id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
20,101 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဝိစိကိစ္ဆာလည်း ဒိဋ္ဌိ၏ နောက်တော်ပါပင် ဖြစ်၏၊ တကယ့် ဘုရား တရား သံဃာကို တွေ့မြင် နေပါလျက်လည်း ယုံမှားတုန်းပင် ရှိ၏၊ ပစ္စုပ္ပန်လောက တမလွန်လောကတွင် ကျင်လည်နေရ ပါလျက်လည်း ထို လောကတွေကို ယုံးမှားနေ၏၊ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ရခြင်းစသော ပဋိစ္စသမုပ္ပါဒ် တရားများ၌လည်း ယုံမှား၏၊ |
20,102 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန် အလောင်းအလျာ ဖြစ်သူတို့ကား ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းလောက်ကပင် ဤ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကိုအတော်များများ ပယ်ခွာ၍ သံသရာအကြောင်း ရုပ် နာမ် ခန္ဓာ သံသရာ အကြောင်းကို ကောင်းကောင်းကြီး ရိပ်မိခဲ့ရကား သောတာပတ္တိ မဂ်ခဏ၌ ဤဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အနုသယဓာတ် အကပ် အသတ် ကလေးမျှ မကျန်အောင် ရှင်းလင်း သုတ်သင်လို... |
20,103 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပဟီနာပါယဂမနော - |
20,104 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို ပယ်လိုက်သဖြင့် အကုသိုလ်စိတ် ၁၂ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာ သဟဂုတ်စိတ်များ မဖြစ်ကြတော့ပြီ၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ဒေါသမူ ဥဒ္ဓစ္စသဟဂုတ်စိတ် ၆ ပါးကား ဖြစ်ခွင့် ရှိသေး၏၊ သို့သော် ထို အကုသိုလ်များ၏ အပါယ် ကျစေနိုင်လောက်သော သတ္တိအင်အားကိုလည်း ပယ်ရှား ချိုးဖျက်လိုက်ပြီ၊ |
20,105 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့ဖြစ်၍ သောတာပန်ပုဂ္ဂိုလ်၌ ဣဿာ မစ္ဆရိယ အစရှိသောအကုသိုလ် အကြမ်းစားတို့ မဖြစ်နိုင်တော့ပြီ၊ (အဋ္ဌသာလိနီ နိက္ခေပကဏ္ဍ ကြည့်) သောတာပန် မဖြစ်မီက ပြုခဲ့သော အပါယ် ရောက်ကြောင်း မကောင်းမှုများ ရှိကြပေဥုးလတံ့၊ ထို မကောင်းမှုများသည် သူတို့ချည့် သက်သက် အပါယ်မချနိုင်၊ အဝိဇ္ဇာ တဏှာ ဟူသော ဝဋ်မြစ်အဖေါ် ရမှသာ အပါယ် ချနိုင်၏၊ |
20,106 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန် ပုဂ္ဂိုလ်သန္တာန်၌ အဝိဇ္ဇာ တဏှာ ဟူသော ဝဋ်မြစ်တို့ကား အပါယ်၌ တွယ်ကပ်နိုင်သော အစွမ်းသတ္တိ မရှိကြတော့ချေ၊ ထို့ကြောင့် သောတာပန်မဖြစ်မီက ပြုခဲ့ပြီးသော အပါယ်ရောက်ကြောင်း မကောင်းမှုများလည်း အဝိဇ္ဇာ တဏှာ ဟူသော အဖေါ်အပေါင်းမရသဖြင့် အပါယ်မချနိုင်တော့ပြီ။ |
20,107 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သတ္တက္ခတ္တုပရမ - |
20,108 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “သတ္တက္ခတ္တုံ ပရမံ ယဿာတိ သတ္တက္ခတ္တုပရမော” |
20,109 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယဿ - အကြင် သောတာပန်၏၊ သတ္တက္ခတ္တု - ခုနစ်ကြိမ်၊ ပရမံ - ပဋိသန္ဓေနေဘို့ရန် အလွန်ဆုံး ပမာဏသည်၊ အတ္ထိ - ရှိ၏၊ ဣတိ - ကြောင့်၊ သတ္တက္ခတ္တုပရမော - မည်၏၊ |
20,110 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | (ပရမသဒ္ဒါသည် အလွန်ဆုံးပမာဏ ဟူသော အနက်ဟောတည်း၊) |
20,111 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန် ဖြစ်ပြီးနောက် အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေနေဘွယ် ရှိတော့၏၊ ခုနစ်ဘဝ ပဋိသန္ဓေ နေပြီးလျှင် ဧကန် ရဟန္တာဖြစ်မည်-ဟူလို၊ |
20,112 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပုထုဇဉ်ဘဝမှာပင် ပါရမီအခြေခံ ကောင်းသူသည် တဖြေးဖြေး စဉ်းစားဉာဏ်ရင့်လျက် သူတော်ကောင်း စိတ်ဓာတ်များ တိုးပွါးလေ့ ရှိ၏၊ ပျော်မှု ပါးမှု ကိစ္စစုနှင့် ကြုံရသော်လည်း ငြီးငွေ့သော သံဝေဂဉာဏ် ထက်သန်တတ်၏၊ အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန် အလောင်းတော် ၂ ပါးသည် ပွဲလမ်းသဘင်ကို ရှုစားရာမှ သံဝေဂရ၍ လူ့ဘောင်ကို ခွါရှောင်တော်မူခဲ့ကြ၏၊ |
20,113 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤသို့လျှင် ပါရမီအခြေခံ ထက်သန်သော ပုထုဇဉ်များ၌ပင် စဉ်းစားဉာဏ်တိုးပွါး၍ သံဝေဂဉာဏ်ရင့်သန်လေ့ ရှိပေသေး၏၊ ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် ယုတ်ကြမ်းသော အကုသိုလ်ဓာတ်ကို ဖြတ်တောက်ပြီး သောတာပန်မှာ ဆိုဘွယ်ရာမရှိပြီ၊ |
20,114 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သံသရာဝယ် လောကီအာရုံ ကာမဂုဏ်၌ ပျော်ချင်တိုင်းပျော် အပေါင်းအဖေါ် မသူတော်တို့နှင့် တွေ့ချင်တိုင်း တွေ့ ကုသိုလ်တရားဝယ် မေ့နိုင်သမျှ မေ့နေစေကာမူ သံသရာ၌ ငြီးငွေ့ရင်းစွဲဖြစ်သော ဓာတ်ခံသည်ကား အမြဲတိုးပွား ရင့်သန်နေမည်သာ ဖြစ်သောကြောင့် သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့က တိုးတက် လာတိုင်း အကုသိုလ် အနုသယဓာတ်တို့ ဆုတ်ယုတ်ကြရလေတော့သည်၊ |
20,115 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့ဖြစ်၍ သောတာပန်ဟူသမျှ၌ ခုနစ်ဘဝထက်ပို၍ ပဋိသန္ဓေ နေဘွယ်မရှိတော့ပြီ၊ |
20,116 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် “ဘုသံ ပမတ္တာ န တေ ဘဝံ အဋ္ဌမ-မာဒိယန္တိ ” ဟု ရတနသုတ်၌ ဟောတော်မူသည်။ |
20,117 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန် ၃ မျိုး |
20,118 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သတ္တက္ခတ္တုပရမ၌ ပရမပုဒ်က ပဋိသန္ဓေနေခွင့်ရှိသော အလွန်ဆုံး ပမာဏကို ပြသောကြောင့် ခုနစ်ဘဝ အောက် ယုတ်လျော့၍ နေခွင့်ရှိကြောင်းကိုလည်း သိသာ၏၊ ထို့ကြောင့် - |
20,119 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တဘဝသာ ပဋိသန္ဓေ နေခွင့် ရှိသော ဧကဗီဇီသောတာပန်၊ |
20,120 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၂ ဘဝမှ ၆ ဘဝအတွင်း သင့်သလို ပဋိသန္ဓေ နေခွင့်ရှိသော ကောလံ ကောလ သောတာပန်၊ |
20,121 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၇ ဘဝ ပဋိသန္ဓေနေခွင့် ရှိသော သတ္တက္ခတ္တုပရမ သောတာပန် - |
20,122 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟု သောတာပန် ၃ မျိုး ပြားပြန်သည်၊ |
20,123 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဧကံဗီဇံ ယဿာတိ ဧကဗီဇီ” |
20,124 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယဿ - အကြင်သောတာပန်၏၊ ဧကံ - တခုသော၊ ဗီဇံ - ပဋိသန္ဓေ ဟူသောဘဝမျိုးစေ့သည်၊ အတ္ထိ - ရှိ၏၊ |
20,125 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ကုလတော ကုလံ ဂစ္ဆတီတိ ကောလံ ကောလော” |
20,126 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကုလတော - အမျိုးမြတ်တခုမှ၊ ကုလံ - အမျိုးမြတ် တခုသို့၊ ဂစ္ဆတိ - ပဋိသန္ဓေအားဖြင့် လှည့်ပတ်ပြောင်းသွားတတ်၏။ |
20,127 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ သောတာပန် ဖြစ်လျှင် အောက်တန်းစားအမျိုး၌ ပဋိသန္ဓေ မနေရတော့ပြီ။ |
20,128 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] ၃ မျိုး ကွဲပြားကြောင်း |
20,129 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပင်ကိုယ်ပါရမီဓာတ်ခံ အလိုက် |
20,130 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | နုံ့ညံ့သော သဒ္ဓါ ပညာစသော ဣန္ဒြေရှိသည့် မုဒိန္ဒြိယပုဂ္ဂိုလ်၊ |
20,131 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အလယ်တန်းစား ဣန္ဒြေရှိသည့် မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်၊ |
20,132 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထက်မြက်သော ဣန္ဒြေရှိသည့် တိက္ခိန္ဒြိယပုဂ္ဂိုလ် |
20,133 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟု သဒ္ဓိန္ဒြေ စသော ဣန္ဒြေတို့က ခြားနားခြင်းကြောင့် သောတာပန် ၃ မျိုးကွဲပြားရသည်၊ |
20,134 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မုဒိန္ဒြိယပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမ သောတာပန် ဖြစ်၏၊ |
20,135 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်သည် ကောလံကောလ သောတာပန် ဖြစ်၏၊ |
20,136 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တိက္ခိန္ဒြိယပုဂ္ဂိုလ်သည် ဧကဗီဇီ သောတာပန်ဖြစ်၏ |
20,137 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | (တနည်း - “သောတာပန်ဖြစ်ပြီးနောက် အထက်မဂ် အလို့ငှါ အားထုတ်အပ်သော ဝိပဿနာက ထက်မြက်လျှင် ဧကဗီဇီ ဖြစ်၏၊ အနည်းငယ် ညံ့လျှင် ကောလံ ကောလ ဖြစ်၏၊ ထို့အောက်ညံ့လျှင် သတ္တက္ခတ္တုပရမ ဖြစ်၏” ဟု ပုဂ္ဂလပညတ် အဋ္ဌကထာ စသည်၌ ဆို၏၊) |
20,138 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဧကဗီဇီသည် သောတာပန် ဖြစ်ပြီးနောက် တဘဝ ပဋိသန္ဓေ နေပြီးလျှင် ထို ဘဝ၌ပင် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်၏၊ |
20,139 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကောလံကောလ ပုဂ္ဂိုလ်သည် အလွန်ဆုံး ၆ ဘဝ ပဋိသန္ဓေ နေရ၏၊ ထို ၆ ဘဝ အတွင်း၌ နောက်ဆုံးဘဝ မရောက်ခင် သကဒါဂါမ် ဖြစ်နိုင်၏၊ နောက်ဆုံးဘဝကျမှလည်း သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်နိုင်၏၊ |
20,140 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သတ္တက္ခတ္တု ပရမပုဂ္ဂိုလ်လည်း ၇ ဘဝလုံး သောတာပန်အဖြစ်ဖြင့်ချည်း ပဋိသန္ဓေနေသူ၊ ၆ ခုမြောက်ဝယ် သကဒါဂါမ်ဖြစ်သူ ဟု ၂ မျိုးပင် ရှိကောင်း၏၊ ၇ ဘဝမြောက်၌လည်း မုချ အနာဂါမ် ရဟန္တာဖြစ်ရမည်၊ |
20,141 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ ဧကဗီဇီစသော ၃ မျိုးကိုလည်း ကာမဘုံသားတို့အတွက်သာ ခွဲခြားချက်တည်း။ |
20,142 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ပဋိသမ္ဘိဒါမဂ္ဂဋ္ဌ] |
20,143 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တယောပိ ဣမေ သောတာပန္နာ ကာမ ဘဝဝသေန ဝုတ္တာ၊ ရူပါရူပဘဝေ ပန ဗဟုကာပိ ပဋိသန္ဓိယော ဂဏှန္တိ။ |
20,144 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သောတာပန်တမျိုး |
20,145 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ယခုအခါ တာဝတိံသာ၌တည်ရှိ၍ အထက် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဘုံစဉ်စံ ဖြစ်ပြီးလျှင် အကနိဋ္ဌ ဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန် စံဝင်ကြမည့် သကြားမင်းစသော သောတာပန်တို့မှာ ဤ သတ္တက္ခတ္တုပရမ စသော ၃မျိုး၌ မပါဝင်ချေ၊ |
20,146 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ပြင် လူ့ပြည်၌ချည်း သက်သက် ၇ ကြိမ် ပဋိသန္ဓေနေသူ၊ နတ်ပြည်၌ချည်း သက်သက် ၇ ကြိမ် ပဋိသန္ဓေ နေသူ, ပုဂ္ဂိုလ်များလည်း ထို ၃ မျိုးတွင် မပါဝင်ကြ၊ |
20,147 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဒေဝေစ မနုဿေစ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ” စသော ပါဠိတော် အလိုအားဖြင့် လူ့ပြည်တချို့ နတ်ပြည် တချို့ ရောလျက် ပဋိသန္ဓေနေသူကိုသာ “သတ္တက္ခတ္တုပရမ၊ ကောလံကောလ” ဟု ဆိုလို၍၊ လူ့ပြည်၌ တကြိမ် ပဋိသန္ဓေ နေသူကိုသာ “ဧကဗီဇ”ဟု ဆိုလိုသတတ်၊ |
20,148 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့ကြောင့် ၃ မျိုး မှ အလွတ်ဖြစ်သော သောတာပန်လည်း ရှိသေး၏-ဟု မှတ်။ |
20,149 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အချို့ဝါဒ “သတ္တက္ခတ္တုံ ဒေဝေ စ မနုဿေ စ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ” ဟူသော ပါဠိတော်အလိုမှာ “လူ့ပြည် နတ်ပြည် အရောရောအားဖြင့် ၇ ကြိမ် ပဋိသန္ဓေ နေနိုင်သည်” ဟု ပြလိုရင်း အမှန်ဖြစ်၏၊ |
20,150 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့သော် အချို့က “သစေ ဥဒါယိ အာနန္ဒော အဝီတရာဂေါ ကာလံ ကရေယျ၊ တေန စိတ္တပ္ပသာဒေန သတ္တက္ခတ္တုံ ဒေဝေသု ဒေဝရဇ္ဇံ ကရေယျ၊ သတ္တက္ခတ္တုံ ဣမသ္မိံ ယေဝ ဇမ္ဗူဒီပေ မဟာရဇ္ဇံ ကရေယျ” ဟူသော တိကနိပါတ အင်္ဂုတ္တရ ပါဠိတော်ကို ထောက်၍ သတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည် လူ့ပြည် ၇ ကြိမ် နတ်ပြည် ၇ ကြိမ်အားဖြင့် ခုနစ်ပြူး ပဋိသန္ဓေ နေခွင့်ရှိ၏ဟု ယူဆကြ၏၊ |
20,151 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့သော် ထိုပါဠိတော်အလိုမှာ လူ့ပြည်၌ ဖြစ်မည်ဆိုလျှင် လူမင်း ၇ ကြိမ်၊ နတ်ပြည်၌ ဖြစ်မည်ဆိုလျှင် နတ်မင်း ၇ ကြိမ် ဖြစ်နိုင်ဘွယ် ရှိသည် ဟု ပြလိုရင်း ဖြစ်ယည်။ |
20,152 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ၁၄ ကြိမ် ပြလိုရင်း မဟုတ်။ |
20,153 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သို့မှလည်း “အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ဒိဋ္ဌိသမ္ပန္နော အဋ္ဌမံ နိဗ္ဗတ္တေယျ”စသော ဉာဏဝိဘင်း ပါဠိတော် စသည်နှင့် ညီညွတ်မည်။ |
20,154 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဣတောသတ္တ တတောသတ္တ၊ သံသရာနိ စတုဒ္ဒသ၊ နိဝါသ.မဘိဇာနာမိ၊ ယတ္ထ မေ ဝုသိတံ ပုရေ” |
20,155 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဟူသော ဇနဝသဘသုတ်ပါဠိတော်ကို (သက္ကပဉှသုတ်ဟု ဆိုမှား၍) ထိုပါဠိအရ ၁၄ကြိမ်ပင် ပဋိသန္ဓေ နေနိုင်ကြောင်းကို ပြကြ၏၊ |
20,156 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဝါဒကား “ယတ္ထမေ ဝုသိတံ ပုရေ - တပည့်တော် ရှေးတုန်းက နေခဲ့ရဘူးပါပြီ”ဟူသော စကားကို သတိမထား၊ ကျမ်းရင်းကိုလည်း မကြည့်အားသဖြင့် အမှတ်တမဲ့ဆိုထားခြင်းမျှသာ ဖြစ်သည်၊ |
20,157 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုပါဠိတော်ကား – |
20,158 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “ဗိမ္ဗိသာရမင်းသည် ဘုရား ကျောင်းဒကာ သောတာပန် ဖြစ်သည့်အတွက် အထက် နတ်ပြည်၌ ဖြစ်လောက်ပါလျက် အဘယ့်ကြောင့် စာတုမဟာရာဇ် နတ်ပြည်ဝယ် ဇနဝသဘ နတ်သား ဖြစ်ရသနည်း စောကြောဘွယ် ရှိသောကြောင့် ထို ဇနဝသဘ နတ်သား ကိုယ်တိုင် ဘုရားရှင်အား လျှောက်ထားသော စကားဖြစ်သည်၊ တပည့်တော်သည် ရှေးတုန်းက (သောတာပန်) မဖြစ်ခင်က ဤ နတ်ပြည် (ဤဘုံ၌) ၇ ကြိမ်၊ ဟို လူ... |
20,159 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သကဒါဂါမ် “ရာဂဒေါသမောဟာနံ တနုကရတ္တာ” ဟူသည်နှင့်အညီ သကဒါဂါမ် ဖြစ်သည့်အခါ ကာမဂုဏ်၌ တပ်မက်သော ကာမ ရာဂနှင့် ဒေါသ မောဟတို့ အတော် နည်းပါးလေပြီ၊ ပုထုဇဉ်များကဲ့သို့ ဖြစ်ရာ အကြိမ်လည်း မများ၊ ဖြစ်ပြန်လျှင်လည်း ပြင်းပြင်းပြပြ မဖြစ်တော့ပြီ-ဟူလို၊ |
20,160 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “သကိံ အာဂစ္ဆတီတိ သကဒါဂါမီ” |
20,161 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သကိံ - တကြိမ်၊ အာဂစ္ဆတိ - ပဋိသန္ဓေ နေလာတတ်၏၊ ဣတိ - ကြောင့်၊ သကဒါဂါမီ - သကဒါဂါမီ မည်၏၊ |
20,162 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဤ အရာဝယ် သကဒါဂါမ် ၆ မျိုးကို မှတ်သားရာ၏။ |
20,163 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣဓ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမ်အဖြစ်သို့ ရောက်၍ ဤလူ့ပြည်၌ပင် ဘဝမခြားဘဲ ဆက်လက်၍ အနာဂါမ် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံသူ။ |
20,164 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣဓ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမ်အဖြစ်သို့ရောက်၍ ဒုတိယဘဝဝယ် ထိုနတ်ပြည်၌ ပဋိသန္ဓေနေ၍ အနာဂါမ် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံသူ။ |
20,165 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တတ္ထ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ပင် ပရိနိဗ္ဗာန်စံသူ။ |
20,166 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | တတ္ထ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ပြည်၌ ဒုတိယဘဝ ပဋိသန္ဓေ နေပြီးလျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသူ၊ |
20,167 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဣဓ ပတွာ တတ္ထ နိဗ္ဗတ္တိတွာ ဣဓ ပရိနိဗ္ဗာယီ = လူ့ပြည်၌ သကဒါဂါမ် ဖြစ်၍၊ ဒုတိယ ဘဝဝယ် နတ်ပြည်၌ ပဋိသန္ဓေနေ၊ တတိယဘဝ၌ ဤလူ့ပြည်ဝယ် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံသူ။ |
20,168 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤပုဂ္ဂိုလ်သည် ပဋိသန္ဓေ ၂ ခါ နေ၏။ |
20,169 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] တတ္ထ ပတွာ ဣဓ နိဗ္ဗတ္တိတွာ တတ္ထ ပရိနိဗ္ဗာယီ = ထို နတ်ပြည်၌ သကဒါဂါမ်ဖြစ်၊ ဤလူ့ပြည်၌ ပဋိသန္ဓေ ၊ ဤလူ့ပြည်မှတဘန် ထိုနတ်ပြည်၌ ပြန်၍ ပရိနိဗ္ဗာန်စံသူ။ |
20,170 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤပုဂ္ဂိုလ်လည်း ပဋိသန္ဓေ ၂ ခါနေပင်၊ ဤပုဂ္ဂိုလ်ကို အချို့ အဋ္ဌကထာ၌သာ ပြ၏။ |
20,171 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] သကိံ ဒေဝ ဣမံ လောကံ၌ ဣမံလောကံ အရကို ဤ လူ့ပြည် လောကကိုသာ ဖွင့်ကြ၏၊ |
20,172 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုအဖွင့်အတိုင်း လူ့ပြည် လောကကို တကြိမ် ပြန်လာသူဆိုလျှင် ပင်ကိုယ်က လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘဝ နတ်ပြည်၌ ပဋိသန္ဓေနေပြီးလျှင် တတိယဘဝ၌ ထိုနတ်ပြည်မှ လူ့ပြည်၌ ပဋိသန္ဓေ တဘန် နေသူ ပဉ္စမမြောက် တယောက်သာလျှင် သကဒါဂါမီပုဒ်နှင့် မုချ သင့်တော်လေသည်၊ |
20,173 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကြွင်းသော သကဒါဂါမ် ၅ မျိုးမှာ ရာဂ ဒေါသ မောဟကို နည်းပါးအောင် ပြုတတ်သူချင်း တူသောကြောင့် သဒိသူပစာရုဠှီ အားဖြင့်သာလျှင် သကဒါဂါမ် အမည်ရသည်-ဟု ဆိုရန်ရှိ၏၊ |
20,174 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ပုဂ္ဂလပညတ် အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာန သုတ္တဋ္ဌကထာ၌ကား “ဣမံလောကံတိ ဣမံ ကာမာဝစရလောကံ သန္ဓာယ ဝုတ္တံ” ဟု လူ့ပြည် နတ်ပြည် ၂ ပါးစုံ ကာမဘုံလောကကို ဖွင့်ပြပြီးလျှင် ပဉ္စမ ပုဂ္ဂိုလ်နှင့် ဆဋ္ဌပုဂ္ဂိုလ် ၂ ယောက်လုံးပင် မိမိ သကဒါဂါမ် ဖြစ်ရာဘုံမှ ဒုတိယဘဝ၌ အခြားဘုံဝယ် ပဋိသန္ဓေ နေပြီးနောက် တတိယ ဘဝ၌ မိမိသကဒါဂါမ် ဖြစ်ရာဘုံသို့ ပြန်လာသူများ... |
20,175 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုအဋ္ဌကထာ ၂ ရပ်တွင် ဣမံလောကံ အရ ကာမဘုံ သာမညကို ဖွင့်ပြသော အဋ္ဌကထာက သာ၍ ယုတ္တိ ရ၏၊ ဘာ့ကြောင့်နည်း - ဣမံလောကံ ဟူသော ပါဠိတော်ကို လူ့ပြည် နတ်ပြည် ၂ ဌာန၌ပင် ဟောတော်မူရကား ဟောရာ ဘုံဌာနကို ဣမံလောကံအရ စွဲယူသင့်ကြောင်းတည်း၊ |
20,176 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပြခဲ့သော သကဒါဂါမ် ၆ မျိုးမှတပါး ကာမဘုံ၌ သကဒါဂါမ် ဖြစ်ပြီးနောက် ရူပဘုံသို့ တက်သွားသူ၊ ထိုရူပဘုံ၌ပင် သကဒါဂါမ်ဖြစ်သူများလည်း ရှိသေး၏၊ ထိုပုဂ္ဂိုလ်များလည်း ရုဠှီအားဖြင့် သကဒါဂါမ် မည်ကြရသည်။ |
20,177 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] အနာဂါမ်ပုဂ္ဂိုလ် |
20,178 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | “အာဂစ္ဆတိသီလေနာတိ အာဂါမီ၊ န အာဂါမီ အနာဂါမီ” ဤကာမဘုံ၌ ပဋိသန္ဓေ နေလေ့မရှိသော အရိယာပုဂ္ဂိုလ်၊ ကာမရာဂဗျာပါဒါနံ အနဝသေ သပ္ပဟာနေန ဟု ဆိုသောကြောင့် အနာဂါမ် ဖြစ်လျှင် ကာမတရားတို့၌ လိုလားသော တဏှာ ရာဂနှင့် ဒေါသ ဗျာပါဒကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်ပြီ၊ ထိုသို့ ကာမ တဏှာ မရှိသည့်အထွက်ကြောင့်ပင် ကာမဘုံ၌ ပဋိသန္ဓေ မနေလာတော့ပြီ၊ |
20,179 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရူပ အရူပရာဂကို မပယ်နိုင်သေးရကား ရူပ အရူပဘုံတို့၌ ပဋိသန္ဓေ နေရသေး၏။ |
20,180 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဟန္တာပုဂ္ဂိုလ် |
20,181 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ရဟန္တာ ပုဂ္ဂိုလ်ကား အောက်မဂ်များ မပယ်ရှားနိုင်၍ ကြွင်းကျန်နေသော ကိလေသာ အားလုံးကို အကြွင်း မရှိအောင် ပယ်ရှားနိုင်၏၊ |
20,182 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကိလေသာ ၁၀ ပါးတွင် - ရူပရာဂ အရူပရာဂ ဟူသော လောဘတစိတ်၊ ဒိဋ္ဌိဂတ ဝိပ္ပယုတ် ဥဒ္ဓစ္စသဟဂုတ်၌ ယှဉ်သော မောဟတစိတ်နှင့် မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပ တို့ကို၎င်း၊ သံယောဇဉ် ၉ ပါးတွင် - ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာ ဟူသော ဥဒ္ဓမ္ဘာဂိယ သံယောဇဉ် ၅ ပါးကို၎င်း အောက်မဂ်များက မပယ်နိုင်၊ |
20,183 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို ကိလေသာ သံယောဇဉ်များကို ဤအရဟတ္တမဂ် အကြွင်းမရှိအောင် ပယ်သည်။ |
20,184 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [“ယေပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာ”အရ အရိယာ ၁၀၈ ပါးကိုထုတ်ပြလေ့ ရှိကြ၏၊ အလိုရှိသူတို့ သုတ္တနိပါတ ရတနသုတ္တဋ္ဌကထာမှာရှု။ |
20,185 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] မဂ်က ကိလေသာ ပယ်ပုံ |
20,186 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဂ်သည် ကိလေသာကို ပယ်ရာ၌ အတိတ် ကိလေသာကို ပယ်သလော၊ အနာဂတ် ကိလေသာကို ပယ်သလော၊ ပစ္စုပ္ပန် ကိလေသာကို ပယ် ဟု မေးမြန်းလေ့ရှိကြ၏၊ |
20,187 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | အဖြေကား - အတိတ် ကိလေသာသည် အလိုအလျောက် ချုပ်ပျောက်ပြီး ဖြစ်၍ အတိတ် ကိလေသာကို ပယ်ဘွယ်မလို၊ |
20,188 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | မဖြစ်သေးသော အနာဂတ် ကိလေသာကို ပယ်ရမည်မှာလည်း အနာမရှိခင် ဆေးတင်သော သမားကဲ့သို့ အကျိုးမများချေ၊ |
20,189 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ပစ္စုပ္ပန် ကိလေသာ ဥပါဒ်နေတုန်းမှာလည်း မဂ်စိတ် မဥပါဒ်နိုင်သောကြောင့် ပစ္စုပ္ပန်ကိလေသာကိုလည်း မဂ်က မပယ်နိုင်၊ |
20,190 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | စင်စစ်မှာ ဘူမိလဒ္ဓုပ္ပန္န ဟု ခေါ်သော အနုသယကိလေသာ ဓာတ်ကိုသာ မဂ်က ပယ်သတ်လေသည်။ |
20,191 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤ စကားအရ အနုသယကိလေသာ ဟူသည် အမှန်အားဖြင့် ပစ္စုပ္ပန် အတိတ် အနာဂတ် ၃ မျိုးလုံး မဟုတ်၊ ဘူမိလဒ္ဓုပ္ပန္န တမျိုးသာဟု သိသာပြီ။ |
20,192 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ] [ဝိသုဒ္ဓိမဂ်] |
20,193 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ဧတေန ကိံ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါနံ ကိလေသာနံ ပဟာနံ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါ ပန ကိံ၊ အတီတာ အနာဂတာ ဥဒါဟု ပစ္စုပ္ပန္နာ၊ ဘူမိ လဒ္ဓုပ္ပန္နာဧဝနာမ တေ။ |
20,194 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ကိလေသာ ဖြစ်တည်ရာ လောကီခန္ဓာ ၅ ပါးသည် ဘူမိ မည်၏၊ ထိုဘူမိကို ရရှိသော ကိလေသာသည် ဘူမိလဒ္ဓ မည်၏၊ မဂ်ဖြင့် မပယ်ရသေးသမျှ အနုသယဓာတ် အနေအားဖြင့် တည်ရှိရကား ဥပ္ပန္နလည်း မည်၏၊ |
20,195 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထင်ရှားစေအံ့ – |
20,196 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | သီးပွင့်စေတတ်သော သစ်ပင်၌ အမြစ်မှစ၍ အရွက် အညွှန့် တိုင်အောင် သေးငယ်သော အညှောက် အပင်တုန်းကပင် သီးပွင့်စေနိုင်သော ဓာတ်သတ္တိ ပါရှိ၏၊ ထိုအပင်၌ အသီး မသီးစေလိုလျှင် ရှေ့နှစ်ကသီးပြီး နောက်နှစ်သီးလတံ့ ယခုသီးဆဲ အသီးများကို မပယ်နိုင်၊ ထို သီးစေတတ်သော ဓာတ်ရည်ပြတ်အောင် လိပ်ကြောက်ဆူးစသော အဆိပ်ဆူးတို့ကို လေးမျက်နှာက ထိုးရိုက်သကဲ့သို့... |
20,197 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထို့အတူ ဝိပဿနာဉာဏ်ဖြင့် ပိုင်နိုင်စွာ မသိအပ်သေးသော (အသိ မခံရသေးသော ) လောကီ ခန္ဓာ၌လည်း ဖြစ်လေရာဘဝတိုင်းဝယ် ဥပါဒ်မှစ၍ အနုသယ ကိလေသာဓာတ်တို့ ကိန်းဝပ်လျက်ရှိကြ၏၊ ထိုကဲ့သို့ အနုသယ ကိလေသာ ဓာတ်ကိုပင် “ဘူမိလဒ္ဓ” ဟု ဆိုအပ်လေသည်၊ |
20,198 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | ထိုဘူမိလဒ္ဓ ခေါ်သော အနုသယကိလေသာသည် ဥပါဒ် ဌီ ဘင် အထင်အရှား မဟုတ်သောကြောင့် ပစ္စုပ္ပန် အတိတ် အနာဂတ်ဟု မဆိုအပ်၊ ဘာမျှမရှိသော အဘာဝ ပညတ်လည်း မဟုတ်ရကား “ဘူမိလဒ္ဓ”ဟု တမျိုး မှတ်သားရာ၏၊ မဂ်သည် ထိုဘူမိလပ္ပန္န ခေါ်သော အနုသယဓာတ်ကိုသာ ပယ်သည်။ |
20,199 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဆောင်] သစ်ပင်ကြီးကို၊ သီးမလို၍၊ ထိုထိုကြိတ်နင်း၊ အဆိပ်သွင်းက၊ အတွင်းခြောက်ပြီး၊ နောက်မသီးသို့၊ ဤ နည်းပမာ၊ ပင်ခန္ဓာဝယ်၊ ထပ်ကာကိလေ၊ မသီးစေဘို့၊ လေးထွေမဂ်ဟု၊ အဆိပ်စုဖြင့်၊ ကြိတ်ထု သွင်းလတ်၊ အနုသယပြတ်သည်၊ နောက်ထပ် မဥပါဒ်တော့ပြီ။ |
20,200 | Uncategorized | ကမ္မဋ္ဌာန်း ဘာသာဋီကာ | [ဤမှနောက်၌ ပါဌ်အလျောက် အဓိပ္ပါယ်ကို အခြေပြု သင်္ဂြိုဟ်၌၊ နိရောဓသမာပတ်နှင့်စပ်၍ သိမှတ်ဘွယ်ကို ဝီထိ ဆိုရိုး၌ ပြထား၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.