id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,352,301 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | (ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ကြော်ငြာရန်ဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ်အမှတ်အသား ပြုလုပ် ရန်ဖြစ်စေ အသုံးပြုခြင်း။ |
1,352,302 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ၄။ ဤဥပဒေပါ တားမြစ်ချက်တခုခုကိုဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ ကျူးလွန်သူသည် ခြောက်လထက်မများသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေးခြင်းခံရမည်။ |
1,352,303 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | အခန်း ၃ အထွေထွေ၅။ |
1,352,304 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ''' ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းကို လည်းကောင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် တားမြစ်ချက်များကိုလည်းကောင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့် အခြားကိစ္စ အရပ်ရပ်ကို လည်းကောင်း နည်းဥပဒေ များဖြင့် ပြဋ္ဌာန်းနိုင်သည်။ |
1,352,305 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံ နည်းဥပဒေများ |
1,352,306 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | [၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေများ အမှတ် ၁။ |
1,352,307 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိဒါန်း နိုင်ငံတော်အလံဥပဒေပုဒ်မ ၇ ဖြင့်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို သုံးစွဲလျက်၊ ပြည်သူ့ လွှတ်တော်သည် နိုင်ငံတော်အလံ အသုံးပြုခြင်း၊ လွှင့်ထူခြင်း၊ ဆင်ယင်ပြသခြင်းနှင့် စပ်လျဉ်း၍ အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။ |
1,352,308 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခန်း ၁ အမည်၊ အာဏာတည်သည့် နေ့ရက် |
1,352,309 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၁။ (က) ဤနည်းဥပဒေများကို နိုင်ငံတော်အလံ နည်းဥပဒေများဟု ခေါ်တွင်စေရမည်၊ |
1,352,310 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခန်း ၂ နိုင်ငံတော်အလံ၏ အရွယ်အစားနှင့် အရောင်အသွေး |
1,352,311 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၂။ နိုင်ငံတော်အလံ၏ အရွယ်အစား၊ အတိုင်းအတာ၊ အရောင်အသွေး စသည်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်- |
1,352,312 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (က) နိုင်ငံတော်အလံသည် ဒေါင့်မှန်စတုဂံပုံဖြစ်ပြီး၊ အလျား ၉ ပေ (၂၇၄.၃၂ စင်တီမီတာ) နှင့် အနံ ၅ ပေ (၁၅၂.၄ စင်တီမီတာ) ရှိသည်၊ |
1,352,313 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပြီး၊ လက်ဝဲဖက်အထက် ဒေါင့်အလျား ၄ ပေ (၁၂၁.၉၂ စင်တီမီတာ) ခန့်၊ အနံ ၂ ပေ ၆ လက်မ (၇၆.၂ စင်တီမီတာ) ခန့်ရှိ အပြာရင့်ရောင်၊ လေးဒေါင့် ခန်းအောက်ခံ၍ အရွယ်တူကြယ်ဖြူ ၁၄ လုံးဝန်းရံထားသော ပင်နီယံနှင့် စပါးနှံရှိသည်၊ |
1,352,314 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဂ) ပင်နီယံ၏ဗဟိုချက်မှာ အပြာရင့်ခန်း၏ ဗဟိုချက်ဖြစ်ပြီး၊ ပင်နီယံ၏အတွင်းခွေအနားကို အချင်း ဝက် ၄ လက်မ (၁၀.၁၆ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း၊ အလယ်ခွေအနားကို အချင်းဝက် ၆.၅ လက်မ (၁၆.၅၁ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း၊ အပြင်ခွေအနားကို အချင်းဝက် ၈ လက်မ (၂၀.၃၂ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း အသီးသီးဆွဲသားထားသော စက်ဝန်းများဖြစ်သည်၊ |
1,352,315 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဃ) ပင်နီယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ စိတ်ရှိသည်။ |
1,352,316 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စက်သွားစိတ်တစိတ်၏ အောက်ခြေ အကျယ်မှာ ၁.၇ လက်မ (၄.၃၂ စင်တီမီတာ) ခန့်ဖြစ်သည်။ |
1,352,317 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စက်သွားစိတ်တစိတ်နှင့်တစိတ် ၏အောက်ခြေအကွာအဝေးမှာ ၁.၂ လက်မ (၃.၀၅ စင်တီမီတာ) ခန့်ဖြစ်သည်။ |
1,352,318 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စက်သွားစိတ်တစိတ်စီ၏ ထိပ်မျက်နှာပြင်အကျယ်သည် ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ခန့်ဖြစ်သည်။ |
1,352,319 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စက်သွားစိတ်တစိတ်စီ၏ အမြင့်မှာ ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ခန့်ဖြစ်သည်၊ |
1,352,320 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (င) ပင်နီယံအတွင်း၌ စပါးနှံ နှစ်ခက်ရှိသည်။ |
1,352,321 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ယင်းစပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ |
1,352,322 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စပါးနှံများသည် အောက်ဖက်တည့်တည့်သို့ မျက်နှာမူနေသည့် စက်သွားစိတ်မှ အထက်သို့ ထောင်တက် သွားသည်။ |
1,352,323 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | လက်ဝဲဖက်စပါးနှံ၏ အဖျားပိုင်းသည် အထက်ဖက်တည့်တည့်တွင် ရှိသောစက်သွားစိတ်နှင့် ယင်း၏လက်ဝဲဖက်ရှိသော စက်သွားစိတ်တို့၏ အကြားသို့ ကိုင်းညွတ်၍ဝင်နေသည်။ |
1,352,324 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | လက်ျာဖက်စပါးနှံ ၏အဖျားသည် အထက်တည့်တည့်ရှိစက်သွားစိတ်နှင့် ယင်း၏လက်ျာဖက်ရှိ စက်သွားစိတ်တို့၏အကြား ပင်နီယံဗျက်၏ အလယ်ခန့်တွင် လက်ဝဲဖက်သို့ အနည်းငယ်ကိုင်းညွတ်လျက်ရှိသည်။ |
1,352,325 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စပါးနှံများ၏ တဘက်တချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။ |
1,352,326 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | လက်ဝဲဖက်အထက်စပါးရွက်သည် စပါးနှံများအခြေခံ ရာစက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော် တတိယနှင့်စတုတ္ထ စက်သွားစိတ်အကြားနှင့်တည့်တည့် ရှိသောစပါးစေ့မှ ကပ်လျက် လက်ဝဲဖက်သို့ အနည်းငယ်စောင်းကာတက်သွားသည်။ |
1,352,327 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော်ပထမနှင့်ဒုတိယစက်သွားစိတ်တို့အကြား ပင်နီယံဗျက်၏ အလယ်တွင်စပါးရွက်သည်အောက်ဖက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက် ၏ထိပ်အဖျားသည် လက်ဝဲဖက် တတိယစက်သွားစိတ်၏ အောက်ခြေတွင် ကျရောက်လျက်ရှိသည်။ |
1,352,328 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | လက်ဝဲဖက်အောက် စပါးရွက်သည်စပါးနှံအခြေခံရာ စက်သွားစိတ်မှနေ၍ အထက်သို့တက်သွားသည်။ |
1,352,329 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ဝဲဖက်ခြမ်း အလယ်ခန့်မှနေ၍ အောက်သို့ကိုင်းညွတ် ကျဆင်းသွားပြီး ယင်းစပါးရွက်၏ထိပ်အဖျားသည် စပါးနှံများအခြေခံရာ စက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော် ဒုတိယ စက်သွားစိတ်၏ အောက်ခြေအပေါ်ပိုင်း ခန့်တွင်ကျရောက်လျက်ရှိသည်။ |
1,352,330 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | လက်ျာ ဖက်အထက်စပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ျာဖက်သို့ရေတွက်သော် တတိယ စက်သွားစိတ်အောက်ခြေနှင့် တည့်တည့်ရှိသော စပါးစေ့မှကပ်လျက် လက်ျာဖက်သို့ အနည်းငယ်စောင်း ကာတက်သွားသည်။ |
1,352,331 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ျာဖက်သို့ရေတွက်သော် ဒုတိယစက်သွားစိတ်၏ အောက်ခြေပင်နီယံဗျက်၏ အလယ်ခန့်မှအောက်ဘက်သို့ ကိုင်းညွတ်ကျဆင်း သွားပြီးယင်းစပါးရွက်၏ ထိပ်အဖျားသည် လက်ျာဘက်ရှိ တတိယနှင့်စတုတ္ထစက်သွားစိတ်တို့ အကြား တွင်ကျရောက်လျက်ရှိသည်။ |
1,352,332 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | လက်ျာဘက်အောက်စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိတ်မှနေ၍ အထက်သို့ တက်သွားသည်။ |
1,352,333 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ျာဘက်ခြမ်း အလယ်ခန့်မှနေ ၍အောက်သို့ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများအခြေခံရာ စက်သွားစိတ်မှ လက်ျာဖက်သို့ ရေတွက်သော် ဒုတိယစက်သွားစိတ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက်ရှိသည်၊ |
1,352,334 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ။ လက်ဝဲဖက်၊ လက်ျာဖက်ဟုဆိုရာ၌ အလံကိုရှေ့မှ ကြည့်သူ၏ လက်ဝဲဖက်၊ လက်ျာ ဖက်ကိုဆိုသည်။ |
1,352,335 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (စ) ကြယ်များသည် စက်သွားစိတ်တခုစီ၏ ထိပ်တည့်တည့်တွင်ရှိသည်။ |
1,352,336 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ကြယ်များ၏ဗဟိုချက်တို့သည် ပင်နီယံ၊ သို့မဟုတ် အပြာရင့်ခန်း၏ ဗဟိုချက်မှ ၁၀.၄ လက်မ (၂၆.၄၂ စင်တီမီတာ) ခန့်အကွာတွင်ရှိ သည်။ |
1,352,337 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ကြယ်တလုံးစီ၏ အချင်းမှာ ၃.၈ လက်မ (၉.၆၅ စင်တီမီတာ) ခန့်ဖြစ်သည်။ |
1,352,338 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ကြယ်တလုံးတွင် ငါးဒေါင့်ရှိပြီး၊ ကြယ်တလုံးစီ၏ ထိပ်ချွန်တခုစီသည် နိုင်ငံတော်အလံ၏အထက်သို့မူသေ မတ်မတ်ထောင် ကာရှိနေသည်။ |
1,352,339 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၃။ နိုင်ငံတော်အလံ အရွယ်အစားအတိုင်းအတာမှာ ကြီးငယ်မဟူ နည်းဥပဒေ ၂ ပါအချိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီအောင် ပြုလုပ်ရမည်။ |
1,352,340 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခန်း ၃ နိုင်ငံတော်အလံနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ |
1,352,341 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၄။ နိုင်ငံတော်အလံကို လွှင့်ထူအသုံးပြုနိုင်သည့် အဆောက်အဦများ၊ နေရာဌာနများနှင့် လွှင့်ထူအသုံးပြု ရာတွင် လိုက်နာရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
1,352,342 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (က) နိုင်ငံတော်အလံကို နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ၏ နေအိမ်၌ လွှင့်ထူရမည်၊ |
1,352,343 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ခ) နိုင်ငံတော်အလံကို မြန်မာနိုင်ငံသံရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် လွှင့်ထူရ မည်၊ |
1,352,344 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဂ) နိုင်ငံတော်အလံကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ယင်းကဦးဆောင်သော လူထုလူတန်းစား အဖွဲ့အစည်းများ၏ အဆောက်အဦများ၊ အစိုးရအဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများ၊ စက်ရုံအလုပ် ရုံများနှင့် စာသင်ကျောင်းများ၊ အခမ်းအနားကျင်းပသည့်နေရာများပေါ်တွင် အလုပ်လုပ်ရက်အားလုံး၌ လွှင့်ထူနိုင်သည်၊ |
1,352,345 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဃ) နိုင်ငံတော်အလံကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ အသုံးပြုသည့် ယာဉ်များပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ သံရုံး၏ သံအမတ်ကြီးများ၊ ယာယီတာဝန်ခံသံမှူးများ အသုံးပြုသည့် ယာဉ်များပေါ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံး အကြီးအကဲများ အသုံးပြုသည့် ယာဉ် များပေါ်တွင်လည်းကောင်း လွှင့်ထူနိုင်သည်၊ |
1,352,346 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (င) နိုင်ငံတော်အလံကို မီးရထား၊ သင်္ဘော၊ လေယာဉ် စသောယာဉ်အမျိုးမျိုးတွင် ဂုဏ်ကျက်သရေ မညှိုးနွမ်းစေသောနည်းဖြင့် တပ်ဆင်အသုံးပြုနိုင်သည်၊ |
1,352,347 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (စ) နိုင်ငံတော်အလံကို ယာဉ်များပေါ်၌ လွှင့်ထူသည့်အခါ အလံရိုးကို ခိုင်မြဲစွာစိုက်ထူထားရမည်၊ |
1,352,348 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဆ) နိုင်ငံတော်အလံကို အခမ်းအနားစင်မြင့်ပေါ်၌ ဆင်ယင်လိုလျှင်၊ ကျောဘက်နံရံအမြင့်တွင် အလျား လိုက်သာထားရမည်။ |
1,352,349 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံ၏ အပြာရင့်ခန်းသည် လက်ဝဲဖက်တွင်ရှိစေရမည်။ |
1,352,350 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | တရားဟော စင်များ၌ နိုင်ငံတော်အလံကို စိုက်ထူထားလျှင် တရားဟောသူ၏ လက်ျာဖက်အရှေ့ကျကျ၌ စိုက်ထူ ရမည်၊ |
1,352,351 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဇ) နိုင်ငံတော်အလံကို ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံများနှင့် စုပေါင်းယှဉ်တွဲစိုက်ထူလျှင် နိုင်ငံတော်အလံကို အခြားအလံအားလုံး၏ အလယ်ဗဟိုတွင် ထားရှိစေပြီး ပို၍မြင့်စွာစိုက်ထူထားရမည်၊ |
1,352,352 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဈ) နိုင်ငံတော်အလံအပြင် အခြားနိုင်ငံအလံ၊ သို့မဟုတ် အဖွဲ့အစည်းတခုခု၏အလံရှိလျှင် နိုင်ငံတော် အလံကိုအခြားအလံ၏ လက်ျာဖက်၊ သို့မဟုတ် နိုင်ငံတော်အလံကို မျက်နှာမူလျက်ရှိသူ၏ လက်ဝဲဖက်၌ ထားရမည်၊ |
1,352,353 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ည) နိုင်ငံတော်အလံကို အခြားအလံများနှင့် အတူစိုက်ထူသည့်အခါ စုစုပေါင်းအရေအတွက်သည် (မ) ဖြစ်လျှင် နိုင်ငံတော်အလံကို အလယ်ဗဟို၌ ထားရမည်။ |
1,352,354 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | စုစုပေါင်းအရေအတွက် (စုံ) ဖြစ်လျှင် နိုင်ငံတော် အလံကို အားလုံး၏ အလယ်ဗဟိုနှစ်ခုအနက် လက်ျာဖက်နေရာ၌ ထားရှိရမည်၊ |
1,352,355 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဋ) နိုင်ငံတော်အလံနှင့်အတူ အခြားနိုင်ငံများ၏ အလံများကို လွှင့်ထူသောအခါ နိုင်ငံတော်အလံကို ရှေးဦးစွာလွှင့်တင်၍ အလံများချသောအခါ နိုင်ငံတော်အလံကို နောက်ဆုံးမှချရမည်။ |
1,352,356 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ယင်းသို့ လွှင့်ထူ သည့်အခါ အလံကို တိုင်တတိုင်စီ သီးခြားလွှင့်ထူရမည်။ |
1,352,357 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အလံများသည် အရွယ်အစားချင်း တူညီနိုင် သမျှတူညီရမည်၊ |
1,352,358 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဌ) နိုင်ငံတော်အလံနှင့် အခြားနိုင်ငံအလံကို နံရံပေါ်၌ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ၊ ကြက်ခြေခတ်တပ် ဆင်လျှင် နိုင်ငံတော်အလံသည် ရှေ့မှကြည့်သူ၏ လက်ဝဲဖက်၌ရှိရမည်။ |
1,352,359 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံရိုးကို အခြား နိုင်ငံအလံ၏ အလံရိုးပေါ်တွင်တင်ရမည်။ |
1,352,360 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံ၏ အပြာရင့်ခန်းသည် လက်ဝဲဖက်အထက် ဒေါင့်တွင်ရှိစေရမည်၊ |
1,352,361 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဍ) စီတန်းလှည့်လည်ပွဲများတွင် နိုင်ငံတော်အလံကိုင်အဖွဲ့ပါလျှင် ရှေ့ဆုံး၌လည်းကောင်း၊ နိုင်ငံတော် အလံကိုင်အဖွဲ့မပါပဲ နိုင်ငံတော်အလံများပါလျှင် ရှေ့ဆုံး၌လည်းကောင်း၊ နိုင်ငံတော် အလံကိုင်အဖွဲ့မပါပဲ နိုင်ငံတော်အလံတခုတည်းပါလျှင် ရှေ့ဆုံးအလယ်၌လည်းကောင်း၊ နိုင်ငံတော် အလံအပြင် အခြားအလံ များလည်းပါကာ၊ စုစုပေါင်းအရေအတွက်သည် (မ) ဖြစ်လျှင် ဗဟို၌လည်းကောင်း၊ စုစုပေါင်းအရေ အတွက်သည် (စုံ) ဖြစ်လျှင် အလံအားလုံး၏ အလယ်ဗဟိုနှစ်ခုအနက် လက်ျာဖက်နေရာ၌လည်းကောင်း နိုင်ငံတော်အလံကို လွှင့်ထူကိုင်ဆောင်ရမည်၊ |
1,352,362 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဎ) နိုင်ငံတော်အလံကို နေထွက်မှနေဝင်အထိသာ လွှင့်ထူထားရမည်။ |
1,352,363 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | သို့ရာတွင် နေ့ကြီးရက်ကြီးများ နှင့်အခမ်းအနားကြီးများတွင် ညအချိန်၌လည်း လွှင့်ထူထားနိုင်သည်၊ |
1,352,364 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဏ) နိုင်ငံတော်အလံကို လွှင့်တင်ရာတွင် တိုင်ထိပ်သို့အရောက် ခပ်သွက်သွက်ဆွဲတင်ရမည်။ |
1,352,365 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော် အလံကိုချသောအခါတွင်မူ ဖြေးညှင်းစွာချရမည်၊ |
1,352,366 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (တ) နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်တင်ရာတွင် ရှေးဦးစွာတိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့်ခန့်ထားပြီးမှတိုင်ဝက် လျှော့ချရမည်။ |
1,352,367 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | နိုင်ငံတော်အလံကို ပြန်သိမ်းသောအခါတွင် လည်းတခါတည်းလျှော့မချရ။ |
1,352,368 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ရှေးဦးစွာတိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့်ထားပြီး မှလျှော့ချရမည်၊ |
1,352,369 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ထ) ပုဂ္ဂိုလ်တဦးဦးကို နိုင်ငံတော်အခမ်းအနား၊ သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်သည့်အခါ နိုင်ငံတော်အလံဖြင့် ရုပ်ကလာပ်ကိုဖုံးအုပ်ခွင့်ရှိသည်။ |
1,352,370 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ထိုသို့အသုံးပြုရာတွင် အပြာရင့်ခန်းသည် ရုပ်ကလာပ်၏ခေါင်းရင်း လက်ဝဲဖက်၌ရှိစေရမည်၊ |
1,352,371 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဒ) နိုင်ငံခြား တိုင်းပြည်များမှ မြန်မာနိုင်ငံတော်အစိုးရ၏ ဧည့်သည်အဖြစ် လာရောက်သော နိုင်ငံတော် အကြီးအကဲ၊ သို့မဟုတ် အစိုးရအဖွဲ့ ခေါင်းဆောင်ကို ကြိုဆိုရာတွင် လုပ်သားပြည်သူများသည် နိုင်ငံတော်အလံအသေးများကို ဝှေ့ရမ်း၍ ကြိုဆိုနိုင်သည်၊ |
1,352,372 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၅။ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအတွက် နိုင်ငံတော်အလံ အသုံးပြုခြင်းကို သီးခြား စည်းမျဉ်းဥပဒေများဖြင့် သတ်မှတ်နိုင်သည်။ |
1,352,373 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခန်း ၄ နိုင်ငံတော်အလံကိုအလေးပြုခြင်း |
1,352,374 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၆။ အခမ်းအနားများ၌ အလေးပြုရန်သတ်မှတ်ထားသည့် နိုင်ငံတော်အလံအရှေ့မှ အဖွဲ့အစည်းအလိုက် တန်းစီချီတက်လာလျှင် နိုင်ငံတော်အလံကို အလေးပြုရမည်။ |
1,352,375 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၇။ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုသောအခါ သီချင်းအစမှအဆုံးအထိ နိုင်ငံတော် အလံကို မျက်နှာမူပြီး အလေးပြုရန် ငြိမ်သက်စွာ မတ်တပ်ရပ်ရမည်။ |
1,352,376 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | တပ်ဖွဲ့ဝင်များကမူ မိမိတို့ထုံးစံ အတိုင်းအလေးပြုရမည်။ |
1,352,377 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခန်း ၅ တားမြစ်ချက်နှင့် ပြစ်ဒဏ် |
1,352,378 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၈။ နိုင်ငံတော်အလံ လွှင့်ထူကိုင်ဆောင်အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် တားမြစ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်- |
1,352,379 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (က) နိုင်ငံတော်အလံ၏ အထက်၌ဖြစ်စေ၊ အောက်၌ဖြစ်စေ မည်သည့်အလံကိုမျှ တည့်တည့်လွှင့်ထူခြင်း မပြုရ၊ |
1,352,380 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ခ) နိုင်ငံတော်အစိုးရ၏ အခွင့်အမိန့်မရပဲ နိုင်ငံတော်အလံကို တိုင်ဝက်မလွှင့်ထူရ၊ |
1,352,381 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဂ) နိုင်ငံတော်အလံကို အလံရိုးထိပ်အောက်စိုက်၍ မကိုင်ဆောင်ရ။ |
1,352,382 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အစဉ်အမြဲခပ်မတ်မတ်ထား၍ ဝင့်ကြွားစွာကိုင်ဆောင်ရမည်၊ |
1,352,383 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဃ) နိုင်ငံတော်အလံကိုနှိမ့်၍ အလေးမပြုရ၊ |
1,352,384 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (င) နိုင်ငံတော်အလံကို ကျောက်ရုပ်၊ ကျောက်တိုင်၊ ရုပ်ထုအစရှိသော အထိမ်းအမှတ်ဖွင့်ပွဲများ၌ လွှင့်ထူ နိုင်သည်။ |
1,352,385 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | သို့သော် နိုင်ငံတော်အလံနှင့် ဖုံးအုပ်မထားရ၊ |
1,352,386 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (စ) ပုဂ္ဂိုလ်တဦးဦးကို နိုင်ငံတော်အခမ်းအနား၊ သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော်အလံကို သင်္ဂြိုဟ်ခြင်းမပြုရ၊ နိုင်ငံတော်အလံနှင့် သင်းချိုင်းမြေမထိရ၊ |
1,352,387 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဆ) နိုင်ငံတော်အလံကို အတင်အချ ပြုရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော်အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့်မထိစေရ၊ |
1,352,388 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဇ) နိုင်ငံတော်အလံကို ပစ္စည်းတစုံတရာ ထုပ်ပိုးချည်နှောင်ရန်အတွက် မည်သည့်နေရာ၊ မည်သည့်အခါ တွင်မျှမသုံးရ၊ |
1,352,389 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဈ) နိုင်ငံတော်အလံကို နဖူးစည်းအဖြစ်ဖြင့် မည်သည့်နေရာ၊ မည်သည့်အခါတွင်မျှ အသုံးမပြုရ၊ |
1,352,390 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ည) နိုင်ငံတော်အလံကို လွှင့်တင်ရာတွင် ချည်နှောင်ထုံးဖွဲ့၍ တင်ပြီးမှ ဖြေချခြင်းမပြုရ၊ |
1,352,391 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဋ) နိုင်ငံတော်အလံကို အခင်းအဖြစ်လည်းကောင်း၊ အလှအပတန်ဆာဆင်ယင်ပြသမှု အဖြစ် လည်းကောင်း၊ ဝတ်စားဆင်ယင်မှုအဖြစ်လည်းကောင်း မည်သည့်အခါမျှ မပြုရ၊ |
1,352,392 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဌ) နိုင်ငံတော်အလံများကို အချင်းချင်း မည်သည့်အခါမျှ ကြက်ခြေခတ်၍ တပ်ဆင်အသုံးမပြုရ၊ |
1,352,393 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဍ) နိုင်ငံတော်အလံကို အသုံးပြုရန်ခွင့်ပြုထားသည့်နေရာများမှအပ အခြားနေရာများတွင် အသုံးမပြုရ၊ |
1,352,394 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | (ဎ) နိုင်ငံတော်အလံကို မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရ၊ ဟောင်းနွမ်းစုတ်ပြတ်၍ အသုံးမပြုနိုင်လျှင် မီးရှို့ပစ်ရမည်။ |
1,352,395 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၉။ မည်သူမဆို ဤနည်းဥပဒေပါပြဋ္ဌာန်းချက်တခုခုကို ဆန့်ကျင်လျှင်ထိုသူသည် ခြောက်လထက်မများ သောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေးခြင်းခံရမည်။ |
1,352,396 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | အခန်း ၆ အထွေထွေ |
1,352,397 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၁၀။ နိုင်ငံတော်အလံဥပဒေနှင့် ဤနည်းဥပဒေများပါပြဋ္ဌာန်းချက်များကိုထမြောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရန်အလို့ငှာ ပြည်သူ့လွှတ်တော်က လုပ်ပိုင်ခွင့်လွှဲအပ်ထားသော အဖွဲ့အစည်းသည် ယင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သောအမိန့်၊ သို့မဟုတ် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။ |
1,352,398 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ | ၁၁။ ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။ |
1,352,399 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ | ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် |
1,352,400 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ | နိုင်ငံတော်အလံဥပဒေ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.