id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,401
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
[၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁။
1,352,402
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အောက်ဖေါ်ပြပါဥပဒေကိုထုတ်ပြန်ကြေညာသည်။
1,352,403
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
နိဒါန်း ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံကိုယင်း၏ ဂုဏ်ကျက်သရေနှင့် အညီထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စည်းကမ်းတကျအသုံးပြုနိုင်ကြစေရန် ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
1,352,404
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း ၁ အမည်၊ စတင်အာဏာတည်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်
1,352,405
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၁။ (က) ဤဥပဒေကို နိုင်ငံတော်အလံဥပဒေ ဟုခေါ်တွင်စေရမည်၊
1,352,406
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) ဤဥပဒေသည်နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
1,352,407
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၂။ ဤဥပဒေ၌နိုင်ငံတော်အလံ ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ ၁၉၀ အရပြဋ္ဌာန်းသတ်မှတ်ထားသော အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုးတို့ပါဝင်သည့်အလံကိုဆိုသည်။
1,352,408
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ထို့အပြင်အဆိုပါစကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆိုပြုလုပ်သည့်၊ သို့မဟုတ်မည်သည့်အရာဝတ္ထု ပေါ်တွင်မဆိုဖော်ပြသည့်မည်သူမဆို သာမန်ကြည့်ရုံဖြင့်သိသာယုံကြည်လောက်အောင် နိုင်ငံတော်အလံ သဘောသက်ရောက်သော အလံတခုလုံးဖြစ်စေ၊ အစိတ်အပိုင်းဖြစ်စေပါဝင်သည်။
1,352,409
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း ၂ နိုင်ငံတော်အလံလွှင့်ထူခြင်း
1,352,410
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၃။ နိုင်ငံတော်အလံကိုပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတဝန်းလုံးရှိ အစိုးရအဆောက်အဦများ၊ နိုင်ငံအသီးသီးရှိမြန်မာနိုင်ငံသံရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် အောက်ပါနေ့ကြီးရက်ကြီးများ၌ လွှင့်ထူရမည်-
1,352,411
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်)၊
1,352,412
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)၊
1,352,413
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) တောင်သူလယ်သမားနေ့ (မတ်လ ၂ ရက်)၊
1,352,414
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဃ) တော်လှန်ရေးနေ့ (မတ်လ ၂၇ ရက်)၊
1,352,415
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(င) အလုပ်သမားနေ့ (မေလ ၁ ရက်)၊
1,352,416
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(စ) အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်)၊
1,352,417
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဆ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာကြေညာသည့်နေ့ရက်များ။
1,352,418
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အာဇာနည်နေ့တွင်နိုင်ငံတော်အလံကို တိုင်ဝက်သာလွှင့်ထူရမည်။
1,352,419
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၄။ ပုဒ်မ ၃ တွင်ဖော်ပြထားသည့်နေ့ကြီးရက်ကြီးများနှင့် နိုင်ငံတော်ကောင်စီက ကြေညာသည့်နေ့ရက်များ၌ နေအိမ်အဆောက်အဦများတွင်လည်းကောင်း၊ ဥပစာများတွင်လည်းကောင်း နိုင်ငံတော်အလံကို လွှင့်ထူနိုင်သည်။
1,352,420
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း ၃ တားမြစ်ချက်နှင့်ပြစ်ဒဏ်
1,352,421
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၅။ မည်သူမဆိုနိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါတို့ကိုမပြုလုပ်ရ_
1,352,422
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(က) ခင်းကျင်းဆင်ယင်ပြသရန်အလို့ငှာ နိုင်ငံတော်အလံပေါ်တွင်မည်သည့်စာလုံး၊ ဂဏန်း၊ ရုပ်ပုံစသောအမှတ် အသားတို့ကိုမဆို ရေးသားချယ်လှယ်ပြုလုပ်ထားရှိခြင်း၊ သို့မဟုတ်ထားရှိစေခြင်း၊
1,352,423
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ခ) နိုင်ငံတော်အလံပေါ်တွင်စာလုံး၊ ဂဏန်း၊ ရုပ်ပုံစသောအမှတ်အသားတခုခုကိုပုံနှိပ်၍ အများမြင်သာအောင်ပြသထားခြင်း၊ သို့မဟုတ်ပြသထားစေခြင်း၊
1,352,424
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဂ) စာလုံး၊ ဂဏန်း၊ ရုပ်ပုံစသောအမှတ်အသားတခုခုကို နိုင်ငံတော်အလံနှင့်ပူးတွဲဆက်စပ်တွယ်ကပ်၍ အများမြင်သာအောင်ပြသထားခြင်း၊ သို့မဟုတ်ပြသထားစေခြင်း၊
1,352,425
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ဃ) ကြော်ငြာရန်၊ မွမ်းမံချယ်လှယ်ရန်၊ ကုန်ပစ္စည်းအမှတ်အသားပြုရန်၊ သို့မဟုတ်ကုန်ပစ္စည်းတခု နှင့်တခုကွဲပြားခြားနားစေရန်၊ နိုင်ငံတော်အလံ၏ပုံသဏ္ဌာန်ကိုပုံနှိပ်၊ ဆေးခြယ်ပူးတွဲထားရှိသည့် ကုန်ပစ္စည်းတခုခုကိုဖြစ်စေ၊ ကုန်ပစ္စည်းတခုခုကိုထားသိုရာစည်၊ သေတ္တာစသည်များကိုဖြစ်စေ၊ ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရန် အသုံးပြုသည့်အရာဝတ္ထုတခုခုကိုဖြစ်စေ ပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ အများမြင်သာအောင် ခင်းကျင်းဆင်ယင်ပြသထားခြင်း၊ လက်ဝယ်ထားရှိခြင်း၊
1,352,426
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(င) နိုင်ငံတော်အလံကိုဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ အဆင်းသဏ္ဌာန်ပျက်ပြားအောင်ပြုခြင်း၊ ဂုဏ်ကျက်သရေပျက်ပြားအောင် တမင်သက်သက်ပြုခြင်း၊ မလေးမစားပြုခြင်း။
1,352,427
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၆။ ဤဥပဒေပါပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤဥပဒေအရပြုသည့်နည်းဥပဒေများပါ ပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ ကျူးလွန်သူသည် ခြောက်လထက်မများသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေအပြစ်ပေးခြင်းခံရမည်။
1,352,428
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အခန်း ၄ အထွေထွေ
1,352,429
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၇။ ပြည်သူ့လွှတ်တော်သည်နိုင်ငံတော်အလံလွှင့်ထူအသုံးပြုနိုင်သည့် အဆောက်အဦများ၊ နေရာဌာနများနှင့် လွှင့်ထူအသုံးပြုရာတွင်လိုက်နာရမည့် အချက်များကိုလည်းကောင်း၊ နိုင်ငံတော်အလံလွှင့်ထူ ကိုင်ဆောင်အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တားမြစ်ချက်များကိုလည်းကောင်း၊ နိုင်ငံတော်အလံနှင့် စပ်လျဉ်းသည့် အခြားကိစ္စအရပ်ရပ်များကိုလည်းကောင်း နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။
1,352,430
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
၈။ ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။
1,352,431
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
(ပုံ) နေဝင်း၊
1,352,432
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။
1,352,433
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
အမိန့်အရ၊ ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊
1,352,434
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊
1,352,435
မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
နိုင်ငံတော်ကောင်စီရုံး။
1,352,436
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
နိဒါန်း ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် လူ့ဘောင်ကို တည်ဆောက်လျက်ရှိပေသည်။
1,352,437
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
ယင်းသို့ တည်ဆောက်နိုင်ရန် အလို့ငှါ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် လိုအပ်သော စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးဆိုင်ရာ အတတ် ပညာရှင်များ၊ ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်နိုင်ရန်နှင့် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေး ပညာရပ် ဆိုင်ရာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် တော်လှန်ရေးကောင်စီသည်၊ အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
1,352,438
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
အခန်း ၁ အမည်၊ အာဏာတည်သည့် နေ့ရက်နှင့် အဓိပ္ပါယ်ဖေါ်ပြချက်
1,352,439
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(က) ဤဥပဒေကို ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေး ဥပဒေဟု ခေါ်တွင်စေရမည်။
1,352,440
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ခ) ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တဝန်းလုံးတွင် ချက်ခြင်းအာဏာတည်စေရမည်။
1,352,441
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
ဤဥပဒေတွင် စကားရပ်များသည်၊ အောက်ပါအတိုင်း အဓိပ္ပါယ်သက်ဝင်စေရမည်-
1,352,442
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(က) “ဤဥပဒေ” ဆိုသည်မှာ၊ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေး ပညာရေး ဥပဒေကိုဆိုသည်။
1,352,443
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ခ) “စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရပ်များ” ဆိုသည်မှာ၊ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန်အတွက် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာ ဦးစီး ဌာနက ကြီးကြပ်ကွပ်ကဲသည့် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာသင်ကျောင်း/သိပ္ပံအသီးသီးမှ သင်ပြ လေ့ကျင့်ပေးသော မည်သည့်အသက်မွေးဝမ်းကျောင်း ပညာရပ်ကိုမဆို ဆိုသည်။
1,352,444
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဂ) “စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာသင်ကျောင်း/သိပ္ပံ” ဆိုသည်မှာ၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေး ပညာ ဦးစီးဌာနက ကြီးကြပ်ကွပ်ကဲသော အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ပြလေ့ကျင့် ပေးသည့်ကျောင်း၊ သို့မဟုတ် သိပ္ပံကို ဆိုသည်။
1,352,445
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဃ) “ကောင်စီ” ဆိုသည်မှာ၊ ပုဒ်မ ၄ အရ ဖွဲ့စည်းသည့် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေးကောင်စီ ကို ဆိုသည်။
1,352,446
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
အခန်း ၂ ရည်မှန်းချက်များ
1,352,447
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့်အသက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်စေ ရမည်-
1,352,448
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(က) စက်မှုလုပ်ငန်းများ တည်ထောင်ရာတွင် လိုအပ်မည့် အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများ ကို ပြုစုပျိုးထောင်ပေးရန်၊
1,352,449
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ခ) စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယင်းလုပ်ငန်းများတွင် ခေတ်မီ နည်းစနစ်များကို ကျယ်ပြန့်စွာ အသုံးချလာစေရန် လိုအပ်မည့် အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူ များကို ပြုစုပျိုးထောင်ပေးရန်၊
1,352,450
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်ကိုက်ညီသည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို လိုအပ်သလို တိုးချဲ့သင်ကြားပေးရန်၊
1,352,451
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဃ) အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရာတွင် ဆိုရှယ်လစ်အသိစိတ်ဓါတ် နှင့်ခံယူချက်များပါ ပြည့်ဝစေရန် အစီအစဉ်များချမှတ်၍ ဆောင်ရွက်ပေးရန်။
1,352,452
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
အခန်း ၃ ဖွဲ့စည်းပုံ
1,352,453
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရာတွင် တိကျစွာညွှန်ကြားပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနသည်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေး ပညာရေးကောင်စီတရပ်ကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းပေးရမည်။
1,352,454
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်စေရမည် -
1,352,455
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(က) ပညာရေးဝန်ကြီး ဥက္ကဋ္ဌ(ခ) ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ(ဂ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်သောလူထုလူတန်းစား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် သုံးဦး အဖွဲ့ဝင်(ဃ) ညွှန်ကြားရေးမှူးချုပ်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန အဖွဲ့ဝင်(င) ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန အဖွဲ့ဝင်(စ) ညွှန်ကြားရေးမှူးချုပ်၊ အထက်တန်းပညာဦးစီးဌာန အဖွဲ့ဝင်(ဆ) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ အဖွဲ့ဝင်(ဇ) ပါမောက္ခချုပ်၊ ရန်ကုန်စက်မှုတက္ကသိုလ် အဖွဲ့ဝင်(ဈ) ပါမောက္ခချုပ်၊ စိုက်ပျိုးရေးတက္ကသိုလ် အဖွဲ့ဝင်(ည) လယ်ယာနှင့် သစ်တောဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(ဋ) သတ္တုတွင်းဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(ဌ) စက်မှု ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(ဍ) အလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(ဎ) ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(ဏ) ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(တ) ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်(ထ) အစိုးရခန့်ပုဂ္ဂိုလ်များ အဖွဲ့ဝင်(ဒ) ညွှန်ကြားရေးမှူး၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန အတွင်းရေးမှူး(ဓ) ဒုတိယညွှန်ကြားရေးမှူး(စက်မှု၊လက်မှု)၊ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာဦးစီးဌာန တွဲဖက်အတွင်းရေးမှူး(န) ဒုတိယညွှန်ကြားရေးမှူး (စိုက်ပျိုး)၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန တွဲဖက်အတွင်းရေးမှူး
1,352,456
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီတွင် ပါဝင်ကြသော ရာထူးအရ မဟုတ်သည့် အဖွဲ့ဝင်များ၏ သက်တမ်းသည် သုံးနှစ်ဖြစ်စေရမည်။
1,352,457
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
အခန်း ၄ ကောင်စီ၏ လုပ်ငန်းတာဝန်များ
1,352,458
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်စေရမည်-
1,352,459
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(က) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံအသီးသီးရှိ သင်တန်းများသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ စီးပွါးရေးစီမံကိန်းနှင့် စပ်ဟပ်မှုရှိစေရန်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ် လူ့ဘောင်တည်ဆောက်ထိန်းသိမ်းမှုအတွက် သင့်တော်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လည်း လိုအပ်သလို တိုးချဲ့သင်ပြရန်လည်းကောင်း၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနအား လမ်းညွှန်မှုများ ချမှတ်ပေးခြင်း။
1,352,460
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ခ) လိုအပ်သော စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံများ တိုးချဲ့ဖွင့်လှစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း။
1,352,461
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဂ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံအသီးသီးရှိ သင်တန်းများ၊ ယင်းသင်တန်းများ အတွက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ ကျောင်းသုံးစာအုပ်များနှင့် သင်ကြားရမည့်အချိန်ကာလ များကို လိုအပ်သည့် အဆင့်အတန်းရှိစေရန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစနစ်များနှင့် ကိုက်ညီအောင်စိစစ်၍ အတည်ပြုပေးခြင်း။
1,352,462
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဃ) အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကို ဆက်လက် မသင်ကြားနိုင်သူများအား သင့်တော် မည့်အဆင့်တွင်၊ သင့်တော်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ပြရေးအတွက် ပညာရေး ဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း။
1,352,463
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(င) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံတို့အတွက် ဆရာများပြုစုပျိုးထောင်ရာတွင် လိုအပ်သော သင်တန်းများ ဖွင့်လှစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း။
1,352,464
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(စ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်း/သိပ္ပံတို့အတွက် ပညာရေးကော်မီတီများ၊ ကျောင်း၊ သို့မဟုတ် သိပ္ပံ စီမံခန့်ခွဲရေးအဖွဲ့များ၊ စာစစ်အဖွဲ့များ၊ သင်ရိုးညွှန်းတမ်းအဖွဲ့များ၊ ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းရေးကော်မီတီနှင့် အခြားအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းပေးခြင်း။
1,352,465
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဆ) အပိုဒ် (စ) အရ ဖွဲ့စည်းပေးသည့် ကော်မီတီနှင့် အဖွဲ့အသီးသီး၏ အဖွဲ့ဝင်ဦးရေနှင့် လုပ်ငန်း တာဝန်များကို သတ်မှတ်ပေးခြင်း။
1,352,466
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
အခန်း ၅ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး စီမံခန့်ခွဲမှု
1,352,467
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကို ပညာရေးဝန်ကြီးဌာနက ကြီးကြပ် ကွပ်ကဲရမည်။
1,352,468
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး၏ အဓိကရည်မှန်းချက်များ အောင်မြင်ထမြောက်စေရန်၊ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးကောင်စီနှင့် ယင်းကောင်စီက ဖွဲ့စည်းထားသော ကော်မီတီများ၊ အဖွဲ့များနှင့် ညှိနှိုင်း၍ လိုအပ်သလို ဆောင်ရွက်သွား ရမည်။
1,352,469
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာသင်ကျောင်းနှင့် သိပ္ပံအသီးသီးမှ အောင်လက်မှတ် ထုတ်ပေး ရေးအတွက် စာမေးပွဲများကို စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနက ကြီးကြပ်ကွပ်ကဲ၍ ဆောင်ရွက်သွားရမည်။
1,352,470
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
အခန်း ၆ ဘဏ္ဍာရေး
1,352,471
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(က) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ ယင်း၏ဝင်ငွေ ထွက်ငွေများနှင့် စပ်လျဉ်း၍ အခြားအစိုးရဌာနများနည်းတူ၊ ရ-သုံးခန့်မှန်းခြေ ငွေစာရင်းကို အစိုးရထံ တင်သွင်းရမည်။
1,352,472
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ခ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ ယင်း၏ ဝင်ငွေအားလုံးကို အစိုးရငွေစာရင်းသို့ ရငွေအဖြစ် ထည့်သွင်းရမည်။
1,352,473
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ်
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေး ဥပဒေ
(ဂ) စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသည်၊ ယင်း၏ အသုံးစရိတ်များကို အစိုးရက ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရမည်။
1,352,474
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
1,352,475
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
1,352,476
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၈၉)
1,352,477
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
၁၃၅၁ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်
1,352,478
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
(၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်)
1,352,479
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
၁။ ဤဥပဒေကို စကားရပ်များပြောင်းလဲ သတ်မှတ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
1,352,480
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
၂။ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေများပါ “Union of Burma” ဆိုသည့် စကားရပ်အစား “Union of Myanmar” ဆိုသည့် စကားရပ်ကို လည်းကောင်း၊ “Burma” သို့မဟုတ် “Burman” သို့မဟုတ် “Burmese” ဆိုသည့် စကားရပ်အစား “Myanmar” ဆိုသည့် စကားရပ်ကိုလည်းကောင်း ထည့်သွင်းရမည်။
1,352,481
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
၃။ (က) အင်္ဂလိပ်ဘာသာဖြင့် လက်ရှိရေးသား သုံးစွဲလျက်ရှိသည့် ပြည်နယ်၊ တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာတစ်ခုခု၏ အမည်အခေါ်အဝေါ်ကို လည်းကောင်း၊ မြစ်၊ ချောင်း၊ တော၊ တောင် သို့မဟုတ် ကျွန်း တစ်ခုခု၏ အမည်အခေါ်အဝေါ်ကို လည်းကောင်း၊ မြန်မာအသံထွက်နှင့် ကိုက်ညီအောင်အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားရန် လိုအပ်လျှင် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်၊
1,352,482
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
(ခ) ပုဒ်မခွဲ (က) အရ အစိုးရအဖွဲ့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ပါရှိသည့် အမည်တစ်ခုခု သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် ပါရှိနေလျှင် ယင်းအမည်ကို အဆိုပါအမိန့်ကြော်ငြာစာတွင် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားထားသည့်အတိုင်း ပြင်ဆင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
1,352,483
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
1,352,484
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နည်းဥပဒေများအမှတ် ၂/၈၉]
1,352,485
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၇ ရက်
1,352,486
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။
1,352,487
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
၁။ ဤနည်းဥပဒေများကို နိုင်ငံတော်အလံ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများဟု ခေါ်တွင် စေရမည်။
1,352,488
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
၂။ ''' နိုင်ငံတော်အလံနည်းဥပဒေများတွင် နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ဂ) ကို အောက်ပါနည်းဥပဒေခွဲ ဖြင့်အစားထိုးရမည်-
1,352,489
ပြင်ဆင်သည့် ဥပဒေများ, မြန်မာနိုင်ငံ၏ နည်းဥပဒေများ, နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
“(ဂ) နိုင်ငံတော်အလံကို အစိုးရအဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများ၊ အခမ်းအနားကျင်းပသည့်နေရာများတွင် အလုပ်လုပ်ရက်အားလုံး၌ လွှင့်ထူနိုင် သည်။
1,352,490
မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ
၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
၁။ ဤဥပဒေကို ၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေ ရမည်။
1,352,491
မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ
၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
၂။ ၁၉၉၃ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၃) ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအလိုက် စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
1,352,492
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
{{center|နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
1,352,493
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
1,352,494

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁/၉၇)၁၃၅၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်(၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)}}
1,352,495
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
၁။ (က) ဤဥပဒေကို ၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ'''ဟု ခေါ်တွင်စေရမည်။
1,352,496
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(ခ) ဤဥပဒေသည် ၁၃၅၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
1,352,497
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
၂။ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ကြေညာချက်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့တွင်ပါရှိသော အောက်ပါစကားရပ်များကို ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့် စကားရပ်များဖြင့် ဆီလျော်သလို အစားထိုးပြီးဖြစ်သည်ဟု မှတ်ယူရမည် -
1,352,498
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
တည်ဆဲစကားရပ် — အစားထိုးသည့်စကားရပ်
1,352,499
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(က) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
1,352,500
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်, မြန်မာဘာသာ, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ — နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ