id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,701
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အရွက်ဖြစ်သော ကာလ၌ အရွက်ကိုစား၏။
1,702
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အရွက်မရှိသော ကာလ၌ အပွေးကိုစား၏။
1,703
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဤသို့ မြတ်သော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ဤအရပ်၌ ကြာမြင့်စွာ နေ၏။
1,704
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ထိုဘုရားလောင်းသည် တစ်နေ့သ၌ နံနက်အခါ သစ်ပင်၏ မှည့်သောအသီးတို့ကို ယူ၏။
1,705
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ယူသော်လည်း လောဘ၏ အစွမ်းအားဖြင့် ကျက်စားခြင်းမရှိသဖြင့် ထ၍ တစ်ပါးသောအရပ်၌မယူ၊ ထိုင်မြဲတိုင်းလျှင် လက်ကိုဖြန့်၍ လက်ဖြန့်ရာအရပ်၌ တည်ကုန်သော အသီးတို့ကို ယူ၏။
1,706
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ထိုလက်လှမ်းမီသော အသီးတို့တွင်လည်း နှစ်သက်ဖွယ်ရှိသော အသီးတို့ကို မရွေးမူ၍ ရတိုင်းရတိုင်းသော အသီးကိုသာလျှင် ယူ၏။
1,707
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သိကြားမင်းလာပြီး
1,708
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဤသို့ အလွန်မြတ်သော ရောင့်ရဲခြင်းရှိသော ထိုဘုရားလောင်း၏ သီလတန်ခိုးအားဖြင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကိုပြ၏။
1,709
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ပဏ္ဍု ကမ္ဗလာသည် သိကြားမင်း၏ အသက်ကုန်သဖြင့်လည်း ပူသည်ဖြစ်သတတ်။
1,710
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကောင်းမှုကုန်သဖြင့်လည်းပူသည် ဖြစ်သတတ်။
1,711
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တစ်ပါးသော အာနုဘော်ကြီးသောသူသည် ထိုသိကြားအရာကို တောင့်တသဖြင့်လည်း ပူသည်ဖြစ်သတတ်။
1,712
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တရားစောင့်ကုန်သော ကြီးသောတန်ခိုးရှိသော ရဟန်းပုဏ္ဏားတို့၏ သီလတန်ခိုးအားဖြင့်လည်းကောင်း၊ ဒါနတန်ခိုးအားဖြင့် လည်းကောင်း ပူသည် ဖြစ်သတတ်။
1,713
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် နေရာမှ ရွေ့စေလိုသနည်း ဟု ဆင်ခြင်၍ ဤအရပ်၌ သစ်သီးတို့ကို ဆွတ်ယူလျက်နေသော ကဏှရသေ့ကို မြင်၍ ဤရသေ့သည် ပြင်းထန်သော အကျင့်ရှိ၏။
1,714
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကောင်းစွာ ထားအပ်သော ဣန္ဒြေရှိ၏။
1,715
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဤရသေ့ကို တရားဟောစေသဖြင့် မြတ်သော အသံကိုဖြစ်စေ၍ ချမ်းသာခြင်း၏ အကြောင်းကို ကြားစေ၍ ဆုပေးသဖြင့် နှစ်သက်စေ၍ ဤသစ်ပင်ကို အမြဲသီးသော အသီးရှိသည်ကိုပြု၍ လာအံ့ ဟု ကြံ၏။
1,716
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အမည်းအနက်ကို မကြည်ညို
1,717
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကြံပြီး၍ ထိုသိကြားမင်းသည် ကြီးစွာသော အာနုဘော်ဖြင့် လျင်မြန်စွာ ဆင်းသက်၍ ထိုသစ် ပင်ရင်းဝယ် ကဏှရသေ့၏ နောက်အဖို့၌ ရပ်၍ မိမိကျေးဇူးမဲ့ကို ဆိုသည်ရှိသော် အမျက်ထွက်လတ္တံ့လော၊ မထွက်လတ္တံ့လော ဟု စုံစမ်းလိုရကား-
1,718
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၁။ ကဏှော ဝတာယံ ပုရိသော၊ ကဏှံ ဘုဉ္ဇတိ ဘောဇနံ။
1,719
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှေ ဘူမိပဒေသသ္မိံ၊ န မယှံ မနသော ပိယော။
1,720
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဝတ၊ စင်စစ်။
1,721
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှော၊ မည်းသော အဆင်းရှိသော။
1,722
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အယံ ပုရိသော၊ ဤယောက်ျားသည်။
1,723
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှေ၊ မည်းနက်သော။
1,724
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဘူမိပဒေသသ္မိံ၊ မြေအရပ် ၌။
1,725
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှံ၊ မည်းနက်သော အဆင်းရှိသော။
1,726
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဘောဇနံ၊ သစ်သီးအစာကို။
1,727
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဘုဉ္ဇတိ၊ စား၏။
1,728
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
မယှံ၊ ငါ၏။
1,729
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
မနသော၊ စိတ်သည်။
1,730
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
န ပိယော၊ မချစ်။
1,731
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တရားဟောပြီ
1,732
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှရသေ့သည် သိကြားမင်း၏ စကားကိုကြား၍ အဘယ်သူသည်လျှင် ငါနှင့်တကွ ပြောဆိုသနည်းဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်လတ်သော် သိကြားဟုသိ၍ ပြန်၍ မကြည့်မူ၍လျှင်-
1,733
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၂။ န ကဏှော တစသာ ဟောတိ၊ အန္တော သာရော ဟိ ဗြာဟ္မဏော။
1,734
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ယသ္မိံ ပါပါနိ ကမ္မာနိ၊ သဝေ ကဏှော သုဇမ္ပတိ။
1,735
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။
1,736
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၂။ သုဇမ္ပတိ၊ သုဇာနတ်သမီး၏လင်။
1,737
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တစသာ၊ အဆင်းအရေဖြင့်။
1,738
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှော၊ မည်းနက်ခြင်းသည်။
1,739
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
န ကဏှော၊ မည်းနက်ခြင်း မမည်။
1,740
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဟိ သစ္စံ၊ မှန်၏။
1,741
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အန္တော သာရော၊ အတွင်း၌ သီလ သမာဓိ အစရှိသော အနှစ်တို့နှင့် ပြည့်စုံ သော သူသည်။
1,742
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဗြာဟ္မဏော၊ ဗြာဟ္မဏမည်သည်။
1,743
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ယသ္မိံ၊ အကြင်သူ၌။
1,744
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ပါပါနိ ကမ္မာနိ၊ မကောင်းမှုကံတို့သည်။
1,745
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကဏှော၊ မည်းနက်၏။
1,746
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဤသို့ဆိုပြီး၍ သတ္တဝါတို့၏ မည်းသောအဖြစ်ကို ပြုတတ်ကုန်သော ကံတို့ကို ဧကဝိဓ အစရှိကုန်သော ကံအပြားတို့ဖြင့် အကျယ်ချဲ့၍ သီလအစရှိကုန်သော ကျေးဇူးတို့ကို ချီးမွမ်း၍ ကောင်းကင်၌ လကိုထင်စေသကဲ့သို့ သိကြားအား တရားတော၏။
1,747
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သိကြားမင်းဆုပေး
1,748
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သိကြားမင်းသည် ဘုရားလောင်း၏ တရားစကားကို နာာရ၍ နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ ဘုရားလောင်းကို ဆုဖြင့် ဖိတ်လိုရကား-
1,749
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၃။ ဧတသ္မိံ တေ သုလပိတေ၊ ပတိရူပေ သုဘာသိတေ။
1,750
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဝရံ ဗြဟ္မဏ တေ ဒမ္မိ၊ ယံကိဉ္စိ မနသိစ္ဆသိ။
1,751
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။
1,752
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၃။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရသေ့။
1,753
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တေ၊ ရှင်ရသေ့သည်။
1,754
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဧတသ္မိံ၊ ထိုစကားကို။
1,755
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သုလပိတေ၊ ကောင်းစွာ မိန့်ဆိုအပ်သည်ရှိသော်။
1,756
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ပတိရူပေ၊ လျောက်ပတ်သော စကားကို။
1,757
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သုဘာသိတေ၊ ကောင်းဆိုအပ်သည်ရှိသော်။
1,758
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ယံကိဉ္စိ၊ အမှတ်မရှိသော ဆုကို။
1,759
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
မနသာ၊ စိတ်ဖြင့်။
1,760
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဣစ္ဆသိ၊ အလိုရှိ၏။
1,761
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တံဝရံ၊ ထိုဆုကို။
1,762
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
တေ၊ သင့်အား။
1,763
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဒမ္မိ၊ ပေးအံ့။
1,764
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ယူလိုသောဆု ၄-ပါး
1,765
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဘုရားလောင်းသည် ထိုစကားကိုကြား၍ သိကြားမင်းသည် မိမိကျေးဇူးမဲ့ကို ဆိုသည်ရှိသော် အမျက်ထွက်လတ္တံ့လော၊ မထွက်လတ္တံ့လောဟု စုံစမ်းလျက် ငါ၏ အရေအဆင်းကို လည်းကောင်း, အစာကိုလည်းကောင်း, နေရာကိုလည်းကောင်း ကဲ့ရဲ၍ ယခု ငါ၏ အမျက်မထွက်သော အဖြစ်ကိုသိ၍ ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ဆုကိုပေး၏။
1,766
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဤသိကြားမင်းသည်ကို သိကြားစည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့၏ အကျိုးငှာ မြတ်သော အကျင့်ကို ကျင့်၏ဟူ၍လည်း ထင်မှတ်ရာ၏။
1,767
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ထိုသို့ ထင်မှတ်ရာ၌ သိကြားမင်းအား ယုံမှားကင်းစေခြင်းငှာ အမျက်ထွက်ခြင်း ပြစ်မှားခြင်းတို့သည် ငါ့အား မဖြစ်စေကုန်သတည်း၊ သူ့စည်းစိမ်၌ တပ်စွန်းခြင်းသည်လည်း ငါ့အား မဖြစ်စေသတည်း၊ သူတစ်ပါးတို့၌ ချစ်ခြင်းသည်လည်း ငါ့အား မဖြစ်စေသတည်း၊ လျစ်လျူ ရှု၍သာလျှင် ငါသည် နေနိုင်လို၏ဟု ဤလေးပါးကုန်သော ဆုတို့ကို ငါသည် ယူခြင်းငှာ သင့်၏ ဟု ကြံပြီး၍ ထိုဘုရားလောင်းသည် သိကြားမင်းအား ယုံမှားကင်းစေခြင်း အကျိုးငှာ လေးပါးကုန် ဆုတို့ကို ယူလို၍-
1,768
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၄။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
1,769
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သုနိက္ကောဓံ သုနိဒ္ဒေါသံ၊ နိလ္လောဘံ ဝုတ္တိမတ္တနော။
1,770
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
နိသ္နေဟမဘိကင်္ခါမိ၊ ဧတေ မေ စတုရော ရေ။
1,771
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၄။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို။
1,772
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဣဿရ၊ အစိုးရသော။
1,773
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သက္က၊ သိကြားမင်း။
1,774
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
မေ၊ ငါ့အား။
1,775
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဝရံ၊ ဆုကို။
1,776
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
စေ အဒေါ၊ အကယ်၍ ပေးအံ့။
1,777
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သုနိက္ကောဓဉ္စ၊ အလွန် အမျက်ထွက်ခြင်း မရှိသော အဖြစ်ကိုလည်းကောင်း။
1,778
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သုနိဒ္ဒေါသဉ္စ၊ အလွန်ပြစ်မှားခြင်း မရှိသောအဖြစ်ကိုလည်းကောင်း။
1,779
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
နိလ္လောဘဉ္စ၊ လောဘမရှိသော အဖြစ်ကိုလည်းကောင်း။
1,780
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
နိသ္နေဟဉ္စ၊ ချစ်ခြင်းမရှိသော အဖြစ်ကိုလည်းကောင်း။
1,781
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အတ္တနော၊ မိမိ၏။
1,782
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဧဝရူပံ၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော သဘောရှိသော။
1,783
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဝုတ္တိံ၊ ဖြစ်ခြင်းကို။
1,784
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အဘိကင်္ခါမိ၊ အလိုရှိ၏။
1,785
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
စတုရော၊ လေးပါးကုန်သော။
1,786
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဧတေ ဝရေ၊ ထိုဆုတို့ကို။
1,787
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဒေဟိ၊ ပေးလော့။
1,788
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
လောဘ, ဒေါသတိုအပြစ် ဘာလဲ
1,789
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဤသို့ ဘုရားလောင်းသည် အကြင် အခြင်းဖြင့် သိကြားမင်း၏ အထံ၌ဆုကိုယူ၍ ပေးသဖြင့် အမျက်ထွက်ခြင်း အစရှိသည်တို့ကို ပယ်ခြင်းငှာ မတတ်ကောင်းဟူ၍ မသိလောဟူမူကား မသိသည်မဟုတ်၊ သိသည်သာလျှင် ဖြစ်၏။
1,790
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
သိငြားသော်လည်း သိကြားမင်းသည် ဆုပေးသည်ရှိသော် ဆုကိုမယူဟု ဆိုခြင်းသည် မလျောက် ပတ်၊ ထို့ကြောင့် သိကြားမင်းသည် ယုံမှားကင်းစေခြင်း အကျိုးငှာ ထိုအခြင်းဖြင့် ဆုကိုယူ၏။
1,791
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ထို့နောင်မှ သိကြားမင်းသည်လည်း ကဏှာပညာရှိသည် ဆုကိုယူသည်ရှိသော် အလွန်လျှင် အပြစ်ကင်းကုန်သော ဆုကိုယူ၏။
1,792
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ထိုဆုတို့၌ ကျေးဇူးအပြစ်ကို ကဏှပညာရှိကိုလျှင် မေးအံ့ ဟု ကြံ၏။
1,793
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကြံပြီး၍ ထိုအခါ ကဏှပညာရှိကို မေးလိုသော သိကြားမင်းသည် -
1,794
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၅။ ကိံ နု ကောဓေ ဝါ ဒေါသေ ဝါ၊လောဘေ သ္နေဟေ စ ဗြဟ္မဏ။
1,795
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
အာဒီနဝံ တွံ ပဿသိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။
1,796
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
1,797
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
၁၅။ ဗြာဟ္မဏ၊ မကောင်းမှုတို့ကို အပပြုပြီးသော ရှင်ရသေ့။
1,798
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ကောဓေ ဝါ၊ အမျက် ထွက်ခြင်း၌ လည်းကောင်း။
1,799
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
ဒေါသေ ဝါ၊ ပြစ်မှားခြင်း၌ လည်းကောင်း။
1,800
ဇာတ်နိပါတ်, မြန်မာဘာသာ
ကဏှဇာတ် -၂
လောဘေ စ၊ တပ်စွန်းခြင်း၌လည်းကောင်း။