id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,501 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထင်ပေါ်ထိခိုက်လာသော ဣဋ္ဌမဇ္ဈတ္တာရုံကို အာရုံပြု၍ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာဝေဒနာ သည်ကား - စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, မနောဒွါရဟူသော ငါးဒွါရတို့၌ ဖြစ်၏။ |
18,502 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မျက်စိနှင့် ထိုထိုဝတ္ထုကို မြင်ဆဲအခါ၌ မျက်စိထဲမှာ တဖွားဖွား ဖြစ်ပေါ်၏။ |
18,503 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နားနှင့် ထိုထိုအသံကို ကြားဆဲအခါ၌ နားတွင်း၌ တစ်ဖွားဖွား ဖြစ်ပေါ်၏။ |
18,504 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နှာခေါင်းနှင့် ထိုထိုအနံ့ကို နံဆဲအခါ၌ နှာခေါင်းတွင်းမှာ တဖွားဖွား ဖြစ်ပေါ်၏။ |
18,505 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - လျှာနှင့် ထိုထိုရသာရုံကို သိသောအခါ လျှာပေါ်မှာ တစ်ဖွားဖွား ဖြစ်ပေါ်၏။ |
18,506 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - စိတ်နှင့် ထိုထိုအာရုံကို ကြံမိသောအခါ၌ နှလုံးသွေးအတွင်းမှာ တဖွားဖွား ဖြစ်ပေါ်၏။ |
18,507 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဥပေက္ခာဝေဒနာ၌လည်း တဖွားဖွားဖြစ်ပေါ်၏၊ “တဖွားဖွားဖြစ်ပေါ်၏” - ဟူသော စကားကို စိတ်နှလုံး၌ အမြဲအစွဲထား၍ မျက်စိအစရှိသော ငါးဒွါရ ငါးဌာနတို့၌ အလှည့်အလည်အားဖြင့် တဖွားဖွား ဖြစ်ပေါ်မှု၊ ရဲရဲငြိသော သံတွေခဲအပေါ်၌ တစ်ဖွားဖွားကျသော နှင်းပေါက်ငယ်တို့၏ ခဏချင်းခဏချင်း ကုန်ခန်း ကွယ်ပျောက် ခြင်းကဲ့သို့ ထို့အတူ ထိုထိုနေရာ၌ တဖွားဖွားဖြစ်... |
18,508 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥပေက္ခာဝေဒနာမည်သည် သုခဝေဒနာဒုက္ခဝေဒနာတို့ကဲ့သို့ ထင်ရှားလှသော ဝေဒနာ မဟုတ်၊ ခန္ဓာခွဲမှုမှာပင် ဉာဏ်၌ ဥပေက္ခာဝေဒနာကို မိမိရရ ထင်မြင်ခဲ၏၊ ဖြစ်မှုပျက်မှု တို့၌ကား သာ၍ထင်မြင်ခဲတော့သည်၊ ထိုကြောင့် ဥပေက္ခာဝေဒနာကို ရှုသော ပုဂ္ဂိုလ်သည် - |
18,509 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မျက်စိ၌ အမြင်ဓာတ် ပေါ်မှု ချုပ်မှု၊ - နား၌ အကြားဓာတ် ပေါ်မှု ချုပ်မှု၊ - နှာခေါင်း၌ အနံဓာတ် ပေါ်မှု ချုပ်မှု၊ - လျှာ၌ ရသဓာတ် ပေါ်မှု ချုပ်မှု၊ - မနော၌ ထိုထိုအာရုံကိုအကြံဓာတ်အသိဓာတ် ပေါ်မှုချုပ်မှု |
18,510 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တို့နှင့်ဖက်တွဲ၍ ဥပေက္ခာဝေဒနာက္ခန္ဓာကြီး ၏ ဖြစ်ပေါ်မှု ချုပ်မှု ပျက်မှုကို ထင်မြင် အောင်ရှုလေ၊ |
18,511 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥပေက္ခာဝေဒနာမည်သည် မထင်ရှားလှသော ဝေဒနာ ဖြစ်၍ ထိုထိုဝေဒနာကို ဉာဏ်နှင့် ဦးတိုက် ဖမ်းယူခြင်းငှါ မတတ်ကောင်း၊ မိဂပဒဝဠဉ္စန နည်းအားဖြင့်သာ ဖမ်းယူရာ၏ ဟု မိန့်ဆိုကြပေကုန်၏။ |
18,512 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မိဂပဒဝဠဉ္စန နည်းအားဖြင့်သာ ဖမ်းယူပုံကား - မျက်စိနှင့် တစ်စုံတစ်ခုသော ဝတ္ထုကို ကြည့်ရှု ထင်မြင်၍ နေဆဲအခါ၌ ကိုယ်အင်္ဂါမှာ လည်းကောင်း စိတ်နှလုံးမှာ လည်းကောင်း သုခဝေဒနာ ဒုက္ခဝေဒနာဖြစ်ပေါ်၍ လာသည်ဖြစ်၏၊ သုခ, ဒုက္ခ ဖြစ်ပေါ်ဆဲအခါ မျက်စိရှိ ဝေဒနာ ချုပ်ကွယ်ရာ၏၊ မျက်စိမှာ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်ဆဲအခါ ထိုသုခ, ဒုက္ခချုပ်ကွယ်ရာ၏၊ ဤကဲ့... |
18,513 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသို့ ဖြစ်ရာ၌ ကာယ, ဟဒယတို့၌ သုခ, ဒုက္ခဖြစ်ပေါ်မှုကား ထင်ရှား၏၊ အကြိမ်ကြိမ်ဖြစ်ပေါ် သော သုခ, ဒုက္ခတို့၏ အကြားအကြား ခဏတို့၌ မျက်စိမှာ ဥပေက္ခာဝေဒနာ၏ ဖြစ်ပေါ်မှု ချုပ်ကွယ်မှု သဘာဝမှုတို့ကို ဉာဏ်နှင့်ဆ၍ သိရာ၏၊ မျက်စိနှင့် ကြည့်မြင်၍နေဆဲမှာပင် ခြေဖဝါး၌ သုခ ဒုက္ခဝေဒနာ ဖြစ်ပေါ်မှု ထင်ရှားသိသာနိုင်လာခဲ့လျှင် မျက်စိရှိ ဥပေက္ခာ... |
18,514 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုထိုအသံကို ကြား၍ နေဆဲအခါ ထိုထိုအနံ့ကို နံ၍ နေဆဲအခါ ထိုထိုအရသာကို ခံစား၍နေဆဲအခါ ထိုထိုကိုယ်အင်္ဂါ၌ သုခဝေဒနာ ဒုက္ခဝေဒနာကြားချပ်၍ ဖြစ်ပေါ် လာရာတို့၌လည်း ထိုနည်းအတူ မှတ်လေ၊ |
18,515 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား မိဂပဒဝဠဉ္စနနည်း အားဖြင့် ဥပေက္ခာဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်ပုံ နည်းလမ်းကို ပြဆိုချက်တည်း၊ ဝေဒနာသုံးပါးတို့၌ ဥဒယဗ္ဗယဉာဏ် ဟူသော အနိစ္စဉာဏ် အလုပ်ဖွင့်ပုံနည်းလမ်း ကို ပြဆိုချက် အမြွက်စကား ပြီး၏။ |
18,516 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အစ၌ ထုတ်ပြခဲ့သော တဏှာသင်္ခယသုတ် အလုပ်ဖွင့်နည်း ဤတွင် ပြီး၏။ |
18,517 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာသုံးချက် ရေပွက်ပမာ |
18,518 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ဝေဒနာ ပုဗ္ဗုဠူပမာ” ဟူသော ဒေသနာတော်မြတ်၌ ရေပွက်ဥပမာကို ရှေးဦးစွာ ပြဆိုပေအံ့။ |
18,519 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရေတို့ဖြင့် ပြည့်သော အင်းအပြင်, အိုင်အပြင် ရေကန်အပြင်တို့၌ လေငြိမ်လျက်သာ ကြီးစွာသော မိုးပေါက်တို့ဖြင့် မိုးကြီး သည်းထန်စွာ ရွာသောအခါ အင်းအပြင် အိုင်အပြင်, ကန်အပြင်တို့မှာ ငွေကြယ်ပွင့်တွေ စီခြယ်၍ ထားဘိသကဲ့သို့ ဖွေးဖွေးဖြူသော ရေပွက်ကြီးငယ်တို့သည် အပြည့်ဖြစ်ပေကုန်၏၊ မိုးစဲသောအခါ၌ တစ်ခုမကျန် ကွယ်ပျောက်ကုန်၏၊ ရေအပြင်သာ ကျန်... |
18,520 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုရေပွက် ဖြစ်ပုံကား အဟုန်နှင့်တကွ ကျလာသော မိုးပေါက်ကြီးသည် အောက်ခံ ရေထဲသို့ စူးမြုပ်၍ သွားပြီးလျှင် ရေအချင်းချင်းဖြစ်၍ အောက်ရေနှင့်ရောမိကြ၏၊ မိုးပေါက်နှင့် အတူပါသော လေသည်ကား ရေထဲမှာ ကျန်ရှိလေ၏၊ လေမည်သည် အာကာသရှိမှ နေ၏၊ ရေမည်သည် ယိုစီးမှု ရှိ၏၊ အာကာသကို ဖျက်၏၊ ထိုလေသည် နေရာမရှိ၊ မိုးပေါက်ကျရာလမ်းသို့ မီးခိုးလျှောက် တက်... |
18,521 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စိတ်ပညာ မပြည့်ဝသော သူရူးသူနှမ်းတစ်ယောက်သည် ရှိလေရာ၏၊ ရေပွက်ကို ငွေကြယ်ပွင့် ထင်မှတ်၍ အလွန်သာယာ စွဲလမ်းမှု ရှိ၏၊ ရေပွက်ကို ကြည့်၍မြင်၍ ကိုင်တွယ်ထိပါး၍ နေရမှ နေနိုင်၏၊ ရေပွက်နှင့် ကင်းကွာလျှင် မနေတတ် မထိုင်တတ် စိတ်ငြီးငွေ့ ခြောက်ထပ် ပူပန်ခြင်း ဖြစ်၏၊ မိုးရွာသောအခါ အင်း, အိုင်, ရေကန်သို့ သွား၍ ရေပွက်တို့ကို ကြည့်ရှု၍ ကိုင... |
18,522 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်နေ့လုံး မိုးရွာ၍ တစ်နေ့လုံးမနေမနား စုဆောင်းသော်လည်း တစ်ပဲ တစ်ရွေးမျှ အသားမရ၊ လူသာ လွန်စွာ ပင်ပန်းရလေ၏၊ သူနှမ်းဖြစ်၍ယူကောင်း ရကောင်းသော အနှစ်အသားမရှိဟု မသိ၊ မိုးမရွာသောအခါ ရေရှိရာသို့သွား၍ ရေအချင်းချင်း လောင်း၍ စုဆောင်း မြင်ရရုံ အတန်ငယ်မျှ ကိုင်ရရုံသာ ရှိ၏၊ အသားတင်ကား မရ၊ မြင်ရလျက် အတန်ငယ် ထိရကိုင်ရလျက် ရှိသည့် အတွက်... |
18,523 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အကယ်၍ ရေပွက်သည် အနှစ်တစ်ရာတိုင် ခိုင်ခံသော အနှစ်သာရမျိုး ဖြစ်ခဲ့ငြားအံ့၊ မိုးကြီးရွာဆဲအခါ၌ တစ်ကြိမ်တစ်ခါ များစွာ စုဆောင်း ယူဆောင်၍ထားလိုက်လျှင် အနှစ်တစ်ရာ ပတ်လုံး ရေနှင့်စပ်သော ဒုက္ခမျိုးတို့မှ ငြိမ်းလေရာ၏၊ အနှစ်သာရမျိုး မဟုတ် ခဏချင်း ခဏချင်း ချုပ်ပျက်မျိုးဖြစ်သည့်အတွက် ထိုရေပွက်ကို တွယ်တာ စွဲလမ်းမိသော သူနှမ်းသည် ရေကို... |
18,524 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ရေပွက်ဥပမာတည်း။ |
18,525 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပုထုဇဉ်တို့၏ သူနှမ်းနှင့်တူပုံ |
18,526 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ နတ် ဗြဟ္မာ ပုထုဇ္ဇန်သတ္တဝါစုသည် ထိုသူနှမ်းနှင့်တူ၏၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ ချမ်းသာဟုဆိုအပ်သော ပီတိသောမနဿ သုခဝေဒနာစုသည် အနှစ်သာရ မရှိသော ထိုရေပွက် တွေနှင့် တူ၏၊ စက္ခုဒွါရခေါ်သောမျက်လုံး, သောတဒွါရ ခေါ်သော နား, ဃာနဒွါရ ခေါ်သော နှာခေါင်း, ဇိဝှါဒွါရခေါ်သောလျှာ, ကာယဒွါရ ခေါ်သော အတွင်းအပ တစ်ကိုယ်လုံး, မနာဒွါရခေါ်သော... |
18,527 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မျက်စိဥပစာ၌ရှိကြကုန်သော အဆင်းသဏ္ဌာန် ဟူသမျှတို့သည် မျက်စိအပြင်၌ တိုက်ဆိုက် ကျရောက်ကုန်၏။ |
18,528 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နားဥပစာ၌ဖြစ်လာကုန်သော အသံဟူသမျှတို့သည် နားအပြင်၌ တိုက်ဆိုက် ကျရောက်ကုန်၏။ |
18,529 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နှာခေါင်းဥပစာ၌ရှိကြကုန်သော အနံဟူသမျှတို့သည် နှာခေါင်းအပြင်၌ တိုက်ဆိုက် ကျရောက် ကုန်၏။ |
18,530 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - လျှာပေါ်၌ ရောက်လာကုန်သော အရသာဟူသမျှတို့သည် လျှာအပြင်၌ တိုက်ဆိုက် ကျရောက် ကုန်၏။ |
18,531 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ကိုယ်နှင့်ထိပါးကြသော ဖောဋ္ဌဗ္ဗာရုံဟူသမျှတို့သည် အတွင်း အပကိုယ်အင်္ဂါအပြင်၌ တိုက်ဆိုက် ကျရောက်ကုန်၏။ |
18,532 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - မိုက်ဂုဏ် လိမ္မာဂုဏ်အစရှိသော ဓမ္မာရုံဟူသမျှတို့သည် နှလုံးအပြင်၌ တိုက်ဆိုက် ကျရောက် ကုန်၏။ |
18,533 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရေပွက်တို့မည်သည် မိုးသီးမိုးပေါက် ထိမှန်၍ နေဆဲအခါ၌သာ အိုင်ပြင်၌ တဖွားဖွား ဖြစ်ပေါ်၍ နေကုန်၏၊ မိုးပေါက်ပြတ်စဲ သွားခဲ့လျှင် ရေပွက်တို့သည် တစ်ခု မကျန် ချုပ်ပျက်ကွယ်ပျောက် ကုန်၏၊ ထို့အတူ ထိုထိုအာရုံတို့သည် ထိုထိုဒွါရအပြင်၌ တိုက်ခိုက် ထိမှန်၍ နေဆဲအခါ၌သာလျှင် ထိုထိုဒွါရအပြင်မှာ ခံစားမှု၊ ခံစားမှုဟူသော ဝေဒနာတို့သည် တဖွားဖွားဖ... |
18,534 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သူနှမ်းသည် ရေပွက်အကုန် ကွယ်ပျောက်ပြန်လျှင် မနေတတ် မထိုင်တတ် ခြောက်ထပ် ငြီးငွေ့ ခြင်းသို့ ရောက်ပြန်သဖြင့် ရေရှိရာသို့ ကိုယ်တကြွကြွ ခေါင်းတမော့မော့ စိတ်တမော့မော့ ကြည့်မျှော် တသ ပူပန်ရသကဲ့သို့ ပုထုဇဉ်သတ္တဝါတို့သည် စိတ်ပျော်စရာအာရုံ ကင်းဆိတ်သဖြင့် ၆-ဒွါရမှာ သုခဝေဒနာ အကုန်ကင်းကွာပြန်လျှင် မနေတတ် မထိုင်တတ် ခြောက်ထပ်ငြီးငွေ့ခ... |
18,535 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရေပွက်၌ သာယာ တွယ်တာသော သူနှမ်းသည် ရေပွက်ကြီးကြီး မားမား များသည် ထက် များသည်ကိုသာ အလိုရှိ၏၊ မိုးမည်သည် မိုးအခါတွင် ရံဖန်ရံခါ၌သာ ရွာ၏၊ သူနှမ်းသည် ပူပန်မှု လှုံ့ဆော်ရာ ဘယ်အခါမဆို ရေပွက်ကိုရနိုင်ရန် ရေကန် ရေတွင်း, အိုင်, အင်း, အိုး, အင် ရေအများတို့ကို အမြဲထူထောင် ဝန်းရံ၍ထားသကဲ့သို့ သတ္တဝါတို့သည် လိုသောအခါ ဝေဒနာ ကိုရနိုင်ကြ... |
18,536 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “လူ, နတ်, ဗြဟ္မာ ချမ်းသာ စည်းစိမ်” - ဟူသော စကား၌ ၆-ဒွါရမှာ ဖြစ်ပွား သောဝေဒနာသည် လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာမည်၏၊ လူမိန်းမ, လူမိဖုရား, နတ်မိန်းမ, နတ်မိဖုရား, ဝတ်စားတန်ဆာ, ရွှေငွေရတနာ, အိမ်ရာ, ဝင်းခြံ ဘုံဗိမာန်အစရှိသော မိမိတို့ ဆိုင်ပိုင်ရာ သက်ရှိသက်မဲ့အလုံးစုံသည် စည်းစိမ်မည်၏၊ ရေသတ္တဝါ, ကုန်းသတ္တဝါ, ကောင်းကင်သတ္... |
18,537 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာ ချမ်းသာကိုငါထင်၍ သာယာမှောက်မှားမှု ရှိကြသည့်အတွက် စည်းစိမ်ဥစ္စာ တို့ကို ငါ၏ ဥစ္စာထင်၍ သာယာမှောက်မှားမှု ရှိကြကုန်၏၊ စည်းစိမ်ဥစ္စာတို့ကို ငါ၏ဥစ္စာထင်၍ သာယာ မှောက်မှားမှု ရှိနေကြသည့်အတွက် ဆင်းရဲသားအလုပ်, သူကြွယ်အလုပ်, သူဌေးအလုပ်, မင်းစိုးရာဇာတို့အလုပ်ဟု ဆိုအပ်သော သင်္ခါရဒုက္ခမှု တို့ကိုလည်း ကိုယ့်အလုပ်, ကိုယ့်အကိုင... |
18,538 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောက၌ခပ်သိမ်းသော ဒုစရိုက်မှု, ခပ်သိမ်းသော အပါယဒုက္ခမှု, ခပ်သိမ်းသော ဝဋ္ဋဒုက္ခမှုတို့သည် ထိုမှောက်မှားခြင်း ၃-ချက်တို့မှ ဖြစ်ပွားကြကုန်၏၊ သူနှမ်းသည် အနှစ်သာရ မရှိသော ရေပွက်၌ သာယာတွယ်တာခြင်းလျှင် အရင်းရှိသော ရေနှင့် စပ်ဆိုင်သော ဒုက္ခတွေ တန်းလန်းနှင့် သေဆုံးရလေသကဲ့သို့ ဤသတ္တဝါအပေါင်း တို့သည်လည်း အနှစ်သာရမရှိသော ဝေဒနာချမ်း... |
18,539 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ရေပွက်ကဲ့သို့ အနှစ်သာရမရှိသော အနိစ္စဓမ္မ အနတ္တဓမ္မကို သာယာ တွယ်တာ ကြကုန်သော သတ္တဝါတို့၏ ဓမ္မတာထုံးတမ်း သွားမြဲလမ်းပေတည်း။ |
18,540 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝေဒနာသုံးပါး သင်တုံးသွားနှင့် တရားဆင်ပုံ |
18,541 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အလွန်တွေ့ကြုံခဲလှစွာသော ဗုဒ္ဓုပ္ပါဒဒုလ္လဘကို ရံဖန်ရံခါ တွေ့ကြုံကြကုန်သော်လည်း ဝေဒနာကို သာယာခြင်းလျှင် အရင်းရှိသော မှောက်မှားခြင်း ၃-ချက် သင်တုံးစက်ကြီး မိ၍နေကြသည့်အတွက် မြတ်စွာဘုရား၏ သားတော်အစစ် သမီးတော်အစစ် ဖြစ်ကြရန် အရေးကို ကျောပေး၍ ပေး၍ချည်း လာခဲ့ကြကုန်၏၊ ဤကား ရေပွက်ကဲ့သို့ အနှစ်သာရမရှိသော အနိစ္စဓမ္မ အနတ္တဓမ္မကို သာ... |
18,542 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အကြင်ပညာရှိတို့သည် ဤကဲ့သို့သော ဝေဒနာ၏ အာဒီနဝဒုက္ခစက်ကြီးကို မျှော်မြင် မိကြကုန်၏၊ ထိုပညာရှိတို့သည် အဝတ်ကောင်း ဝတ်ခြင်း, အစားကောင်းစားခြင်း, ကျောင်းကောင်း, အိမ်ကောင်း, တိုက်ကောင်း, တာကောင်း အိပ်ရာကောင်း, နေရာ ကောင်း၌ မွေ့လျှော်ခြင်း လူအလယ် ရှင်အလယ်၌ တင့်တယ်သော ကျက်သရေကို ခံစားခြင်း အစရှိသော ဝေဒနာ အစီးအပွားတို့ကို တတ်အား... |
18,543 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုပညာရှိသူ ရှင်လူအများ ယောက်ျား မိန်းမ အပေါင်းတို့သည်သာလျှင် ပြဆိုခဲ့ပြီး သော သတ္တဝါတို့၏ ဓမ္မတာထုံးတမ်း သွားမြဲလမ်းမှ ဆန်တက်ကြ၍ တွေ့ရှိသော သာသနာ၌ ဘုရားသားတော်အစစ် သမီးတော်အစစ် ဖြစ်နိုင်ကြကုန်သဖြင့် အပါယ ဒုက္ခ သံသရာဒုက္ခမှ ကျွတ်လွတ်ကြလေကုန်၏။ |
18,544 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ဝေဒနာက္ခန္ဓာ၏ ရေပွက်နှင့်တူပုံကို အပြစ်ဒေါသ အာဒီနဝနှင့်တကွ အကြမ်း အားဖြင့် ပြဆိုချက်တည်း။ |
18,545 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနုစိတ်အားဖြင့် ပြဆိုမှုကိုကား “အနတ္တဒီပနီ” စာအုပ်မှာ ဝေဒနာ၏ အာဒီနဝခန်း, အနိစ္စခန်း, ဒုက္ခခန်းတို့၌ ပြဆိုပါရှိလေပြီ၊ ဝေဒနာက္ခန္ဓာသည် အနှစ်မရှိသည့်အတွက် ရေပွက်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် သိအပ်သော ဝေဒနာက္ခန္ဓာ၏အနိစ္စ ဝေဒနာက္ခန္ဓာ၏ဒုက္ခ, ဝေဒနာက္ခန္ဓာ၏ အနတ္တများကိုလည်း “အနတ္တဒီပနီ” စာအုပ်မှာပြည့်စုံစွာ ပြဆိုလျက်ပါရှိလေပြ... |
18,546 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ဝေဒနာ ပုဗ္ဗုဠူပမာ” ဟူသော ဒေသနာတော်အရ ဖော်ပြချက်ကား ဤတွင်ပြီး၏။ |
18,547 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သညာက္ခန္ဓာကို ပြဆိုခြင်း |
18,548 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သညာ၏ဓမ္မတာ လက္ခဏာ |
18,549 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “မရီစိကူပမာ သညာ” ဟူသော ဒေသနာတော်၌ သညာဆိုသည်ကား - အမှတ်ပြု၍ သိမှုတည်း- မှတ်မိသားမိမှုတည်း၊ မိမိတို့၏ ဖြစ်ရာဘုံဓလေ့၊ အမျိုးဓလေ့၊ အရပ်ဓလေ့၊ မိရိုးဖလာဓလေ့ အလုံးစုံတို့၌ အကုန်ကျွမ်းကျင်မှုတည်း၊ တတ်သိလိမ္မာ မှုတည်း။ |
18,550 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား သညာဓာတ်လက္ခဏာတည်း။ |
18,551 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ဓာတ်နိုင်ငံကြီး တစ်ပါး - ပညတ်နိုင်ငံကြီး တစ်ပါး ဟူ၍ နိုင်ငံကြီး နှစ်ပါးရှိကြ၏။ |
18,552 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်နိုင်ငံကြီးဆိုသည်ကား - နူးညံ့ခက်မာသော အမူအရာ ကြိယာမှုသည် ပထဝီဓာတ် မည်၏၊ ဖွဲ့တွယ်စေးကပ်, ပျောင်းအိ ယိုစီးမှုသည် အာပေါဓာတ်မည်၏၊ အေးချမ်းမှု, ပူလောင်မှုသည် တေဇောဓာတ်မည်၏၊ ထောက်ကန်မှု, လှုပ်ရှားမှုသည် ဝါယောဓာတ် မည်၏၊ မျက်လုံး၌တည်သော အကြည်အလင်မှုသည် စက္ခုဓာတ်မည်၏၊ နား၌ တည်သော အကြည်အလင်မှုသည် သောတဓာတ် မည်၏၊ နှာခေါင်း၌ တည... |
18,553 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဆင်းသည်ရူပဓာတ်မည်၏ - အသံသည် သဒ္ဒဓာတ်မည်၏ အနံ့သည် ဂန္ဓဓာတ် မည်၏၊ အရသာသည် ရသဓာတ်မည်၏၊ အတွေ့အထိသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏၊ ဤသို့အစရှိသော ရုပ်ဓာတ် အသိုက်အအုံစုသည် လည်းကောင်း။ |
18,554 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကြံမှုသိမှုသည် စိတ်ဓာတ်မည်၏၊ အာရုံ၌ ခိုက်တိုက်မှုသည် ဖဿဓာတ်မည်၏၊ ခံစားမှုသည် ဝေဒနာဓာတ်မည်၏၊ မှတ်မှု, သားမှုသည် သညာဓာတ်မည်၏၊ စေ့ဆော်မှုသည် စေတနာဓာတ် မည်၏၊ ကြံဖန်မှုသည် ဝိတက်ဓာတ်မည်၏၊ အာရုံ၌ တရစ်ဝဲဝဲနေမှုသည် ဝိစာရဓာတ် မည်၏၊ ဤသို့အစရှိသော နာမ်ဓာတ်အသိုက် အအုံစု သည် လည်းကောင်း ဓာတ်နိုင်ငံကြီးမည်၏။ |
18,555 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပညတ်သဘာဝ သဏ္ဌာန, သန္တတိ |
18,556 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သဏ္ဌာနပညတ် သန္တတိပညတ်နှစ်ပါးသည် ပညတ်နိုင်ငံကြီး မည်၏။ |
18,557 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သဏ္ဌာနပညတ်ဆိုသည်ကား - ဓာတ်တို့၏ ပေါင်းဖွဲ့တည်ထောင်မှုကို အစွဲပြု၍ ဤကား အဏုမြူ တစ်ခုတည်း၊ ဤကား ပရမာဏုမြူ တစ်ခုတည်း အစရှိသည်ဖြင့် အကြီးအငယ် အရှည်အတို ဒြဗ်သဏ္ဌာန် ထင်မြင်ပြောဆိုကြသမျှ အလုံးစုံသည် သဏ္ဌာနပညတ်မည်၏။ |
18,558 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အမူအရာကြိယာမှု သက်သက်မျှသာဖြစ်ကြသော ဓာတ်နိုင်ငံ ကြီး၌ကား ထိုကဲ့သို့ပရမာဏုမြူမျှ အကြီးအငယ် အရှည်အတို ဒြဗ်သဏ္ဌာန် ရကောင်း သောတရားဟူ၍ တစ်စုံတစ်ခုမျှမရှိ။ |
18,559 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သန္တတိပညတ် ဆိုသည်ကား- ဓာတ်တို့၏ရှေ့ဖြစ်နောက်ဖြစ် အစဉ်အဆက်များစွာကို တစ်ခုတည်း ပြု၍ ဤဝတ္ထုသည် ခဏများစွာ တည်ရှိ၏၊ ဤဝတ္ထုသည် ရှေ့ခဏမှ နောက်ခဏသို့ ရောက်လာ၏၊ ဤဝတ္ထုသည် ငြိမ်ရာမှ လှုပ်၏၊ လှုပ်ရာမှ ငြိမ်၏၊ ဤမီးတောက်သည် လှုပ်၏, ထ၏ ကြွ၏, ဆုတ်၏, ကျ၏၊ ဤရေသည် လှုပ်၏, ရှား၏, စီးသွား၏၊ ဤလေသည် ထိုနေရာမှ ဤနေရာသို့ ရောက်လာ၏၊ ဤသို့အစရှိ... |
18,560 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် ကာလအတွင်းမှာပင် ဓာတ်အမူအရာ ကြိယာပေါင်း အကြိမ်တစ်ထောင် တစ်သောင်းမက ချုပ်ပျက်သဖြင့် အလွန်အသက်တို လှသော ဓာတ်နိုင်ငံကြီး ၌ကား လောကမျက်မြင်မှတ်ထင်ပြောဆိုကြသော တည်ရှိမှု ထကြွမှု လှုပ်ရှားမှု ရွေ့ရှားမှုဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ ဉာဏ်ဖြင့် ဓာတ်နိုင်ငံကြီးကို အလင်းဖွင့်ခဲ့လျှင် ပညတ်နိုင်ငံနှင့်စပ... |
18,561 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပညတ်နိုင်ငံကြီးကို ဖွင့်ခဲ့လျှင် ဓာတ်နိုင်ငံနှင့်စပ်သော အမှု ဟုတ်၊ အမှုမှန်စု အကုန်ဖုံးကွယ်၏၊ မိစ္ဆာဒိဋ္ဌိနှင့်မရှိ မဟုတ်ဟု ငြင်းပယ်ဖွယ်တွေသာ များ၏၊ အမှတ်သညာရှိကြသည့်အလျောက် ပထဝီ၊ အာပေါ၊ စိတ်၊ ဝေဒနာ ခက်မာမှု, ဖွဲ့စည်းမှု, ကြံဖန်မှု, ခံစားမှု စသည်ဖြင့် ပရမတ်စကား ဓာတ်စကား ပြောဆိုကြရာ အစ၌ပရမတ်ကို ဦးတည်၍ စမိသောအခါ၌ မိမိတို... |
18,562 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်နိုင်ငံကြီး၌ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်မျှ အသက်ရှည်၍ တည်နေနိုင်သော နိစ္စတရားဟူ၍ သုခတရားဟူ၍ အတ္တတရားဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ ပညတ်နိုင်ငံကြီး၌သာ နိစ္စ၊ သုခ၊ အတ္တ ပါရှိ၍နေ၏။ |
18,563 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား နိုင်ငံကြီးနှစ်ပါးခြားနားချက်တည်း။ |
18,564 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပကတိသော လူတို့၏အသိအမှတ် အတတ်အလိမ္မာ ခေါ်ကြသော သညာတရား၏ အနမတဂ္ဂ သံသရာကာလ၌ ထာဝရကျင်လည်ရာ ဌာနမူကား ပညတ်နိုင်ငံကြီး ပေတည်း။ |
18,565 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တံလျှပ်နှင့် သမင် ဥပမာ |
18,566 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ တံလျှပ်ဥပမာကို ပြဆိုပေအံ့၊ တံလျှပ်ဆိုသည်ကား အတွင်း၌ ရေဓာတ် အားကြီးစွာ ရှိနေသော အင်းအပြင် အိုင်အပြင် သဲသောင်အပြင်တို့မှာ ကောင်းကင်၌ မိုးရေမိုးပေါက်ဖြစ်ခြင်းငှါ သိမ်မွေ့စွာသော ရေအခိုးတို့သည် နေပြင်းထန်စွာ ပူသော အခါ၌ ထကြကုန်၏၊ အထက်မှ ကျရောက်သော နေရောင်နှင့်ပေါင်းဆုံရောနှော မိကြရာ အဝေးမှ ကြည့်မျှော်ကြကုန်သော သူတို့အ... |
18,567 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တောကြီး, မြိုင်ကြီး အနီးအပါး၌ အင်းပြင်ကြီးတို့သည် ရှိကြကုန်၏ နွေလအခါ၌ ရေကုန်ခန်း၏။ |
18,568 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တောကြီး, မြိုင်ကြီးအတွင်း ရှိကြသော ထုံးအိုင်ကြီးငယ်တို့၌ ရေကုန်ခန်းသဖြင့် အထောင် အသောင်း သားသမင်အပေါင်းတို့သည် ရေငတ်ခြင်း ပြင်းထန်စွာ နှိပ်စက်သည်နှင့် ထို အင်းပြင်ကြီး ရှိရာသို့ ရေရှာပြေးလာကြကုန်၏၊ ပူလှတုန်း ထည်းထည်း မွန်းတိမ်းကြီးအခါ၌ အင်းကမ်းပါးသို့ ဆိုက်ကြကုန်၍ အင်းအပြင်ကို ကြည့်မျှော်ကြကုန်သည်ရှိသော် အလယ်၌ ထ၍နေသော ... |
18,569 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်ဖန် ကြည့်မျှော်ကြကုန်ပြန်သော် တစ်ခုသော ကမ်းအနီးမှာ မြင်ကြကုန်ပြန်၏၊ ပြေးကြ ကုန်ပြန်၏၊ ထိုနေရာသို့ ရောက်ကြလျှင် ကွယ်ပျောက်ပြန်လေ၏၊ တစ်ဖန်ကြည့်မျှော်ကြပြန်ရာ တစ်ပါးသောနေရာမှာ မြင်ကြပြန်ကုန်၏၊ ပြေးကြကုန် ပြန်၏၊ ထိုနေရာသို့ ရောက်ကြလျှင် ကွယ်ပျောက်ပြန်လေ၏၊ ပြေးဖန်များလေလေ ပူဆာငတ်မွတ် ပင်ပန်းခြင်း ပြင်းထန်လေလေ ဖြစ်ကုန်ကြ၍... |
18,570 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား တံလျှပ်ဥပမာတည်း။ |
18,571 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ နတ် ဗြဟ္မာ ဘုံသုံးရွာနှင့် နှိုင်းယှဉ်ပုံ |
18,572 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤ ဥပမာ၌ ဘုံသုံးပါးသည် အင်းပြင်ကြီးနှင့် တူ၏၊ ဤသတ္တဝါတို့သည် ရေငတ်သော တောသမင် တွေနှင့် တူ၏၊ တဏှာသည် အပြင်းအထန် ပူပန်သော ငတ်မွတ်မှုနှင့် တူ၏၊ ဓာတ်နိုင်ငံကြီးသည် ချိုး၍ သောက်၍ အပူအငတ် ပြေပျောက်ရန် အနှစ်သာရ မရှိသော ပကတိ တံလျှပ်အစုနှင့် တူ၏၊ ပညတ်နိုင်ငံကြီးသည် အခိုက်အတန့်အားဖြင့် ချိုး၍ သောက်၍ အပူအငတ် ပြေပျောက်ရန် အနှစ်သာရရ... |
18,573 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မိမိ မိမိတို့၏ ကိုယ်ခန္ဓာမှစ၍ တစ်သက်လုံး တွေ့ရှိမှတ်သိ သမျှတို့ကို စိတ်နှင့် လည်းကောင်း၊ မျက်စိနှင့်လည်းကောင်း၊ ကြည့် မျှော်ကြသည်ရှိသော် တောတစ်ခွင်, တောင်တစ်ခွင်, မြေပြင်, လယ်ပြင်, ယာပြင် သစ်ပင်, တောချုံ, မြို့ရွာ, နိဂုံး, ကျောင်း, အိမ်, ဈေးလမ်း အိမ်တန်း, ဝင်းခြံ အစရှိသည်တို့ကိုလည်းကောင်း၊ ကုန်းသတ္တဝါ, ရေသတ္တဝါ မည်ဝါမည... |
18,574 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသမင်တို့သည် တံလျှပ်တွေကို ရေထင်လျက် အင်းအပြင်၌ တရုန်းရုန်း တအုန်းအုန်း လိုက်ကြကုန်သကဲ့သို့ ထိုအတူ ဤသတ္တဝါတို့သည်လည်း စားမှု, ဝတ်မှု, ဝတ္ထုအာရုံ ကာမဂုဏ် ဟူသောအကြောင်းကြောင့် လုပ်မှု ကိုင်မှု, သွားမှု, လာမှု, ရှာကြံမှုတို့ဖြင့် ကာယကံ တရုန်းရုန်း ဝစီကံတရုန်းရုန်း, မနောကံတရုန်းရုန်းနှင့် နေကြကုန်၏၊ ထိုသမင်တို့သည် အပူ အင... |
18,575 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နာမ် ရုပ်ဟူသရွေ့ ဘုံဓလေ့ကိုငြီးငွေ့ရန် |
18,576 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသမင်တို့သည် ဉာဏ်နှင့်ကြည့်မျှော် တတ်ကြပါကုန်မူကား တံလျှပ်ပကတိကို သိကြကုန်သဖြင့် ငါတို့၏ ပူမှု အိုက်မှု ငတ်မှု မွတ်မှု ပင်ပန်းမှုတို့ကို ပျောက်ငြိမ်း စေနိုင်သော ဝတ္ထုမျိုးမဟုတ်၊ စင်စစ်မူကား ပူမှု, အိုက်မှု, ငတ်မှု, မွတ်မှု, ပင်ပန်းမှုတို့ကို အဆင့်ဆင့် ပွားစီးစေလျက် အသေသတ်မည့် ဝတ္ထုမျိုးသာ ဖြစ်ချေ သည်ဟု သိကြကုန်၍ ထိုတ... |
18,577 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့အတူ ဤလောက၌ ပညာရှိတို့သည် ဉာဏ်ပညာနှင့် ရှုမျှော်တတ်ကြ ပါကုန်မူကား ဓာတ်နိုင်ငံကြီး ပကတိကို သိမြင်ကြကုန်သဖြင့် ဤအနှစ်မရှိ အနိစ္စမျိုးဖြစ်သော ဓာတ်သဘာဝဓမ္မ အသိုက်အအုံစုသည် သင်္ခါရဒုက္ခဟူသော ပူမှု, အိုက်မှု တဏှာသုံးပါး တည်းဟူသော ငတ်မှု, မွတ်မှု, သောက ပရိဒေဝစသော ပင်ပန်းမှုတို့ကို ပျောက်ငြိမ်း စေနိုင်သော ဝတ္ထုမျိုးမဟုတ် စင... |
18,578 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သညာက္ခန္ဓာ၏ အနှစ်မရှိသည့်အတွက် တံလျှပ်နှင့်တူပုံကို အကျဉ်းအားဖြင့် ပြဆို ချက်ပြီး၏။ |
18,579 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သညာက္ခန္ဓာသည် အနှစ်သာရ မရှိသည့်အတွက် တံလျှပ်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် သညာက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝ သညာက္ခန္ဓာ၏ အနိစ္စ, ဒုက္ခ, အနတ္တကို ပြတော်မူသည်ဟူသော အချက်၌ အာဒီနဝကို ပြဆိုမှုမှာ တောသမင်ဥပမာနှင့်ပင် ထင်ရှားလေပြီ။ |
18,580 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနိစ္စ, ဒုက္ခ, အနတ္တ အစီအရင်မှာ “အာဟာရဒီပနီ” နောက်ပိုင်းမှာ ပါရှိလေပြီ။ |
18,581 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “မရီစိကူပမာ သညာ” ဟူသော ဒေသနာတော် အရကို ဖေါ်ပြခန်း ပြီး၏။ |
18,582 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သင်္ခါရက္ခန္ဓာကို ပြဆိုခြင်း |
18,583 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သင်္ခါရ သဘာဝ အမျိုးမျိုး |
18,584 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “သင်္ခါရာ ကဒလူပမာ” ဟူသော ဒေသနာတော်မြတ်၌ သင်္ခါရ ဆိုသည်ကား အကျဉ်း အားဖြင့် - |
18,585 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၁) ဣရိယာပုထ်လေးဖြာ ကိုယ်အင်္ဂါ ပြုပြင်လှုပ်ရှား လုပ်ဆောင်မှုဟူသော ကာယကံ သင်္ခါရ တစ်ပါး, (၂) နှုတ်လျှာ ပြုပြင်လှုပ်ရှား ပြောဆို လှုပ်ဆောင်မှုဟူသောဝစီကံသင်္ခါရ တစ်ပါး, (၃) စိတ်အင်္ဂါ ပြုပြင်လှုပ်ရှား ကြံဖန် သိမြင် လှုပ်ဆောင်မှု ဟူသော မနောကံသင်္ခါရ တစ်ပါး - ဟူ၍ သုံးပါးရှိ၏။ |
18,586 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသော ပါဠိတော်နှင့်အညီ ပဓာနတရားကိုယ် အားဖြင့် စေတနာစေတသိက်သာတည်း။ |
18,587 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လျောင်းမှု ထိုင်မှု, ရပ်မှု, သွားလာမှု, ဦးခေါင်း, လက်, ခြေ အစရှိသော ထိုထိုကိုယ်အင်္ဂါ ပြုပြင်လှုပ်ရှား လုပ်ဆောင်မှုအမျိုးမျိုးတို့နှင့် ခွဲခြမ်းစိတ်ဖြာ၍ ဆိုသည်ရှိသော် ကာယကံမှုသည် အလွန်များပြား ကြီးကျယ်၏၊ ထိုအတူ နှုတ်အင်္ဂါမှု, စိတ်အင်္ဂါမှု တို့သည်လည်း အသီး အသီး များပြားကြီးကျယ်ကြကုန်၏၊ အဘိဓမ္မာနည်း အားဖြင့် မူကား သင်္... |
18,588 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထင်ရှားရာကို ရွေးကောက်၍ဆိုမူကား လောက၌ လောဘ၏ အချက်အရာဖြစ်သော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည် အလွန် ထင်ရှားများပြား ကြီးကျယ်ကုန်၏၊ ပါဏာတိပါတ အစရှိသော ဒေါသ၏ အချက်အရာ, မာန၏အချက်အရာ, ဒိဋ္ဌိ၏ အချက်အရာ စသည်တို့သည်လည်း အလွန်ထင်ရှား များပြား ကြီးကျယ်ကုန်၏၊ လုံ့လ ဝီရိယ၏ အချက်အရာတို့သည် တစ်လောကလုံး၌ အလွန်ထင်ရှားများပြား ကြီး... |
18,589 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ထင်ရှားသော သင်္ခါရတို့ကို ပြဆိုချက်တည်း။ |
18,590 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဂါဟနှင့် စပ်ဖက်၍ မာန်တက်ပုံ |
18,591 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသင်္ခါရဓာတ်မျိုးတို့သည် သတ္တဝါတို့အား တဏှာ, မာန, ဒိဋ္ဌိ ဟူသော အပြင်းအထန် စွဲလမ်းဖမ်းတွယ်မှုဟု ဆိုအပ်သော ဂါဟတရား သုံးပါးကို အလွန်ပွားစီး ကြီးမားမောက်မာ စေတတ်ကုန်၏၊ လုပ်အား, ကိုင်အား ပြောအား, ဆိုအား, ကြံအား, စည်အား, တတ်သိလိမ္မာအား တို့ကို အမှီပြု၍ ဤသတ္တဝါတို့၏စိတ်သည် သံတိုင်သံခဲ ကျောက်တိုင် ကျောက်ခဲကဲ့သို့ ခက်ထန်မောက်မာ... |
18,592 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ရှိနေကုန်သော ဆွေဂုဏ် မျိုးဂုဏ် ဥစ္စာဂုဏ်, ဓနဂုဏ်, သူရဂုဏ်, ကာယဗလဂုဏ်, ဉာဏဗလဂုဏ်, သီလဂုဏ်, ဗဟုသုတဂုဏ်, ပရိယတ္တိဂုဏ်, ပဋိပတ္တိဂုဏ်, ဣဿရိယဂုဏ်, မဟိဒ္ဓိကဂုဏ်, မဟာနုဘာဝဂုဏ် အစရှိကုန်သော ဂုဏ်တို့သည်ကား မိုးဖျား စွင့်စွင့် မြင့်စွာဆောက်လုပ်၍ ထားအပ် သော ငြမ်းကြီးတို့ မည်ကုန်၏။ |
18,593 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သင်္ခါရဓာတ်တို့သည်ကား ထိုငြမ်းကြီးအပေါ်၌ တည်၍ သတ္တဝါတို့၏စိတ်ကို အမြဲလျှင် လွှင့်တင် မြှောက်စားကုန်၏၊ သံသရာ၌ ထို သင်္ခါရဓာတ်တို့၏ မြှောက်စားချက် ကြောင့် ဘုရားကိုလည်း ခုခံတိုက်ခိုက်ခဲ့ကြလှလေပြီ၊ တရားတော်ကိုလည်း ခုခံ တိုက်ခိုက်ခဲ့ကြလှလေပြီ၊ သံဃာကိုလည်း ခုခံတိုက်ခိုက်ခဲ့ကြလှလေပြီ၊ သာသနာတော် ကိုလည်း ခုခံတိုက်ခိုက် ခဲ့ကြလှလ... |
18,594 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောက၌ ရှိနေကြသော ဒုစ္စရိုက်အနန္တ, အမိုက်အမဲအနန္တ, အမှောက်အမှား အနန္တ တို့သည် သင်္ခါရဓာတ်တို့၏ အမှုချည်းသာတည်း၊ အပါယသံသရာကြီးသည် ဒိဋ္ဌိအမှူး ရှိသော သင်္ခါရဓာတ် တို့၏ အစီးအပွါးချည်းသာတည်း၊ |
18,595 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤအရာ၌ နိုင်ငံကြီးနှစ်ပါးကိုလည်း ခွဲခြမ်း၍ထားလေ။ |
18,596 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ငှက်ပျောတော ဥပမာ |
18,597 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ငှက်ပျော ဥပမာကို ပြဆိုပေအံ့၊ တစ်ခုသော တောကြီး၌ ကြီးစွာသော ငှက်ပျောတော ဥယျာဉ်သည် ရှိရာ၏၊ ငှက်ပျောပင်၏ အခြင်းအရာကို အနည်းငယ်မျှ မသိတတ်သော သူနှမ်းအများသည် ငှက်ပျောတော ဥယျာဉ်ကြီးကို တွေ့မြင်ကြလေရာ အပင်သဏ္ဌာန် အရွက်သဏ္ဌာန် စေ့စပ် ချောမွေ့လှသည် အတွက်ကြောင့် အခေါက်အခွံမရှိပဲ သံတိုင်သံခဲကဲ့သို့ တစ်ခဲနက် အနှစ်အတိ ဖြစ်သော အလွန်ခ... |
18,598 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတောအတွင်း၌ ရှိနေကြကုန်သည်ရှိသော် တိုင်းရှင် ပြည်ရှင် မင်းကိုပင် ထီမထင် ခုခံပုန်စား နိုင်၏၊ တောဆင်ရိုင်းပေါင်း တစ်ထောင်ပင် လာသော်လည်း မတိုးဝှေ့နိုင်၊ မြင်းမိုရ်တောင်ထိပ်၌ ရန်သူတစ်ပါးတို့သည် အောင်ခြင်းငှာ မတတ်ကောင်းသော အယုဇ္ဈမြို့ကြီးနှင့် အလားတူ၏ ဟု မှတ်ထင်ကြကုန်၏၊ ငှက်ပျောပင်၏ အနှစ်ကို ဝေးစွ အကာမရှိ အလွန်ပျော့ညံ့လှစွာ... |
18,599 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ငှက်ပျောတော ဥပမာတည်း။ |
18,600 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သတ္တဝါ ပုထုဇဉ်နှင့် ဆက်ဆံသော ဥပမေယျ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.