကျခံစေရမည်။
1,351,442
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်ကိုလျှော့ချခြင်း။
1,351,443
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၇၉ ပါပြဋ္ဌာန်းချက်များအရ၊ အရာခံဗိုလ်တဦးကို၊ သို့တည်းမဟုတ် အကြပ်တဦးကို တပ်သားအဆင့်သို့ လျှော့ချလိုက်သည်ဟု မှတ်ယူရသည့်အခါ၊ ပုဒ်မ ၁၈၂ ၏ ကိစ္စအလို့ငှါ ယင်းသို့ လျှော့ချခြင်းကို၊ စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်အရ ကျခံစေ သည့် ပြစ်ဒဏ်ကဲ့သို့ မှတ်ယူရမည်။
1,351,444
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်ကိုဆိုင်းငံ့ထားခြင်း။
1,351,445
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ဤအက်ဥပဒေကိုလိုက်နာရသူတဦးအား၊ စစ်တရားရုံးတရုံးက တကျွန်းပို့ဒဏ်ကိုသော်၎င်း၊ ထောင်ဒဏ်ကိုသော်၎င်း၊ ချမှတ်သည့်အခါ၊ ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းထောင်၊ သို့တည်းမဟုတ် စစ်ဘက်အချုပ်သို့ပို့ပြီးသည်ဖြစ်စေ၊ မပို့ရသေးသည်ဖြစ်စေ၊ နိုင်ငံတော်သမတက၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်က၊ သို့တည်းမဟုတ် စစ်တရားရုံးချုပ်ကိုဖြစ်စေ၊ အကျဉ်းစစ် တရားရုံးချုပ်ကို ဖြစ်စေ၊ ဖွဲ့စည်းရန် အာဏာအပ်နှင်းထားသည့် အရာရှိက ပြစ်ဒဏ်ချမှတ်ချက်ကို ဆိုင်းငံ့ထားနိုင်သည်။
1,351,446
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ထိုသို့ပြစ်ဒဏ်ချမှတ်ချက်ကိုဆိုင်းငံ့ထားရန် အမိန့်ချမှတ်ခြင်းခံရသည့် ပြစ်မှုကျူးလွန်သူတဦးအ တွက်ဖြစ်ပါက၊ ပုဒ်မခွဲ (၁) တွင် သီးခြားဖေါ်ပြထားသည့် အာဏာပိုင်သည်၊ သို့တည်းမဟုတ် အရာရှိ သည်၊ မိမိ၏အမိန့်များကိုမရမခြင်း ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းထောင်သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ ဖြစ်စေ၊ မပို့ရဟု ညွှန်ကြားနိုင်သည်။
1,351,447
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) အတည်ပြုပြီးသော၊ လျှော့ချပြီးသော၊ သို့တည်းမဟုတ် လျှော့ပေါ့ပြောင်းလဲပြီးသော၊ ထိုပြစ်ဒဏ် ချမှတ်ချက် မျိုးနှင့်စပ်လျဉ်းသည့်ကိစ္စတွင်၊ ပုဒ်မခွဲ (၁) နှင့် (၂) ဖြင့် အပ်နှင်းထားသည့် အာဏာများကို သုံးစွဲနိုင်သည်။
1,351,448
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်း မပြုလုပ်ရသေးမီ ချမှတ်သည့်အမိန့်များ။
1,351,449
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပုဒ်မ ၁၈၅ တွင်ရည်ညွှန်းသည့် ပြစ်ဒဏ်ချမှတ်ချက်ကို တပ်တွင်းစစ်တရားရုံးမှတပါး၊ အခြားစစ်တရားရုံးက ချမှတ်သည့်ကိစ္စတွင်၊ အတည်ပြုအရာရှိသည်၊ ထိုပြစ်ဒဏ်ချမှတ်ချက်ကို အတည် ပြုသောအခါ၊ အဆိုပါပုဒ်မတွင်သီးခြားဖေါ်ပြထားသည့် အာဏာပိုင်၊ သို့တည်းမဟုတ် အရာရှိ၏ အမိန့်များကိုမရမခြင်း ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းထောင်သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ဖြစ်စေ၊ မပို့ရဟု ညွှန်ကြားနိုင်သည်။
1,351,450
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) တပ်တွင်းစစ်တရားရုံးက ထောင်ဒဏ်ချမှတ်သည့်ကိစ္စတွင်၊ စစ်ဆေးစီရင်ခြင်းကိုပြုလုပ်သည့် အရာရှိကသော်၎င်း၊ ပုဒ်မ ၁၆၅ ၏ ပုဒ်မခွဲ (၂) အရ ပြစ်ဒဏ်ချမှတ်ချက်ကို သဘောတူညီရန် အာဏာ အပ်နှင်းခြင်းခံရသောအရာရှိကသော်၎င်း၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းသည့် ညွှန်ကြားချက်ကို ထုတ်နိုင် သည်။
1,351,451
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ချမှတ်ချက် ဆိုင်းငံ့ထားသောအခါလွှတ်ခြင်း။
1,351,452
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၈၅ အရ၊ ပြစ်ဒဏ်ချမှတ်ချက်ကို ဆိုင်းငံ့ထားသောအခါ၊ ပြစ်မှုကျူးလွန်သူကို အချုပ်မှ ချက်ခြင်း လွှတ်ရမည်။
1,351,453
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်း၏ ကာလအပိုင်းအခြားတွက်စစ်နည်း။
1,351,454
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
၁၈၈။ ။
1,351,455
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားသည့် ကာလအပိုင်းအခြားကို ထိုပြစ်ဒဏ်ချမှတ်ချက်ပါကာလ၏ တစိတ် တဒေသအဖြစ် ရေတွက်ရမည်။
1,351,456
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားပြီးသည့်နောက် ထုတ်သည့်အမိန့်။
1,351,457
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၈၅ တွင်သီးခြားဖေါ်ပြထားသော အာဏာပိုင်ကသော်၎င်း၊ အရာရှိကသော်၎င်း၊ ပြစ်ဒဏ်ချမှတ်ချက်၊ ဆိုင်းငံ့ထားစဉ်၊ မည်သည့်အချိန်တွင်မဆို-
1,351,458
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ပြစ်မှုကျူးလွန်သူအား၊ ပြစ်ဒဏ်၏ ကျန်ရှိနေသေးသည့်အစိတ်အပိုင်းကို ကျခံရန်ပို့ရမည်ဟု အမိန့် ထုတ်နိုင်သည်၊ သို့တည်းမဟုတ်
1,351,459
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေးသည်ဟု အမိန့်ထုတ်နိုင်သည်။
1,351,460
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားပြီးသည့်နောက် အမှုကိုပြန်လည်စဉ်းစားခြင်း။
1,351,461
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) ပြစ်ဒဏ်ချမှတ်ချက် ဆိုင်းငံ့ထားရာတွင် ပုဒ်မ ၁၈၅ ပါသီးခြားဖေါ်ပြထားသော အာဏာပိုင် ကဖြစ်စေ၊ အရာရှိကဖြစ်စေ၊ သို့တည်းမဟုတ် ပုဒ်မ ၁၈၅ ပါသီးခြားဖေါ်ပြထားသည့် အာဏာပိုင်ကသော် ၎င်း၊ အရာရှိကသော်၎င်း၊ နည်းလမ်းတကျအာဏာပေးအပ်ထားသည့် ဗိုလ်ချုပ်တဦးဦးကဖြစ်စေ၊ ဗိုလ်မှူးအဆင့်အောက်မနိမ့်သော အခြားအရာရှိတဦးဦးကဖြစ်စေ၊ မည်သည့်အချိန်မဆို အမှုကိုပြန် လည်စဉ်းစားနိုင်သည့်ပြင်၊ လေးလထက်မပိုသည့် ကြားကာလ များတွင် အမှုကိုပြန်လည်စဉ်းစားရမည်။
1,351,462
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အဆိုပါ အာဏာပေးခြင်း ခံရသည့်အရာရှိက၊ ထိုသို့ ပြန်လည် စဉ်းစားရာတွင်၊ ပြစ်မှုထင်ရှား စီရင်ပြီးသည့်အချိန်မှစ၍ ပြစ်မှုကျူးလွန်သူ၏ အပြုအမူသည်၊ ပြစ်ဒဏ်ချမှတ်ချက်ကို လွတ်ငြိမ်းသက် သာခွင့် ပြုထိုက်လောက်အောင် ကောင်းမွန်လာသည်ဟု ယူဆလျှင်၊ ထိုအရာရှိက၊ ပုဒ်မ ၁၈၅ တွင် သီးခြားဖေါ်ပြထားသည့် အာဏာပိုင်၊ သို့တည်းမဟုတ် အရာရှိအား ထိုအကြောင်းကို တင်ပြရမည်။
1,351,463
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်မှုကျူးလွန်သူ တဦးအပေါ်ချမှတ်ခဲ့သည့် ပြစ်ဒဏ်တခုကို၊ ဤအက်ဥပဒေအရ ဆိုင်းငံ့ထား စဉ်၊ အခြားပြစ်မှုတခုခုအတွက်၊ ထိုသူပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်အခါ-
1,351,464
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားပြီးသည့်နောက်၊ ချမှတ်သည့်ပြစ်ဒဏ်အသစ်။
1,351,465
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) ထပ်မံချမှတ်သည့်ပြစ်ဒဏ်ကိုပါ၊ ဤအက်ဥပဒေအရဆိုင်းငံ့ထားလျှင်၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို တပြိုင်တည်းကျခံစေရမည်။
1,351,466
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ထပ်မံချမှတ်သည့်ပြစ်ဒဏ်သည်၊ ကာလအပိုင်းအခြားအားဖြင့်သုံးလ၊ သို့တည်းမဟုတ် သုံးလထက် ပိုသည့်ပြင်၊ ဤအက်ဥပဒေအရလည်း ဆိုင်းငံ့၍မထားလျှင်၊ ပြစ်မှုကျူးလွန်သူအား၊ အကျဉ်းထောင် သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ဖြစ်စေ၊ ယခင်ကျန်ရှိနေသေးသည့် ပြစ်ဒဏ်အစိတ်အပိုင်းအတွက်ပါပို့ရ မည်။
1,351,467
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့သော်လည်း ပြစ်ဒဏ်နှစ်ရပ်လုံးကို တပြိုင်တည်းကျခံစေရမည်။
1,351,468
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) ထပ်မံချမှတ်သည့်ပြစ်ဒဏ်သည်၊ ကာလအပိုင်းအခြားအားဖြင့် သုံးလအောက်လျော့သည့်ပြင်၊ ဤအက်ဥပဒေအရလည်း ဆိုင်းငံ့၍မထားလျှင်၊ ပြစ်မှုကျူးလွန်သူကို ထိုပြစ်ဒဏ်အတွက်သာလျှင် အကျဉ်းထောင်သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ဖြစ်စေပို့ရမည်။
1,351,469
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် ယခင်ပြစ်ဒဏ်ချမှတ်ချက်ကို၊ ပုဒ်မ ၁၈၉ အရဖြစ်စေ၊ ပုဒ်မ ၁၉၀ အရဖြစ်စေ၊ ချမှတ်နိုင်သည့် အမိန့်တခုခုနှင့်မဆန့်ကျင်စေဘဲ၊ ဆက်လက် ဆိုင်းငံ့ထားရမည်။
1,351,470
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်း၏ အာဏာသက်ရောက်ခြင်း။
1,351,471
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၁၈၅ နှင့် ၁၈၉ အရ အပ်နှင်းထားသည့်အာဏာများသည်၊ ပြစ်ဒဏ်လျှော့သော၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုသော၊ ပြစ်ဒဏ်လျှော့ပေါ့ပြောင်းလဲသောအာဏာများကို ဖြည့်စွက် ခြင်းများသာဖြစ်စေရမည်၊ ယုတ်လျော့စေခြင်းများမဖြစ်စေရ။
1,351,472
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အမြဲတန်းထုတ်ပစ်ခြင်း၊ သို့တည်းမဟုတ် ရှုတ်ချ၍အမြဲတန်းထုတ်ပစ်ခြင်းတွင် ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်းနှင့်ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းတို့အတည်ဖြစ်ခြင်း။
1,351,473
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) စစ်တရားရုံးက၊ အခြားပြစ်ဒဏ်တခုခုအပြင်၊ အမြဲတန်းထုတ်ပစ်ဒဏ်ကိုပါဖြစ်စေ၊ ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်ကိုပါဖြစ်စေ၊ ချမှတ်ပြီး၊ ပုဒ်မ ၁၈၅ အရ ထိုအခြားပြစ်ဒဏ်ကို ဆိုင်းငံ့ထားပါက၊ ထိုအမြဲတန်းထုတ်ပစ်ဒဏ်သည်၊ သို့တည်းမဟုတ် ရှုတ်ချ၍အမြဲတန်း ထုတ်ပစ်ဒဏ်သည်၊ အဆိုပါပုဒ်မ တွင် သီးခြားဖေါ်ပြထားသည့် အာဏာပိုင်ကသော်၎င်း၊ အရာရှိကသော်၎င်း၊ အတည်ဖြစ်စေဟု အမိန့် မချမခြင်း၊ အတည်မဖြစ်စေရ။
1,351,474
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) ပုဒ်မ ၁၈၉ အရ ထိုအခြားပြစ်ဒဏ်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလျှင်၊ အမြဲတန်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် ရှုတ်ချ၍အမြဲတန်းထုတ်ပစ်ဒဏ်ကိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုရမည်။
1,351,475
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၁၅။ သင်္ဘောများနှင့်စပ်လျဉ်းသည့် အထူးပြဋ္ဌာန်းချက်များ။
1,351,476
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကုန်သည်ရေယာဉ်၏ ရေယာဉ်မှူးသည် ခြံရံစောင့်ကြပ်သည့်အရာရှိ၏ အမိန့်များကိုနာခံရန်။
1,351,477
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံ အစိုးရသင်္ဘော (Ship of the Union Government in commission) တစင်း၏ ခြံရံစောင့်ကြပ်မှုကိုခံယူသော ကုန်သည်ရေယာဉ်တစင်း ကိုဖြစ်စေ၊ အခြားရေယာဉ်တစင်းကိုဖြစ်စေ၊ ကွပ်ကဲသောရေယာဉ်မှူး၊ သို့တည်းမဟုတ် အခြားအရာရှိ တိုင်းသည်၊ ခြံရံစောင့်ကြပ်ထားသည့်ရေယာဉ်စု၏သွားလာမှု၊ သို့တည်းမဟုတ် လုံခြုံမှုနှင့်စပ်လျဉ်းသည့် ကိစ္စအားလုံးတွင်၊ ခြံရံစောင့်ကြပ်သော တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံ အစိုးရသင်္ဘော ကို ကွပ်ကဲသောအရာရှိ၏ အမိန့်များကိုနာခံရမည့်ပြင်၊ ထိုကွပ်ကဲသည့်အရာရှိက ညွှန်ကြားသည့်အ တိုင်း၊ ရန်သူကိုရှောင်ရှားရေးအတွက် ကြိုတင်စီမံမှုများကိုပြုလုပ်ရမည်။
1,351,478
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင်အဆိုပါ ညွှန်ကြားချက် များကို၊ ထိုသူလိုက်နာရန်ပျက်ကွက်လျှင်၊ ထိုကွပ်ကဲသည့်အရာရှိသည်၊ လက်နက်ဖြင့်အတင်းအကြပ် လိုက်နာစေနိုင်သည်။
1,351,479
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အဆိုပါအရာရှိက ထိုသို့လက်နက်အသုံးပြုရခြင်းမှ ပေါ်ပေါက်နိုင်သည့် အသက် ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပစ္စည်းဆုံးရှုံးခြင်းတခုခုအတွက်၊ ထိုအရာရှိအပေါ် တာဝန်မရှိစေရ။
1,351,480
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ခရီးသည်များအဖြစ် လိုက်ပါသည့်အခြားသူများ။
1,351,481
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
တာဝန်ထမ်းဆောင်နေသည့်ပြည်ထောင်စုနိုင်ငံအစိုးရ၏ မည်သည့်သင်္ဘောပေါ်တွင်မဆို၊ အမိန့် အရလက်ခံထားသော၊ သို့တည်းမဟုတ် ခရီးသည်များဖြစ်ကြသော အခြားသူအားလုံးသည်၊ နိုင်ငံတော် သမတက၊ စည်းမျဉ်းဥပဒေများအရ၊ အခါအားလျော်စွာ၊ ညွှန်ကြားသည့်အတိုင်း၊ ဤအက်ဥပဒေကို လိုက်နာရသူများဖြစ်သည်ဟု မှတ်ယူရမည်။
1,351,482
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စစ်ဖြစ်သောအခါ၊ ရေတပ်တွင်၊ အသုံးပြုသည့် သင်္ဘောများတွင် စည်းကမ်းနှင့်စပ်လျဉ်းသော ပြဋ္ဌာန်းချက်များ။
1,351,483
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပြည်ထောင်စုနိုင်ငံအစိုးရပိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ၊ ရေတပ်သားစင်းလုံးပြည့် မပါရှိ သော်လည်း၊ လက်နက်တပ်ဆင်ထားသော၊ သို့တည်းမဟုတ် ရေတပ်တွင် အမှုထမ်းသည့်အရာရှိက ကွပ်ကဲသော၊ စစ်ဖြစ်သောအခါ ရေတပ်တွင်အသုံးပြုသည့် ရေယာဉ်များနှင့်စပ်လျဉ်း၍၊ နိုင်ငံတော် သမတက ညွှန်ကြားသင့်သည်ဟု ထင်မြင်ယူဆသည့်အတိုင်းညွှန်ကြားလျှင်၊ အောက်ပါပြဋ္ဌာန်းချက်များ သည် အတည်ဖြစ်စေရမည့်ပြင်၊ အဆိုပါညွှန်ကြားချက်ကို ထုတ်သောအခါ၊ ထိုညွှန်ကြားချက်ကို၊ ထိုသင်္ဘော၏ စည်းမျဉ်းများတွင် သီးခြားဖေါ်ပြထားရမည်။
1,351,484
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(က) အဆိုပါရေယာဉ်တစင်း၏ သင်္ဘောသားစာရင်းတွင်ပါရှိသူတိုင်းသည်၊ ဤအက်ဥပဒေကို လိုက်နာ ရမည်။
1,351,485
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ခ) ထိုသူတဦးဦးက ကျူးလွန်သည့်ပြစ်မှုကို၊ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးက အလားတူ ပြစ်မှုကို ကျူးလွန်လျှင်၊ စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်သည့်နည်းတူ၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ် ရမည်။
1,351,486
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဂ) စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ရမည်ဖြစ်သော အဆိုပါပြစ်မှုကျူးလွန်သူတိုင်းကို၊ စစ်တရားရုံးဖြင့် မစစ်ဆေးနိုင်သေးမီ၊ လိုအပ်သောချုတ်ချယ်မှုများဖြင့် ထားရှိရမည်။
1,351,487
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ဃ) တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံအစိုးရ၏ မည်သည့်သင်္ဘောကိုမဆို၊ ကွပ်ကဲသည့် အရာရှိသည်၊ ထိုသင်္ဘောပေါ်ရှိအရာရှိများ၊ သင်္ဘောသားများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ထိုသင်္ဘောပေါ်ရှိ အခြားသူများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အခိုက်အတန့်အားဖြင့် အာဏာများရရှိသကဲ့သို့၊ ထိုရေယာဉ်တိုင်းကို ကွပ်ကဲသည့် အရာရှိသည်လည်း၊ ထိုရေယာဉ်၏ သင်္ဘောသားစာရင်းတွင်ပါရှိသည့်၊ သို့တည်းမဟုတ် ထိုရေယာဉ်ပေါ်တွင်၊ အခိုက်အတန့်အားဖြင့်၊ ရှိကြသည့် အခြားသူများအားလုံးနှင့်စပ်လျဉ်း၍ ထပ်တူ အာဏာများရရှိရမည်။
1,351,488
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့ရာတွင် ထိုရေယာဉ်များကို ကွပ်ကဲသည့်အရာရှိမရှိသည့်အခါ၊ အခိုက်အတန့်အားဖြင့် အဆိုပါ သူအား အချုပ်နှင့်ထားနိုင်ရာဖြစ်သည့် သင်္ဘောကိုဖြစ်စေ၊ ရေယာဉ်ကိုဖြစ်စေ၊ စခန်းကိုဖြစ်စေ၊ ကွပ်ကဲသည့် အရာရှိ သည်၊ အထက်တွင်ဆိုခဲ့သည့်အာဏာကို ရရှိရမည်။
1,351,489
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(င) ကာကွယ်ရေးဦးစီးချုပ်နှင့် ရေတပ်တိုင်းမှူးသည်၊ ပြည်ထောင်စုနိုင်ငံအစိုးရအသုံးပြုနေသော သင်္ဘောတစင်း၏ အရာရှိများနှင့် သင်္ဘောသားများအပေါ် အခိုက်အတန့်အားဖြင့် အာဏာများရှိသကဲ့သို့၊ ထိုရေယာဉ်တိုင်း၏ အရာရှိများနှင့် ရေတပ်သားများအပေါ်တွင် ထပ်တူအာဏာများရရှိရမည်။
1,351,490
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သင်္ဘောများပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းနှင့် စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များ။
1,351,491
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၁) တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံအစိုးရ၏ မည်သည့်သင်္ဘောမဆို ပျက်သည့် အခါ၊ ဆုံးရှုံးသည့်အခါ၊ ဖျက်ဆီးခြင်းခံရသည့်အခါ၊ သို့တည်းမဟုတ် ရန်သူ၏ဘမ်းဆီးခြင်းကို ခံရ သည့်အခါ၊ ပြည်ထောင်စုနိုင်ငံအစိုးရ၏ အခြားစစ်သင်္ဘောအချို့သို့၊ ထိုသင်္ဘောသားများကို နည်းလမ်း တကျရွှေ့ပြောင်းမပေးရသေးမီ၊ သို့တည်းမဟုတ် ထိုကိစ္စများတွင် ရေတပ်ဓလေ့ထုံးစံနှင့်အညီ အဆိုပါ သင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်း၏ အကြောင်းရင်း ကို စုံစမ်းစစ်ဆေးရန်ခုံရုံး၊ ရုံးမထိုင်နိုင်သေးမီ၊ ဤအက်ဥပဒေ၏ကိစ္စများအလို့ငှါ၊ အဆိုပါသင်္ဘောများ ကို ပြည်ထောင်စုနိုင်ငံအစိုးရက အသုံးပြုနေသေးသည်ဟု မှတ်ယူရမည်။
1,351,492
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၂) အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းအတွက် သော်၎င်း၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်း နှင့် စပ်လျဉ်း၍သော်၎င်း၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခြင်းခံရခြင်းကြောင့်သော်၎င်း၊ ထိုရေတပ်မတော်၏အရာရှိတဦးဦးကိုဖြစ်စေ၊ သင်္ဘောသားတဦး ဦးကိုဖြစ်စေ၊ အခြားသူတဦးဦးကိုဖြစ်စေ၊ သီးခြားစွပ်စွဲခြင်းမပြုသည့်အခါ၊ အဆိုပါသင်္ဘော၏ အရာရှိ များနှင့် သင်္ဘောသားအားလုံးကို၊ သို့တည်းမဟုတ် မသေဘဲကျန်ရှိနေသည့် အရာရှိများနှင့်သင်္ဘောသား အားလုံးကို စစ်တရားရုံးတရုံးတည်းဖြင့်အတူတကွ စစ်ဆေးစီရင်နိုင်သည့်ပြင်၊ ထိုသူ အားလုံးကိုသော် ၎င်း၊ ထိုသူတို့အနက်တဦးဦးကိုသော်၎င်း၊ စုံစမ်းစစ်ဆေးဆဲအကြောင်းအရာများအနက် အကြောင်းအရာ တခုခုနှင့်စပ်လျဉ်း၍လည်း၊ ထိုစစ်တရားရုံးတွင် ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုပြီးသက်သေ ခံစေနိုင်သည်။
1,351,493
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့သော်လည်း အရာရှိ၊ သင်္ဘောသား၊ သို့တည်းမဟုတ် အခြားသူမှာ မိမိအပေါ် ပြစ်မှု ထင်ရှားစေသည့် သဘောသက်ရောက်နိုင်သော သက်သေခံချက်ပေးရန် တာဝန်မရှိစေရ။
1,351,494
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၃) နိုင်ငံတော်သမတက၊ သို့တည်းမဟုတ် စစ်တရားရုံးများဖွဲ့စည်းရန် အာဏာအပ်ထားခြင်းခံရသည့် အရာရှိတဦးဦးက လိုအပ်သည်ဟုမှတ်ယူသည့်အခါ၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီး ခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းအတွက်ဖြစ်စေ၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းကြောင့်ဖြစ်စေ၊ အဆိုပါအရာရှိများနှင့် သင်္ဘောသားများအနက်တယောက်၊ သို့တည်းမဟုတ် တယောက်ထက်ပိုသောသူများကို စစ်ဆေးစီရင် ခြင်းအတွက် သီးခြားစစ်တရားရုံးများ ရုံးထိုင်စေရမည်။
1,351,495
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၄) အဆိုပါ သင်္ဘောပျက်စီးပြီးနောက်၊ ဆုံးရှုံးပြီးနောက်၊ ဖျက်ဆီးခံရပြီးနောက်၊ သို့တည်းမဟုတ် ဘမ်းဆီးခံရပြီးနောက်၊ အရာရှိတဦးဦးကဖြစ်စေ၊ ရေတပ်သားတဦးဦးကဖြစ်စေ၊ ကျူးလွန်သည့်ပြစ်မှု တခုခုအတွက် ထိုပြစ်မှုကျူးလွန်သူကို စစ်ဆေးစီရင်ရန် သီးခြားစစ်တရားရုံးတရုံး ရုံးထိုင်စေရမည်။
1,351,496
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(၅) တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံအစိုးရသင်္ဘောများအနက်၊ သင်္ဘောနှစ်စင်းကိုဖြစ် စေ၊ နှစ်စင်းထက်ပိုသော သင်္ဘောများကိုဖြစ်စေ၊ ကွပ်ကဲရန်အမိန့်ရရှိသည့် အရာရှိတဦးဦး၏ သင်္ဘော ပျက်လျှင်၊ ဆုံးရှုံးလျှင်၊ သို့တည်းမဟုတ် အခြားနည်းဖြင့်ဖျက်ဆီးခံရလျှင်၊ ထိုအရာရှိသည်၊ မိမိ၏ သင်္ဘောပျက်ချိန်၌ဖြစ်စေ၊ ဆုံးရှုံးချိန်၌ဖြစ်စေ၊ ဖျက်ဆီးခံရချိန်၌ဖြစ်စေ၊ မိမိ၏ကွပ်ကဲမှုအောက်တွင်ရှိ သော အခြားသင်္ဘောတစင်းကိုသော်၎င်း၊ အများကိုသော်၎င်း၊ ဆက်လက်ကွပ်ကဲလျက်ရှိရမည့်ပြင်၊ ယင်း သို့ပျက်သည့်၊ ဆုံးရှုံးသည့်၊ သို့တည်းမဟုတ် ဖျက်ဆီးခံရသည့်သင်္ဘောများမှ မသေဘဲကျန်ရှိနေကြသော အရာရှိများနှင့် သင်္ဘောသားများအား၊ မိမိ၏ကွပ်ကဲမှုအောက်ရှိ အခြားသင်္ဘောတစင်းတွင် လိုက်ပါ ကြရမည်ဟု အမိန့်ပေးနိုင်သည်။
1,351,497
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သို့တည်းမဟုတ် မိမိ၏ကွပ်ကဲမှုအောက်တွင် သင်္ဘောတစင်းထက်ပိုနေ လျှင်၊ ထိုသင်္ဘောများသို့ ထိုသူများကိုခွဲဝေပို့နိုင်သည်။
1,351,498
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင်၊ ထိုအရာရှိသည်၊ မိမိထက် အဆင့်မြင့်သည့် အခြားအရာရှိတဦးဦးနှင့်မတွေ့မခြင်း မိမိ၏သင်္ဘောမှာ မပျက်စီး၊ မဆုံးရှုံး၊ သို့တည်းမဟုတ် ဖျက်ဆီး မခံရဘိသကဲ့သို့ကိစ္စ အရပ်ရပ်နှင့်စပ်လျဉ်း၍ ထပ်တူအာဏာနှင့်အခွင့်အာဏာကိုရရှိရမည်။
1,351,499
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အခဏ်း ၁၆။ သေဆုံးသူများ၊ စစ်ပြေးများနှင့် ရူးသွပ်သူများ၏ပစ္စည်း။
1,351,500
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
သေဆုံးသော၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသော အရာရှိမဟုတ်သူများ၏ပစ္စည်း။