id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,701 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤ ဥပမာ၌ သတ္တဝါတို့၏ ကိုယ်ခန္ဓာမှာ - - မျက်စိမြင်မှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊ - နားကြားမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊ - နှာခေါင်းနံမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊ - လျှာလျှက်မှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊ - ကိုယ်တွေ့ထိမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊ - မနောကြံမှု သိမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊ ဟူ၍ ရွာဆိုးကုန်းကြီး ခြော... |
18,702 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မျက်စိမြင်မှုသည် အဘယ်သို့ ရွာဆိုးကုန်းကြီးနှင့် တူသနည်း ဟူမူကား - မျက်စိဥပမာမည်သည် ကျယ်ဝန်း၏ အရပ်ဆယ်မျက်နှာ၌ တော တောင်, ရေ, မြေ, နေ, လ, နက္ခတ် အလုံးစုံတို့နှင့်တကွ မျက်စိဦးတည်ရာ မျက်စိဥပစာ ထင်နိုင် မြင်နိုင်သော နယ်ပယ်သည် ကျယ်ဝန်းလှ၏၊ ထိုမြင်မှုကြီးကို သတ္တဝါတို့သည် အလွန်ကြီးအားပြုကြကုန်၏၊ ထိုမြင်မှုကြီးသည် သတ္တဝါတို့၏ ... |
18,703 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသို့ထီမထင် ရှိနေကြကုန်သော်လည်း အဆက်ဆက်သေမှု အနန္တတင်းလင်း ရှိနေကြသော အပူကြီးကို အေးငြိမ်းကြစေရန် တစ်စုံတစ်ခုကိုမျှ ထိုမြင်မှုကြီးထဲမှာ ရှာကြံစမ်းသပ်၍ မရကြကုန်၊ အဝိဇ္ဇာမှောင်ကြီး ပျောက်ကင်း၍ အလင်းသို့ မြင်ကြရန် တစ်စုံတစ်ခုကိုမျှ ရှာကြံစမ်းသပ်၍ မရကြကုန်၊ သက္ကာယဒိဋ္ဌိအပါယ်မြစ်ကြီး ကျွတ်လွတ်ရန် တစ်စုံတစ်ခုကိုမျှ ရှာကြံစ... |
18,704 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဣန္ဒြေမစောင့်၍ မှောက်မှားရပုံ |
18,705 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | လောဘ, ဒေါသ, မောဟ, အဝိဇ္ဇာ, တဏှာ, မာန, ဒိဋ္ဌိ, ဣဿာ, မစ္ဆေရ - အစရှိကုန်သော ကိလေသာအညစ်အညမ်း အကြမ်းအကြုတ် အယုတ်တမာကြီး တို့သည် ထိုမြင်မှုကြီးထဲမှာ ကြီးပွါးစည်ကား၍ ရှိနေကြကုန်၏၊ မျက်စိကိုဖွင့်၍ ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း ထို အကြမ်းအကြုတ် အယုတ်တမာတို့သည် ကပ်ရောက်ဝင်ပူး၍ အရူးတိုက်လိုတိုက် အနှမ်းတိုက် လိုတိုက် အမိုက်မျိ... |
18,706 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါနမဿာ ပါပကာ အကုသလာဓမ္မာ အနွာဿဝေယျုံ။ |
18,707 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (သဠာယတနဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၃၈၄) |
18,708 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စက္ခုန္ဒြိယံ - စက္ခုန္ဒြေကို၊ အသံဝုတံ - မပိတ်မဆို့မူ၍၊ ဝိဟရန္တံ - နေသောသူကို၊ အဘိဇ္ဈာ ဒေါနမဿာ - အဘိဇ္ဈာဒေါမနဿတို့သည်လည်းကောင်း၊ ပါပကာ - အကြမ်းအကြုတ် အယုတ်တမာ ဖြစ်ကုန်သော၊ အကုသလာဓမ္မာ - မကောင်းဆိုးဝါး တရားအမိုက် တို့သည်လည်းကောင်း၊ အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်း စသည်ကို ပြုကြ ကုန်ရာ၏။ |
18,709 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်နိုင်ငံကြီးသို့ အမြန်ကူးရောက် အမြင်ပေါက်ကုန်သော သူတို့သည် ထိုရွာတွင်း၌ ညဥ့် မအိပ်ပဲ လွတ်ရာအရပ်သို့ ထွက်ပြေးသော သူတို့နှင့် တူကုန်၏၊ ပညတ်နိုင်ငံ၌ စိတ်လိုလိုက်နေကြသော သူတို့သည် ထိုရွာဆိုးကုန်းကြီး၌ ညဥ့် အိပ်၍ နေကြကုန်သော သူတို့နှင့်တူကုန်၏၊ |
18,710 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား စက္ခုဒွါရ၏ ရွာဆိုးကုန်းကြီးနှင့် တူပုံကို ပြဆိုချက်တည်း။ |
18,711 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုနည်းအတူ အသံအမျိုးမျိုးကို ကြားမှုဟူသော သောတဒွါရနယ်ကြီး၏ ရွာဆိုးကုန်းကြီးနှင့် တူပုံ၊ အနံအမျိုးမျိုးကို နံမှုဟူသော ဃာနဒွါရနယ်ကြီး၏ ရွာဆိုးကုန်းကြီးနှင့် တူပုံ၊ အချို အချဉ် အစရှိသော အရသာ အမျိုးမျိုးကို ခံစားမှုဟူသော ဇိဝှါဒွါရနယ်ကြီး၏ ရွာဆိုးကုန်းကြီးနှင့် တူပုံ၊ အဝတ်အရုံ မေထုန်ကာမအစရှိသော ဖောဋ္ဌဗ္ဗကို ခံစားမှုဟူသော ကာ... |
18,712 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သောတိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။ |
18,713 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဃာနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။ |
18,714 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇိဝှိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။ |
18,715 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာယိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။ |
18,716 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။ |
18,717 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (စက္ခုန္ဒြိယံ ဝါကျကိုမှီး၍ ဝါကျဖော်ထားသည်) |
18,718 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သောတန္ဒြိယံ - သောတိန္ဒြေကို၊ အသံဝုတံ - မပိတ်မဆို့မူ၍၊ ဝိဟရန္တံ - နေသောသူကို၊ အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊ ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊ အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊ အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။ |
18,719 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဃာနိန္ဒြိယံ - ဃာနိန္ဒြေကို၊ အသံဝုတံ - မပိတ်မဆို့မူ၍၊ ဝဟရန္တံ - နေသောသူကို၊ အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊ ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊ အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊ အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။ |
18,720 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇိဝှိန္ဒြိယံ - ဇိဝှိန္ဒြေကို၊ အသံဝုတံ - မပိတ်မဆို့မူ၍၊ ဝိဟရန္တံ - နေသောသူကို၊ အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊ ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊ အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊ အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏... |
18,721 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာယန္ဒြိယံ - ကာယိန္ဒြေကို၊ အသံဝုတံ - မပိတ်မဆို့မူ၍၊ ဝိဟရန္တံ - နေသောသူကို၊ အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊ ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊ အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊ အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။ |
18,722 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနန္ဒြိယံ - မနိန္ဒြေကို၊ အသံဝုတံ - မပိတ်မဆို့မူ၍၊ ဝိဟရန္တံ - နေသောသူကို၊ အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊ ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊ အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊ အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။ |
18,723 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ငရဲဘုံ၌ ရှိနေကြသော သတ္တဝါအနန္တ တိရစ္ဆာန်ဘုံ၌ ရှိနေကြသော သတ္တဝါအနန္တ, ပြိတ္တာဘုံ၌ ရှိနေကြသော သတ္တဝါအနန္တ, အသူရကာယ်ဘုံ၌ရှိနေကြသော သတ္တဝါအနန္တ တို့ကို ခြောက်ပုံ ခြောက်စု ပြုသည်ရှိသော် တစ်ပုံတစ်စုသည် စက္ခုနယ်ကြီးမှ ဖြစ်သော ဥပဒ်နှင့် ကျရောက်သူတို့ တည်း၊ တစ်စုံတစ်စုသည် သောတနယ်ကြီးမှ ဃာန, ဇိဝှါ, ကာယ, မနောနယ်ကြီးမှဖြစ်သော ဥပဒ်... |
18,724 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား “သုညော ဂါမောတိ ခေါ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ” ဟူသော ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို အကျယ်ဖော်ပြ ခန်း ပြီး၏။ |
18,725 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အပြင်အာယတန ခြောက်ပါးတို့ကို ပြဆိုခြင်း |
18,726 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဗာဟိရာယတန သဘာဝ |
18,727 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စောရာ ဂါမဃာတကာတိ ခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ- ဟူသောပါဠိတော်မြတ်၌ - |
18,728 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘိက္ခေဝေ - ရဟန်းတို့၊ ဂါမဃာတကာ - ရွာကို တိုက်ဖျက်တတ်ကုန်သော၊ စောရာ - ဓားပြတို့ဟူသည်၊ ဆန္နံ - ခြောက်ပါးကုန်သော၊ ဗာဟိရာနံအာယတနာနံ - အပ အာယတနတို့၏၊ ဧတံ အဓိဝစနံ - ဤအမည်တည်း။ |
18,729 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ အဆင်းအမျိုးမျိုးဟူသော ရူပါယတန၊ ၂။ |
18,730 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အသံအမျိုးမျိုး ဟူသော သဒ္ဒါယတန၊ ၃။ |
18,731 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနံ့ အမျိုးမျိုးဟူသော ဂန္ဓာယတန၊ ၄။ |
18,732 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အရသာအမျိုးမျိုးဟူသော ရသာယတန၊ ၅။ |
18,733 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော အတွေ့အထိ အမျိုးမျိုးဟူသော ဖောဋ္ဌဗ္ဗာယတန၊ ၆။ |
18,734 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပြဆိုခဲ့ပြီးသော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ၊ အတွင်း အာယတန ခြောက်ပါးနှင့်တကွ လောကဂုဏ်, ဓမ္မဂုဏ်, အမိုက်ဂုဏ်, အလိမ္မာဂုဏ်ဟူသော ဓမ္မာယတန၊ |
18,735 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤခြောက်ပါးသည် အတွင်းအာယတနခြောက်ပါးတို့မှ အပဖြစ်သော ဗာဟိရာယတန ခြောက်ပါးမည်ကုန်၏။ |
18,736 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ရွာဖျက်ဓားပြ ဥပမာ |
18,737 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို ဗာဟိရာယတန ခြောက်ပါးတို့သည် မြို့ရွာတို့ကို တိုက်ခိုက် လုယက်နှောင့်ယှက် ဖျက်ဆီးစားသောက်ပြီးလျှင် နေကြကုန်သော တောအုပ် ဓားပြတပ်ကြီးတွေနှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း ဟူမူကား ထိုထိုတောအုပ်တို့၏ အနီး၌ မြို့ရိုး, ကျုံးမြောင်း, သူရဲ, သူခက်, လက်နက်ကြိယာ, ဆူးစည်း, တံခါး, အစောင့် အရှောက် တို့မှ ကင်းကြကုန်သော မြို့ရွာကြီး... |
18,738 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုဓားပြတို့သည် နေ့မဆို ညဥ့် မဆို တိုက်ခိုက်လိုသောအခါ နီးရာနီးရာ မြို့ရွာ နိဂုံးတို့ကို ဝန်းဝိုင်းတိုက်ခိုက်၍ အလိုရှိရာ သက်ရှိသက်မဲ့ ဥစ္စာတို့ကို ယူဆောင်ကြ လေကုန်၏၊ ရွာနေလူတို့ကို ခေါ်ငင်၍ ချောပို့ဝန်ထမ်း ခိုင်းစေကြကုန်၏၊ ထိုထိုမြို့ရွာသူတို့သည် လက်နက် ကြိယာမြို့ရိုး, ကျုံးမြောင်း, ဆူးဝင်း, စည်းတပ်, တံခါး, အစောင့်အကြပ်... |
18,739 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဗောဓိပက္ခိယကို ဓားပြဖျက်ပုံ |
18,740 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဥပမာ၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟီရိ, ဩတ္တပ္ပ တည်းဟူသော သူတော်ကောင်းဥစ္စာ ခုနှစ်ပါးသည် သံသရာ၌ ကျင်လည်ကြသူ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ဥစ္စာ မည်ကုန်၏၊ သာသနာတော်တွင်း၌ကား ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးကို အတွင်းဥစ္စာ ဆိုလေ။ |
18,741 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အတွင်းအာယတန ခြောက်ပါးတို့၏ အပေါင်းအစုဖြစ်ကြသော ဤကိုယ်ခန္ဓာစုသည် ထိုမြို့ ထိုရွာစုနှင့် တူကုန်၏၊ သက်ရှိ, သက်မဲ့, အဆင်း, သဏ္ဌာန်, အသံ, အနံ့, အရသာ အစရှိသော ဗာဟိရာယတန ခြောက်ပါးသည် ဓားပြတပ်တွေနှင့် တူကုန်၏၊ အာဇီဝဋ္ဌမကသီလ ဣန္ဒြိယ သံဝရသီလ ကာယဂတာသတိ အစရှိသည်တို့မှ ကင်းလွတ်ကြကုန်သော ဗာလပုထုဇဉ် သတ္တဝါတို့သည် လက်နက်ကြိယာ, မြို့ရိ... |
18,742 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ခြောက်ဒွါရ ဥပစာ၌ရှိနေကြကုန်သော အာရုံခြောက်ပါးတို့သည် အမြဲအကြပ် စောင့်ထိန်းအပ်သော သီလသံဝရ ဆူးစည်း တံခါးလည်း မရှိကြကုန်သော အသုဘဘာဝနာ, ကာယဂတာသတိ အစရှိသော လက်နက်ကြိယာတို့မှလည်း ကင်းရှင်းကြကုန်သော ထိုထိုခန္ဓာ မြို့ရွာ နိဂုံးတို့ကို ဒွါရခြောက်သင်း ဟာလာဟင်း တို့မှ တစ်ထိုင်တွင်းမှာပင် အကြိမ်တစ်ရာမက အတင်းဝင်ရောက် ကြကုန်၍ ထိုထို... |
18,743 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကောင်းသောမနောကို ဝင်စား၍ နေစဉ်အခါ၌ ခြောက်ဒွါရတွင် ခိုက်တိုက်လာသော ထိုထို အာရုံသည် ထိုကုသိုလ်မနောကို အသေသတ်၍ ထိုပုဂ္ဂိုလ်ကို မိမိအထံသို့ တကြံကြံ တမော့မော့ နေအောင်ပြု၏၊ ထိုပုဂ္ဂိုလ်သည် ထိုကုသိုလ်အကြံကိုလွတ်၍ ထိုအာရုံထံသို့ ရောက်ရ၏၊ ထိုအာရုံ ဓားပြနောက်သို့ပါရလေ၏၊ ထိုကုသိုလ် မနောသည် ဘယ်အခါမှ အားအင်ရှိစွာ ဘာဝနာအစစ် အထုပ်အထည... |
18,744 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုဘုရားသာသနာတော်တွင်းမှာ ကြုံကြိုက်ကြ၍ ဘုရား တကာ ကျောင်းတကာ ခံကြလျက် အသက်ခြောက်ဆယ် အသက်ခုနစ်ဆယ် အသက်ရှစ်ဆယ် ရှိသည်တိုင် အောင် အပအာရုံ ဓားပြ တို့က ဥဒ္ဓစ္စ, ဝိတက်, လက်နက်ခပင်းနှင့် တဒိုင်းဒိုင်း ပစ်ခွင်းမှုမစဲ ရှိနေသောကြောင့် အာနာပါနဿတိ အစရှိသော ဘာဝနာအထုပ်အထည် လက်ကိုင် မရှိနိုင်ကြကုန်ပဲ မွဲလျက် တီးလျက်နှင့်ပင် နေကြသေကြရ... |
18,745 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနမတဂ္ဂ ဘဝသံသရာ ကြာညောင်းကြကုန်သော်လည်း အပါယ်ဒုက္ခ စသည်တို့မှ အစဉ်ထာဝရ လွတ်ငြိမ်းစေနိုင်သော ဘာဝနာ ဓမ္မဓနဥစ္စာတို့နှင့် ကင်းကွာတုံလစ် လက်မဲ့ဖြစ်၍သာ လာခဲ့ကြသည့် အတွက်ကြောင့် ယခုထက်တိုင် အဝိဇ္ဇာမှောင်းကြီး တန်းလန်း သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီးတန်းလန်း ဒုစရိုက်ကံဟောင်း အနန္တတန်းလန်း ဒုစရိုက်ကံသစ် ဖြစ်ခွင့် တန်းလန်း အပါယ်ဘ... |
18,746 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘဝတိုင်း, ဘဝတိုင်းတို့၌ ဘာဝနာတရား စားရမဲ့ ဝတ်ရာမဲ့ ဖြစ်ကြကုန်၍ မျက်စိ အာရုံဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, နားအာရုံ ဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, နှာခေါင်းအာရုံ ဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, လျှာအာရုံဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, ကိုယ်ခန္ဓာအာရုံဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, မနောအာရုံ ဟူသော ဓားပြတပ်ကြီး၏ အစီးအပွါးတို... |
18,747 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အာရုံခြောက်ပါး ဓားပြတို့၏ လက်နက်ကြိယာတို့ကား တစ်ထောင့်ငါးရာ ကိလေသာ တည်းဟူသော မီးထုပ်လက်နက်စုပေတည်း၊ အာရုံခြောက်ပါး တည်းဟူသော ဓားပြတို့သည် ထိုထိုသတ္တဝါ ကိုယ်ခန္ဓာတည်းဟူသော မြို့ရွာကို တစ်ထောင့်ငါးရာ ကိလေသာတည်းဟူသော ဓာတ်မီးထုပ် တို့နှင့် မပြတ်မစဲ တိုက်ရှို့ကြကုန်၏၊ ထိုခန္ဓာတည်းဟူသော မြို့ရွာတို့၌ သတိပဋ္ဌာန်စသော အနှစ်ဥစ္စ... |
18,748 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့သော အနက်ကို ပြခြင်းငှါ “စောရာ ဂါမဃာတကာတိ ခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ” ဟူ၍ ဟောတော်မူပေသည်။ |
18,749 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင်ရွေ့ကား ဗာဟိရာယတန ခြောက်ပါးကို ပြဆိုခန်းပြီး၏။ |
18,750 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ ဓာတ် ၁၈-ပါးကို ပြဆိုပေအံ့။ |
18,751 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ သေယျထာပိ ဘိက္ခဝေ ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ |
18,752 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ သကလိကဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ သကလိကဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ |
18,753 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ တိဏဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ တိဏဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ |
18,754 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၄။ ဂေါမယဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ဂေါမယဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ |
18,755 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၅။ ထုသဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ထုသဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ |
18,756 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၆။ သင်္ကာရဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ သင်္ကာရဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ |
18,757 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ ဧဝမေဝ ခေါ ဘိက္ခဝေ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ စက္ခုဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။ |
18,758 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ သောတ ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။ |
18,759 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ ဃာန ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။ |
18,760 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၄။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ ဇိဝှါ ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။ |
18,761 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၅။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ ကာယ ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။ |
18,762 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၆။ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ မနော ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။ |
18,763 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (မဟာတဏှာသင်္ခယသုတ် ပါဠိတော်) |
18,764 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ ဘိက္ခဝေ - ရဟန်းတို့၊ သေယျထာပိ - ဥပမာဆိုသည်ရှိသော်ကား၊ ကဋ္ဌဉ္စ - ထင်းသစ်သားကိုလည်း၊ ပဋိစ္စ - စွဲမှီ၍၊ ယော အဂ္ဂိ - အကြင်မီးသည်၊ ဇလတိ - တောက်၏၊ သော အဂ္ဂိ - ထိုမီးသည်၊ ကဋ္ဌဂ္ဂိတွေဝ - ထင်းမီးဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,765 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ သကလိကဉ္စ - ထင်းပေါက်ကိုလည်း၊ ပဋိစ္စ - စွဲမှီ၍၊ ယော အဂ္ဂိ - အကြင်မီးသည်၊ ဇလတိ - တောက်၏၊ သော အဂ္ဂိ - ထိုမီးသည်၊ သကလိကဂ္ဂိတွေဝ - ထင်းပေါက်မီးဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,766 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ တိဏဉ္စ - မြက်ကိုလည်း၊ ပဋိစ္စ - စွဲမှီ၍၊ ယော အဂ္ဂိ - အကြင်မီးသည်၊ ဇလတိ - တောက်၏၊ သော အဂ္ဂိ - ထိုမီးသည်၊ တိဏဂ္ဂိတွေဝ - မြက်မီးဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,767 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၄။ ဂေါမယဉ္စ - နွားချေးကိုလည်း၊ ပဋိစ္စ - စွဲမှီ၍၊ ယော အဂ္ဂိ - အကြင်မီးသည်၊ ဇလတိ - တောက်၏၊ သော အဂ္ဂိ - ထိုမီးသည်၊ ဂေါမယဂ္ဂိတွေဝ - နွားချေးမီးဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,768 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၅။ ထုသဉ္စ - ဖွဲကိုလည်း၊ ပဋိစ္စ - စွဲမှီ၍၊ ယော အဂ္ဂိ - အကြင်မီးသည်၊ ဇလတိ - တောက်၏၊ သော အဂ္ဂိ - ထိုမီးသည်၊ ထုသဂ္ဂိတွေဝ - ဖွဲမီးဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,769 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၆။ သင်္ကာရဉ္စ - အမှိုက်စုကိုလည်း၊ ပဋိစ္စ - စွဲမှီ၍၊ ယော အဂ္ဂိ - အကြင်မီးသည်၊ ဇလတိ - တောက်၏၊ သော အဂ္ဂိ - ထိုမီးသည်၊ သင်္ကာရဂ္ဂိတွေဝ - အမှိုက်မီးဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,770 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၁။ ဘိက္ခဝေ - ရဟန်းတို့၊ ဧဝမေဝခေါ - ဤအတူသာလျှင်၊ စက္ခုဉ္စ - စက္ခုဓာတ်ကိုလည်းကောင်း၊ ရူပေ စ - အဆင်းအမျိုးမျိုးဟူသော ရူပဓာတ်တို့ကို လည်းကောင်း၊ ပဋိစ္စ - အစွဲပြု၍၊ ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊ တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊ စက္ခုဝိညာဏန္တေွဝ - စက္ခုဝိညာဏဓာတ်ဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်... |
18,771 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၂။ သောတဉ္စ - သောတဓာတ်ကိုလည်းကောင်း၊ သဒ္ဒေ စ - အသံအမျိုးမျိုးဟူသော သဒ္ဒဓာတ်တို့ကိုလည်းကောင်း၊ ပဋိစ္စ - အစွဲပြု၍၊ ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊ တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊ သောတဝိညာဏန္တေဝ - သောတဝိညာဏဓာတ် ဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,772 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၃။ ဃာနဉ္စ - ဃာနဓာတ်ကိုလည်းကောင်း၊ ဂန္ဓေ စ - အနံ့အမျိုးမျိုးဟူသော ဂန္ဓဓာတ်တို့ကိုလည်းကောင်း၊ ပဋိစ္စ - အစွဲပြု၍၊ ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊ တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊ ဃာနဝိညာဏန္တေဝ - ဃာနဝိညာဏဓာတ်ဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,773 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၄။ ဇိဝှဉ္စ - ဇိဝှါဓာတ်ကိုလည်းကောင်း၊ ရသေ စ - ဖန် ခါး ချို ငန် ချဉ် ပြန် အစပ် ရသဓာတ်အမျိုးမျိုးတို့ကိုလည်းကောင်း၊ ပဋိစ္စ - အစွဲပြု၍၊ ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊ တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊ ဇိဝှါဝိညာဏန္တေဝ - ဇိဝှါ ဝိညာဏဓာတ် ဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,774 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ၅။ ကာယဉ္စ - ကာယဓာတ်ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ - အတွေ့အထိ အမျိုးမျိုးဟူသော ဖောဋ္ဌဗ္ဗဓာတ်တို့ကိုလည်းကောင်း၊ ပဋိစ္စ - အစွဲပြု၍၊ ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊ တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊ ကာယဝိညာဏန္တေဝ - ကာယဝိညာဏဓာတ်ဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,775 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနဉ္စ - ဘဝင်စိတ်ကိုလည်းကောင်း၊ ဓမ္မေ စ - ၆၉ ပါး ဓမ္မဓာတ်များ တို့ကိုလည်းကောင်း၊ ပဋိစ္စ - အစွဲပြု၍၊ ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊ တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊ မနောဝိညာဏန္တေဝ - မနောဝိညာဏဓာတ် ဟူ၍သာလျှင်၊ သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏။ |
18,776 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စက္ခုဓာတ် - ၁၊ ရူပဓာတ် - ၁၊ စက္ခုဝိညာဏဓာတ် - ၁၊ ဤဓာတ်သုံးပါး တစ်စုံ။ |
18,777 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သောတဓာတ် - ၁၊ သဒ္ဒဓာတ် - ၁၊ သောတဝိညာဏဓာတ် -၁၊ ဤဓာတ်သုံးပါး တစ်စုံ။ |
18,778 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဃာနဓာတ် - ၁၊ ဂန္ဓဓာတ် - ၁၊ ဃာနဝိညာဏဓာတ် - ၁၊ ဤဓာတ်သုံးပါး တစ်စုံ။ |
18,779 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇိဝှါဓာတ် - ၁၊ ရသဓာတ် - ၁၊ ဇိဝှါဝိညာဏဓာတ် - ၁၊ ဤဓာတ်သုံးပါး တစ်စုံ။ |
18,780 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာယဓာတ်- ၁၊ ဗောဋ္ဌဗ္ဗဓာတ် -၁၊ ကာယဝိညာဏဓာတ် -၁၊ ဤဓာတ်သုံးပါး တစ်စုံ။ |
18,781 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေးဟုဆိုအပ်သော မနောဓာတ် -၁၊ အာရုံငါးပါးတို့မှ ကြွင်းသော ခပ်သိမ်းသော ကုသိုလ် အကုသိုလ် အဗျာကတဓမ္မဓာတ် -၁၊ မနောဝိညာဏဓာတ် -၁၊ ဤဓာတ်သုံးပါး တစ်စုံ။ |
18,782 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်ဖက် ၃-ပါး အစုံပေါင်း ၆-စုံ ဖြစ်၏။ |
18,783 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တဏှာသင်္خယ သုတ္တန် |
18,784 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသုတ္တန်ဒေသနာတော်ကို ဥပမာများစွာနှင့် ဟောတော်မူရခြင်း၏အကြောင်းကား ဘုရားရှင် လက်ထက်တော်၌ “သာတိ” အမည်ရှိသော ရဟန်းအား “တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ န အညံ” ဟူသော မိစ္ဆာဒိဋ္ဌိအယူသည် ဖြစ်၏၊ နိစ္စဒိဋ္ဌိ တည်း။ |
18,785 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တဒေဝိဒံ ဝိညာဏံ - ထိုဝိညာဏ်တစ်ခုသည်ပင်လျှင်၊ သန္ဓာဝတိ - ပြေးသွား၏၊ သံသရတိ - ပြောင်းရွှေ့၏၊ (အညံ - အသစ်အသစ် တစ်ပါး တစ်ပါးဖြစ်၍၊ န သန္ဓာဝတိ - ပြေးသွားသည် မဟုတ်၊ န သံသရာတိ - ပြောင်းရွှေသည် မဟုတ်။ |
18,786 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ) အဓိပ္ပါယ်ကား ဝိညာဏ်သည် သတ္တဝါ တစ်ယောက်မှာ တစ်ခုသာ ရှိ၏၊ ရင်တွင်းမှာ အမြဲတည်၏၊ မျက်စိမှာ ရူပါရုံ ထင်လာသော အခါ၌ ထိုဝိညာဏ်သည်ပင်လျှင် ရင်တွင်းမှ မျက်စိပေါက်သို့ ပြောင်းရွေ့၍ ရူပါရုံကို ကြည့်ရှု၏၊ နားမှာ အသံ ထင်လာပြန်လျှင် နားသို့ ပြောင်းရွေ့၍ သဒ္ဒါရုံကို ကြား၏၊ ဤနည်းအတူ ခြောက်ဒွါရ တို့၌ အာရုံဆိုက်တိုက်လာရာ ပြောင်းရွေ့ပြ... |
18,787 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုအယူကို ပယ်ဖျောက်၍ ဝိညာဏ်၏ အနိစ္စဓမ္မမျိုး, အနတ္တဓမ္မမျိုး စစ်စစ်ဖြစ်ကြောင်း ကို ပြတော်မူခြင်းငှါ ဤဒေသနာတော်ကို ဟောတော်မူပေသတည်း၊ ဤဒေသနာ တော်၌ ဝိညာဏ် ၆- ပါးကိုသာ ဟောတော်မူလိုရင်း ဖြစ်ငြားသော်လည်း ဓာတ် ၁၈-ပါးလည်းပါဝင်သည်၊ ဥပမာ ဥပမေယျနှင့်လည်း ပြည့်စုံလှသည်၊ ဓာတ် ၁၈-ပါး တို့တွင်လည်း ဝိညာဏဓာတ် ၇-ပါး၌ နိစ္စအယူ, အတ္တအယူ အ... |
18,788 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်တစ်ဆယ့်ရှစ်ပါး ခွဲနည်း |
18,789 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ် ၁၈-ပါး အစဉ်ခွဲနည်းကား ဓာတ်ဖက် ၃- ပါး၊ ၆- စုံတို့တွင် ရှေ့ငါးစုံမှာ ရှေ့၌ပြဆိုခဲ့ပြီးသော အတိုင်းပင်၊ နောက်ဆုံး ၃-ပါး တစ်စုံ၌မူကား မနောဓာတ်- ၁၊ မနောဝိညာဏဓာတ်- ၁၊ ဓမ္မဓာတ်- ၁ ဟူ၍ ဆိုလေ။ |
18,790 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနောဓာတ်မှာလည်း ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေး - ဤစိတ် သုံးခုကို ယူလေ။ |
18,791 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနောဝိညာဏဓာတ်မှာလည်း ပဉ္စဝိညာဏဓာတ်- ၁၀၊ မနောဓာတ်- ၃-ခုမှ ကြွင်းသော စိတ်ပေါင်း ၇၆- ခုကို ယူလေ၊ ဓမ္မဓာတ်မှာလည်း စေတသိက်- ၅၂ ၊ သုခုမရုပ်- ၁၆၊ နိဗ္ဗာန်တို့ကို ယူလေ၊ ထုတ်ပြခဲ့ပြီးသော ဒေသနာတော်၌ကား ဒွါရ ၆- ပါး၊ အာရုံ ၆- ပါး၊ ဝိညာဏ် ၆- ပါးကို ပဓာနပြု၍ ဟောတော်မူသည်၊ ဓာတ် ၁၈- ပါး သက်သက်ကို ပဓာနပြု၍ ဟောတော်မူရင်းမဟုတ်။ |
18,792 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤစာအုပ်၌ ထင်လွယ်မြင်လွယ်ကြစေခြင်း အကျိုးငှါ ထိုဒေသနာတော်နည်းကို အစဉ်မှီး၍ ဓာတ်ကမ္မဋ္ဌာန်းကို ပြဆိုပေအံ့၊ ရှေးဦးစွာ ထုတ်ပြသော ဥပမာ၌ (၁) ထင်းမီးတောက်၊ (၂) ထင်းပေါက်မီးတောက်၊ (၃) မြက်မီးတောက်၊ (၄) နွားချေးမီးတောက်၊ (၅) ဖွဲမီးတောက်၊ (၆) အမှိုက်မီးတောက်၊ (မီးတောက်ခြောက်မျိုး။ |
18,793 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ) မီးကို တောက်စေနိုင်သော ယောက်ျား၏ ပယောဂကြောင့် ထင်းချောင်းကိုစွဲမှီ၍ တောက်သော မီးသည် ထင်းမီးတောက်မည်၏၊ ကြွင်းသော မီးတောက်ငါးမျိုး တို့၌လည်း ထိုအတူတည်း။ |
18,794 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုမီးတောက် ၆-ပါးတို့သည် အသီးအခြားစီ ဖြစ်ကြကုန်၏၊ ထင်းမီးတောက်သည် ထင်း၌သာ ဖြစ်၏၊ ထင်း၌သာတည်၏၊ ထင်း၌သာ ပျက်၏၊ သေ၏၊ ထင်းပေါက် မီးတောက် စသည်တို့သည် လည်း ထင်းပေါက်စသည်တို့၌သာ ဖြစ်ကုန်၏၊ တည် ကုန်၏၊ ပျက်ကုန်၏၊ သေကုန်၏၊ ထင်းမီး တောက်သည် ထင်း၌ဖြစ်၍ ထင်းပေါက်သို့ ကူးပြောင်းသည် မရှိ၊ ထင်းပေါက်မီးတောက် စသည် တို့သည်လည်း တစ်ခုသည် တ... |
18,795 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စောဒနာရန် ရှိသည်ကား အဘယ့်ကြောင့် တစ်ခုသည် တစ်ခုသို့ ကူးပြောင်းခြင်း မရှိကြ ကုန်သနည်း၊ လောကမျက်မြင်၌ မီးတစ်ခုသည် မီးစာတစ်ခုသို့ ကူးပြောင်းမှု ရှိသည် မဟုတ်လောဟု စောဒနာရန် ရှိ၏၊ ကူးပြောင်းမှု မဟုတ်၊ မီးစာတစ်ခု၌ မီးတောက်စေလိုသည် ရှိသော် တစ်ပါးသော မီးတောက်၌ ထိုမီးစာကို ထိ၍ထား၏၊ တစ်ပါးသော မီးတောက်သည် ထိုမီးစာကိုမြှိုက်၍ ထိုမ... |
18,796 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စောဒနာရန် ရှိပြန်သည်ကား မီးတောက်မည်သည် လေ၏ အဟုန်အားဖြင့် တစ်ခုသောဌာနမှ ပြတ်လွင့်လေ၍ တစ်ခုသောဌာနမှာ စွဲနိုင်သည်ကား မျက်မြင် မဟုတ်ပါလောဟု စောဒနာရန် ရှိပြန်၏၊ ပြတ်၍ လွင့်လေသော မီးတောက်၌ တေဇော၏အစွမ်းဖြင့် ပထမမီးစာမှ ဖြစ်ပွား၍ သွားသော ပထဝီမီးစာသည် ပါရှိသည် သာဖြစ်၏၊ ထိုသဟဇာတ် ပထဝီ မီးစာကို စွဲ၍လွင့်လေ၏၊ မီးစာနှင့်ကင်း၍ လွင့်... |
18,797 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တစ်ခုသောမီးစာမှ တစ်ခုသောမီးစာသို့သာ မကူးသည် မဟုတ်သေး၊ ထင်းမီးစတစ်ခု၌ တောက်သော မီးသည်လည်း ထိုထင်းမီးစ၌ တစ်ခုသော အဋ္ဌကလာပ်မှ တစ်ခုသော အဋ္ဌကလာပ် သို့ ပြောင်းကူးသည်ဟူ၍ မရှိ၊ သူ့ကလာပ်နှင့် သူ့မီးတောက်သာ ဖြစ်၏၊ သူ့မီးလောင်၍ သူ့ကလာပ်ကုန်ဆုံးလျှင် သူ့မီးလည်း ကုန်ဆုံးမြဲဓမ္မတာ ဖြစ်၏၊ အပြိုင်ဖြစ်သော ကလာပ်တစ်ပါး သို့လည်း ပြောင်းက... |
18,798 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား လောကဓမ္မ နှစ်ပါးတွင် မုချအမှန်ဖြစ်သော ဓမ္မအလိုကို ပြဆိုချက်တည်း။ |
18,799 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤတွင် ရွေ့ကား ဥပမာ ၆- ချက်၌ ရှင်းလင်းချက်ပြီး၏။ |
18,800 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓာတ်အိမ် ဓာတ်အိုး |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.