id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,351,601 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) အယူခံတရားလိုတဦးအား စစ်ဆေးစီရင်သည့် စစ်တရားရုံးက၊ ထိုသူကိုစွဲဆိုသည့် စွဲချက် အချို့အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းသည် နည်းလမ်းတကျမရှိသော်လည်း၊ စွဲဆိုသည့် အခြားစွဲချက် အချို့အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းသည် နည်းလမ်းတကျရှိသည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ ထို့နောက်အခြားစွဲချက်အတွက်၊ ထိုအယူခံတရားလိုအား ပြစ်မှုထင်ရှားစီရင်ခြင်းခံရ စေသည့် ပြစ်မှုနှင့်စပ်လျဉ်း၍၊ ထိုသူ့အပေါ်စစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်သည်၊ ဤအက်ဥပဒေက ခွင့်ပြုသော ပြစ်ဒဏ်မဟုတ်လျှင် စစ်ဘက်အယူခံတရားရုံးသည်၊ ထိုသူအပေါ် စစ်တရားရုံးကချမှတ် သည့်ပြစ်ဒဏ်အစား၊ ဤအက်ဥပဒေကခွင့်ပြုသည့်ပြင်၊ အယူခံတရားရုံးက သင့်မြတ်လျော်ကန်သည်ဟု လည်းယူဆသော ပြစ်ဒဏ်ကို ထိုသူအပေါ်ချမှတ်ရမည်။ |
1,351,602 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) အယူခံတရားလိုတဦးသည်၊ ပြစ်မှုတခုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး၊ ထိုသူအား စစ်ဆေး စီရင်သည့်စစ်တရားရုံးက၊ အခြားပြစ်မှုအတွက် အပြစ်ရှိသည်ဟု တရားဥပဒေနှင့်အညီ ဆုံးဖြတ်နိုင်မည့် အခါ၊ ထို့ပြင် ထိုသူအား ထိုအခြားပြစ်မှုအတွက် အပြစ်ရှိကြောင်းထင်ရှားစေသည့် အကြောင်းခြင်းရာ များရှိကြောင်းကို စစ်တရားရုံးကကြေနပ်ပြီးဖြစ်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆသော အခါ၊ စစ်ဘက်အယူခံ တရားရုံးသည်၊ အယူခံမှုကို ခွင့်ပြုမည့်အစား၊ သို့တည်းမဟုတ် ပယ်မည့်အစား၊ စစ်တရားရုံး၏ဆုံးဖြတ်ချက်ကို အခြားပြစ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့်အစားထိုး နိုင်သည်။ |
1,351,603 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် စစ်တရားရုံးက ထိုသူ့အပေါ်ချမှတ်သည့် ပြစ်ဒဏ်အစား၊ စစ်ဘက်အယူခံ တရားရုံးက သင့်တော်လျော်ကန်သည်ဟု ထင်သည့်အတိုင်း၊ ထိုအခြားပြစ်မှုအတွက်၊ ဤအက်ဥပဒေက ခွင့်ပြုသည့် ပြစ်ဒဏ်ကိုချမှတ်နိုင်သည်။ |
1,351,604 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့သော်လည်း အစားထိုးချမှတ်သည့်ပြစ်ဒဏ်သည်၊ စစ်တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်ထက်ပို၍ မကြီးလေးစေရ။ |
1,351,605 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) (က) ကြီးလေးသောပြစ်ဒဏ်နှင့် ပေါ့သည့်ပြစ်ဒဏ်နှစ်မျိုးအနက်၊ ကြီးလေးသောပြစ်ဒဏ်နှင့် အကျုံးဝင်သည့်အခြေအနေတွင် ကျူးလွန်သောပြစ်မှုတခုအတွက်၊ အယူခံတရားလိုတဦးသည်၊ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရသည့်အခါ၊ ပေါ့သည့်ပြစ်ဒဏ်နှင့် အကျုံးဝင်သောအခြေအနေတွင် ထိုပြစ်မှုကို ကျူးလွန်ဘိသကဲ့သို့ ထိုသူမှာ ထိုပြစ်မှုအတွက်အပြစ်ရှိကြောင်း ထိုသူအားစစ်ဆေးစီရင်သည့် စစ်တရား ရုံးက ဆုံးဖြတ်သင့်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ သို့တည်းမဟုတ် |
1,351,606 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အယူခံတရားလိုတဦးသည်၊ ပြစ်မှုတခုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်အခါ၊ ထိုသူအား စစ်ဆေးစီရင်သည့်စစ်တရားရုံးက၊ ခြွင်းချက်များ၊ သို့တည်းမဟုတ် ပြောင်းလဲချက်များပြုလုပ်၍၊ ထိုသူ သည်၊ ထိုပြစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်သင့်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆ လျှင်၊ စစ်ဘက်အယူခံ တရားရုံးသည်၊ အယူခံခြင်းကိုခွင့်ပြုမည့်အစား၊ သို့တည်းမဟုတ် ပယ်မည့်အစား၊ စစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို၊ ပေါ့သောပြစ်ဒဏ်နှင့် အကျုံးဝင်သည့် အခြေအနေများတွင် ထိုပြစ်မှုကို ကျူးလွန်ဘိသကဲ့သို့ ထိုပြစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ခြွင်းချက်များ ကိုဖြစ်စေ၊ ပြောင်းလဲချက်များကိုဖြစ်စေ၊ ပြုလုပ်၍၊ ထိုပြစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ချက်၊ သက်ဆိုင်ရာရာနှင့်အစားထိုးနိုင်သည့်ပြင်၊ စစ်တရားရုံးက၊ ထိုသူအပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို၊ သီးခြား ဖေါ်ပြထားသောပြစ်မှုအတွက်ဖြစ်စေ၊ အစားထိုးထားသည့်ဆုံးဖြတ်ချက်တွင် ပါဝင်သောပြစ်မှုအတွက် ဖြစ်စေ၊ ဤအက်ဥပဒေက ခွင့်ပြုသည်လည်းဖြစ်၍၊ ပို၍မကြီးသည်လည်းဖြစ်သော၊ စစ်ဘက်အယူခံ တရားရုံးက သင့်တော်လျော်ကန်သည်ဟုလည်း ယူဆသည့်ပြစ်ဒဏ်တရပ်ကို၊ အယူခံတရားလိုအပေါ် အစားထိုးချမှတ်နိုင်သည်။ |
1,351,607 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၄) အယူခံသည့်အခါ၊ အယူခံတရားလိုသည်၊ စွပ်စွဲသည့်ပြုလုပ်မှု၊ သို့တည်းမဟုတ် ပျက်ကွက်မှုအတွက် အပြစ်ရှိသော်လည်း၊ ထိုပြုလုပ်မှု၊ သို့တည်းမဟုတ် ပျက်ကွက်မှု ကျူးလွန်သည့်အချိန်၌၊ ထိုသူသည် ရူးသွပ်နေသည်ဖြစ်၍၊ ၎င်း၏ပြုမူမှုအတွက် တရားဥပဒေအရ တာဝန်မရှိဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ စစ်ဆေးစီရင်သည့်အခါက ချမှတ်သည့်ပြစ်ဒဏ်ကို စစ်ဘက်အယူခံတရားရုံးက ပယ်ဖျက်နိုင်သည့်ပြင်၊ အယူခံတရားလိုအား ပြစ်မှုထင်ရှားစီရင်သည့် စစ်တရားရုံးက၊ ရူးသွပ်သည်ဟု အထူးဆုံးဖြတ်ချက်တရပ် ချမှတ်သည်တွင် အမိန့်ပေးသည့်နည်းတူ၊ အယူခံတရားလိုကို၊ အချုပ်နှင့် ထားရန် အမိန့်ပေးနိုင်သည်။ |
1,351,608 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၅) ဤပုဒ်မ၏ အထက်တွင်ဆိုခဲ့သည့်ပြဋ္ဌာန်းချက်များအနက်၊ ပြဋ္ဌာန်းချက်တခုခုအရ၊ စစ်ဘက်အယူခံ တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်တခုခုသည်၊ စစ်ဘက်အယူခံတရားရုံးက အခြားနည်းညွှန်ကြားခြင်း မပြုလျှင်၊ အယူခံဝင်သည့်မူလအမှုတွဲတွင်၊ ထိုပြစ်ဒဏ်ကိုချမှတ်ခဲ့သော်၊ ထိုပြစ်ဒဏ်အစပြုမည့် အချိန်မှ အစပြုရမည်။ |
1,351,609 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် စစ်ဘက်အယူခံတရားရုံးက အထက်တွင်ဆိုခဲ့သည့်အတိုင်း ချမှတ်သည့်ပြစ်ဒဏ် သည်၊ ထိုစစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်ဖြစ်သည်ဟု မှတ်ယူရမည်။ |
1,351,610 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခြင်းကိုထောက်ထား၍ စစ်ဘက်အယူခံတရားရုံး၏ ဆုံးဖြတ်ချက်သည်၊ အပြီးအပြတ်ဖြစ်စေရမည်။ |
1,351,611 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအခန်းပါပြဋ္ဌာန်းချက်များအရ အယူခံဝင်မှုတွင်၊ စစ်ဘက်အယူခံတရားရုံးက ဆုံးဖြတ်ချက်ချ သောနေ့ရက်မှအစပြု၍ တဆယ့်လေးရက်အတွင်း၊ နိုင်ငံတော်ရှေ့နေချုပ်ထံ၊ ထိုကိစ္စအလို့ငှါလျှောက် လွှာတင်သွင်းလျှင်၊ နိုင်ငံတော်ရှေ့နေချုပ်က စစ်ဘက်အယူခံတရားရုံး၏ဆုံးဖြတ်ချက်တွင် အများ ပြည်သူနှင့်ပတ်သက်သည့် အထူးအရေးကြီးသော ဥပဒေကြောင်းဆိုင်ရာ အချက်တခုပါဝင်နေသည့်ပြင် အများပြည်သူအကျိုးအတွက် ထပ်မံအယူခံဝင် သင့်ကြောင်းထောက်ခံချက်လက်မှတ်ကို လျှောက်ထား သူအားပေးလျှင်၊ ထိုထောက်ခံချက်လက်မှတ်ရရှိသူ၌၊ စစ်ဘက်အယူခံတရားရုံး၏ဆုံးဖြတ်ချက်ကို တရားလွှတ်တော်ချုပ်တွင် အယူခံဝင်ခွင့်ရှိသည်။ |
1,351,612 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့သော်လည်း ဤပုဒ်မပါ အထက်ဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စစ်ဘက်အယူခံ တရားရုံးကအယူခံဝင်မှုကို ဆုံးဖြတ်ခြင်းသည်၊ သို့တည်းမဟုတ် စစ်ဘက်အယူခံတရားရုံးက ဆုံးဖြတ်ရန်အာဏာရှိသော အခြားကိစ္စကိုဆုံးဖြတ်ခြင်း သည်၊ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတရားစီရင်ရေး အက်ဥပဒေ၏ ပုဒ်မ ၆ တွင် မည်သို့ပင်ပါရှိစေ ကာမူ၊ အပြီးအပြတ်ဖြစ်စေရမည်။ |
1,351,613 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင်စစ်ဘက်အယူခံတရားရုံး၏ဆုံးဖြတ်ချက်ကို၊ အခြားမည်သည့် တရားရုံးတွင်မျှ၊ အယူခံဝင်ခွင့်မရှိစေရ။ |
1,351,614 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံးက၊ အယူခံဝင်မှုကိုခွင့်ပြုပြီးနောက်၊ စစ်ဘက်အယူခံတရားရုံး၏ခွင့်ပြုကြောင်း ဆုံးဖြတ်ချက်ကို ချမှတ်ပြီးလျှင်ပြီးခြင်း၊ နိုင်ငံတော်ရှေ့နေချုပ်ထံ အထက်တွင်ဆိုခဲ့သည့်ထောက်ခံချက် လက်မှတ်အတွက်၊ လျှောက်ထားရန်ကြံရွယ်ကြောင်းကို စစ်ဘက်အယူခံတရားရုံးအား အကြောင်းကြား သောအခါ၊ နိုင်ငံတော်ရှေ့နေချုပ်က၊ ထောက်ခံချက်လက်မှတ်ပေးရန် ငြင်းပယ်သည့်တိုင်အောင်၊ သို့တည်းမဟုတ် တရားလွှတ်တော်ချုပ်က အယူခံဝင်မှုတွင် ဆုံးဖြတ် ချက်ချမှတ်ပြီးသည့်တိုင်အောင်၊ သို့တည်းမဟုတ် အယူခံဝင်ခြင်းကို လက်လျှော့လိုက်သည့်တိုင်အောင်၊ တရားခံအား၊ ချုပ်ထားခွင့် သော်၎င်း၊ တရားခံအား အချုပ်မှမလွှတ်ရန် ညွှန်ကြားချက်သော်၎င်း၊ ပါရှိသည့်အမိန့်ကို၊ စစ်ဘက် အယူခံတရားရုံးက ထုတ်နိုင်သည်။ |
1,351,615 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံး၏ ဖြည့်စွက်အာဏာများ။ |
1,351,616 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ဤအခန်းပါကိစ္စများအလို့ငှါ၊ တရားမျှတမှုရှိစေရန်၊ လိုအပ်သည်၊ သို့တည်းမဟုတ် လျော် ကန်သင့်မြတ်သည်ဟု စစ်ဘက်အယူခံတရားရုံးကထင်မြင်ယူဆလျှင်၊ ထိုစစ်ဘက်အယူခံ တရားရုံး သည်- |
1,351,617 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) အမှုဆုံးဖြတ်ရေးအတွက် တင်ပြရန်လိုအပ်သည်ဟု ယူဆပါက၊ မှုခင်းကိစ္စ၊ ဆောင်ရွက်ချက်များ နှင့် စပ်ဆိုင်သောစာတမ်းအမှတ်အသားကိုဖြစ်စေ၊ သက်သေခံပစ္စည်းကိုဖြစ်စေ၊ အခြားအရာကိုဖြစ်စေ၊ တင်ပြရန် အမိန့်ပေးနိုင်သည်။ |
1,351,618 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အမှုနှင့်ဖြစ်စေ၊ ထိုအမှုတွင်ပေါ်ပေါက်သည့် အချက်အလက်တခုနှင့်ဖြစ်စေ၊ စပ်လျဉ်း၍၊ စစ်ဆေး စီရင်သောစစ်တရားရုံး၏အဖွဲ့ဝင်တဦးဦး၊ သို့တည်းမဟုတ် စစ်ဆေးစီရင်ရာတွင် စစ်ဥပဒေအရာရှိအဖြစ် ဖြင့် ဆောင်ရွက်သူ၏ ထင်မြင်ယူဆချက်ကိုဖေါ်ပြထားသော၊ သို့တည်းမဟုတ်အမှု၏ အကြောင်းခြင်းရာ တခုခုအကြောင်း ရေးသားပါရှိသော အစီရင်ခံစာတစောင်ကို အမှုစီရင်ဆုံးဖြတ်ရန်အတွက်၊ အမှန်သိရှိ နိုင်ရန်အလို့ငှါ၊ စုံစမ်းရန်လိုအပ်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆပါက၊ အယူခံတရား လိုအား စစ်ဆေးစီရင်သောစစ်တရားရုံး၏ အဖွဲ့ဝင်တဦးဦးထံမှသော်၎င်း၊ စစ်ဆေးစီရင်ရာတွင် စစ်ဥပဒေအရာရှိအဖြစ်ဖြင့် ဆောင်ရွက်သူထံမှသော်၎င်း၊ ရယူရေးအတွက်လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် အမိန့်ပေးနိုင်သည်။ |
1,351,619 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) စစ်ဆေးစီရင်ရာတွင် ဆင့်ခေါ်ခြင်းခံခဲ့ရသည်ဖြစ်စေ၊ ဆင့်ခေါ်ခြင်းမခံခဲ့ရသည်ဖြစ်စေ၊ စစ်ဆေး ရာတွင်မပျက်မကွက် လာရောက်အစစ်ခံရန် အတင်းအကျပ်ဆင့်ခေါ်ခြင်းခံရမည့်မည်သည့် သက်သေကို မဆို စစ်ဘက်အယူခံတရားရုံးသို့လာရောက်ရန်နှင့် စစ်မေးခြင်းခံရန်အမိန့်ပေးနိုင်သည်၊ သို့တည်းမဟုတ် ထိုသက်သေများအားစစ်မေးခြင်းကို စစ်ဘက်အယူခံတရားရုံး၏တရားသူကြီးတဦးဦးရှေ့တွင်သော်၎င်း၊ စစ်ဘက်အယူခံတရားရုံးက ထိုကိစ္စအလို့ငှါ၊ ခန့်အပ်သော အခြားသူတဦးဦးရှေ့တွင်သော်၎င်း၊ သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း ပြုလုပ်ဆောင်ရွက်ရန်အမိန့်ပေးနိုင်သည်။ |
1,351,620 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုသို့ရယူသည့် အစစ်ခံ ချက်များကို စစ်ဘက်အယူခံတရားရုံးတွင် သက်သေခံအဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။ |
1,351,621 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) မပျက်မကွက် လာရောက်အစစ်ခံရန် အတင်းအကျပ်မဆင့်ခေါ်နိုင်သော်လည်း သက်သေခံရန် အရည်အချင်းရှိသည့်သက်သေများ (အယူခံတရားလိုပါဝင်သည်) ၏ သက်သေခံချက်ကိုတင်ပြလျှင်၊ ထိုသက်သေခံချက်ကို လက်ခံနိုင်သည်။ |
1,351,622 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) အယူခံမှု၌ပေါ်ပေါက်သော ပြဿနာတခုခုတွင် စာတမ်းအမှတ်အသားများကိုဖြစ်စေ၊ ငွေစာရင်း များကိုဖြစ်စေ၊ အချိန်ကြာမြင့်စွာစစ်ဆေးခြင်း၊ သို့တည်းမဟုတ် သိပ္ပံပညာအရစစ်ဆေးခြင်း၊ သို့တည်း မဟုတ် နေရာဌာနများ ကြည့်ရှုစစ်ဆေးခြင်းပါဝင်ရာတွင်၊ စစ်ဘက်အယူခံတရားရုံး၌ အကြောင်း ညီညွတ်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ဟုထင်မြင်ယူဆပါက၊ ထိုပြဿနာကို စုံစမ်းစစ်ဆေး၍ အစီရင်ခံ ရန် ထိုစစ်ဘက်အယူခံတရားရုံးက ခန့်အပ်သောအမှုအရေးလွှဲအပ်ခံရသူအထူးအရာရှိတဦးထံ သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း၊ လွှဲအပ်ရန်အမိန့်ပေးနိုင်သည်။ |
1,351,623 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် စစ်ဘက်အယူခံတရားရုံးသည် ထိုအမှုအရေးလွှဲအပ်ခံရသူအထူးအရာရှိ၏ အစီရင်ခံစာထဲမှ မိမိတို့လက်ခံနိုင်မည်ဟု ထင်မြင်ယူဆသည့် အချက်များကိုလက်ခံ၍ အရေးယူဆောင်ရွက်နိုင်သည်။ |
1,351,624 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) နည်းလမ်းတကျ အမှုစီရင်ဆုံးဖြတ်နိုင်ရန်အတွက်၊ အထူးကျွမ်းကျင်နားလည်မှုလိုသည်ဟု စစ်ဘက်အယူခံတရားရုံးက၊ ထင်မြင်ယူဆပါက၊ စစ်ဘက်အယူခံတရားရုံး၏ အဆက်ဆာလူကြီးအဖြစ် ဖြင့်ဆောင်ရွက်ရန် မည်သည့်အထူးကျွမ်းကျင်နားလည်သူကိုမဆို ခန့်အပ်နိုင်သည်။ |
1,351,625 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ထိုစစ်ဘက်အယူခံတရားရုံး၏ အမိန့်များနှင့်ပြစ်ဒဏ်ချမှတ်ချက်များ အာဏာတည်စေရန် လိုအပ်သောဝရမ်းများကို ထုတ်နိုင်သည်။ |
1,351,626 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် စစ်တရားရုံးဥက္ကဋ္ဌထံမှ အစီရင်ခံစာကို ရယူရန်ကိစ္စအလို့ငှါ၊ စစ်ဘက်အယူခံတရားရုံးက အမိန့်မပေးလျှင်၊ သို့တည်းမဟုတ် ထိုစစ်တရားရုံးဥက္ကဋ္ဌထံမှ အစီရင်ခံစာရယူရန် မဖြစ်နိုင်ဟုသော်၎င်း၊ မလျော်သော ကြန့်ကြာမှုရှိမည်ဟုသော်၎င်း၊ စစ်ဘက်အယူခံတရားရုံးက ကြေနပ်သည်မဟုတ်လျှင်၊ ဤပုဒ်မခွဲ၏အပိုဒ် (ခ) အရ၊ စစ်ဘက်အယူခံတရားရုံးသည်၊ စစ်တရားရုံး၏ ဥက္ကဋ္ဌထံမှအပ၊ အဖွဲ့ဝင်တဦးထံမှ အစီရင်ခံစာရယူရန်ကိစ္စ အလို့ငှါ၊ အမိန့်မထုတ်ရ။ |
1,351,627 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများက သတ်မှတ်သည့်အတိုင်း၊ ခရီးစရိတ်နှင့် စားစရိတ်ကို အောက်ပါတို့အားပေးနိုင်သည်။ |
1,351,628 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပုဒ်မခွဲ (၁) ၏ အပိုဒ် (ဂ) အရထုတ်သော အမိန့်ကိုလိုက်နာလျက် စစ်ဘက်အယူခံတရားရုံးသို့ လာရောက်သော၊ သို့တည်းမဟုတ် ထိုအပိုဒ်တွင်ဖေါ်ပြထားသူတဦးဦးထံတွင်၊ ထိုအမိန့်နှင့်အညီ စစ်မေး ခြင်းခံရသော သက်သေတဦး၊ |
1,351,629 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပြဿနာတရပ်ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံရန်အလို့ငှါ၊ ထိုပုဒ်မခွဲ၏ အပိုဒ် (င) အရ၊ လွှဲအပ်ခံ ရသော အမှုအရေးလွှဲအပ်ခံရသူ အထူးအရာရှိ၊ ထို့ပြင် |
1,351,630 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) စစ်ဘက်အယူခံတရားရုံးတွင် အဆက်ဆာလူကြီးအဖြစ်ဖြင့် ဆောင်ရွက်ရန်ထိုပုဒ်မခွဲ၏ အပိုဒ်(စ) အရ၊ ခန့်အပ်ခြင်းခံရသူ။ |
1,351,631 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများက သတ်မှတ်ထားသည့်အတိုင်း အခကြေးငွေကို ပုဒ်မခွဲ (၂) ၏ အပိုဒ် (ခ) နှင့် (ဂ) တွင် ဖေါ်ပြထားသောသူများကို ပေးနိုင်သည်။ |
1,351,632 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | မိမိ၏အမှုကို ရေးသား၍တင်ရန်အယူခံတရားလို၏ အခွင့်အရေး။ |
1,351,633 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံတရားလိုသည်၊ မိမိအမှု၏အဖြစ်အပျက်အကြောင်းအရာများကို၊ နှုတ်ဖြင့်တင်ပြပြောဆို မည့်အစား၊ ထိုအဖြစ်အပျက် အကြောင်းအရာများကို စာဖြင့်ရေးသားတင်ပြလိုလျှင် တင်ပြနိုင်သည်။ |
1,351,634 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံတရားလိုများအား ဥပဒေကြောင်းကူညီမှု။ |
1,351,635 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံတရားလိုတဦးသည်၊ မိမိအပေါ်စစ်တရားရုံးကချမှတ်သော သေဒဏ်ပါဝင်သည့် ပြစ်မှု ထင်ရှားစီရင်ခြင်းကို စစ်ဘက်အယူခံတရားရုံးတွင် အယူခံဝင်သောအခါ၊ အဆိုပါကိစ္စများအတွက် ရာဇဝတ်တရားရုံးများတွင် တည်ဆဲကျင့်ထုံးစည်းကမ်းနည်းလမ်းနှင့်အညီ၊ ထိုအယူခံတရားလိုတဦး အား အခလွတ်ဥပဒေကြောင်း ကူညီမှုပေးရမည်။ |
1,351,636 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံတရားလိုများ မရှိဘဲ မှုခင်းကိစ္စများကို ကြားနာစစ်ဆေးခြင်း။ |
1,351,637 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ စစ်ဘက်အယူခံတရားရုံးတွင် အယူခံမှုကို ကြားနာစစ်ဆေးရာ တွင်သော်၎င်း၊ ထိုအယူခံမူ၏ အစအဦးဖြစ်သော၊ သို့တည်းမဟုတ် ထိုအယူခံမှုမှ ပေါ်ပေါက်သော မှုခင်း ကိစ္စ ဆောင်ရွက်ချက်များတွင်သော်၎င်း၊ စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများကအယူခံတရားလို ၌ ရုံးသို့လာရောက်ခွင့်ရှိစေရမည်ဟု ပြဋ္ဌာန်းထားသောအခါမှတပါး၊ သို့တည်းမဟုတ် စစ်ဘက်အယူခံ တရားရုံးက အယူခံတရားလိုအား ရုံးသို့လာရောက်ခွင့် ပေးသောအခါမှတပါး၊ အယူခံတရားလိုသည်၊ ရုံး သို့ကိုယ်တိုင်လာရောက်ခွင့် မရရှိစေရ၊ ထို့ပြင် ထိုသို့ရုံးသို့ လာရောက်ခွင့် မပေးသည့်နှင့်အညီ အယူခံတ ရားလို ရုံးသို့လာရောက်ခြင်း မရှိစေကာမူ၊ ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ စစ်ဘက်အယူခံတရားရုံး သည် ပြစ်ဒဏ်ချမှတ်နိုင်သည့် အာဏာကို သုံးစွဲနိုင်သည်။ |
1,351,638 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံမှုများတွင် ဆောင်ရွက်ခွင့်။ |
1,351,639 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၌၊ စစ်ဘက်အယူခံ တရားရုံးရှိ မည်သည့်အယူခံမှုတွင်မဆို၊ ကိုယ်စားလှယ်ဖြင့် ချေပဆောင်ရွက်ခွင့်ရှိရမည်။ |
1,351,640 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) အယူခံတရားလို၌လည်း အဆိုပါအယူခံမှုတွင် တရားလွှတ်တော်ရှေ့နေဖြင့်ဆောင်ရွက်ခွင့်ရှိရမည်။ |
1,351,641 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သေဒဏ်ချမှတ်ချက်များ ဆိုင်းငံ့ထားခြင်း။ |
1,351,642 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးတရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းတွင် သေဒဏ်ပါဝင်သောအခါ- |
1,351,643 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ပုဒ်မ ၂၁၃ ၏ ပုဒ်မခွဲ (၂) အရ၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာတင်သွင်း ရမည်၊ ဤအခဏ်းတွင် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားမကုန်မခြင်း၊ မည်သည့်ပြစ်ဒဏ်ချမှတ် ချက်ကိုမျှ မဆောင်ရွက်ရ။ |
1,351,644 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ထိုလျှောက်လွှာကို နည်းလမ်းတကျတင်သွင်းလျှင်၊ ထိုလျှောက်လွှာကို အပြီးအပြတ်မပယ်မီဖြစ်စေ၊ မရုပ်သိမ်းမီဖြစ်စေ၊ အယူခံမှုကိုမဆုံးဖြတ်မီဖြစ်စေ၊ လက်မလျှော့မီဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကို မဆောင်ရွက်ရ။ |
1,351,645 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | သို့ရာတွင် တန်းပြည့်စစ်မှုထမ်းချိန်၌၊ စစ်တရားရုံးက၊ တဦးတယောက်သောသူအားချမှတ်သည့် သေဒဏ်ကို အတည်ပြုသောအခါ၊ ထို့ပြင်ထိုသေဒဏ်ချမှတ်ချက်ကို အတည်ပြုသည့် အာဏာပိုင်က၊ စစ်စည်းကမ်း၏ အကျိုးအတွက်နှင့် ထိုသူပါရှိသည့်တပ်ဖွဲ့၏ လုံခြုံမှုရရှိရေးအတွက် ထိုသေဒဏ် ချမှတ်ချက်ကို ချက်ခြင်းဆောင်ရွက်သင့်ကြောင်း သက်သေခံလက်မှတ်ပေးသောအခါ၊ ဤပုဒ်မခွဲရှိ အထက်တွင် ဆိုခဲ့သည့် ပြဋ္ဌာန်းချက်များသည်၊ ထိုသေဒဏ်ချမှတ်ချက်နှင့် မသက်ဆိုင်စေရ။ |
1,351,646 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်တရားရုံးကချမှတ်သည့် သေဒဏ်ပါဝင်သော ပြစ်မှုထင်ရှားစီရင်ခြင်းကို၊ စစ်ဘက်အယူခံ တရားရုံး၌ အယူခံဝင်ရာတွင်၊ စစ်ဘက်အယူခံတရားရုံးသည်၊ ထိုအယူခံမှုကို၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာကြားနာစစ်ဆေး၍ စီရင်ဆုံးဖြတ်ရမည်။ |
1,351,647 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ခိုးရာပါပစ္စည်းအစရှိသည်ကို ပြန်အပ်ခြင်း။ |
1,351,648 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ပုဒ်မ ၁၅၅ အရထုတ်သည့် (ပစ္စည်းကိုပြန်အပ် ခြင်းနှင့်သက်ဆိုင်သော) အမိန့်အရဆောင်ရွက်ခြင်းကို (ထိုပစ္စည်းပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွါး ဘွယ်မရှိဟု၊ ထိုအမိန့်ကိုထုတ်သောအာဏာပိုင်ကထင်မြင်ယူဆသောအမှုတွင်၊ ထိုအာဏာပိုင်ကဆန့်ကျင် ၍ ညွှန်ကြားခြင်းမပြုလျှင်)- |
1,351,649 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) အမှုတခုခုတွင်၊ ပုဒ်မ ၂၁၃ ၏ ပုဒ်မခွဲ(၂)အရ၊ ပြစ်မှုထင်ရှားစီရင်ခြင်းပယ်ဖျက်ရန် လျှောက်လွှာ တင်သွင်းရမည့်၊ ဤအခဏ်းတွင် သတ်မှတ်ထားသော ကာလအပိုင်းအခြား မကုန်ဆုံးမခြင်း၊ ထို့ပြင် |
1,351,650 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ထိုလျှောက်လွှာကိုနည်းလမ်းတကျ တင်သွင်းလျှင်၊ ထိုလျှောက်လွှာကို အပြီးအပြတ်မပယ်မီဖြစ်စေ၊ မရုပ်သိမ်းမီဖြစ်စေ၊ အယူခံမှုကိုမဆုံးဖြတ်မီဖြစ်စေ၊ လက်မလျှော့မီဖြစ်စေ၊ |
1,351,651 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဆိုင်းငံ့ထားရမည်။ |
1,351,652 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ဤပုဒ်မခွဲအရ၊ အထက်တွင်ဆိုခဲ့သည့် ထိုအမိန့်အတိုင်း ဆောင်ရွက်ခြင်းဆိုင်းငံ့ထားသောအခါ၊ ပြစ်မှုထင် ရှားစီရင်ခြင်းကို၊ အယူခံဝင်ရာတွင် ပယ်ဖျက်လျှင် ထိုအမိန့်သည် အတည်မဖြစ်စေရ။ |
1,351,653 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) စစ်ဘက်အယူခံတရားရုံးသည်၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်းမပြုသော်လည်း၊ ထိုအမိန့် ကို၊ အမိန့်ဖြင့်ပယ်ဖျက်နိုင်သည်၊ သို့တည်းမဟုတ် ပြောင်းလဲနိုင်သည်၊ ပယ်ဖျက်လျှင်၊ ထိုအမိန့်သည် အတည်မဖြစ်စေရ။ |
1,351,654 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပြောင်းလဲလျှင်၊ ပြောင်းလဲသည့်အတိုင်း အတည်ဖြစ်စေရမည်။ |
1,351,655 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၃) ဤပုဒ်မအရ၊ ထိုအမိန့်နှင့်အညီ ဆောင်ရွက်ခြင်း ဆိုင်းငံ့ထားသော ကာလအပိုင်းအခြားအတွက်၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း၊ ထိုအမိန့်နှင့်သက်ဆိုင်သော ပစ္စည်းတခုခုကိုလုံခြုံစွာ ထိန်းသိမ်းထားရေး အတွက်၊ စစ်ဘက်အယူခံ တရားရုံး၏ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။ |
1,351,656 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်သောအခါ၊ သူတဦးအား ထပ်မံစစ်ဆေးစီရင်ခြင်း မပြုရ။ |
1,351,657 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအခဏ်းပါပြဋ္ဌာန်းချက်များအရ၊ တဦးတယောက်သောသူအား၊ ပြစ်မှုတခုအတွက်၊ စစ်တရား ရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်သည့်အခါ၊ ထိုသူသည်၊ ထိုပြစ်မှုအတွက်၊ စစ်တရားရုံးဖြင့်ဖြစ် စေ၊ ရာဇဝတ်တရားရုံးဖြင့်ဖြစ်စေ၊ ထပ်မံစစ်ဆေးစီရင်ခြင်း မခံထိုက်စေရ။ |
1,351,658 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံဝင်ရာတွင်၊ စစ်ဆေးစီရင်ခြင်းနှင့် သက်ဆိုင်သောစာတမ်းအမှတ်အသားများကို ပေးအပ်ခြင်း။ |
1,351,659 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးကချမှတ်သောပြစ်မှုထင်ရှားစီရင်ခြင်းကို၊ စစ်ဘက်အယူခံတရားရုံးတွင် ဤအခဏ်း ပါပြဋ္ဌာန်းချက်များအရ အယူခံဝင်သည့်အမှုတိုင်း၌၊ စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများနှင့် အညီ- |
1,351,660 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စစ်တရားရုံး၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ ပုဒ်မ ၁၆၄ ၏ ပုဒ်မခွဲ(၁) နှင့်အညီ ပြန်လည်ပြင်ဆင်ခြင်း၊ ထို့ပြင်စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ချမှတ်ချက် အတည် ပြုခြင်းနှင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ၏ လျှောက်လွှာနှင့်စပ်လျဉ်းသည့် မှုခင်းကိစ္စဆောင်ရွက်ခြင်း ဆိုင်ရာ အမှုတွဲများကို စစ်ဥပဒေချုပ်က အတွင်းဝန်ထံသို့တည်းမဟုတ် |
1,351,661 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပုဒ်မ ၁၆၆ နှင့်အညီ စစ်တရားရုံးတရုံးက ပြန်လည်သုံးသပ်သည့်အမှုတွဲကို၊ ထို့ပြင်ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ၏ လျှောက်လွှာနှင့်စပ်လျဉ်းသည့် မှုခင်းကိစ္စဆောင်ရွက်ခြင်းဆိုင်ရာ အမှုတွဲကို၊ တပ်မတော်မှတ်တမ်းရုံး၏ တပ်မှူးကသော်၎င်း၊ သတ်မှတ်ထားသော အခြားအရာရှိကသော်၎င်း၊ အတွင်းဝန်ထံပေးအပ်ရမည်။ |
1,351,662 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အယူခံခြင်းများအစရှိသည်တို့နှင့်စပ်လျဉ်း၍ အတွင်းဝန်၏ တာဝန်ဝတ်တရားများ။ |
1,351,663 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအခဏ်းပါပြဋ္ဌာန်းချက်များအရ၊ အယူခံမှုနှင့်စပ်လျဉ်း၍၊ ဆုံးဖြတ်ချက်ရရှိစေခြင်းအလို့ငှါ၊ အတွင်းဝန်သည်၊ လိုအပ်သောဆောင်ရွက်ချက်များပြုလုပ်ရမည့်ပြင်၊ အယူခံတရားလိုကို စစ်ဆေးစီရင် သည့် စစ်တရားရုံးတွင်မှုခင်းကိစ္စဆောင်ရွက်ချက်များနှင့် သက်ဆိုင်သောထိုအယူခံမှုကို မှန်ကန်စွာဆုံး ဖြတ်ရန်အတွက်လည်း၊ လိုအပ်သည်ဟုထင်မြင်သည့် စာတမ်းအမှတ်အသားများ၊ သက်သေခံပစ္စည်းများ နှင့် အခြားပစ္စည်းအားလုံးကို ရယူ၍၊ စစ်ဘက်အယူခံတရားရုံးတွင်၊ နည်းလမ်းတကျတင်ပြရမည်။ |
1,351,664 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံးသို့ အထူးလွှဲအပ်တင်ပြခြင်းများ။ |
1,351,665 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်တရားရုံးက၊ တဦးတယောက်သောသူအားပြစ်မှုထင်ရှားစီရင်သောအခါ- |
1,351,666 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စစ်ဘက်အယူခံတရားရုံးက ဆုံးဖြတ်သင့်သည်ဟု၊ စစ်ဥပဒေချုပ်က ထင်မြင်ယူဆသော၊ အထူး အရေးကြီးသည့် ဥပဒေကြောင်းဆိုင်ရာ အချက်တချက်သည်၊ စစ်တရားရုံး၏ ဆုံးဖြတ်ချက်တွင် ပါဝင် နေသည်ဟု စစ်ဥပဒေချုပ်က ထင်မြင်ယူဆလျှင်၊ သို့တည်းမဟုတ် |
1,351,667 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) စစ်ဆေးစီရင်ရာတွင် စစ်တရားရုံးက သိရှိခဲ့ပုံမပေါ်ဟု ပုဒ်မ ၁၆၈ ၏ ပုဒ်မခွဲ (၂) ၌ ဖေါ်ပြထား သည့် သက်ဆိုင်ရာအာဏာပိုင်က ထင်မြင်ယူဆသောအကြောင်းကိစ္စများကို ထည့်သွင်းစဉ်းစားသည့် အခါ၊ စစ်တရားရုံး၏ဆုံးဖြတ်ချက်ကို စစ်ဘက်အယူခံတရားရုံးက စဉ်းစားသင့်သည်၊ သို့တည်းမဟုတ် ပြန်လည်စဉ်းစားသင့်သည်ဟု၊ အဆိုပါပုဒ်မခွဲတွင် ဖေါ်ပြထားသော သက်ဆိုင်ရာအာဏာပိုင်က ထင်မြင် ယူဆလျှင်၊ |
1,351,668 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဥပဒေချုပ်၊ သို့တည်းမဟုတ် သက်ဆိုင်ရာအာဏာပိုင်၊ ဆိုင်သင့်ရာရာသည်၊ ဆုံးဖြတ်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ စစ်ဘက်အယူခံတရားရုံးသို့ လွှဲအပ်တင်ပြနိုင်သည်။ |
1,351,669 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ထို့ပြင် ဤအခဏ်းရှိ အထက်တွင်ဆိုခဲ့သည့်ပြဋ္ဌာန်းချက်များ၏ ကိစ္စများအလို့ငှါ၊ ဤပုဒ်မအရလွှဲအပ်တင်ပြခြင်း သည်၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက၊ ၎င်းအားပြစ်မှုထင်ရှားစီရင်ခြင်းကို အယူခံဝင်ခြင်းဖြစ်သည်ဟု ယူဆရမည်။ |
1,351,670 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံး၏ အချို့အာဏာများကို စစ်ဘက်အယူခံတရားရုံး၏ တရားသူကြီးတဦးကသုံးစွဲခြင်း။ |
1,351,671 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအခဏ်းပါ ပြဋ္ဌာန်းချက်များအရ မှုခင်းကိစ္စဆောင်ရွက်ချက်များတွင် အယူခံတရားလိုအား၊ ရုံးသို့ကိုယ်တိုင်လာရောက်ခွင့်ပြုရန်၊ စစ်ဘက်အယူခံတရားရုံး၏ ဤအခဏ်းရှိအာဏာများကို၊ စစ်ဘက် အယူခံတရားရုံးကသုံးစွဲနိုင်သည့်ထပ်တူနည်းလမ်းအတိုင်း၊ စစ်ဘက်အယူခံတရားရုံး၏ တရားသူကြီး တဦးကလည်း၊ ထပ်တူပြဋ္ဌာန်းချက်များကို လိုက်နာလျက်သုံးစွဲနိုင်သည်၊ သို့သော်လည်း ထိုသို့ရုံးသို့ ကိုယ်တိုင်လာရောက်ခွင့်ရရန် လျှောက်လွှာပယ်သည့်အာဏာကို၊ ဤအခဏ်းအရ အယူခံမှုများ ကြားနာ စစ်ဆေးခြင်းနှင့်စီရင်ဆုံးဖြတ်ခြင်းအတွက်၊ နည်းလမ်းတကျဖွဲ့စည်းထားသည့် စစ်ဘက်အယူခံတရားရုံး ကသာလျှင် သုံးစွဲနိုင်သည်။ |
1,351,672 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံ တရားရုံး၏နည်းဥပဒေများ။ |
1,351,673 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | စစ်ဘက်အယူခံတရားရုံးက လိုက်နာရမည့် ကျင့်ထုံးနှင့်စည်းကမ်းနည်းလမ်းများကို စစ်ဘက် အယူခံတရားရုံး၏ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။ |
1,351,674 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အစားထိုးသည့် ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ချမှတ်ချက်တို့ကို အဓိပ္ပါယ်ကောက်ယူခြင်း။ |
1,351,675 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | ဤအခဏ်း၏ကိစ္စများအလို့ငှါ၊ စစ်တရားရုံး၏ ဆုံးဖြတ်ချက်အတွက်ဖြစ်စေ၊ စစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်အတွက်ဖြစ်စေ၊ ဤအက်ဥပဒေက၊ ထိုကိစ္စအလို့ငှါ ပေးအပ်ထားသော အာဏာများ ကို အကြောင်းပြု၍ အစားထိုးသည့်ဆုံးဖြတ်ချက်သည်၊ သို့တည်းမဟုတ် အစားထိုးသည့် ပြစ်ဒဏ် ချမှတ်ချက်သည်၊ ထိုစစ်တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်သည်ဟုသော်၎င်း၊ ထိုစစ်တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ဖြစ်သည်ဟုသော်၎င်း၊ မှတ်ယူရမည့်ပြင်၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း အစားထိုးသော ဆုံးဖြတ်ချက်တရပ်ကိုအကြောင်းပြု၍ ရရှိသည့်ပြစ်မှုထင်ရှားစီရင်ခြင်းသည်၊ ထိုစစ်တရားရုံး၏ ပြစ်မှု ထင်ရှားစီရင်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ |
1,351,676 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အခဏ်း ၁၈။ နည်းဥပဒေများ။ |
1,351,677 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နည်းဥပဒေပြုအာဏာ။ |
1,351,678 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၁) နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေပြဋ္ဌာန်းချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အလို့ငှါ၊ နည်းဥပဒေများပြုနိုင်သည်။ |
1,351,679 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (၂) ပုဒ်မခွဲ(၁) ဖြင့် အပ်နှင်းထားသောအာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ထိုပုဒ်မခွဲအရ ပြုသည့် နည်းဥပဒေများသည်၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်။ |
1,351,680 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) ဤအက်ဥပဒေကိုလိုက်နာရသူများအား၊ စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ခြင်း၊ နုတ်ပယ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပြုခြင်း၊ |
1,351,681 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) ပုဒ်မ ၉၁ အရ ချမှတ်သော ဒဏ်ငွေမည်ရွေ့မည်မျှနှင့် ထိုဒဏ်ငွေကိုထမ်းဆောင်ရန်တာဝန် သတ်မှတ်ခြင်း၊ |
1,351,682 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) ပုဒ်မ ၇၇ နှင့် ၈၂ အရ စစ်မြေပြင်ပြစ်ဒဏ်များအဖြစ်ဖြင့် ချမှတ်နိုင်သောပြစ်ဒဏ်များကို သီးခြားသတ်မှတ်ခြင်း၊ |
1,351,683 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) စုံစမ်းစစ်ဆေးရေးခုံရုံးများ ဖွဲ့စည်းခြင်းနှင့်၎င်းတို့လိုက်နာရမည့်ကျင့်ထုံး၊ စည်းကမ်းနည်းလမ်း သတ်မှတ်ခြင်း၊ သက်သေခံအကျဉ်းချုပ်များ ရေးမှတ်ခြင်း၊ ထို့ပြင် ထိုခုံရုံးများက ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ ပြုစေခြင်း၊ |
1,351,684 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) စစ်တရားရုံးများဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များခန့်အပ်ခြင်း၊ ထို့ပြင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင် သော အမှုများအတွက် အမှုလိုက်အရာရှိများခန့်အပ်ခြင်း၊ |
1,351,685 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) စစ်တရားရုံးများရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်း၊ ထို့ပြင် ရုံးထိုင်ခြင်း၊ |
1,351,686 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဆ) စစ်တရားရုံးဖြင့်စစ်ဆေးစီရင်သောအမှုနှင့်စပ်လျဉ်း၍၊ ထိုရုံးကလိုက်နာရမည့်ကျင့်ထုံး၊ စည်း ကမ်း နည်းလမ်းသတ်မှတ်ခြင်း၊ ထို့ပြင် စစ်တရားရုံးတွင် ရှေ့နေများအမှုလိုက်လဲဆောင်ရွက်ခြင်း၊ |
1,351,687 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဇ) စစ်တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့်ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုခြင်း၊ ပြန်လည်ပြင် ဆင်ခြင်းနှင့်ပယ်ဖျက်ခြင်း၊ ထို့ပြင်ထိုဆုံးဖြတ်ချက်များ ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်းသည့် လျှောက်လွှာများ၊ |
1,351,688 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဈ) စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ |
1,351,689 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ည) စစ်တရားရုံးများ၊ တကျွန်းပို့ဒဏ်၊ ထို့ပြင် ထောင်ဒဏ်နှင့်သက်ဆိုင်သော ဤအက်ဥပဒေ၏ ပြဋ္ဌာန်းချက်များအရ ထုတ်မည့်အမိန့်ပုံစံများ သတ်မှတ်ခြင်း၊ |
1,351,690 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဋ) ပုဒ်မ ၁၀၁ အရ၊ မည်သည့်မှီခိုသူများအားထောက်ပံ့ရမည်၊ ငွေမည်ရွေ့မည်မျှထောက်ပံ့ရမည်၊ ထို့ပြင် မည် သည့်နည်းလမ်းဖြင့် ထောက်ပံ့ရမည်ဟုဆုံးဖြတ်ရန် အာဏာပိုင်များကိုခန့်အပ်ခြင်း၊ ထို့ပြင် ထိုဆုံးဖြတ်ချက်များ အထမြောက်အောင်ဆောင်ရွက်ခြင်း၊ |
1,351,691 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဌ) ဤအက်ဥပဒေအရ၊ နည်းဥပဒေများဖြင့် သတ်မှတ်ရန်လိုသည့် အခြားကိစ္စများ။ |
1,351,692 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | အကျဉ်းထောင်များ၊ အကျဉ်းသားများနှင့် စပ်လျဉ်းသော နည်းဥပဒေများပြုရန်အာဏာ။ |
1,351,693 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | နိုင်ငံတော်သမတသည်၊ အောက်ပါကိစ္စများအတွက် နည်းဥပဒေများပြုနိုင်သည်။ |
1,351,694 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (က) စစ်ဘက်အကျဉ်းထောင်များကိုအုပ်ချုပ်ခြင်း၊ စီမံကြီးကြပ်ခြင်း၊ ထိုအကျဉ်းထောင်များအတွက် စည်းမျဉ်းသတ်မှတ်ခြင်း၊ |
1,351,695 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ခ) အကျဉ်းထောင် ကြည့်ရှုစစ်ဆေးရေးအရာရှိများ၊ အကျဉ်းထောင်ကြည့်လူကြီးများ၊ ထောင်ပိုင်ဝန် များနှင့် ထောင်အရာရှိများ ခန့်အပ်ခြင်းနှင့်နုတ်ပယ်ခြင်း၊ ထို့ပြင်၎င်းတို့၏ အာဏာများသတ်မှတ်ခြင်း၊ |
1,351,696 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဂ) အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများလုပ်ရမည့် အလုပ်သတ်မှတ် ခြင်း၊ ထို့ပြင်အလုပ်ကို အထူးကြိုးပမ်းလုပ်ကိုင်ခြင်းနှင့် အပြုအမူကောင်းခြင်းကြောင့် ပြစ်ဒဏ်တစိတ် တဒေသ လွတ်ငြိမ်းခွင့်ကို အကျဉ်းသားများအားပေးစေခြင်း၊ |
1,351,697 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဃ) အကျဉ်းသားများကို လုံခြုံစွာအကျဉ်းထားခြင်း၊ ထို့ပြင်အကျဉ်းသားများ၏ စည်းကမ်းသေဝပ်မှု ကိုထိန်းသိမ်းခြင်း၊ ထို့ပြင် အကျဉ်းသားများကျူးလွန်သည့်ပြစ်မှုများအတွက် လူကိုပြုပြင်ပေးခြင်း၊ ချုတ်ချယ်ခြင်း၊ သို့တည်းမဟုတ် အခြားနည်းဖြင့် ပြစ်ဒဏ်ပေးခြင်း၊ |
1,351,698 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (င) အကျဉ်းထောင်အရာရှိများ၏ တာဝန်ဝတ်တရားများအပြင်၊ အကျဉ်းသားမဟုတ်သူများအား ပြစ်ဒဏ်ပေးခြင်းနှင့်သက်ဆိုင်သော အကျဉ်းထောင်အက်ဥပဒေ (The Prisons Act) ပါ မည်သည့် ပြဋ္ဌာန်းချက်ကိုမဆို၊ စစ်ဘက်အကျဉ်းထောင်များနှင့် သက်ဆိုင်စေခြင်း၊ |
1,351,699 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (စ) အကျဉ်းသားများက တွေ့လိုသူများကို သင့်လျော်သောအချိန်များ၌၊ သင့်လျော်သော ကန့်သတ်ချက် များကိုလိုက်နာစေ၍၊ အကျဉ်းထောင်ထဲသို့ဝင်ခွင့်ပြုခြင်း၊ ထို့ပြင် တတ်နိုင်သရွေ့ကြားနိုင်သည့်နေရာ တွင်၊ အခြားသို့တဦးဦးမရှိစေဘဲ၊ စစ်ဆေးစီရင်ခြင်းခံရဆဲ အကျဉ်းသားများနှင့် ၎င်းတို့၏ရှေ့နေများ ညှိနှိုင်း တိုင်ပင်ခြင်း၊ |
1,351,700 | ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ | ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ | (ဆ) အယူခံတရားလိုကို အချုပ်နှင့်ထားသောအခါ၊ အခဏ်း ၁၇ ပါကိစ္စများအလို့ငှါ အယူခံတရားလို လာရောက် ခွင့်ရှိသောနေရာ၊ သို့တည်းမဟုတ် စစ်ဘက်အယူခံတရားရုံးကဖြစ်စေ၊ ထိုတရားရုံး၏ တရားသူကြီးတဦးကဖြစ်စေ၊ အဆိုပါတရားရုံး၏ မှုခင်းကိစ္စဆောင်ရွက်ချက် တခုခုအတွက်၊ ထိုအယူခံ တရားလိုကိုယူဆောင်ခဲ့ရမည်ဟု အမိန့်ချမှတ်သောနေရာသို့၊ မည်သို့ယူဆောင်ရမည့်၊ ထိုနေရာ၌အချုပ် နှင့်မည်သို့ထားရမည့်၊ ထို့ပြင် ထိုနေရာမှ မည်သို့ပြန်ပို့ရမည့်နည်း သတ်မှတ်ခြင်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.