id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,351,901 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (ခ) နှစ်အကန့်အသတ်မရှိသောတသက်တကျွန်းဒဏ်။ |
1,351,902 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (ဂ) သုံးနှစ်အောက်မလျော့သော အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်ကြမ်းနှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။ |
1,351,903 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၄) အထူးရာဇဝတ်ရုံးက ဇယားဝင်ပြစ်မှုတခုခုကို စစ်ဆေးကြားနာစီရင်ရာတွင်၊ တရားခံအပေ့ါ် ထိုပြစ်မှုဖြင့် စွဲချက်မတင်မီဖြစ်စေ၊ စွဲချက်တင်ပြီးနောက်ဖြစ်စေ တရားခံသည်၊ ဇယားဝင်ပြစ်မှုမဟုတ်သည့် အခြားပြစ်မှုတခုကို ကျူးလွန်သည်ဟုသက်သေခံ၌ ပေါ်ပေါက်ခဲ့လျှင်၊ ထိုတရားခံကို၊ ထိုအခြားပြစ်မှုအတွက် သက်ဆိုင်ရာ တရားဥပဒေနှင့်အညီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။ |
1,351,904 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၅) ပြစ်မှုတခုခုသည်၊ ဇယားဝင်ပြစ်မှုဟုတ် မဟုတ်ဟူသော ပြဿနာနှင့်စပ်လျဉ်း၍ အထူးရာဇဝတ်ရုံး၏ဆုံးဖြတ်ချက်သည်၊ အပြီးအပြတ် အတည်ဖြစ်စေရမည်။ |
1,351,905 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | မည်သူမဆို၊ဇယားဝင်ပြစ်မှုတခုခုကျူးလွန်ခြင်းကိုအားပေးကူညီလျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန်အားထုတ်လျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန် ပူးပေါင်းကြံစည်လျှင်၊ အဆိုပါပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းကိုခံစေရမည်။ |
1,351,906 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၁) အထူးရာဇဝတ်ရုံးသည်၊ ပြစ်မှုတခုခုကို ရဲအရာရှိက တင်သွင်းသောထိုပြစ်မှုဖြစ်မြောက်စေသည့် အကြောင်းခြင်းရာ တိုင်လျှောက်ချက်ကို၊ သို့တည်းမဟုတ် အစီရင်ခံစာကို ရရှိသောအခါ၊ အရေးယူနိုင်သည်။ |
1,351,907 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၂) အထူးရာဇဝတ်ရုံးမှာ၊ တရားခံကို စစ်ဆေးကြားနာစီရင်ရန်လွှဲအပ်တင်ပို့ခြင်းမရှိဘဲ၊ ဤဥပဒေအရ၊ ပြစ်မှုများကို အရေးယူနိုင်ခွင့်ရှိသည်။ |
1,351,908 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ထို့ပြင် အထူးရာဇဝတ်ရုံးသည်၊ ဤဥပဒေအရ၊ ပြစ်မှုများကို စစ်ဆေးကြားနာစီရင်ရာ၌၊ ရာဇဝတ်တရားသူကြီးများက၊ ဝရမ်းမှုကို စစ်ဆေးကြားနာစီရင်ရန် ရာဇဝတ်ကျင့်ထုံးကိုဓဥပဒေတွင် သတ်မှတ်သည့်စည်းကမ်းနည်းလမ်းအတိုင်း လိုက်နာရမည်။ |
1,351,909 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ။ သို့ရာတွင် - |
1,351,910 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (က) အထူးရာဇဝတ်ရုံးက တော်တည့်မှန်ကန်စွာ တရားစီရင်ရန်အလို့ငှါ၊ အမှုစစ်ဆေးကြားနာစီရင်ခြင်းကို ရွှေ့ဆိုင်းရန်လိုမည်မဟုတ်ဟု ထင်မြင်လျှင်၊ အထူးရာဇဝတ်ရုံးမှာ၊ မည်သည့်ကိစ္စအတွက်မျှအမှုစစ်ဆေးကြားနာခြင်းကို ရွှေ့ဆိုင်းရန် တာဝန်မရှိစေရ။ |
1,351,911 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (ခ) သက်သေတဦး၏ ထွက်ဆိုချက်သည်၊ အရေးပါအရာရောက်လိမ့်မည်မဟုတ်ဟု အထူးရာဇဝတ်ရုံးက ကြေနပ်လျှင်၊ ထိုသက်သေကိုမဆင့်ခေါ်လိုငြင်းဆိုနိုင်သည်။ |
1,351,912 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၃) အထူးရာဇဝတ်ရုံး၏ အဖွဲ့ဝင်များအချင်းချင်းသဘောကွဲလွဲသည့်အခါ၊ အဖွဲ့ဝင်များ၏ ထင်မြင်ယူဆချက်အတိုင်း ဆုံးဖြတ်ရမည်။ |
1,351,913 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၁) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး အစိုးရက၊ အခြားနည်းမညွှန်ကြားလျှင်၊ အထူးရာဇဝတ်ရုံးသည်၊ မိမိသတ်မှတ်သည့် နေရာနှင့်အချိန်တွင် ရုံးထိုင်နိုင်သည်။ |
1,351,914 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၂) အထူးရာဇဝတ်ရုံး၏ အဖွဲ့ဝင်တဦးဦးမှာ၊ အမှုတခုခုကို ဆက်လက်ကြားနာစစ်ဆေးခြင်းမပြုနိုင်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရသည်၊ ပုဒ်မ ၃ ပါပြဋ္ဌာန်းချက်များနှင့် အညီ ထိုအဖွဲ့ဝင်အစား၊ အခြားပုဂ္ဂိုလ်တဦးကို၊ အထူးရာဇဝတ်ရုံး အဖွဲ့ဝင်အဖြစ် ခန့်ထားနိုင်သည်။ |
1,351,915 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ထိုသို့ခန့်ထားလျှင်၊ ထိုပုဂ္ဂိုလ်ကို၊ အမှုစတင် စစ်ဆေးသည့်အချိန်မှ စ၍ ခန့်ထားဘိသကဲ့သို့၊ အမှုကို အထူးရာဇဝတ်ရုံးက ဆက်လက်စစ်ဆေးကြားနာစီရင်နိုင်သည်။ |
1,351,916 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၃) ဤဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားသည်မှတပါး၊ အထူးရာဇဝတ်ရုံးသည်၊ မူလစီရင်ပိုင်ခွင့်အာဏာရှိသည့် စက်ရှင်တရားရုံးဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။ |
1,351,917 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | အထူးရာဇဝတ်ရုံးက တရားစီရင်ရာတွင်၊ မှန်ကန်၍ တရားမျှတမှုရှိစေရန်၊ အထူးဥပဒေအရာရှိတဦး ပါဝင်စေနိုင်သည်။ |
1,351,918 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရသည်၊ သင့်တော်သူ တဦးဦးအား၊ အထူးဥပဒေအရာရှိအဖြစ် ခန့်ထားနိုင်သည်။ |
1,351,919 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ထိုအထူးဥပဒေအရာရှိ၏ အာဏာနှင့် တာဝန် ဝတ္တရားများမှာ နည်းဥပဒေများဖြင့်ပြဋ္ဌားန်ထားသည်အတိုင်းဖြစ်စေရမည်။ |
1,351,920 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၁) တရားခံတဦးဦးသည်၊ သို့တည်းမဟုတ် တရားခံများသည်၊ မကျန်းမာခြင်းကြောင့်သော်၎င်း၊ အခြားအကြောင်းတခုခုကြောင့်သော်၎င်း၊ အထူးရာဇဝတ်ရုံးသို့မလာရောက်နိုင်လျှင်၊ တရားခံတို့အတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေရှိလျှင်၊ အထူးရာဇဝတ်ရုံးက၊ ထိုတရားခံကိုယ်တိုင် ရုံးရှေ့သို့မတက်ရောက်ဘဲ နေခွင့်ပြုနိုင်သည့်ပြင်၊ ထိုတရားခံမျက်ကွယ်တွင်လည်း အမှုကို စစ်ဆေးကြားနာ စီရင်နိုင်သည်။ |
1,351,921 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၂) အထူးရာဇဝတ်ရုံးသည်၊ တရားလိုဘက်မှ တင်ပြသော သက်သေများအနက် အချို့ကိုစစ်ဆေးပြီးသည့်အခါ၊ လိုအပ်လျှင် တရားခံအားစစ်ဆေးပြီးသည့်အခါ၊ ပြစ်မှုကို တရားခံက ကျူးလွန်ကြောင်းထင်မှတ်ရန် အကြောင်းရှိမည်ဟု ထင်မြင်လျှင်၊ တရားခံအပေါ်၌ စာဖြင့်ရေးသား၍ စွဲချက်တင်ရမည်။ |
1,351,922 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၃) ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေ ပုဒ်မ ၄၉၈ ပါ ပြဋ္ဌာန်းချက်များသည်၊ အထူးရာဇဝတ်ရုံးရှေ့တွင်ရောက်ရှိနေသည့်အမှုများနှင့် မသက်ဆိုင်စေရ။ |
1,351,923 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၄) ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေပုဒ်မ ၅၂၆ နှင့် ၅၂၈ ပါ ပြဋ္ဌာန်းချက်များသည်၊ အထူးရာဇဝတ်ရုံးက စစ်ဆေးကြားနာစီရင်သည့်အမှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
1,351,924 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ၁၀။ (၁) အထူးရာဇဝတ်ရုံးသည်၊ ပုဒ်မ ၄၊ သို့တည်းမဟုတ် ပုဒ်မ ၅ အရ၊ ပြစ်မှုတခုခုအတွက် မိမိပြစ်ဒဏ်ချမှတ်လိုက်သည့်အမှုတိုင်းနှင့်စပ်လျဉ်း၍ အမှုတွဲကို၊ ဤကိစ္စအလို့ငှါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက ခန့်ထားမည့် အတည်ပြုအာဏာပိုင်ထံပေးပို့၍ အတည်ပြုချက် ရယူရမည်။ |
1,351,925 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | အထူးရာဇဝတ်ရုံး၏ ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်သည်၊ ပုဒ်မခွဲ (၃) ပါ ပြဋ္ဌာန်းချက်အတိုင်းအတည်မပြုမခြင်း မခိုင်လုံစေရ။ |
1,351,926 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၂) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အထူးရာဇဝတ်ရုံး၏ ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို စီစစ်အတည်ပြုရန် ပုဂ္ဂိုလ်သုံးဦးပါဝင်သော "အတည်ပြုအာဏာပိုင်" ကို၊ မိမိသင့်တော်မည်ထင်သည့် အရပ်ဒေသအတွက် အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာဖွဲ့စည်းနိုင်သည်၊ သို့တည်းမဟုတ် အသစ်ပြန်လည်ဖွဲ့စည်းနိုင်သည်။ |
1,351,927 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၃) အတည်ပြုအာဏာပိုင်သည်၊ ပြစ်မှုတခုခုအတွက်၊ အထူးရာဇဝတ်ရုံးက ပုဒ်မ ၄၊ သို့တည်းမဟုတ် ပုဒ်မ ၅ အရ၊ ချမှတ်သည့် ပြစ်ဒဏ်တခုခုကို၊ အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် လျှော့နိုင်သည်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာခွင့် ပြုနိုင်သည်။ |
1,351,928 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ထို့ပြင် အတည်ပြုအာဏာပိုင်သည်၊ အထူးရာဇဝတ်ရုံး၏ အပြစ်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်အစား၊ ဆုံးဖြတ်ချက်အသစ်တခုကို ချမှတ်နိုင်၍၊ ထိုဆုံးဖြတ်ချက်အသစ်တွင် သီးခြားဖေါ်ပြသည့် ပြစ်မှုအတွက်သော်၎င်း၊ ထိုဆုံးဖြတ်ချက်အသစ်တွင် ပေါ်လွင်သည့် ပြစ်မှုအတွက်သော်၎င်း ပြစ်ဒဏ်ချမှတ်နိုင်သည်၊ သို့တည်းမဟုတ် ထိုအမှု၏အဖြစ်အပျက် ကြောင်းခြင်းရာများနှင့် သင့်လျော်မည့်အခြားညွှန်ကြားချက်တရပ်ကိုလည်း ပြုလုပ်နိုင်သည်။ |
1,351,929 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေတွင်မည်သို့ပင်ပါရှိစေကာမူ၊ ဤပုဒ်မှအရအတည်ပြုပြီးသော အထူးရာဇဝတ်ရုံး၏ အမိန့်ကို၊ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ထုတ်ပြန်ကျေညာရမည်။ |
1,351,930 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၄) ပုဒ်မခွဲ(၃)အရ ချမှတ်သည့် ပြစ်ဒဏ်သည်၊ ပြစ်ဒဏ်ချမှတ်ချက်အသစ်တခုဖြင့် အစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မပိုစေရ၊ သို့တည်းမဟုတ် ပြစ်ဒဏ်များအချိုးအစားတွင်၊ ထိုအစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မမြင့်စေရ၊။ |
1,351,931 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | (၅) မည်သည့်အမှုသည်မှာမျှ အတည်ပြုအာဏာပိုင်ရှေ့တွင် ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ လျှောက်လဲနိုင်ခွင့်မရှိစေရ။ |
1,351,932 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ | သို့ရာတွင် အတည်ပြုအာဏာပိုင်သည်၊ မိမိသင့်တော်သည်ဟုထင်မြင်လျှင် အမှုသည်ကိုသော်၎င်း၊ ရှေ့နေကိုသော်၎င်း ကြားနာနိုင်သည်။ |
1,351,933 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။ |
1,351,934 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
1,351,935 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | (၁) ဤဥပဒေကို ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေဟု ခေါ်တွင်စေရမည်။ |
1,351,936 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | (၂) ဤဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ် သည့်နယ်မြေနှင့် သက်ဆိုင်စေရမည်။ |
1,351,937 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | (၃) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။ |
1,351,938 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ဤဥပဒေနှင့် သက်ဆိုင်သည့်နယ်မြေတွင်၊ သို့တည်းမဟုတ် ထိုနယ်မြေတစိတ်တဒေသတွင်၊ တရားဥပဒေတခုခု၊ ပြုပြင်ပြောင်းလဲချက်များပါရှိ၍ ဖြစ်စေ၊ မပါဘဲဖြစ်စေ၊ အာဏာတည်စေရမည်ဟူ၍သော်၎င်း၊ အာဏာ တည်ခြင်းမှ ရပ်စဲစေရမည်ဟူ၍သော်၎င်း၊ ဆင့်ဆိုနိုင်သည်။ |
1,351,939 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ | ပုဒ်မ ၂ အရ၊ တရားဥပဒေတခုခုအာဏာတည်ခြင်းမှ ရပ်စဲသောအခါ၊ မြန်မာနိုင်ငံ ယေဘုယျစကား ရပ်အက်ဥပဒေပုဒ်မ ၅၊ အပိုဒ် (ခ)၊ (ဂ)၊ (ဃ)နှင့် (င) ရှိအက်ဥပဒေရုပ်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။ |
1,351,940 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | (၁) ဤဥပဒေကို၊ ၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။ |
1,351,941 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | (၂) ဤဥပဒေသည်၊ အစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။ |
1,351,942 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | ၁၉၅၀ ပြည့်နှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ၊ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ |
1,351,943 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါတချက်လွှတ်ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
1,351,944 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | အမည်နှင့် စတင်အာဏာတည်သည့်ရက် |
1,351,945 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၁) ဤတချက်လွှတ်ဥပဒေကို ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်းနိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ်ဥပဒေဟု ခေါ်တွင်စေရမည်။ |
1,351,946 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၂) ဤတချက်လွှတ်ဥပဒေသည် ၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ ရက် (၁၃၂၄ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်)နေ့တွင် စတင်အာဏာတည်ရမည်။ |
1,351,947 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ဤတချက်လွှတ်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်- |
1,351,948 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (က) “ဘဏ်လုပ်ငန်း”ဆိုသည်မှာ၊ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေနှင့် ထိုဥပဒေအရပြုလုပ်သည့် စည်းမျဉ်းဥပဒေများအရ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်က ထုတ်ပေးသည့်လိုင်စင်ဖြင့်သာ လုပ်ကိုင်ရသည့်လုပ်ငန်းကို ဆိုလိုသည်။ |
1,351,949 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (ခ)“ဘဏ်”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းကို လုပ်ကိုင်သည့် ကုမ္ပဏီ တခုခု၊ သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးကိုဆိုလိုသည်။ |
1,351,950 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (ဂ)“တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်” ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းထူထောင်၍၊ ပြည်ထောင်စုမြန်မာနိုင်ငံပိုင် မဟုတ်သည့် ဘဏ်နှင့် ဘဏ်ခွဲများကိုဆိုလိုသည်။ |
1,351,951 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ယင်းစကားရပ် တွင် အောက်ပါတို့ပါဝင်သည်- |
1,351,952 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (ဃ)“နိုင်ငံခြားဘဏ်” ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းကို လုပ်ကိုင်နေ သော်လည်း၊ နိုင်ငံခြားတွင် ထူထောင်သည့်ဘဏ်၊ သို့မဟုတ် ဘဏ်ခွဲကိုဆိုလိုသည်။ |
1,351,953 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ယင်းစကား ရပ်တွင် အောက်ပါတို့ပါဝင်သည်- |
1,351,954 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (င)“သတ်မှတ်သည့်ရက်” ဆိုသည်မှာ၊ ဤတချက်လွှတ်ဥပဒေစတင်အာဏာတည်သည့် ရက်ဖြစ် သည်။ |
1,351,955 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ဘဏ်လုပ်ငန်းဟူသ၍ကို နိုင်ငံပိုင်ပြုလုပ်ခြင်း |
1,351,956 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ဘဏ်လုပ်ငန်းမှန်သမျှကို နိုင်ငံကသာလျှင် လုပ်ကိုင်ရမည်။ |
1,351,957 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | တိုင်းရင်းသားပုဂ္ဂလိကပိုင် ဘဏ်များနှင့် နိုင်ငံခြားဘဏ်များ၏ လုပ်ငန်းများကို တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအား လွှဲပြောင်းပေးခြင်း။ |
1,351,958 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၁) သတ်မှတ်သည့်ရက်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပုဂ္ဂလိကပိုင် ဘဏ်များနှင့် နိုင်ငံခြားဘဏ်များ၏ လုပ်ငန်းများကို ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအား၊ လွှဲပြောင်းပေးရမည်၊ သို့မဟုတ်လက်ဝယ်ရောက်ရှိစေရမည်။ |
1,351,959 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၂) တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ်နိုင်ငံခြားဘဏ်၏ လုပ်ငန်းဟု ဆိုရာတွင် ရပိုင်ခွင့် အားလုံးပါဝင်သည်ဟု မှတ်ယူရမည်။ |
1,351,960 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ဆိုလိုသည်မှာ အခွင့်အရေးများ(Rights)၊ အာဏာများ (Powers)၊ အာဏာသက်ရောက်မှုများ (Authorities)နှင့် ရယူပိုင်ခွင့်များ (Privileges) နှင့် ငွေလက်ကျန်များ၊ ရံပုံငွေများ၊ ဌာနချုပ်ရုံးမှ ယူလာသောငွေများ၊ အခြားငွေများ၊ မြှုပ်နှံသည့်ငွေများ၊ ရရန်ရှိသောငွေ အပါအဝင် ရွှေ့ပြောင်းနိုင်သည့်၊ သို့မဟုတ် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းအားလုံး၊ ၎င်းပြင် သတ်မှတ်သည့် ရက်မတိုင်မီ အနီးကပ်ဆုံးအချိန်တွင် တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ် ပိုင်ဆိုင်သည့် ယင်းသို့သောပစ္စည်းများ၏၊ သို့မဟုတ် ယင်းသို့သောပစ္စည်းများမှ ထွက်ပေါ်လာသည့် အကျိုးများနှင့် အခွင့်အရေးများနှင့်တကွ သက်ဆိုင်သည့် စာအုပ်များ၊ စာရင်းများ၊ စာချုပ်စာတမ်းများ ပါဝင်သည်။ |
1,351,961 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ၎င်းပြင် ပေးရန်ရှိသည်အားလုံးကိုလည်း ပါဝင်သည်ဟုမှတ်ယူရမည်။ |
1,351,962 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ဆိုလိုသည်မှာ တသီးပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်၏ရှိရင်းစွဲကြွေးအားလုံး (Debts)၊ပေးရန်ရှိသည် အားလုံး (Liabilities)၊ အမျိုးမျိုးသောတာဝန်အားလုံး (Obligations) ပါဝင်သည်။ |
1,351,963 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၃) သတ်မှတ်သည့်ရက်မတိုင်မီ အနီးကပ်ဆုံးအချိန်တွင် တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်တခုခုကိုယ်တိုင်က၊ သို့မဟုတ် ကိုယ်စားအတွက်ပါဝင်ပြုလုပ်ထား၍ အသက်ဝင်နေသည့် ကန်ထရိုက်စာချုပ်များ (Contracts)၊ ဒိစာချုပ်များ (Deeds)၊ ဘွန်းစာချုပ်များ (Bonds)၊ သဘော တူညီချက်များ (Agreements)၊ ကိုယ်စားလည်လွှဲစာများ (Powers of Attorney)၊ ဥပဒေအရ ကိုယ်စားပြုခွင့်များ (Grants of legal representation) နှင့်အခြား မည်သို့သော စာချုပ်မျိုးမဆို၊ ဤတချက်လွှတ်ဥပဒေတွင်သော်၎င်း၊ ဤတချက်လွှတ်ဥပဒေအရသော်၎င်း၊ တသီးတခြားပြဋ္ဌာန်းထားသည်မှအပ၊ ယင်းတိုင်းရင်းသားတသီးပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်အစား၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌက ပါဝင်ပြုလုပ်ထားဘိသကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအကျိုးအတွက်သော်၎င်း၊ ဆန့်ကျင်ဘက်သော်၎င်း၊ ပြည့်ဝစွာ အရာရောက် စေရမည်။ |
1,351,964 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ထို့ပြင် တသီးပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်အစား၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင်က၊ သို့မဟုတ် ကိုယ်စားအတွက် ပါဝင်ပြုလုပ်ထားဘိသကဲ့သို့ စည်းကြပ်၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရမည်။ |
1,351,965 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၄) သတ်မှတ်သည့်ရက်တွင် တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်တခု၏ အကျိုးအတွက်ဖြစ်စေ၊ သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်စေ မပြီးပြတ်သေးသည့် မည်သည့်အမှု၊ အယူခံမှု၊ သို့မဟုတ် ဥပဒေနှင့်သက်ဆိုင်သည့် မည်သို့သော အရေးအခင်းပင်ဖြစ်စေ၊ ယင်းတိုင်းရင်းသား ပုဂ္ဂလိက ပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်၏လုပ်ငန်းကို၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအားလွှဲပြောင်းပေးရသည့်အတွက် ဖြစ်စေ၊ ဤတချက်လွှတ်ဥပဒေ ပြဋ္ဌာန်းချက်တရပ်ရပ်အတွက်ဖြစ်စေ တန့်သွားခြင်း၊ ရပ်ဆိုင်းသွားခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ထိခိုက်နစ်နာခြင်း မဖြစ်စေရ။ |
1,351,966 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ယင်းအမှု၊ အယူခံမှု၊ သို့မဟုတ် ဥပဒေနှင့် သက်ဆိုင်သည့် အခြားအရေးအခင်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌအတွက် ဖြစ်စေ၊ သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်စေ ဆက်လက် ဆောင်ရွက်ရမည်၊ စစ်ဆေးရမည်၊ စည်းကြပ်ရမည်။ |
1,351,967 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | တိုင်းရင်းသားတသီးပုဂ္ဂလိကပိုင်ဘဏ်များ၏ အစုရှယ်ယာများ |
1,351,968 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၁) တိုင်းရင်းသား တသီးပုဂ္ဂလိကပိုင် ဘဏ်များ၏ ငွေရင်းတွင် ပါဝင်သည့်အစုရှယ်ယာအားလုံး ကို ခံဝန်ချုပ်များ (Trusts)၊ ပေးရန် တာဝန်များ (Liabilities) နှင့် အနှောင်အဖွဲ့များ (encumbrances) မပါစေဘဲ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအား လွှဲပြောင်းပေးရမည်၊သို့မဟုတ် လက်ဝယ်ရောက်ရှိစေရမည်။ |
1,351,969 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၂) အထက်ပုဒ်မခွဲ (၁) အရ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအားလွှဲပြောင်းပေးရမည့် အစုရှယ်ယာပိုင်ရှင်များ- |
1,351,970 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (က) အားလွှဲပြောင်းပေးရသည့် အစုရှယ်ယာတန်ဘိုးထဲမှ ပေးသွင်းပြီးဖြစ်သော ငွေများကို ယင်းအစု ရှယ်ယာများအား လွှဲပြောင်းပေးသည့်ရက်မှ ရက်ပေါင်းကိုးဆယ်အတွင်း ပြန်အမ်းရမည်။ |
1,351,971 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (ခ) သည်၊ ၁၉၆၂ ခုနှစ်၊ ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ကာလအတွက် ကျေညာပြီး၍ မိမိတို့အစုရှယ်ယာများအတွက် ရရန်ကျန်ရှိသော အစုရှယ်ယာအပေါ်ခွဲဝေသည့် အမြတ်များကို ရပိုင်ခွင့် ရှိစေရမည်။ |
1,351,972 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | အကယ်၍၊ ၁၉၆၂ ခုနှစ်၊ ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသောကာလအတွက် အစုရှယ် ယာအပေါ် ခွဲဝေသည့်အမြတ်ကို မကျေညာရသေးလျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည် သက်ဆိုင်ရာ စာရင်းများကို စစ်ဆေး၍ အစုရှယ်ယာအပေါ် ခွဲဝေသည့်အမြတ်နှုန်းထားကို သတ်မှတ်ပေး၍ ထိုသို့ သတ်မှတ်သည်အတိုင်း အစုရှယ်ယာဝင်များသည် ရပိုင်ခွင့်ရှိစေရမည်။ |
1,351,973 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (ဂ) သည်၊ သက်ဆိုင်ရာ တိုင်းရင်းသား တသီးပုဂ္ဂလိကပိုင်ဘဏ်ပိုင်ပစ္စည်းများအတွက် လျော်ကြေး ရပိုင်ခွင့်ရှိစေရမည်။ |
1,351,974 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | သို့ရာတွင် သတ်မှတ်သည့်ရက်မတိုင်မီ အနီးကပ်ဆုံးကာလတွင် ယင်းဘဏ်များက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အသားတင်ပေးဆပ်ရန်ရှိသည်တို့ကို ခုနှိမ်ရမည်။ |
1,351,975 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ဤကိစ္စအလို့ငှါ မှန်ကန်သော လျော်ကြေးတောင်းဆိုမှုနှင့် ကျသင့်သော လျော်ကြေးပမာဏကို စစ်ဆေးသတ်မှတ်ပေးရန် တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ကော်မရှင်တရပ်ကို ဖွဲ့စည်းပေးရမည်။ |
1,351,976 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | တိုင်းရင်းသားတသီးပုဂ္ဂလိကပိုင် ဘဏ်များ၏ ဒါရိုက်တာအဖွဲ့များ |
1,351,977 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၃) တိုင်းရင်းသား တသီးပုဂ္ဂလိကပိုင်ဘဏ်များ၏ ဒါရိုက်တာအဖွဲ့များကို ဖျက်သိမ်းရမည်။ |
1,351,978 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | မည်သူမဆို မန်နေဂျင်းဒါရိုက်တာ၊ သို့မဟုတ် လက်ထောက်မန်နေဂျင်းဒါရိုက်တာ၊ သို့မဟုတ် ဒါရိုက်တာ၊ သို့မဟုတ် ဘဏ်ခွဲ၏ဘုတ်အဖွဲ့ဝင်အဖြစ်အမှုထမ်းရွက်နေလျှင် သတ်မှတ်သည့်ရက်မှစ၍၊ ထိုရာထူးကိုစွန့်လွှတ်လိုက်ရပြီဟု မှတ်ယူရမည်။ |
1,351,979 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | တည်ဆဲအခြားဥပဒေတရပ်ရပ်တွင်၊ မည်သို့ပင်ဆိုစေ ကာမူ၊ သို့မဟုတ် မည်သို့သောသဘောတူညီချက်၊ ကန်ထရိုက်စာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဤသို့ ရာထူးစွန့်လွှတ်ရသည်ကို အကြောင်းပြု၍၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌထံမှ လျော်ကြေးဖြစ်စေ၊ အခြားကြေးငွေဖြစ်စေ၊ အခွင့်အရေးဖြစ်စေ တောင်းဆိုသမှုပြုနိုင်ခွင့်မရှိစေရ။ |
1,351,980 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | သို့ရာ တွင် အဆိုပါပုဂ္ဂိုလ်သည် အထက်ဖေါ်ပြပါပုဒ်မ ၄ (၁) တွင်ပြဋ္ဌာန်းထားသည့်အတိုင်း၊ လုပ်ငန်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ အားလွှဲပြောင်းပေးရန်အတွက် လုပ်ရန်ကိစ္စ အဝဝကို ပြီးစီးအောင် လုပ်ကိုင်သွားရမည်။ |
1,351,981 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | နိုင်ငံခြားဘဏ်များ၏ ဌာနချုပ်ရုံးများမှ ယူလာသောငွေများ |
1,351,982 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၁) နိုင်ငံခြားဘဏ်များ၏ ဌာနချုပ်ရုံးမှ မူလသွင်းယူလာသော ငွေရင်းများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌအား လွှဲပြောင်းပေးရမည်၊ သို့မဟုတ် လက်ဝယ်ရောက်ရှိစေရ မည်။ |
1,351,983 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၂) အထက်ဖေါ်ပြပါ ပုဒ်မခွဲ (၁) အရ၊ လွှဲပြောင်းပေးရသည့် နိုင်ငံခြားဘဏ်များ၏ဌာနချုပ်ရုံးများ၏ မူလသွင်းယူလာသော ငွေရင်းများအတွက် သက်ဆိုင်ရာနိုင်ငံခြားဘဏ်များ၏ ဌာနချုပ်ရုံးများအား၊ အဆိုပါ ငွေရင်းများကို သွင်းယူလာသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် သတ်မှတ်သည့်ရက်မှစ၍၊ ရက်ပေါင်းကိုးဆယ်အတွင်း ပြန်လည်ပေးချေရမည်။ |
1,351,984 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | နိုင်ငံခြားဘဏ်များ၏ ဌာနချုပ်ရုံးများ ပိုင်သောပစ္စည်းများ |
1,351,985 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၃) နိုင်ငံခြားဘဏ်များ၏ဌာနချုပ်ရုံးများသည် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ကလွှဲပြောင်းယူခြင်းခံရသော ၎င်းတို့ပိုင် ပစ္စည်းများအတွက် လျော်ကြေးရရှိစေရမည်။ |
1,351,986 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | သို့ရာတွင် သတ်မှတ်သည့်ရက်မတိုင်မီ အနီးကပ်ဆုံးကာလတွင် ယင်းဘဏ်များက ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းအသားတင် ပေးဆပ်ရန်ရှိသည်ကို ခုနှိမ်ရမည်။ |
1,351,987 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ဤကိစ္စအလို့ငှါ မှန်ကန်သောလျော်ကြေး တောင်း ဆိုမှုနှင့် သင့်လျော်သောလျော်ကြေးပမာဏကို စစ်ဆေးသတ်မှတ်ပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ကော်မရှင်တရပ်ကို ဖွဲ့စည်းပေးရမည်။ |
1,351,988 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၄) နိုင်ငံခြားဘဏ်ဌာနချုပ်ရုံး၏ ဒေသဆိုင်ရာရုံးထိုင် (resident)၊ သို့မဟုတ် ကိုယ်စားလည်၊ သို့မဟုတ် ကိုယ်စားလည်အဖြစ်ဆောင်ရွက်သည့် အရာရှိသည်၊ သတ်မှတ်သည့်ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ဘဏ်၊ သို့မဟုတ် ဘဏ်ခွဲ၏လုပ်ငန်းနှင့်ပတ်သက်၍၊ ၎င်းရာထူးကို စွန့်လွှတ်ပြီး ဖြစ်သည်ဟုမှတ်ယူရမည်။ |
1,351,989 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ၎င်းပြင် တည်ဆဲအခြားဥပဒေတရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ၊ သို့မဟုတ် မည်သည့်သဘောတူညီချက်၊ ကန်ထရိုက်စာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဤသို့ရာထူးစွန့် လွှတ်ရသည်ကို အကြောင်းပြု၍၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌထံမှ လျော်ကြေး ဖြစ်စေ၊ အခြားကြေးငွေဖြစ်စေ၊ အခွင့်အရေးဖြစ်စေ၊ တောင်းဆိုသမှုပြုနိုင်ခွင့်မရှိစေရ။ |
1,351,990 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | သို့ရာတွင် အဆိုပါ ပုဂ္ဂိုလ်သည် အထက်ဖေါ်ပြပါ ပုဒ်မ ၄ (၁) တွင် ပြဋ္ဌာန်းထားသည့် အတိုင်း၊ လုပ်ငန်းကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌအား လွှဲပြောင်းပေးရန်အတွက် လုပ်ရန်ကိစ္စအဝဝကို ပြီးစီးအောင်လုပ်ကိုင်သွားရမည်။ |
1,351,991 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ်များ၏ အရာရှိများနှင့် အခြားအမှုထမ်းများ |
1,351,992 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၁) သတ်မှတ်သည့်ရက်မတိုင်မီ အနီးကပ်ဆုံးကာလတွင် တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်တခု၏ လုပ်ငန်းတွင် လုပ်ကိုင်နေသည့်အရာရှိ၊ သို့မဟုတ် အခြားအမှုထမ်း တဦးတယောက်သည်၊ သတ်မှတ်သည့် ရက်မှစ၍၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၏အရာရှိ၊ သို့မဟုတ် အခြားအမှုထမ်းဖြစ်သည်ဟု မှတ်ယူရမည်။ |
1,351,993 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ယင်းအရာရှိ၊ သို့မဟုတ် အခြားအမှုထမ်းသည် သက်ဆိုင်ရာ ရာထူးကို ထမ်းရွက်ရာ၌ အဆိုပါ တိုင်းရင်းသား ပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်လုပ်ငန်းကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌအားလွှဲ ပြောင်းမပေးရဘဲနေရလျှင်၊ သတ်မှတ်သောရက်၌ ရရှိနေမည့် အခွင့်အရေး အားလုံးကိုခံစား ခွင့်ရရှိ စေရမည်။ |
1,351,994 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ထိုအခွင့်အရေးများတွင် ရာထူးသက်တမ်း (tenure)၊ လစာ (remuneration)၊ ပင်စင် (pension)၊ ဂရုဏာကြေး (gratuity) နှင့် အခြားအရေးကိစ္စများနှင့် ပတ်သက်သည့် အခွင့်အရေးများ၊ ခံဝန်ချက်များပါဝင်သည်။ |
1,351,995 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ယင်းသို့အခွင့်အရေးများရရှိရာ၌ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌက ရာထူးခန့်ထားသည့် သက်တမ်းအတွင်း၊ သို့မဟုတ် အဆိုပါ အခွင့်အရေးများကို မပြောင်းလဲသေးသည့်ကာလအတွင်း ရရှိရမည်ဖြစ်သည်။ |
1,351,996 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၂) သတ်မှတ်သည့်ရက်တွင် တိုင်းရင်းသားပုဂ္ဂလိကပိုင် ဘဏ်တခုမှ ပင်စင် (pension)၊ သို့မဟုတ် အိုမင်းသည့်အတွက် အငြိမ်းစားစရိတ် (superannuation allowance)၊ သို့မဟုတ် သဒ္ဓါကြေးစရိတ် (compassionate allowance) ရရှိနေသူ၊ သို့မဟုတ် နိုင်ငံခြားဘဏ်တခုတွင် အမှုထမ်းရွက်ခဲ့သည့်အတွက် ယင်းဘဏ်မှ ပင်စင် (pension)၊ သို့မဟုတ် အိုမင်းသည့်အတွက် အငြိမ်းစားစရိတ် (superannuation allowance)၊ သို့မဟုတ် သဒ္ဓါကြေးစရိတ် (compassionate allowance) ရရှိနေ၍ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူ၊ သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သူတဦးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌထံမှ အလားတူပင်စင် (pension)၊ သို့မဟုတ် အိုမင်းသည့် အတွက်အငြိမ်းစားစရိတ် (superannuation allowance)၊ သို့မဟုတ် သဒ္ဓါကြေးစရိတ် (compassionate allowance) ရရှိနိုင်ခွင့်ရှိစေရမည်။ |
1,351,997 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၃) အထက်ပါပုဒ်မခွဲ (၁) နှင့် (၂) တွင် မည်သို့ပင်ပါရှိစေကာမူ ၁၉၆၃ ခုနှစ်၊ ဇန္နာဝါရီလ ၁ ရက်နေ့ နောက်ပိုင်းနှင့် သတ်မှတ်သည့်ရက်မတိုင်မီကာလအတွင်းတွင် ရာထူးတိုးမြှင့်မှုများ၊ လစာ၊ ပင်စင်၊ ကြေးငွေနှင့် အခွင့်အရေးတိုးမြှင့်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်၏ ၁၉၆၃ ခုနှစ်၊ ဇန္နာဝါရီလ ၁ ရက်နေ့မတိုင်မီကာလအတွင်း တည်ရှိနေသော စည်းမျဉ်းများ၊ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် အိုနာစာရံပုံငွေ (provident fund)၊ ပင်စင် (pension) နှင့် အခြားရံပုံငွေဥပဒေများနှင့် မကိုက်ညီလျှင် ယင်းကိစ္စများသည် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌက သဘောမတူမခြင်း အရာရောက်မှုမရှိစေရ၊ ပေးပိုင်ခွင့်မရှိစေရ။ |
1,351,998 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | ၁၉၆၃ ခုနှစ်၊ ဇန္နာဝါရီလ ၁ ရက်နေ့နောက်ပိုင်းနှင့် သတ်မှတ်သည့် ရက်မတိုင်မီ ကာလအတွင်းတွင် တိုင်းရင်းသား ပုဂ္ဂလိကပိုင်ဘဏ်၊ သို့မဟုတ် နိုင်ငံခြားဘဏ်တခု၏ ဒါရိုက်တာ၊ သို့မဟုတ် အရာရှိ၊ သို့မဟုတ် အခြားအမှုထမ်းတဦးအား ငွေကြေးတစုံတရာ ထုတ်ပေးခဲ့လျှင် ထိုသို့ထုတ်ပေးသည်ကို ပြည်ထောင်စုမြန်မာ နိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌက အတည်မပြုလျှင် ယင်းထုတ်ပေးသည့်ငွေကို ပြည်ထောင်စုမြန်မာ နိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်တောင်းခံနိုင်ခွင့်ရှိစေရမည်။ |
1,351,999 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | (၄) တည်ဆဲ အခြားဥပဒေတရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ၊ တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ်များ၏ အရာရှိနှင့် အခြားအမှုထမ်းများကို လွှဲပြောင်းယူသည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌထံမှ မည်သို့သောလျော်ကြေးကိုမဆို တောင်းဆိုနိုင်သည့်၊ သို့မဟုတ် ဝါဏိဇ္ဇပဋိပက္ခမှုအဖြစ် ဆွဲဆိုနိုင်သည့် အကြောင်းပြချက်မဖြစ်စေရ။ |
1,352,000 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ | အိုနာစာရံပုံငွေနှင့် အခြားရံပုံငွေများ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.