id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
16,901 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဧတ္ထ၊ ဤအရပ်၌။ |
16,902 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ယာဝတာ၊ အကြင်မျှလောက်။ |
16,903 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | သမာဂတာ၊ အညီအညွတ် စည်းဝေးလာရောက်ကြကုန်၏။ |
16,904 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တတ္တကာနံ၊ ထိုမျှလောက်ကုန်သော။ |
16,905 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (ဤငရဲကျ ငါးဖြစ်သော ကပိလရဟန်းကဲ့သို့ ပျက်စီးခြင်းသို့ မရောက်ကြစေကုန်လင့် ဟူလို။ |
16,906 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) ဥသီရတ္ထော၊ ပန်းရင်းမြက်ဖြင့် အလိုရှိသောသူသည်။ |
16,907 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဗီရဏံ၊ ပြိန်းမြက်ကို။ |
16,908 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ခဏတိဣဝ၊ တူးသကဲ့သို့။ |
16,909 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | တဏှာယ၊ ဆဒွါရိကတဏှာ၏။ |
16,910 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မူလံ၊ အမြစ်ကို။ |
16,911 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ခဏထ၊ တူးကြကုန်လော့။ |
16,912 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (ပေါက်တူးကြီးဖြင့် ပြိန်းမြက်ပင်ကို တူးသကဲ့သို့ အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏အမြစ်အရင်းကို တူးပစ်ရမည်ဟူလို။ |
16,913 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) သောတော၊ ပြင်းစွာသော အဟုန်ဖြင့်လာသော မြစ်ရေအလျဉ်သည်။ |
16,914 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | နဠံ၊ ကျူပင်ကို။ |
16,915 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ |
16,916 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မာရေ၊ မာရ်မင်းသည်။ |
16,917 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဝေါ-တုမှေ၊ သင်တို့ကို။ |
16,918 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ပုနပ္ပုနံ၊ အဖန်တလဲလဲ။ |
16,919 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။ |
16,920 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | (မြစ်ရေအလျဉ်၌ ပေါက်သော ကျူပင်ကို ကြီးသောအရှိန်ဖြင့်လာသော မြစ်ရေအလျဉ်သည် ဖျက်ဆီးသကဲ့သို့ ထိုကိလေသမာရ်, မရဏမာရ်, ဒေဝပုတ္တမာရ်သည် ချစ်သားတို့ကို ခဏခဏ မဖျက်ဆီးနိုင်အောင် ပြုကြရမည်ဟူလို။ |
16,921 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ) ဒေသနာတော်၏ အကျိုး |
16,922 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ဒေသနာတော်၏အဆုံး၌ ငါးရာလည်းဖြစ်ကုန်သော တံငါသားတို့သည် ထိတ်လန့်ခြင်းသို့ရောက်၍ ဆင်းရဲ၏အဆုံးကို ပြုခြင်းငှာ တောင့်တကုန်လျက် ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုပြီးလျှင် မကြာမြင့်မီသာလျှင် ဆင်းရဲ၏ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ မြတ်စွာဘုရားနှင့် အတူတကွ မတုန်မလှုပ်နေခြင်းရှိသော အာနေဉ္ဇဝိဟာရ သမာပတ်ဟူသော သုံးဆောင်ခြင်းအားဖြင့် တူသ... |
16,923 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထု | ကပိလငါးဝတ္ထုပြီး၏။ |
16,924 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း |
16,925 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၂၄-တဏှာဝဂ် |
16,926 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၁-ကပိလမစ္ဆဝတ္ထု |
16,927 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၃၃၄။ မနုဿဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါဝိယ။ |
16,928 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သော ပ္လဝတိ ဟုရာဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိံ ဝါနရော။ |
16,929 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၃၃၅။ ယံ ဧသာ သဟတိ ဇမ္မိ၊ တဏှာ လောကေ ဝိသတ္တိကာ။ |
16,930 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သောကာ တဿ ပဝဍ္ဎန္တိ၊ အဘိဝဋ္ဌံဝ ဗီရဏံ။ |
16,931 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၃၃၆။ ယော စေတံ သဟတေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။ |
16,932 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သောကာ တမှာ ပပတန္တိ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။ |
16,933 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ၃၃၇။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။ |
16,934 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာဂတနှင့် ကပိလညီနောင်, အမိ သာဓိနီ,ညီမ တာပနာ ပေါင်းလေးယောက် ရဟန်းပြုကြသည်။ |
16,935 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | အစ်ကိုကြီး သာဂတသည် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသွားသော်လည်း ညီငယ် ကပိလသည် ပိဋကတ်သုံးပုံကို သင်ကြားပို့ချ၍ အခြံအရံ လာဘ်လာဘ ပေါများလာသောအခါ မာန်မာနကြီးပြီးလျှင် လာဘ်လာဘကို ဦးစားပေးကာ သီလချစ်ခင်သော သူတို့ကို မထီမဲ့မြင်ပြုသဖြင့် မိခင်နှင့် ညီမတို့လည်း အလိုတူဖြစ်သောကြောင့် အဝီစိငရဲ၌ ကျသည်။ |
16,936 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဘုရားနှစ်ဆူအကြား၌ ငရဲ၌ ခံစား၍ ကပိလသည် အစိရဝတီမြစ်တွင်း၌ ရွှေအဆင်းရှိသော်လည်း ပါးစပ်ဖွင့်ဟသောအခါ အပုပ်နံ့ထွက်နေသော ငါးကြီးဖြစ်သည်။ |
16,937 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ယင်းကပိလငါးကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။ |
16,938 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ တံငါသည်သား ငါးရာတို့ သံဝေဂရ၍ ဘုရားရှင်ထံ ရဟန်းပြုကြပြီးလျှင် မကြာမီပင် ရဟန္တာဖြစ်သွားကြသည်။ |
16,939 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | အနက် ပမတ္တစာရိနော၊ မေ့မေ့လျော့လျော့နှင့် ကျင့်လေ့ရှိသော။ |
16,940 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မနုဇဿ၊ သတ္တဝါအားလုံးအား။ |
16,941 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မာလုဝါဝိယ၊ မာလောနွယ်ကဲ့သို့။ |
16,942 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | တဏှာ၊ တဏှာသည်။ |
16,943 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သော၊ ထိုတဏှာတိုးပွားသောသူသည်။ |
16,944 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဟုရာဟုရံ၊ တဘဝမှ တဘဝသို့။ |
16,945 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဥပ္လဝတိ၊ ပြေးသွား၏။ |
16,946 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဖလံ၊ သစ်သီးကို။ |
16,947 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဣစ္ဆံ-ဣစ္ဆန္တော၊ အလိုရှိလော။ |
16,948 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝါနရောဝ၊ မျောက်သည်။ |
16,949 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝနသ္မိံ၊ တောအတွင်း၌။ |
16,950 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဓာဝတိ ဣဝ၊ တပင်မှ တပင်သို့ ခုန်လွှားကူးသန်းသကဲ့သို့တည်း။ |
16,951 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဗီရဏံ၊ ပြိန်းမြက်သည်။ |
16,952 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | အဘိဝဋ္ဌံ၊ မိုးအကြိမ်ကြိမ်ရွာသည်ရှိသော်။ |
16,953 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝဍ္ဎတိ ဣဝ၊ ကြီးပွားသကဲ့သို့။ |
16,954 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဧဝံ၊ ဤအတူ။ |
16,955 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝိသတ္တိကာ၊ ရူပါရုံစသည်တို့၌ ကပ်ငြိတတ်သော။ |
16,956 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဇမ္မီ၊ ယုတ်မာသော။ |
16,957 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဧသာ တဏှာ၊ ဤတဏှာသည်။ |
16,958 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သဟတေ၊ ညှဉ်းဆဲ၏။ |
16,959 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | တဿ၊ ထိုတဏှာညှဉ်းဆဲခံရသူအား။ |
16,960 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သောကာ၊ စိုးရိမ်ကြောင့်ကြမှုတို့သည်။ |
16,961 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပဝဍ္ဎန္တိ၊ ကြီးပွားကုန်၏။ |
16,962 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ |
16,963 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဒုရစ္စယံ၊ စွန့်လွှတ်ရန်ခဲယဉ်းသဖြင့် လွန်မြောက်နိုင်ခဲသော။ |
16,964 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဇမ္မိံ၊ ယုတ်မာသော။ |
16,965 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဧတံ တဏှံ၊ ထိုတဏှာကို။ |
16,966 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဥဒဗိန္ဒု၊ ရေပေါက်သည်။ |
16,967 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပတတိ ဣဝ၊ လျောကျသကဲ့သို့။ |
16,968 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | တမှာ၊ ထိုတဏှာကို ညှဉ်းဆဲနိုင်သော ပုဂ္ဂိုလ်မှ။ |
16,969 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပပတန္တိ၊ လျောကျကုန်၏။ |
16,970 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | တံ၊ ထို့ကြောင့်။ |
16,971 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သမာဂတာ၊ စည်းဝေးလာကြသော။ |
16,972 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ယာဝန္တာ၊ အကြင်မျှလောက်သော သူတို့သည်။ |
16,973 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | တာဝန္တေ၊ ထိုမျှလောက်ကုန်သော။ |
16,974 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝေါ၊ သင်တို့ကို။ |
16,975 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | အဟံ၊ ငါဘုရားသည်။ |
16,976 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝဒါမိ၊ ဟောအံ့။ |
16,977 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဝေါ၊ သင်တို့အား။ |
16,978 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဥသိရတ္ထောဝ၊ ပန်းရင်းကို အလိုရှိသောသူသည်။ |
16,979 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဗီရဏံ၊ ပြိန်းမြက်ပင်ကို။ |
16,980 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ခဏတိ ဣဝ၊ တူးရသကဲ့သို့။ |
16,981 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | တဏှာယ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ၏။ |
16,982 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မူလံ၊ အမြစ်အရင်းကို။ |
16,983 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ခဏထ၊ တူးကြကုန်လော့။ |
16,984 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သောတော၊ ရေအလျဉ်သည်။ |
16,985 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | နဠံ၊ ကျူပင်ကို။ |
16,986 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ |
16,987 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မာရော၊ ကိလေသာမာရ်စသော မာရ်သုံးပါးသည်။ |
16,988 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပုနပ္ပုနံ၊ အဖန်တလဲလဲ။ |
16,989 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။ |
16,990 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | စကားပြေ မာလောနွယ်သည် သစ်ပင်ကို ရစ်ပတ်၍ ကြီးပွားသကဲ့သို့ မေ့မေ့လျော့လျော့နေသူကို တဏှာသည် တိုးပွား၏။ |
16,991 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | အသီးကို အလိုရှိသော မျောက်သည် တောအတွင်း၌ တပင်မှ တပင်သို့ ခုန်လွှားကူးသန်းသကဲ့သို့ တဏှာတိုးပွားနေသူသည် တဘဝမှ တဘဝသို့ ပြေးသွားနေရ၏။ |
16,992 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပြိန်းမြက်သည် မိုးအကြိမ်ကြိမ်ရွာသည်ရှိသော် ကြီးပွားသကဲ့သို့ လောက၌ ရူပါရုံစသောအာရုံတို့၌ ကပ်ငြိလျက် ယုတ်မာသော တဏှာကို ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွားကုန်၏။ |
16,993 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌ စွန့်လွှတ်ရန် ခဲယဉ်းသဖြင့် လွတ်မြောက်နိုင်သော ယုတ်မာသော တဏှာကို ညှဉ်းဆဲနိုင်သူအထံမှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျှောကျကုန်၏။ |
16,994 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ဤအရပ်၌ စည်းဝေးလာကြသော သင်တို့အား ငါဘုရားပြောအံ့။ |
16,995 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | သင်တို့အား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေ။ |
16,996 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ပန်းရင်းကို လိုသောသူသည် ပြိန်းမြက်ပင်ကို တူးဖြတ်သကဲ့သို့ တဏှာ၏ အရင်းအမြစ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် တူးလော့။ |
16,997 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | ရေအလျဉ်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်စသော မာရ်သည် သင်တို့ကို အဖန်ဖန် မဖျက်ဆီးစေလင့်။ |
16,998 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မေ့လျော့သူ— မေ့လျော့သော ပုဂ္ဂိုလ်အား ဈာန် ဝိပဿနာ မဂ်ဖိုလ်တို့သည် မတိုးတက်မကြီးပွားကုန်။ |
16,999 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မေ့လျော့သောပုဂ္ဂိုလ်အား မာလောနွယ်သည် သစ်ပင်ကို ရစ်ပတ်ပြီး ဖျက်ဆီးရန် ကြီးပွားသကဲ့သို့ ခြောက်ဒွါရ၌ ဖြစ်သော တဏှာသည် အဖန်ဖန် တိုးပွား၏။ |
17,000 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကပိလမစ္ဆဝတ္ထုဂါထာ | မျောက်နှင့် တဏှာတူပုံ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.