id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,101
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
သို့ရာတွင် ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်အညီ သီးခြားအဓိပ္ပါယ်ဖွင့်ဆိုပေးရန် လိုအပ်သောစကားရပ်သည် ယင်းသီးခြား အနက်အဓိပ္ပါယ်ကို ဆောင်စေရမည်။
1,352,102
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ယင်းဥပဒေကိုပြုသည့်အာဏာပိုင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် ဖွင့်ဆိုရမည်။
1,352,103
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဂ) ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေမပြဋ္ဌာန်းမီက ရှိရင်းစွဲ ဖြစ်သော သက်ဆိုင်ရာဥပဒေများအရ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေကိုလည်းကောင်း၊ ယင်းအခြေ အနေကို မည်သည့်အကြောင်းကြောင့် မည်သို့မည်ပုံ ပြင်ဆင်ရန် လိုကြောင်းကိုလည်းကောင်း ထည့်သွင်း စဉ်းစားနိုင်သည်။
1,352,104
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဃ) အထူးဥပဒေတရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်တရပ်သည် ယေဘုယျဥပဒေတရပ်ရပ်တွင် ပါရှိ သောသက်ဆိုင်ရာပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်။
1,352,105
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်တွင် ပါရှိသောအထူးပြဋ္ဌာန်းချက် တရပ် ရပ်သည် ယင်းဥပဒေတွင်ပါရှိသော ယေဘုယျပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်။
1,352,106
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(င) ဥပဒေတရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်ဟု အတည့်အလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ယင်းဥပဒေသည်နောက်ကြောင်းပြန် အာဏာသက်ရောက်မှုမရှိစေရ။
1,352,107
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
သို့ရာတွင် မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှနောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ။
1,352,108
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(စ) လုပ်ထုံးလုပ်နည်းနှင့်သာသက်ဆိုင်သော ဥပဒေတွင် တနည်းတဖုံဖော်ပြထားခြင်းမရှိလျှင် ယင်းဥပဒေ သည်နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်။
1,352,109
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဆ) ရှေးဦးကျသော ဥပဒေပြဋ္ဌာန်းချက်တရပ်နှင့် နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်တရပ်တို့ ကွဲလွဲ ဆန့်ကျင်နေပါက နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်။
1,352,110
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေပြဋ္ဌာန်းချက်တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေကိုမပြဋ္ဌာန်းမီက ဥပဒေ ရေးဆွဲရေးကော်မီရှင်၊ သို့မဟုတ်ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းတွင် ဆွေးနွေးခဲ့သည့်အချက် မှတ်တမ်း များကိုလည်းကောင်း၊ ရေးဆွဲခဲ့သော ဥပဒေမူကြမ်းများကိုလည်းကောင်း၊ ဥပဒေပြုရခြင်း၏ ကျိုးကြောင်း ဖော်ပြချက်ကိုလည်းကောင်း ထည့်သွင်းစဉ်းစားနိုင်သည်။
1,352,111
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၃ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များ
1,352,112
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) အောက်ပါစကားရပ်များကို အောက်ဖော်ပြပါအတိုင်း အနက်အဓိပ္ပါယ်ဖွင့်ဆိုရမည်။
1,352,113
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁) “မြန်မာ”ဆိုသောစကားရပ်ကို တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ သုံးစွဲရာ၌ ယင်းစကားရပ် တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဗမာ၊ စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည်။
1,352,114
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂) “အခြေခံဥပဒေ”ဆိုသော စကားရပ်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆိုသည်။
1,352,115
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃) “အစိုးရ”ဆိုသော စကားရပ်တွင် ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ အခြေခံဥပဒေဖြင့်ဖြစ်စေ၊ ဥပဒေ တရပ်ရပ်ဖြင့်ဖြစ်စေ နိုင်ငံတော်၏ စီမံခန့်ခွဲမှု အာဏာအပ်နှင်းခြင်းခံရသော အဖွဲ့အစည်းကို ဆိုသည်။
1,352,116
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၄) “ဒေသဆိုင်ရာအဖွဲ့အစည်း”ဆိုသောစကားရပ်သည် မြူနီစီပါယ်ကော်မီတီကိုဖြစ်စေ၊ မြို့ကော်မီတီကို ဖြစ်စေ၊ သို့မဟုတ်ဒေသဆိုင်ရာ ရန်ပုံငွေကိုကြီးကြပ်အုပ်ချုပ်ရန်၊ သို့မဟုတ်စီမံအုပ်ချုပ်ရန် ဥပဒေဖြင့် တာဝန်အပ်နှင်းခြင်းခံရသော၊ သို့မဟုတ် အစိုးရကတာဝန်အပ်နှင်းခြင်းခံရသောအခြား အဖွဲ့အစည်း ကိုဖြစ် စေဆိုသည်။
1,352,117
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၅) “ဥပဒေ”ဆိုသောစကားရပ်တွင် ဤဥပဒေအာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်ဖြစ်စေ ဥပဒေပြုအာဏာပိုင်တရပ်ရပ်က ပြဋ္ဌာန်းထားသည့်ဥပဒေ၊ အက်ဥပဒေ၊ တချက်လွှတ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့်အပြင်ဥပဒေကဲ့သို့ အာဏာတည်သော ဓလေ့ထုံးတမ်းများလည်း ပါဝင်သည်။
1,352,118
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၆) “နည်းဥပဒေ”ဆိုသော စကားရပ်တွင် ဥပဒေတရပ်ရပ်ဖြင့် အပ်နှင်းသည့် လုပ်ပိုင်ခွင့်ကို သုံးစွဲ၍ ပြုလုပ်သောနည်းဥပဒေနှင့် ဥပဒေတရပ်ရပ်အရ နည်းဥပဒေအဖြစ်ဖြင့်ပြုသော စည်းမျဉ်းဥပဒေပါဝင်သည်။
1,352,119
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၇) “စည်းကမ်းဥပဒေ”ဆိုသော စကားရပ်သည် ဥပဒေတရပ်ရပ်ဖြင့် အပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို သုံးစွဲ၍ ပြုလုပ်သော စည်းကမ်းဥပဒေကိုဆိုသည်။
1,352,120
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၈) “အမိန့် ကြော်ငြာစာ” ဆိုသော စကားရပ်သည် ပြန်တမ်းတွင်ပါဝင်သော အမိန့်ကိုဆိုသည်။
1,352,121
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၉) “ပြန်တမ်း” ဆိုသော စကားရပ်သည် မြန်မာနိုင်ငံပြန်တမ်းကို ဆိုသည်။
1,352,122
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၀) “စတင်အာဏာတည်ခြင်း”ဆိုသောစကားရပ်သည် ဥပဒေစတင်အာဏာတည်သည့်၊ သို့မဟုတ် စတင် အကျိုးသက်ရောက်သည့်နေ့ရက်ကို ဆိုသည်။
1,352,123
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၁) “နိုင်ငံသား”ဆိုသော စကားရပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံသားကို ဆိုသည်။
1,352,124
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၂) “နိုင်ငံခြားသား” ဆိုသော စကားရပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သူကို ဆိုသည်။
1,352,125
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၃) “တပ်မတော်” ဆိုသော စကားရပ်သည် နိုင်ငံတော်၏ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကိုဆို သည်။
1,352,126
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၄) “တရားရုံး” ဆိုသော စကားရပ်တွင် တရားရုံးအဖွဲ့အစည်း၊ တရားသူကြီးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့ အပြင် တရားစီရင်ပိုင်ခွင့်ရှိသော အဖွဲ့တရပ်ရပ်၊ သို့မဟုတ် အာဏာပိုင် တစ်ဦးဦးလည်း ပါဝင်သည်။
1,352,127
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၅) “ကျမ်းကျိန်လွှာ” ဆိုသော စကားရပ်တွင် ကတိသစ္စာပြုလွှာ ပါဝင်သည်။
1,352,128
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၆) “ကျမ်းသစ္စာပြုခြင်း” ဆိုသော စကားရပ်တွင် ကတိသစ္စာပြုခြင်းပါဝင်သည်။
1,352,129
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၇) “လက်မှတ်ရေးထိုးသည်” ဆိုသော စကားရပ်တွင်မိမိအမည်ကို မရေးနိုင်သောသူ တဦးတယောက် က ကြက်ခြေခတ်ခြင်း၊ လက်ဗွေနှိပ်ခြင်း အစရှိသည့်အမှတ်အသားပြုလုပ်ခြင်း ပါဝင်သည်။
1,352,130
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၈) “မှတ်ပုံတင်ခြင်း” ဆိုသော စကားရပ်သည် စာတမ်းအမှတ်အသားများ မှတ်ပုံတင်ခြင်းအတွက် တည်ဆဲဥပ​ဒေအရ မှတ်ပုံတင်ခြင်းကို ဆိုသည်။
1,352,131
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁၉) “ရေးသားချက်” ဆိုသော စကားရပ်တွင်စာပုံနှိပ်ခြင်း၊ ကျောက်ပုံရေးကူးခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်း အပြင် အခြားမြင်သာသော ဖေါ်ပြချက်များလည်း ပါဝင်သည်။
1,352,132
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၀) ‘မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း” ဆိုသော စကားရပ်တွင် မြေ၊ မြေမှဖြစ်ထွန်းလာသော အကျိုးခံစား ခွင့်များ၊ မြေ၌စိုက်ထူထားသော အရာဝတ္ထုများအပြင် ယင်းအရာဝတ္ထုတို့တွင် အမြဲတပ်ဆင်ထားသည့် အရာဝတ္ထုများလည်း ပါဝင်သည်။
1,352,133
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၁) “ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း” ဆိုသော စကားရပ်တွင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းမှတပါး အခြား ပစ္စည်းအမျိုးမျိုး ပါဝင်သည်။
1,352,134
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၂) “ပြစ်မှု” ဆိုသော စကားရပ်သည် တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်ဒဏ်ထိုက်သင့်နိုင်သော ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှုကို ဆိုသည်။
1,352,135
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၃) “အားပေးကူညီခြင်း”၊ သို့မဟုတ် “အားပေးအားမြှောက်ပြုခြင်း” ဆိုသောစကားရပ်တွင် ပြစ်မှု တစုံတခုကို ကျုးလွန်စေရန် တဦးတယောက်သောသူအား လှုံ့ဆော်ခြင်း၊ သို့မဟုတ် ကူညီ ထောက်ပံ့ခြင်း၊ သို့မဟုတ် ပြစ်မှုတစုံတခုကိုကျုးလွန်ရန် အခြားသူတဦးနှင့်ပူးပေါင်းကြံစည်ခြင်း ပါဝင်သည်။
1,352,136
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၄) “တဦးတယောက်သောသူ”၊ “သူတဦး”၊ “ပုဂ္ဂိုလ်” ဆိုသောစကားရပ်တွင် ကုမ္ပဏီ၊ အသင်း၊ အဖွဲ့ အစည်းတခုခု၊ သို့မဟုတ် လူတစုပါဝင်သည်။
1,352,137
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၅) “အရွယ်ရောက်သူ”ဆိုသောစကားရပ်သည် အသက် ၁၈နှစ်ပြည့်ပြီးသူကို ဆိုသည်။
1,352,138
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၆) “ဘခင်” ဆိုသော စကားရပ်တွင်ဥပဒေအရ မွေးစားသော ဘခင်လည်းပါဝင်သည်။
1,352,139
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၇) “သား” ဆိုသော စကားရပ်တွင် ဥပဒေအရ မွေးစားသော သားလည်းပါဝင်သည်။
1,352,140
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၈) “ရက်” ဆိုသော စကားရပ်သည် ညဉ့်သန်းခေါင် အချိန်မှစ၍ ရေတွက်သော နှစ်ဆယ့်လေးနာရီ ကာလ အပိုင်းအခြားကို ဆိုသည်။
1,352,141
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂၉) “လ” ဆိုသော စကားရပ်သည် အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်အရရေတွက်သော လကို ဆိုသည်။
1,352,142
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၀) “နှစ်” ဆိုသော စကားရပ်သည် အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်အရရေတွက်သော နှစ်ကိုဆိုသည်။
1,352,143
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၁) “ရေယာဉ်” ဆိုသော စကားရပ်တွင် ရေကြောင်းသွားလာရာ၍ အသုံးပြုသော ယာဉ်အားလုံး ပါဝင် သည်။
1,352,144
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၂) “သင်္ဘော” ဆိုသော စကားရပ်သည် ရွက်နှင့်ဖြစ်စေ၊ စက်ဖြင့်ဖြစ်စေ သွားလာသော ရေယာဉ်အားလုံး ပါဝင်သည်။
1,352,145
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၃) “ရေယာဉ်မှူး” ဆိုသော စကားရပ်သည် ရေယာဉ်ကိုအမြဲတန်းဖြစ်စေ၊ အခိုက်အတန့်ဖြစ်စေ ကြီးကြပ်အုပ်ချုပ်ရသူ၊ ဦးစီးရသူ၊ သို့မဟုတ် ထိန်းသိမ်းရသူကိုဆိုသည်။
1,352,146
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
သို့ရာတွင် ယင်းစကားရပ်တွင် ရေကြောင်းပြမပါဝင်။
1,352,147
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၄) “လေယာဉ်” ဆိုသော စကားရပ်တွင် လေကြောင်းသွားလာရာ၌ အသုံးပြုသော ယာဉ်အားလုံး ပါဝင် သည်။
1,352,148
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၅) “လေယာဉ်မှူး” ဆိုသော စကားရပ်သည် လေယာဉ်ကိုအမြဲတန်းဖြစ်စေ၊ အခိုက်အတန့်ဖြစ်စေ ကြီးကြပ်အုပ်ချုပ်ရသူ၊ သို့မဟုတ် ဦးစီးရသူကို ဆိုသည်။
1,352,149
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃၆) “သေတမ်းစာ” ဆိုသော စကားရပ်သည် ရေးသားသူသေဆုံးပြီးသည့်နောက် ယင်း၏ဆန္ဒအတိုင်း ပစ္စည်းများကို စီမံခန့်ခွဲစေရန် ညွှန်ကြားခဲ့သော စာတမ်းအမှတ်အသားကို ဆိုသည်။
1,352,150
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) အထက်ဖော်ပြပါ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တို့သည် စကားရပ်များပါရှိသော ဥပဒေတွင် အခြား နည်းဖော်ပြထားခြင်း၊ သို့မဟုတ် ရှေ့နောက်စကားဆန့်ကျင်ခြင်းမရှိသရွေ့သာ အကျိုးသက်ရောက် စေရ မည်။
1,352,151
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်တွင် အခြားနည်းဖော်ပြထားခြင်း မရှိလျှင်-
1,352,152
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ယောက်ျားကို ရည်ညွှန်းသော စကားရပ်သည် မိန်းမနှင့်လည်းသက်ဆိုင်သည်ဟုမှတ်ယူရမည်။
1,352,153
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) ဧကဝုစ် အဓိပ္ပါယ်ရှိသည့် စကားရပ်သည် ဗဟုဝုစ်အဓိပ္ပါယ်ရှိသည့်စကားရပ်နှင့်လည်း သက်ဆိုင်သည်။
1,352,154
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဗဟုဝုစ် အဓိပ္ပါယ်ရှိသည့် စကားရပ်သည် ဧကဝုစ် အဓိပ္ပါယ်ရှိသည့် စကားရပ်နှင့်လည်း သက်ဆိုင်သည်ဟု မှတ်ယူရမည်။
1,352,155
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်တွင် ကာလအပိုင်းအခြားနှင့်စပ်လျဉ်း၍-
1,352,156
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) “မှ”၊ သို့မဟုတ် “မှစ၍” ဟူသောစကားရပ်ကိုသုံးနှုန်းထားလျှင် ဖော်ပြသည့်ရက်၊ သို့မဟုတ် ဖော်ပြ သည့်ကာလအပိုင်းအခြား ပါဝင်သည်ဟု မှတ်ယူရမည်။
1,352,157
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) “အထိ” ဟူသောစကားရပ်ကို သုံးနှုန်းထားလျှင် ဖော်ပြသည့်ရက်၊ သို့မဟုတ် ဖော်ပြသည့် ကာလ အပိုင်းအခြား ပါဝင်သည်ဟု မှတ်ယူရမည်။
1,352,158
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
တဦးတယောက်သောသူ၏ အသက်ကိုတွက်ချက်ရာတွင် ယင်းကိုမည်သည့်အချိန်၌ပင် မွေးသည် ဖြစ်စေ၊ မွေးနေ့ကို တနေ့ဟုသတ်မှတ်ကာ ထည့်သွင်းရေတွက်ရမည်။
1,352,159
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
မွေးနေ့၏ တနှစ်ပတ်လည်သောနေ့သို့ ကူးဝင်သည်နှင့်တပြိုင်နက် အသက်တနှစ်ပြည့်သည်ဟု သတ်မှတ်ရမည်။
1,352,160
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
မှုခင်းကိစ္စတခုခုကို ရုံးတခုခု၌ နေ့တနေ့တွင် ပြုလုပ်ဆောင်ရွက်ရန် ဥပဒေတရပ်ရပ်က ပြဋ္ဌာန်းထား ရာ၌ အဆိုပါနေ့သည် ရုံးပိတ်ရက်နေ့ဖြစ်လျှင် ထိုမှုခင်းကိစ္စကို ထိုရုံးပြန်လည်ဖွင့်လှစ်သည့်နေ့တွင် ပြုလုပ် ဆောင်ရွက်သော် ယင်းမှုခင်းကိစ္စကို သတ်မှတ်ထားသောအချိန်အတွင်း ပြုလုပ်ဆောင်ရွက်သည်ဟု မှတ်ယူ ရမည်။
1,352,161
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် “ကာလစည်းကမ်းသတ် ဥပဒေ”တွင် အကျုံးဝင်သော မှုခင်း ကိစ္စနှင့် မသက်ဆိုင်စေရ။
1,352,162
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်အရ အကြောင်းကြားစာ၊ ဆင့်စာ၊ ပေးစာတခုခုကို စာပို့တိုက်မှတဆင့် ပို့ခွင့်ပြုသည့် အခါ ထိုစာကိုမှန်ကန်စွာ လိပ်တပ်ပြီးနောက် စာပို့တိုက်ကမှတ်ပုံတင် ပြုလုပ်၍ပို့ခြင်းသည် ယင်းသို့ ပို့ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။
1,352,163
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ထိုသို့ပို့ခြင်း မဟုတ်ကြောင်း သက်သေထင်ရှားအောင် မပြနိုင်လျှင်ထိုစာကို စာပို့တိုက်က သာမန်အားဖြင့် ဝေငှပေးအပ်သင့်သည့် အချိန်တွင် ပို့ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
1,352,164
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အကွာအဝေးကို တိုင်းတာရာ၌ ရေညီပြင်ပေါ်တွင် မျဉ်းဖြောင့်အတိုင်း တိုင်းတာရမည်။
1,352,165
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
သို့ရာတွင် ဥပဒေတရပ်ရပ်၌ အခြားနည်းပြဋ္ဌာန်းထားလျှင် ယင်းသို့ ပြဋ္ဌာန်းထားသည့် နည်းအရသာ တိုင်းတာရမည်။
1,352,166
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၄ ဥပဒေထုတ်ပြန်ခြင်း၊ အာဏာတည်ခြင်း၊ ရုပ်သိမ်းခြင်း
1,352,167
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်၌ အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိပါက ယင်းဥပဒေသည် နိုင်ငံတော်တဝန်းလုံးတွင် အာဏာတည်ရမည်။
1,352,168
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ဥပဒေတိုင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ရမည်။
1,352,169
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ယင်းကိုပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။
1,352,170
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) ဥပဒေတရပ်ရပ်တွင် ယင်းဥပဒေအာဏာတည်သည့်နေ့ရက်ကို အတည့်အလင်း သတ်မှတ်ထားခြင်း မရှိလျှင် ယင်းဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက ကြေညာသည့်နေ့ရက် တွင် စတင်အာဏာတည်ရမည်။
1,352,171
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဂ) ဥပဒေတရပ်ရပ်တွင် မည်သည့်နေ့ရက်မှစ၍ အာဏာတည်စေရမည်ဟု ဖော်ပြထားလျှင် ယင်းဥပဒေ သည် စတင်အာဏာတည်ရမည့်နေ့သို့ ကူးသည်နှင့်တပြိုင်နက် အာဏာတည်စေရမည်။
1,352,172
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်ကို အခြားဥပဒေ တရပ်ရပ်ဖြင့် ရုပ်သိမ်းလျှင် ယင်းသို့ ရုပ်သိမ်းခြင်း မပြုမီက-
1,352,173
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်၏ အာဏာသက်ရောက်ခဲ့ခြင်းကို မထိခိုက်စေရ။
1,352,174
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ထို့ပြင် ယင်းဥပဒေပြဋ္ဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။
1,352,175
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့်၊ သို့မဟုတ် အခွင့်အရေးကို လည်းကောင်း၊ ဆောင်ရွက်ခဲ့ရသည့်တာဝန်နှင့် ကျခံခဲ့ရသည့် ကြွေးမြီတို့ကိုလည်းကောင်း မထိခိုက် စေရ။
1,352,176
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဂ) ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်အရ ခံခဲ့ရသော ပြစ်ဒဏ်နှင့် ပြည်သူ့ဘဏ္ဍာအဖြစ် ပစ္စည်း သိမ်းယူခံရခြင်းတို့ကို မထိခိုက်စေရ။
1,352,177
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဃ) အထက်ကဆိုခဲ့သော ရပိုင်ခွင့်၊ သို့မဟုတ် အခွင့်အရေး၊ သို့မဟုတ် တာဝန်၊ သို့မဟုတ် ကြွေးမြီ၊ သို့မဟုတ် ပြစ်ဒဏ်၊ သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် ပစ္စည်းသိမ်းယူခံရခြင်းတို့နှင့် စပ်လျဉ်းသော စုံစမ်း စစ်ဆေးမှု၊ မှုခင်း၊ တရားစွဲဆိုလျှေက်ထားနိုင်ခွင့်တို့ကို မထိခိုက်စေရ။
1,352,178
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်း ချက်သည် အတည်ဖြစ်နေသေးဘိသကဲ့သို့ ဆက်လက်ပြုလုပ်နိုင်သည့်ပြင်၊ ယင်းဥပဒေအရ၊ ပြစ်ဒဏ်ပေး ခြင်း၊ ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
1,352,179
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
။ ရုပ်သိမ်းခြင်းပြုသော ဥပဒေ၌ တနည်းတဖုံ ဖော်ပြထားလျှင် ယင်းသို့ဖော်ပြထားသည့် အတိုင်းသာ ဖြစ်စေရမည်။
1,352,180
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်ကို အခြားဥပဒေတရပ်ရပ်ဖြင့် ရုပ်သိမ်းပြီးသည့်နောက်ယင်းသို့ ရုပ်သိမ်းခြင်း ပြု သော ဥပဒေကိုတဖန်ရုပ်သိမ်းလိုက်ပြန်လျှင် ရုပ်သိမ်းခြင်းခံခဲ့ရသော မူလဥပဒေသည်ပြန်လည်၍ အာဏာ မတည်စေရ။
1,352,181
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
သို့ရာတွင်နောက်ဆုံးပြဋ္ဌာန်းလိုက်သည့် ရုပ်သိမ်းခြင်းပြုသော ဥပဒေတွင် တနည်းတဖုံဖော်ပြ ထားလျှင် ယင်းသို့ဖော်ပြထားသည့်အတိုင်းသာ ဖြစ်စေရမည်။
1,352,182
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်ကို အခြားဥပဒေတရပ်ရပ်ဖြင့် ရုပ်သိမ်းပြီးသည့်နောက်၊ ရုပ်သိမ်း ခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်ကို အစားထိုးသည့် အနေဖြင့်ဥပဒေအသစ်တရပ် ပြဋ္ဌာန်းသည့်အခါ မည်သည့် ဥပဒေ၊ သို့မဟုတ် စာချုပ်စာတမ်းတွင်မဆို ရုပ်သိမ်းခြင်းခံရသော မူလဥပဒေ ပြဋ္ဌာန်းချက်ကို ရည်ညွှန်း ခြင်းသည်၊ အဆိုပါဥပဒေသစ်ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။
1,352,183
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၅ အာဏာမတည်သေးသောဥပဒေနှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ
1,352,184
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(က) ဥပဒေတရပ်ရပ်ကို ပြဋ္ဌာန်းထုတ်ပြန်ပြီးဖြစ်သော်လည်း၊ ယင်းဥပဒေသည် ချက်ချင်းအာဏာ မတည် သေးလျှင် ယင်းဥပဒေအရပြုလုပ်ပိုင်ခွင့်ရှိသော နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေနှင့် စည်းကမ်း ဥပဒေများကို ကြိုတင်၍ထုတ်ပြန်ထားနိုင်သည်။
1,352,185
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ခ) ယင်းသို့အာဏာမတည်သေးသည့် ဥပဒေနှင့် စပ်လျဉ်း၍ အောက်ပါကိစ္စများနှင့်သက်ဆိုင်သော အမိန့် များကို ကြိုတင်၍ထုတ်ပြန်ထားနိုင်သည်-
1,352,186
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၁) ယင်းဥပဒေနှင့်သက်ဆိုင်စေခြင်းကိစ္စ၊
1,352,187
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၂) ယင်းဥပဒေအရ တရားရုံးနှင့် အခြားရုံးများ ဖွဲ့စည်းခြင်းကိစ္စ၊
1,352,188
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၃) ယင်းဥပဒေအရ တာဝန်ယူရသောအဖွဲ့အစည်း ခန့်ထားသည့်ကိစ္စ၊
1,352,189
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၄) အကြီးအကဲ၊ တာဝန်ထမ်းဆောင်သူ၊ ဝန်ထမ်းတို့ကိုခန့်ထားသည့်ကိစ္စ၊
1,352,190
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၅) ယင်းဥပဒေအရ ဆောင်ရွက်ရန်ရှိသောကိစ္စ၊
1,352,191
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၆) ယင်းဥပဒေအရ ဆောင်ရွက်ရသည့် အဖွဲ့အစည်း၊ သို့မဟုတ် ပုဂ္ဂိုလ်တို့သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟူသောကိစ္စ၊
1,352,192
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(၇) မည်သည့်အခကြေးငွေပေးရမည်ဟူသော ကိစ္စ။
1,352,193
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
(ဂ) ယင်းသို့ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ သို့မဟုတ် အမိန့်သည် ယင်းဥပဒေစတင် အာဏာမတည်သေးသမျှ ကာလပတ်လုံးအကျိုးသက်ရောက်မှု မရှိစေရ။
1,352,194
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၆ နည်းဥပဒေစသည်တို့ပြုလုပ်ခြင်း၊ အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း
1,352,195
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်အရ နည်းဥပဒေကိုဖြစ်စေ၊ စည်းမျဉ်းဥပဒေကိုဖြစ်စေ၊ စည်းကမ်းဥပဒေကိုဖြစ်စေ၊ အမိန့်ကြော်ငြာစာကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေထုတ်ပြန်နိုင်ခွင့်ရှိလျှင် ယင်းနည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ သို့မဟုတ် အမိန့်ကိုဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်းလည်းပြုနိုင်ခွင့်ရှိသည်။
1,352,196
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေတရပ်ရပ်အရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့် ကြော်ငြာစာနှင့် အမိန့်တခုခု၌ ပါရှိသော စကားရပ်များ၏အဓိပ္ပါယ်သည် ယင်းဥပဒေတွင် အနက်အဓိပ္ပါယ် ဖွင့်ဆိုသည့်အတိုင်း ဖြစ်စေရမည်။
1,352,197
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
သို့ရာတွင် အခြားနည်းအဓိပ္ပါယ် ဖွင့်ဆိုရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းလျှင် ယင်းသို့ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။
1,352,198
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ဥပဒေပြဋ္ဌာန်းချက်တရပ်ကို ရုပ်သိမ်းပြီးနောက် ယင်းဥပဒေပြဋ္ဌာန်းချက်ပါ ကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် အသစ်တရပ် ပြဋ္ဌာန်းလိုက်သည့်အခါ အဆိုပါ ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်း ချက်အရ ပြုလုပ်ခဲ့သော နည်းဥပဒေ၊ စည်မျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာနှင့်တကွ ရာထူးခန့်ထားမှုအသီးသီးသည် ဥပဒေပြဋ္ဌာန်းချက်အသစ်နှင့် မဆန့်ကျင်သမျှ ဆက်လက်အာဏာ တည်စေ ရမည်။
1,352,199
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
အခန်း ၇ ပြစ်မှုဆိုင်ရာဥပဒေများ
1,352,200
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ
ပြစ်မှုဆိုင်ရာဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးတို့၏ ပြဋ္ဌာန်းချက်များသည် ဥပဒေတရပ်ရပ်အရ ချမှတ်သည့်ငွေဒဏ်အားလုံးနှင့် သက်ဆိုင်စေရမည်။