id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,001
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ်များ၏ တည်ဆဲ အိုနာစာရံပုံငွေ (provident fund)၊ ပင်စင် ရံပုံငွေ (Pension fund)၊ ဂရုဏာကြေးရံပုံငွေ (gratuity fund) နှင့် အခြားရံပုံငွေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအားလွှဲပြောင်းပေးရမည်။
1,352,002
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
ယင်းရံပုံငွေများတွင် အကျိုးသက်ဝင်နေသည့်အားလုံးသော ပုဂ္ဂိုလ်များ၏ အကျိုးသည် သတ်မှတ်သည့် ရက်မတိုင်မီ အနီးကပ်ဆုံးကာလအတွင်းကကဲ့သို့ ဆက်လက်တည်ရှိစေရမည်။
1,352,003
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
နည်းဥပဒေများ ပြုလုပ်နိုင်ခွင့်
1,352,004
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ ဤတချက်လွှတ်ဥပဒေ၏ ရည်ရွယ် ချက်များကို ဖြစ်မြောက်စေရန် အတွက် လိုအပ်သည့်နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။
1,352,005
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
အာဏာလွှဲပိုင်ခွင့်
1,352,006
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ ပုဂ္ဂိုလ်အများပါဝင်သော အဖွဲ့ တခု အား၊ သို့မဟုတ် ပုဂ္ဂိုလ်တဦးအား ဤတချက်လွှတ်ဥပဒေပါ အာဏာများကို သုံးစွဲရန် လွှဲအပ်နိုင် သည်။
1,352,007
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၃ ခုနှစ်၊ ဘဏ်လုပ်ငန်း နိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ် ဥပဒေ
မည်သူမဆို ဤတချက်လွှတ် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် ဤတချက်လွှတ်ဥပဒေအရ ပြုလုပ်သည့် နည်းဥပဒေများ၊ သို့မဟုတ် ညွှန်ကြားချက်များကို ဆန့်ကျင်လျှင် ကျပ်ငါးထောင်အထိ ငွေဒဏ်၊ သို့မဟုတ် ငါးနှစ်အထိ ထောင်ဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး အပြစ်ပေးစီရင်ခြင်းခံရမည်။
1,352,008
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
1,352,009
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၁။ စကားချီး။
1,352,010
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ဤဥပဒေကို၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေဟု ခေါ်တွင်စေရမည်။
1,352,011
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ဤဥပဒေတွင်၊ အခြားအဓိပ္ပါယ်ကောက်ယူရန်မလိုလျှင်-
1,352,012
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(က) “ ကော်ပိုရေးရှင်း” ဆိုသည်မှာ၊ ပုဒ်မ ၃အရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘော လုပ် ငန်း ကော်ပိုရေးရှင်းကို ဆိုလိုသည်၊
1,352,013
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ခ) “ သင်္ဘောလုပ်ငန်း” ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းနှင့် ပင်လယ်ရေ ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဆိုလိုသည်။
1,352,014
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထိုစကားရပ်တွင်၊ အစိုးရက အမိန့်ကြော်ငြာစာ ဖြင့် သတ်မှတ်သည့်၊ သင်္ဘောလုပ်ငန်းနှင့် ဆက်စပ်သော အခြားလုပ်ငန်းများလည်း ပါဝင်သည်။
1,352,015
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၂။ ကော်ပိုရေးရှင်းဖွဲ့စည်းပုံ။
1,352,016
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) အစိုးရသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းနှင့် ပင်လယ်ရေကြောင်း သယ် ယူပို့ဆောင်ရေးလုပ်ငန်းများကို စီမံအုပ်ချုပ် ဆောင်ရွက်ရန် “မြန်မာနိုင်ငံကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း” ဟု ခေါ်တွင်စေရမည့် ကော်ပိုရေးရှင်းတခုကို၊ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းရမည်။
1,352,017
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) ကော်ပိုရေးရှင်းသည်၊ စဉ်ဆက်မပြတ်ဆက်ခံ ဆောင်ရွက်နိုင်ခွင့်နှင့် တကွ၊ မိမိပိုင်တံဆိပ်တခုရှိသော တရားဝင်အဖွဲ့ဖြစ်ရမည့်ပြင်၊ အဆိုပါအမည်ဖြင့် တရားစွဲဆိုနိုင်၍၊ တရားစွဲဆိုခြင်းကိုလည်းခံရမည်။
1,352,018
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) ကော်ပိုရေးရှင်းတွင်၊ အစိုးရက ခန့်ထားရမည့် ဥက္ကဋ္ဌနှင့် ဆယ်ဦးထက်မပိုသော အခြားအဖွဲ့ ဝင်များ ပါဝင်ရမည်။
1,352,019
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ဥက္ကဋ္ဌသည်၊ ကော်ပိုရေးရှင်း၏ အုပ်ချုပ်ရေးမှူးဖြစ်ရမည်။
1,352,020
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) ဥက္ကဋ္ဌမှတပါး ကော်ပိုရေးရှင်းတွင် ပါဝင်သည့် အခြားအဖွဲ့ဝင်များအနက် နှစ်ဦးမှာ၊ အောက်ပါပုဂ္ဂိုလ် များဖြစ်ရမည်-
1,352,021
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(က) ကော်ပိုရေးရှင်းကို အုပ်ချုပ်သည့် သက်ဆိုင်ရာ အုပ်ချုပ်မှုဌာနမှ ကိုယ်စားလှယ်၊
1,352,022
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ခ) ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနမှ ကိုယ်စားလှယ်။
1,352,023
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ဥက္ကဋ္ဌနှင့် အခြားအဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည်၊ အစိုးရကသတ်မှတ်သည့် အတိုင်းဖြစ်စေ ရမည်။
1,352,024
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အစိုးရသည်၊ ဥက္ကဋ္ဌကိုသော်၎င်း၊ အခြားအဖွဲ့ဝင်တဦးဦးကိုသော်၎င်း၊ ဥက္ကဋ္ဌအဖြစ်၊ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ဆက်လက်ဆောင်ရွက်ရန် မသင့်ဟုယူဆသည့်အခါ၊ ရာထူးမှရပ်စဲနိုင်သည်။
1,352,025
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အစိုးရ ရာထမ်းမှုထမ်း မဟုတ်သည့် အဖွဲ့ဝင်များအား၊ အစိုးရကသတ်မှတ်သည့် အခနှင့်စရိတ် ကြေးငွေများ ပေးရမည်။
1,352,026
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) အကြောင်းတခုခုကြောင့်၊ အဖွဲ့ဝင်ရာထူးလစ်လပ်သဖြင့်၊ ထိုလစ်လပ်သည့် နေရာတွင် အဖွဲ့ ဝင်သစ်တဦးကိုဖြည့်စွက်ခန့်ထားသောအခါ၊ ထိုသို့ဖြည့်စွက်ခန့်ထားခြင်းခံရသောအဖွဲ့ဝင်သစ်သည်၊ မိမိအားဖြည့်စွက် ခန့်ထားသည့် နေရာတွင် ဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်ဟောင်း၏ ရာထူးသက်တမ်း ကုန်ဆုံးသည့် အချိန်အထိသာ၊ ရာထူးလက်ရှိဆောင်ရွက်ရမည်။
1,352,027
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) ကော်ပိုရေးရှင်းက စီမံဆောင်ရွက်သည့် မှုခင်းကိစ္စများသည်၊ အဖွဲ့ဝင်ရာထူး လစ်လပ်သည့် အ ကြောင်းကြောင့်သော်၎င်း၊ အဖွဲ့ဝင်တဦးဦးခန့်ထားရာတွင် ချွတ်ယွင်းချက် တခုခုရှိသည့် အကြောင်း ကြောင့်သော်၎င်း၊ မပျက်ပြယ်စေရ။
1,352,028
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၃။ ကော်ပိုရေးရှင်း၏ တာဝန်ဝတ်တရားများ။
1,352,029
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) ကော်ပိုရေးရှင်းမှာ၊ အစိုးရ၏ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ သင်္ဘောလုပ်ငန်းကို၊ ယေဘုယျအားဖြင့်၊ ဆောင်ရွက်ရန် တာဝန်ရှိရမည်။
1,352,030
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) အထက်ပါပြဋ္ဌာန်းချက်၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးအားဖြင့်၊ အဆိုပါတာဝန် ဝတ်တရားများတွင်၊ အောက်ပါတို့လည်းပါဝင်ရမည်-
1,352,031
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(က) သင်္ဘောများ၊ စက်ပစ္စည်းနှင့် ကိရိယာတန်ဆာပလာများ၊ ဝတ္ထုပစ္စည်းများ၊ ယာဉ်များ၊ မြေနှင့် အဆောက်အဦများကို ဝယ်ယူခြင်း၊ ဆောက်လုပ်ခြင်း၊ ငှါးရမ်းခြင်း၊ ရောင်းချခြင်း၊ သို့မဟုတ်ထုခွဲခြင်း၊ ထို့ပြင် ၎င်းတို့ကို အစိုးရကလွှဲပြောင်းပေးအပ်လျှင် လက်ခံခြင်း၊
1,352,032
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ခ) သင်္ဘောလုပ်ငန်း၏ အထောက်အပံ့ဖြစ်သော အခြားစပ်ဆိုင်ရာလုပ်ငန်းမျိုး တခုခုကိုစီမံထား ရှိခြင်း၊
1,352,033
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ဂ) လူစီးခများ၊ ကုန်တင်ခများနှင့် အခြားအခကြေးငွေများကို သင့်လျော်အောင် သတ်မှတ်ခြင်း၊ ၎င်းတို့ ကိုပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း၊ ပြန်လည်ခွဲဝေပေးခြင်း၊
1,352,034
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ဃ) သင်္ဘောလုပ်ငန်းသဘောအရ၊ အာမခံထားသည့် ကိစ္စများအတွက် တာဝန်ယူပေးဆပ်ခြင်း၊
1,352,035
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(င) ယေဘုယျအားဖြင့်၊ ဤဥပဒေပါ ကိစ္စများကို ဆောင်ရွက်ခြင်း။
1,352,036
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ မိမိတာဝန် ဝတ်တရားများကို ဆောင်ရွက်ရာ၌၊ ကုန်သွယ်လုပ် ငန်း စည်း မျဉ်းများအတိုင်း ဆောင်ရွက်ရမည့်ပြင်၊ လိုက်နာရမည့် မူဝါဒနှင့်စပ်လျဉ်း၍၊ အစိုးရက အခါအားလျော် စွာ၊ မိမိအားညွှန်ကြား သည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။
1,352,037
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ မိမိ အစည်းအဝေး အားလုံးနှင့် စပ်လျဉ်း၍ လုပ်ငန်းအစီအစဉ် မိတ္တူနှင့် မှတ်တမ်းမိတ္တူကို အစိုးရထံပေးပို့ရမည်။
1,352,038
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက်၊ ဆောလျင်နိုင်သမျှဆောလျင်စွာ၊ ထိုနှစ် အတွင်းမိမိ၏တာဝန် ဝတ်တရားဆောင်ရွက်ခြင်းနှင့်၎င်း၊ မိမိလိုက်နာသည့်မူနှင့်၎င်း၊ လုပ်ငန်းစဉ်များ နှင့်၎င်း၊ စပ်လျဉ်း၍၊ အစိုးရထံ အစီအရင်ခံစာ တင်သွင်းရမည်။
1,352,039
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၄။ ကော်ပိုရေးရှင်း၏အာဏာများ။
1,352,040
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ဤဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ကော်ပို ရေးရှင်း၌၊ ဤဥပဒေအရ မိမိ၏ တာဝန် ဝတ်တရားများကို ဆောင်ရွက်ရန်လိုအပ်သော၊ သို့မဟုတ် သင့် တော်သောမည်သည့်ကိစ္စကိုမဆို ဆောင်ရွက်နိုင်သည့် အာဏာများရှိရမည်။
1,352,041
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထို့ပြင် အဆိုပါ အာဏာများ တွင်၊ အောက်ပါအာဏာများလည်းပါဝင်ရမည်-
1,352,042
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(က) ဥက္ကဋ္ဌအား၊ ဤဥပဒေပါ ကိစ္စများ ဆောင်ရွက်ရန်အလို့ငှါ၊ ကော်ပိုရေးရှင်းက လိုအပ်သည်ဟု ထင် မြင်သည့် ကော်ပိုရေးရှင်း၏ တာဝန်ဝတ်တရားနှင့် အာဏာများကို လွှဲအပ်နိုင်သည့်အာဏာ၊
1,352,043
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ခ) အဖွဲ့ဝင်နှစ်ဦးဖြစ်စေ၊ နှစ်ဦးထက်ပိုသော အဖွဲ့ဝင်များဖြစ်စေ၊ ပါဝင်သည့် ကော်မီတီများကို ခန့်ထား ၍၊ ဤဥပဒေပါကိစ္စများဆောင်ရွက်ရန် အလို့ငှါ၊ ကော်ပိုရေးရှင်းက လိုအပ်သည်ဟု ထင်မြင်သည့် မိမိ၏ တာဝန်ဝတ်တရားနှင့် အာဏာများကို လွှဲအပ်နိုင်သည့်အာဏာ။
1,352,044
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) ကော်ပိုရေးရှင်းသည်၊ဤဥပဒေပါကိစ္စများအလို့ငှါ၊ ထားရှိရန်လိုအပ်သည်ဟု၊ သို့မဟုတ် သင့် တော်သည်ဟု၊ မိမိထင်မြင်သော ရာထမ်းမှုထမ်းစာရင်းများကို၊ အခါအားလျော်စွာ စီစဉ်ပြီးလျှင်၊ အစိုးရ ထံတင်ပြ၍ ခွင့်ပြုချက်ရယူရမည်။
1,352,045
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) အစိုးရနောက်ဆုံး ခွင့်ပြုသည့် ရာထမ်းမှုထမ်းစာရင်းအားလုံးကို၊ ပုဒ်မ ၁၅ အရ ပြုလုပ်သည့် နှစ်စဉ် ရ-သုံးမှန်ခြေငွေစာရင်းနှင့်ပူးတွဲ၍၊ အစိုးရထံတင်ပြရမည်။
1,352,046
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ မိမိလုပ်ငန်းကို စီမံခန့်ခွဲရန်အလို့ငှါ၊ ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရ ပြုသောနည်းဥပဒေများနှင့်ဖြစ်စေ၊ ညီညွတ်သောစည်းကမ်းဥပဒေများကို၊ အစိုးရ၏သဘောတူညီချက် ဖြင့် ပြုနိုင်သည်။
1,352,047
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထို့ပြင် ဤဥပဒေဖြင့် အပ်နှင်းထားသော အာဏာများ၏ ယေဘုယျသဘောကို မထိ ခိုက်စေဘဲ၊ အထူးအားဖြင့် ၊ ထိုစည်းကမ်းဥပဒေများကို၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းရမည်-
1,352,048
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(က) ကော်ပိုရေးရှင်း၏ လုပ်ငန်းစီမံဆောင်ရွက်ရေးကိစ္စနှင့် ကော်ပိုရေးရှင်း အစည်းအဝေးများတွင်ဖြစ် စေ၊ ကော်မီတီအစည်းအဝေးများတွင်ဖြစ်စေ၊ လိုက်နာရန် စည်းကမ်းနည်းလမ်းပြဋ္ဌာန်းရေးကိစ္စ၊
1,352,049
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ခ) ကော်ပိုရေးရှင်း ရာထမ်းမှုထမ်းများ၏ တာဝန်ဝတ်တရားများနှင့် အာဏာများပြဋ္ဌာန်းရေးကိစ္စ၊
1,352,050
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ဂ) ကော်ပိုရေးရှင်းက၊ မိမိ၏အာဏာများကို ဥက္ကဋ္ဌ၊ ကော်မီတီနှင့် ကော်ပိုရေးရှင်း၏ အရာရှိတဦးဦး အား စည်းကမ်းချက်များထား၍ဖြစ်စေ၊ မထားဘဲဖြစ်စေ၊ လွှဲအပ်ရေးကိစ္စ၊
1,352,051
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ဃ) ကော်ပိုရေးရှင်းကိုယ်စား၊ ပဋိညာဉ်စာချုပ်များနှင့် အခြားစာတမ်း အမှတ်အသားများ လက်မှတ် ရေးထိုးရေးကိစ္စ၊ ထို့ပြင်
1,352,052
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(င) ကော်ပိုရေးရှင်းအား အပ်နှင်းထားသော တာဝန်ဝတ်တရားများကို ယေဘုယျအားဖြင့် ထိရောက်စွာ ဆောင်ရွက်ရေးကိစ္စ။
1,352,053
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၅။ ငွေရေးကြေးရေး ပြဋ္ဌာန်းချက်များ။
1,352,054
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ မိမိ၏ဝင်ငွေ ထွက်ငွေများနှင့် စပ်လျဉ်း၍၊ အခြားအစိုးရ လက်အောက်ခံ ဘုတ်အဖွဲ့ ကော်ပိုရေးရှင်းများနည်းတူ၊ ရ-သုံးမှန်းခြေငွေစာရင်းကို၊ အစိုးရထံ တင်သွင်းရမည်။
1,352,055
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ မိမိ၏ ဝင်ငွေအားလုံးကို၊ အစိုးရငွေစာရင်းသို့ ရငွေအဖြစ် ထည့်သွင်း ရ မည်။
1,352,056
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ မိမိ၏အသုံးစရိတ်များကို၊ အစိုးရက အခါအားလျော်စွာ ညွှန်ကြားသည့် နည်းလမ်းအတိုင်း ထုတ်ယူသုံးစွဲရမည်။
1,352,057
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်းသည်၊ ဗမာ့ကြယ်ငါးပွင့် သင်္ဘော ကုမ္ပဏီလီမိတက်နှင့် ရန်ကုန်ဧဂျင်စီ ကုမ္ပဏီ လီမိတက်တို့၏ အပိုင်ပစ္စည်းများ၊ ရယူပိုင်ခွင့်များနှင့် ပေးဆပ်ရန်ကြွေးမြီများကို လက်ခံလွှဲပြောင်းယူရ မည်။
1,352,058
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၆။ ကော်ပိုရေးရှင်းနှင့်စပ်လျဉ်း၍ အစိုးရ၏အာဏာများ။
1,352,059
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) အစိုးရသည်၊ ဤဥပဒေပါကိစ္စများ အထမြောက်အောင်ဆောင်ရွက်ရန်အလို့ငှါ၊ အမိန့် ကြော်ငြာစာထုတ်ပြန်၍၊ နည်းဥပဒေများ ပြုနိုင်သည်။
1,352,060
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) အထက်ပါအာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးအားဖြင့်၊ အဆိုပါနည်းဥပဒေများ ကို၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်-
1,352,061
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(က) ဥက္ကဋ္ဌ၏ လစာနှင့် စရိတ်ကြေးငွေများကို၎င်း၊ အမှုထမ်းစည်းကမ်းများကို၎င်း၊ ပြဋ္ဌာန်းရန်ကိစ္စ။
1,352,062
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ခ) ကော်ပိုရေးရှင်း အစည်းအဝေး၊ သို့မဟုတ် ကော်မီတီအစည်းအဝေး အထမြောက်ရန် တက်ရောက်ရ မည့် အဖွဲ့ဝင်ဦးရေကို ပြဋ္ဌာန်းရန်ကိစ္စ။
1,352,063
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(ဂ) ယေဘုယျအားဖြင့် ပြဋ္ဌာန်းရန်လိုအပ်သော အခြားကိစ္စများ။
1,352,064
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အစိုးရသည်၊ အများပြည်သူအကျိုးနှင့် သက်ဆိုင်သည်ဟု၊ မိမိထင်မြင်သော ကိစ္စများနှင့် စပ် လျဉ်း၍၊ ကော်ပိုရေးရှင်း၏ အာဏာများနှင့် တာဝန်ဝတ်တရားများကို၊ ကော်ပိုရေးရှင်းက မည်သို့သုံးစွဲ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။
1,352,065
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထိုသို့ ဆင့်ဆိုသည့်အတိုင်း၊ ကော်ပိုရေးရှင်းက လိုက်နာဆောင် ရွက်ရမည်။
1,352,066
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အစိုးရသည်၊ ကော်ပိုရေးရှင်းအား၊ ၎င်း၏လုပ်ငန်းဆောင်တာ အရပ်ရပ်ကို ရပ်စဲရန် ဆင့်ဆိုနိုင်သည်။
1,352,067
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထိုသို့ ဆင့်ဆိုသည့် အတိုင်း၊ ကော်ပိုရေးရှင်းက လိုက်နာဆောင်ရွက်ရမည်။
1,352,068
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၁) ဤဥပဒေဖြင့် ပေးအပ်ထားသော တာဝန်ဝတ်တရားများကို၊ ကော်ပိုရေးရှင်းက ဆောင် ရွက်ရန် ပျက်ကွက်သည်ဟူ၍ သော်၎င်း၊ ဤဥပဒေဖြင့် အပ်နှင်းထားသော အာဏာများကို၊ ကော် ပိုရေးရှင်းက အလွဲသုံးစွဲသည်ဟူ၍သော်၎င်း၊ အစိုးရကယူဆလျှင်၊ အစိုးရသည်၊ ကော်ပိုရေးရှင်း ကို ဖျက်သိမ်းကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာနိုင်သည်။
1,352,069
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထိုသို့ ထုတ်ပြန် ကျေညာပြီးနောက်၊ ကော်ပိုရေးရှင်း၏ လုပ်ငန်းအရပ်ရပ်စီမံခန့်ခွဲ ညွှန်ကြားဆောင်ရွက်မှုကို၊ အစိုးရကခန့်ထားသော ကိုယ်စားလှယ်သို့ လွှဲအပ်ရမည်။
1,352,070
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထိုသို့ လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်သည်၊ ဤဥပဒေအရ၊ ကော်ပိုရေးရှင်းက သုံးစွဲဆောင်ရွက်နိုင်သည့် အာဏာနှင့် တာဝန်ဝတ်တရားများကို သုံးစွဲဆောင်ရွက်ရမည်။
1,352,071
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
(၂) ဤပုဒ်မအရ ထုတ်ပြန်သော မည်သည့်အမိန့် ကြော်ငြာစာမျှ၊ ခြောက်လထက်ပို၍ အာဏာမ တည်စေရ။
1,352,072
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
သို့သော်လည်း အစိုးရသည်၊ ထိုသို့ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာကို အသစ်ထပ်မံ၍ ထုတ်ပြန်နိုင်သည်။
1,352,073
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ထိုသို့ အသစ်ထပ်မံ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတိုင်း သည်၊ ခြောက်လထက်ပို၍ အာဏာမတည်စေရ။
1,352,074
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
။ သို့ရာတွင် အစိုးရသည်၊ ဤပုဒ်မအရ၊ ကော်ပိုရေးရှင်းကို ဖျက်သိမ်းပြီးနောက်၊ မည်သည့်အခါမဆို၊ သင့်တော်သည်ဟု ထင်မြင်လျှင်၊ ပုဒ်မ ၃အရ ကော်ပိုရေးရှင်းသစ် တခုကို ဖွဲ့ စည်းနိုင်သည်။
1,352,075
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
အခန်း ၇။ အထွေထွေ။
1,352,076
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကော်ပိုရေးရှင်း အဖွဲ့ဝင်များနှင့် ရာထမ်းမှုထမ်းအားလုံးသည်၊ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်သောအခါ၊ သို့မဟုတ် ဆောင်ရွက်သည့် သဘောသက်ရောက်သောအခါ၊ ရာဇသတ်ကြီး ပုဒ်မ ၂၁ အဓိပ္ပါယ်အရ ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။
1,352,077
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်, မြန်မာနိုင်ငံ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဥပဒေများ
၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ
ကာလစည်းကမ်းသတ် အက်ဥပဒေ (The Limitation Act) ပဌမ ဇယားရှိ အပိုဒ် ၁၄၉ သည်၊ ကော်ပိုရေးရှင်းကဖြစ်စေ၊ ကော်ပိုရေးရှင်း ကိုယ်စားဖြစ်စေ၊ စွဲဆိုသည့် တရားမမှုများနှင့်သက်ဆိုင်စေရ မည်။
1,352,078
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
1,352,079
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
၁၉၆၅ ခုနှစ်၊ စကားရပ်များပြောင်းလဲရေးဥပဒေ။
1,352,080
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
[၁၉၆၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေ အမှတ် ၉။
1,352,081
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
] ၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်။
1,352,082
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
(၁၉၆၅ ခုနှစ်၊ ဒီဇင်္ဘာလ ၃၁ ရက်။
1,352,083
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
အောက်ဖေါ်ပြပါ ဥပဒေကိုထုတ်ပြန်ကျေညာသည်။
1,352,084
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,352,085
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
(၁) ဤဥပဒေကို ၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေဟု ခေါ်တွင်စေရမည်။
1,352,086
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
(၂) ဤဥပဒေသည် ချက်ချင်းအာဏာတည်ရမည်။
1,352,087
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
တည်ဆဲတရားဥပဒေနှင့်တရားဥပဒေကဲ့သို့ အာဏာရှိသော စည်းမျဉ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များတွင်ပါရှိသည့်-
1,352,088
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
(က) “သမတ”၊ သို့မဟုတ် “နိုင်ငံတော်သမတ”၊ သို့မဟုတ် “ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ” ဆိုသည့် စကားရပ်အစား၊ “ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ် ကို၎င်း၊
1,352,089
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
အစိုးရ၊ သို့မဟုတ် အာဏာပိုင်တဦးဦးကပြုလုပ်သည့်၊ သို့မဟုတ် ထုတ်သည့် တရားဥပဒေကဲ့သို့ အာဏာမရှိသော စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ဆာကြူလာနှင့် အခြားစာရွက်စာတမ်း အမှတ်အသားများတွင်-
1,352,090
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ
(က) “သမတ”၊ သို့မဟုတ် “နိုင်ငံတော်သမတ”၊ သို့မဟုတ် “ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတ” ဆိုသည့် စကားရပ်ပါရှိနေလျှင်၊ ထိုစကားရပ် အသီးသီးအစား၊ “ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို၎င်း၊
1,352,091
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အောက်ဖေါ်ပြပါဥပဒေကိုထုတ်ပြန်ကျေညာသည်။
1,352,092
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
နိဒါန်း ဥပဒေစကားရပ်များ၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းညီညွတ်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,352,093
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၁ အမည်၊ စတင်အာဏာတည်သည့်နေ့ရက်၊ သက်ဆိုင်ခြင်း
1,352,094
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေဟု ခေါ်တွင်စေရမည်။
1,352,095
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဤဥပဒေသည် အောက်ဖေါ်ပြပါ ဥပဒေများနှင့် သက်ဆိုင်စေရမည်-
1,352,096
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ဤဥပဒေ အာဏာမတည်မီက ဥပဒေပြုအာဏာပိုင် တရပ်ရပ်ကပြဋ္ဌာန်းထားသည့် အက်ဥပဒေများ၊ ဥပဒေများ၊ တချက်လွှတ်ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ အမိန့်များနှင့်ကြေညာချက် များ၊
1,352,097
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) ဤဥပဒေအာဏာတည်ပြီးနောက်တွင် ဥပဒေပြုအာဏာပိုင်တရပ်ရပ်က ပြဋ္ဌာန်းသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ အမိန့်များနှင့် ကြေညာချက်များ။
1,352,098
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၂ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးလမ်းညွှန်များ
1,352,099
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေပြဋ္ဌာန်းချက်များ၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေးလမ်းညွှန်များသည် အောက်ပါအတိုင်း ဖြစ်စေ ရမည်-
1,352,100
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်တွင် ပါဝင်သောစကားရပ်များသည် သာမန်နေ့စဉ်သုံး အနက်အဓိပ္ပါယ် ကိုဆောင်စေရမည်။