id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
19,901 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖြစ်မှု ပျက်မှုတို့ အလွန်ထင်ရှားနေရကား ထိုအဖြစ်အပျက်ကို ရှုဘို့ရန် ဗျာပါရ မများတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ် နှင့်ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာသည် ဝိပဿနုပေက္ခာ မည်၏။ |
19,902 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို ဖြစ်မှုပျက်မှုကို ဆင်ခြင်လိုသည့် အခါ၌ အလွန် လျှင်မြန်စွာ ဆင်ခြင်နိုင်သော စေတနာသည် အာဝဇ္ဇနုပေက္ခာ မည်၏။ |
19,903 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | 💖 နိကန္တိ ဩဘာသ စသည်တို့ဖြင့် အလွန် တင့်တယ်စွာ တန်ဆာဆင်ထား သကဲ့သို့ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်တတ်သော တဏှာသည် နိကန္တိ မည်၏၊ ထို နိကန္တိလည်း ဖြစ်တတ်လေသည်၊ |
19,904 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုနိကန္တိ တဏှာသည် လွန်စွာ သိမ်မွေ့ရကား ယောဂီပုဂ္ဂိုလ်က တဏှာမှန်းမသိ, ဝိပဿနာ မွေ့လျော်မှု ဟူသော ဝိပဿနာရတိ ဟုသာ အထင်ရှိလေသည်၊ ဤပီတိ စသည်တို့ ဖြစ်သည့်အခါလည်း “ငါ့မှာ ရှေးက ဤပီတိမျိုးမဖြစ်ဘူးချေ, ဤပီတိကို ဖြစ်စေသော စိတ်ကား မဂ် ဖိုလ်စိတ်ပင် ဖြစ်ရာ၏၊ ငါ မဂ်ရပြီ ဖိုလ်ရပြီ” ဟု မှတ်ထင်ကာ ဝိပဿနာလမ်း လွဲရှာလေ၏။ |
19,905 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | 🚫 ဥပက္ကိလေသ |
19,906 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိပဿနာကို ညစ်နွမ်းစေတတ်သော တရားကို ဥပက္ကိလေသ ဟုခေါ်၏၊ ဩဘာသက စ၍ ဥပေက္ခာ တိုင်အောင်သော ရှေ့ ၉ ပါးသည် အကုသိုလ်တရား မဟုတ်၊ ဤ ဥဒယဗ္ဗယဉာဏ်ခဏ်းသို့ ရောက်လျှင် ဖြစ်တတ်မြဲပေတည်း။ |
19,907 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပီတိစသည်ကား ဝိပဿနာစိတ်နှင့် ယှဉ်ဘက် စေတသိက်များလည်း ဖြစ်၏၊ ထို့ကြောင့် ဩဘာသ စသည်ကို မုချ ဥပက္ကိလေသ-ဟု မဆိုရ, သို့သော် - |
19,908 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဩဘာသ စသည်တို့သည် “ငါ့မှာ ဖြစ်၏” ဟု စွဲလမ်းသော ဒိဋ္ဌိ “အလွန် နှစ်သက်ဘွယ် ကောင်းပေသည်” ဟု မှတ်ထင်တတ်သော မာန, “ငါ၏ ဩဘာသ” စသည်ဖြင့် စွဲလမ်းတတ်သော တဏှာ, တရား ၃ မျိုး၏ တည်ရာ မှီရာ အာရုံဖြစ်ကြ၏၊ |
19,909 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ တဏှာ မာန ဒိဋ္ဌိ တို့ကား ဝိပဿနာစိတ်ကို ညစ်နွမ်း စေတတ်သော ဥပက္ကိလေသပေတည်း၊ |
19,910 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် အာရမဏိက တဏှာ မာန ဒိဋ္ဌိတို့၏ ဥပက္ကိလေသ အမည်ကို အာရုံဖြစ်သော ဩဘာသ စသည်တို့ အပေါ် တင်စား၍ ဖလူပစာရ ဌာနူပစာရ နည်းဖြင့် ဩဘာသ စသည်ကိုလည်း ဥပက္ကိလေသ ဟု ခေါ်ဝေါ် ရတော့သည်၊ |
19,911 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နောက်ဆုံး နိကန္တိကား သူကိုယ်တိုင်လည်း မုချအားဖြင့် ဥပက္ကိလေသတည်း၊ ထိုနိကန္တိကိုပင် အာရုံပြု၍ နောက်နောက် တဏှာ မာန ဒိဋ္ဌိများ ဖြစ်တတ်သေးရကား ဖလူပစာရ ဋ္ဌာနူပစာရ အားဖြင့်လည်း ဥပက္ကိလေသ အမည်ရသည်။ |
19,912 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် ဩဘာသ ပီတိ စသော ဝတ္ထုအားဖြင့် ဝိပဿနုပက္ကိလေသ ၁ဝ ပါးရှိ၏၊ တခုတခုကို အာရုံပြုသော တဏှာ မာန ဒိဋ္ဌိဖြင့်မြောက်လျှင် ဝိပဿနုပတ္တိလေသ ပေါင်း ၃ဝ ရှိသည်။ |
19,913 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ➡️ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (နိဂုံး) |
19,914 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကမ္မဋ္ဌာန်းအစဉ်၌ မကျွမ်းကျင်သော ယောဂီသည် ထိုသြဘာသ စသည်ကို နှစ်သက်လျက် ကမ္မဋ္ဌာန်း လမ်းလွဲသော်လည်း ကျွမ်းကျင်သော ယောဂီ၌ကား “ဤ သြဘာသ စသည်တို့သည် တဏှာ မာန ဒိဋ္ဌိတို့၏ တည်ရာဖြစ်၍ ဝိပဿနာစိတ်ကို ညစ်နွမ်းစေတတ်သော ဘေးရန်မျှသာ ဖြစ်၏၊ ဤသြဘာသ စသည်ကို သာယာနှစ်သက်မှုသည် လမ်းမှန်မဟုတ် အမဂ္ဂတည်း, ဤဩဘာသ စသည်ကို ဂရုမစိုက်ဘဲ အားထုတ်မြဲ ... |
19,915 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဉာဏ်သည် သာမန် သိရုံမျှ မဟုတ်, မဂ္ဂ အမဂ္ဂကို မျက်စိဖြင့် ကြည့်ရသလို သိမြင်တတ်သောကြောင့် ဒဿနလည်း မည်၏, ဝိပဿနုပတ္တိလေသတို့မှ စင်ကြယ်သောကြောင့် ဝိသုဒ္ဓိလည်း မည်၏၊ ထို့ကြောင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဟု ခေါ်သည်၊ |
19,916 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤမျှလောက်သော ဝိပဿနာ အစဉ်ဖြင့် ဥဒယဗ္ဗယဉာဏ် အဆုံး မသတ်သေး၊ ဩဘာသ စသည်တို့၏ နှောင့်ရှက်မှုကြောင့် အဆုံး မသတ်ခင် လမ်းခုလတ်မှာပင် ဝိပဿနာအစဉ် ရပ်နေသည်၊ ထို့ကြောင့် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်းကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနယ် ဟု မှတ်။ |
19,917 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | 🛤️ ပဋိပဒါညာဏဒဿနဝိသုဒ္ဓိ |
19,918 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပရိဗန္ဓ ဝိမုတ္တဿ |
19,919 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ပရိဗန္ဓန္တိ - ဝိပဿနာအစဉ်ကို နှောင်ဖွဲ့ဖျက်ဆီးတတ်ကုန်၏၊ ဣတိ - ကြောင့်၊ ပရိဗန္ဓာ - ပရိဗန္ဓတို့ မည်၏” နှင့် အညီ, ဝိပဿနာစိတ်အစဉ်ကို ဖွဲ့နှောင် ဖျက်ဆီးတတ်သော ဝိပဿနုပတ္တိလေသ တရားစုကို ပရိဗန္ဓ ဟု ခေါ်၏၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြင့် ထိုပရိဗန် ဘေးရန်မှ လွတ်ခဲ့သောယောဂီကို ပရိဗန္ဓဝိမုတ္တ ဟု ခေါ်သည်။ |
19,920 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥဒယဗ္ဗယဉာဏတောပဋ္ဌာယ - |
19,921 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရှေ့က ဥဒယဗ္ဗယဉာဏ်ဖြစ်ခဲ့သော်လည်း ဝိပဿနုပတ္တိလေသတို့၏ နှောက်ရှက်မှုကြောင့် အနိစ္စ စသော လက္ခဏာ ၃ ပါးတို့ ကောင်းကောင်း မထင်ရှားသေး၊ ထို့ကြောင့် ဥပက္ကိလေသ တို့မှ လွတ်ပြီးသည့်အခါ ထို လက္ခဏာ ၃ ပါး အလွန် ထင်ရှားအောင် ဥဒယဗ္ဗယဉာဏ်ကို ထပ်မံ အားထုတ်ရပြန်သည်၊ |
19,922 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို ဥဒယဗ္ဗယဉာဏ်မှ စ၍ ဘင်္ဂဉာဏ် ဘယဉာဏ် စသောဉာဏ် အစဉ်အတိုင်း အနုလောမဉာဏ် ရောက်သည့် အခါကျမှ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနယ် ဆုံးသည်။ |
19,923 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [မဂ်ဖိုလ်သို့ ရောက်ကြောင်း အကျင့်ဖြစ်၍ ပဋိပဒါဟု၎င်း, တေဘူမကသင်္ခါရကို အနိစ္စ ဒုက္ခ အနတ္တ ဟု သိတတ်သောကြောင့် ဉာဏဟု၎င်း, သာမန် အသိမျိုး မဟုတ် မျက်စိဖြင့် မြင်ရသလို သိမြင်တတ်သောကြောင့် ဒဿန ဟု၎င်း, ဆန့်ကျင်ဘက် ကိလေသာတို့မှ ဝေးသည်ထက် ဝေးကွာ၍ လွန်စွာစင်ကြယ်သောကြောင့် ဝိသုဒ္ဓိဟု ၎င်း ခေါ်သည်၊ “ပဋိပဇ္ဇန္တိ ဧတာယာတိ ပဋိပဒါ”ဟု ဝိ... |
19,924 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဘင်္ဂဉာဏ် |
19,925 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥဒယဗ္ဗယဉာဏ်ဖြင့် ရုပ်နာမ်၏ အဖြစ်အပျက် ၂ မျိုးလုံးကို ထင်ရှားအောင်ရှု၍ အလွန်ထင်နေသည့်အခါ အဖြစ်အပျက်က အလွန် လျင်မြန်ရကား အဖြစ်ကို အာရုံမပြုမိတော့ဘဲ အပျက်ကိုချည်းသာ မြင်လေတော့၏၊ |
19,926 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - ရေအိုင်တွင် မိုဃ်းရွာ၍ ရေအုဖေါင်းပွက်လေးများကို ကြည့်ရာဝယ် ဖြစ်ပြီးသည်နှင့် တပြိုင်နက် အပျက်က မြန်လွန်းရကား အဖြစ်ကို မြင်လိုက်ရဘဲ အပျက်ကိုသာ မြင်ရတော့သကဲ့သို့တည်း၊ |
19,927 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပစ္စုပ္ပန် ရုပ် နာမ် များ၏ အပျက် ဘင်္ဂကို ကျကျနန ရှုသည့်အခါ အတိတ် အနာဂတ် ရုပ် နာမ်များကို မှန်းဆ၍ အာရုံပြုလိုက်သည်ရှိသော် အပျက်ဘင်ကိုသာ အာရုံပြုမိလျက်သား ဖြစ်နေတော့၏၊ |
19,928 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရ တခုခု၏ ဘင်ကို အာရုံပြုသော ဘင်္ဂဉာဏ်၏ ဘင်ကိုပင် နောက်ထပ် ဆက်၍ ဉာဏ်တခုက အာရုံ ပြုနိုင်သောအခါ ဘင်္ဂဉာဏ် အထွဋ် အထိပ်သို့ ရောက်ပြီ။ |
19,929 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရာ.မေ ပုဗ္ဗဠံဝ, ဘိဇ္ဇရေ ဘိဇ္ဇရေ ခဏံ၊ ပဿတွေဝံ ဘင်္ဂဉာဏံ, ဇာတံ တတိယ ယောဂိနော။ |
19,930 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣမေသင်္ခါရာ - ဤ ရုပ် နာမ် ၂ ပါး, သင်္ခါရ တရားတို့သည်၊ ပုဗ္ဗဠံဝ - ရေအိုင်အထက်, မိုဃ်းရေပွက်တို့, အပျက်လျင်မြန်, ပုံဟန်အတူသာလျှင်၊ ခဏံ - ယုတ်တရက်မျှ, တခဏခြင်း၊ ဘိဇ္ဇရေ ဘိဇ္ဇရေ - အဆက်မပြတ်, တပျက်ထည်း ပျက်တတ်ကုန်စွတကား၊ ဧဝံပဿတော - ဤကဲ့သို့လျှင်, အပျက် မြင်အောင်, ဆင်ခြင်ပွားများလျက်နေသော၊ တတိယယောဂိနော - တတိယအဆင့်, ဉာဏ်... |
19,931 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . ဘယဉာဏ် |
19,932 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အသက်ရှည်ကြာ ချမ်းသာကို လိုလား၍ ဘေးကိုများစွာ ကြောက်တတ်သူသည် ခြင်္သေ့ သစ် ကျား သားရဲ များသော တောအရပ်ကိုမြင်လျှင် ကြောက်စရာ အရပ်ဟု ထင်မှတ်သကဲ့သို့, ဘင်္ဂဉာဏ်ဖြင့် ရုပ်နာမ်၏ အပျက်တွေကို မြင်ပြီးရကား - |
19,933 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဤ ရုပ်နာမ်တို့သည် ရှေးရှေး ဘဝ၌၎င်း ယခုဘဝ ရှေးကာလ၌၎င်း ပျက်ခဲ့လှပြီ, ယခုလည်း နှမ်းအိုးခင်း၌ နှမ်းစေ့တွေ တဖျစ်ဖျစ်နေသလို တပျက်ထည်း ပျက်လျက်ပင်, နောက်နောက်ကာလ နောက်ဘဝ၌လည်း (သည်ပုတ်ထဲက သည်ပဲ-ဆိုသလို) ဧကန် ပျက်ရဥုးမည်၊ ဤ ရုပ်နာမ်တွေသည် ကြောက်စရာတွေပါတကား” |
19,934 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟု ထင်မြင်သော ဘယဉာဏ် ဖြစ်ပေါ်လာလေသည်။ |
19,935 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိရုဒ္ဓါ.တီတသင်္ခါရာ, ပစ္စုပ္ပန္နာ စ ဘိဇ္ဇရေ၊ အနာဂတာ ဘိဇ္ဇိဿန္တိ, သဗ္ဗေပိဘာယိတဗ္ဗကာ။ |
19,936 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အတီတသင်္ခါရာ - အတိတ်ဘဝ, ရှေးကာလ၌, ဖြစ်ကြအများ, သင်္ခါရတရားတို့သည်၊ နိရုဒ္ဓါ - ငါ၏သန္တာန်, အဘန်ဘန်ဖြင့်, မှန်မှန်ပျက်ပြုန်း, ကုန်ဆုံးကြလေကုန်ပြီ၊ ပစ္စုပ္ပန္နာ စ - ယခုလက်ငင်း, ပက်ပင်းတွေ့ကြုံ, အဖုံဖုံပွား, သင်္ခါရတရားတို့သည်လည်း၊ ဘိဇ္ဇရေ - နှမ်းအိုးခင်းထက်, နှမ်းတွေ ကျက်သို့, ယုတ်တရက်အနေ, ချုပ်ပျက်ကြလေကုန်၏၊ အနာဂတာ -... |
19,937 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . ဘယဉာဏ်မကြောက် |
19,938 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဘယဉာဏ်သည် ကြောက်သလော, ထို ဘယဉာဏ် ဖြစ်သော ယောဂီသည် ကြောက်သလော - ဟု မေးဘွယ် ရှိ၏၊ |
19,939 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အဖြေကား - ကြောက်တတ်သော သဘောမှာ ဒေါသဇောသာတည်း၊ ထို့ကြောင့် မဟာကုသိုလ်၌ ယှဉ်လျက် ဖြစ်သော ဘယဉာဏ်သည် မကြောက်ပါ, ယောဂီပုဂ္ဂိုလ်ကလည်း မကြောက်ပါ၊ သို့သော် “တေဘူမက သင်္ခါရ တရားတွေကို ကြောက်ဘွယ်ကောင်းသော တရားတွေပါတကား”ဟု ရှုတတ်သောကြောင့် ဘယဉာဏ် ဟု ဆိုပါသည်၊ |
19,940 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - ကလေးမိုက် တယောက်သည် ကလေးချင်း အပေါ်မှာ အတော်ရက်စက်၏၊ ထိုသူနှင့် ကစားသော ကလေးများမှာ ဒုက္ခရောက်ရ၏၊ ထို ကလေးမိုက်ကို လူကြီးတွေက မကြောက်, သို့သော် “ကြောက်စရာ့ ကောင်ကလေး ” ဟု ထင်မှတ်သကဲ့သို့တည်း။ |
19,941 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . အာဒိနဝ, နိဗ္ဗိဒါ, မုစ္စိတုကမျတာ |
19,942 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရုပ် နာမ်သင်္ခါရတို့၌ ကြောက်မက်ဘွယ် ဘေးကြီးပါတကားဟု ဘယဉာဏ် ပေါ်လာသည့်အခါ ထို သင်္ခါရတို့၌ အပြစ်မြင်သော အာဒီနဝ ဉာဏ်လည်း ပေါ်လာတော့မည်၊ |
19,943 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အပြစ်မြင်မိလျှင် ထို သင်္ခါရတို့၌ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်း ဆက်လက် ဖြစ်ပေါ်လာတော့မည်သာ၊ |
19,944 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤ ဘယ အာဒီနဝ နိဗ္ဗိဒါဉာဏ် ၃ ပါးသည် ဖြစ်ကာစ၌ ရှုမြင်ပုံ ကွဲသော်လည်း အသားကျသည့်အခါ ဉာဏ် တခုထည်း၌ပင် ဘယ အာဒီနဝ နိဗ္ဗိဒါသဘော ရှိနိုင်လေသည်၊] |
19,945 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုကဲ့သို့ ငြီးငွေ့လာလျှင် (ပိုက်ကွန်တွင် မိသောငါးသည် ပိုက်ကွန်မှ လွတ်ထွက်လိုသကဲ့သို့) ထိုသင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာ ဉာဏ်လည်း ဖြစ်ပေါ်လာတော့လတ္တံ့။ |
19,946 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဘယတော.ပဋ္ဌာနေ နေဝ, အာဒီနဝံ စ ဇာနတော၊ နိဗ္ဗိန္ဒတော သင်္ခါရေသု, ဇာတာ မုစ္စိတုကမျတာ။ |
19,947 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရေသု - ရုပ်နာမ် ၂ ပါး, သင်္ခါရတရားတို့၌၊ ဘယတော.ပဋ္ဌာနေနေ၀ - ကြောက်ဘွယ်ခမန်း, ဘေးဘျမ်းဟု, စေ့ငုဆင်ခြင်, ထင်မြင်နေခြင်းကြောင့် သာလျှင်၊ အာဒီနဝံ - ပြော၍မကုန်, ပြစ်မျိုးစုံကို၊ ဇာနတောစ - သိမြင်သော ဉာဏ်, ထက်သန်သူလည်း ဖြစ်ပေထသော၊ နိဗ္ဗိန္ဒတော စ - ငြီးငွေ့သော ဉာဏ်, ထက်သန်သူလည်း ဖြစ်ပေထသော၊ ယောဂိနော - ၅ ကြိမ် ၆ ကြိမ်... |
19,948 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . ပဋိသင်္ခါဉာဏ် |
19,949 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရတို့၌ အနိစ္စ ဒုက္ခ အနတ္တ ထပ်မံရှုသော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏၊ |
19,950 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ပဋိ - တဘန် + သင်္ခါ - ရှုတတ်သောဉာဏ်၊] |
19,951 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မုစ္စိတုကမျတာဉာဏ်ဖြင့် သင်္ခါရတို့မှ လွတ်မြောက်လိုရုံသာ ရှိသေး၏, တကယ် မလွတ်နိုင်သေး၊ ဤ ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို စွန့်လွှတ်တော့မည်၊ သို့သော် စွန့်လွှတ်ခါနီး၌ ယုတ်ခနဲ မလွှတ်လိုက်သေးဘဲ ကြပ်ကြပ်နွံနာအောင် (နိစ္စ သုခ အတ္တဟု နောင်ခါ မစွဲလမ်းနိုင်အောင်) တဘန်ထပ်၍ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုပြန်လေသည်၊ |
19,952 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ- တံငါသည် တယောက် ငါးဖမ်းရာဝယ် ရှည်လျားသော အကောင်ကြီးကို ရေထဲ၌ လည်စေ့ ဆုပ်မိရာ “အင်မတန့် ငါးမြွေကြီးကို ဖမ်းမိပြီ”ဟု ရွှင်လန်းအားရလျက် ရေမှ ဖေါ်ထုတ်လေလျှင် မြွေဆိုး၏ အမှတ် လက္ခဏာ ဖြစ်သော လည်ရေးသုံးဆင့်ကို မြင်လေသော် ကြောက်ရွံ့လျက် စိတ်ပျက်ပျက်နှင့် လွှတ်ပစ်လို ပါသော်လည်း အလွှတ်တွင် မိမိလက်ကို ကိုက်သွားမည်စိုးသောကြော... |
19,953 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့အတူ သင်္ခါရ ရုပ်နာမ်တို့ကို ပင်ကိုယ်က အတော် နှစ်သက်ခဲ့ပြီးနောက် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ တွေကို တွေ့မြင်ရသည့်အခါကျမှ ဘယ အာဒီနဝ နိဗ္ဗိဒါ မုစ္စိတုကမျတာဉာဏ်တို့ အစဉ်အတိုင်း ဖြစ်ပြီးလျှင်, ယခုအခါ စွန့်ပစ်ဘို့ရာ အနိစ္စ စသော လက္ခဏာများကို ထပ်မံရှုပြန်ရသည်။ |
19,954 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . သင်္ခါရုပေက္ခာဉာဏ် |
19,955 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို စွန့်လွှတ်လိုက်ပြီးနောက် သင်္ခါရတို့၌ ဘယ အာဒီနဝ စသည် ဖြင့် မရှုတော့ဘဲ လစ်လျူရှုနိုင်သောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ်မည်၏၊ |
19,956 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ဉာဏ်ဖြင့် လစ်လျူရှုသည်-ဟု ဆိုသော်လည်း လုံးလုံး အာရုံမပြုဘဲနေလို့ မဖြစ်, ဝိပဿနာဉာဏ် ဟူသမျှ သင်္ခါရ ရုပ်နာမ်ကိုပင်အာရုံ ပြုရ၏။ |
19,957 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့သော် အာရုံပြုသည့်အခါ သာယာ နှစ်သက်ခြင်းလည်း မရှိ, ကြောက်မက်ဘွယ် ဟူ၍လည်း ဂရုမစိုက်ဘဲ လစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟုဆင်ခြင်နေခြင်းသာ ဖြစ်သည်၊ |
19,958 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ- မယားကို ချစ်ခင်သော ယောက်ျားသည် တပါးသူနှင့် ဖေါက်ပြား နေသည်ကို တွေ့မြင်၍ ထိုမယား၌ ကြောက်ရွံ့ခြင်း အပြစ် မြင်ခြင်းတို့နှင့် ရောနှောကာ မကြာခင် ကွာရှင်းလိုက်၏၊ ထို့နောက် ထိုမယားကို ချစ်လည်းမချစ်, တပါးသူနှင့် ဖေါက်ပြားသည်ကို မြင်သော်လည်း ထူးခြား၍ အပြစ်မမြင်, ဘာဘဲဖြစ်ဖြစ် ဟု လစ်လျူရှု သကဲ့သို့တည်း။ |
19,959 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မုစ္စိတုံ ကာမတောယေဝ, ပဋိသင်္ခါယ ဇာနတော၊ သင်္ခါရုပေက္ခာ နာမံ ဉာဏံ, ဇာတံ နဝမ ယောဂိ နော။ |
19,960 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မုစ္စိတုံ - သင်္ခါရခပင်း, လွတ်မြောက်ခြင်းငှါ၊ ကာမတော ယေဝ - မြော်လင့်ငံ့စား, လိုလားခြင်းကြောင့်သာလျှင်၊ ပဋိသင်္ခါယ - အနိစ္စ ဒုက္ခ အနတ္တ ဟု, ကြည့်ရှုတဘန်, ဆင်ခြင်သောဉာဏ်ဖြင့်၊ ဇာနတော - နိစ္စ သုခ, အတ္တကင်းစင်, သိမြင်လျက်ရှိသော၊ နဝမယောဂိနော - နဝမအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊ သင်္ခါရုပေ... |
19,961 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . အနုလောမဉာဏ် |
19,962 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤဉာဏ်မှ တဆင့်တက်လျှင် မဂ်ဖိုလ် ရောက်တော့မည်၊ သို့အတွက် အထက်မဂ်ခဏ်း၌ ရလတ္တံ့သော ဗောဓိပက္ခိယ တရားအား၎င်း ဥဒယဗ္ဗယ စသော အောက်ဉာဏ် ၈ ပါး အား၎င်း လျော်သောကြောင့် ဤဉာဏ်ကို အနုလောမဉာဏ် ဟု ခေါ်သည်၊ |
19,963 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ အနုလောမဉာဏ်သည် ရှေးဉာဏ်များ၏ ဆိုင်ရာကိစ္စကို ခွင့်ပြု ကျေနပ်သကဲ့သို့, အနိစ္စ ဒုက္ခ အနတ္တ ဟု ထပ်၍ ရှုတုန်းပင်ဖြစ်၏၊ ထို့ကြောင့် ရှေးဉာဏ် ၈ ပါးနှင့် မဆန့်ကျင် - အလျော်ပင် ဖြစ်၏၊ ပင်ကိုယ် ရည်ရွယ်ရင်းက မဂ်ခဏ၌ ဗောဓိပက္ခိယ တရားတို့ကို ရအောင်ရည်ရွယ်ခဲ့၏၊ ထို ရည်ရွယ်ချက်အတိုင်း ထိုတရားများကို ဧကန် ရတော့မည်ဖြစ်၍ ထို ဗောဓိပက္ခ... |
19,964 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ ... ဘုရင်၏ ရှေ့တော်မှောက်၌ အမတ်ကြီး ၈ ယောက်တို့ ရာဇသတ်နှင့်အညီ တရား စီရင်လေရာ, ဘုရင်မင်းမြတ်ကလည်း “အမတ်ကြီးများ စီရင်ချက်အတိုင်း တည်စေ”ဟု အမိန့်ချမှတ်၏၊ ဤ၌ ဘုရင်၏ အမိန့်သည် အမတ်ကြီး ၈ ယောက်၏ စီရင်ချက်နှင့်၎င်း အထက် ရာဇသတ်ကျမ်းနှင့်၎င်း လျော်သကဲ့သို့ တည်း၊ |
19,965 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ အနုလောမဉာဏ် ဟူသည် မဂ္ဂဝီထိ၌ပါသော ပရိကမ် ဥပစာ အနုလုံကိစ္စ တပ်သော ဉာဏ်ပင်တည်း၊ ဂေါတြဘုကား သင်္ခါရကို အာရုံ မပြု, နိဗ္ဗာန်ကိုသာ အာရုံပြုသောကြောင့် ဝိပဿနာဉာဏ်၌ မဝင်၊ သို့သော် ဝိပဿနာ ဉာဏ်များ၏ အထွဋ် ဥုးခေါင်းနှင့် တူသောကြောင့် ဝိပဿနာတွင် သွင်းယူရာ၏။ |
19,966 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . အနုလောမဉာဏ် ပေါ်လာပုံ |
19,967 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရုပေက္ခာဉာဏ်ဖြင့် သင်္ခါရတို့၌ လစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုဆင်ခြင်ဘန် များလတ်သော် သင်္ခါရတို့ကို အာရုံမပြုလိုဘဲ သင်္ခါရတို့မှ တွန့်ဆုတ်လျက် သင်္ခါရ လွတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွတ် နေတော့၏၊ သို့သော် နိဗ္ဗာန်ကို တိုက်ရိုက် မမြင်ရသေး သဖြင့် နိဗ္ဗာန်ကို ရှာဘွေရင်းပင် သင်္ခါရတို့ကို အာရုံပြုနေရသေးသည်။ |
19,968 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - ယခုလို စက်သင်္ဘောများ မထွန်းကားမီ ရွက်လှေကြီးများဖြင့် သမုဒြာဝယ် ကူးသန်းရသော အခါတုန်းက ကုန်သည်တို့သည် လှေပေါ်၌ ကျီးငှက်ကို ယူဆောင်သွားပြီးလျှင် ကမ်းကို မမြင်ရသည့်အခါ ထို ကျီး ငှက်ကို လွှတ်ကြရကုန်သတတ်၊ ထိုကျီးသည်ကမ်းကို ပျံသန်း ရှာဘွေစဉ် ကမ်းမမြင် သေးသမျှ လှေသို့ပြန်လာ၍ ရွက်တိုင်၌ နား၏၊ ထို့နောက် ရှာပြန်၏, မမြင်လ... |
19,969 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့အတူ ယောဂီ၏စိတ်သည်လည်း နိဗ္ဗာန် မမြင်သေးသမျှ သင်္ခါရကို အာရုံပြုကာ ပြုကာ နိဗ္ဗာန်ကိုသာ ရှာဘွေနေ၏၊ နိဗ္ဗာန် မြင်လောက်သည့် အကြိမ်၌ကား ပရိကမ် ဥပစာ အနုလုံ ဟု အနုလောမဉာဏ် ပေါ်လာပြီးနောက် ဂေါတြဘုဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် မဂ်ဖိုလ် ရောက်အောင် တိုးတက်လေတော့သည်၊ |
19,970 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် အဆင့်ဆင့် တိုးတက်လာသော ဝိပဿနာဉာဏ် ၉ ပါးကို ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိဟု ခေါ်သည်၊ |
19,971 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရာ လီနစိတ္တဿ, ဝီတသင်္ခါရ.မေသတော၊ အနုလောမနာမံ ဉာဏံ, ဇာတံ ဒသမယောဂိနော။ |
19,972 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရာ - ရုပ်နာမ် ၂ ပါး, သင်္ခါရတရားမှ၊ လီနစိတ္တဿ - အာရုံမျှကို မပြုလိုသဖြင့်, တွန့်တိုဆုတ်နစ်, စိတ်ရှိသည်ဖြစ်၍ သာလျှင်၊ ဝီတသင်္ခါရံ - သင်္ခါရ ခပ်သိမ်းတို့, ဇာတ်ငြိမ်းရာမှန်, ဧးနိဗ္ဗာန်ကို၊ ဧသတော - စွဲလမ်း နှစ်သက်, ရှာကြံလျက်ရှိသော၊ ဒသမယောဂိနော - ဒသမအဆင့်, ဉာဏ်ကုန်လွှင့်၍ အသင့် ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊ ... |
19,973 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . မဂ်ရခါနီး စိတ်အစဉ် |
19,974 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တဿေဝံ ပဋိပဇ္ဇန္တဿ မှစ၍ ပဝတ္တန္တိ တိုင်အောင်သော စကားရပ်ကား ဆိုခဲ့ပြီးသော အနုလောမဉာဏ်ကို ပြသော စကားရပ်တည်း၊ |
19,975 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို စကားရပ်၌ ဒွေတီဏိ ဝိပဿနာစိတ္တာနိ ဟူသည် ပရိကမ် ဥပစာ အနုလုံ မည်သော ဝိပဿနာ စိတ်များတည်း, တိက္ခ ပုဂ္ဂိုလ် အတွက် ၂ ကြိမ်, မန္ဒပုဂ္ဂိုလ်အတွက် ၃ ကြိမ်ဖြစ်ပုံကို မဂ္ဂဝီထိအတိုင်း သိလေ၊ [အားလုံး မှတ်ဘွယ်ကို ဝီထိပိုင်း ဝီထိဆိုရိုး အပ္ပနာ ဇဝနဝါရ၌ ပြထားပြီ။ |
19,976 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝုဋ္ဌာနဂါမိနိ ဝိပဿနာ |
19,977 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်တရားကို ဝုဋ္ဌာနဟုခေါ်၏၊ ထိုဝုဋ္ဌာနမည်သောမဂ်သို့ ရောက်ကြောင်း ဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာသည် ဝုဋ္ဌာနဂါမိနိ ဝိပဿနာ မည်၏၊ |
19,978 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်တရား မှန်လျှင် သင်္ခါရကို အာရုံမပြု နိဗ္ဗာန်ကိုသာ အာရုံပြု၏၊ ထို့ကြောင့် မဂ်သည် သင်္ခါရ တည်း ဟူသော အာရုံ နိမိတ်မှ ထမြောက်၏၊ မဂ်ကိုရလျှင် သံသရာဝဋ်၌ ကြာရှည်စွာ ခန္ဓာအစဉ် မဖြစ်တော့ပြီ၊ သောတာပတ္တိမဂ် ရလျှင်ပင် ကာမဘုံ၌ ၇ ဘဝမျှသာ ဖြစ်ခွင့် ရှိတော့၏၊ ထို့ကြောင့် မဂ်တရားသည် အစဉ်မပြတ် ဖြစ်ဘွယ်ရှိသော ဝဋ်ခန္ဓာ မှလည်း ထမြောက်တတ... |
19,979 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုစကား မှန်၏ - |
19,980 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရုပေက္ခာဉာဏ်ကို ရှေ့ပိုင်း အလယ်ပိုင်း မဂ္ဂဝီထိနှင့် ဆက်သွယ်နေသော နောက်ဆုံး အပိုင်းဟု ၃ ပိုင်း ခွဲရာ၏၊ ထိုတွင် ရှေ့ပိုင်း အလယ်ပိုင်းတို့သည် ဤ ဝုဋ္ဌာနဂါမိနိ ပိပဿနာနှင့် မသက်ဆိုင်၊ မနောဒွါရာဝဇ္ဇန်း နောက် ဇော ၇ ကြိမ် ဟူသော သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးလျှင် ဘဝင် အနည်းငယ် ခြား၍ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်းတိ... |
19,981 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုသို့အနုလောမဉာဏ်နှင့် ဆက်စပ် ကပ်နေသော သင်္ခါရုပေက္ခာဉာဏ် နောက်ဆုံး အပိုင်းနှင့် အနုလောမ ဉာဏ်သည် ဝုဋ္ဌာနဂါမိနိ ဝိပဿနာ မည်၏၊ |
19,982 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဝုဋ္ဌာနံဂစ္ဆန္တိ ဧတာယာတိ ဝုဋ္ဌာနဂါမိနီ” |
19,983 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဧတာယ - ဤဝိပဿနာဖြင့်၊ ဝုဋ္ဌာနံ - သင်္ခါရနိမိတ္တ ဝဋ္ဋပဝတ္တမှ ထမြောက်သောမဂ်သို့၊ ဂစ္ဆန္တိ - ရောက်ရကုန်၏၊ ဣတိ - ကြောင့်၊ ဝုဋ္ဌာနဂါမိနီ - မည်၏။ |
19,984 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [အစဉ်မပြတ် ဖြစ်သော ဝဋ်ခန္ဓာကို ဝဋ္ဋပဝတ္တ ခေါ်သည်။ |
19,985 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] သင်္ခါရဘူတနိမိတ္တ-ဝဋ္ဋက္ခန္ဓ ပဝတ္တတော၊ ဝုဋ္ဌာနံ ယာယ ဂစ္ဆန္တိ, ဧသာ ဝုဋ္ဌာနဂါမိနီ။ |
19,986 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . ဂေါတြဘုစိတ် |
19,987 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပုထုဇ္ဇန ဂေါတ္တံ အဘိဘဝန္တံ ဖြင့် “ဂေါတ္တံ ဘဝတိ အဘိ သမ္ဘုဏာတီတိ ဂေါတြဘု” ဟု ဝိဂြိုဟ်ပြ၏။ |
19,988 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဂေါတ္တံ - ပုထုဇဉ်အနွယ်ကို၊ ဘဝတိအဘိဘဝတိ - လွှမ်းမိုးတတ်၏၊ ဣတိ - ကြောင့်၊ ဂေါတြဘု - မည်၏၊ |
19,989 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ၌ ဂေါတ္တ အရ ပုထုဇဉ် အနွယ်ဟူသည် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ မကင်းသော ခန္ဓာအစဉ်တည်း၊ ဂေါတြဘုစိတ် ဖြစ်သည့်အခါ ထို ပုထုဇဉ် အနွယ်ကို လွှမ်းမိုးနိုင်ပြီ၊ |
19,990 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | - အရိယ ဂေါတ္တံ အဘိသမ္ဘောန္တံ ဖြင့် “ဂေါတ္တံ ဘဝတိ အဘိသမ္ဘုဏာတီတိ ဂေါတြဘု”ဟု ဝိဂြိုဟ်ပြ၏၊ |
19,991 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဂေါတ္တံ - အရိယာအနွယ်သို့၊ ဘဝတိ အဘိသမ္ဘုဏာတိ - ရောက်တတ်၏၊ |
19,992 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤ၌ ဘူဓာတ်သည် “ ဘူ=ပတ္တိယံ” ဟူသော ဓာတ်ကျမ်းအတိုင်း ရောက်ခြင်းအနက်ကိုဟော၏၊] |
19,993 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အရိယာအနွယ် ဟူသည် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းပြီးသော ခန္ဓာအစဉ်တည်း၊ ဂေါတြဘုစိတ်ဖြစ်သည့် အခါ ထိုအရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်၍ သမီပူပစာ အားဖြင့် ရောက်သည်-ဟု ဆိုသည်။ |
19,994 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . နိဗ္ဗာနံ အာလမ္ဗိတွာ - |
19,995 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤဂေါတြဘုသည် မိမိက ဆင်ခြင်ပေးမည့် အာဝဇ္ဇန်း မရှိဘဲလျက်ပင် နိဗ္ဗာန်ကို အာရုံပြုနိုင်သည်၊ |
19,996 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မြောင်းငယ် တခုကို ခုန်၍ ကူးသော ယောက်ျားသည် အဝေးမှ အပြေးလာပြီးလျှင် မြောင်း အထက်က သစ်ကိုင်းမှ ကျသော နွယ်ကြိုးကို ကိုင်၍ဖြစ်စေ ဒုတ်ထောက်၍ဖြစ်စေ မြောင်းကိုခုန်လိုက်ပြီးနောက် ဟိုဘက်ကမ်း အထက်သို့ ရောက်သည့်အခါ ကြိုး, သို့မဟုတ် ဒုတ်ကို လွှတ်လိုက်သည်နှင့် တပြိုင်နက် ဟိုဘက်ကမ်းက မြေ၌ ခြေထောက်မိသကဲ့သို့, |
19,997 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့အတူ ဥဒယဗ္ဗယ ဉာဏ်မှစ၍ ဉာဏ်အဟုန်ဖြင့် ပြေးလာခဲ့ရာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးနောက် ဘဝင်ကျ၍ မနောဒွါရာဝဇ္ဇန်းဖြင့် ရုပ်တရား တည်းဟူသော ကြိုး သို့မဟုတ် နာမ်တရား တည်းဟူသော ဒုတ်ကို ကိုင်၍ ပရိကမ်ဇောဖြင့် နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့ ခုန်လိုက်သည့်အခါ ဥပစာဇောဖြင့် မြောင်းလယ်သို့ ရောက်, အနုလုံဇောဖြင့် နိဗ္ဗာန်ကမ်း အထက်သို့... |
19,998 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [သို့ရာဝယ် နှင်းမိခါစ၌ မခိုင်မြဲသေး, မဂ်ခဏကျမှ ခိုင်မြဲစွာ ထောက်မိလေသည်၊] |
19,999 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ဥပမာအရ မဂ္ဂဝီထိ၌ အကြောင်းအားလျော်စွာ မနောဒွါရာဝဇ္ဇန်း စသော ရှေ့စိတ်များက သင်္ခါရကို အာရုံပြု၍ ဂေါတြဘု မဂ် ဖိုလ်တို့က နိဗ္ဗာန်ကို အာရုံပြုသဖြင့် တဝီထိအတွင်း၌ အာရုံချင်း ကွဲပြားရလေသည်။ |
20,000 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . အနုလောမဉာဏ်နှင့် ဂေါတြဘု သတ္တိထူး |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.