id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
20,001 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပရိကမ် စသော အနုလောမဉာဏ်သည် မောဟမှောင်ကိုသာ ပယ်နိုင်၏၊ နိဗ္ဗာန်ကို မမြင်နိုင်၊ |
20,002 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဂေါတြဘုသည် နိဗ္ဗာန်ကိုသာမြင်နိုင်၏, မောဟကို မပယ်နိုင်၊ |
20,003 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ - နက္ခတ်ဆရာသည် ညဉ့်အခါ၌ လကို ကြည့်ရှုလေသော် တိမ်တိုက် ဖုံးကွယ်နေသဖြင့် နက္ခတ်ကို မမြင်ရ၊ ထိုအခါ မကြာခင် လေလာသဖြင့် ခပ်ကြမ်းကြမ်း တိမ်တွေ ကင်းစင်လေ၏၊ ဒုတိယလေ လာပြန်ရာ အလတ်စား တိမ်လွှာများကို လွှင့်သွားပြီးနောက် တတိယ လေပေါက်မှ တိမ်လွှာအားလုံး လွင့်စင်သဖြင့် လကို မြင်ရလေသည်၊ |
20,004 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့အတူ နိဗ္ဗာန်တည်းဟူသော လမင်းကို ကြည့်ရှုရာဝယ် မောဟမှောင် ကွယ်ကာသဖြင့် မမြင်ရဘဲရှိလေရာ, ပရိကမ် ဥပစာ အနုလုံ ဟူသော လေ ၃ ကြိမ်အစဉ်အတိုင်းလာမှ မောဟမှောင် ကင်းစင်၍ ဂေါတြဘုဖြင့် နိဗ္ဗာန်တည်းဟူသော လမင်းကို မြင်ရလေသည်၊ |
20,005 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် ဂေါတြဘုသည် နိဗ္ဗာန်ကို ပဌမဆုံး မြင်ရသည်အတွက် မဂ်၏ ရှေ့က ဆင်ခြင်ပေးသည့် အာဝဇ္ဇန်း အရာ၌ တည်သည်ဟု ပြောစမှတ်ပြုကြ၏။ |
20,006 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . မဂ်စိတ် ပေါ်လာပုံ |
20,007 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဂေါတြဘုစိတ် ချုပ်ပြီးနောက် ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေတတ်သော မဂ်စိတ်ပေါ်လာ၏၊ |
20,008 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဆီမီးသည် - |
20,009 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မီးစာကိုလောင်ခြင်း၊ |
20,010 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အမှောင်ကို ပယ်ခြင်း၊ |
20,011 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အလင်းကို ပြခြင်း၊ |
20,012 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဆီကို ကုန်စေခြင်း |
20,013 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ကိစ္စ ၄ ချက်ကို တပြိုင်နက် ပြီးစေသကဲ့သို့ - |
20,014 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်တရားလည်း - |
20,015 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒုက္ခသစ္စာကို “ဤမျှသာရှိ၏, ဤလောကီ စိတ် စေတသိက် ရုပ်ထက် အပိုမရှိ”ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ, |
20,016 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သမုဒယသစ္စာ တဏှာလောဘကို ပယ်စွန့်ခြင်း ဟူသော ပဟာနကိစ္စ, |
20,017 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကရိယာကိစ္စ, |
20,018 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟူသော ဘာဝနာကိစ္စ, |
20,019 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ကိစ္စ ၄ ချက်ကို တပြိုင်နက်ပြီးစေနိုင်သည်၊ |
20,020 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ အရာဝယ် အာရမဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟု ပဋိဝေဓ ၂ မျိုးကို မှတ်သားရာ၏၊ |
20,021 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်ခဏ၌ နိဗ္ဗာန်ကို သိရခြင်းမှာ အာရုံပြုလျက် သိရသော အာရမဏပဋိဝေဓ အသိတည်း၊ |
20,022 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒုက္ခသစ္စာကို သိရခြင်းကား ယုံမှားတွေဝေခြင်း မရှိဘဲ ရှင်းပြီး လင်းပြီးသားဖြစ်သော အသမ္မောဟပဋိဝေဓ အသိတည်း၊ |
20,023 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်ခဏ၌ ဒုက္ခသစ္စာကို အာရုံ မပြုပေ၊ သို့သော် နိဗ္ဗာန်ကိုအာရုံပြုရင်းပင် ဒုက္ခသစ္စာအပေါ်၌ တွေဝေခြင်း မရှိဘဲ ရှင်းလင်းပြီး ဖြစ်သွားသောကြောင့် အသမ္မောဟ ပဋိဝေဓ အသိဖြင့် “ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသည်” ဟုဆိုလိုသည်၊ |
20,024 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“စတ္တာရိ သစ္စာနိ - သစ္စာ ၄ ပါးတို့ကို၊ ဧကပ္ပဋိဝေဓာနိ - တခုထည်းသော ဉာဏ်ဖြင့် တပြိုင်နက်သိအပ်ကုန်၏” ဟုဆိုရာ၌လည်း နိရောဓသစ္စာကိုသာ အာရုံပြုလျက် တိုက်ရိုက်သိသည်၊ ကျန်သစ္စာ ၃ ပါး၌ ကား မတွေ မဝေသောအားဖြင့် ရှင်းလင်းပြီး ဖြစ်နေသော အသမ္မောဟပဋိဝေဓ သာတည်း၊ နိရောဓသစ္စာ အတွက်မှာ အာရမဏပဋိဝေဓ သာမက, နိဗ္ဗာန်၌ ယုံမှားတွေဝေခြင်း မရှ... |
20,025 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [မဟာဋီကာ] နိရောဓံ ၊ပေ၊ ပဋိဝိဇ္ဈတီတိ ဧတေန နိရောဓ သစ္စ.မေကံ အာရမဏ ပဋိဝေဓေန စတ္တာရိ သစ္စာနိ အသမ္မောဟ ပဋိဝေဓေန မဂ္ဂညာဏံ ပဋိဝိဇ္ဈတိ။ |
20,026 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . ပစ္စဝေက္ခဏာ ဝီထိ |
20,027 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖိုလ်ဇော ၂ ကြိမ် ၃ ကြိမ်နောင် ဘဝင်ကျ၍ ဘဝင်အစဉ်ပြတ်သည့်အခါ - |
20,028 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ငါသည် ဤ မဂ်ဖြင့် နိဗ္ဗာန်ကိုရပြီ ဟု မဂ်ကို ဆင်ခြင်သောဝီထိ, |
20,029 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်အကျိုးကိုလည်း ခံစားရပေပြီ ဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ, |
20,030 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နိဗ္ဗာန်ကို မျက်မှောက် ပြုရပေပြီ ဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ |
20,031 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤမျှလောက်သော ကိလေသာကို ပယ်ပြီးပြီ ဟု ပဟီန ကိလေသာကို ဆင်ခြင်သော ဝီထိ, |
20,032 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤမျှလောက်သော ကိလေသာများ ကျန်သေးသည် ဟု သေသ ကိလေသာကို ဆင်ခြင်သော ဝီတိ, |
20,033 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့ ပစ္စဝေက္ခဏာဝီထိ ၅ မျိုးဖြစ်၏၊ |
20,034 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုတွင် “မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ ပစ္စဝေက္ခတိ” ဟုဆိုသောကြောင့် မဂ် ဖိုလ် နိဗ္ဗာန် တို့ကို ဆင်ခြင်သော ဝီထိ ၃ မျိုးမှာ ဧကန် ဖြစ်ရမည်ဟု၎င်း၊ “ဟီနေ ကိလေသေ သေသေ စ, ပစ္စဝေက္ခတိ ဝါနဝါ” ဟု ဆိုသောကြောင့် ပဟီန ကိလေသာ သေသ ကိလေသာကိုဆင်ခြင်သော ဝီထိကား အချို့ပုဂ္ဂိုလ်၌သာဖြစ်၍ အချို့ပုဂ္ဂိုလ်၌ မဖြစ်ဟု၎င်း သင်္ဂြိုဟ်ကျမ်းက အယူရှိ၏၊ |
20,035 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ခုနစ်နှစ် အယွယ် သူငယ်များပင် မဂ် ဖိုလ်ကို ရကြသဖြင့် ထို သူငယ်တို့သည် ပယ်အပ် ပြီးသော ကိလေသာ ကြွင်းကျန်သော ကိလေသာ တို့ကို ခွဲခြား၍ သိဘို့ မလွယ်၊ ဘုရားရှင်၏ နောင်တော်ဖြစ်သော သကဒါဂါမ် တည်ပြီး မဟာနာမ်မင်းကြီး သည်ပင်လျှင် ကျန်ကိလေသာကို မသိသည့်အတွက် “တပည့်တော်များ အဘယ် ကိလေသာတို့ကို မပယ်အပ်ပါသနည်း”ဟု ဘုရားရှင်အား လျှောက်ထားဘူ... |
20,036 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် “ပဟီန ကိလေသာ သေသကိလေသာတို့ကို တချို့ပုဂ္ဂိုလ် ဆင်ခြင်နိုင်၍ တချို့မဆင်ခြင်နိုင်” ဟူသော စကား၌ အယူအဆ တူမျှပေ၏၊ |
20,037 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “မဂ် ဖိုလ် နိဗ္ဗာန်ကို ဧကန်ဆင်ခြင်ကြသည်”ဟု တထစ်ချ ဆိုသောစကား၌ကား အယူအဆ မတူကြပေ။ |
20,038 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “သာ ပန န သဗ္ဗေသံ ပရိပုဏ္ဏာ ဟောတိ၊ ဧကော ဟိ ပဟီန ကိလေသ မေဝ ပစ္စဝေက္ခတိ, ဧကော အဝသိဋ္ဌကိလေသမေဝ, ဧကော မဂ္ဂမေဝ, ဧကော ဖလမေဝ, ဧကော နိဗ္ဗာနမေဝ၊ ဣမာသု ပန ပဉ္စသု ပစ္စဝေက္ခဏာသု ဧကောဝါ ဒွေဝါ နော လဒ္ဓုံ န ဝဋ္ဋတိ” |
20,039 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟူသော စူဠဒုက္ခက္ခန္ဓ သုတ္တဋ္ဌကထာ အလိုမှာ “ပစ္စဝေက္ခဏာဝီထိ ၅ မျိုးတွင် တမျိုးဖြစ်စေ ၂ မျိုး ဖြစ်စေ ဧကန်ရမည်၊ သို့သော် မည်သည့် ဝီထိဟု အတိကျ မဟုတ်, တချို့ပုဂ္ဂိုလ်က ပဟီနကိလေသာကိုသာ ဆင်ခြင်၍, တချို့က အဝသိဋ္ဌ ကိလေသာ, တချို့ က မဂ်ဖိုလ် နိဗ္ဗာန်တွင် သင့်ရာ တမျိုးမျိုးကို ဖြစ်စေ ၂ မျိုး ဖြစ်စေ ၃ မျိုးလုံးကို ဖြစ်စေဆင်ခြင်မည်”ဟ... |
20,040 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ပြင် သင်္ဂြိုဟ်၌ “မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ” စသည်ဖြင့် မဂ္ဂ ပစ္စဝေက္ခဏာကို ရှေးဥုးစွာ ပြသော်လည်း ယခင် အဋ္ဌကထာ၌ ပဟီနကိလေသပစ္စဝေက္ခဏာကို ရှေးဥုးစွာ ပြသောကြောင့် ထိုမဂ် ဖိုလ် စသော အာရုံ ၅ မျိုးတွင် အလိုရှိသလို ရှေ့နောက်စဉ်၍ ဆင်ခြင်ကြပေလိမ့်မည်၊ |
20,041 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပတ္တိမဂ် ရပြီးနောက် ၅ ဝီထိ, |
20,042 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သကဒါဂါမိမဂ် ရပြီးနောက် ၅ ဝီထိ, |
20,043 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အနာဂါမိမဂ် ရပြီးနောက် ၅ ဝီထိ, |
20,044 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အရဟတ္တမဂ်ရပြီးနောက် (သေသကိလေသာကို ဆင်ခြင်ဘွယ်မလိုသောကြောင့်) ၄ ဝီထိ, |
20,045 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အားလုံးပေါင်းလျှင် ပစ္စဝေက္ခဏာဝီထိ အမျိုးအစား ၁၉ ပါး ရနိုင်သည်။ |
20,046 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | . ဉာဏဒဿနဝိသုဒ္ဓိ |
20,047 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သီလ ဝိသုဒ္ဓိစသော ရှေ့ဝိသုဒ္ဓိ ၆ ပါးအစဉ်ဖြင့် အဆင့်ဆင့်တက်၍ ရအပ်သောမဂ်ကို (မဂ် ၄-ပါးလုံးပင်) ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်၊ |
20,048 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “စတုဿစ္စံ ဇာနာတီတိ ဉာဏံ, ပစ္စက္ခတော ပဿတီတိ ဒဿနံ, ကိလေသ မလတော ဝိသုဇ္ဈနံ ဝိသုဒ္ဓိ” |
20,049 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သစ္စာ ၄ ပါးကို သိတတ်, မျက်စိဖြင့် မြင်ရသလိုတိုက်ရိုက် မြင်တတ်သောကြောင့် ဉာဏဒဿနမည်၏၊ |
20,050 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကိလေသာ အညစ်အကြေးမှ စင်ကြယ်သော ကြောင့် ဝိသုဒ္ဓိလည်း မည်၏၊ |
20,051 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နာမည် ၃ ရပ်ကို ပေါင်းစပ်၍ ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်ဝေါ်အပ်သည်၊ |
20,052 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိသုဒ္ဓိ ၇ပါး တွင် သီလ စိတ္တဝိသုဒ္ဓိ ၂ ပါးသည် အခြေခံမူလတည်း၊ ထို ၂ ပါးက မစင်ကြယ်လျှင် အထက် ဝိသုဒ္ဓိများ စင်ကြယ်နိုင်မည် မဟုတ်၊ အထက် ဝိသုဒ္ဓိ ၅ ပါးကား အထည်ကို သရီရတည်း၊ ဤကား အဋ္ဌကထာအဆို။ |
20,053 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဋီကာကျော်၌ကား ဉာဏဒဿနဝိသုဒ္ဓိ ချန်၍ အလယ် ၄ ပါးကို အထည်ကို သရီရ ဟု ဆို၏၊ ဉာဏဒဿနဝိသုဒ္ဓိကို ဥုးခေါင်းနှင့် ဥပမာပြုလိုဟန် တူသည်။ |
20,054 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိသုဒ္ဓိ ၇ ပါးနှင့် သမ္မသနစသော ဉာဏ် ၁၀ ပါးကို ရသင့်သလို တွဲပြပုံမှာ အခြေပြု၌ ပါလေပြီ။ |
20,055 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဝိမောက္ခ |
20,056 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပဋိပက္ခတော - ဆန့်ကျင်ဘက် ကိလေသာတို့မှ၊ ဝိမုစ္စတိ - လွတ်မြောက်တတ်၏၊ ဣတိ - ကြောင့်၊ ဝိမောက္ခော - ဝိမောက္ခမည်၏” |
20,057 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤဝိဂြိုဟ်အရ မဂ်ကို ဝိမောက္ခဟု ခေါ်၏၊ |
20,058 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ပဋိပက္ခတော ဝိမုစ္စိတ္ထ - ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ပြီ” ဟူသော ဝိဂြိုဟ်အရ ဖိုလ်လည်း ဝိမောက္ခမည် နိုင်၏၊ |
20,059 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဝိမောက္ခသို့ ဝင်ရောက်ရာ တံခါးအပေါက်ဝသဘွယ် ဖြစ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဝိမောက္ခမုခ မည်၏၊ |
20,060 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [အတ္တာဘိနိဝေသ - အတ္တဟူ၍ စွဲလမ်းစွာ သက်ဝင်နေမှု၊ ဝိပလ္လာသ နိမိတ္တ - “ဝိပရိတော - ဖေါက်ပြန်သော အားဖြင့် + အသနံ - ဖြစ်ခြင်း” အရ အနိစ္စတရားကို နိစ္စဟူ၍ ဖေါက်ပြန်စွာ ထင်မှတ်တတ်သော သညာ စိတ္တ ဒိဋ္ဌိ ဟူသော တရားကို “ဝိပလ္လာသ” ဟု ခေါ်၏၊ ထို ဝိပလ္လာသ တရားသည်ပင် ကိလေသာ ဖြစ်ခြင်း၏ အကြောင်းနိမိတ် ဖြစ်သောကြောင့် “ဝိပလ္လာသနိမိတ်” ဟု ခ... |
20,061 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ရုပ်နာမ် တခုခုကို အနတ္တဟု ရှုလျှင် အတ္တဟု စွဲလမ်းချက်ကို စွန့်လွှတ် နိုင်သောကြောင့် သုညတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊ [သုညတ - အတ္တမှ ကင်းဆိတ်သော အခြင်းအရာကို + အနုပဿနာ - အဘန်ဘန် ရှုသော ဝိပဿနာ၊] ထို သုညတာ နုပဿနာ မည်သော ဝိမောက္ခမုခမှထွက်၍ မဂ်ရလျှင် ထိုမဂ်သည် သုညတ ဝိမောက္ခမဂ် မည်၏၊ |
20,062 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝုဋ္ဌာနဂါမိနိဝိပဿနာက ရုပ်နာမ် တခုခုကို အနိစ္စဟု ရှုလျှင် နိစ္စဟူ၍ ဖေါက်ပြန်စွာ ထင်မှတ်တတ်သော သညာ စိတ္တ ဒိဋ္ဌိ ဟူသော ဝိပလ္လာသ နိမိတ်ကို စွန့်နိုင်သောကြောင့် အနိမိတ္တာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊ ထို အနိမိတ္တာနုပဿနာ ဟူသော ဝိမောက္ခမုခမှထွက်၍ မဂ်ရလျှင် ထိုမဂ်လည်း အနိမိတ္တဝိမောက္ခမဂ် မည်သည်၊ |
20,063 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝုဋ္ဌာနဂါမိနိဝိပဿနာက ရုပ်နာမ် တခုခုကို ဒုက္ခဟုရှုလျှင် ရုပ်နာမ် သင်္ခါရ၌ တောင့်တသော တဏှာပဏိမိကို စွန့်လွှတ်နိုင်သောကြောင့် အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊ ထိုမှထွက်၍ မဂ်ရလျှင် ထိုမဂ်လည်း အပ္ပဏိဟိတမဂ် မည်၏၊ |
20,064 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤကား ဝိပဿနာဂမန၏ အစွမ်းဖြင့် မဂ်၌ နာမည် ၃မျိုးတွင် တမျိုးမျိုး ရနိုင်ပုံတည်း။ |
20,065 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဝိပဿနာ + အာဂမန - အာဂမန = မဂ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော + ဝိပဿနာ = ဝိပဿနာ။ |
20,066 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] တထာ ဖလဉ္ဇ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ - |
20,067 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သောမဂ်သည် မဂ္ဂါဂမနမည်၏၊ |
20,068 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ္ဂဝီထိ၌ ပါသော ဖိုလ် ၂ ကြိမ် ၃ ကြိမ်လည်း မဂ်နာမည်ကို လိုက်၍ နာမည် အမျိုးမျိုးရသည်၊ |
20,069 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်က သုညတဝိမောက္ခမဂ် ဖြစ်လျှင် ဖိုလ်လည်း သုညတ ဝိမောက္ခဖိုလ် မည်၏၊ မဂ်က အနိမိတ္တဝိမောက္ခ ဖြစ်လျှင် ဖိုလ်လည်း အနိမိတ္တ ဝိမောက္ခ၊ မဂ်က အပ္ပဏိဟိတ ဖြစ်လျှင် ဖိုလ်လည်း အပ္ပဏိဟိတ ဖိုလ်ပင်ဖြစ်သည်-ဟူလို။ |
20,070 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“အာဂစ္ဆတိ ဖလံ ဧတေနာတိ အာဂမနံ၊ မဂ္ဂေါယေဝ အာဂမနံ မဂ္ဂါဂမနံ” တည်း။ |
20,071 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ဖလသမာပတ္တိဝီထိယံ ၊ပေ၊ သုညတာဒိဝိမောက္ခောတိစ ပဝုစ္စတိ - |
20,072 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖလ သမာပတ်ဝင်စားခါနီး၌ အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ် တခုခုကို ဝိပဿနာ ရှုရသေး၏၊ ထို့ကြောင့် မဂ္ဂဝီထိတုန်းက မဂ်က သုညတဝိမောက္ခစသောမိမိနာမည်ကို ဖိုလ်အား ဆက်လက်၍ ပေးနိုင်သော်လည်း ဖလသမာပတ္တိ ဝီထိခဏ်း၌ မဂ် မပါတော့ပြီ ဖြစ်၍ မဂ်က ဖိုလ်အား နာမည် မပေးနိုင်တော့ပြီ၊ |
20,073 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သမာပတ် မဝင်စားမီက ဖြစ်သော ဝိပဿနာကသာ ဖိုလ်အား သုညတဝိမောက္ခ စသော နာမည် တခုခုကို ပေးနိုင်သည်၊ ဥပမာ - သမာပတ်ရှေ့က ဝိပဿနာသည် သုညတာနုပဿနာ ဖြစ်လျှင် ဖိုလ်အား သုညတဝိမောက္ခဟူသော နာမည် ပေးနိုင်သည်၊ ဤသို့စသည်ဖြင့်သိလေ။ |
20,074 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယထာသကံ ဖလမုပ္ပဇ္ဇမာနံပိ ၏ အဓိပ္ပါယ်ကား — |
20,075 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဖလသမာပတ် ဝင်စားသည့်အခါ မိမိတည်းဟူသော မဂ်အားလျော်သော ဖိုလ်ပင်ဖြစ်၏၊ |
20,076 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဥပမာ — ပဌမမဂ်ရတုန်းက သုညတ ဝိမောက္ခမဂ် ဖြစ်လျှင် ဖလသမာပတ် ဝင်စားသည့်အခါ ဖိုလ်လည်း ထို သုညတဝိမောက္ခ၏ အကျိုးဖြစ်သော ဖိုလ်စိတ်ပင်တည်း၊ ထိုသို့ ပဌမ ရခဲ့တုန်းက မဂ်၏ဖိုလ်ပင် ဖြစ်သော်လည်း ထိုမဂ်က ဖလသမာပတ် အတွင်း၌ ဖြစ်သောဖိုလ်အား သုညတ ဝိမောက္ခ စသော နာမည်ကို မပေးနိုင်တော့-ဟူလို၊ |
20,077 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပဌမရခဲ့သော မဂ်နှင့် သမာပတ် အတွင်းက ဖိုလ်မှာ အလွန် ဝေးကွာခဲ့ပြီ ဖြစ်၍, ယခု သမာပတ် ဝင်စားခါနီး၌ ဖြစ်သော ဝိပဿနာကသာ ဖိုလ်နှင့်နီးကပ်သောကြောင့်တည်း၊ |
20,078 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ယထာသကံ အရာဝယ် မဏိမဉ္ဇူ၌“ယထာသက” ဟုဖွင့်၏၊ “ယထာသကဖလံ - အကြင် အကြင် မိမိ၏ ဥစ္စာဖြစ်သော ဖိုလ်သည်” ဟု အနက်ပေးစေလိုသည်၊ နိဂ္ဂဟိတ်မှာ အာဂုံသာတည်းတဲ့။ |
20,079 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] အာရမဏဝသေန ၊ပေ၊ သဗ္ဗတ္ထ သဗ္ဗေသံပိ သမမေဝ - |
20,080 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ် ဖိုလ် တို့၌ သုညတဝိမောက္ခစသော နာမည်ရမှုမှာ ဝိပဿနာနှင့် ဆက်သွယ်၍သာ ရသည်မဟုတ်၊ အာရုံနှင့်ဆက်သွယ်၍၎င်း မိမိပင်ကိုယ် သဘောအားဖြင့်၎င်း သုညတ ဝိမောက္ခ စသော နာမည်များကို ရကြသေး၏၊ |
20,081 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်ဖိုလ်တို့၏ အာရုံဟူသည် နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်ကား ရုပ်ပိုင်း နိဗ္ဗာန်ခဏ်း၌ပြခဲ့သည့်အတိုင်း သုညတ အနိမိတ္တ အပ္ပဏိဟိတ အမည် ၃ မျိုးလုံးရ၏၊ ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဖိုလ်များလည်း (အကြောင်း အာရုံ၏အမည်ကို အကျိုးအာရမဏိက မဂ်ဖိုလ် ပေါ်တင်စား၍) သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခ အပ္ပဏိ ဟိတဝိမောက္ခ ဟု နာမည် ၃ မျိုးပင် မဂ္ဂဝီထိ... |
20,082 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မိမိ သဘောအတိုင်း အမည် ၃ မျိုးရပုံကား - မဂ်ဖိုလ်တို့၌ ရာဂ စသော ကိလေသာတို့မှ ကင်းဆိတ် သောကြောင့် အမြဲပင် သုညတဝိမောက္ခ အမည်ရ၏၊ |
20,083 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [သင်္ခါရတရားတို့သည် ပရမတ် အထည်ဝတ္ထု ဖြစ်၍ ယောဂီတို့ ဉာဏ်မှာ ပုံသဏ္ဌာန် နိမိတ် ထင်၏၊] |
20,084 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုသင်္ခါရနိမိတ်ကို အာရုံမပြုဘဲ နိဗ္ဗာန်ကို အာရုံပြု သောကြောင့် အမြဲပင် အနိမိတ္တဝိမောက္ခ အမည်ရ၏၊ |
20,085 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရာဂ စသော တောင့်တတတ်သည့် ကိလေသာတို့နှင့် မယှဉ်ရကား အမြဲပင် အပ္ပဏိဟိတ ဝိမောက္ခ မည်၏၊ |
20,086 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် အာရုံအားဖြင့်၎င်း မိမိသဘောအားဖြင့်၎င်း မဂ်ဖိုလ်တို့၌ သုညတဝိမောက္ခ စသောနာမည် ၃ပါးကို အမြဲပင် ရရှိနိုင်လေသည်။ |
20,087 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တမျိုးမျိုး ရှုရုံမျှဖြင့် ကိစ္စမပြီး |
20,088 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဝုဋ္ဌာနဂါမိနိဝိပဿနာသည် အနတ္တဟု ရှုလျှင်”စသည်ဆိုခဲ့ပြီ၊ ထိုစကားအရ အနတ္တဟုဖြစ်စေ, အနိစ္စဟု ဖြစ်စေ, တမျိုးမျိုး ရှုရုံမျှဖြင့် မဂ်ကို ရနိုင်သည်ဟု မှတ်ရမည်လော-ဟု မေး၊ |
20,089 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အဖြေကား - တမျိုးမျိုး ရှုရုံမျှဖြင့် မဂ်ကိုမရနိုင်ပါ၊ သမ္မသန စသော ရှေးရှေး ဉာဏ်အခိုက်၌ အနိစ္စဟု၎င်း, ဒုက္ခဟု၎င်း, အနတ္တဟု၎င်း အမျိုးမျိုး ပြောင်းလွှဲ၍ ရှုခဲ့မည်သာ၊ တဝီထိတည်းဖြင့် ထို ၃ ပါးလုံးကို တပြိုင်နက် မရနိုင် သောကြောင့် ဝုဋ္ဌာနဂါမိနိဝိပဿနာ ဝီထိ ကျသည့်အခါ အနိစ္စ ဖြစ်စေ ဒုက္ခဖြစ်စေ အနတ္တဖြစ်စေ တခုခုကိုသာ ရှုနိုင်ရက... |
20,090 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣန္ဒြေအားဖြင့် ဝိပဿနာကွဲပြားပုံ |
20,091 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပညိန္ဒြေ ထက်သူသည် အနတ္တဟု၊ သဒ္ဓိန္ဒြေ ထက်သူသည် အနိစ္စဟု၊ သမာဓိန္ဒြေ ထက်သူသည် ဒုက္ခဟု ရှုလျက်သား ရှိတတ်သည်၊ |
20,092 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ချဲ့ဥုးအံ့ — |
20,093 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရတို့၌ အတ္တမှ ကင်းဆိတ်အောင် ရှုနိုင်သော ဉာဏ်သည် ထက်မြက်သော ဉာဏ်သာ ဖြစ်ထိုက်၏။ |
20,094 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပင်ကိုယ်က ဉာဏ်ထက်သူသည် ထိုကဲ့သို့လေးနက်သော အရာကို ရှာရှာဘွေဘွေ သိချင်တတ်တဲ့ ဝါသနာ ရှိ၏။ |
20,095 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့ဖြစ်၍ ပညိန္ဒြေထက်မြက်သူသည် သမ္မသနစသော ဉာဏ်အခိုက်၌ အမျိုးမျိုး ရှုစေကာမူ အနတ္တ ဟု ရှုခြင်းသာများရာ၏၊ ထို့ကြောင့် ကမ္မဋ္ဌာန်းပေါက် မဂ်ရောက်ခါနီး အရေးကြီးသော အခိုက်ဝယ် အနတ္တ ဟုသာ ရှုလျက် ရှိတတ်လေသည်၊ |
20,096 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သင်္ခါရ တရားတို့၌ အနိစ္စ ဟု ဟောတော်မူသော အချက်ကို နှစ်နှစ်သက်သက် ယုံကြည်မှု အားကောင်းသော သဒ္ဓိန္ဒြေ ထက်သူကား အနိစ္စဟုသာ အရှု များပေလတ္တံ့၊ ထို့ကြောင့် မဂ်ရောက်ခါနီးဝယ် ဝါသနာ အားလျော်စွာ အနိစ္စဟု ရှုလျက်သာရှိပေလိမ့်မည်၊ |
20,097 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သမာဓိန္ဒြေ ထက်သူကား “သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော”ဟူသည် နှင့်အညီ တောင့်တ တတ်သော ကာမစ္ဆန္ဒတဏှာ ပဏိဓိက ကင်းဝေးရင်း ရှိသောကြောင့် သင်္ခါရတို့၌ အပ္ပဏိဟိတ အခြင်းအရာ ထင်မြင်သဖြင့် သုခမထင် ဒုက္ခဟုသာ များစွာရှုမြင်ရာ၏၊ ထို့ကြောင့် မဂ်ပေါက်ခါနီး၌လည်း ဒုက္ခဟုသာ ရှုလျက်ရှိလိမ့်မည်။ |
20,098 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဆောင်] သဒ္ဓါလွန်လျှင်၊ မမြဲအင်ကို၊ ဆင်ခြင်များဘိ၊ သမာဓိကြောင့်၊ ရှုကြည့်ဒုက္ခ၊ ပညာကြွမှု၊ အတ္တကင်းခဏ်း အရှုစွမ်းသည့်၊ မဂ်နန်းဝင်ဘွယ် လမ်းကြောင်းတည်း။ |
20,099 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန် ပုဂ္ဂိုလ် |
20,100 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ခန္ဓာကိုယ်၌ အတ္တ ဟုစွဲလမ်း ထင်မှတ်မှုသည် သက္ကာယဒိဋ္ဌိ မည်၏၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိကြီး တို့သည် ဤ သက္ကာယ ဒိဋ္ဌိကို အရင်းခံ၍ ဖြစ်ကြရ၏၊ သို့ဖြစ်၍ ကိလေသာ ၁၀ ပါးတွင် ဒိဋ္ဌိကိလေသာ အယုတ်ကြမ်းဆုံးတည်း၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.