id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
19,701 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ပစ္စဝေက္ခဏာ - ဆင်ခြင်မှုဟူသော + သုဒ္ဓိ - စင်ကြယ်ခြင်း၊] |
19,702 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဟန်းတော်များ၌ ဤပြခဲ့သော စတုပါရိသုဒ္ဓိသီလ ၄ ပါးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်၏၊ ကမ္မဋ္ဌာန်းကို တကယ်တမ်း အားထုတ်တော့မည် ဆိုလျှင် လူ စသည်တို့မှာလည်း ဤသီလ ၄ မျိုးကို မိမိတို့နှင့် ဆိုင်ရာ စင်ကြယ်စေရမည်ပင်။ |
19,703 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဥပစာရသမာဓိ အပ္ပနာ သမာဓိစေတိ ဒုဝိဓောပိ သမာဓိ စိတ္တဝိသုဒ္ဓိနာမ”— |
19,704 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟူသည်နှင့် အညီ, ကာမစ္ဆန္ဒနီဝရဏ စသော အညစ်အကြေးတို့မှ စိတ်၏ သန့်ရှင်း စင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိမည်၏၊ |
19,705 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သမထကမ္မဋ္ဌာန်းကို အားထုတ်၍ ဥပစာရ ဘာဝနာသို့ရောက်လျှင် ထို နီဝရဏတို့မှ စင်ကြယ်ပြီဖြစ်၍ စိတ္တဝိသုဒ္ဓိဖြစ်ပြီ၊ အပ္ပနာဘာဝနာဈာန်ကို ရပါမူ ပြောဘွယ်ရာ မရှိတော့ပေ၊ |
19,706 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိပဿနာ ကမ္မဋ္ဌာန်းကို အဟုတ်ကြိုးပမ်းမည့် ယောဂီသည် သမထကမ္မဋ္ဌာန်းကို ရှေးဥုးစွာ ဥပစာရ သမာဓိလောက် ဖြစ်စေ အပ္ပနာသမာဓိသို့ ရောက်အောင်ဖြစ်စေ အားထုတ်၍ မိမိစိတ်ကို နီဝရဏ အညစ်အကြေးမှ ကင်းဝေး စင်ကြယ်နှင့်စေရမည်-ဟူလို၊ |
19,707 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“စိတ္တဿ ဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ” |
19,708 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စိတ္တဿ - စိတ်၏၊ ဝိသုဒ္ဓိ - နီဝရဏတို့မှ စင်ကြယ်ခြင်းသည်၊ စိတ္တဝိသုဒ္ဓိ - မည်၏။ |
19,709 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ” - |
19,710 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟူသည်နှင့်အညီ, စိတ် စေတသိက် ဟူသော နာမ်နှင့် နိပ္ဖန္နရုပ်တရားတို့ကို စိတ်ပိုင်း စေတသိက်ပိုင်း ရုပ်ပိုင်း၌ ပြခဲ့သည့်အတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တင်၍ ဆင်ခြင်လိုက်သည့်အခါ - |
19,711 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “သိမှုသည် စိတ်, ခံစားမှုသည်ဝေဒနာ, မှတ်သားမှုကား သညာ, ပြုလုပ် အားထုတ်မှုကား သင်္ခါ, ဖေါက်ပြန်တတ်သော ဤခန္ဓာကိုယ် ကြီးကား ရုပ်တည်း၊ |
19,712 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် တို့မှတပါး အတ္တဟူသော တရားတမျိုး မရှိတော့ပြီ”ဟု သိမြင်နိုင်၏၊ ဤသို့ သိမြင်င်းသည်ပင် အတ္တစွဲလမ်းမှု ဟူသော အညစ်အကြေးမှ ကင်းဝေး စင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏၊ |
19,713 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဒဿနံ ဒိဋ္ဌိ - သိမြင်ခြင်း သဘောတရား, ဉာဏ်တည်း၊ ဝိသုဇ္ဈတီတိ ဝိသုဒ္ဓိ - အတ္တ အညစ်အကြေးမှ ကင်းဝေး စင်ကြယ်သော ဉာဏ်ပင်တည်း၊ |
19,714 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဒိဋ္ဌိယေဝ ဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ” |
19,715 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒိဋ္ဌိ ယေဝ - နာမ်ရုပ်တို့ကို လက္ခဏာ စသည်တင်၍ သိမြင်တတ်သော ဉာဏ်သည်ပင်၊ ဝိသုဒ္ဓိ - အတ္တ အညစ်အကြေးမှ ကင်းဝေးသော တရားတည်း။ |
19,716 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဤသင်္ဂြိုဟ်ကျမ်းကား အဘိဓမ္မာ ပါဠိတော်ကို မှီ၍ စီရင်သော ကျမ်းတည်း၊ ထို့ကြောင့် အဘိဓမ္မာ ပါဠိတော်၌ လာသော စိတ် စေတသိက် ရုပ် အားလုံးကိုပင် လက္ခဏာ စသည် တင်၍ ဆင်ခြင် သိမ်းဆည်းမှုကို ဒိဋ္ဌိဝိသုဒ္ဓိ ဟု ဆိုပေသည်၊ |
19,717 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သုတ္တန် ပါဠိတော်များ၌ကား ဓာတ်ကြီး ၄ ပါးနှင့် အာကာသဓာတ် ဝိညာဏဓာတ် ဟူသော ဓာတ် ၆ ပါးကို ပိုင်းခြား ဆင်ခြင်နိုင်ရုံမျှဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၍ မဂ်ဖိုလ် ရသူများကို တွေ့ရ၏၊ ဤဓာတ် ၆ ပါး ဆင်ခြင်ပုံကို ရုပ်ပိုင်း ရူပသမုဒ္ဒေသ၌ ပြခဲ့ပြီ၊ |
19,718 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို ၆ ပါးမျှကိုလည်း ပင်ကိုယ်က ဗဟုဿုတ အခြေခံ မရှိလျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ၄ ပါးလုံး စုံလင် အောင်တင်၍ ဆင်ခြင်နိုင်ဘို့ရာ လွန်စွာ ခဲယဉ်းပေလိမ့်မည်၊ စာတလုံးမျှ ရှေးက မသင်ဘူးဘဲလျက် ဝိပဿနာ အားထုတ်၍ မဂ်ဖိုလ်ရကြသူတို့မှာ စာတတ်သူတွေထက်ပင် ပေါများသေး၏၊ |
19,719 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် နည်းကောင်းလမ်းမှန်ကို နာခံ၍ ဇွဲသန်သန် အားထုတ်လျှင် နာမ်ရုပ် အားလုံးကို လက္ခဏာ စသည် မတင်နိုင်သော်လည်း အထိုက်အလျောက် သိရုံမျှဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ဘွယ်ရာ ရှိပေသည်၊ |
19,720 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အကျဉ်းချုပ်မျှ ဆင်ခြင်နည်းကား - |
19,721 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုထို အာရုံကို သိမှုကား ဝိညာဏက္ခန္ဓာတည်း၊ ကိုယ်ဖြင့် ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်မှု ပြောဆိုမှု ကြံစီမှုများကား သင်္ခါရက္ခန္ဓာတည်း၊ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးကို ခံစားမှုကား ဝေဒနာက္ခန္ဓာတည်း၊ ထိုထိုအာရုံကို မှတ်သားမှုကား သညာက္ခန္ဓာတည်း၊ ဤ ခန္ဓာ ၄ ပါးကို နာမ်တရား ဟု ခေါ်၏၊ |
19,722 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ခန္ဓာကိုယ်ကြီးကို ဖေါက်ပြန် ပျက်စီးတတ်သောကြောင့် ရုပ်ဟု ခေါ်၏၊ [အပြင်ပ၌ ရေ မြေ တော တောင် သစ်ပင် အိမ်စသည်များလည်း ရုပ်ပင်တည်း၊ သို့သော် ဝိပဿနာ ရှုခမ်း၌ အရေးတကြီး မသက်ဆိုင်၊] |
19,723 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤမျှလောက် သိလျှင်ပင် တွေ့ရာ မြင်ရာ၌ “ဤကား ရုပ်ဤကား နာမ်, ဤ နာမ်တွင် သိမှုကား ဝိညာဉ်” စသည်ဖြင့် လေ့လာရာ၏၊ ထိုကဲ့သို့ လေ့လာပြီးလျှင် “ငါ သူ ယောက်ျား မိန်းမ အတ္တ ကိုယ် သတွာ ပုဂ္ဂိုလ်”ဟူသော အရာများကို လုံးလုံး ရှာမရအောင် (ဝါ - အတ္တဒိဋ္ဌိကင်းအောင်) ဆက်လက်ဆင်ခြင်ရန်ကား - |
19,724 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယထာပိ အင်္ဂသမ္ဘာရာ, ဟောတိ သဒ္ဒေါ ရထောဣတိ၊ ဧဝံ ခန္ဓေသု သန္တေသု, ဟောတိ သတ္တောတိ သမ္မုတိ။ |
19,725 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အင်္ဂသမ္ဘာရာ - ဝင်ရိုးစက်ဘီး, အသီးသီးတို့, ဖွဲ့စည်း ပေါင်းဆုံ, အဆောက်အအုံကြောင့်၊ ရထောဣတိ သဒ္ဒေါ - လူသူအများ, စီးနင်းသွားဘို့, ရထား ခေါ်အပ်, နာမည် ပညတ်သည်၊ ဟောတိယထာ - ဖြစ်ပေါ်လာသကဲ့သို့၊ ဧဝံ - ဤအတူ၊ ခန္ဓေသု - ရုပ်နာမ် နှစ်ဖြာ, ခန္ဓာ ၅ ပါးတို့သည်၊ သန္တေသု – ထင်ရှားပေါင်းဆုံ, ရှိကြကုန်သော်၊ သတ္တောတိ သမ္မုတိ - သတွာဟ... |
19,726 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့နောက် တဘန် ဆက်လက်၍ ဆင်ခြင်ရန်ကား... |
19,727 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယထာ ပဋိစ္စ ကဋ္ဌာဒိံ, အဂါရန္တိ ပဝုစ္စတိ၊ ဧဝံ ပဋိစ္စ အဋ္ဌုာဒိံ, သရီရန္တိ ပဝုစ္စတိ၊ |
19,728 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကဋ္ဌာဒိံ - တုံး တိုင် သစ်ဝါး, ကြိမ်နွယ်အားဖြင့်, များပြားစုပုံ, အဆောက်အအုံကို၊ ပဋိစ္စ - စုပေါင်းစွဲမှီ, တွဲကာချီသဖြင့်၊ အဂါရန္တိ - အိမ် ကျောင်း မဏ္ဍပ်, ဇရပ် တိုက်တာ, နေရာ ဌာန, အာဝါသဟူ၍၊ ပဝုစ္စတိယထာ - ခေါ်ဝေါ်ပညတ်, သမုတ်အပ်သကဲ့သို့၊ ဧဝံ - ဤအတူ၊ အဋ္ဌုာဒိံ - အရိုးအဆက် အကြောရှက်လျက် ဖွဲ့ကြက်အသား ဖုံးလွှမ်းအပ်သော အရေမျာ... |
19,729 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဇ္ဇုယောဂါ ဒါရုယန္တံ, သဗျာပါရံဝ ခါယတိ၊ ဧဝံ သုညံ နာမရူပံ, အညမညသမာယုတံ။ |
19,730 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဇ္ဇုယောဂါ - အရုပ်ကြိုးနှင့်, အသင့် ဆွဲတပ်, တွဲစပ်မိခြင်းကြောင့်၊ ဒါရုယန္တံ - သစ်သားဖြင့်လုပ်, မင်းသ္မီး မင်းသားရုပ်သည်၊ သဗျာပါရံဝ - သွား ရပ် က ခုန်, ဗျာပါရ ရှိပုံကဲ့သို့၊ ခါယတိ - ရှုသူစိတ်တွင်, မှတ်ထင်ရလေ၏၊ ဧဝံ - ဤအတူ၊ သုညံ - အနှစ်သာရ အတ္တမဘက်, အသက်မှ ကင်းဆိတ်သော၊ နာမရူပံ - နာမ်ရုပ်နှစ်ဖြာ, ငါးခန္ဓာသည်၊ အညမည သမ... |
19,731 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ စသည်ဖြင့် ဆင်ခြင်ဘန် များလျှင် သတွာမရှိ၊ ပုဂ္ဂိုလ် မရှိ၊ အတ္တ မရှိ၊ ယောက်ျား မိန်းမ မရှိ၊ ရုပ်နာမ်သာ ရှိသည်ဟု မိမိရရ သဘောကျသဖြင့် အတ္တဒိဋ္ဌိ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်၍ ဒိဋ္ဌိဝိသုဒ္ဓိနယ်သို့ ရောက်လေပြီ၊ |
19,732 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ဒိဋ္ဌိဝိသုဒ္ဓိ သည်ပင် နာမ်ရုပ် ၂ ပါး ဟူသော သင်္ခါရတရားကို ပိုင်းခြား တတ်သောကြောင့် နာမရူပဝဝတ္ထာန ညဏ် ဟု၎င်း သင်္ခါရ ပရိစ္ဆေဒဉာဏ်ဟု၎င်း အမည်ရလေသေး၏။ |
19,733 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ငါသည် ရှေးအတိတ်က ဖြစ်မှ ဖြစ်ခဲ့ဘူးလေရဲ့လား” စသော ယုံမှားမှု “အလုံးစုံကို အကုန် သိမြင်နိုင်သော ဘုရားရှင် ဆိုတာ ရှိမှရှိနိုင်ပါ့မလား” စသော ယုံမှားမှုများကို “ကင်္ခါ” ဟု ခေါ်၏၊ ထိုယုံမှားမှုတို့ကို လွန်မြောက်ကြောင်း ဉာဏ်သည် ကင်္ခါဝိတရဏ မည်၏၊ ထို ဉာဏ်သည်ပင် အဟေတုကဒိဋ္ဌိ ဝိသမဟေတုက ဒိဋ္ဌိ တည်းဟူသော အညစ်အကြေးတို့မှ စင်ကြယ်သေ... |
19,734 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ကင်္ခံ ဝိတရတိ အတိက္ကမတိ ဧတာယာတိ ကင်္ခါဝိတရဏာ, ကင်္ခါဝိတရဏာဧဝ ဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ” ဟု ဝိဂြိုဟ်ပြု၊ |
19,735 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “တေသမေဝ စ နာမရူပါနံ ပစ္စယပရိဂ္ဂဟော ကင်္ခါဝိတရဏ ဝိသုဒ္ဓိနာမ” ဟူသည်နှင့် အညီ, ဤ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်ဘို့ရန် ဒိဋ္ဌိဝိသုဒ္ဓိဖြင့် သိမြင်အပ်ပြီးသော ရုပ်နာမ်များ၏ အကြောင်းကို သိမ်းဆည်း ဆင်ခြင်ရမည်၊ |
19,736 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုအကြောင်းကို မဆင်ခြင်မီ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ တို့ကို စိစစ်ဥုးအံ့။ |
19,737 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ရုပ်နာမ်တရားများသည် အကြောင်း မရှိဘဲ ဘာသိ ဘာသာ ဖြစ်ပေါ်လာ၏” ဟူသော အယူမှားသည် အဟေတုကဒိဋ္ဌိ မည်၏။ |
19,738 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို အယူအတိုင်းမှန်လျှင် ရုပ်ခန္ဓာကြီးသည် တမျိုးထည်း တပုံစံတည်း ဖြစ်နေဘွယ်ရာ ရှိ၏၊ အကြောင်းမှ မရှိလျှင် အဘယ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး ကွဲလွဲ သင့်ပါတော့အံ့နည်း၊ နာမ်တရားတွင်လည်း စက္ခုဝိညာဉ်သည် အကြောင်းမဲ့ ဖြစ်သည်ဆိုလျှင် မျက်လုံး၌သာ အဘယ့်ကြောင့် ဖြစ်ရသနည်း, နား နှာခေါင်း စသည်မှာလည်း ဖြစ်ပါတော့လား, ထို စက္ခုဝိညာဉ်သည် ရူပါ... |
19,739 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိသမဟေတုကဒိဋ္ဌိ |
19,740 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မညီညွတ် မမှန်ကန်သော အကြောင်း ကို “ဝိသမဟေတု” ခေါ်၏၊ “ဗြဟ္မာ ဗိဿဏိုး ထာဝရဘုရား စသူတို့ ဖန်ဆင်းမှုကြောင့် ဤရုပ်နာမ်ခန္ဓာဖြစ်ပေါ် လာသည် ဟူသော အယူမှားသည် ဝိသမဟေတုကဒိဋ္ဌိမည်၏၊ |
19,741 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် ဝိသမဟေတုဟူသည် “ရုပ်နာမ်၏အကြောင်းရင်း” ဟု သူတို့ ညွှန်ပြအပ်သော ဗြဟ္မာ စသူတို့ပင်တည်း၊ ထို ဗြဟ္မာစသူတို့ကို တမျိုးထည်းထား၍ စိစစ်အံ့ - |
19,742 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဖန်ဆင်းသူဟူသည် ရုပ်နာမ် ခန္ဓာနှင့် အထင်အရှားလော, သို့မဟုတ် ကောင်းကင်ဟင်းလင်း ပမာ ဘာမျှ မရှိသော အရာလော၊ “ရုပ် နာမ် ခန္ဓာနှင့် အထင်အရှားပါဘဲ” ဆိုလျှင် ထို ဖန်ဆင်းသူ၏ ရုပ် နာမ် ခန္ဓာ ဖြစ်ဘို့ရာ အကြောင်းတမျိုးရှာရလိမ့်ဥုးမည်၊ |
19,743 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဖန်ဆင်းသူ၏ ရုပ် နာမ်မှာ အကြောင်းမရှိဘဲ ဖြစ်တယ် “ ဟု ဆိုပြန်လျှင် ယခင် အဟေတုက ဒိဋ္ဌိ၌ သက်ဝင်၍ ယခင်ပြခဲ့သော အပြစ်များမှ မကင်းလွတ်ရာ၊ “ထိုသို့အကြောင်းမရှိဘဲ ဖန်ဆင်းသူ၏ရုပ်နာမ် ခန္ဓာဖြစ်တယ်” ဆိုလျှင် ဖန်ဆင်းတတ်သူ ရုပ်နာမ်ခန္ဓာပေါင်း အမြောက်အမြားပင် ကမ္ဘာအပြည့်မျှ ရှိရပေလိမ့်မည်။ |
19,744 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖန်ဆင်းသူဟူသည် ရုပ်နာမ် ခန္ဓာနှင့် အထင်အရှား မဟုတ်ပါ, အနန္တ တန်ခိုးတော်နှင့် ပြည့်စုံသော ဝိညာဉ်တော်သာဖြစ်သည်” ဟု ဆိုလျှင် (ဝိညာဉ်သည် သာသနာတော် ကျမ်းဂန်အလို နာမ်တရားပင်တည်း၊ သို့သော် သူတို့အလို ရုပ် နာမ်မှ အလွတ်ပင် ဆိုပါစေဥုးတော့၊) ထိုဝိညာဉ် ဘယ်မှာ နေသလဲ, (ကောင်းကင်ဘုံမှာ နေတယ်၊) |
19,745 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကောင်းကင်ကို သူဖန်ဆင်းသလား ဖန်ဆင်းလျှင် ကောင်းကင်မရှိမီက ဘယ်မှာ နေသလဲ။ |
19,746 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့မဟုတ် ကောင်းကင်ကို သူ မဖန်ဆင်းဘူးဆိုလျှင် ကောင်းကင်ကို မဖန်ဆင်းနိုင်ဘူးပေါ့, ဘာမျှမရှိတဲ့ ကောင်းကင်ကိုမှ မဖန်ဆင်းနိုင်ဘဲလျက် “ ထင်ရှားသော အရာဝတ္ထုတွေကို ဖန်ဆင်းတယ်” ဆိုသည်မှာ ယုတ္တိ ရှိပါသလော၊ |
19,747 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို အချက်များကို ထားလိုက်ပါဥုး၊ ထို ဝိညာဉ်တော်မှာ အနန္တတန်ခိုးရှိလျှင် ထို အနန္တတန်ခိုးကို မည်သူ့ထံမှ ရသနည်း၊ သူများထံမှရလျှင် ထို သူများ၏ အခြွေအရံသာ ဖြစ်ရမည်၊ မိမိအလိုအလျောက် ရတယ်ဆိုလျှင် ထို တန်ခိုးမရခင် ဤ ကမ္ဘာကြီးကို မဖန်ဆင်းခင်က သူ့ကိုယ်တိုင် ဘယ်လိုနေရှာမည်လဲ။ |
19,748 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ပြင် — ဤ ကမ္ဘာလောကကြီးကို ကိုယ်ကျိုး အတွက် ဖန်ဆင်းခြင်းလား, သူများအကျိုးအတွက် ဖန်ဆင်းခြင်းလား၊ ကိုယ်ကျိုးအတွက်ဆိုလျှင် ထိုဝိညာဉ်တော်မှာ အကျိုး လုံလောက်အောင် မပြည့်စုံ သေးဘူးပေါ့၊ “သတွာများအတွက် ဖန်ဆင်းပေးတယ်” ဆိုလျှင် လူတို့၏ ရန်သူဖြစ်ကြသော ခြင်္သေ့ သစ် ကျား မြွေ နဂါး စသည်တို့ကို ဖန်ဆင်းရာ၌ (မဟုတ်သော်လည်း) တစုံတခု ... |
19,749 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုပြင် - လောကကိုဖန်ဆင်းရာ၌ “ ကိုယ်တော့ အကျိုးလည်းမဟုတ်, သတွာများ၏ အကျိုးလည်း မဟုတ်, သတွာတွေ ဖြစ်လိုက် ပျက်လိုက် နေကြပုံကို ရှုစားလျက် အပျော်ကစားဘို့ရာ ဖန်ဆင်းတာဘဲ” ဟုဆိုလျှင် မကစားဘဲ ပျော်နိုင်သော နည်းကိုမျှ မသိရှိသော ဝိညာဉ်တော်သည် အပျော်တခုကိုမျှ လုံလောက်စွာ အစိုးမရပါတကား၊ |
19,750 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ စသော အဖြစ်အပျက်တို့ဖြင့် စစ်ချက်ထုတ်သည့်အခါ ရုပ်နာမ်ကို လုပ်ကြံ ဖန်ဆင်းနိုင်သူရှာ မရတော့သဖြင့် ဝိသမဟေတုကဒိဋ္ဌိ ကင်းစင်ရလေတော့သည်။ |
19,751 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သမဟေတု မညီ မမျှသော ဝိသမ အကြောင်းများကို ပယ်ရှားပြီးလျှင် အကြောင်းအကျိုးနှင့် သင့်တင့် ညီမျှသည့် သမ အကြောင်းကို ရှာရမည်၊ ထိုအကြောင်းများကို အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ စသော ပဋိစ္စသမုပ္ပါဒ်နည်း, ဟေတုပစ္စယော စသော ပဋ္ဌာန်းနည်းတို့အရ ဆင်ခြင်နိုင်လျှင် ကောင်းစွာထင် မြင်လွယ်ဘို့ရှိ၏၊ |
19,752 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့သော် အဘိဓမ္မာသဘောကို မနိုင်လျှင် ဆင်ခြင်ဘို့ ခဲယဉ်းသောကြောင့် ရုပ် ခန္ဓာအတွက် ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း နာမ်ခန္ဓာတို့အတွက် ယောနိသောမနသိကာရ စသော အကြောင်းများဖြင့် စဉ်းစား ဆင်ခြင်ရာ၏။ |
19,753 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကံ ဤ ရုပ်ခန္ဓာသည် ဤဘဝအတွက် မိခင်၏ ဝမ်းတိုက်၌ အလွန် သေးငယ်စွာ ကလလရေကြည် အဖြစ်ဖြင့် တည်၏၊ ထို ရုပ်ကလေးကား မိဘတို့၏ သုတ်သွေးကို မှီတွယ်ရသော်လည်း ရှေးဘဝက အဝိဇ္ဇာ တဏှာ အရင်းခံ၍ ပြုခဲ့သော ကံကြောင့်သာ ဖြစ်ပေါ်လာရပေသည်၊ |
19,754 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုကံသည် ဒါနမှု သီလမှု ဘာဝနာမှု စသောအားဖြင့် သတွာ အမျိုးမျိုး၌ ကံ အမျိုးမျိုး ရှိခဲ့ကြပုံကို ထားလိုက်ဥုးတော့၊ လူပေါင်းများစွာ တပြိုင်နက် ပြုကြသော သီလစောင့်မှု ကံတခုကိုပင် တချို့က သဒ္ဓါ ပညာ သတိ ဝိရိယ စသည်တို့ အလွန် ထက်သန်စွာ ပြု၏၊ တချို့က သဒ္ဓါ ပညာ စသည်တို့ သင့်တော်ရုံဖြင့် ပြု၏၊ တချို့က ဝတ်ကြေ တန်းကြေ, တချို့ကား နမူး န... |
19,755 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုကံအကျိုး ပေးသည့်အခါ တယောက်နှင့် တယောက် ရုပ်ခန္ဓာ မတူတော့ဘဲ တချို့မှာ အလွန်အမင်း လှပ၍ တချို့က သင့်ရုံ တော်ရုံ စသည် ဖြစ်ကြရလေသည်၊ |
19,756 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ စသည် ဖြင့် ရှေးကံ မတူ၍ ရုပ်ခန္ဓာ မတူနိုင်ပုံကို အစွမ်းကုန် ခွဲကြည့်ရာ၏၊ |
19,757 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [အာဟာရ စိတ် ဥတုတို့ကြောင့် ရုပ်ဖြစ်ပုံကို ရူပသမုဋ္ဌာန်ခဏ်း၌ ပြခဲ့ပြီ။ |
19,758 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] နာမ်ခန္ဓာ၏ အကြောင်း |
19,759 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နာမ် ခန္ဓာ ၄ ပါးတွင် ဝိညာဏက္ခန္ဓာသည် အချုပ်တည်း၊ ထိုဝိညာဉ်သည် - |
19,760 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အကောင်းသိ အမှန်သိ တရားသိ ဖြစ်သော ကုသိုလ်, မကောင်းသိ မတရားသိဖြစ်သော အကုသိုလ်, အကျိုးတရားအဖြစ်ဖြင့် သိရသော ဝိပါက်, နောင်အခါ အကျိုးမရ-သိကာမတ္တ ဖြစ်သော ကြိယာဟု ၄ မျိုးရှိ၏၊ |
19,761 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုတွင် ကုသိုလ်သည် အရာရာဝယ် သင့်တင့်အောင် နှလုံးသွင်းလေ့ (သင့်တော်အောင် စိတ်ထားလေ့) ရှိသော ယောနိသော မနသိကာရ ကြောင့် ဖြစ်၏၊ |
19,762 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အကုသိုလ်သည် မသင့်မတင့် နှလုံးသွင်းလေ့ (စိတ်ထား မတတ်လေ့) ရှိသော အယောနိသော မနသိကာရ ကြောင့် ဖြစ်၏၊ |
19,763 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိပါက်ကား ရှေးဘဝက ကုသိုလ် အကုသိုလ်ကံကြောင့် ဖြစ်၏၊ |
19,764 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကြိယာမှာ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ သန္တာန်၌ ဖြစ်၏၊ |
19,765 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိပါက်စိတ်တွင် စက္ခုဝိညာဉ်ဖြစ်ဘို့ရာ - ၁။ |
19,766 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စက္ခုပသာဒ ၂။ |
19,767 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရူပါရုံ ၃။ |
19,768 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အာလောက (အရောင်အလင်း) ၄။ |
19,769 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မနသိကာရ (နှလုံးသွင်း ဆင်ခြင်မှု ) ဤသို့ အကြောင်း လေးပါးရှိ၏၊ |
19,770 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို အကြောင်း လေးပါး မစုံလျှင် ထာဝရဘုရားပေါင်း ထောင် သောင်းဝိုင်း၍ ဖန်ဆင်းသော်လည်း မဖြစ်နိုင်၊ ထို ၄ ပါးစုံနေပါမူ ထိုဘုရားသခင်တို့ အစွမ်းကုန် တားသော်လည်း မနေ၊ ဧကန် စက္ခုဝိညာဉ် ဖြစ်ပေမည်သာ။ |
19,771 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နဟေတ္ထ ဒေဝေါ ဗြဟ္မာဝါ, သံသာရဿ.တ္ထိ ကာရကော၊ သုဒ္ဓဓမ္မာ ပဝတ္တန္တိ, ဟေတုသမ္ဘာရ ပစ္စယာ။ |
19,772 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဧတ္ထ - ဤ ရုပ်နာမ်အပေါင်း, အကြောင်းသင့်စွာ, ဖြစ်ပေါ်၍ နေရာ၌၊ သံသာရဿ - အဆက်မပြတ်, ဖက်စပ်တုန့်ပြန်, ရုပ်နာမ်ခန္ဓာ, သံသရာကို၊ ကာရကော - မဖြစ် ဖြစ်အောင် တည်ထောင် ဖန်ဆင်းနိုင်သော၊ ဒေဝေါဝါ - ကျေးဇူးကိုတင်, ဂုဏ်အင်ကိုမှတ်, ပျပ်ဝပ်ရှိခိုးဘို့, ဗိဿဏိုးနတ်မင်းကြီးသည်၎င်း၊ ဗြဟ္မာဝါ - ကမ္ဘာကို စနိုင်သည့်, ထာဝရသခင်, အရှင် ဗြဟ္မာမ... |
19,773 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | 🤔 ကင်္ခါ ၁၆ ပါး |
19,774 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ ပစ္စုပ္ပန်ဘဝ၌ ရုပ်နာမ်တို့၏ ဖြစ်ကြောင်းကို ကောင်းကောင်း သိမြင်သည့်အခါ “ရှေးရှေးဘ၀ တုန်းကလည်း အကြောင်း အားလျော်စွာ ရုပ်နာမ် ခန္ဓာတို့ ဖြစ်ခဲ့လှပြီ၊ ရဟန္တာ မဖြစ်သေးသမျှ နောက်နောက် ဘဝတို့၌လည်း အကြောင်း အားလျော်စွာ ဖြစ်ကြရလိမ့်ဥုးလတံ့” ဟု သဘောကျသဖြင့် ၁၆ ပါးသော ယုံမှားမှုများ ကင်းကွာရလေတော့သည်၊ |
19,775 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၁၆ ပါးကား - |
19,776 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၁။ အဟောသိံ နုခေါ အဟံအတီတမဒ္ဓါနံ - ရှေးအတိတ် ကာလက ငါဖြစ်ခဲ့တာမှ ဟုတ်ပါလေရဲ့လား။ |
19,777 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၂။ နနုခေါ အဟောသိံ အတီတမဒ္ဓါနံ - ငါ မဖြစ်ခဲ့ဘူးလေရော့သလား။ |
19,778 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၃။ ကိံ နုခေါ အဟောသိံ အတီတမဒ္ဓါနံ - (ဖြစ်ခဲ့ဘူးလျှင်) မင်း ပုန်ဏား စသည်တွင် အဘယ်သို့သော အမျိုးဇာတ်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း။ |
19,779 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၄။ ကထံ နုခေါ အဟောသိံ အတီတမဒ္ဓါနံ - အဘယ်ပုံသဏ္ဌာန်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း။ |
19,780 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၅။ ကိံဟုတွာ ကိံအဟောသိံ အတီတမဒ္ဓါနံ - ဟို တတိယဘဝက ဘယ်ပုံဖြစ်ခဲ့၍ လွန်ပြီးသော ဒုတိယ ဘဝဝယ် ဘယ်လိုများ ဖြစ်ခဲ့ပါလိမ့်မည်နည်း၊ |
19,781 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ အတိတ်ဘဝအတွက် ယုံမှားချက် ၅ မျိုး, “အတီတမဒ္ဓါနံ” အရာဝယ် “အနာဂတံသမဒ္ဓါနံ” ကို ထည့်လျက် အနာဂတ် ဘဝအတွက် ယုံမှားချက် ၅ မျိုး, |
19,782 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယခု ပစ္စုပ္ပန်အတွက် — ၁။ |
19,783 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပစ္စုပ္ပန္နံ အဒ္ဓါနံ အာရဗ္ဘ ကထံကထီ ဟောတိ - ပစ္စုပ္ပန်ကာလ၌ ဖြစ်သော ခန္ဓာကိုစွဲ၍ သို့လော သို့လော တွေးတောခြင်း။ |
19,784 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၂။ အဟံ နုခေါ အသ္မိ - ငါ ဟုတ်မှ ဟုတ်ကဲ့လား။ |
19,785 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၃။ နော နုခေါ.သ္မိ - ငါ မဟုတ်ဘဲ ရှိရော့သလား။ |
19,786 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၄။ ကိံ နုခေါ.သ္မိ - ဘယ်လိုအမျိုးဇာတ် ဖြစ်ပါလိမ့်မည်နည်း (မင်းမျိုးလေလား, ပုန်ဏားမျိုးလေလား။ |
19,787 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ) ၅။ ကထံ နုခေါ.သ္မိ - ငါ၏အတ္တသည် ဘယ်လိုပုံသဏ္ဌာန် ရှိပါလိမ့်မည်နည်း။ |
19,788 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၆။ အယံ နုခေါ သတ္တော ကုတော အာဂတော, သော ကုဟိံ ဘဝိဿတိ - ဤ အတ္တခေါ်သော သတွာသည် ဘယ်ဘဝကလာခဲ့၍ ဘယ်ဘဝသို့ သွားဥုးမှာပါလိမ့်မည်နည်း၊ |
19,789 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤကား ယုံမှားမှု ၁၆ ပါးတည်း။ |
19,790 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သူ အကြောင်း အားလျော်စွာ ဖြစ်တတ်ပုံကို သဘောကျလျှင် ထို အားလုံးကို ကောင်းစွာ မသိနိုင်သေး သော်လည်း ကြံကြံစီစီကား တွေးတော ယုံမှားခြင်း မရှိတော့ပြီ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ အရဝယ် အဝိဇ္ဇာ ဖုံးကွယ် ထားအပ်သော ဗုဒ္ဓဓမ္မ စသော ၈ ပါး၌ ယုံမှားမှုများလည်း ကင်းကွာလေပြီ၊ |
19,791 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ ယုံမှားမှုအားလုံးကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်သည့်အခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်း ပေါက်ပြီ၊ |
19,792 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤ ကင်္ခါဝိတရဏဝိသုဒ္ဓိကို (အကျိုးတရားများ တည်တန့်ဘို့ အကြောင်းကို သိတတ်သောကြောင့်) ဓမ္မဋ္ဌိတိဉာဏ် ဟုလည်း ခေါ်၏၊ ရုပ်နာမ်ကို အကြောင်းနှင့်တကွ ဟုတ်မှန်စွာ သိတတ်သောကြောင့် ယထာဘူတဉာဏ် ဟုလည်း ခေါ်၏၊ မှန်ကန်စွာ သိမြင်တတ်သောကြောင့် သမ္မာဒဿနဟုလည်း ခေါ်၏၊ ဒိဋ္ဌိဝိသုဒ္ဓိတုန်းက ရုပ်နာမ်ကိုသာ သိ၏, ရုပ်နာမ် အကြောင်းကို မသိသေး၊ ဤဝိသ... |
19,793 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ⭐ စူဠသောတာပန် |
19,794 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန် အစစ် ဖြစ်သူသည် ဒိဋ္ဌိ နှင့် ပိစိကိစ္ဆာကို မိမိသန္တာန်၌ မကြွင်းကျန်ရအောင် သတ်ဖြတ်နိုင်၏၊ ဤကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်သော ယောဂီသည်လည်း ထိုဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ မသတ်နိုင်စေ ကာမူ အတော်ကြာအောင် ပယ်ခွါနိုင်ပြီ၊ ထို့ကြောင့် သောတာပန်နှင့် အလားတူရကား စူဠသောတာပန် အဖြစ်သို့ ရောက်ပြီ “သောတာပန် အငယ်စားဖြစ... |
19,795 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိတို့ဖြင့် စင်ကြယ်ပြီး တည်တန့် ခိုင်မြဲပြီးသော သီလသမာဓိ ရှိရကား ကမ္မပထ မြောက်လောက်သော ဒုစရိုက် အကုသိုလ်လည်း ဖြစ်ဘွယ် မရှိတော့ပြီ၊ ဤ ဝိသုဒ္ဓိစခန်းမှ မဆုတ်နစ်လျှင် မဂ်ဖိုလ်ကို မရသေးသော်လည်း ဒုတိယဘဝအတွက် သုဂတိကို ဧကန် ရပေတော့မည်၊ ထို့ကြောင့် ယခုလောက် အမြော်အမြင်ရှိသော ဘဝဝယ် အနည်းဆုံး ဤ စူဠသောတာပန် ... |
19,796 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိသုဒ္ဓသီလစိတ္တေဟိ, ကင်္ခါဝိတရဏဉာဏိကော၊ စူဠသောတာပန္နောနာမ,တဒတ္ထံ ဝါယမေ တတော။ |
19,797 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိသုဒ္ဓသီလစိတ္တေဟိ - ညစ်ကြေးမတင်, လွန်သန့်စင်သည် လေးအင် သီလ, သမထကြောင့်, တောက်ပ လျှံဖိတ်, စင်ကြယ်သော စိတ်တို့နှင့်တကွ၊ ကင်္ခါဝိတရဏဉာဏိကော - ဒိဋ္ဌိ ဝိစိကိစ္ဆာ, ပယ်ခွါနိုင်ဘိ, ဝိသုဒ္ဓိဉာဏ်, အမြင်သန်သော ယောဂီသည်၊ စူဠသောတာပန္နောနာမ - သောတာပန်ဖြစ်, ပုဂ္ဂိုလ်စစ်နှင့် စနစ်တူတန်, စူဠမှန်သည့်, သောတာပန် မည်နိုင်ပေပြီ၊ တတော - ထို... |
19,798 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ✨ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ |
19,799 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “သမ္မသီယတေ ဧတေနာတိ သမ္မသန” (အဝုတ္တ ကတ္တုသာဓန) အရ သုံးသပ်တတ်သော ဉာဏ်ကို သမ္မသနဉာဏ်ဟု ခေါ်၏၊ |
19,800 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရှေး ဝိသုဒ္ဓိ ၄ ပါးအခိုက်၌ အနိစ္စ ဒုက္ခ အနတ္တ ဟု မရှုသေး၊ သီလဝိသုဒ္ဓိ၌ သီလကိုသာ စင်ကြယ်အောင် အားထုတ်ခဲ့ရ၏, စိတ္တဝိသုဒ္ဓိ၌ စိတ်စင်ကြယ်အောင် သမာဓိရအောင် အားထုတ်ခဲ့ရ၏, ဒိဋ္ဌိဝိသုဒ္ဓိ၌ ရုပ်နာမ် တရားတို့ကို ပိုင်းခြား၍ သိခဲ့ရ၏, ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ ရုပ်နာမ်တို့၏ အကြောင်းရင်းကို ရှာဖွေခဲ့၏, |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.