id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,601 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒမည်၏၊ ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာကုသိုလ်-များသည် ထိုကုသလ-ပုဒ်သည် ဟောအပ်သော ကုသလ-ပုဒ်၏ အနက်ဖြစ်သော အတ္ထပဒ-မည်ကုန်၏၊ |
21,602 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တဖန် ကာမာဝစရကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒမည်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကုသိုလ် စိတ် -အစရှိသောကာမာဝစရကုသိုလ်စိတ် ၈-ပါးသည် ထို ကာမာဝစရပုဒ်၏ အနက်ဖြစ်သော အတ္ထပဒ-မည်၏၊ |
21,603 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပါဝစရကုသလ-စသော စကားတို့၌လည်း ဤနည်းအတိုင်း ပင်တည်း။ |
21,604 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အဘိဓမ္မာ၌ ဗျဉ္ဇနပဒ, အတ္ထပဒ-ခွဲဝေပုံကို နည်း အမြွက်ပေတည်း။ |
21,605 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) သုတ္တန်နည်းအားဖြင့် |
21,606 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒ-မည်၏၊ ထို ကုသလ ၏ အနက်သဘောဖြစ်သော သုစရိုက် ၁၀-ပါး, ကုသလကမ္မပထ ၁၀- ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါးသည် အတ္ထပဒ မည်၏၊ |
21,607 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သုတ္တန်နည်းအားဖြင့် ဗျဉ္ဇနပဒ, အတ္ထပဒ-ခွဲဝေပုံတည်း။ |
21,608 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဤကဲ့သို့ ဟောတော်မူအပ်သော ကုသိုလ်တရားသည် အန မတဂ္ဂ သံသရာ ကမ္ဘာအဆက်ဆက်တို့၌ ဤမည်သော ကပ်ကမ္ဘာတွင်, လောကဓာတ်ပေါင်းအနန္တတို့၌ ဤမည်သောလောကဓာတ်တွင်, ဤမည်သော သတ္တလောကတွင်တစ်စုံတစ်ခုသော ကုသိုလ်မျှလည်း ထိုကုသလဟူသော ဗျဉ္ဇန-ပုဒ်, အတ္ထ-ပုဒ်တို့ဖြင့် မရေမတွက်သည်မရှိ၊ အနမတဂ္ဂ သံသရာ ကမ္ဘာအနန္တ သတ္တဝါအနန္တတို့၌ ကုသိုလ်ဟူ၍ဆိုလျှင် ထိုက... |
21,609 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤသို့လျှင် ကုသလဓမ္မ ဟူသော ပုဒ်၏ သာတ္ထ, သဗျဉ္ဇနဖြစ်ပုံ, သဒ္ဒါနှင့်ပြည့်စုံပုံ, အနက်နှင့် ပြည့်စုံပုံကို သိအပ်၏၊) |
21,610 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကုသလာ ဓမ္မာ-အစရှိကုန်သော ၈-သောင်း ၄-ထောင် ကုန်သောဓမ္မက္ခန္ဓာပုဒ်အပေါင်းတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, သဗျဉ္ဇန-ဖြစ်ပုံကိုသိရာသတည်း။ |
21,611 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ ထိုတရားတော်ဖြင့် အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ် ဗြဟ္မစရိယကို အဘယ်သို့ ပြပါသနည်း။ |
21,612 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ (က) ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော စူဠ သီလသည်လည်း ဗြဟ္မစရိယမည်၏၊ မဇ္ဈိမသီလသည်လည်းကောင်း, မဟာသီလသည်လည်းကောင်း ဗြဟ္မစရိယပင် မည်၏၊ |
21,613 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) အလုံးစုံသော ဝိနည်းပိဋကတ်၌ ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ် ဟူသမျှတို့သည်လည်း ဗြဟ္မစရိယ မည်ကုန်၏၊ |
21,614 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ထိုမှတစ်ပါး အလုံးစုံသော ဣန္ဒြိယသံဝရသီလ, အလုံးစုံသော သတိသမ္ပဇည, ပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှု သန္တောသ, အလုံးစုံသော နီဝရဏတရားတို့ကို ခွာမှု သမာပတ် ၈-ပါး, ဝိပဿနာဉာဏ်, မနောမယိဒ္ဓိ ဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတဉာဏ် အလုံးစုံသည်လည်း ဗြဟ္မစရိယပင် မည်၏၊ |
21,615 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) သတိပဋ္ဌာန် ၄-ပါး, သမ္မပ္ပဓာန် ၄-ပါး, ဣဒ္ဓိပါဒ် ၄-ပါး, ဣန္ဒြေ ၅-ပါး, ဗိုလ် ၅-ပါး, ဗောဇ္ဈင် ၇-ပါး, မဂ္ဂင် ၈ -ပါး၊ ဤဗောဓိပက္ခိယ တရား ၃၇-ပါးသည်လည်း ဗြဟ္မစရိယပင် မည်၏၊ |
21,616 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပြဆိုအပ်ပြီးသော ဗြဟ္မစရိယတို့၏ အကျိုးဖြစ်ကုန်သော လောကီအဘိညာဉ် ၅-ပါး, ဗိုလ် ၅-ပါးတို့ကိုလည်း ဗြဟ္မစရိယ၌ပင် သွင်း၍ ရေတွက်အပ်ကုန်၏၊ |
21,617 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြတ်စွာဘုရားသည် ထိုတရားတော်မြတ်ဖြင့် ဤအလုံးစုံသော ဗြဟ္မစရိယ အကျင့်မြတ်ကို ပြတော်မူ၏၊ ထိုသို့ ပြအပ်သော ဗြဟ္မစရိယ သည်လည်း စူဠသီလ စသည်တို့၌ တစ်စုံတစ်ခုမျှ မပြည့်စုံသော ဗြဟ္မစရိယမည်သည် မရှိ၊ အလုံးစုံ ပြည့်စုံသည်သာ ဖြစ်၏၊ |
21,618 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုထို ဗြဟ္မစရိယဖြင့် ထိုထိုဆိုင်ရာဆိုင်ရာဖြစ်သော ကိလေသာ အဖို့တို့ကို ထိုက်သည်အားလျော်စွာ ပယ်ရှားခြင်းကြောင့် မြတ်စွာဘုရား ပြတော်မူအပ်သော ဗြဟ္မစရိယသည် ထက်ဝန်းကျင်မှ စင်ကြယ်သည် မည်၏၊ |
21,619 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပြဆိုအပ်ပြီးသော ဗြဟ္မစရိယသည်ကား အနာဂါရိယဖြစ် သော ရဟန်းတို့နှင့် သက်ဆိုင်သော ဗြဟ္မစရိယပေတည်း။ |
21,620 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အိမ်ရာထောင်သူ လူတို့၏ ဗြဟ္မစရိယ, နတ်တို့၏ ဗြဟ္မစရိယ သည်ကား ၅-ပါးသီလ, ၈-ပါးသီလ, အဋ္ဌင်္ဂဥပုသ်, ၁၀-ပါးသီလတို့ပေ တည်း။ |
21,621 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗြဟ္မစရိယနှင့်စပ်သော စကားရပ်၌ |
21,622 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဏ္ဏကဇာတ်တွင် ဒါနကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊ |
21,623 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိတ္တိရဇာတ်၌ ၅-ပါးသီလကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊ နေမိ ဇာတ်၌ ဥပေါသထသီလကို ဗြဟ္မစရိယသီလဟု ဟောတော်မူ၏၊ ၁၀- ပါးသီလကိုကား ၈-ပါး သီလနှင့် အလားတူသောကြောင့် ဗြဟ္မစရိယဟူ၍ ဆိုအပ်၏၊ |
21,624 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှတစ်ပါး ထိုထိုသုတ္တန် အရပ်ရပ်တို့၌ အကြင်အကြင် ပုညကိရိယာဝတ္ထုတို့ကို ဆိုင်ရာဆိုင်ရာ၌ ဟောတော်မူ၏၊ ထိုအလုံးစုံ သော ကုသိုလ်ကောင်းမှု ပြုခြင်းနှင့် စပ်ဆိုင်သမျှသော ပုညကိရိယာ ဝတ္ထုတို့ကို ဗြဟ္မစရိယ၌ သွင်း၍ ရေတွက်အပ်ကုန်၏၊ |
21,625 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောက၌ ဤဗြဟ္မစရိယတို့၏ ထင်ရှားရှိနေခြင်းကြောင့် လူတို့ဟူ၍ ထင်ရှားရှိနေကြကုန်၏၊ နတ်တို့ဟူ၍, ဗြဟ္မာတို့ဟူ၍ ထင်ရှားဖြစ်ပေါ်လျက် ရှိနေကြကုန်၏၊ ဘုရားရှင်တို့လည်း ထင်ရှား ပွင့်တော်မူကြကုန်၏၊ ပစ္စေကဗုဒ္ဓါတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏ တပည့်သာဝကတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏၊ သူတော်ကောင်း တို့ဟူ၍ ထင်ရှားရှိကြကုန်၏၊ |
21,626 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဗြဟ္မစရိယတို့ကို ကြဉ်ဖယ်၍ ထားကြပါကုန်မူကား လူသည် လည်းကောင်း, နတ်သည်လည်းကောင်း, ဗြဟ္မာသည်လည်းကောင်း မရှိနိုင်ကုန်၊ ဘုရား ပစ္စေကဗုဒ္ဓါတို့ ပွင့်ပေါ်နိုင်ရန်မှာ ဆိုဘွယ်ရာမရှိချေ။ |
21,627 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင် အယူဝါဒ အကြင်ဘာသာတို့၌ မြတ်သောအကျင့်ဟု ဆိုအပ်သော ဗြဟ္မစရိယတို့ကို ပညတ်ခြင်း မရှိကြကုန်၊ ထို အယူဘာသာတို့၌ သွာက္ခာတ တရားမရှိ၊ ဒုရက္ခာတမကောင်းသဖြင့် ဆိုအပ်သော တရားသာ ရှိလေသောကြောင့် ထိုအယူ ဘာသာသို့ ဝင်၍ ကျင့်ကြံအားထုတ်ကြကုန်သော သူတို့သည် ပိတ်ကွယ် သော သုဂတိတံခါး ရှိကုန်သည်ဖြစ်၍ များသောအားဖြင့် အပါယ်သို့သာ လားကြရကုန်၏၊ |
21,628 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် တရားတော်မြတ်၏ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်း ကျင်မှ စင်ကြယ်သော အကျင့်ကောင်း အကျင့်မြတ်ကို ပြခြင်းသည် ဖြစ်၏၊ |
21,629 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆိုအပ်ပြီးသော စကားရပ်ဖြင့် မြတ်စွာဘုရား ဟောကြားတော် မူအပ်သော တရားတော်မြတ်၏ အနက်သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇနအဖြစ်၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ်ကို ပြသည်၏ အဖြစ်ကြောင့် မဇ္ဈေကလျာဏ ဖြစ်ပုံကို သိအပ်သတည်း။ |
21,630 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ တရားတော်မြတ်၏ အဆုံး၌ ကောင်းခြင်းဟူသည် အဘယ်နည်း။ |
21,631 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ မြင့်မြတ်သော သာဝကတို့နှင့် ပြည့်စုံခြင်းသည် တရားတော်၏ အဆုံး၌ ကောင်းခြင်းမည်၏၊ |
21,632 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာဝကနှင့် ပြည့်စုံခြင်း ဟူသည်ကား |
21,633 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွက္ခာတဖြစ်သော တရားတော်ကို ကျင့်ဆောင်ကြကုန်သော တပည့်သာဝကတို့သည် ကျင့်ကြံအားထုတ်အပ်သော ဗြဟ္မစရိယ၏ အကျိုးတို့ကို ကိုယ်တွေ့ဒိဋ္ဌ ရရှိခံစံ ကြရကုန်၍ ထူးသောပုဂ္ဂိုလ်အဖြစ်သို့ ရောက်ကြ သည်ကို သာဝကသမ္ပတ္တိ ဆိုသည်၊ ဤတရားဂုဏ်တော်၌ ဓမ္မဆိုသည်ကား သူတော်ကောင်းတို့၏ တရားပေ တည်း၊ တရားကို သဒ္ဓမ္မ ဆိုသည်။ |
21,634 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို သဒ္ဓမ္မသည် |
21,635 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ လောကိယသဒ္ဓမ္မ, |
21,636 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ လောကုတ္တရသဒ္ဓမ္မ အားဖြင့် ၂-ပါး ရှိ၏၊ |
21,637 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ၂-ပါးတို့တွင် |
21,638 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောကိယသဒ္ဓမ္မ ဆိုသည်ကား-လောက၌ ရဟန်းပညာရှိတို့ သည်လည်းကောင်း, ပုဏ္ဏားပညာရှိတို့သည်လည်းကောင်း, လူပညာရှိ နတ်ပညာရှိတို့သည်လည်းကောင်း, ဗြဟ္မာပညာရှိတို့သည်လည်းကောင်း ဒုစရိုက် ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ သုစရိုက် ၁၀-ပါးတို့ကို ပညတ်ကြ ကုန်၏၊ |
21,639 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကုသလကမ္မပထ ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ ကုသလ ကမ္မပထ ၁၀-ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ ကသိုဏ်းစျာန် ၁၀-ပါး, အပ္ပမညာစျာန် ၄-ပါး, ရူပ-အရူပ သမာပတ်-၈ပါး, လောကီအဘိညာဉ် ၅-ပါးတို့ကို ပညတ်ကြကုန်၏၊ ဤပစ္စုပ္ပန် လောကကိုလည်း ဟောကြားကြကုန်၏၊ တမလွန်လောက ကိုလည်း ဟောကြားကြကုန်၏၊ အပါယ် ၄-ပါးကိုလည်း ဟောကြား ကြကုန်၏၊ |
21,640 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာမာဝစရ နတ်ပြည် ၆-ထပ်, ရူပဗြဟ္မာဘုံ ၁၆-ထပ်, အရူပဘုံ ၄-ထပ်တို့ကိုလည်း ဟောကြားကြကုန်၏၊ အနန္တ စကြဝဠာ ကမ္ဘာလောက ဓာတ်တို့၏ ရှိခြင်းကိုလည်း ဟောကြားကြကုန်၏၊ |
21,641 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုစရိုက် ၁၀-ပါး, အကုသလ ကမ္မပထတရား ၁၀-ပါး တို့သည် အပါယ် ၄-ပါးသို့သွားရန် လမ်းခရီး ဖြစ်ကြကုန်၏၊ သုစရိုက် ၁၀-ပါး, ကုသလ ကမ္မပထတရား ၁၀-ပါးတို့သည် လူ့ပြည် နတ်ပြည်သို့ သွားရန် လမ်းခရီး ဖြစ်ကြကုန်၏-ဟူ၍လည်း ပညတ်ကြကုန်၏၊ စျာန်သမာပတ် ၈-ပါးတို့သည် ဗြဟ္မာ့ပြည်သို့ သွားရန် လမ်းခရီး ဖြစ်ကြကုန်၏-ဟူ၍လည်း ပညတ်ကြကုန်၏၊ |
21,642 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ ဟောကြားပညတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည် သာမည အားဖြင့် စိတ်သဘောထင်မြင်ရာ ယံဝါ တံဝါပညတ် ဟောကြားကြသည် မဟုတ်ကုန်၊ စျာန်အဘိညာဉ်ရရှိကြကုန်သော ရဟန်း, ပုဏ္ဏား, တန်ခိုး ကြီးသော နတ်, ဗြဟ္မာများတို့သည် ဤပစ္စုပ္ပန်လောက, တမလွန် လောကကြီးတွေကိုကိုယ်တိုင်သိ၍မျက်မှောက်ပြုပြီးမှ မှန်သောအတိုင်း ပညတ်ဟောကြားကြကုန်၏၊ |
21,643 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အချို့သော ပညာရှိတို့သည်လည်း ထိုသို့ အဘိညာဉ်ရပြီးသော ရဟန်း ပုဏ္ဏား-စသည်တို့၏ အထံမှ တရားကို ကြားနာကြကုန်ပြီးလျှင် ထိုအဘိညာဉ်ရရှိသော ပုဂ္ဂိုလ်တို့၏ ဟောပြောသည့်အတိုင်း ပညတ် ဟောကြားကြကုန်၏၊ ဤသို့လောကီ၌ ပညာရှိကြကုန်သော ထိုထိုပုဂ္ဂိုလ် မြတ်တို့ ဟောကြားအပ်သော တရားသည် လောကိယသဒ္ဓမ္မ-မည်၏၊ |
21,644 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်၌ လောကီပညာရှိများ ပညတ်ဟောကြား၍ထားသော ကမ္ဘာစောင့်တရားကြီးများ-ဟူ၍ ဆိုလိုသည်။ |
21,645 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်တို့၌ ထိုထိုကပ်ကမ္ဘာ တည်ဦးစအခါမှစ၍ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ ဖြစ်ပေါ်ကြ ကုန်၏၊ အနန္တ လောကဓာတ်တို့၌လည်း ထိုသို့ပင် ဖြစ်ပေါ်ကြကုန်၏၊ ထိုသို့ ကမ္ဘာစောင့် လောကိယသဒ္ဓမ္မ- တရားတော်ကြီးများ ထင်ရှားဖြစ် ပေါ်ကြကုန်သောကြောင့်သာလျှင် ထိုကမ္ဘာအစဉ်အဆက်တို့၌လည်း ကောင်း, ထိုလောကဓာတ် အနန္တတို့၌လည်းက... |
21,646 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤလောကိယသဒ္ဓမ္မ-သည်လည်း သူနှင့်ဆိုင်ရာ ပရိယာယ် တမျိုးအားဖြင့် အစ၌ ကောင်းခြင်းရှိသည်၊ အလယ်၌ ကောင်းခြင်းရှိသည်၊ အဆုံး၌ကောင်းခြင်းရှိသည်၊ အနက်နှင့် ပြည့်စုံသည်၊ သဒ္ဒါ, ပုဒ်, ဗျည်းနှင့်ပြည့်စုံသည်၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော ဗြဟ္မစရိယ-အကျင့်မြတ်ကို ပြသည်ဟူ၍ ဆိုထိုက်၏၊ |
21,647 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကား၌ မေး။ |
21,648 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောကိယသဒ္ဓမ္မ၏ အာဒိကလျာဏ အစ၌ကောင်း ခြင်းဟူသည် အဘယ်နည်း။ |
21,649 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ဤပစ္စုပ္ပန် လောကကိုလည်း, တမလွန်လောကကို လည်းကောင်း ကိုယ်တိုင်ထိုးထွင်း၍ သိပြီးလျှင် မျက်မှောက်ပြု၍ ပညာ ရှိပုဂ္ဂိုလ်ကြီးတို့ ကောင်းစွာဟောကြားအပ်သည်၏ အဖြစ်သည် အစ၌ ကောင်းခြင်း မည်၏၊ |
21,650 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ မဇ္ဈေကလျာဏ-အလယ်၌ ကောင်းခြင်းဟူသည် အဘယ်နည်း။ |
21,651 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ထိုလောကီ တရားအားလျော်စွာ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါ, ပုဒ် ဗျည်းနှင့်ပြည့်စုံမှု, အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ် သော အကျင့်မြတ်ကို ကောင်းစွာပြုမှုသည် အလယ်၌ ကောင်းခြင်း မည်၏၊ |
21,652 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ ပရိယောသာနကလျာဏ-အဆုံး၌ကောင်းခြင်းဟူသည် အဘယ်နည်း။ |
21,653 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ လောကီပညာရှိ ပုဂ္ဂိုလ်ကြီးတို့ ဆုံးမအပ်သော အတိုင်း တရားစဉ်ကို ကျင့်ကြံကြကုန်သောသူတို့၏ လူ့ပြည်နတ်ပြည်, ဗြဟ္မပြည်ဟုဆိုအပ်သော သုဂတိလောကသို့ ရောက်၍ သုခချမ်းသာကို ခံစားရ မှုသည် လောကိယသဒ္ဓမ္မ-၏ ပရိယောသာသနကလျာဏ-အဆုံး၌ ကောင်းမည်၏၊ |
21,654 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကားမှန်၏၊ မဟာဂေါဝိန္ဒသုတ်၌ |
21,655 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''ထိုဂေါဝိန္ဒ-ပုဏ္ဏားကြီးသည် တပည့်သာဝကတို့အား ဗြဟ္မာ့ဘုံသို့ ရောက်စိမ့်သောငှါ တရားကို ဟောကြားပေ၏၊ |
21,656 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်တပည့်တို့သည် ထိုမဟာဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံး အမဩဝါဒကို အလုံးစုံသိရှိလိုက်နာ ကျင့်ကြံကြကုန်၏၊ ထိုတပည့် တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်ကာလ၌ ကောင်းသော သူတို့၏ လားရာဖြစ်သော ဗြဟ္မာ့ဘုံသို့ ကပ်ရောက် ဖြစ်ပွားကြလေ ကုန်၏၊ |
21,657 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်တပည့်တို့သည် ထိုမဟာဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံးအမ ဩဝါဒကို အလုံးစုံသိရှိလိုက်နာ ကျင့်ကြံခြင်း မပြုကြကုန်၊ တစ်စိတ် တစ်ဒေသမျှကိုသာ ကျင့်ကြံကြကုန်၏၊ ထိုတပည့်တို့သည် အချို့ ဝသဝတ္တိနတ်ပြည်၌ ဖြစ်ကြလေကုန်၏၊ အချို့ နိမ္မာနရတိနတ်ပြည်, အချို့ တုသိတာနတ်ပြည်, အချို့ စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ကြကုန်၏-ဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။ |
21,658 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှတစ်ပါး အလောင်းတော် ဟတ္တိပါလ ရှင်ရသေ့စသော လောကီပညာရှိ ပုဂ္ဂိုလ်တို့၏ အဆုံးအမ ဩဝါဒ-ဟုဆိုအပ်သော လောကိယသဒ္ဓမ္မ-ကို လိုက်နာကြကုန်သော တပည့်သာဝကပေါင်း များစွာတို့၏ နတ်ပြည်, ဗြဟ္မာပြည်ဟုဆိုအပ်သော သုဂတိဘဝတို့၌ ဖြစ်ကြကြောင်းကိုလည်း ထိုထိုကျမ်းဂန်တို့၌ ပြဆိုလျက် ရှိလေ၏၊ သမ္မာသမ္ဗောဓိ, ပစ္စေကဗောဓိ, သာဝကဗောဓိ-ဟု ဆိုအပ်သော ဗောဓ... |
21,659 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် လောကိယသဒ္ဓမ္မသည်လည်း ကောင်းခြင်း ၃- ပါးနှင့်ယှဉ်သည်၏ အဖြစ်ကြောင့် ထိုက်သည့် အားလျော်စွာ သွာက္ခာတပင်မည်၏ဟူ၍ ဆိုထိုက်ပေသည်။ |
21,660 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာသနသဒ္ဓမ္မ |
21,661 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာသနသဒ္ဓမ္မဆိုသည်ကား-သုညတဟု ဆိုအပ်သော ခန္ဓာ, နာမ်, ရုပ်, ဓာတ်, အာယတန-တို့နှင့် စပ်သောတရား၊ လက္ခဏာရေး ၃-ပါးနှင့် စပ်သောတရား၊ မဂ်ဖိုလ်နိဗ္ဗာန်ဟုဆိုအပ်သော လောကုတ္တရာ တရားနှင့်စပ်သော တရားများပေတည်း။ |
21,662 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘယ်ကျမ်းဂန်များ၌လာသော တရားမျိုးကဲ့သို့ နည်းဆိုလျှင် အလုံးစုံသော အဘိဓမ္မာပိဋကတ်, အလုံးစုံသော မဟာနိဒါန သုတ်, အလုံးစုံသော နိဒါနဝဂ္ဂသံယုတ်, အာယတနဝဂ္ဂသံယုတ်, မဟာဝဂ္ဂ သံယုတ်၊ ဤသို့စသော ကျမ်းတို့၌ ဟောအပ်သော တရားမျိုးကဲ့သို့တည်း။ |
21,663 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပြဆိုအပ်ပြီးသော ကျမ်းတို့၌ ဟောတော်မူအပ်သော တရားတို့ သည် သာသနသဒ္ဓမ္မ-တို့ မည်ကုန်၏၊ ထို သာသနသဒ္ဓမ္မ-၏ ကောင်းခြင်း ၃-ပါးနှင့် ပြည့်စုံပုံကို ရှေး၌ ပြဆိုအပ်ခဲ့ပြီ။ |
21,664 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဓိပ္ပါယ်တစ်နည်း |
21,665 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဓိပ္ပါယ်တစ်နည်းအားဖြင့်-ဤ မြတ်စွာဘုရား၏ သာသနာ တော်ကျမ်းဂန်ဟု ဆိုအပ်သော ပိဋကတ် သုံးဘုံတို့၌ လောကိယသဒ္ဓမ္မဟုဆိုအပ်သော ကမ္ဘာစောင့် တရားတော်ကြီးများကိုလည်း မြတ်စွာဘုရား ထည့်သွင်း၍ ဟောကြားတော်မူအပ်ကုန်၏၊ |
21,666 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘယ့်ကြောင့် ဟောကြားတော်မူပါသနည်းဆိုလျှင် |
21,667 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ထိုလောကိယသဒ္ဓမ္မ-တို့၌ အချို့သော တရားတို့သည် ဤ သာသနာတော်ဓမ္မ၏ အာဒိဗြဟ္မစရိယ-သဖွယ်ဖြစ်၍ ပထမ အခြေခံ ကျင့်ရန်တရားများ ဖြစ်ကြကုန်၏၊ |
21,668 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အချို့သော တရားတို့သည် ဝိပဿနာကိုလွယ်ကူစွာ ဆောင် ရွက်နိုင်ရန်အကြောင်း ဖြစ်ကုန်၏၊ |
21,669 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အချို့သော တရားတို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ ခံစား သုံးဆောင်၍နေခြင်းငှာ ဆောင်ရွက် ကြကုန်၏၊ |
21,670 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အချို့သော တရားတို့သည် သာသနဓမ္မ၏ ပြည့်စုံခြင်းကို ညွှန်ပြတတ်ကုန်၏၊ |
21,671 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် ထိုလောကိယသဒ္ဓမ္မ-များကို မြတ်စွာဘုရားသည် သာသနာတော်ကျမ်းတို့၌ ထည့်သွင်း၍ ဟောတော်မူရလေသည်။ |
21,672 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သို့ဖြစ်၍ ဤသာသနသဒ္ဓမ္မ-သည် လောကိယသဒ္ဓမ္မ-အားဖြင့် အစ၌ကောင်းခြင်းရှိ၏၊ ရုပ်, နာမ်, ခန္ဓာ, အာယတန-တရား, ပဋိစ္စသမုပ္ပါဒ် တရားစသည်တို့၌ အစဉ်သိမြင်ခြင်း ထိုးထွင်း၍သိမြင်ခြင်း-တည်းဟူသော အသိဉာဏ်အထူးကို ရရှိခြင်းအားဖြင့် အလယ်၌ကောင်းခြင်းရှိ၏၊ ဖိုလ်တည်းဟူသော ဝိမုတ္တိ, နိဗ္ဗာန်တည်း ဟူသော ဝိမုတ္တိရသကို ရရှိခြင်း အားဖြင့် အဆုံး၌ ကေ... |
21,673 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆိုဖွယ်ရာအထူး ရှိပြန်သည်ကား |
21,674 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လူတို့အသက်တမ်း ရှည်လျားသော ကပ်ကမ္ဘာကာလတို့၌ ပွင့် တော်မူကြကုန်သော ဘုရားရှင်တို့သည် ထိုခေတ်အခါ ကမ္ဘာလောက အပေါ်၌ လောကိယသဒ္ဓမ္မ-ဟုဆိုအပ်သော ကမ္ဘာစောင့်တရားကြီးများ ထင်ရှားရှိ နေကြကုန်သောကြောင့် လူ, နတ်, ဗြဟ္မာ သတ္တဝါတို့အား တရားဓမ္မ ဟောပြ သွန်သင်တော်မူသောအခါ သာသနာတွင်း နှင့် သက်ဆိုင်သော သာသနသဒ္ဓမ္မ-တရားစစ်ကြီးများကိုသာလျှ... |
21,675 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တပည့်သား ရဟန်းတို့အား သိက္ခာပုဒ်ပညတ်တော်မူခြင်း၌ လည်း ကင်းသောကြောင့်ကြခြင်း ရှိတော်မူကြကုန်၏၊ |
21,676 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြောင်းကိုဆိုသော် |
21,677 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုခေတ်အခါ ကာလသမ္ပတ္တိနှင့် ကြုံကြိုက်သဖြင့် ကမ္ဘာ စောင့်ဖြစ်သော လောကီလက်ရိုး တရားကြီးများလည်း ထွန်းကား လျက်ရှိနေဆဲဖြစ်၏၊ ထိုတရားမျိုးကို အထူးဟောကြားရန်မလို၊ လောကိယသဒ္ဓမ္မ-ကြီးတွေ ထွန်းကားနေဆဲအခါဖြစ်၍ ရဟန်းတော်တို့ သည်လည်း ပကတိသဘောအားဖြင့် စင်ကြယ်ပြည့်စုံ၍နေကြကုန်၏၊ ထိုသို့စင်ကြယ်ပြည့်စုံ၍ ကာယကံ, ဝစီကံ လုံခြုံသော ရဟန်း... |
21,678 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် အသက်ရှည်သော ခေတ်၌ ပွင့်တော်မူကြသော မြတ်စွာဘုရားတို့သည် သာသနသဒ္ဓမ္မ-သက်သက်ကိုသာ ဟောကြား တော်မူကြရသဖြင့် နည်းပါးသောကိစ္စ ရှိတော်မူကြကုန်၏၊ |
21,679 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂေါတမ ဗုဒ္ဓ သာသနာ |
21,680 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂေါတမမြတ်စွာဘုရားသည်ကား လူတို့အသက်တမ်း အလွန်တို သောကာလ ဆုတ်ကပ်ထဲ၌ ပွင့်တော်မူ ရ၏၊ ညံ့ဖျင်းသောခေတ်ကာလ အခါနှင့် ကြုံကြိုက်သဖြင့် လောကိယသဒ္ဓမ္မ-ကြီးများလည်း များသော အားဖြင့် ပျောက်ကွယ်တိမ်မြုပ်ဆဲဖြစ်၏၊ လူအပေါင်းတို့သည်လည်း သောင်းကျန်းဆိုးသွမ်းကြကုန်၏၊ |
21,681 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် မြတ်စွာဘုရားသည် လူ, နတ်, ဗြဟ္မာ-သတ္တဝါတို့အား တရားဟောတော်မူဟောအခါ တိမ်မြုပ် မှိန်မှေး၍နေသော လောကိယ သဒ္ဓမ္မ-ကြိးများကိုလည်း အလွန်အရေးကြီးစွာ ဟောကြားတော်မူရမည့် အခွင့်နှင့် ကြုံကြိုက်လျက် ရှိနေတော်မူ၏၊ |
21,682 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် တရားဒေသနာကိစ္စဖြင့် လောကိယသဒ္ဓမ္မ-ကို ဟောတော်မူရသည်က တစ်ဖက်, သာသနသဒ္ဓမ္မ-ကိုဟောတော်မူရ သည်ကတစ်ဖက်ကြောင့် အလွန်တကြီး ကြောင့်ကြစိုက်တော်မူရလေ၏၊ |
21,683 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ လောကိယသဒ္ဓမ္မ-ကို ထုတ်ဖော် ဟောတော်မူရ၏၊ |
21,684 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သာသနသဒ္ဓမ္မ-ကိုလည်း တည်ထောင်တော်မူရ၏၊ |
21,685 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သောင်းကျန်းဆိုးသွမ်းသော ခေတ်ကာလအတွင်းဖြစ်၍ ရဟန်းတော်တို့အားလည်း သိက္ခာပုဒ် ပညတ်တော်မူရန်အတွက် အလွန် ပင် ကြောင့်ကြစိုက်တော်မူရလေ၏၊ |
21,686 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကဲ့သို့လျှင် တရားတော်၏ ကလျာဏ ၃-ပါးနှင့် ပြည့်စုံကြောင်းကိုသိရာ၏၊) |
21,687 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ ကမ္ဘာစောင့် လောကိယသဒ္ဓမ္မ-ကြီးများသည် လောက ၌ များသောအားဖြင့် အဘယ်ကာလတွင် ပျောက်ကွယ်ခြင်းသို့ ရောက် ပါသနည်း။ |
21,688 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ မိစ္ဆာဒိဋ္ဌိတို့ဖြစ်ပေါ်လာသော အခါမှစ၍ ကမ္ဘာစောင့် တရား လက်ဟောင်းကြီးများ ရောက်ကြလေကုန်သည်။ |
21,689 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အဘယ်အခါကစ၍ လောက၌ မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်ကြ ကုန်သနည်း။ |
21,690 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ လူတို့ အနှစ်တစ်ထောင်တမ်းသို့ရောက်သော အခါမှစ၍ လောက၌ မှောက်မှား, ဖောက်ပြန်သော အယူရှိကြကုန်သော မိစ္ဆာဒိဋ္ဌိ ရဟန်း, ပုဏ္ဏားတို့ ပေါ်ကြကုန်သည်ဟူ၍ စက္ကဝတ္တိ-သုတ်၌ ဟော တော်မူ၏၊ |
21,691 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ မိစ္ဆာဒိဋ္ဌိ-ဟူသည် အဘယ်နည်း။ |
21,692 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ မိစ္ဆာဒိဋ္ဌိအယူမျိုးသည် ၁၀-ပါးရှိ၏၊ ၁၀-ပါးဟူ သည်ကား |
21,693 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အလှူ၏ အကျိုးသည် မရှိ။ |
21,694 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ယဇ်ကြီး ပူဇော်မှု(အလှူပွဲကြီး)၏ အကျိုးသည်မရှိ။ |
21,695 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ယဇ်ငယ်ပူဇော်မှု(အလှူငယ်) ၏အကျိုးသည်မရှိ။ |
21,696 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးသည်မရှိ။ |
21,697 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဤပစ္စုပ္ပန် လောကလည်းမရှိ။ |
21,698 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ တမလွန် လောကလည်း မရှိ။ |
21,699 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အမိ-ဟူ၍လည်း မရှိ။ |
21,700 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အဖ-ဟူ၍လည်း မရှိ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.