id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,351,801
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန် တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,351,802
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။
1,351,803
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ၁၉၆၁ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန် ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော်စည်းကြပ် ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ် အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်းလွတ်ခွင့်ပြု သည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
1,351,804
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၆၁ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက်မ ဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့် ညီမျှရမည်။
1,351,805
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
စာပို့တိုက်နှုန်းများသက်မှတ်ခြင်း။
1,351,806
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၆၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာ တော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက် ဥပဒေ၏ ပဌမဇယားအဖြစ် ထည့်သွင်းရမည်။
1,351,807
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။
1,351,808
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမည်နှင့်စတင် အာဏာတည်သည့်နေ့ရက်။
1,351,809
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ဤအက်ဥပဒေကို ၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။
1,351,810
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ဤအက်ဥပဒေသည်၊ ၁၉၆၁ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။
1,351,811
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
အမြတ်တော်ခွန်နှင့်နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။
1,351,812
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-
1,351,813
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(က) ဤအက်ဥပဒေ၏ ပဌမ ဇယား၊ အပိုင်း ၁တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်၊နှင့်
1,351,814
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ပါ ကိစ္စများ အလို့ငှါ၊ ဤအက်ဥပဒေ၏ ပဌမ ဇယား၊ အပိုင်း၂ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများ အတိုင်းနောက်ထပ် အခွန်တော်။
1,351,815
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင် ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။
1,351,816
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။
1,351,817
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်ဖက်စပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်ဖက်စပ်လုပ်ငန်း အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။
1,351,818
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထိုခွင့်ပြုသည့် ငွေမှာလည်း၊ ကုန်ဖက်စပ်လုပ်ငန်း၏ အမြတ်ငွေများ တွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
1,351,819
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၃) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ)ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။
1,351,820
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။
1,351,821
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၄) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန်အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင် သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ် အခွန်တော် မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစု ပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သား သမီးများ အတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
1,351,822
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,351,823
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ် ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။
1,351,824
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ (၁) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့် အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင် မှု အမြတ်အစွန်းခွန် အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်း လွတ်ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
1,351,825
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
(၂) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်းရာခိုင်နှုန်းနှင့် ညီမျှရမည်။
1,351,826
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းချက်လုပ်သည့်ဆားအပေါ်အကောက်တော်။
1,351,827
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ မြန်မာနိုင်ငံဆားခွန်တော်အက်ဥပဒေ ပုဒ်မ ၇တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင် ပါရှိ စေကာမူ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းချက်လုပ်သည့်ဆားအပေါ် အကောက်တော်ကိုဆားပိဿာ အချိန် တရာလျှင်ငွေငါးကျပ် နှုန်းဖြင့် စည်းကြပ်ရမည်။
1,351,828
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။
1,351,829
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
မော်တော်ဓါတ်ဆီပေါ်တွင်အကောက်တော်။
1,351,830
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ မော်တော်ဓါတ်ဆီ နိုင်ငံတွင်းအကောက်တော် အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁)တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင် ပါရှိစေကာမူ မော်တော်ဓါတ်ဆီပေါ်တွင် အကောက်တော်ကို အင်ပီရီရယ် တဂါလံလျှင် ငွေတကျပ်နှင့် တဆယ့်ငါးပြားနှုန်းဖြင့် စည်းကြပ်ရမည်။
1,351,831
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
လောင်းကစားခွန်။
1,351,832
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ပါလီမန်ခေတ်
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
။ လောင်းကစားခွန်အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲ တရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ ရန်ကုန်မြို့တွင်းနှင့် မန္တလေးမြို့တွင်ကျင်းပသော မြင်းပွဲများ၌ စွပ်ဒိုင်တွင်လောင်းကြေးအဖြစ် ပေးသွင်းသောငွေအားလုံးပေါ်တွင် အခွန်တော်ကို၊ ထိုလောင်းကြေးများ၏ ၂၅ နှင့် ၁၅ ရာခိုင်နှုန်းများဖြင့် အသီးသီးစည်းကြပ်ရမည်။
1,351,833
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်။
1,351,834
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
။ (၁) ဤဥပဒေကို ၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ ဟုခေါ်တွင်စေရမည်။
1,351,835
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(၂) ဤဥပဒေသည်၊ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်စတင်အာဏာတည်ရမည်။
1,351,836
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်။
1,351,837
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(က) ဤဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း အမြတ်တော် ခွန်နှင့်
1,351,838
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤဥပဒေ၏ ပဌမဇယား၊ အပိုင်း ၂ တွင်သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
1,351,839
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(၂) ၁၉၆၃ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏စုစုပေါင်းဝင်ငွေတွင်၊ အလုပ် လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။
1,351,840
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်ဖက်စပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်ဖက်စပ် လုပ်ငန်း အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။
1,351,841
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်ဖက်စပ်လုပ်ငန်း၏ အမြတ်ငွေများတွင် ထိုသူ၏ အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။
1,351,842
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(၃) ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ အစပြုသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင်၊စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ)ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိစည်း ကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။
1,351,843
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
သို့ရာတွင် ထိုသို့လျှော့သောငွေမှာမည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
1,351,844
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(၄) ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ”ခေါင်းစဉ်အောက်တွင်စည်းကြပ် နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မ ပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
1,351,845
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့် အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။
1,351,846
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။
1,351,847
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
။ (၁) ၁၉၆၃ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရ သတ်မှတ်ရန် အခွန်တော်ကင်း လွတ်ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
1,351,848
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
(၂) ၁၉၆၃ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်း နှင့်ညီမျှရမည်။
1,351,849
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
၄။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။
1,351,850
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ
။ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော် နှစ်အတွက်၊ ဤဥပဒေ၏ ဒုတိယဇယားကို မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။
1,351,851
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။
1,351,852
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,351,853
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(၁) ဤဥပဒေကို ၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင် စေရမည်။
1,351,854
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။
1,351,855
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(၂) ယင်းသို့ရုပ်သိမ်းသည့်အခါ-
1,351,856
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(က) မြန်မာနိုင်ငံ ယေဘုယျစကားရပ် အက်ဥပဒေ ပုဒ်မ ၅ပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။
1,351,857
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(ခ) ရန်ကုန်တက္ကသိုလ် ပိုင်ပစ္စည်းအားလုံးသည်၎င်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန်အားလုံးသည်၎င်း အစိုးရ၌ တည်ရှိသက်ရောက်ရမည်။
1,351,858
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
ဤဥပဒေစတင် အာဏာတည်သည့် အချိန်မှအစပြု၍၊ နိုင်ငံတော် တော်လှန်ရေး အစိုးရသည်၊ ရန် ကုန် တက္ကသိုလ်အား၊ အဆိုပါ ရုပ်သိမ်းခြင်းခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထား သည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက်သုံးစွဲ ဆောင်ရွက်ရမည်။
1,351,859
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,351,860
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၁) ဤဥပဒေကို၊ ၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေ ဟုခေါ်တွင်စေရမည်။
1,351,861
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၂) ဤဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။
1,351,862
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
ဤဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
1,351,863
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(က) “သမိုင်းဝင်ပုဂ္ဂိုလ်” ဆိုသည်မှာ၊ မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားကျော်စော၍ နိုင်ငံအတွက်သော်၎င်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေအတွက်သော်၎င်း အကျိုးပြုဆောင်ရွက်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကိုဆိုလိုသည်။
1,351,864
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ခ) “အထိမ်းအမှတ်မော်ကွန်း” ဆိုသည်မှာ၊ အများပြည်သူတို့နှင့် သက်ဆိုင်သည့် နေရာဌာနများတွင် သမိုင်းဝင် ပုဂ္ဂိုလ်၏ အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော အဆောက်အဦ၊ ကြေးရုပ်၊ ကျောက်ရုပ်၊ ကျောက်တိုင်၊ သို့တည်းမဟုတ် ဥယျာဉ်ပန်းခြံကို ဆိုလိုသည်။
1,351,865
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ဂ) “ယဉ်ကျေးမှု ကောင်စီ” ဆိုသည်မှာ၊ ၁၉၅၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၃ အရ ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုကောင်စီကို ဆိုလိုသည်။
1,351,866
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ဃ) “ဒေသန္တရအာဏာပိုင်” ဆိုသည့် စကားရပ်တွင်၊ ရန်ကုန်မြူနီစီပါယ် ကော်ပိုရေးရှင်းအဖွဲ့၊ မြူနီစီပါယ်အဖွဲ့ နှင့် အခြားဒေသန္တရ အဖွဲ့များပါဝင်သည်။
1,351,867
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(င) “ထိန်းသိမ်းရေးအဖွဲ့” ဆိုသည်မှာ၊ ဤဥပဒေအရ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းကို စောင့်ရှောက် ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာဖြင့် တာဝန်လွှဲအပ်ခြင်းခံရသော ဒေသန္တရအာဏာပိုင်ကို ဆိုလိုသည်။
1,351,868
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
ထိုစကားရပ် တွင် ယဉ်ကျေးမှုကောင်စီပါဝင်သည်။
1,351,869
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် အများပြည်သူတို့နှင့် သက်ဆိုင်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်း အမှတ်မော်ကွန်းကို တည်ဆောက်ရန်၎င်း၊ ထိုအထိမ်းအမှတ်မော်ကွန်းကို ခံ့ညားထည်ဝါစွာမွမ်းမံစေရန် ၎င်း၊ ထိန်းသိမ်းစောင့်ရှောက်ရန်၎င်း၊ ကြီးကြပ်ရန်၎င်း တာဝန်ပေးနိုင်သည့် အာဏာသည်၊ ပြည်ထောင်စုမြန်မာ နိုင်ငံ တော်လှန်ရေးအစိုးရ၌သာလျှင် တည်ရှိရမည်။
1,351,870
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၂) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အများပြည်သူတို့အကျိုးငှါ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းကို အခါအားလျော်စွာ တည်ဆောက်နိုင်သည်။
1,351,871
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၃) သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်း တည်ဆောက်ရန်စရိတ်ငွေကို ယဉ်ကျေးမှုကောင်စီ ရံပုံငွေ ထဲမှ ကျခံသုံးစွဲနိုင်သည်။
1,351,872
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၄) ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ တည်ဆောက်သည့် သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ် မော်ကွန်းကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခံ့ညားထည်ဝါစွာ မွမ်းမံရန်အလို့ငှါ၊ ထိုအထိမ်းအမှတ်မော်ကွန်း တည်ရာဒေသနှင့် သက်ဆိုင်သည့် ဒေသန္တရအာဏာပိုင်အား၊ ထိန်းသိမ်းရေးအဖွဲ့အဖြစ် ဌာနဆိုင်ရာသဘော တူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်လွှဲအပ်နိုင်သည်။
1,351,873
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၅) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ၊ နောက်ဆက်တွဲဇယားတွင် ဖေါ်ပြထားသည့် သမိုင်းဝင် ပုဂ္ဂိုလ်အသီးသီး၏ အထိမ်းအမှတ်မော်ကွန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်၊ ရန်ကုန် မြူနီစီပါယ် ကော်ပိုရေးရှင်းအဖွဲ့အား၊ ထိန်းသိမ်းရေးအဖွဲ့အဖြစ် ကျေညာပြီးဖြစ်သည်ဟု မှတ်ယူရမည်။
1,351,874
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၆) ဤပုဒ်မအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာကို-
1,351,875
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(က) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက၊ မည်သည့်အခါမဆို ပယ်ဖျက်နိုင်သည်၊ ထို့ပြင်
1,351,876
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ခ) မပယ်ဖျက်သေးလျှင်၊ ယင်းသို့ မပယ်ဖျက်သေးသမျှ ကာလပတ်လုံး၊ အဆိုပါအမိန့်ကြော်ငြာစာမှာ၊ ၎င်းတွင် သီးခြားဖေါ်ပြထားသော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဖြစ်ကြောင်း၊ သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင်သည် ထိန်းသိမ်းရေးအဖွဲ့ဖြစ်ကြောင်း ခိုင်လုံသောသက်သေခံ အထောက်အထားဖြစ်ရမည်။
1,351,877
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၁) မည်သူမဆို၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ၊ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း တည်ဆောက်ခြင်းမပြုရ၊ သို့တည်းမဟုတ် တည်ဆောက်ခြင်း မပြုစေရ။
1,351,878
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၂) မည်သူမဆို၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်လျှင်၊ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
1,351,879
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်၍ သူတဦးဦး တည်ဆောက်ထားသော မည်သည့်သမိုင်းဝင်ပုဂ္ဂိုလ်၏အထိမ်းအမှတ်မော်ကွန်းကိုမဆို၊ သီးခြားဖေါ်ပြထားသည့် ကာလအပိုင်းအခြားအတွင်း ရွှေ့ပြောင်းရန်၊ အမိန့်ဖြင့် ညွှန်ကြားနိုင်သည်။
1,351,880
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
ထိုသူက အဆိုပါအမိန့်ကို လိုက်နာရန် ငြင်းဆိုလျှင်၊ သို့တည်းမဟုတ် ပျက်ကွက်လျှင်၊ ကော်လိတ်တော်အရာရှိသည် အဆိုပါ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်းကို ရွှေ့ပြောင်းစေနိုင်သည်။
1,351,881
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
ထိုသို့ ရွှေ့ပြောင်းရာတွင် ကုန်ကျသည့်စရိတ်ကို၊ ထိုသူက ပေးဆောင်ရမည်။
1,351,882
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်းနှင့် စပ်လျဉ်းသည့် ထိန်းသိမ်းရေးအဖွဲ့၏ အာဏာနှင့် တာဝန်ဝတ္တရားများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ထိန်းသိမ်းရေးအဖွဲ့သည်၊ ထိုအထိမ်းအမှတ် မော်ကွန်းဆိုင်ရာ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ကျနစွာ ပြင်ဆင်ထားရှိရန်၎င်း၊ အထိမ်းအမှတ်မော်ကွန်းဥပစာ မပျက်မစီးစေရန်၎င်း၊ အထိမ်းအမှတ်မော်ကွန်းဥပစာ၌ မဖွယ်မရာမဖြစ်စေရန် ၎င်း၊ ခွင့်မရသောသူများ ကျော်နင်းဝင်ရောက်ခြင်းမပြုစေရန်၎င်း၊ တိရစ္ဆာန်များ ဝင်ရောက်လာခြင်းမပြုစေရန် ၎င်း လိုအပ်သလို အရေးယူဆောင်ရွက်နိုင်သည်။
1,351,883
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၁) ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ ဤဥပဒေပါ ကိစ္စများအလို့ငှါ၊ နည်းဥပဒေများကို ပြုနိုင်သည်။
1,351,884
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၂) အထူးအားဖြင့်၊ ပုဒ်မခွဲ (၁) ပါ အာဏာများ၏ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အဆိုပါနည်းဥပဒေများ သည် အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်။
1,351,885
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(က) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်း နှင့် ၎င်း၏ဥပစာအတွင်းတွင် အနေအထားခင်းကျင်းသတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့်ရှောက်စီမံခြင်း ကိစ္စ။
1,351,886
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ခ) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း ဥပစာ အတွင်း အများပြည်သူတို့ လာရောက်ကြည့်ရှုနိုင်သော စည်းကမ်းများနှင့် ဥပစာအတွင်း စုရုံးစည်းဝေးပွဲများ ကျင်းပနိုင်သော စည်းကမ်းချက်များသတ်မှတ်ရေးကိစ္စ။
1,351,887
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ဂ) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပျက်စီးစေမှု၊ နှောင့်ရှက်မှုတို့ကို တားဆီးခြင်း၊ ဥပစာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို၊ သို့တည်းမဟုတ် တိရစ္ဆာန်များ ခေါ်ဆောင်လာမှုကို တားဆီးခြင်းကိစ္စ။
1,351,888
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(ဃ) သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း ဥပစာအတွင်းတွင် ညစ်ညမ်းအောင်ပြုမှု၊ မဖွယ်မရာပြုမှု၊ မရိုမသေပြုမှု၊ ထို့ပြင် ဥပစာအတွင်းရှိ ပစ္စည်းအစရှိသည်တို့ကို မတရားသဖြင့် အသုံးပြုမှုတို့ကို တားဆီးခြင်း ကိစ္စ။
1,351,889
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ ဤပုဒ်မအရ နည်းဥပဒေများပြုရာတွင်၊ နည်းဥပဒေ တခုခုကို ဖေါက်ဖျက်သည့်အတွက် သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းနိုင်သည်။
1,351,890
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
1,351,891
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(၁) ဤဥပဒေကို၊ ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေဟု ခေါ်တွင်စေရမည်။
1,351,892
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
ဤဥပဒေတွင် အကြောင်း အရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
1,351,893
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(က) "အထူးရာဇဝတ်ရုံး" ဆိုသည်မှာ၊ ပုဒ်မ ၃ အရ၊ ဖွဲ့စည်းသည့်အထူးရာဇဝတ်ရုံးကိုဆိုလိုသည်။
1,351,894
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(ခ) "ဇယားဝင်ပြစ်မှု" ဆိုသည်မှာ၊ ဤဥပဒေပါ ဇယားတွင် သီးခြားဖေါ်ပြထားသည့်ပြစ်မှု တခုခုကိုဆိုလိုသည်။
1,351,895
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ မိမိသင့်တော်မည်ထင်သည့် အရေအတွက်အထိ အထူးရာဇဝတ်ရုံးများကို၊ အမိန့်ကြော်ငြာစာဖြင့်၊ အခါအားလျော်စွာ ဖွဲ့စည်းနိုင်သည်၊ သို့တည်းမဟုတ် အသစ်ပြန်လည်ဖွဲ့စည်းနိုင်သည်။
1,351,896
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
မည်သည့်အထူးရာဇဝတ်ရုံးကို၊ မည်သည့်အရပ်ဒေသအတွက် ဖွဲ့စည်းထားကြောင်း အမိန့်ကြော်ငြာစာဖြင့် သီးခြားဖေါ်ပြနိုင်သည်။
1,351,897
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(၂) အထူးရာဇဝတ်ရုံးတွင်၊ နာယကတဦးနှင့်အခြား အဖွဲ့ဝင်နှစ်ဦးပါဝင်ရမည်။
1,351,898
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(၁) အထူးရာဇဝတ်ရုံးသည်၊ တည်ဆဲ တရားဥပဒေအရပြစ်ဒဏ်စီရင်နိုင်သည့် မည်သည့်ပြစ်မှုကိုမဆို စစ်ဆေးကြားနာစီရင်နိုင်သည်။
1,351,899
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(၂) အထူးအားဖြင့် ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်၏ယေဘုယျသဘောကိုမထိခိုက်စေဘဲ၊ အထူးရာဇဝတ်ရုံးမှာ၊ ဤဥပဒေပါ ဇယားဝင်ပြစ်မှုများကိုစစ်ဆေးကြားနာစီရင်ရန်အာဏာရှိရမည်။
1,351,900
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ
(၃) တည်ဆဲအခြားတရားဥပဒေတခုခုတွင် မည်သို့ပင်ပါရှိစေကာမူ၊ တဦးတယောက်သောသူသည်၊ မိမိကျူးလွန်သည့် ဇယားဝင်ပြစ်မှု တခုခုအတွက်အထူးရာဇဝတ်ရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ အောက်ပါအချိုးအစားအတိုင်းပြစ်ဒဏ် ထိုက်သင့်စေရမည်။