id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,601 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သတ္တဝါတွေသည် သူနှမ်းနှင့်တူ၏၊ ကိုယ်ခန္ဓာတွေသည် ငှက်ပျောဥယျာဉ်တွေနှင့် တူ၏။ |
18,602 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သင်္ခါရဓာတ်တွေသည် ငှက်ပျောပင်တွေနှင့် တူ၏၊ သေမင်းသည် ပြည့်ရှင်မင်းနှင့် တူ၏၊ လောက၌ရှိသော အနာရောဂါ စသော အဇ္ဈတ္တဘေးမျိုး, ဘီလူး, သံဘက်, မြွေ, ကင်း, သန်း, ဥတု, ငှက်, ခွေးစသော ဗဟိဒ္ဓဘေးမျိုးသည် ရဲမက်တော် သားစုနှင့် တူ၏။ |
18,603 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသူနှမ်းတို့သည် ငှက်ပျောသစ်တပ်ကို သိကြားမြို့ကဲ့သို့ ထင်မှတ်၍ ပြည့်ရှင် မင်းကိုမျှ ထီမထင် နေကြသကဲ့သို့ ဤသတ္တဝါတို့သည် အလိုရှိတိုင်းပြုနိုင်သော ကာယကံမှု, ဝစီကံမှု, မနောကံမှု ဟူသော သင်္ခါရဓာတ်တို့၏ မြှောက်စားမှုအတွက်နှင့် ဘဝ အဆက်ဆက်တို့၌ သေမင်းကိုမျှ ထီမထင် နေကြကုန်၏။ |
18,604 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ထီမထင်” ဆိုသည်ကား အရွယ်မရောက်သေးက မိမိကိုယ်ကို သေနိုင်လိမ့်မည် မထင်ကြ၊ အရွယ်ရောက်၍ သေရမည်ကိုလည်း မစက်ဆုပ်ကြမူ၍ အများဓမ္မတာပေဟု အဖြေနှင့် ကျေအေး၍ နေကြသည်ကို ထီမထင်ဆိုသတည်း။ |
18,605 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရဲမက်တော်တို့ ပစ်ခတ်လာလျှင် ငှက်ပျောသစ်တပ်၏ ခုခံမှုမရှိခြင်းကြောင့် ဘယ်အခါ မဆို သေဆုံးကြကုန်ရာသကဲ့သို့ ပြဆိုခဲ့ပြီးသော သေမင်း၏ရဲမက်တို့ ဆိုက်ရောက် ဖျက်ဆီးခဲ့လျှင် အနှစ်သာရမရှိသော သင်္ခါရဓာတ်တို့က အနည်းငယ်မျှ ခုခံမှု မရှိခြင်းကြောင့် တစ်ယောက် တစ်ယောက်သော သတ္တဝါအား ကလလရေကြည် အခါ၌ သေခဲ့ရသော ဘဝပေါင်းလည်း မရေ မတွက်နိုင်ရာပြ... |
18,606 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား သေမင်းကို ထီမထင် ပြုကြသည့် အတွက်တည်း။ |
18,607 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဝိဇ္ဇာကို မကြောက်၍ ဘေးရောက်ရပုံ |
18,608 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်နည်းကား အဝိဇ္ဇာသည် ပြည့်ရှင်မင်းနှင့်တူ၏၊ ဇာတိဘေး, ဇရာဘေး, မရဏဘေး, သောကဘေး, ပရိဒေဝဘေး, ဒုက္ခဘေး, ဒေါမနဿဘေး, ဥပါယာသဘေး သည် ရဲမက်တော် နှင့်တူ၏၊ သင်္ခါရဓာတ်တို့၏ မြှောက်စားမှုအတွက်နှင့် ဘဝ အဆက်ဆက်တို့၌ အဝိဇ္ဇာကိုပင် ထီမထင် နေခဲ့ကြကုန်၏။ |
18,609 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “အဝိဇ္ဇာကို ထီမထင်နေကြမှု” ဆိုသည်ကား - ယခုဘုရား သာသနာတွင်းမှာပင် တရားကျမ်းဂန် မဖတ်မှု၊ မသိမှု၊ မလိမ်မာမှု၊ အနိစ္စ, ဒုက္ခ, အနတ္တ မထင်နိုင်မှု၊ မမြင်နိုင်မှုသည် မိမိတို့၌ ငုတ်တုတ် ရှိနေကြသည်ကို သိကြလျက်နှင့်ပင်လျှင် မပူမပင် ရွှင်ရွှင်ပျပျ နေနိုင်ကြမှုကိုဆိုသတည်း။ |
18,610 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇာတိဘေး ဆိုသည်ကား- ၁။ |
18,611 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကိလေသာ ဇာတိဘေး, ၂။ |
18,612 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကမ္မ ဇာတိဘေး, ၃။ |
18,613 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိပါက ဇာတိဘေး ဟူ၍ သုံးမျိုးရှိ၏။ |
18,614 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဖြစ်ခွင့်ဆိုက်သည်ရှိသော် လောဘ, ဒေါသ, မာန, ဒိဋ္ဌိ အစရှိသော ကိလေသာ အညစ်အညမ်းတို့၏ ဘယ်ခါမဆို ဖြစ်ပေါ်မှုသည် ကိလေသာဇာတိဘေး မည်၏။ |
18,615 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကိလေသာဖြစ်မှုရှိပြန်က ဒုစ္စရိုက်ကံတို့၏လည်း ဘယ်အခါမဆို ဖြစ်နိုင်သောအမှုသည် ကမ္မဇာတိဘေး မည်၏။ |
18,616 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဖြစ်ခွင့်ဆိုက်သည်ရှိသော် ကိုယ်ခန္ဓာ၌ စက္ခုရောဂါစသော ရောဂါဘေး အနာဘေးဖြစ်မှု ဘယ်အခါမှာမဆို သေခဲ့လျှင် အပါယဇာတိ စသည်ဖြစ်မှုသည် ဝိပါကဇာတိဘေး မည်၏။ |
18,617 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇရာဘေး ဆိုသည်ကား - ကြည်လင်ရွှင်လန်း ရှိနေသော ရုပ် နာမ် ခန္ဓာတို့၏ ညှိုးနွမ်း လျော့ပါးခွင့် ဆိုက်ခဲ့လျှင် ဘယ်အခါမှာမဆို ခဏချင်း ညှိုးနွမ်းလျှော့ပါးမှုကိုလည်း ဇရာဘေးဆိုလေ၊ မရဏဘေးကို ပြဆိုခဲ့ပြီ၊ သောကဘေး စသည်ကိုလည်း ထိုနည်း တူသိလေ။ |
18,618 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဘေးတို့သည် ဆိုက်ရောက်ခဲ့လျှင် သင်္ခါရဓာတ်တို့၏ ရေမြှုပ် ရေပွက်မျှ အနှစ်သာရမရှိမှု အခုအခံ မရှိမှုကြောင့် စင်း၍ခံနေကြရတော့သည်၊ |
18,619 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား အနမတဂ္ဂသံသရာကာလ၌ အဝိဇ္ဇာကို ထီမထင် ပြုကြသည့်အတွက်တည်း။ |
18,620 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သက္ကာယဒိဋ္ဌိကို ချစ်၍ ဘေးဖြစ်ပုံ |
18,621 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်နည်းကား ယခုကာလ အားလျှော်စွာ ဆိုသည်ရှိသော် သက္ကယဒိဋ္ဌိသည် ပြည့်ရှင် မင်းနှင့်တူ၏၊ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိမှု, ခပ်သိမ်းသော ဒုစ္စရိုက်မှုတို့သည် ပြည့်ရှင် မင်း၏ ရဲမက်တော်သားနှင့် တူကုန်၏။ |
18,622 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ခပ်သိမ်းသော ဒုစ္စရိုက်မှု” ဆိုသည်ကား - မနုဿတ္တဒုလ္လဘ၊ ဗုဒ္ဓုပ္ပါဒဒုလ္လဘ အခန်း တို့၌ ပြဆိုခဲ့ပြီး သော ရှေးရှေးသော ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်တို့က မိုက်ခဲ့သမျှ, မဲခဲ့သမျှ, မှောက်ခဲ့သမျှ, မှားခဲ့သမျှ, အသိုက်မပျက်၊ အအုံမပျက် သတ္တဝါ တို့၏ စိတ်နှစ်လုံးထဲမှာ အစဉ် ပါရှိ၍နေသော ဒုစရိုက်ကံဟောင်း အနန္တ, ရှေ့သို့ဖြစ် လတ္တံ့သော ဒုစရိုက... |
18,623 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သင်္ခါရဓာတ်တို့၏ မြှောက်စားမှုအတွက်ကြောင့် ဘဝ အဆက်ဆက်တို့ကို မဆိုထား ဘိဦး၊ ယခုအခါ ဘုရားသာသနာအတွင်း၌ပင်လျှင် အပါယ်အိုးကြီး ငရဲအိုးကြီးဖြစ် သော သက္ကာယဒိဋ္ဌိကိုပင် ထီမထင်ပြု၍ နေကြကုန်၏။ |
18,624 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “သက္ကာယဒိဋ္ဌိ” ဆိုသည်ကား - အကြင်သူတို့သည် ဓာတ်နိုင်ငံကြီးသို့ တစ်ခါ တစ်ခေါက်မျှ မရောက်ဖူး မပေါက်ဖူးကြကုန်၊ ထိုသူတို့သည် ခပ်သိမ်းသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ပုဂ္ဂိုလ်ပြု၍ စွဲလမ်းကြကုန်၏၊ သတ္တဝါပြု၍ စွဲလမ်းကြကုန်၏၊ ငါပြု၍စွဲလမ်းကြကုန်၏၊ စက္ခုဝိညာဏဓာတ် မြင်မှုကို ငါမြင်မှုပြု၍ စွဲလမ်းကြ ကုန်၏၊ သောတဝိညာဏဓာတ် ကြားမှုကို ငါ... |
18,625 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သက္ကာယဒိဋ္ဌိစွဲလမ်းမှု အကျယ်ကိုမူကား ငါတို့စီရင်အပ်သော ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ် အကျယ် - ပဋိစ္စသမုပ္ပါဒဒီပနီ စာအုပ်မှာယူလေ။ |
18,626 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့လျှင် ဓာတ်နိုင်ငံမှုတို့ကို ပညတ်နိုင်ငံ၏ အစွမ်းသတ္တိ ပြုလုပ်စွဲလမ်း မှောက်မှားခြင်းသည် သက္ကာယဒိဋ္ဌိမည်၏၊ ပညတ်နိုင်ငံ ပြုလုပ်သည့်အတွက် ဓာတ်အမှုစုသည် နိစ္စ, သုခ, အတ္တသာရ တွေ ဖြစ်၍ကုန်၏၊ ခပ်သိမ်းသောဒိဋ္ဌိ ခပ်သိမ်းသောကိလေသာ, ခပ်သိမ်းသောဒုစရိုက် ဟူသမျှသည် ထို နိစ္စဒိဋ္ဌိ, သုခဒိဋ္ဌိ, အတ္တဒိဋ္ဌိဟုဆိုအပ်သော သက္ကာယဒိဋ္ဌိမှ... |
18,627 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို သက္ကာယဒိဋ္ဌိကိုပင် ထီမထင်ပြု၍နေကြပုံကား အလွန်အဆိပ်ထန်လှစွာသော မြွေနဂါးကို ပွေ့ပိုက်ချီငင် အကျွမ်းဝင်ဘိသကဲ့သို့ ငါ မြင်သည် ငါကြားသည် အစ ရှိသော အဝီစိမြစ်ကြီး စင်စစ်ဖြစ်သော သက္ကာယဒိဋ္ဌိကို အဟုတ်ပြင်ပြင် အကယ် ထင်လျက် အစဉ်ခြိုက်မြိုက် အရိုးစိုက်၍ နေကြသည်ကိုဆိုသတည်း။ |
18,628 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရဲမက်တော်ဖြစ်ကုန်သော ဒုစရိုက်ကံဟောင်းတို့သည် သတ္တဝါ အပေါင်းတို့ကို အပါယ်ငရဲသို့ နေ့မစဲ, ညဉ့် မစဲ အမြဲအစဉ် တွင်တွင်ကြီး ပစ်ချကုန်၏၊ တွင်တွင်ကြီး ပစ်ချမှုကိုမူကား မနုဿတ္တဒုလ္လဘ၌ ပြဆိုခဲ့ ပြီးသော နခသိခသုတ် ဒေသနာတော်ကို လည်းကောင်း၊ အပါယ် လေးဘုံ ၌ သတ္တဝါအနန္တ များပြားလှပုံများကိုလည်းကောင်း ထောက်မျှော်၍ သိအပ်၏။ |
18,629 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အလွန်ကြီးကျယ်လှစွာသော လေပွေကြီးသည် အနှစ်မရှိသော သစ် ရွက်ခြောက် မြက်ခြောက် တို့ကို ကောင်းကင်၌ မြှောက်တင်လွှင့်ထွေ ဝဲ၍နေစေဘိသကဲ့သို့ ပုထုဇဉ် သတ္တဝါတို့၏စိတ်ကို တလူလူ တကြွားကြွား ငါတကား သူတကား ထောင်လွှား မြောက်မြင့်အောင် မြှောက်မြှင့် လွှင့်တင် အစဉ်မြှောက်စား၍ နေကြကုန်သော သင်္ခါရဓာတ် အပေါင်းအဖော်တို့သည် အပါယ်ကျမှုကို ခုခံ... |
18,630 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား သက္ကာယဒိဋ္ဌိကို ထီမထင် ပြုကြသည့်အတွက်တည်း။ |
18,631 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လိုရင်းအချုပ်ကား လောက၌ လျောင်းခြင်း, ထိုင်ခြင်း, ရပ်ခြင်း, သွားခြင်း, လာခြင်း, အင်္ဂါကြီးငယ် တို့၏ လှုပ်ရှားခြင်းဟူသော ကာယကံ မှုသည် ငှက်ပျောတောကြီးကဲ့သို့ အလွန်ထင်ရှားသော အမှုကြီးဖြစ်၏၊ ထိုအမှုကြီး၌ အမှုသည် အမှန်ဖြစ်သော ဓာတ်နိုင်ငံကို ဖွင့်၍ကြည့်သည်ရှိသော် စေတနာပြဌာန်းသော သင်္ခါရဓာတ်တို့၏ အမှုသာဖြစ်၏၊ ထိုသင်္ခါရ ဓာတ်တိ... |
18,632 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပရိယတ္တိဉာဏ် ဘေးမကယ်နိုင်ပုံ |
18,633 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အလွန်ကြီးကျယ်သော ပရိယတ္တိဉာဏ်တည်းဟူသော သင်္ခါရဓာတ်ကြီးနှင့် ပြည့်စုံသော သူပင် ဖြစ်သော်လည်း နာခွင့်ဆိုက်လျှင် ခဏချင်းနာ၏၊ ကျင်ခွင့်ဆိုက်လျှင် ခဏချင်း ကျင်၏၊ ပူခွင့် ဆိုက်လျှင် ခဏချင်း ပူမှုဒုက္ခရောက်၏၊ အေးခွင့်ဆိုက်လျှင် ခဏချင်း အေးမှုဒုက္ခ ရောက်၏၊ မူးခွင့်ဆိုက်လျှင် ခဏချင်း မူးမှုဒုက္ခရောက်၏၊ ဝေခွင့် ဆိုက်လျှင် ခဏချင်း... |
18,634 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဉာဏ်ပညာတည်းဟူသော သင်္ခါရဓာတ်ကြီးသည် ထိုဒုက္ခတို့ ကိုယ်ခန္ဓာသို့ မကပ်နိုင်ကြအောင် ကိုယ်ခန္ဓာတွင်းမှ မျက်တောင်တစ်ခတ်မျှ တင်းတင်းကြံ့ခိုင်ခုခံ စောင့်ရှောက်၍နေနိုင်သော အနှစ်အမာမျိုး မဟုတ်၊ ထိုဉာဏ်ပညာတည်းဟူသော သင်္ခါရဓာတ်ကြီးကို ကြံဖန်ဝင်စား၍ နေဆဲအခါ ထိုဒုက္ခတို့ ဆိုက်ရောက်လာလျှင် ထိုသင်္ခါရဓာတ်ကြီးသည် ခဏချင်း ချုပ်ပျက် ... |
18,635 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့ ငှက်ပျောတုံးကြီး ငှက်ပျောတောကြီးကဲ့သို့ လောက အချက် ပညတ်နိုင်ငံဖက်၌ အလွန်ထင်ရှားလှသော ဉာဏ်ပညာခေါ်သော သင်္ခါရဓာတ်ကြီးသည်ပင်လျှင် အမှန် ရှိရင်းဖြစ်သော ဓာတ်သဘောအားဖြင့် အဏုမြူမျှ အခိုင်အမာ အနှစ်သာရမရှိချေ၊ ထိုမှကြွင်းသော သင်္ခါရဓာတ်နုပ် ဓာတ်ဖွဲတို့မှာ ပြောဖွယ်ရာ မရှိပြီ။ |
18,636 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သင်္ခါရဓမ္မ ပျက်လွယ်ပုံ |
18,637 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စိတ်သန္တာန်၌ ဝင်စား၍နေသော ထိုထိုကုသိုလ်သင်္ခါရ ဓာတ်တို့သည် ထိုထိုအကုသိုလ် ဝင်လာလျှင် ခဏချင်း ပျောက်ပျက်ကုန်၏၊ လှူအံ့, ဒါန်းအံ့, ပေးအံ့, ကမ်းအံ့ဟု ဖြစ်၍နေသော ဒါနကုသိုလ်မျိုးသည် မစ္ဆေရလောဘဝင်လာလျှင် ခဏချင်း ပျောက်ပျက်၏၊ သီလကုသိုလ်မျိုးသည် ဒုဿီလ အကုသိုလ် ဝင်လာလျှင် ခဏချင်း ပျောက်ပျက်၏၊ သမထဘာဝနာ ဝိပဿနာဘာဝနာ မှုကို အာရုံပြု... |
18,638 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့ အစရှိသည်ဖြင့် အလုံးစုံသော သင်္ခါရဓာတ်တို့၏ အနှစ်သာရ မရှိကြသည့် အတွက် လျှပ်အချက်ကဲ့သို့ ပျက်လွယ် ပျောက်လွယ်ဖြစ်၍ နေကြပုံကို မိမိသန္တာန်၌ လည်းကောင်း, လောက၌လည်းကောင်း ကိုယ်တွေ့ မျက်မြင် အထင်အရှား ဖြစ်၏၊ အနှံ့အပြား ထင်မြင် အောင်သာ ကြည့်ရှုကြလေ။ |
18,639 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အလွန်ထက်သန် ကြီးမြတ်သော တန်ခိုးအဘိညာဉ် တည်းဟူသော သင်္ခါရဓာတ်ကြီးကို ဝင်စား၍ ကောင်းကင်၌ပျံသွား၍ နေစဉ်အခါ မာတုဂါမအဆင်း မာတုဂါမအသံတို့နှင့် တွေ့ကြသဖြင့် ခဏချင်း ကွယ်ပျောက်၍ ကောင်းကင်မှ မြေသို့ကျ၍ မာတုဂါမနှင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ရသော ဝတ္တုများကိုလည်း မျှော်လေ။ |
18,640 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒါန သီလ ဘာဝနာ သဒ္ဓါ ပညာအစရှိသော သင်္ခါရဓာတ်တို့၏ အနှစ်သာရမရှိပဲ ဓာတ်နုတ်ဓာတ်ဖွဲတွေ ဖြစ်ကြသည့် အတွက်ကြောင့် အနမတဂ္ဂ သံသရာ၌ အခါခါ ရရှိသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတို့လည်း ခဏမကြာ ရေမြှုပ်ရေပွက်ကဲ့သို့ ကျေပျက်သေဆုံး၍ အပါယ်ငရဲသို့ တလဲလဲကျရောက်ခါ နေကြရကုန်သည်၊ တစ်ယောက် တစ်ယောက်သော သူမှာပင် အနမတဂ္ဂသံသရာ၌ ဒါနသင်္ခါရဓာတ် မျိုးလည်... |
18,641 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒါနလည်း မွဲလျက်ပင် ဖြစ်၏၊ သီလလည်း မွဲလျက်ပင် ဖြစ်၏၊ ဘာဝနာလည်း မွဲလျက်ပင် ဖြစ်၏၊ အတတ် အသိ အလိမ္မာ ဉာဏ်ပညာလည်း မွဲလျက်ပင် ဖြစ်၏၊ နောက်နောက်သံသရာ၌လည်း ဤနည်းအတိုင်း မြင်လေ။ |
18,642 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား အနမတဂ္ဂ သံသရာ၌ ဒါနငှက်ပျောတောကြီး သီလငှက်ပျောတောကြီး ဘာဝနာ ငှက်ပျောတောကြီး အသိအလိမ္မာ ပညာ ငှက်ပျောတောကြီးကို ပြဆို လိုက်သော အချက်တည်း။ |
18,643 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့ကြောင့် “သင်္ခါရာ ကဒလူပမာ” ဟူ၍ ဟောတော်မူပေသည်။ |
18,644 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူသည်ဟူ၍ ဟောတော်မူသဖြင့် သင်္ခါရက္ခန္ဓာကြီး၏ ကြီးကျယ်စွာသော အာဒီနဝ တော်မူသဖြင့် သင်္ခါရက္ခန္ဓာကြီး၏ ကြီးကျယ်စွာသော အာဒီနဝ သင်္ခါရက္ခန္ဓာ၏ အနိစ္စ ဒုက္ခ အနတ္တကို အဘယ်သို့ ပြတော်မူသနည်း” ဟူသော အမေး၌ အဖြေကိုမူကား “အဟာရဒီပနီ” စာအုပ် မနောသဉ္စေတနာ အာဟာရ၏ အာဒီနဝခန်း၊ အနိစ္စ ဒုက္ခ အနတ္တခန်းမ... |
18,645 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား “သင်္ခါရာ ကလဒလူပမာ” ဟူသော ဒေသနာတော်ကို ထုတ်ဖော် ပြဆိုခန်းပြီး၏။ |
18,646 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိညာဏက္ခန္ဓာကို ပြဆိုခြင်း |
18,647 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိညာဏ်ခြောက်ပါးတို့၏ မှောက်မှားပုံ |
18,648 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “မာယူပမဉ္စ ဝိညာဏံ” - ဟူသော ဒေသနာတော်မြတ်၌ - |
18,649 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - စက္ခု၌ အဆင်းသဏ္ဌာန် အရိပ်အသွင်မျိုး ခိုက်တိုက်၍ နေဆဲအခါမှာ စက္ခု၌ တဖွားဖွား ဖြစ်ပေါ် သော မြင်မှုသည် စက္ခုဝိညာဏဓာတ် မည်၏။ |
18,650 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နား၌ အသံအမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ သောတ၌ တဖွားဖွား ဖြစ်ပေါ်သော ကြားမှုသည် သောတဝိညာဏဓာတ် မည်၏။ |
18,651 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - နှာခေါင်း၌ အနံ့အမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ ဃာန၌ တဖွားဖွား ဖြစ်ပေါ်သော နံမှုသည် ဃာနဝိညာဏဓာတ် မည်၏။ |
18,652 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - လျှာ၌ အရသာအမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ လျှာအပြင်၌ တဖွားဖွား ဖြစ်ပေါ်သော လျက်မှုအရသာကို သိမှုသည် ဇိဝှါဝိညာဏဓာတ် မည်၏။ |
18,653 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - ဦးထိပ်အပြင်မှ အောက်ခြေဖဝါးအပြင်တိုင်အောင် အတွင်းအပ တစ်ကိုယ်လုံး၌ ထိတွေ့ရန် အမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ ထိုထိုကိုယ်အင်္ဂါအရပ်၌ တဖွားဖွား ဖြစ်ပေါ်သော ထိမှု သိမှုသည် ကာယဝိညာဏဓာတ် မည်၏။ |
18,654 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - စိတ်နှစ်လုံး၌ သိရှိသမျှသော ကုသိုလ် အကုသိုလ် ထိုထိုအာရုံတို့ ခိုက်တိုက်၍ နေဆဲအခါမှာ စိတ်နှလုံး၌ တဖွားဖွား ဖြစ်ပေါ်သော ကြံမှု သိမှု အလုံးစုံသည် မနောဝိညာဏဓာတ် မည်၏။ |
18,655 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤခြောက်ပါးသော ဝိညာဏ်တို့သည် ဓမ္မစက္ခု မရှိကြကုန်သော အန္ဓဗာလ သတ္တဝါအပေါင်းတို့ကို အနမတဂ္ဂသံသရာ၌ တစ်ရံတစ်ခါမျှ အဟုတ်အမှန်ကို မသိစေ မမြင်စေမူ၍ မဟုတ်မမှန်သော ပညတ်နိုင်ငံကို လုပ်ကြံဖန်တီး အကြီးအကျယ် မွေ့လျော်ဖွယ် ထင်ရဲအောင် ဖော်ပြသမားတို့ ပေတည်း။ |
18,656 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိညာဏ်ခြောက်ရပ်နှင့် မျက်လှည့်ဥပမာ |
18,657 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို ဝိညာဏဓာတ် ခြောက်ပါးသည် အဘယ်သို့ မျက်လှည့်အမှုနှင့် တူလေသနည်း ဟူမူကား - တစ်ခုသောအရပ်၌ ရှားစောင်းတောကြီး တစ်ခုသည်ရှိ၏၊ တစ်ယောက် သောသူသည် မျက်လှည့်အတတ်ဖြင့် ထိုရှားစောင်းတောကြီးကို ရွှေပဒေသာပင်တွေ ပြုလုပ်၍ ပြလေ၏၊ တစ်ယောက်သောသူသည် အဟုတ်ရွှေပဒေသာပင်တွေ မှတ်ထင်၏ ပင်စည်တို့ကိုလည်း ရွှေတုံးတွေထင်၏ အကိုင်းကြီး, အကိုင်းငယ်, ... |
18,658 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသို့ဖြစ်ပါလျက် အပင်၌မျက်မြင် ကြောင်တောင် ရွှေရောင်ရွှေရည် ရှိနေသည့် အတွက် ရွှေဇာတိပင် မှတ်ထင်ရင်းအတိုင်းကို မစွန့်နိုင်ဘဲ သာယာစောင့်ရှောက် ဆဲမှာပင် အသက်ဝိညာဏ် ဆုံးရလေ၏။ |
18,659 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥပမာ - ဘုံသုံးပါးသည် ရှားစောင်းတောကြီးနှင့်တူ၏၊ ဝိညာဏ်ခြောက်ပါးသည် မျက်လှည့်ဆရာ နှင့်တူ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာငါးပါးသည် ရှားစောင်းပင် ပကတိနှင့် တူ၏၊ ဓာတ်နိုင်ငံကြီးသည် ရှားစောင်းပင် ပကတိနှင့်တူ၏ သော်လည်း ဆိုလေ၊ ပညတ်နိုင်ငံကြီးသည် မျက်လှည့်အတတ်နှင့် ထင်မြင်စေအပ်သော ရွှေပဒေသာပင်ကြီး နှင့်တူ၏၊ ကိုယ်အင်္ဂါ ဦးခေါင်း, ခြေ, လက... |
18,660 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မီးသို့ချလျှင် အသုံးမကျသော ပြာမှုန့်သက်သက် ဖြစ်သည်ကို မြင်ပါလျက် အပင်၌ မျက်မြင် ကြောင်တောင် ရွှေရောင်ရွှေရည် ရှိနေသည့်အတွက် ရွှေဇာတိပင် မှတ်ထင်ရင်း အတိုင်းကို မစွန့်နိုင်ပဲ သာယာ စောင့်ရှောက်ဆဲမှာပင် အသက်ဝိညာဏ် ဆုံးလေဘိသကဲ့သို့ ထိုအတူ ကြီးကြီး ငယ်ငယ် သေဆုံးကြ၍ အသုံးမကျ အချည်းနှီး မြေကြီး၏ အစီးအပွါးဖြစ်၍ သွားကြသည်ကို တစ်... |
18,661 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုရှားစောင်းတောကြီးသည် အသုံးမကျသော တုစ္ဆ သုညမျိုး သာအမှန်ဖြစ်၍ ဖိုမှာချသောအခါ ၌လည်း အသုံးမကျသော တုစ္ဆ သုည အဖြစ်သို့ ရောက်လေသကဲ့သို့ ဤအဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာစုသည် အသုံးမကျသော တုစ္ဆမျိုး, သုညမျိုး, အသာရကမျိုး အစစ်အမှန်ဖြစ်၍ အဆုံး အဆုံး၌လည်း အသုံးမကျသော တုစ္ဆ သုညမြေကြီး အစီးအပွါးသာ ဖြစ်လေကုန်၏။ |
18,662 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ခန္ဓာငါးပါးကို အသုံးမကျသော တုစ္ဆမျိုး သုညမျိုး ဆိုသည်မှာမူကား ဓာတ်နိုင်ငံကြီးကို ဖွင့်၍ ကြည့်သည်ရှိသော် လောက၌အဟုတ်ရှိ အကယ်ရှိ ထင်မြင်မှတ်ယူ သာယာစွဲလမ်း၍ နေကြသော ပုဂ္ဂိုလ် သတ္တဝါဟူ၍၊ အင်္ဂါကြီး ငယ်ဟူ၍၊ မျက်တောင်တစ်ခက်မျှ အသက်ရှည်၍ တည်နေနိုင်သော ဝတ္ထုဟူ၍၊ တစ်စုံတစ်ခုမျှ မရှိသည်ကို တုစ္ဆ သုည ဆိုသတည်း၊ ပကတိအခါကပင် ပုဂ္ဂိုလ... |
18,663 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဖြစ်လေရာ ဘဝတိုင်းတို့၌ ခန္ဓာတွေကို သာယာမှုနှင့် ပြုစုမွေးမြူ အရေးယူမှု, အတင့်အတယ် အဖွယ်အရာကို လိုက်စားမှု ခံစားမှု စံစားမှု အလုံးစုံတို့သည် သေနေ့ သေရက်သို့ ဆိုက်ရောက် သည်နှင့် တစ်ပြိုင်နက် သဲထဲရေသွန် အဖတ်မရ အသုံးမကျ တုစ္ဆ သုညအဖြစ်သို့ ရောက်လေ ကုန်၏၊ ရှားစောင်းပင်ကို ရွှေထင်၍ စောင့်ရှောက်ရာ၌ ထင်သလိုမဟုတ်သည်နှင့် အားထုတ်... |
18,664 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဗုဒ္ဓုပ္ပါဒဒုလ္လဘ၌ ပြဆိုခဲ့ပြီးသည့်အတိုင်း သူသူ ငါငါ သတ္တဝါတို့၏ ရင်တွင်း နှလုံးတွင်း၌ ဒုစရိုက် ကံဟောင်းတွေ အနန္တ၊ အပါယ်ကြွေးဟောင်းတွေ အနန္တ၊ နောက်ဘဝ အဆက်ဆက် မိုက်မဲ မှောက်မှားရန် ဓာတ်ဆိုး ဓာတ်ဝါးကြီးတွေအနန္တ ရှိနေကြ၏၊ ဘဝတွေ အနမတဂ္ဂ ကမ္ဘာတွေ အနမတဂ္ဂ သံသရာတွေအနမတဂ္ဂ ကြာညောင်းကြသော်လည်း ကိုးကွယ်ရာတစ်ခုမျှ ယခုတိုင် မရှိကြ... |
18,665 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပုထုဇ္ဇန်များ မျက်လှည့်ဆရာနှင့် ပေါင်းပုံ |
18,666 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ မျက်လှည့်သည်အသွင်ကဲ့သို့ ဝိညာဏ်ခြောက်ပါး အမှောက်အမှား လှည့်စား၍ နေပုံ ကိုပြဆိုပေအံ့။ |
18,667 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဟုတ်ရှိ တကယ်ရှိဖြစ်၍ အဟုတ်ဧကန် တကယ်မှန်သော ဓာတ်နိုင်ငံကြီးကိုမူကား ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်တို့၌ အိပ်မက်တွင်မျှ မမြင်ဖူးကြ မသိဖူးကြကုန်မူ၍ မဟုတ်မမှန်သော သဏ္ဌာန်ဒြဗ် ပညတ်ကြီးငယ်တို့ကိုသာလျှင် သိမြင်တွေ့ကြုံ၍ လာခဲ့ကြရကုန်၏၊ မျက်စိဥပစာ၌ရှိသမျှသော ဝတ္ထုဒြဗ်တို့ကို မျက်စိဖြင့်မြင်ကြရာ၌ အဟုတ်ရှိ တကယ်ရှိဖြစ်သော ဓာတ်သဘာဝကို မြင... |
18,668 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤအရာ၌ အဆင်းတည်းဟူသော ရူပဓာတ်ကို မြင်ကြသည် မဟုတ်လော၊ ရူပဓာတ်သည် ပရမတ္ထတရား အစစ်မဟုတ်လော၊ အဘယ်ကြောင့် မဟုတ်မမှန်ကို မြင်ကြကုန်၏ဟု ဆိုဘိသနည်း ဟူငြားအံ့။ |
18,669 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရူပဓာတ်ကို မြင်ကြသည် မှန်ငြားသော်လည်း ရူပဓာတ်တစ်ခု တစ်ခုစီကို အသီးအသီး ခြားနား၍ မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ ဥပါဒ် ဇာတိမှုကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ ဇရာမှုကို မြင်ကြသည် မဟုတ်၊ ရူပဓာတ်၏ ခယမှု ဝယမှု မရဏမှုကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ အနိစ္စအချက်ကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ ဒုက္ခအချက်ကို မြင်ကြသည် မဟုတ်၊ ရူပဓာတ်၏ အနိစ္စအချက... |
18,670 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စင်စစ်မူကား အဆင်းဟူသော ရူပဓာတ်ကိုမြင်ကြရာ၌ မျက်လှည့်သည် ဝိညာဏ်သည် ပြဆိုခဲ့ပြီးသော ဥပါဒ်ဇာတိမှု အစရှိသော ဓာတ်နိုင်ငံလမ်းကို မဖွင့်၊ သဏ္ဌာန်ဒြဗ် ပညတ် နိုင်ငံလမ်းကိုသာ ဖွင့်၏၊ ထို့ကြောင့် သတ္တဝါတို့သည် ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ တစ်စုံတစ်ခုသော ဝတ္ထုအထည်မဟုတ်၊ တုစ္ဆ သုည သဘာဝမျိုး ဖြစ်သော ရူပဓာတ်ကို ငါမြင်သည်ဟု မဖြစ်ကြကုန... |
18,671 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နားဥပစာ၌ ဖြစ်လာသမျှသော အသံစကားကို ကြားကြရာ၌ လည်းကောင်း, နှာခေါင်းဥပစာ၌ ရှိနေသမျှသော အနံ့ကို နံကြရာ၌ လည်းကောင်း, လျှာပေါ်သို့ ရောက်သမျှသော အရသာကို သိကြရာ၌ လည်းကောင်း, ကိုယ်အင်္ဂါ၌ ထိမှု ခိုက်မှု ပူမှု အေးမှု စသည်ကို သိကြရာ၌ လည်းကောင်း, စိတ်ထဲ၌ ထွေထွေလာလာ ကြံကြ သိကြရာ၌ လည်းကောင်း စက္ခုဒွါရအတိုင်း အမေးအဖြေထုတ်ဆိုလေ၊ ဤကား ... |
18,672 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်မျက်မှန်ဖြင့် ရုပ်နာမ်ကို ကြည့်ရှုရန် |
18,673 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရှားစောင်းတောဥပမာ၌ တစ်ယောက်သောသူသည် လူတို့၏ မျက်လှည့်အတတ် နတ်ဘီလူးတို့၏ မျက်လှည့်အတတ်တို့ကို အဖြောင့်အမှန် ပေါ်စေနိုင်သော နတ်ဆေး နတ်ဝါးဖြင့်ပြီးသော ဓာတ်မျက်မှန်ကို ရရှိ၏၊ ထိုသူသည် ထိုရှားစောင်းတောကို ပကတိသောမျက်စိဖြင့် ကြည့်သော အခါ ရွှေပဒေသာပင်တွေပင် ထင်မြင်၏၊ တစ်ဖန် မျက်စိ၌ဓာတ်မှန်ကိုတပ်၍ ကြည့်သောအခါ ဆူးအပြည့်ရှိနေသော... |
18,674 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသူအား နောက်အခါ၌ ပကတိမျက်စိတွင် ရွှေဟု ထင်ငြားသော်လည်း ဓာတ်မှန်နှင့် ရှင်းလင်းပြီးဖြစ်၍ သတ္တဝါအများတို့အား မှောက်မှားကြစေဖို့ ဥပဒ်ကြီးစွာ ဖြစ်ကြစေဖို့ ဖြစ်လာကြ သော အမှုကြီး ဖြစ်ချေသည် ဟု သိပြီး မြင်ပြီးဖြစ်သည်နှင့် မိမိမှာ ရွှေထင်သည့်အတွက် တစ်စုံတစ်ခုမျှ စွန်းငြိခြင်း မရှိမူ၍ မဟုတ်တရုတ်ကြီးကို မမြင်လို မကြားလိုသဖြင့်... |
18,675 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဥပမာအတူ အသီးသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကိုလည်းကောင်း၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာဓာတ်တို့ကိုလည်းကောင်း၊ အလင်း ထင်မြင်စေနိုင်သော ဓမ္မစက္ခု ကိုရရှိသောသူတို့အား ပကတိသောမျက်စိတွင် ပုဂ္ဂိုလ် သတ္တဝါထင်မြင်ကြငြား သော်လည်း ဓမ္မစက္ခုနှင့် ရှင်းလင်းပြီးဖြစ်၍ သတ္တဝါအများတို့အား မှောက်မှားကြစေဖို့ ဒုစရိုက်တရား ပွားများကြစေဖို့... |
18,676 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဝိညာဏက္ခန္ဓာသည် အမှောက်အမှား လှည့်စားတတ်သော မျက်လှည့်သည်နှင့် တူသည်ဟူ၍ ဟောတော်မူသဖြင့် မိမိဟုဆိုအပ်သော ဝိညာဏ်ခြောက်ပါး၌ နိစ္စ, သုခ, အတ္တအနေနှင့် ထင်မြင်၍ နေကြမှုသည်လည်း မိမိလှည့်စားမှုပင် ဖြစ်၏၊ ထင်မြင်၍ နေကြသော ဝိညာဏ်၏ နိစ္စမှုသည် ထင်မြင်တိုင်း အခိုင်အမာ အမှန်ရသော အနှစ်သာရမျိုး မဟုတ်ဟု ပြတော်မူသည်ဖြစ်၍ ဝိညာဏက္ခန္ဓာ၏ က... |
18,677 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား “မာယူပမဉ္စ ဝိညာဏံ” ဟူသော ဒေသနာ တော်အရကို ဖော်ပြခန်း ပြီး၏။ |
18,678 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာ ဒိစ္စဗန္ဓုနာ- (ခန္ဓဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၁၁၆) |
18,679 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဟူသော ဒေသနာဂါထာ၏ အနက်အဓိပ္ပါယ်ကို ပြဆိုခန်းပြီး၏။ |
18,680 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အတွင်းအာယတန ခြောက်ပါး |
18,681 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဇ္ဈတ္တိကာယတနတို့၏ သဘာဝ |
18,682 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုညော ဂါမောတိ ခေါ ဘိက္ခဝေ ဆန္နေတံ - အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ။ |
18,683 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (သဠာယတနသံယုတ္တ၊ ပါ၊ နှာ-၃၈၃) |
18,684 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘိက္ခဝေ - ရဟန်းတို့၊ သုညော ဂါမောတိ ဧတံ - ရွာပျက်ကုန်းကြီး ရွာဆိုးကုန်းကြီးဟူသော ဤအမည်သည်၊ ဆန္နံ - ခြောက်ပါးကုန်သော၊ အဇ္ဈတ္တိကာနံ အာယတနယနံ - အတွင်းအာယတနတို့၏၊ ဓိဝစနံ - အမည်တည်း။ |
18,685 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မျက်လုံးအိမ်တွင်း၌ ခဏမစဲ တဖွားဖွားဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှုဖြစ်သော စက္ခုဓာတ်သည် စက္ခာယတနမည်၏၊ ရေကြည် မှန်ကြည်မှာ မျက်နှာရိပ် ထင်ရသကဲ့သို့ ဤစက္ခုအကြည်မှာ အဆင်းသဏ္ဌာန် အရိပ်အသွင်ဟူသမျှ ထင်ရ၏၊ စက္ခုအကြည် မှာ အဆင်းသဏ္ဌာန် အရိပ်အသွင် ထင်ပေါ်ခိုက်တိုက်၍ နေဆဲအခါ ထိုစက္ခုအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍နေသော မြ... |
18,686 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နားအိမ်တွင်း၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှု ဖြစ်သော သောတဓာတ်သည် သောတာယတနမည်၏၊ ဤသောတာ ယတန၌ အသံဟူသမျှ တို့သည် အရိပ်အသွင်ထင်ကြကုန်၏၊ အသံအရိပ်အသွင် ထင်ပေါ်ခိုက်တိုက်၍ နေဆဲအခါ ထိုသောတအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍ နေသော ကြားမှုသည် မနာယတန မည်၏၊ ဤ၌သောတဝိညာဏဓာတ်ကို မနာယတန ဆိုသည်။ |
18,687 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နှာခေါင်းအိမ်တွင်း၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင် မှုဖြစ်သော ဃာနဓာတ်သည် ဃာနာယတနမည်၏၊ အနံ့ဟူသမျှတို့သည် ဤဃာနာယတန၌ ထိခိုက်ကြကုန်၏၊ ထိခိုက်၍နေဆဲအခါ ဤဃာနအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍နေသော နံမှုသည် မနာယတန မည်၏၊ ဤ၌ ဃာနဝိညာဏ ဓာတ်ကို မနာယတန ဆိုသည်။ |
18,688 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လျှာပေါ်၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှုဖြစ်သော ဇိဝှါဓာတ်သည် ဇိဝှါယတနမည်၏၊ အရသာမျိုးတို့သည် ဤဇိဝှါအကြည်၌ ထိခိုက်ကြကုန်၏၊ ထိခိုက်ဆဲအခါ ဤဇိဝှါအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍နေသော လျက်မှုသည် မနာယတန မည်၏၊ ဤ၌ ဇိဝှါဝိညာဏဓာတ်ကို မနာယတန ဆိုသည်။ |
18,689 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အတွင်းအပဖြစ်သော တစ်ကိုယ်လုံး၌ ခဏမစဲ တဖွးဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှုဟူသော ကာယဓာတ်သည် ကာယာယတနမည်၊ ပူမှု အေးမှုအစရှိသော ဖောဋ္ဌဗ္ဗဓာတ် တို့သည် ဤကာယအကြည်၌ ထိခိုက်ကြကုန်၏၊ ထိခိုက်ဆဲအခါ ဤကာယအကြည်ထဲမှာ တဖွားဖွားဖြစ်ပေါ်သော နာမ်၏တွေ့ထိမှု သည် မနာယတန မည်၏၊ ဤ၌ကာယဝိညာဏဓာတ်ကို မနာယတန ဆိုသည်။ |
18,690 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကာယဝိညာဏဓာတ်ခေါ်သော စိတ်သည်ကား အတွင်းအပ တစ်ကိုယ်လုံးမှာ ဖောဋ္ဌဗ္ဗဓာတ် ထိခိုက်ရာဌာနတို့၌ ဖြစ်ပေါ်၏၊ ခြေဖဝါးအပြင်မှာ ဆူးငြောင့်, ခလုတ်, အုတ်, ကျောက်, မီး, ရေအစရှိသော ဖောဋ္ဌဗ္ဗဓာတ် ထိခိုက်လျှင် ထိခိုက်ရာ ခြေဖဝါးပြင်မှာ ဤဝိညာဏ်စိတ်ဖြစ်ပေါ်၏၊ တစ်ကိုယ်လုံးမှာ ဘယ်နေရာ၌မဆို ပူသည်, အေးသည်, ယားသည်, ယံသည်, ညောင်းသည်, ညာသည်, နာသည... |
18,691 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ခြေဖဝါး၌ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်မှ ခြေဖဝါး ပူသည်, အေးသည် အစရှိသည်ဖြင့် သိရသည်၊ အူအတွင်း, အသည်းတွင်း, အဆုတ်တွင်းတို့၌ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်မှ ဝမ်းထဲက ပူသည်, နာသည်၊ ရင်ထဲက ပူသည်, နာသည် အစရှိသဖြင့် သိကြရသည်၊ ကျောက်ကုန်းတစ်ပြင်လုံး၌ နေပူဟူသော ဖောဋ္ဌဗ္ဗထိခိုက်လျှင် ကျောက်ကုန်းတစ်ပြင်လုံးမှာ ဤဝိညာဏ်စိတ် ဖြစ်ပေါ်၏၊ ဤဝိညာဏ်စိတ... |
18,692 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နှလုံးအိမ်အတွင်း၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော အကြံအမျိုးမျိုး အသိအမျိုးမျိုးသည် သုဒ္ဓမနာယတနမည်၏၊ ထိုမနာယတနသည် - (၁) ဘဝင်မနော, (၂) ဇောမနော - ဟူ၍ နှစ်မျိုးရှိ၏။ |
18,693 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၁) ခန္ဓာကိုယ်ကို မသေမပျောက်ရုံမျှ စောင့်ရှောက် ချုပ်ထိန်းသော စိတ်မျိုးသည် ဘဝင်မနော မည်၏။ |
18,694 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (၂) ကိုယ်အင်္ဂါ လှုပ်ရှားခြင်း, နှုတ်အင်္ဂါ လှုပ်ရှားခြင်း စိတ်အင်္ဂါ လှုပ်ရှားခြင်း ကြံဖန်ခြင်းကို ပြုနိုင်သော စိတ်မျိုးသည် ဇောမနော မည်၏။ |
18,695 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အတွင်းအာယတနခြောက်ပါး ခွဲဝေခန်းပြီး၏။ |
18,696 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘီလူးရှိသည့် ရွာဆိုးကုန်း ဥပမာ |
18,697 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရွာဆိုးကုန်း ဥပမာကို ပြဆိုသောအချက် ကာလအရှည် စည်ကား၍ လလာခဲ့သော မြို့ရွာ နိဂုံးကြီး သည်ရှိရာ၏ ထိုမြို့ရွာ နိဂုံးကြီးသည် နောက်အခါ၌ တစ်စုံတစ်ခုသော ဘေးကြီးကြောင့် ပျက်စီးလေ၏၊ လူသူတစ်ဦး တစ်ယောက်မျှမရှိ အစိမ်းသူရဲ, ဘီလူး, သံဘက်တို့သာ ကျန်ရှိကုန်၍ ရွာဆိုးကုန်းကြီး ဖြစ်လေ၏၊ အဝေးက မြင်လျှင် အလွန်စည်ပင်သော မင်းနေပြည်ကြီး ထင်ရ၏။ |
18,698 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အရပ်ကြီး ဒေသကြီးမှာ နေထိုင်လို၍ အရပ်ကြီး ဒေသကြီးကို ရှာကြံကြကုန်သော အဝေးနိုင်ငံသား ခရီးသည်တို့သည် နွေလအခါ၌ အလွန်ပင်ပန်းစွာ ကန္တာရခရီးဖြင့် လာခဲ့ကြရာ ထိုမြို့ရွာ နိဂုံးအနီးသို့ ရောက်၍ ညို့ညို့မှိုင်းမှိုင်းကြီး မြင်ကြရာ အလွန်စည်ပင်သာယာသော မြို့ကြီးသို့ ငါတို့ရောက်ကြပေ ကုန်တော့သည်၊ ဤမြို့ကြီး သို့ ရောက်ကြကုန်မှ ကောင်းမွန... |
18,699 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မြို့တွင်း ရွာတွင်းသို့ဝင်ရောက်ကြသောအခါ တစ်စုံတစ်ယောက်သော လူကိုမှ မတွေ့မမြင်ကြ ကုန်မှု၍ အိမ်ပျက်, ရာပျက်, ဝင်းပျက်, ခြံပျက်တို့ကိုသာ တွေ့မြင်ကြလေကုန်၏၊ ဆာလောင် မွပ်သိပ်ရှိကြ၍ အိမ်ရာ တိုက်ခန်းသို့ဝင်၍ ဖွင့်လှစ်ရှာကြံ စမ်းသပ်ကြကုန်ရာ တစ်စုံ တစ်ခုသော စားရန်, သောက်ရန်ကိုမျှ မတွေ့၊ အသုံးသက်သက် မကျသော အိုးကွဲ, အင်းကွဲ, ဖျာစု... |
18,700 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အိမ်ပေါ် တိုက်ပေါ်မှာ နေကြပြန်လျှင် အိမ်တွင်း တိုက်တွင်း အိမ်ကြိုအိမ်ကြား တိုက်ကြိုတိုက်ကြား တို့မှ အစိမ်း, သူရဲ, ဘီလူး, သံဘက်တို့သည် ယခုပင်ထွက်၍ ဖမ်းယူအံ့ဟု ထင်ကြကုန်၏၊ သစ်ပင်ကြီး, ဝါးပင်ကြီး အရိပ်၌ နေကြပြန်လျှင် သစ်ပင်ကြီး ဝါးပင်ကြီးတို့ အထက်မှ အစိမ်းကြီး, သူရဲကြီး, ဘီလူးကြီး သံဘက်ကြီးတို့သည် ယခုပင်ဆင်း၍ ဖမ်းယူအံ့ဟု ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.