id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,601 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဧကကနိပါတ်-ကုရုင်္ဂဝဂ် |
1,602 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ၉။ ကဏှဇာတ် |
1,603 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | တပါးသူတို့ မယူနိုင်သောဝန်ကို ကိုယ်တော်သာလျှင် ဆောင်နိုင်သောထုံးဟောင်း ဘုရားလောင်း နွား၏ အကြောင်း |
1,604 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယတော ယတော ဂရုံ ဓုရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဇာတ်ကို ဇေတဝန်ကျောင်း၌ နေတော်မူစဉ် ယမိုက် ပြာဋိဟာကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,605 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုယမိုက်ပြာဋိဟာသည် တာဝတိံသာ နတ်ပြည်မှ ဆင်းသက်တော်မူသော စကားနှင့် တကွ တေရသကနိပါတ် သရဘမိဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ယမိုက်ပြာဋိဟာကိုပြတော်မူ၍ နတ်ပြည်၌ သုံးလပတ်လုံးဝါဆို၍ မဟာပဝါရဏာနေ့၌ သင်္ကဿ မြို့တံခါး၌သက်၍ များစွာသော အခြံအရံဖြင့် ဇေတဝန် ကျောင်းတော်သို့ ဝင်တော်မူပြီးသည်ရှိသော် ရဟန်းတို့သည် တရားသဘင်၌ စည်းဝေး၍ ငါ့သျှင်တို့ ဘုရားတို့မည်သည်ကား အတုမရှိ ရွက်ဆောင်နိုင်၏။ |
1,606 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | မြတ်စွာဘုရားသည် ရွက်ဆောင်အပ်သောဝန်ကို တပါးသော ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိ၊ ဆရာခြောက်ယောက်တို့သည်သာလျှင် ယမိုက် ပြာဋိဟာကို ပြကုန်အံ့ဟု ဆိုကုန်၍ တခုသော ပြာဋိဟာကိုလည်း မပြနိုင်ကုန်၊ မြတ်စွာဘုရားသည်အံ့ဘွယ်ရှိစွ၊ အတုမရှိ ရွက်ဆောင်နိုင်၏ဟု ဘုရားကျေးဇူးကို ချီးမွှမ်းကုန်လျက်နေကုန်၏။ |
1,607 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ |
1,608 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | အရှင်ဘုရား တပါးသောစကားဖြင့် မစည်းဝေးပါကုန်၊ ဤသဘောရှိသော အရှင်ဘုရားတို့၏ ကျေးဇူးစကားဖြင့်သာလျှင် စည်းဝေးပါကုန်၏ဟု လျှောက်ကုန်၏။ |
1,609 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ ဘုရားသည် ရွက်ဆောင်အပ်သောဝန်ကို အဘယ်သူသည် ရွက်ဆောင်နိုင်လတ္တံ့နည်း၊ ရှေး၌ တိရစ္ဆာန် အမျိုး၌ ဖြစ်လျက်လည်း ငါသည် မိမိနှင့် ထပ်တူ ရွက်ဆောင်နိုင်သော တစုံတယောက်သောသူကို မရစဘူးဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။ |
1,610 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် နွားအမျိုး၌ဖြစ်၏။ |
1,611 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုအခါ ဘုရားလောင်းကို အရှင်တို့သည် နွားငယ်ဖြစ်စဉ်ကာလ၌လျှင် တယောက်သော သက်ကြီးမ၏ အိမ်၌နေ၍ ထိုသက်ကြီးမအား အိမ်၌နေရသော အခတည်းဟု ပိုင်းခြား၍ ပေးကုန်၏။ |
1,612 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုသက်ကြီးမသည် ထိုနွားငယ်ကို ယာဂုထမင်း အစရှိသည်တို့ဖြင့် လုပ်ကျွေးလျက် သားအရာ၌ ထား၍မွေး၏။ |
1,613 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုနွားသည် အယျိကကာဠကဟူ၍ သာလျှင် အမည်တွင်၏။ |
1,614 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | အရွယ်သို့ ရောက်သည် ရှိသော်လည်း မျက်စဉ်းညို အဆင်းရှိသည်ဖြစ်၍ ရွာ၌ နွားတို့နှင့်တကွ ကျက်စား၏။ |
1,615 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | သီလအကျင့်နှင့် ပြည့်စုံ၏။ |
1,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ရွာသူသားငယ်တို့သည် ချိုတို့၌၎င်း နားတို့၌၎င်းကိုင်၍ တွဲလျားဆွဲကုန်၏။ |
1,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | အမြီး၌ကိုင်၍ ကစားကုန်၏။ |
1,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ကျောက်ကုန်း၌လည်း စီးကုန်၏။ |
1,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုဘုရားလောင်းနွားသည် တနေ့သ၌ အမိသည် ဆင်းရဲ၏။ |
1,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ငါ့ကို သားအရာ၌ထား၍ ဆင်းရဲသဖြင့် မွေး၏။ |
1,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ငါသည် အခစားပြု၍ အမိကိုဆင်းရဲမှ လွတ်စေရမူကား ကောင်း၏ဟု ကြံ၍ ထိုဘုရားလောင်းသည် ထိုနေ့မှစ၍ အခကိုစုံစမ်းလျက်သွား၏။ |
1,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | တနေ့သ၌ တယောက်သောလှည်းကုန်သည့်သားသည် လှည်းငါးရာတို့ဖြင့် မညီညွတ်သောဆိတ်သို့ ရောက်လေ၏။ |
1,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုလှည်းကုန်သည်၏ နွားတို့သည် လှည်းတို့ကို တက်စေအံ့သောငှါ မတတ်နိုင်ကုန်၊ ငါးရာကုန်သောလှည်းတို့၌ ထမ်းပိုးအဆင့်ဆင့်ဖြင့် ကအပ်ကုန်သော နွားတို့သည် တစီးသောလှည်းကိုလည်း ထုတ်အံ့သောငှါ မတတ်နိုင်ကုန်၊ ဘုရားလောင်းသည်လည်း နွားတို့နှင့်တကွ ဆိပ်၏အနီး၌ သွား၏။ |
1,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | လှည်းကုန်သည့်သားလည်း နွားတို့၏ လက္ခဏာကိုပြသောကျမ်းကို တတ်၏။ |
1,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | လှည်းကုန်သည့်သားသည် ထိုနွားတို့၏ အတွင်း၌ ဤလှည်းတို့ကို ထုတ်ခြင်းငှါ စွမ်းနိုင်သော နွားဥသဘအာဇာနည်ကို စုံစမ်းသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ဤအာဇာနည် နွားသည် ငါ၏လှည်းကို ထုတ်ခြင်းငှါ စွမ်းနိုင်လတ္တံ့၊ အဘယ်သူ သည်လျှင် ထိုနွား၏ အရှင်နည်းဟု နွားကျောင်းသားတို့ကို မေး၏။ |
1,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | မေးပြီး၍ ငါသည် နွားကို လှည်းတို့၌ က၍ လှည်းတို့ကို ထုတ်ပြီးသည်ရှိသော် အခကိုပေးအံ့ဟု ဆို၏။ |
1,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုနွားကျောင်းသားတို့သည် ယူ၍ ကလော၊ ဤျနွား၏ အရှင်သည် ဤအရပ်၌ မရှိဟု ဆိုကုန်၏။ |
1,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | လှည်းကုန်သည့် သားသည် နွားကို နှာခေါင်းကြိုးငယ်ဖြင့်ဖွဲ့၍ ငင်သည်ရှိသော် လှုပ်စိမ့်သောငှါလည်း မတတ်နိုင်၊ ဘုရားလောင်းသည် အခကိုဆိုမှ လိုက်ဦးအံ့ဟု နှလုံးသွင်း၍ မလိုက်သတတ်၊ လှည်းကုန်သည်သားသည် ဘုရားလောင်း၏ အလိုကိုသိ၍ အရှင်သင်သည် လှည်းငါးရာတို့ကို ထုတ်အပ်ကုန်သည်ရှိသော် တခုသောလှည်း၏ နှစ်သပြာတို့ကိုအခပြု၍ တထောင်ကိုပေးအံ့ဟု ဆို၏။ |
1,629 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုအခါ ဘုရားလောင်းသည် မိမိအလိုလိုသာလျှင် သွား၏။ |
1,630 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုအခါ ထိုနွားကို ယောက်ျားတို့သည် လှည်းတို့၌ ကကုန်၏။ |
1,631 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ထိုအခါ လှည်းတို့ကို တဟုန်တည်းဖြင့်သာလျှင် ငင်၍ ကြည်း၌ တည်စေ၏။ |
1,632 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဤသို့သောနည်းဖြင့် လှည်းငါးရာတို့ကို တင်၏။ |
1,633 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | လှည်းကုန်သည့်သားသည် တစီးတစီးသောလှည်း၏ တသပြာ တသပြာကိုပြု၍ ငါးရာကုန်သော ဥစ္စာတို့ကိုထုပ်၍ ဘုရားလောင်း၏ လည်၌ ဖွဲ့၏။ |
1,634 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဘုရားလောင်းသည် ငါ့အား ဤသူသည် ပိုင်းခြားတိုင်းသော အခကိုမပေး၊ ယခု ထိုသူအား သွားစိမ့်သောငှာ မပေးအံ့ဟုသွား၍ အလုံးစုံသောလှည်း၏ရှေ့မှ ခရီးကိုမြစ်၍ ရပ်၏။ |
1,635 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဖဲစိမ့်သောငှါ လုံ့ လပြုကုန်သော်လည်း ဘုရားလောင်းကို ဖဲစိမ့်ငှါ မတတ်နိုင်ကုန်၊ လှည်းကုန်သည့်သားသည် ဤနွားသည် မိမိအခ၏ ယုတ်သည်၏အဖြစ်ကို သိယောင်တကားဟု တခုသောလှည်း၌ နှစ်သပြာ နှစ်သာတို့ကိုပြု၍ တထောင်ထုပ်ကိုဖွဲ့၍ ဤဥစ္စာထုပ်သည် သင်၏ လှည်းကိုထုတ်သော အခတည်းဟု လည်၌ဆွဲ၏။ |
1,636 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဘုရားလောင်းသည် တထောင်သော ဥစ္စာကိုယူ၍ အမိ၏အထံသို့သွား၏။ |
1,637 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ရွာသူသားငယ်တို့သည် အဘယ်မည်သော ဤအထုပ်ကို အယျိကကာဠက၏လည်၌ ဆွဲသနည်းဟု ဘုရားလောင်း၏အထံသို့ လာကုန်၏။ |
1,638 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဘုရားလောင်းသည် သူငယ်တို့ကို ချောက်လိုက်၍ အဝေးမှလျှင် ပြေးစေလျက် အမိအထံသို့သွား၏။ |
1,639 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | လှည်းငါးရာတို့ကို ထုတ်အပ်သည်၏အဖြစ်ကြောင့် နီသောမျက်စိတို့ဖြင့် ပင်ပန်းခြင်းသည် ထင်၏။ |
1,640 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | အဖွားမသည် ဘုရားလောင်း၏ လည်၌ ဥစ္စာတထောင်ထုပ်ကိုမြင်၍ ချစ်သား ဤဥစ္စာကို သင်သည် အဘယ်မှာ ရသနည်းဟု မေးပြီးလျှင် နွားကျောင်းသားတို့ကိုလည်း မေး၍ ထိုအကြောင်းကို ကြား၍ ချစ်သား သင်သည် ရအပ်သော အခဖြင့် ငါ့အသက်ကို မွေးလိုသလော၊ အဘယ့်ကြောင့် ဤသို့ သဘောရှိသော ဆင်းရဲကို ခံဘိသနည်းဟုဆို၍ ဘုရားလောင်းကို ရေနွေးဖြင့် ရေချိုး၍ ကိုယ်အလုံးကို ဆီဖြင့်လိမ်း၍ ရေကို သောက်စေ၍ လျောက်ပတ်သော ဘောဇဉ်ကိုကျွေး၍ အသက်၏အဆုံး၌ ဘုရားလောင်းနှင့်တကွ ကံအားလျော်စွာ လား၏။ |
1,641 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် အတုမဲ့ဖြစ်အောင် ဆောင်ရွက်နိုင်သည်မဟုတ်သေး၊ ရှေး၌လည်း အတုမဲ့ဖြစ်အောင် ဆောင်ရွက်နိုင်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်၍ ဘုရားဖြစ်တော်မူ၍- |
1,642 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ၂၉။ ယတော ယတော ဂရုံ ဓုရံ၊ ယတော ဂမ္ဘီရဝတ္တနီ။ |
1,643 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | တဒါဿု ကဏှံ ယုဉ္ဇန္တိ၊ သွဿု တံ ဝဟတေ ဓုရံ။ |
1,644 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ၂၉။ ယတော ယတော၊ အကြင်အကြင်အရပ်၌။ |
1,645 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဂရုံ ဓုရံ၊ လေးသောဝန်သည်။ |
1,646 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဟောတိ၊ ဖြစ်အံ့။ |
1,647 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ယတော၊ အကြင်အရပ်၌။ |
1,648 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဂမ္ဘီရဝတ္တနီ၊ နက်သောခရီးသည်။ |
1,649 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | တဒါ၊ ထိုအခါ၌။ |
1,650 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ကဏှံ၊ ကဏှကို။ |
1,651 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ယုဉ္ဇန္တိ၊ ကကုန်၏။ |
1,652 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | သော၊ ထိုကဏှသည်။ |
1,653 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | တံ ဓုရံ၊ ထိုလေးသော ဝန်ကို။ |
1,654 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဝဟတေ၊ ရွက်ဆောင်၏။ |
1,655 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုအခါ ကဏှသည်သာလျှင် ထိုဝန်ကို ရွက်ဆောင်၏ဟု ပြတော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ သက်ကြီးမ ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အယျိကကာဠကမည်သောနွား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,656 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၁ | မွေးကျေးဇူးသိ၊ မြတ်ဗောဓိ၊ ကျင့်သည့်ပမာ လိုက်ကြပါ ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏှဇာတ်သည် ပြီး၏။ |
1,657 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒသကနိပါတ် ၂။ |
1,658 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကဏှဇာတ် အကျင့်ကောင်းခြင်းသည် အဆင်းလှပခြင်းပင်မည်ခြင်း |
1,659 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကဏှော ဝတာယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဇာတ်ကို ကပ္ပိလဝတ်ပြည်ကို အမှီပြု၍ နိဂြောဓာရုံ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပြုံးတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,660 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ညချမ်းအချိန်ဝယ် နိဂြောဓာရုံကျောင်းတော်၌ ရဟန်းသံဃာ ခြံရံလျက် စင်္ကြံသွားတော်မူလတ်သည် ရှိသော် မထင်ရှားသော အရပ်၌ ပြုံးခြင်းကို ပြုံးတော်မူသတတ်။ |
1,661 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အရှင်အာနန္ဒာမထေရ်သည် သဗ္ဗညူမြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းကား အဘယ်သို့နည်း၊ သဗ္ဗညူမြတ်စွာဘုရားရှင်ကို မေးလျှောက်အံ့ဟု လက်အုပ်ချီ၍ ပြုံးတော်မူခြင်း၏ အကြောင်းကို မေးလျှောက်၏။ |
1,662 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုအခါ အရှင်အာနန္ဒာမထေရ်အား သဗ္ဗညူမြတ်စွာဘုရားသည် ဖြစ်ဖူးသောဇာတ်ကို ဟောတော်မူ၏။ |
1,663 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အာနန္ဒာ ကဏှမည်သော ရသေ့သည် ဖြစ်ဖူး၏။ |
1,664 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုရသေ့သည် ဤအရပ်၌ ဈာန်ဖြင့် မွေ့လျော်သည်ဖြစ်၍ နေ၏။ |
1,665 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုရသေ့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် တုန်လှုပ်၏ဟု ပြုံးခြင်း၏အကြောင်းကို မိန့်တော်မူ၍ ထိုဝတ္ထုသည် မထင်ရှားသည်၏အဖြစ်ကြောင့် ထင်ရှားဖြစ်စိမ့်သောငှာ အရှင်အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,666 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာ ဏသီပြည်၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သားမရှိသော တစ်ယောက်သော ပုဏ္ဏားသည် သီလကို ဆောက်တည်၍ သားဆုတောင်းသည် ရှိသော် ဘုရားလောင်းသည် ထိုပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၏။ |
1,667 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကဏှ သတို့သား |
1,668 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မည်းသော အဆင်းရှိသည်၏ အဖြစ်ကြောင့် ဘုရားလောင်းအား အမည်မှည့်သောနေ့၌ ကဏှသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ |
1,669 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုကဏှသတို့သားသည် တစ်ဆယ့်ခြောက်နှစ်ရှိသော ကာလ မြဆင်းတုကဲ့သို့ တင့်တယ်ခြင်း ရှိ၏။ |
1,670 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အဖသည် အတတ်ကို သင်စိမ့်သောငှာ စေလွှတ်အပ်သည်ဖြစ်၍ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်ပြီး၍ ပြန်လည်၏။ |
1,671 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အလှူကြီးပေး၍ |
1,672 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုအခါ ကဏှသတို့သားကို အဖသည် လျောက်ပတ်သော မယားနှင့်ယှဉ်စေ၏။ |
1,673 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုကဏှသတို့သားသည် မိဘတို့၏ လွန်သောကာလ၌ ခပ်သိမ်းသော ဥစ္စာစည်းစိမ်ကို စီရင်၏။ |
1,674 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တစ်နေ့သ၌ ရတနာကျီကျတို့ကို ကြည့်၍ ပလ္လင်၏ အလယ်၌ နေ၍ ရွှေပေကို ဆောင်ခဲ့စေ၏။ |
1,675 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဤမျှသောဥစ္စာတို့ကို ဤအမည်ရှိသောသူသည် ဖြစ်စေအပ်၏။ |
1,676 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဤသို့ ရှေး၌ဖြစ်ကုန်သော အမျိုးတို့သည် ရွှေပေ၌ ရေးအပ်ကုန်သော အက္ခရာတို့ကို ကြည့်၍ အကြင်သူတို့သည် ဤဥစ္စာကို ဖြစ်စေအပ်၏။ |
1,677 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုသူတို့သည် မထင်ကုန်၊ ဥစ္စာသည်သာလျှင် ထင်၏။ |
1,678 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဤဥစ္စာကို ယူ၍ သွားသော တစ်ယောက်သောသူ မည်သည်လည်း မရှိ။ |
1,679 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဥစ္စာထုပ်ကို တမလွန်သို့ ယူအံ့သောငှာ တစ်စုံတစ်ယောက်သောသူသည် မစွမ်းနိုင်၊ မင်း ခိုးသူ, မီး, ရေ မချစ်သောသူ ရန်သူမျိုး ငါးပါးတို့၏ ဆက်ဆံသည်၏အဖြစ်ကြောင့် အနှစ်မရှိသောဥစ္စာ၏ အနှစ်ကား အလှူပေးခြင်းလျှင်တည်း။ |
1,680 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | များစွာသော ရောဂါတို့နှင့် ဆက်ဆံသည်၏အဖြစ်ကြောင့် အနှစ်မရှိသော ကိုယ်၏ အနှစ်သည်ကား သီလရှိကုန်သောသူတို့၌ ရှိခိုးခြင်းအစရှိသော အဖြစ်လျှင်တည်း၊ အနိစ္စတာသည် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် အနှစ်မရှိသော အသက်၏ အနှစ်သည်ကား အနိစ္စ အစရှိသည်တို့၏ အစွမ်းအားဖြင့် ဝိပဿနာ စီးဖြန်းခြင်းလျှင်တည်း၊ ထို့ကြောင့် ငါသည် အနှစ်မရှိကုန်သော ဥစ္စာတို့မှ အနှစ်ကို ယူအံ့သောငှာ အလှူကို ပေးအံ့ ဟု ကြံ၏။ |
1,681 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကြံပြီးလျှင် ထိုကဏှမည်သော ဘုရားလောင်းသည် နေရာမှထ၍ မင်း၏ အထံသို့သွား၍ မင်းကိုပန်၍ အလှူကြီးပေးခြင်းကို ဖြစ်စေ၏။ |
1,682 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ရသေ့ဝတ်ပြီ |
1,683 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ခုနစ်ရက်တိုင်အောင် ဥစ္စာတို့၏ မကုန်ခြင်းတို့ကို မြင်၍ ဥစ္စာဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ အိုခြင်းတရားသည် ငါ့ကို မနှိပ်စက်မီ ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လားအံ့ ဟုကြံ၍ အိမ်၌ ခပ်သိမ်းသော တံခါးတို့ကိုဖွင့်စေ၍ ငါ လှူအပ်သည်သာလျှင်ဖြစ်၏။ |
1,684 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဆောင်ယူစေကုန်သတည်း ဟု ဆို၍ မစင်ကိုစက်ဆုပ်သကဲ့သို့ ဝတ္ထုကာမတို့ကိုပယ်၍ လူများငိုကြွေးစဉ် မြို့မှထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် မိမိနေရာ အကျိုးငှာ နှလုံးမွေ့လျင်ဖွယ်ရှိသော မြေအဖို့ကိုကြည့်လျက် ဤအရပ်သို့ရောက်၍ ဤအရပ်၌ နေ့အံ့ဟု တစ်ခုသော ဣန္ဒဝါရုဏီမည်သော သစ်ပင်ကို ဆွမ်းခံပြု၍ အဓိဋ္ဌာန်၍ ထိုသစ်ပင်ရင်း၌လျှင် နေ၏။ |
1,685 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ရွာနီးကျောင်းကိုပယ်၍ အာရညကင် ဆောက်တည်၏။ |
1,686 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သစ်ရွက်မိုးသောကျောင်းကို မပြုမူ၍ ရုက္ခမူ ဆောက်တည်၏။ |
1,687 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အဗ္ဘောကာသိကကို ဆောက် တည်၏။ |
1,688 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | နိုသဇ်ဓုတင်ကို ဆောက်တည်၏။ |
1,689 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အကယ်၍ အိပ်ငြားအံ့၊ မြေ၌သာလျှင်အိပ်၏။ |
1,690 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သွားဟူသော ကျည်ပွေ့ရှိသည်ဖြစ်၍ မီးဖြင့်မချက်သော အာဟာရတို့ကိုလျှင် စား၏။ |
1,691 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သလေး မုယော အစရှိသော တစ်စုံတစ်ခုသော အာဟာရကိုမစား။ |
1,692 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တစ်နေ့၌ တစ်ကြိမ်သာလျှင်စား၏။ |
1,693 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဧကာသနိက် ဆောက်တည်၏။ |
1,694 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မြေဝယ်ပြန့်သောအရောင်၌ အရိပ်ကဲ့သို့ အသက်အပိုင်းအခြား ရှိသည်ဖြစ်၍ ထိုမျှလောက်ကုန်သော ထိုဓုတင်တို့ကို ဆောက်တည်၍နေ၏။ |
1,695 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | အကျင့်ပြင်းထန် |
1,696 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဤကဏှဇာတ်၌ ဘုရားလောင်းသည် အလွန် အလိုနည်း သတတ်။ |
1,697 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုဘုရားလောင်းသည် မကြာမြင့်မီလျှင်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ထိုအရပ်၌လျှင်နေ၏။ |
1,698 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သစ်သီးကြီးငယ်ငှာလည်း တစ်ပါးအရပ်သို့ မသွား။ |
1,699 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သစ်ပင်၏ အသီးသီးသောကာလ၌ သစ်သီးကိုစား၏။ |
1,700 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပွင့်သောကာလ၌ အပွင့်ကိုစား၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.