id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,351,501 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအက်ဥပဒေကိုလိုက်နာရသော အရာရှိမဟုတ်သူ တဦးဦးသေဆုံးသောအခါ၊ သို့တည်း မဟုတ် တပ်မှထွက်ပြေးသောအခါ၊ သေဆုံးသူ၊ သို့တည်းမဟုတ် စစ်ပြေးပါဝင်သည့် တပ်အဖွဲ့၊ ဌာန၊ ခွဲထုတ်တပ်၊ သင်္ဘော၊ သို့တည်းမဟုတ် တပ်၏တပ်မှူးသည်၊ ဤကိစ္စအလို့ငှါပြုထားသည့် နည်းဥပဒေ များနှင့်မဆန့်ကျင်စေဘဲ၊ ဆောလျင်နိုင်သမျှဆောလျင်စွာ- |
1,351,502 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သေဆုံးသူ၊ သို့တည်းမဟုတ် စစ်ပြေးပိုင်ဆိုင်သည့်၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းအားလုံးကို ရယူထားရမည့်ပြင်၊ ထိုပစ္စည်းများ၏စာရင်းတခုကိုလည်း ပြုလုပ်စေရမည်။ |
1,351,503 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ထိုသူရထိုက်သော လစာနှင့် စရိတ်ကိုထုတ်ယူရမည်။ |
1,351,504 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ထိုသူ၏၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများရှိခဲ့ လျှင်၊ ထိုကြွေးမြီများကိုပေးဆပ်ရန်အတွက် ထိုက်သင့်သောငွေထားရှိရမည်။ |
1,351,505 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) သေဆုံးသူတဦးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်လျှင်၊ တပ်မှူးသည်- |
1,351,506 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင်၊ စခန်း၌ ဖြစ်စေ၊ နေထိုင်ရာနေရာဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများကို ပေးဆပ်ရန်သာမက၊ သေဆုံးသူ၏ မသာစရိတ်စကများအပြင်၊ သေဆုံးသူ၏ ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးက ကုန်ကျရ သည့် စရိတ်စကများရှိခဲ့လျှင်၊ ထိုစရိတ်စကများကိုပါ ပေးရန်လိုအပ်သည်ဟု မိမိထင်မြင်ယူဆပါက၊ ဘဏ်တွင် (စာတိုက်၊ ငွေစုဘဏ်တခုခု၊ သို့တည်းမဟုတ် သမဝါယမဘဏ်တခုခု၊ သို့တည်းမဟုတ် အဖွဲ့တခုခု၊ သို့တည်းမဟုတ် မည်သည့်အမည်ဖြင့်မဆို ခေါ်ထားစေကာမူ၊ အပ်ငွေများလက်ခံသည့် အခြား အဖွဲ့အစည်းတခုခုပါဝင်သည်)၊ သေဆုံးသူ ထားခဲ့သည့်ငွေအားလုံးကိုတောင်းယူရမည်။ |
1,351,507 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အခြားကိစ္စတခုခုအတွက်လည်း ထိုငွေများအားလုံးကိုတောင်းယူနိုင်သည်။ |
1,351,508 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် အထက်တွင်ဆိုခဲ့သည့် ကိစ္စများအတွက်၊ ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်း၏ နည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ၊ ထိုငွေများကိုတပ်မှူးအားချက်ခြင်းပေးရန် ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်း၏ကိုယ်စားလှယ်၊ မန်နေဂျာ၊ သို့တည်းမဟုတ် အခြားဆိုင်ရာ အရာရှိအားတောင်းဆိုနိုင်သည်။ |
1,351,509 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသို့တောင်းဆိုသည့်အခါ၊ ထိုကိုယ်စားလှယ်၊ မန်နေဂျာ၊ သို့တည်းမဟုတ် အခြားဆိုင်ရာ အရာရှိသည်၊ ထိုသို့တောင်းဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။ |
1,351,510 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ပုဒ်မခွဲ(၂) အရ တောင်းဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်၍၊ ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်းကငွေကို ထုတ်ပေးပြီးသောအခါ၊ ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်း အား ထိုငွေနှင့်စပ်လျဉ်း၍ မည်သူ့မှာမျှ တောင်းဆိုပိုင်ခွင့်မရှိစေရ။ |
1,351,511 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) သေဆုံးသူမှာ၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများ ရှိခဲ့လျှင်၊ ထိုကြွေးမြီများကိုပေးဆပ်ရန်၊ ထို့ပြင် သေဆုံးသူ၏မသာစရိတ်စကများပေးရန် အခြားနည်း စီမံရာထားခြင်းမရှိလျှင်၊ ထိုစရိတ်စကများကိုပေးရန်၊ ထို့ပြင် သေဆုံးသူ၏ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးက ကုန်ကျရသည့်စရိတ်စကများရှိခဲ့လျှင်၊ ထိုစရိတ်စကများကိုပေးရန်၊ သေဆုံးသူ ၏ကိုယ်စား ဆောင်ရွက်သူက တပ်မှူးကြေနပ်လောက်အောင်ခံဝန်ပေးသောအခါ၊ တပ်မှူးသည်၊ ပုဒ်မခွဲ(၁) နှင့် (၂) အရ လက်ခံရရှိသောပစ္စည်းကို၊ ထိုကိုယ်စားဆောင်ရွက်သူအား လက်ရောက်ပေးအပ်ရမည်။ |
1,351,512 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုသို့ လက်ရောက်ပေးအပ်လိုက်သောအခါ၊ သေဆုံးသူ၏ပစ္စည်းဥစ္စာကို စီမံခန့်ခွဲရေးအတွက် တပ်မှူး၏ တာဝန်သည် ရပ်စဲရမည်။ |
1,351,513 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) ပုဒ်မခွဲ(၄) အရ၊ သို့တည်းမဟုတ် ပုဒ်မ ၂၀၅ အရ၊ ပစ္စည်းဥစ္စာကို စီမံခန့်ခွဲခြင်းမခံရသည့် သေဆုံးသူ တဦး၏ ကိစ္စတွင်၎င်း၊ စစ်ပြေးတဦး၏ကိစ္စတွင်၎င်း၊ တပ်မှူးသည်- |
1,351,514 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သေဆုံးသူ၏၊ သို့တည်းမဟုတ် စစ်ပြေး၏စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ် ကြွေးမြီများနှင့် အခြားကြွေးမြီများ၊ သေဆုံးသူ၏မသာစရိတ်စကများရှိခဲ့လျှင်၊ ထိုမသာစရိတ်စကများ၊ ထို့ပြင် သေဆုံးသူ သို့တည်းမဟုတ် စစ်ပြေး၏ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးကကုန်ကျရသည့် စရိတ်စကများရှိခဲ့လျှင်၊ ထိုစရိတ်စကများ မပျက်မကွက်ပေးဆပ်နိုင်စေခြင်းငှာ၊ သေဆုံးသူ၊ သို့တည်း မဟုတ်စစ်ပြေး၊ သက်ဆိုင်ရာရာ၏ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းရန်သော်၎င်း၊ ငွေအဖြစ်သို့ ပြောင်းလဲရန်၎င်း၊ လိုအပ်သည်ဟုမိမိထင်မြင်ယူဆလျှင်၊ ထိုရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းစေရ မည်၊ သို့တည်းမဟုတ် ငွေအဖြစ်သို့ပြောင်းလဲစေရမည်။ |
1,351,515 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အခြားကိစ္စတခုခုအတွက်လည်း၊ ထိုရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းစေနိုင်သည်၊ သို့တည်း မဟုတ် ငွေအဖြစ်သို့ ပြောင်းလဲစေနိုင်သည်။ |
1,351,516 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၆) ပုဒ်မခွဲ (၁)၊ (၂) နှင့် (၅) အရ လက်ခံရရှိသည့်၊ တောင်းယူရရှိသည့်၊ သို့တည်းမဟုတ် ထုခွဲ၍ ရယူသည့် ငွေများထဲမှ၊ သေဆုံးသူ၊ သို့တည်းမဟုတ် စစ်ပြေး၊ သက်ဆိုင်ရာရာ၏၊ စခန်း၌ဖြစ်စေ၊ နေထိုင် ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများရှိခဲ့လျှင်၊ ထိုကြွေးမြီများကို သေဆုံး သူ၊ သို့တည်းမဟုတ် စစ်ပြေး၏ ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးကကုန်ကျရသည့် စရိတ်စကများရှိခဲ့ လျှင်၊ ထိုစရိတ်စကများကို၊ ထို့ပြင်၊ သေဆုံးသူတဦး၏ကိစ္စတွင်၊ သူ၏မသာစရိတ်စကများပေးရန်၊ အခြားနည်း စီမံရာထားခြင်းမရှိလျှင်၊ အဆိုပါမသာစရိတ်စကများကို တပ်မှူးကပေးရမည်။ |
1,351,517 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၇) ပုဒ်မခွဲ (၆) တွင် သီးခြားဖေါ်ပြထားသည့် ကြွေးမြီများနှင့် စရိတ်စကများကို ပေးပြီးသည့်နောက် ငွေပိုရှိခဲ့လျှင်၊ ထိုပိုငွေကို- |
1,351,518 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သေဆုံးသူတဦး၏ကိစ္စတွင်၊ သေဆုံးသူ၏ ကိုယ်စားဆောင်ရွက်သူရှိခဲ့လျှင်၊ ထိုကိုယ်စား ဆောင်ရွက်သူအား၊ သို့တည်းမဟုတ် သေဆုံးပြီးနောက် တဆယ့်နှစ်လအတွင်း ထိုပိုငွေရထိုက်ကြောင်း ခိုင်လုံသော အထောက်အထားပြ၍ မတောင်းဆိုလျှင်၊ သတ်မှတ်ထားသူအားပေးရမည်၊ ထို့ပြင် |
1,351,519 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) စစ်ပြေးတဦး၏ကိစ္စတွင်၊ သတ်မှတ်ထားသူအား ချက်ခြင်းပေးရမည်။ |
1,351,520 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင်ထိုသူတပ်မှထွက် ပြေးသည့်နေ့ရက်မှအစပြု၍၊ သုံးနှစ်မကုန်ဆုံးမီ၊ ထိုစစ်ပြေးလာ၍ ဘမ်းဆီးခြင်းမခံလျှင်၊ သို့တည်း မဟုတ် ထိုစစ်ပြေးအား ဘမ်းဆီးရမိခြင်းမရှိလျှင်၊ ထိုသုံးနှစ်ကုန်ဆုံးသောအခါ၊ ထိုပိုငွေကို အစိုးရဘဏ္ဍာ တော်အဖြစ်သိမ်းယူရမည်။ |
1,351,521 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် ထိုသုံးနှစ်မကုန်ဆုံးမီ၊ ထိုစစ်ပြေးလာ၍ဘမ်းဆီးခြင်းမခံလျှင်၊ သို့တည်းမဟုတ် ထိုစစ်ပြေး အား ဘမ်းဆီးရမိခြင်းမရှိလျှင်၊ သတ်မှတ်ထားသူသည်၊ အပိုဒ် (ခ) အရ မိမိလက်ခံရရှိသော ပိုငွေအား လုံးကိုဖြစ်စေ၊ တစိတ်တဒေသကိုဖြစ်စေ၊ ထိုစစ်ပြေး၏မယားအားသော်၎င်း၊ သားသမီးများအားသော် ၎င်း၊ အခြားမှီခိုသူ တဦးဦးအားသော်၎င်း၊ ထိုသုံးနှစ်ကာလ အပိုင်းအခြားအတွင်း၊ မည်သည့်အချိန် အခါ၌မဆို ပေးနိုင်သည်။ |
1,351,522 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဆုံးသော၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသော အရာရှိများ၏ပစ္စည်း။ |
1,351,523 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၉၈ ပါပြဋ္ဌာန်းချက်များသည်၊ အောက်ပါပြောင်းလဲပြင်ဆင်ခြင်းများနှင့် မဆန့်ကျင်စေဘဲ သေဆုံးသော၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသော အရာရှိတဦးဦး၏ပစ္စည်းကို စီမံခန့်ခွဲရေးနှင့်လည်း သက်ဆိုင်စေရမည်။ |
1,351,524 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပုဒ်မ ၁၉၈ အရ၊ တပ်မှူးကဆောင်ရွက်ရမည့် အလုပ်ဝတ်တရားများကို၊ ဤကိစ္စအလို့ငှါ သတ်မှတ် ထား သည့်နည်းလမ်းအတိုင်း ဖွဲ့စည်းသည့်စီမံခန့်ခွဲရေးကော်မီတီက ဆောင်ရွက်ရမည်။ |
1,351,525 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) သေဆုံးသော အရာရှိတဦး၏ကိစ္စတွင်၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ(၆)၌ သီးခြားဖေါ်ပြထားသော ကြွေး မြီများနှင့်စရိတ်စကများကို ပေးပြီးသည့်နောက်ငွေပိုရှိခဲ့လျှင်၊ ထိုပိုငွေကို သတ်မှတ်ထားသူအားပေးရ မည်။ |
1,351,526 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများ၊ အခြားကြွေးမြီများနှင့် စပ်လျဉ်းသည့် ပြဿနာများ ဆုံးဖြတ်ခြင်း။ |
1,351,527 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဆုံးသောအရာရှိတဦး၏၊ သို့တည်းမဟုတ် စစ်ပြေးတဦး၏၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာ နေရာ ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများသည်၊ မည်သည်တို့ဖြစ်ကြသည်ဆိုသည့် အချက်နှင့်စပ်လျဉ်း၍၊ သို့တည်းမဟုတ် ထိုပေးဆပ်ရမည့် ကြွေးမြီမည်ရွေ့မည်မျှရှိသည်ဆိုသည့် အချက် နှင့် စပ်လျဉ်း၍ သံသယသော်၎င်း၊ ကွဲလွဲမှုသော်၎င်းရှိလျှင်၊ သတ်မှတ်ထားသောသူ၏ ဆုံးဖြတ်ချက် သည်၊ အပြီးအပြတ်ဖြစ်စေရမည့်ပြင်၊ ကိစ္စအရပ်ရပ်အတွက် အားလုံးသောသူများအပေါ် အတည်ဖြစ်စေ ရမည်။ |
1,351,528 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်မှူး၊ သို့တည်းမဟုတ် ကော်မီတီက ကိုယ်စားဆောင်ရွက်နိုင်သည့်အာဏာများ။ |
1,351,529 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီ၊ သက်ဆိုင်ရာရာက၊ ပုဒ်မ ၁၉၈ အရဖြစ်စေ၊ ပုဒ်မ ၁၉၉ အရဖြစ်စေ၊ မိမိ၏တာဝန်ဝတ်တရားများကို ဆောင်ရွက်ရာတွင်၊ အခြားအာဏာပိုင် အားလုံး နှင့်အခြားသူအားလုံးက မည်သို့မျှစွက်ဖက်ခွင့်မရှိစေဘဲ၊ သေဆုံးသူနှင့်သက်ဆိုင်သည့် ကိုယ်စားဆောင် ရွက်နိုင်ခွင့် လက်မှတ်ကိုတပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီက ရယူထားဘိသကဲ့သို့ ထပ်တူအခွင့်အရေးနှင့် အာဏာများကို ရရှိရမည့်ပြင်၊ ထိုတပ်မှူး၊ သို့တည်းမဟုတ် ထိုကော်မီတီ၊ သက်ဆိုင်ရာရာက ပေးသောပြေစာသည်လည်း၊ ထိုအခွင့်အရေးနှင့် အာဏာများအရ ပေးသောပြေစာ ကဲ့သို့ အကျိုးသက်ရောက်စေရမည်။ |
1,351,530 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဆုံးသူ၏ပစ္စည်းဥစ္စာကို အမွေထိန်းမင်းကြီးထံလွှဲအပ်ရန် နိုင်ငံတော်သမတ၏အာဏာ။ |
1,351,531 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) အမွေထိန်းမင်းကြီးအက်ဥပဒေ (The Administrator-General’s Act) တွင် မည်သို့ပင် ပါရှိစေကာမူ၊ အမွေထိန်းမင်းကြီးသည်၊ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များက၊ သို့တည်းမဟုတ် ထိုပြဋ္ဌာန်း ချက်များအရ၊ မိမိအား အတိအလင်းဆောင်ရွက်စေသည့်အတိုင်း၊ သို့တည်းမဟုတ် ဆောင်ရွက်ခွင့်ပြုသည့် အတိုင်း ဆောင်ရွက်ရန်ရှိသည်မှတပါး၊ ပုဒ်မ ၁၉၈၊ သို့တည်းမဟုတ် ပုဒ်မ ၁၉၉ ပါ ပြဋ္ဌာန်းချက်များအရ စီမံခန့်ခွဲထားသော သေဆုံးသူတဦး၏ ပစ္စည်းတခုခုနှင့်စပ်လျဉ်း၍၊ တနည်း နည်းဖြင့် ကြားဝင်ဆောင် ရွက်ခြင်းမပြုရ။ |
1,351,532 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) နိုင်ငံတော်သမတသည်၊ မည်သည့်အခါမဆို၊ အခြေအနေအရ သင့်တော်မည်ထင်လျှင် တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီအား၊ သေဆုံးသူတဦး၏ပစ္စည်းဥစ္စာကို စီမံခန့်ခွဲရေးအတွက် အမွေထိန်းမင်းကြီးထံ လွှဲအပ်ရမည်ဟု ညွှန်ကြားနိုင်သည်။ |
1,351,533 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသို့ ညွှန်ကြားသည့်အခါ၊ ထိုတပ်မှူး၊ သို့တည်းမဟုတ် ထိုကော်မီတီသည်၊ အဆိုပါပစ္စည်းဥစ္စာကို အမွေထိန်းမင်းကြီးထံ လွှဲအပ်ရမည်။ |
1,351,534 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ဤပုဒ်မအရ ပစ္စည်းဥစ္စာကို အမွေထိန်းမင်းကြီးထံလွှဲအပ်သောအခါ၊ အမွေထိန်းမင်းကြီးသည်၊ အမွေထိန်းမင်းကြီးအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထိုပစ္စည်းဥစ္စာကိုစီမံခန့်ခွဲရမည်။ |
1,351,535 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် သေဆုံးသူ၏စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီ များရှိခဲ့လျှင်၊ ထိုကြွေးမြီများကို၊ ထိုသူပေးဆပ်ရမည့် အခြားကြွေးမြီတခုခုထက် ဦးစားပေး၍ ပေးဆပ်ရ မည်။ |
1,351,536 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) အမွေထိန်းမင်းကြီးသည်၊ ကြွေးမြီများနှင့် စရိတ်များကိုပေးပြီးသည့်နောက်၊ မိမိလက်ဝယ်ငွေပိုကျန် နေလျှင်၊ ထိုပိုငွေကို၊ သေဆုံးသူ၏ အမွေစားအမွေခံများအားပေးရမည်။ |
1,351,537 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် အမွေစားအမွေခံကိုရှာ ဖွေ၍မရလျှင်၊ သတ်မှတ်ထားသောသူထံ၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ထိုပိုငွေကို ပေးအပ်ရ မည်။ |
1,351,538 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) အမွေထိန်းမင်းကြီးသည်၊ မိမိ၏လက်ဝယ်ရောက်ရှိသည့် စုစုပေါင်းငွေ၏၊ သို့တည်းမဟုတ် စခန်း၌ ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများပေးဆပ်ပြီးသည့် နောက်၊ မိမိ၏လက်ဝယ် ကျန်ရှိသည့်ငွေ၏ သုံးရာခိုင်နှုန်းထက်ပို၍၊ မိမိ၏တာဝန်ဝတ်တရားများနှင့် စပ်လျဉ်းပြီး အခကြေးငွေမယူရ။ |
1,351,539 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သတ်မှတ်ထားသောသူများက ပိုငွေကိုစီမံခန့်ခွဲခြင်း။ |
1,351,540 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သတ်မှတ်ထားသောသူသည်၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ (၇) တွင်သော်၎င်း၊ ပုဒ်မ ၁၉၉ ၏ အပိုဒ်(ခ) တွင်သော်၎င်း၊ ပုဒ်မ ၂၀၂ ၏ ပုဒ်မခွဲ(၄)တွင်သော်၎င်း၊ ရည်ညွှန်းထားသည့် ပိုငွေကို လက်ခံရရှိသော အခါ- |
1,351,541 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သေဆုံးသူနှင့်စပ်လျဉ်း၍ ကိုယ်စားဆောင်ရွက်သူရှိကြောင်း မိမိသိရှိလျှင်၊ ထိုပိုငွေကို ထိုကိုယ်စား ဆောင်ရွက်သူအားပေးရမည်။ |
1,351,542 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ထိုကိုယ်စားဆောင်ရွက်သူရှိကြောင်း မိမိမသိသည့်ပြင်၊ ပုဒ်မ ၂၀၅ အရ ပိုငွေကို စီမံခန့်ခွဲမှု မပြုရ သေးလျှင်လည်း၊ နို့တစ်စာတစောင်ကို၊ သတ်မှတ်ထားသည့်ပုံစံဖြင့်၊ သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း၊ ခြောက်နှစ်ဆက်၍ နှစ်စဉ်နှစ်တိုင်းထုတ်ပြန်ကျေညာရမည်။ |
1,351,543 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင်အဆိုပါနို့တစ်စာများအနက်၊ နောက်ဆုံးနို့တစ်စာထုတ်ပြန် ကျေညာပြီးသည့်နောက် ခြောက်လအတွင်း၊ ထိုသေဆုံးသူနှင့် စပ်လျဉ်း သည့် ကိုယ်စားဆောင်ရွက်သူတဦးဦးက၊ ထိုပိုငွေကိုတောင်းဆိုခြင်းမပြုလျှင်၊ သတ်မှတ်ထားသောသူ သည်၊ ထိုပိုငွေကို ထိုငွေမှဖြစ်ထွန်းသည့် အမြတ်အစွန်းနှင့်ဖြစ်စေ၊ ထိုအမြတ်အစွန်းမှ တိုးပွါးလာသည့် အမြတ်အစွန်းများနှင့်ဖြစ်စေ၊ အတူတကွအစိုးရ၏ရငွေအဖြစ်အပ်နှံရမည်။ |
1,351,544 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် တဦးတယောက်သောသူမှာ ထိုပိုငွေကို အခြားနည်းဖြင့်ရထိုက်ခွင့်ရှိလျှင် ယင်းသို့ အစိုးရ ရငွေအဖြစ်အပ်နှံခြင်းသည်၊ ထိုပိုငွေ ကိုဖြစ်စေ၊ ထိုပိုငွေ၏ တစိတ်တဒေသကိုဖြစ်စေ၊ ထိုသူတောင်းဆို ပိုင်ခွင့်ကို တားမြစ်ခြင်းမဖြစ်စေရ။ |
1,351,545 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ငွေမဟုတ်သည့် ပစ္စည်းအရပ်ရပ်ကို စီမံခန့်ခွဲ ခြင်း။ |
1,351,546 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဆုံးသူတဦး၏ ပစ္စည်းဥစ္စာတစိတ်တဒေသတွင် ငွေအဖြစ်သို့မပြောင်းလဲရသေးသည့် ပစ္စည်းအရပ်ရပ်၊ ငွေချေးသက်သေခံလက်မှတ်များ၊ သို့တည်းမဟုတ် အခြားပစ္စည်းပါဝင်သည့်အခါ၊ ထို ပစ္စည်းအရပ်ရပ်၊ ငွေချေးသက်သေခံလက်မှတ်များ၊ သို့တည်းမဟုတ် အခြားပစ္စည်းများကို လက်ရောက် ပေးအပ်ခြင်း၊ ပို့ပေးခြင်း၊ သို့တည်းမဟုတ် လွှဲပြောင်းခြင်းအတွက်၊ သတ်မှတ်ထားခြင်း မရှိလျှင်၊ ပိုငွေပေးခြင်းနှင့်စပ်လျဉ်း၍၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ(၇)၊ ပုဒ်မ ၁၉၉ ၏ အပိုဒ် (ခ) နှင့် ပုဒ်မ ၂၀၃ ၏ အပိုဒ်(ခ) ပါ ပြဋ္ဌာန်းချက်များသည်၊ ၎င်းတို့နှင့်လည်းသက်ဆိုင်စေရမည်။ |
1,351,547 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် သတ်မှတ်ထားသော သူသည်၊ သေဆုံးသူနှင့်စပ်လျဉ်းသည့် ကိုယ်စားဆောင်ရွက်သူတဦးကဲ့သို့၊ ထိုပစ္စည်းအရပ်ရပ်၊ ငွေချေး သက်သေခံလက်မှတ်များ၊ သို့တည်းမဟုတ် အခြားပစ္စည်းကို ငွေအဖြစ်သို့ပြောင်းလဲခြင်းအတွက်ထပ်တူ အာဏာရရှိရမည်။ |
1,351,548 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေတမ်းစာအတည်ပြုလက်မှတ် အစရှိသည်တို့ကိုမတင်ပြဘဲ ပစ္စည်းတခုခုကိုစီမံခန့်ခွဲခြင်း။ |
1,351,549 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဆုံးသူနှင့်စပ်လျဉ်းသည့် ကိုယ်စားဆောင်ရွက်သူအား၊ ပုဒ်မ ၁၉၈ အရဖြစ်စေ၊ ပုဒ်မ ၁၉၉ အရဖြစ်စေ၊ ပုဒ်မ ၂၀၃ အရဖြစ်စေ၊ လက်ရောက်ပေးအပ်ရမည့်ပစ္စည်းနှင့် ပေးရမည့်ငွေကို၊ ထိုပစ္စည်း၏ တန်ဘိုးသည်၎င်း၊ ထိုငွေအရေအတွက်သည်၎င်း၊ ကျပ်ငါးထောင်ထက်မပိုလျှင်၊ ထို့ပြင် သတ်မှတ်ထား သောသူက သင့်တော်သည်ဟုယူဆလျှင်၊ သတ်မှတ်ထားသောသူသည်၊ ထိုပစ္စည်းကိုဖြစ်စေ၊ ထိုငွေကို ဖြစ်စေ၊ လက်ခံရယူပိုင်ခွင့်ရှိသည်ဟု မိမိထင်မြင်သော သူတဦးဦးအား၊ သို့တည်းမဟုတ် သေဆုံးသူ၏ ပစ္စည်းဥစ္စာကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ဟု မိမိထင်မြင်သောသူတဦးဦးအား၊ သေတမ်းစာအတည်ပြု လက်မှတ်ကိုဖြစ်စေ၊ အမွေထိန်းလက်မှတ်ကိုဖြစ်စေ၊ အမွေဆက်ခံရန် သက်သေခံလက်မှတ်ကိုဖြစ်စေ၊ ထိုသို့ပိုင်ဆိုင်ခွင့်ရှိကြောင်း အခြားအပြီးသတ်သက်သေ အထောက်အထားကိုဖြစ်စေ၊ မတင်ပြစေဘဲလက် ရောက်ပေးအပ်နိုင်သည်၊ သို့တည်းမဟုတ် ပေးနိုင်သည်။ |
1,351,550 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်မှူး၊ ကော်မီတီ၊ သတ်မှတ်ထားသောသူ၊ ထို့ပြင်နိုင်ငံတော်သမတတွင် တာဝန်ကင်းလွတ်ခြင်း။ |
1,351,551 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၉၈၊ ပုဒ်မ ၁၉၉၊ ပုဒ်မ ၂၀၃၊ ပုဒ်မ ၂၀၄၊ သို့တည်းမဟုတ် ပုဒ်မ ၂၀၅ နှင့်အညီ တပ်မှူးက ဖြစ်စေ၊ စီမံခန့်ခွဲရေးကော်မီတီကဖြစ်စေ၊ သတ်မှတ်ထားသောသူကဖြစ်စေ၊ သဘောရိုးဖြင့်ပြုလုပ်သည့်၊ သို့တည်းမဟုတ် ပြုလုပ်သည့်သဘော သက်ရောက်စေသောငွေပေးခြင်း၊ သို့တည်းမဟုတ် ငွေသုံးစွဲခြင်း သည်၊ သို့တည်းမဟုတ် ပစ္စည်းတခုခုကိုသုံးစွဲခြင်းသည်၊ လက်ရောက်ပေးအပ်ခြင်းသည်၊ ရောင်းခြင်း သည်၊ သို့တည်းမဟုတ် အခြားစီမံခန့်ခွဲခြင်းသည်၊ ခိုင်လုံရမည့်ပြင်၊ ထိုငွေနှင့်ဖြစ်စေ၊ ပစ္စည်းနှင့်ဖြစ်စေ၊ စပ်လျဉ်း၍ တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၊ သက်ဆိုင်ရာရာသည်၊ ဆက်လက်တာဝန်ရှိခြင်းမှ ကင်းလွတ်စေရ မည်။ |
1,351,552 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့သော်လည်း ဤပုဒ်မတွင်ပါရှိသော မည်သည့်အချက်ကမျှ၊ ထိုသို့ငွေပေးခြင်း၊ သို့တည်းမဟုတ် လက်ရောက်ပေးအပ်ခြင်းခံရသူတဦးဦးအား၊ သေတမ်းစာအတည်ပြုသူကဖြစ်စေ၊ အမွေထိန်းကဖြစ်စေ၊ အခြားကိုယ်စားဆောင်ရွက်သူကဖြစ်စေ၊ သေဆုံးသူ၏မြီရှင်ကဖြစ်စေ၊ တောင်းဆိုနိုင်သည့် အခွင့်အရေး ကို မထိခိုက်စေရ။ |
1,351,553 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်မှူး၊ ကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၏ လက်ဝယ်တွင်ရှိသည့် ပစ္စည်းသည်၊ ထိုတပ်မှူး၊ ကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၏ တာဝန်ထမ်းဆောင်ရာဖြစ်သည့် နေရာ အရပ်တွင် သေသူကျန်ရှိသည့် ပစ္စည်းဥစ္စာများ မဖြစ်စေရ။ |
1,351,554 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၉၈ အရသော်၎င်း၊ ပုဒ်မ ၁၉၉ အရသော်၎င်း၊ ပုဒ်မ ၂၀၂ ၏ ပုဒ်မခွဲ(၄) အရသော်၎င်း၊ တပ်မှူး၊ စီမံခန့်ခွဲရေးကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၏လက်ဝယ်သို့ ရောက်လာ သောပစ္စည်းသည်၊ ထိုသို့လက်ဝယ်ရောက်လာသည့် အကြောင်းကြောင့် ထိုတပ်မှူး၊ ထိုကော်မီတီ၊ သို့တည်းမဟုတ် ထိုသတ်မှတ်ထားသောသူ တာဝန်ထမ်းဆောင်ရာဖြစ်သည့် နေရာအရပ်တွင် သေသူ ကျန်ရှိသည့်ပစ္စည်းဥစ္စာများဖြစ်သည်ဟု မမှတ်ယူရ။ |
1,351,555 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသို့လက်ဝယ်ရောက်လာသည့် အကြောင်း ကြောင့်၊ ထိုနေရာအရပ်အတွက်၊ ထိုပစ္စည်းဥစ္စာများနှင့် စပ်လျဉ်း၍ ကိုယ်စားဆောင်ရွက်ခွင့် လက်မှတ် ကိုလည်း ထုတ်မယူစေရ။ |
1,351,556 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ကိုယ်စားဆောင်ရွက်သူ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့်ခြွင်းချက်။ |
1,351,557 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီသည်၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ (၇) အရဖြစ်စေ၊ ပုဒ်မ ၁၉၉ ၏အပိုဒ်(ခ) အရဖြစ်စေ၊ သတ်မှတ်ထားသောသူထံ၊ သေဆုံးသူ၏ပစ္စည်းအနက်ပိုနေသော ပစ္စည်းကိုအပ်ပြီးသည့်နောက်၊ သေဆုံးသူနှင့်စပ်လျဉ်းသည့်ကိုယ်စားဆောင်ရွက်သူ၊ သို့တည်းမဟုတ် အ မွေထိန်းမင်းကြီးသည်၊ ထိုတပ်မှူးကသော်၎င်း၊ ထိုကော်မီတီကသော်၎င်း၊ စုဆောင်းထိန်းသိမ်းမထား သည့်ပြင်၊ အထက်ဆိုခဲ့သည့် ပိုနေသောပစ္စည်းတစိတ်တဒေသအဖြစ်နှင့်လည်း မပါဝင်သည့်သေဆုံးသူ၏ ပစ္စည်းနှင့်စပ်လျဉ်း၍၊ ပုဒ်မ ၁၉၈ နှင့် ၁၉၉ တို့ကို ပြဋ္ဌာန်းခြင်းမပြုဘိသကဲ့သို့၊ စီမံခန့်ခွဲရန် အခွင့်အရေး များနှင့် တာဝန်ဝတ်တရားများရရှိစေရမည်။ |
1,351,558 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပုဒ်မ ၁၉၈ မှ ပုဒ်မ ၂၀၈ ထိဖြစ်သော ပုဒ်မများသည်၊ ရူးသွပ်သူများ၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပျောက်ဆုံး နေပြီဟုအကြောင်းကြားခြင်း ခံရသူများနှင့်သက်ဆိုင်ခြင်း။ |
1,351,559 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ရူးသွပ်ခြင်းအက်ဥပဒေ (The Lunacy Act) တွင် မည်သို့ပင်ပါရှိစေကာမူ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းအမှန်ရူးသွပ်သည်ဟု စုံစမ်းသိရှိရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး၏ ကိစ္စ တွင်၊ ထိုသူရူးသွပ်ခြင်းမှန်ကန်ကြောင်း စုံစမ်းသိရှိရသည့်နေ့ရက်၌၊ ထိုသူသေဆုံးဘိသကဲ့သို့၊ သို့တည်း မဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင်ပျောက်ဆုံးနေပြီဟု အကြောင်းကြားခြင်းခံရသော၊ ဤအက်ဥပဒေ ကို လိုက်နာရသူတဦး၏ကိစ္စတွင်၊ ထိုသို့အကြောင်းကြားခြင်းခံရသည့်နေ့ရက်၌၊ ထိုသူသေဆုံးဘိသကဲ့ သို့၊ ပုဒ်မ ၁၉၈ မှ ပုဒ်မ ၂၀၈ ထိဖြစ်သော ပုဒ်မများပါပြဋ္ဌာန်းချက်များသည်၊ အဆိုပါသူများနှင့် သက်ဆိုင် နိုင်သမျှသက်ဆိုင်စေရမည်။ |
1,351,560 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် ပျောက်ဆုံးနေပြီဟု အကြောင်းကြားခြင်းခံရသူ၏ ကိစ္စတွင်၊ ထိုသူသေဆုံးပြီဟု ဆိုင်ရာ အာဏာပိုင်က မှတ်ယူခြင်းမပြုသေးသမျှ၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ (၂) မှ (၆) ထိဖြစ်သော ပုဒ်မခွဲများ အရဖြစ်စေ၊ ပုဒ်မ ၁၉၉ အရဖြစ်စေ၊ ပုဒ်မ ၂၀၂ အရဖြစ်စေ၊ အရေးမယူရ။ |
1,351,561 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အချို့ကိစ္စများတွင် အမြဲတန်းစီမံခန့်ခွဲရေးကော်မီတီခန့်အပ်ခြင်း။ |
1,351,562 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အရာရှိတဦးသေဆုံးသည့်အခါ၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသည့်အခါ သို့တည်းမဟုတ် အမှန်ရူးသွပ်သည်ဟု သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း စုံစမ်းသိရှိရသည့်အခါ၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပျောက်ဆုံးနေပြီဟု အကြောင်းကြားခြင်းခံရသည့်အခါ၊ ဤအခဏ်းရှိ အထက်ဆိုခဲ့သည့် ပြဋ္ဌာန်းချက်များတွင် စီမံခန့်ခွဲရေးကော်မီတီကို ရည်ညွှန်းသောအခါ၊ ဤကိစ္စအလို့ငှါ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းခန့်အပ်သော အမြဲတမ်းစီမံခန့်ခွဲရေးကော်မီတီရှိခဲ့လျှင်၊ ထိုအမြဲ တမ်းစီမံခန့်ခွဲရေး ကော်မီတီကို ရည်ညွှန်းဘိသကဲ့သို့ အဓိပ္ပါယ်ကောက်ယူရမည်။ |
1,351,563 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုအမြဲတမ်း စီမံခန့်ခွဲရေးကော်မီတီကသာ ဤအခဏ်းပါစီမံခန့်ခွဲရေး ကော်မီတီ၏ အလုပ်ဝတ်တရားများကို ဆောင် ရွက်ခွင့်ရရှိရမည်။ |
1,351,564 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အခဏ်း ၁၇။ အယူခံခြင်းများ။ |
1,351,565 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံး ဖွဲ့စည်းခြင်း။ |
1,351,566 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်ဘက်အယူခံ တရားရုံးတရုံးရှိရမည်။ |
1,351,567 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထိုစစ်ဘက်အယူခံတရားရုံး၏ တရားသူကြီးများ သည်၊ အောက်ပါအတိုင်းဖြစ်ရမည်။ |
1,351,568 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) နိုင်ငံတော်တရားဝန်ကြီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ တရားလွှတ်တော် တရားဝန်ကြီးများထဲမှ အခါအားလျော်စွာရွေးချယ်သော တရားလွှတ်တော်တရားဝန်ကြီးများ၊ |
1,351,569 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) နိုင်ငံတော်တရားဝန်ကြီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ တပ်မတော်ရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်အောက် မနိမ့်သော အရာရှိများထဲမှ အခါအားလျော်စွာ ရွေးချယ်သောအရာရှိများ၊ ထို့ပြင် |
1,351,570 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) အစိုးရအမှုထမ်းမဟုတ်သည့် ဥပဒေကျွမ်းကျင်သူများထဲမှ နိုင်ငံတော်တရားဝန်ကြီးချုပ်က ခန့်အပ် သူများ။ |
1,351,571 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ပုဒ်မခွဲ(၁)၏ အပိုဒ် (ဂ) အရ၊ စစ်ဘက်အယူခံတရားရုံး၏ တရားသူကြီးများအဖြစ်ခန့်အပ်ခြင်း ခံရသူများအား၊ နိုင်ငံတော်သမတက ဆုံးဖြတ်သည့် အခကြေးငွေ၊ ခရီးစရိတ်နှင့် စားစရိတ်ပေးနိုင်သည်။ |
1,351,572 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်တရားဝန်ကြီးချုပ်ကခန့်အပ်သော စစ်ဘက် အယူခံတရားရုံး၏ အတွင်းဝန်တဦးရှိရမည်။ |
1,351,573 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင်နိုင်ငံတော်တရားဝန်ကြီးချုပ်သည်၊ စစ်ဘက်အယူခံ တရားရုံး၏ အခြားအရာရှိများနှင့် အမှုထမ်းများကို မိမိဆုံးဖြတ်သည့်အတိုင်း နိုင်ငံတော်သမတက သဘောတူညီသော အရေအတွက်ထက်မပိုစေဘဲ ခန့်အပ်နိုင်သည်။ |
1,351,574 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံးနှင့် သက်ဆိုင်သော ဖြည့်စွက်ပြဋ္ဌာန်းချက်များ။ |
1,351,575 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအခဏ်းအရ အယူခံမှုများကိုဖြစ်စေ၊ အယူခံမှု၏ အစအဦးကိစ္စတခုခုကိုဖြစ်စေ၊ အယူခံမှု မှ ဖြစ်ပေါ်လာသောကိစ္စတခုခုကိုဖြစ်စေ၊ ကြားနာစစ်ဆေးဆုံးဖြတ်ရန်အလို့ငှါ နိုင်ငံတော်တရားဝန်ကြီး ချုပ်က ထုတ်သည့်ညွှန်ကြားချက်များနှင့်အညီ စစ်ဘက်အယူခံ တရားရုံးကိုဆင့်ခေါ်ရမည်။ |
1,351,576 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုစစ်ဘက်အယူခံတရားရုံးတွင် အောက်ပါအတိုင်း တရားသူကြီးများပါဝင်လျှင်၊ ထိုစစ်ဘက်အယူခံ တရားရုံးသည်၊ နည်းလမ်းတကျဖွဲ့စည်းပြီးဖြစ်သော စစ်ဘက်အယူခံတရားရုံးဖြစ်သည်ဟုမှတ်ယူရမည်။ |
1,351,577 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) သုံးဦးအောက် မလျော့သော၊ စုံမဟုတ်သည့် အရေအတွက်ရှိသော တရားသူကြီးများ၊ ထို့ပြင် |
1,351,578 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) (ဤအခဏ်း၌ နောက်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ) ပုဒ်မ ၂၁၁၊ ပုဒ်မခွဲ (၁)၏ အပိုဒ် (က) တွင် ဖေါ်ပြထားသည့် တရားသူကြီးများအနက် အနည်းဆုံး တရားသူကြီးတဦးနှင့် အပိုဒ်(ခ) တွင် ဖေါ်ပြထားသည့် တရားသူကြီးများအနက် အနည်းဆုံးတဦး။ |
1,351,579 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်ဘက်အယူခံတရားရုံးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာဖြစ်စေ၊ ပြင်ပမှာဖြစ်စေ၊ နိုင်ငံတော် တရားဝန်ကြီးချုပ်က ညွှန်ကြားသည့်နေရာတွင် ရုံးထိုင်ရမည်။ |
1,351,580 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) စစ်ဘက်အယူခံတရားရုံးတွင် ပြဿနာတရပ်ရပ်ကို ဆုံးဖြတ်ခြင်းသည်၊ အမှုကိုကြားနာစစ်ဆေး သည့် တရားသူကြီးများအနက်၊ များရာတရားသူကြီးများ၏ ထင်မြင်ယူဆချက်အတိုင်းဖြစ်စေရမည်။ |
1,351,581 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) စစ်ဘက်အယူခံတရားရုံးသည်၊ အထက်မော်ကွန်းရုံးတရုံးဖြစ်ရမည်။ |
1,351,582 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် စစ်ဘက်အယူခံ တရားရုံး၌ အမှုတခုခုတွင် တရားမျှတမှုရှိအောင်ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်အပ်သည့်ပြဿနာ တရပ်တရပ်ကို ဤအခဏ်း၏ကိစ္စများအလို့ငှါ ဤအခဏ်းပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအခဏ်းပါပြဋ္ဌာန်းချက်များ အတိုင်းဆုံးဖြတ်ရန် အာဏာကုန်ရှိစေရမည်။ |
1,351,583 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) နိုင်ငံတော်တရားဝန်ကြီးချုပ်၏ ရာထူးလစ်လပ်လျှင်ဖြစ်စေ၊ နိုင်ငံတော်တရားဝန်ကြီးချုပ် အလုပ် ခွင်၌မရှိခြင်းကြောင့်၊ သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့် နိုင်ငံတော်တရားဝန်ကြီးချုပ် သည် မိမိ၏ရာထူးဆိုင်ရာတာဝန်ဝတ်တရားများကို မဆောင်ရွက်နိုင်လျှင်ဖြစ်စေ၊ ဤပုဒ်မအရ နိုင်ငံတော်တရားဝန်ကြီးချုပ်က ထုတ်နိုင်သောညွှန်ကြားချက်များကို နိုင်ငံတော်တရားဝန်ကြီးချုပ်နောက် ဝါအရင့််ဆုံးဖြစ်သော တရားလွှတ်တော်ချုပ် တရားဝန်ကြီးက ထုတ်ရမည်။ |
1,351,584 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံနိုင်ခွင့်။ |
1,351,585 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည်၊ မိမိအားပြစ်မှုထင်ရှားစီရင်ခြင်းကို ဤအခဏ်းရှိ အောက်ပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ စစ်ဘက်အယူခံတရားရုံးတွင် အယူခံနိုင် သည်။ |
1,351,586 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) သေဒဏ်ပါဝင်သည့် ပြစ်မှုထင်ရှားစီရင်ခြင်းမှတပါး၊ စစ်တရားရုံးတရုံးက ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူအား၊ ပုဒ်မခွဲ(၁) ဖြင့် ပေးအပ်ထားသော အခွင့်အရေးကို- |
1,351,587 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ထိုသူက ဆိုင်ရာအာဏာပိုင်ထံ မိမိအား ပြစ်မှုထင်ရှားစီရင်ခြင်းပယ်ဖျက်ပေးရန် လျှောက်လွှာကို သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း ပုဒ်မ ၁၆၈ ၏ ပုဒ်မခွဲ(၂) နှင့် အညီမတင်လျှင် သုံးစွဲခြင်းမပြုရ၊ ထိုပြင် |
1,351,588 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ထိုလျှောက်လွှာတင်သည့် နေ့ရက်မှအစပြုသော သတ်မှတ်ထားသည့်ကာလအပိုင်းအခြား မကုန် မခြင်း၊ သို့တည်းမဟုတ် ထိုလျှောက်လွှာနှင့်စပ်လျဉ်း၍ မိမိမကျေနပ်သည့် အမိန့်ချမှတ်ကြောင်းကို ထိုအာဏာပိုင်က မိမိအားအကြောင်းမကြားမခြင်း၊ ထိုကာလအပိုင်းအခြားကုန်ဆုံးခြင်းနှင့် ထိုသို့ အကြောင်းကြားခြင်းအနက်၊ ထိုကာလအပိုင်းအခြား ကုန်ဆုံးခြင်းမှာ ထိုသို့ အကြောင်းကြားခြင်းထက် ဦးစွာဖြစ်လျှင်၊ ထိုကာလအပိုင်းအခြားမကုန်မခြင်း သုံးစွဲခြင်းမပြုရ။ |
1,351,589 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အကယ်၍ ထိုသို့အကြောင်းကြား ခြင်းမှာ ထိုကာလအပိုင်းအခြားကုန်ဆုံးခြင်းထက် ဦးစွာဖြစ်လျှင်၊ ထိုသို့အကြောင်း မကြားမခြင်း သုံးစွဲ ခြင်းမပြုရ။ |
1,351,590 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများ၌ သီးခြားဖေါ်ပြထားသော အခြေအနေများတွင် ထိုနည်း ဥပဒေများ၌ သီးခြားဖေါ်ပြထားသောသူထံတင်သွင်းသည့် ပုဒ်မခွဲ (၂) တွင် ဖေါ်ပြထားသော လျှောက်လွှာသည်၊ ထိုပုဒ်မခွဲ၏ကိစ္စများအလို့ငှါ၊ ဆိုင်ရာအာဏာပိုင်ထံ တင်ပြီးသည့် လျှောက်လွှာဖြစ်ဘိ သကဲ့သို့ ယူဆရမည်ဟု ထိုနည်းဥပဒေများက ပြဋ္ဌာန်းနိုင်သည်။ |
1,351,591 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံလွှာတင်သွင်းခြင်း။ |
1,351,592 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်ဘက်အယူခံတရားရုံးသို့တင်ရန် အယူခံလွှာကို အတွင်းဝန်ထံသတ်မှတ်ထားသော ကာလအပိုင်းအခြားအတွင်း တင်သွင်းရမည်။ |
1,351,593 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများ၌ သီးခြားဖေါ်ပြထားသော အခြေအနေများတွင် ထိုနည်းဥပဒေများ၌ သီးခြားဖေါ်ပြထားသောသူ(အတွင်းဝန်မဟုတ်သူ) ထံ တင်သွင်းသည့် ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသော အယူခံလွှာသည်၊ ထိုပုဒ်မခွဲ၏ ကိစ္စများအလို့ငှါ၊ အတွင်းဝန်ထံ တင်သွင်းပြီးသည့် အယူခံလွှာဖြစ်ဘိသကဲ့သို့ ယူဆရမည်ဟု ထိုနည်းဥပဒေများက ပြဋ္ဌာန်းနိုင်သည်။ |
1,351,594 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ပုဒ်မခွဲ (၂) ကို အကြောင်းပြု၍ အကျိုးသက်ရောက်သည့် စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေ များနှင့်အညီ၊ အတွင်းဝန်မဟုတ်သော အခြားသူတဦးထံ အယူခံလွှာတင်သွင်းသောအခါ ထိုအခြားသူ သည်၊ ထိုအယူခံလွှာကို ဆောလျင်နိုင်သမျှဆောလျင်စွာ အတွင်းဝန်ထံသို့ပို့ရမည်မှာ ထိုအခြားသူ၏ တာဝန်ဝတ်တရားဖြစ်ရမည်။ |
1,351,595 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သာမန်အမှုများတွင် အယူခံမှုများကို ဆုံးဖြတ်ခြင်း။ |
1,351,596 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပုဒ်မ ၂၁၆ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအခဏ်းအရအယူခံမှုနှင့်စပ်လျဉ်း ၍ စစ်တရားရုံး၏ဆုံးဖြတ်ချက်သည်၊ သက်သေခံအထောက်အထားမရှိသဖြင့်မဖြစ်နိုင်ဟု၊ သို့တည်း မဟုတ် ထိုဆုံးဖြတ်ချက်တွင် ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ်ကို မှားယွင်းစွာဆုံးဖြတ်ထားခြင်း ပါဝင်သည်ဟု၊ သို့တည်းမဟုတ် ထိုဆုံးဖြတ်ချက်သည်၊ အကြောင်းတခုခုကြောင့် တရားစီရင်မှုလွဲမှား သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ ထိုတရားရုံးသည်၊ အယူခံမှုကိုခွင့်ပြုရမည်။ |
1,351,597 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အဆိုပါအကြောင်းတခုခုမရှိလျှင်၊ အယူခံမှုကိုပယ်ရမည်။ |
1,351,598 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် စစ်ဘက်အယူခံတရားရုံးသည်၊ အယူခံမှုတွင် ထုတ်ဖေါ်ပြသည့်အချက်ကို အယူခံတရားလို၏ အကျိုးအတွက် ဆုံးဖြတ်ပေးနိုင်သည်ဟု၊ မိမိထင်မြင်ယူဆစေကာမူ၊ အရေးယူလောက်သည့် တရားစီရင် မှုလွဲမှားခြင်း အမှန်စင်စစ်မပါရှိဟုယူဆလျှင်၊ အယူခံမှုကိုပယ်နိုင်သည်။ |
1,351,599 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်ဘက် အယူခံတရားရုံးသည်၊ ဤအခဏ်းအရ အယူခံမှုကို ခွင့်ပြုလျှင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက် ရမည်။ |
1,351,600 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံး၏ အာဏာများ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.