id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,351,701
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ကိုယ်ခန္ဓာဆိုင်ရာ ပြစ်ဒဏ်နှင့်စပ်လျဉ်းသော နည်းဥပဒေပြုခြင်း အာဏာကိုကန့်သတ်ခြင်း။
1,351,702
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
၂၃၄။ ။
1,351,703
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၂၃၃ အရပြုသော နည်းဥပဒေများသည်၊ ကိုယ်ခန္ဓာဆိုင်ရာပြစ်ဒဏ်ကို၊ ပြစ်မှုတခုခုအတွက် ပေးရန်ခွင့်မပြုရ။
1,351,704
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ထို့ပြင် နယ်ဘက်အကျဉ်းထောင်နှင့်သက်ဆိုင်သော တည်ဆဲတရားဥပဒေပါ ထောင် ဒဏ် ထက်ကြီးလေးသည့် ထောင်ဒဏ်ကိုလည်း၊ ထိုနည်းဥပဒေများကခွင့်မပြုရ။
1,351,705
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စည်းမျဉ်းဥပဒေများပြုရန် အာဏာ။
1,351,706
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
၂၃၅။ ။
1,351,707
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
နိုင်ငံတော်သမတသည်၊ ပုဒ်မ ၂၃၂ တွင် သီးခြားဖေါ်ပြထားသည့် ကိစ္စများမှတပါး၊ ဤအက်ဥပဒေ၏ အခြားကိစ္စများအနက် ကျန်ကိစ္စအားလုံး၊ သို့တည်းမဟုတ် တခုခုအတွက်စည်းမျဉ်း ဥပဒေများပြုနိုင်သည်။
1,351,708
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
အစိုးရပြန်တမ်းတွင် နည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို ထုတ်ပြန်ကျေညာခြင်း။
1,351,709
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
၂၃၆။ ။
1,351,710
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေနှင့် စည်းမျဉ်းဥပဒေအားလုံးကို၊ အစိုးရပြန်တမ်းတွင် ထုတ်ပြန်ကျေညာရမည်။
1,351,711
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ယင်းသို့ ထုတ်ပြန်ကျေညာသည့်အခါ၊ ၎င်းတို့သည်၊ ဤအက်ဥပဒေ၌ ပြဋ္ဌာန်း ထားဘိသကဲ့သို့ အတည်ဖြစ်စေရမည်။
1,351,712
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ရုပ်သိမ်းခြင်း။
1,351,713
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
၂၃၇။ ။
1,351,714
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
ဤအက်ဥပဒေ၏ဇယားတွင် ဖေါ်ပြထားသော အက်ဥပဒေများကို ဤအက်ဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။
1,351,715
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
စာရင်း– ၁၉၅၉ ခုနှစ် အက်ဥပဒေများဇယား
1,351,716
ပါလီမန်ခေတ်, မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ
(ပုဒ်မ ၂၃၇ ကိုကြည့်)
1,351,717
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။
1,351,718
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်။
1,351,719
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ဤအက်ဥပဒေကို ၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။
1,351,720
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။
1,351,721
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်စည်းကြပ်သည့်နှုန်းများ။
1,351,722
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ၊ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-
1,351,723
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများ အတိုင်းအမြတ် တော်ခွန်နှင့်
1,351,724
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ၏ပဌမ ဇယား၊ အပိုင်း၂တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
1,351,725
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၆၀ ပြည့်နှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန် တော်စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်း ဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့် အညီ နုတ်ရမည်။
1,351,726
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။
1,351,727
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစု စပ်လုပ်ငန်းအပေါ်တွင်အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက် ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရမည်။
1,351,728
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ် ငွေများတွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။
1,351,729
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်အလုပ်လုပ်၍ ရသောဝင်ငွေမှအမြတ်တော် ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။
1,351,730
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
1,351,731
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၄) ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အ ခွန်တော်မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများ အတွက် ခွင့်ပြုသည့်ငွေကိုလျှော့ရမည်။
1,351,732
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “ စုစုပေါင်းဝင်ငွေ”ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ် မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,351,733
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့်စကား ရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။
1,351,734
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ၁၉၆၀ပြည့်နှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ အရ၊ အခွန်တော်စည်း ကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရ သတ်မှတ်ရန် အခွန်တော်ကင်းလွတ် ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
1,351,735
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၆၀ ပြည့်နှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာ နိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက် နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ၊ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ် ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။
1,351,736
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၅၉ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။
1,351,737
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
နိဒါန်း။
1,351,738
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ဆည်မြောင်းဌာန၊ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း၊ အလားတူအစိုးရ ဌာနနှင့်ကိုယ်စားလှယ်ဌာနတို့က၊ လိုအပ်သောစီမံချက်များ မဆောင်ရွက်နိုင်သော ကျေးလက်ဒေသများ တွင်၊ ကောက်ပဲသီးနှံစိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံမဟုတ်သော ပစ္စည်းများထုတ်လုပ်ရေး တိုးတက် လာစေရန်လည်းကောင်း၊ ကျေးလက်စီးပွားရေး တိုးတက်ကောင်းမွန်လာစေရန်လည်းကောင်း ရည်ရွယ် သည့်စီမံကိန်းများ ဆောင် ရွက်ရေးအတွက်ပြဋ္ဌာန်းချက် ပြုလုပ်သင့်သည် တစ်ကြောင်း။
1,351,739
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ထို့ပြင် ဤအက်ဥပဒေ ရည်ရွယ်ချက်များဖြစ်မြောက်အောင် ဆောင်ရွက်ရေးအတွက် ရန်ပုံငွေတစ်ခုတည် ထောင်ထားရှိ၍၊ အာဏာများအပ်နှင်းသင့်သည်လည်းတစ်ကြောင်း။
1,351,740
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ထိုအကြောင်းများကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
1,351,741
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(၁) ဤအက်ဥပဒေကို ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ ဟုခေါ်တွင်စေရမည်။
1,351,742
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမ္မတက၊ အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသည့်နေ့ရက်၊ သို့တည်း မဟုတ်နေ့ရက်များနှင့် နယ်မြေများတွင် စတင်အာဏာတည်ရမည်။
1,351,743
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ဤအက်ဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏အဓိပ္ပာယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
1,351,744
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(က) “မင်းကြီး” ဆိုသည်မှာ၊ တိုင်းမင်းကြီးကို ဆိုလိုသည်။
1,351,745
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ခ) “ရန်ပုံငွေ” ဆိုသည်မှာ၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေကို ဆိုလိုသည်။
1,351,746
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဂ) “အကျိုးခံစားခွင့်ရှိသူ” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ စရိတ်စကများလက်ခံရန် သဘောတူသော သူတစ်ဦး၊ သို့တည်းမဟုတ် တစ်စုကိုဆိုလိုသည်။
1,351,747
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဃ) “ခရိုင်” ဆိုသည်မှာ၊ အခွန်တော်နှင့် စီရင်အုပ်ချုပ်မှုကိစ္စများအလို့ငှာ၊ ခရိုင်အဖြစ်ဖွဲ့စည်းထား သည့်နယ်မြေကိုဆိုလိုသည်။
1,351,748
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(င) “တိုင်း” ဆိုသည်မှာ၊ အခွန်တော်နှင့် စီရင်အုပ်ချုပ်မှုကိစ္စများအလို့ငှာ၊ တိုင်းအဖြစ်ဖွဲ့စည်းထား သည့်နယ်မြေကို ဆိုလိုသည်။
1,351,749
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(စ) “နည်းဥပဒေ” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ နိုင်ငံတော်သမ္မတကပြုသည့် နည်းဥပဒေကို ဆိုလို သည်။
1,351,750
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဆ) “စရိတ်စကများ” ဆိုသည်မှာ၊ လုပ်ငန်းများတည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ကြီးကြပ်ခြင်း၊ သို့တည်းမဟုတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းအတွက်ကုန်ကျစရိတ်များ ကာမိစေရန် ငွေဖြင့် သော်လည်းကောင်း၊ ပစ္စည်းဖြင့်သော်လည်းကောင်း၊ ထုတ်ပေးပြီးနောက် အကျိုးခံစားခွင့်ရှိသူက၊ မိမိ ၏ကြိုတင်သဘောတူညီချက်ဖြင့် ခရိုင်ဝန်အမိန့်ချမှတ်သည့် စည်းကမ်းချက်များအရ၊ အမိန့်ချမှတ်သည့် နည်းလမ်းအတိုင်း ပေးဆပ်ရမည့်ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေ အရပ်ရပ်မှစ၍ ၎င်းတို့ ပေါ်တွင်အတိုး ငွေကို ဆိုလိုသည်။
1,351,751
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ရန်ပုံငွေတည်ထောင်ထားရှိခြင်း။
1,351,752
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
တိုင်းအသီးသီးအတွက် ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေကို တည်ထောင်ထားရှိရမည့် ပြင်၊ ထိုရန်ပုံငွေသို့၊ အောက်ပါငွေများကိုလည်း ထည့်သွင်းရမည်-
1,351,753
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(က) ဤအက်ဥပဒေအရ မင်းကြီးက၊ ပြည်ထောင်စုအစိုးရထံမှ ရရှိသည့်ငွေအားလုံး။
1,351,754
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ခ) အကျိုးခံစားခွင့်ရှိသူများထံမှ၊ ၎င်းတို့အား အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းအတွက် ကုန်ကျစရိတ် များနှင့် အတိုးအဖြစ်ရရှိသည့်ငွေအားလုံး။
1,351,755
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဂ) ရန်ပုံငွေနှင့်သက်ဆိုင်သည့် အခြားငွေများ။
1,351,756
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ရန်ပုံငွေသုံးစွဲခြင်း။
1,351,757
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ရန်ပုံငွေကို၊ ဤကိစ္စအလို့ငှာပြုသည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ အောက်ပါကိစ္စအားလုံး အတွက်ဖြစ်စေ၊ တစ်ခုခုအတွက်ဖြစ်စေ အသုံးပြုရမည်-
1,351,758
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(က) လယ်ယာစိုက်ပျိုးရေးကိစ္စများအလို့ငှာသော်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးတွင် ခိုင်းစေ သည့်ကျွဲနွားတိရစ္ဆာန်များနှင့် လူများအသုံးပြုရန် အလို့ငှာသော်လည်းကောင်း၊ ရေသိုလှောင်ရေး၊ ရေပေးသွင်းရေးနှင့် ရေဝေငှရေးအတွက် တာတမံများဖို့လုပ်ပြုပြင်ရန်၊ ရေတွင်းရေကန်များ တူးဖော်ပြု ပြင်ရန်နှင့်အခြားလုပ်ငန်းများ တည်ဆောက်ပြုပြင်ရန်ကိစ္စ။
1,351,759
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ခ) ဆည်မြောင်းအတွက်မြေကို သင့်လျော်အောင်ပြုပြင်စီမံရန်၊ တူးမြောင်းငယ်များဖောက်လုပ်၊ သို့တည်းမဟုတ် ပြုပြင်ရန်ကိစ္စ။
1,351,760
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဂ) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းတူးဖော်ရေး အသုံးအဆောင်နှင့်စက်ကိရိယာများ ဝယ်ယူ ခြင်း၊ သို့မဟုတ် ငှားရမ်းခြင်းကိစ္စ။
1,351,761
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဃ) လယ်ယာစိုက်ပျိုးရေးကိစ္စများအတွက် ရေသွင်းခြင်း၊ ရေထုတ်ခြင်းကို ဆောင်ရွက်ရန်၊ မပျက်စီး အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ သို့တည်းမဟုတ် ခုတ်ထွင်ရှင်းလင်းရန်ကိစ္စ။
1,351,762
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(င) အထက်အဆိုပါ လုပ်ငန်းတစ်ခုခုကို အသစ်လဲလှယ်ရန်၊ သို့တည်းမဟုတ် ပြန်လည်တည်ဆောက်ရန် ကိစ္စ၊ သို့တည်းမဟုတ် ထိုလုပ်ငန်းတွင် ပြုပြင်ပြောင်းလဲရန်၊ သို့တည်းမဟုတ် ဖြည့်စွက်ရန်ကိစ္စ။
1,351,763
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(စ) ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် မင်းကြီးက ဆုံးဖြတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စ။
1,351,764
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
စရိတ်စကများပေးဆပ်ရန်ကာလအပိုင်းအခြား။
1,351,765
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ဤအက်ဥပဒေအရ ထုတ်ပေးသည့် စရိတ်စကအားလုံးကို၊ အကျိုးခံစားခွင့်ရှိသူက ခရိုင်ဝန်ဆုံး ဖြတ်သည့် နည်းလမ်းအတိုင်း ပေးဆပ်ရမည်။
1,351,766
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
စရိတ်စကများအရတောင်းခံခြင်း
1,351,767
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများအရဖြစ်စေ ထုတ်ပေးသည့် စရိတ်စကဟူသမျှကိုလည်းကောင်း၊ ထိုစရိတ်စကပေါ်တွင်တောင်းခံသည့် အတိုးများရှိလျှင်၊ ထိုအတိုး အားလုံးကိုလည်းကောင်း၊ ထိုစရိတ်စကနှင့် အတိုးကိုတောင်းခံရာတွင် ကုန်ကျသည့် စရိတ်များရှိလျှင်၊ ထိုစရိတ်များကိုလည်းကောင်း ခရိုင်ဝန်ကအကျိုးခံစားခွင့်ရှိသူ၊ သို့တည်းမဟုတ် ၎င်း၏ခံဝန်သူများထံ မှဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူ၊ သို့တည်းမဟုတ် ခံဝန်သူများပိုင် ပစ္စည်းများထဲမှဖြစ်စေ ၎င်းက ပေးဆောင်ရန်ရှိသည့် အခွန်တော်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့အရ တောင်းခံရမည်။
1,351,768
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
အချို့သောအချက်များတွင် စရိတ်စကများ ထုတ်ပေးရန်ချမှတ်သည့် အမိန့်မှာအပြီးအပြတ် သက်သေမဖြစ်ခြင်း။
1,351,769
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ၊ ခရိုင်ဝန်က စရိတ်စကများခွင့်ပြုသော မည်သည့်အမိန့်စာမဆို-
1,351,770
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(က) ထိုအမိန့်စာတွင် ဖော်ပြထားသည့် စရိတ်စကများမှာ၊ ဤအက်ဥပဒေအဓိပ္ပာယ်အရ စရိတ်စကများ ဖြစ်ကြောင်း၊
1,351,771
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ခ) ထိုအမိန့်စာတွင် ဖော်ပြထားသည့် အကျိုးခံစားခွင့်ရှိသူမှာ၊ အဆိုပါ စရိတ်စကများမှ အကျိုးခံ စားရသူဖြစ်ကြောင်းအပြီးအပြတ် သက်သေခံ ဖြစ်စေရမည်။
1,351,772
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
အကျိုးခံစားခွင့်ရှိသူများတွဲဖက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှဖြစ်စေ တာဝန်ရှိခြင်း။
1,351,773
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(၁) ဤအက်ဥပဒေအရ စရိတ်စကကို၊ သူတစ်ဦးတည်းအားသော်လည်းကောင်း၊ လူတစ်စုအား သော်လည်းကောင်း၊ ထိုစရိတ်စကနှင့် စပ်လျဉ်း၍ပေးဆပ်ရမည့်ငွေတစ်ရပ်လုံးကို ပေးဆပ်ရန်၊ ၎င်းတို့အားလုံးတွဲဖက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှဖြစ်စေ တာဝန်ယူပါသည်ဟူသော စည်းကမ်းချက်အရ ထုတ်ပေးသည့်အခါ၊ ထို့ပြင် ထိုသူတို့အသီးသီးပေးဆပ်ရန် တာဝန်ရှိသည့် ငွေပေါင်းဖော်ပြသောစာရင်း ကို၊ ထို စရိတ်စကခွင့်ပြုသည့် အမိန့်တွင်ရေးသွင်း၍၊ ဤကိစ္စအလို့ငှာ ထိုသူတို့အသီးသီးကလည်း ကောင်း၊ ထို အမိန့်ချမှတ်သည့် အရာရှိကလည်းကောင်း လက်မှတ်ရေးထိုးခြင်း၊ ကြက်ခြေခတ် အမှတ်မှတ်သားခြင်း၊ သို့တည်းမဟုတ် တံဆိပ်ခတ်နှိပ်ခြင်းပြုသည့်အခါ၊ ထိုစာရင်းသည်၊ ထိုသူတို့ ပေးဆပ်ရန်တာဝန်ရှိသည့်ငွေနှင့် စပ်လျဉ်း၍၊ အပြီးအပြတ်သက်သေခံဖြစ်စေရမည်။
1,351,774
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(၂) ထိုငွေကို ပေးဆပ်ရန်ပျက်ကွက်ခဲ့သော်၊ ပျက်ကွက်သူတို့အပေါ်တွင်၊ အထက်ပါ ပုဒ်မ ၆ ၌ ပြဋ္ဌာန်း ထားသည့်နည်းလမ်းအတိုင်းအရေးယူဆောင်ရွက်နိုင်သည့်အပြင်၊ ခရိုင်ဝန်သည်ပေးဆပ်ရန်ရှိသော စရိတ်စကများ ပြေလည်အောင်ပေးဆပ်ခြင်းမပြုသေးသည့် ကာလအတွင်း-
1,351,775
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(က) သီးစားချထားရေးအက်ဥပဒေနှင့်ထိုအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများအရ၊ အခွင့်အရေး များကို၊ ပျက်ကွက်သူအား၊ နောက်လာမည့် လယ်ယာစိုက်ပျိုးချိန်တွင် မပေးဘဲ ငြင်းပယ်ရန်သော်လည်း ကောင်း၊
1,351,776
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ခ) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေနှင့် နည်းဥပဒေများအရ၊ ခွင့်ပြုထားသော အခွင့်အရေး များအနက်၊ မြေကို လက်ရှိထားနိုင်ခွင့်နှင့်လုပ်ကိုင်နိုင်ခွင့်မှအပ၊ အခြားကျန်ရှိသော အခွင့်အရေးများကို ပျက်ကွက်သူထံမှ ရုပ်သိမ်းရန် သော်လည်းကောင်း အရေးယူဆောင်ရွက်စေနိုင်သည်။
1,351,777
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
။ အထက်ပါပုဒ်မ ၈ (၂) အရ ပျက်ကွက်သူဆိုသည်မှာ၊ ပေးဆပ်ရန်ငွေကို အမှန်တကယ် ပျက်ကွက်သူကိုသာ ဆိုလိုသည်။
1,351,778
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ဝိုင်းကြီးချုပ်အရ အခြားတာဝန်ရှိသူများ မပါဝင်ချေ။
1,351,779
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
နည်းဥပဒေများပြုနိုင်ခွင့်အာဏာ။
1,351,780
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
နိုင်ငံတော်သမ္မတသည်၊ အခါအားလျော်စွာအမိန့် ကြော်ငြာစာဖြင့်၊ အောက်ပါကိစ္စများကို ပြဋ္ဌာန်း ရန်ဤအက်ဥပဒေနှင့် ညီညွတ်သောနည်းဥပဒေများပြုနိုင်သည်-
1,351,781
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(က) လုပ်ငန်းများနှင့်စီမံကိန်းများအထမြောက်အောင် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ခြင်းနှင့် ဆွေးနွေးခြင်းပြုပြီးနောက်၊ ၎င်းတို့ကို မည်သည့်နည်းလမ်းဖြင့် အဆိုပြုရန်ကိစ္စ။
1,351,782
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ခ) စရိတ်စကများနှင့်ပေးဆပ်ရန်ရှိသောငွေများကို မည်သည့် အရာရှိများက အမိန့်ချမှတ်ရန်ကိစ္စ။
1,351,783
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဂ) ပေးဆပ်ရန်ရှိသော ငွေများအတွက် မည်သည့် အာမခံမျိုးကို ရယူရန်ကိစ္စ။
1,351,784
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ပေးဆပ်ရန်ရှိသောငွေ များနှင့်အတိုးများပေးဆပ်ရေးကိစ္စ။
1,351,785
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
ထို့ပြင်ပေးဆပ်ရန်ရှိသော ငွေများကို မည်သည့်နည်းလမ်းအတိုင်း မည်သည့်အချိန်တွင်ပေးဆပ်ရန်ကိစ္စ။
1,351,786
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(ဃ) ကျခံသည့်ကုန်ကျစရိတ်ကို မည်ရွေ့မည်မျှအရစ်ကျဖြင့် မည်သည့်နည်းလမ်းအတိုင်းပေးဆပ်ရန် ကိစ္စ။
1,351,787
မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ
(င) ဤအက်ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အခြားကိစ္စများ။
1,351,788
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။
1,351,789
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ဤအက်ဥပဒေကို ၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေဟု ခေါ်ရမည်။
1,351,790
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၆၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ရက်နေ့ တွင်စတင် အာဏာတည်ရမည်။
1,351,791
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်စည်းကြပ်သည့် နှုန်းများ။
1,351,792
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်ဘဲ၊ ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာ တော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-
1,351,793
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
1,351,794
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါ ကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ၏ပဌမဇ ယား၊ အပိုင်း၂တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
1,351,795
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၆၁ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ် လုပ်၍ရသည့်ဝင်ငွေ ပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။
1,351,796
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ် ငန်းအပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။
1,351,797
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထိုခွင့်ပြုသည့် ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ်ငွေ များတွင် ထိုသူ၏ အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာ ဖြစ်ရမည်။
1,351,798
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) ၁၉၆၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသော ဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။
1,351,799
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင် ထက်မပိုစေရ။
1,351,800
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၄) ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈ ၊ ပုဒ်မခွဲ (၂)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်း ကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ်အ ခွန်တော်မပါ)ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေ မှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။