id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
19,801
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယခုအခါ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဖြစ်ဘို့ရာ အကြောင်းနှင့် တကွ ပိုင်းခြား၍ သိရပြီးသော တေဘူမက ရုပ်နာမ်တို့ကို လက္ခဏာယာဉ် ၃ ပါး တင်၍ သမ္မသနဉာဏ်ဖြင့် သုံးသပ် ဆင်ခြင်ရတော့မည်။
19,802
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[အနိစ္စ စသော လက္ခဏာ ၃ ပါးကို မဂ်ဖိုလ်သို့ ရောက်ဘို့ရာ ယာဉ်ရတနာနှင့် တူသောကြောင့် ပါဠိလို ယာနတ္တယ, မြန်မာလို လက္ခဏာယာဉ် ၃ ပါး ဟု ခေါ်၏။
19,803
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သမ္မသနနည်း ၄ မျိုး
19,804
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသမ္မသနနည်းသည် “ကလာပ ဝသေန အဒ္ဓါဝသေန သန္တတိဝသေန ခဏဝသေန” ဟု ဝသေန ၄ ပုဒ်ကိုရှု၍ ကလာပသမ္မသန, အဒ္ဓါသမ္မသန, သန္တတိသမ္မသန, ခဏသမ္မသန, ဤသို့ ၄ မျိုးရှိ၏ဟု မှတ်၊
19,805
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုတွင် အတိတ်ဘဝ၌ ဖြစ်သော ရုပ် စသည်ဖြင့် မခွဲခြားဘဲ, ရူပန္ဓက္ခာ အားလုံး ဝေဒနာက္ခန္ဓာ အားလုံး စသည်ဖြင့် ခန္ဓာ တခုခုကို အပေါင်းပြု၍ သုံးသပ်ခြင်းသည် ကလာပ သမ္မသန မည်၏၊ [ကလာပ သဒ္ဒါသည် “ရုပ်ကလာပ်”ဟူရာ၌ကဲ့သို့ “အပေါင်း” ဟူသော အနက်ကို ဟော၏၊]
19,806
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာ ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာ စသည်ဖြင့် ဘဝ ခွဲခြား၍ သုံးသပ်ခြင်းသည် အဒ္ဓါ သမ္မသနနည်း မည်၏၊ [အဒ္ဓါ သဒ္ဒါသည် အဓွန့်ကာလကို ဟော၏၊]
19,807
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဧရုပ်အစဉ် အပူရုပ်အစဉ် စသည်ဖြင့် တဘဝထည်း၌ပင် အစဉ်အမျိုးမျိုး ခွဲခြား၍ သုံးသပ်ခြင်းသည် သန္တတိသမ္မသနနည်း မည်၏၊
19,808
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ်အစဉ် တမျိုးတည်း၌ပင် ဥပါဒ် ဌီ ဘင် ဟူသော ခဏ အားဖြင့် ခွဲ၍ သုံးသပ်ခြင်းသည် ခဏသမ္မသန နည်း မည်၏၊
19,809
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို ၄ မျိုးတွင် ကလာပ သမ္မသနနည်းသည် အလွယ်ဆုံးတည်း၊ အဒ္ဓါ စသော နည်းများကား အဆင့်ဆင့် သိမ်မွေ့၏၊ ထို့ကြောင့် အလွယ်ဆုံး နည်းဖြင့် အသားကျသည့်အခါ အဆင့်ဆင့် တိုးတက်ဘို့ရာ အဒ္ဓါ စသော နည်းများကို ပြထားသည်။
19,810
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အတီတာဒိဘေဒဘိန္နေသု ခန္ဓာဒိနယံ −
19,811
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အတီတာဒိ၌ အာဒိ အရ အနာဂတ် ပစ္စုပ္ပန် စသော (သမုစ္စည်းပိုင်း ဘေဒါဘာဝေန၌ ပြခဲ့သော) ၁၁ ပါး အပြားကိုယူ၊
19,812
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ခန္ဓာဒိနယ၌ အာဒိ သဒ္ဒါဖြင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ လာသော -
19,813
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
စက္ခုဒွါရ စသော ဒွါရ ၆ ပါး,
19,814
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပါရုံ စသော အာရုံ ၆ ပါး,
19,815
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
စက္ခုဝိညာဉ် ၊ပေ၊ မနောဝိညာဉ် ဟူသော ဝိညာဉ် ၆ ပါး,
19,816
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
စက္ခုသမ္ဖဿ စသော ဖဿ ၆ ပါး,
19,817
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
စက္ခုသမ္ဖဿဇာ ဝေဒနာ စသော ဝေဒနာ ၆ ပါး,
19,818
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပသညာ ၊ပေ၊ ဓမ္မသညာ ဟူသော သညာ ၆ ပါး,
19,819
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပသေဉ္စတနာ စသော စေတနာ ၆ ပါး
19,820
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပတဏှာ စသော တဏှာ ၆ ပါး,
19,821
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပဝိတက္က စသော ဝိတက် ၆ ပါး,
19,822
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပဝိစာရ စသော ဝိစာရ ၆ ပါး,
19,823
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပထဝီ အာပေါ တေဇော ဝါယော အာကာသ ဝိညာဏ ဟူသော ဓာတ် ၆ ပါး
19,824
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပထဝီကသိုဏ်း စသော ကသိုဏ်း ၁၀
19,825
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
(အာလောက ကသိုဏ်း မပါ, ဝိညာဏကသိုဏ်းဟု လာ၏၊),
19,826
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
၃၂ ကောဋ္ဌာသ,
19,827
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အာယတနအကုန်,
19,828
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဓာတ်အကုန်,
19,829
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
လောကီ ဣန္ဒြေ ၁၉ (လောကုတ္တရာဣန္ဒြေ ၃ ပါးကို ဝိပဿနာ မရှုရ),
19,830
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကာမဓာတ် ရူပဓာတ် အရူပဓာတ် ၃ ပါး
19,831
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကာမဘဝ စသော (ဓာတုကထာလာ) ဘဝ ၉ ပါး,
19,832
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကသိုဏ်းအာရုံမှတပါး အခြား အာရုံကို အာရုံပြုရသော ရူပဈာန် ၄ (ကသိုဏ်း ဈာန်မှာ ပါခဲ့ပြီ၊)
19,833
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အပ္ပမညာ ၄,
19,834
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အရူပ သမာပတ် ၄,
19,835
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပဋိစ္စသမုပ္ပါဒ အားလုံးတည်း။
19,836
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ခန္ဓာဒိနယ၌ နယသဒ္ဒါဖြင့်လည်း ထိုပဋိသမ္ဘိဒါမဂ်၌ လာသော ခန္ဓာအားဖြင့် ခွဲခြား၍ သုံးသပ်နည်း, ဒွါရအားဖြင့် ခွဲခြား၍ သုံးသပ်နည်း စသည်ကိုပင် ပြသည်။
19,837
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[အချို့က ခန္ဓာဒိ နယ.မာရဗ္ဘကို ကလာပဝသေန သံခိပိတွာ လောက်တွင်စပ်၍ နယသဒ္ဒါသည် “အကျဉ်းချုပ်နည်း အမြွက်” အနက်ကို ဟော၏ ဟု အဓိပ္ပါယ် ပြောကြ၏၊ အကျယ် မချဲ့တော့ဘဲ “သဗ္ဗံ ရူပံ အနိစ္စံ” စသည်ဖြင့် အကျဉ်းချုပ် သုံးသပ် ပွားများနည်းဟု ဆိုလိုသတတ်၊ သို့သော် ခန္ဓာဒိ၌ အာဒိသဒ္ဒါက အတော် ကျယ်ဝန်းသော နည်းတွေကို ယူထားသေ ကြောင့် ထိုဝါဒကို စဉ်းစာ...
19,838
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကလာပသမ္မသနနည်း
19,839
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သဗ္ဗံ ရူပံ အနိစ္စံ ခယဋ္ဌေန- ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန, သဗ္ဗာဝေဒနာ အနိစ္စာ ၊ပေ၊ သဗ္ဗာသညာ အနိစ္စာ ၊ ပေ ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ ၊ပေ၊ သဗ္ဗေ ဝိညာဏံ အနိစ္စံ ခယဋ္ဌေန- ဒုက္ခံ ဘယဋ္ဌေန- အနတ္တာ အသာရကဋ္ဌေန။
19,840
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မြန်မာလိုကား -
19,841
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရုပ်ဟူသမျှသည် ကုန်ခန်း ပျက်စီးခြင်းသဘောရှိသဖြင့် မမြဲပါတကား၊ ကြောက်မက်ဘွယ် သဘော ရှိသဖြင့် ဒုက္ခချည်းပါတကား၊ အနှစ်သာရ မရှိသည့် အတွက် အတ္တမဟုတ်ကြပါတကား၊ “ဝေဒနာ ဟူသမျှသည်” စသည်ဖြင့်ဆိုလေ။
19,842
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနိစ္စံ ခယဋ္ဌေန
19,843
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကုန်ခန်း ပျက်စီးတတ်ခြင်းကို ထောက်လျှင် ရူပက္ခန္ဓာ၏ မမြဲကြောင်း ထင်ရှား၏၊ အကြောင်း အားလျော်စွာ ဖြစ်ပြီးနောက် မပျက်စီးနိုင်ဘဲ ခိုင်မြဲမှသာ နိစ္စ-ဟု ဆိုရာ၏၊ ယခုမှာ ဖြစ်ပြီးနောက် ဘင် ခဏတွင် ချုပ်ပျက်စီး၏၊ ထို့ကြောင့် ရူပက္ခန္ဓာသည် အနိစ္စပါတကား။
19,844
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဒုက္ခံဘယဋ္ဌေန
19,845
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မိမိတို့ သန္တာန်၌ ရှိသော ထိုရူပက္ခန္ဓာသည် ဧကန်ပျက်ရဥုးမည်၊ ပျက်ရမည့် အရာ မှန်လျှင်လည်း ဧကန် ကြောက်မက်ဘွယ် ကောင်းလှ၏၊ ရူပက္ခန္ဓာတွင် ပထဝီ စသော ဓာတ်ကြီး ၄ပါးသည် မြွေဆိုးကြီး ၄ ကောင်နှင့်တူ၏၊
19,846
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရာဇဝတ်မှုသင့်၍ “မောင်မင်းသည် ဤမြွေဆိုးကြီး ၄ ကောင်ကို အစာမှန်မှန် ကျွေး၍ မွေးမြူရမည်, အစာကျွေးပုံ မဟန်တဲ့ တနေ့မှာ အစာကို မကျေနပ်သောမြွေက မောင်မင်းကို ကိုက်သတ်လိမ့်မည် ” ဟု အမိန့် ချမှတ်ခံရသူသည် ထိုမြွေကြီး ၄ ကောင်ကို အလွန်ကြောက်ရွံ့စွာ အစာမှန်မှန် ကျွေးရာမှ သူတို့ အလို မကျသဖြင့် အကိုက် ခံရတော့သကဲ့သို့, ထို့အတူ ဤ ဓာတ်ကြ...
19,847
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့ စသည်ဖြင့် ရုပ်နာမ် အားလုံးဝယ် ကြောက်မက်ဘွယ် ကောင်းသော အချက်တွေ များလှ၏။
19,848
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနတ္တာအသာရကဋ္ဌေန
19,849
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရှေး၌ ပြခဲ့သော အနှစ်သာရ မရှိကြသဖြင့် ရုပ်အားလုံး အနတ္တချည်းပါ တကား၊ ဝေဒနာ စသည်တို့၌လည်း အနိစ္စလက္ခဏာ စသည်ကို ဆင်ခြင်ရာ၏၊ ဤ လက္ခဏာ ၃ ပါးသည် တပါးနှင့်တပါး ဆက်သွယ်လျက် ရှိ၏၊
19,850
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနှစ် မရှိသောကြောင့် မခိုင်မြဲဘဲ ပျက်စီးရ၏, ပျက်စီးတတ်သဖြင့်လည်း ကြောက်မက်ဘွယ် ဒုက္ခတုံး ဖြစ်၏၊ မပျက်မစီး ခိုင်မြဲ၍ မဆင်းရဲလိုဘဲလျက် ပျက်စီးရ ဆင်းရဲရသဖြင့် အစိုးမရ အနတ္တချည်းဖြစ်၏၊ ဤသို့ လက္ခဏာ တပါးနှင့် တပါး ဆက်သွယ်လျက် ရှိသောကြောင့် တပါးမျှ ကောင်းစွာ ထင်မြင်လျှင် အခြား လက္ခဏာ ၂ ပါးလည်း အလိုလို ထင်ရှားလာနိုင်ပေသည်။
19,851
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အဒ္ဓါသမ္မသနနည်း
19,852
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ယံ အတီတေ ရူပံ, တံ ယသ္မာ အတီတေယေဝ ခီဏံ, နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခံ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန၊ ယံ အနာဂတံ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ, တံပိ တတ္ထေဝ ခီယိဿတိ, န တတော ပရံ ဘဝံ ဂမိဿတီတိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခံ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန၊ ယံ ပစ္စုပ္ပန္န ရူပံ, တံပိ ဣဓေဝ ခီယတိ, န ဣတော ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန - ...
19,853
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
= အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာသည် အတိတ်ဘဝ၌ပင် ချုပ်လေပြီ, ဤ ပစ္စုပ္ပန်ဘဝသို့ မရောက်၊ ထို့ကြောင့် ကုန်ခန်းခြင်းသဘော ရှိ၍ အနိစ္စ-ကြောက်မက်ဘွယ်သဘောရှိ၍၊ ဒုက္ခ-အနှစ်သာရ မရှိ၍ အနတ္တ ပါတကား၊ ဤသို့ စသည်ဖြင့် ပါဠိ အားလျော်စွာ မြန်မာပြန်ပါလေ။
19,854
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ အဒ္ဓါသမ္မသန နည်း၌ ဘဝအားဖြင့် ခွဲခြား၍ပွားများ သုံးသပ်မှုကိုသာ သင်္ဂြိုဟ်ကပြလိုရင်း ဖြစ်၏၊
19,855
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သို့သော် အဇ္ဈတ္တ ဗဟိဒ္ဓ ခွဲခြား၍ “ယံ အဇ္ဈတ္တံ, တံပိ အဇ္ဈတ္တမေဝ ခီယတိ, န ဗဟိဒ္ဓါဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန ၊ပေ၊ ယံဗဟိဒ္ဓါ ရူပံ, တံ ပိ ဗဟိဒ္ဓါယေဝ ခီယတိ, န အဇ္ဈတ္တဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခံ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန” ဟုလည်း ပွားများနိုင်၏၊ ထို့အတူ -
19,856
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ယံ ဩဠာရိကံ, တံပိ တတ္ထေဝ (ထို သြဠာရိက အဖြစ်၌သာလျှင်) ခီယတိ၊ န သုခုမဘာဝံ ဂစ္ဆတီတိ” စသည်ဖြင့် သြဠာရိက သုခုမခွဲ၍ ၎င်း, “ယံ ဟီနံ, တံပိ တတ္ထေဝ ခီယတိ” စသည်ဖြင့် ဟီန ပဏီတ ခွဲ၍၎င်း, “ယံ ဒူရေ, တံပိ တတ္ထဝ ခီယတိ, န သန္တိကေ ဘာဝံ ဂစ္ဆတီတိ” စသည်ဖြင့် ဒူရေသန္တိကေ ခွဲ၍၎င်း ပွားများနိုင်၏၊
19,857
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝေဒနာက္ခန္ဓာ စသော နာမ်ခန္ဓာ ၄ ပါးကို ၎င်း, ဒွါရ အာရုံ စသည်တို့ဖြင့် ခွဲခြား၍၎င်း ပွားများနိုင်သည်သာ။
19,858
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သန္တတိ သမ္မသနနည်း
19,859
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အပူ၌ နေစဉ် အပူရုပ် အစဉ်ဖြစ်၏, နေရိပ်သို့ဝင်ပြီးနောက် အတော်ကြာလျှင် အပူရုပ် အစဉ် ပျောက်၍ အဧရုပ်အစဉ် ရောက်၏၊ မကျန်းမာတဲ့အခါ မကျန်းမာသော ရုပ်အစဉ် ဖြစ်၏, ကျန်းမာပြန်လျှင် မကျန်းမာသော ရုပ်အစဉ် ပျောက်၍ ကျန်းမာသော ရုပ်အစဉ် ရောက်၏၊ ထိုင်နေတဲ့အခါ ရုပ်အစဉ်သည် ထလိုက်သည့်အခါ ကုန်ပျောက်၍ ထရုပ်အစဉ်ရောက်၏၊ စကား ပြောတုန်းအခါ ရုပ်အစဉ်သ...
19,860
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရူပါရုံကို အာရုံပြုသော စိတ်ဝီထိ အစဉ်သည် သဒ္ဒါရုံကို အာရုံပြုသော စိတ်ဝီထိ အစဉ်သို့ မရောက်, အနိဋ္ဌာရုံကိုခံစားသော ဒုက္ခဝေဒနာ အစဉ်သည် ဣဋ္ဌမဇ္ဈတ္တ အတိဣဋ္ဌာရုံကို ခံစားရာ ခဏသို့ မရောက်, ရူပါရုံကို မှတ်သားသော သညာက္ခန္ဓာ အစဉ်သည် သဒ္ဒါရုံကို မှတ်သားသော သညာက္ခန္ဓာ အစဉ်သို့ မရောက်, ရူပါရုံကို စေ့ဆော် ပြုလုပ်သော (စက္ခုဝိညာဏဝီထိ၌ ...
19,861
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို့ ပြင် - ဝိသုဒ္ဓိမဂ်လာသည့်အတိုင်း ဖွဲ့ဆိုအပ်သော —
19,862
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဆောင်] သုံးပါး အယွယ်, ဆယ်ဒသက, ပဉ္စကတည်း, စတုက-တိ, ဒိနှင့် ဧက, သုံးဝဥတု, ရတုခြောက်သွယ်, လကွယ်-လဆန်း, ဒိဝန်း ရတ္တိ, ဆဗ္ဗိအခါ, ကိရိယာဆ- ဥဒ္ဓါရဟု, စသည့်ခြောက်ခု, ထိုထိုစု၌, ရှိမှုဥဿုံ, အလုံးစုံသည်, ရွေ့တုံမဖြစ်, တဆစ်တရပ်, တစပ် တသင်း, နှမ်းအိုးခင်းထက်, နှမ်းစေ့ကျက်သို့, ကွဲပျက် ကြေမွ, အနိစ္စသည်, ဒုက္ခ အနတ္တ ချည်းတည်း။
19,863
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
-ဟူသော ပရမတ္ထသရူပဘေဒနီလာ လင်္ကာ အတိုင်းလည်း ပွားများရာ၏။
19,864
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ခဏသမ္မသနနည်း
19,865
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥပါဒ် ဌီ ဘင် ဟူသော ခဏတ္တယကို တခဏဟု ယူ၍ “အတိတ်ခဏ၌ ဖြစ်သော ရုပ်သည် ပစ္စုပ္ပန် ခဏသို့ မရောက်ဘဲ ချုပ်ပျောက်ခြင်း သဘောကြောင့် အနိစ္စ” စသည်ဖြင့်၎င်း, “အတီတ ဘဝင်စိတ်သည် ဘဝင်္ဂ စလနသို့ မရောက်ဘဲ ချုပ်ပျောက်ခြင်း သဘောကြောင့် အနိစ္စ” စသည်ဖြင့်၎င်း, ရုပ်ဝီထိ နာမ်ဝီထိ အစဉ်ကို ကြည့်၍ ပွားများရာ၏၊
19,866
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤ ခဏသမ္မသန နည်းကား ဘုရားရှင်မှတပါး အခြားပုဂ္ဂိုလ်တို့ဉာဏ်တွင် ထင်မြင်နိုင်ရန် ခဲယဉ်းသည်ဟု ဆိုကြ၏၊ သို့သော် တိုက်ရိုက် မထင်သော်လည်း အနိစ္စ ဒုက္ခ အနတ္တ သဘော ထင်ရှားအောင် အမှန်း အတား အားဖြင့် ပိုင်းခြား ကန့်သတ်၍ ပွားများအပ်၏၊
19,867
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤသို့ တေဘူမက သင်္ခါရ၌ ကလာပသမ္မသန စသော နည်းဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟု သုံးသပ် ဆင်ခြင်တတ်သော ဉာဏ်ကို သမ္မသနဉာဏ် ဟု ခေါ်သည်။
19,868
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တေဘူမက သင်္ခါရေသု, ပဿတော လက္ခဏတ္တယံ၊ သမ္မသန နာမံ ဉာဏံ, ဇာတံ ပဌမယောဂိနော။
19,869
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တေဘူမက သင်္ခါရေသု - ကာမရူပ, အရူပတွင်, ပါဝင်သမျှ, သင်္ခါရတို့၌၊ လက္ခဏတ္တယံ - မမြဲနိုင်လစ်, ဒုက္ခစစ်နှင့် အနှစ်မဲ့အင်, လက္ခဏာယာဉ် သုံးပါးကို၊ ပဿတော - နည်းအဖုံဖုံ ကုန်အောင်စုံမျှ, တလုံလဲလဲ, စွဲမြဲ ထင်မြင်အောင်, ဆင်ခြင် ကြည့်ရှုပေသော၊ ပဌမယောဂိနော - ပဌမလျှင်, အစထွင်၍, အစဉ်ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊ သမ္မသန နာမံ ဉာဏံ -...
19,870
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🔥 ဥဒယဗ္ဗယဉာဏ်
19,871
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဥဒယ-အဖြစ် + ဝယ-အပျက်၊ ဝယ ၌ ဝကို ဒွေးဘော်ပြု ဝ ၂ လုံးကို ဗ ၂ လုံးပြု၍ ဥဒယဗ္ဗယ ဟု ဖြစ်၏။
19,872
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက် အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏၊
19,873
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
နာမ် ရုပ်တို့သည် မဖြစ်ခင်က အဆင်သင့်ဖြစ်ဘို့ရာ စုဆောင်း သိမ်းဆည်းပြီးလည်း မရှိ, ချုပ်သည့် အခါလည်း အရပ်တပါးသို့ ရောက်သွား၍ စုပုံနေသည်လည်း မဟုတ်၊ စောင်းခွက်စောင်းကြိုး၌ တီးခြင်း အမျိုးမျိုးကိုစွဲ၍ ယုတ်ခနဲ စောင်းသံ ပေါ်လာပြီးနောက် အတီးရပ်သည်နှင့် တပြိုင်နက် အသံတိတ်ဆိတ် ပုံကဲ့သို့, ထိုအတူ ရုပ်နာမ်တရားလည်း ဆိုင်ရာ အကြောင်း က...
19,874
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
အနုပ္ပန္နာ ပုပ္ပဇ္ဇန္တိ, ဥပ္ပန္နာပိ နိရုဇ္ဈရေ၊ နိစ္စံ နဝါဝ သင်္ခါရာ, ဝီဏာသဒ္ဒ သမူပမာ။
19,875
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
သင်္ခါရာ-ရုပ်နာမ် ၂ ပါး သင်္ခါရတရားတို့သည်၊ အနုပ္ပန္နာ ဝ - စုဆောင်း သိမ်းဆည်း, ဖြစ်ပြီး မဟုတ်ကုန်ဘဲသာလျှင်၊ ဥပ္ပဇ္ဇန္တိ - အကြောင်းကို စွဲ၍ ယုတ်ခနဲ ဖြစ်ပေါ်လာကြကုန်၏၊ ဥပ္ပန္နာပိ - အကြောင်းအားလျော်စွာ, ပေါ်လာကုန်ပြီး၍လည်း၊ နိရုဇ္ဈရေ - ချက်တဖြုတ် ယုတ်တရက် ချုပ်ပျက်ကြလေကုန်၏၊ နိစ္စံနဝါဝ - ခဏမစဲ အမြဲဖြစ်လျက်, အသစ်စက်စက် တို...
19,876
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပစ္စယ ဝသေန ခဏဝသေန
19,877
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဤကဲ့သို့ စဉ်းစားပြီးနောက် နာမ် ရုပ်တရားတို့ကို အကြောင်းနှင့် တွဲဘက်၍ ဆက်လက် ရှုစားရာ၏, ရုပ်တရား၏ ဖြစ်ကြောင်းကား ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၌ ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ကံ အာဟာရ တို့တည်း၊ (ထိုအကြောင်းတို့ကြောင့် ဖြစ်ပုံကို ပြခဲ့ပြီ)၊
19,878
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထို အကြောင်းများ မရှိလျှင် ရုပ်တရားလည်း မဖြစ်နိုင်၊ နာမ်တရားတို့၏ အကြောင်းကား အာဟာရ အရာဝယ် ဖဿကို ထည့်၍ အဝိဇ္ဇာ တဏှာ ကံ ဖဿ ဟု သိလေ၊ ဤ အကြောင်းတရားကို သိပြီးလျှင် “အဝိဇ္ဇာ ရှိခြင်းကြောင့် ရုပ် နာမ် ဖြစ်ရသည်, အဝိဇ္ဇာကို အကြွင်းမဲ့ သတ်နိုင်လျှင် ဤ ရုပ် နာမ် ဖြစ်နိုင်တော့မည် မဟုတ် ” စသည်ဖြင့် အဘန်ဘန် ရှုဆင်ခြင်သည့်အခါ ဖြစ်မ...
19,879
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုကဲ့သို့ အလွန့်အလွန် ထင်လာလျှင် ဥပါဒ်ခဏ ဘင်ခဏ အားဖြင့်လည်း ထင်ရှားတော့လတံ့၊ ခဏအားဖြင့် ထင်ရှားအောင်တမင် အားထုတ်ဘွယ် မလို၊ ရေ၌ တုတ်ဖြင့် ရေးခြစ်သည့်အခါ ရှေ့က ခြစ်-နောက်က ပျက်လိုက်သကဲ့သို့, ထို့အတူ ရုပ်နာမ်တရားများလည်း ဖြစ်ပြီးလျှင် ချက်ခြင်း ပျက်တော့၏၊
19,880
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ရေအိုင်၌ မိုဃ်းရွာ၍ အုဖေါင်း ပွက်ကလေးများ ဖြစ်ရာ၌ “ဖြစ်လျှင်,ပျက်” သကဲ့သို့၎င်း, နေထွက်သည်နှင့် တပြိုင်နက် ဆီးနှင်းပေါက်တွေ အရည်ပျော် သကဲ့သို့၎င်း, အပ်နဖါးကို ထွင်းသော စူးဖျားပေါ်၌ မုန်ညင်းစေ့ကို တင်လျှင် တင်သည်နှင့် တပြိုင်နက် လိမ့်ကျ သကဲ့သို့၎င်း, ရုပ် နာမ်တို့သည် “ ခုဖြစ် ခုပျက်” ပါတကား ဟု အဖြစ် အပျက်ကို ခဏအားဖြင့် ...
19,881
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
တေဘူမကသင်္ခါရေသု - ကာမ, အရူပတွင်, ပါဝင်ကြတောင်း, သင်္ခါရအပေါင်းတို့၌၊ ဥဒယဗ္ဗယံ - ဖြစ်လျှင် ချက်ခြင်း, ပျက်ပုံအခင်းကို၊ ပဿတော - တုတ်ခြစ်ရေထက်, မိုဃ်းရေပွက်နှင့်, အပ်ထက်မုန်ညင်း, နေထွက်နှင်းသို့, မယွင်းပုံပြ အဘန်ဘန် ရှုလျက်နေသော၊ ဒုတိယ ယောဂိနော - ဒုတိယအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊ ဥဒယဗ္ဗယ...
19,882
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
💫 ဩဘာသ ဤ ပြခဲ့သည့်အတိုင်း ရုပ် နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သည့်အခါ လွန်စွာ စိတ်ကြည်လင်ရကား စိတ္တဇ ကိုယ်ရောင် ကိုယ်ဝါ - ထို စိတ္တဇ အရောင် အဝါမှဆက်၍ စိတ္တပစ္စယ ဥတုသမုဋ္ဌာန အရောင် အဝါတို့သည် ဉာဏ်ထက်လျှင် ထက်သလောက် မိမိထိုင်နေရာအရပ် တခန်းလုံး, တကျောင်းလုံး, တတိုက်တာလုံး တဂါဝုတ်, ၂ ဂါဝုတ်, တယူဇနာ, ၂ ယူဇနာ စသ...
19,883
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ထိုအခါ “ငါ့မှာ ရှေးက ဤ ကိုယ်ရောင် ကိုယ်ဝါများ မဖြစ်ဘူးချေ, ဤကိုယ်ရောင်ကိုယ်ဝါကို ထွက်ဖြာစေနိုင် သောစိတ်သည် မဂ်စိတ် ဖိုလ်စိတ်ပင် ဖြစ်ရာ၏၊ ငါ မဂ်ရပြီ ဖိုလ်ရပြီ ” ဟု မှတ်ထင်ပြီးလျှင် အားထုတ်မြဲ ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ကိုယ်ရောင် ကိုယ်ဝါကို သာယာ နှစ်သက်ကာ ဝိပဿနာလမ်း လွဲရှာလေတော့သည်။
19,884
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🎉 ပီတိ ဩဘာသသာ မကသေး, စေတသိက်ပိုင်း၌ ပြခဲ့သော ခုဒ္ဒိကာ ခဏိကာ စသော ပီတိ ၅ မျိုးလည်း ထိုက်သင့် သလို ဖြစ်ပေါ်လျက် အလွန်နှစ်သက်၏။
19,885
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🧘 ပဿဒ္ဓိ ကိုယ် စိတ် ၂ ပါးလုံးပင် ဧမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တဿဒ္ဓိလည်း ဖြစ်၏၊
19,886
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ပဿဒ္ဓိ သာမက, သောဘနသာဓာရဏ ဖြစ်သော လဟုတာ မုဒုတာ ကမ္မညတာ စေတသိက်များလည်း ဖြစ်သည်ပင်၊ ပဿဒ္ဓိ တခုကိုသာ ဥပလက္ခဏ နည်းဖြင့် မှတ်၍ပြထားသည်။
19,887
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
] ထိုအခါ ယောဂီ ပုဂ္ဂိုလ်သည် လွန်စွာငြိမ်းချမ်းသဖြင့် ကမ္မဋ္ဌာန်း၌ စွဲလမ်း မွေ့လျော် ရွှင်ပျော်လေတော့၏။
19,888
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
✅ အဓိမောက္ခ
19,889
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ကမ္မဋ္ဌာန်း အာရုံ၌ သက်ဝင် ဆုံးဖြတ်တတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်လာ၏၊
19,890
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
[ဤ၌ ယုံကြည်ကာမတ္တ မဟုတ်, စူးစိုက် သက်ဝင်တတ် ဆုံးဖြတ်တတ်သောကြောင့် သဒ္ဓါကိုပင် အဓိမောက္ခ ဟု ဆိုသည်၊ အဓိမောက္ခ စေတသိက်-ဟု မမှတ်လင့်၊ အဓိမုစ္စတိ - သက်ဝင် ဆုံးဖြတ်တတ်၏၊ ဣတိ - ထို့ကြောင့်၊ အဓိမောက္ခော - မည်၏။
19,891
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
💪 ပဂ္ဂဟ ဝိပဿနာစိတ်ကို နောက် မဆုတ်ရအောင် အားပေးချီးမြှောက်, ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်လာ၏၊
19,892
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ပဂ္ဂဏှာတိ - အားပေးချီးမြှောက် ထောက်ပံ့တတ်၏၊ ဣတိ - ကြောင့်၊ ပဂ္ဂဟော - ပဂ္ဂဟမည်၏။
19,893
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
😊 သုခ ဆီထိသော ဝါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တကိုယ်လုံး၌ မွန်မြတ်သော စိတ္တဇရုပ်တွေကို ပြန့်နှံ့ ထုံမွှမ်း စေတတ်သော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။
19,894
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
🧠 ဉာဏ ဝဇီရစိန်လက်နက် မိုးကြိုးစက်သို့ သွက်လက် လျှင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာ၏။
19,895
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
“ ရှုလိုက်တိုင်း ရှုလိုက်တိုင်း ရုပ်နာမ်၏ အဖြစ် အပျက်တွေ အလွန်ထင်ရှားနေသည်” ဟူလို။
19,896
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
⛰️ ဥပဋ္ဌာန
19,897
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
မြင့်မိုရ်တောင်မင်းပမာ ကမ္မဋ္ဌာန်း အာရုံ၌ လွန်စွာတည်တန့်သော သတိလည်း ဖြစ်ပေါ်လာ၏၊
19,898
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဥပဋ္ဌတိ - အာရုံ၌ စွဲမြဲတည်နေတတ်၏၊ ဣတိ - ကြောင့်၊ ဥပဋ္ဌာနံ - မည်၏။
19,899
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
⚖️ ဥပေက္ခာ
19,900
Uncategorized
ကမ္မဋ္ဌာန်း ဘာသာဋီကာ
ဝိပဿနုပေက္ခာ အာဝဇ္ဇနုပေက္ခာ ဟူသော ဥပေက္ခာ ၂ မျိုးလည်း ဖြစ်ပေါ်လာ၏၊