id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
21,701
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ နတ်, ဗြဟ္မာ-စသည်တို့ကဲ့သို့ ဥပပါတ်ပုဂ္ဂိုလ်ဟူ၍လည်း မရှိ။
21,702
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ အကြင်ပုဂ္ဂိုလ်တို့သည် ဤပစ္စုပ္ပန်လောကကိုလည်းကောင်း, တမလွန်လောကကိုလည်းကောင်း, ကိုယ်တိုင်ထိုးထွင်းသိမြင်၍ မျက် မှောက်ပြုကြကုန်ပြီးလျှင် ဟောကြားကြကုန်၏၊ ထိုသို့ လောကနှစ်ရပ်ကို အတတ် သိမြင် ဟောကြားနိုင်၍ အညီအညွတ် ကောင်းစွာကျင့်သော ထိုရဟန်း, ပုဏ္ဏားတို့သည်လည်း လောက၌ မရှိ။
21,703
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤသည်လျှင် မိစ္ဆာဒိဋ္ဌိအယူကြီး ၁၀-မျိုးပေတည်း။
21,704
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ-လည်း ခေါ်သည်။
21,705
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ထိုမိစ္ဆာဒိဋ္ဌိကြီးတွေ ပေါ်ပေါက်သည်မှစ၍ လောကိယသဒ္ဓမ္မကမ္ဘာစောင့် လက်ရိုးကောင်း တရားဟောင်း ကြီးများသည် အစွန်အဖျား ဖြစ်သော တိုင်းနိုင်ငံ, ဇနပုဒ်တို့၌ အလုံးစုံ ကွယ်ပျောက်ကြလေကုန်၏၊
21,706
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကမ္ဘာ၏ အလယ်ဗဟိုဖြစ်၍ သူတော်ကောင်းတို့ ထွန်းကာ ရာဖြစ်သော မဇ္ဈိမတိုက်ကြီးအတွင်း၌လည်း များသောအားဖြင့် ကွယ် ပျောက်ကြလေကုန်သည်သာဖြစ်၏၊ တစ်ခါတစ်ရံ ဘုရားအလောင်းတော် ကြီးများ ပေါ်ပေါက်လာသော အခါ၌သာလျှင် ဘုရားပွင့်တော်မူသော အခါကဲ့သို့ ကြီးစွာသော သမ္မာဒိဋ္ဌိ ခေတ်ကာလကြီး ပေါ်ပေါက်၍လာ၏၊ တစ်ပါးတစ်ပါးသော ဘုရားအလောင်းတော်ကြီးတို့၏ ဆုံ...
21,707
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြင် တိုင်းနိုင်ငံ ဇနပုဒ်တို့၌ ထိုကမ္ဘာစောင့် တရားကောင်း တရားမှန်ကြီးများသည် အလုံးစုံကွယ် ပျောက်လေ၏၊ ထို တိုင်းနိုင်ငံ ဇနပုဒ်တို့၌ အကြင်လူအပေါင်းတို့သည် ထိုမိစ္ဆာဒိဋ္ဌိ အယူဆိုးကြီး တို့ကိုသာလျှင် စွဲလမ်းယူငင် ကျင့်ကြံကြကုန်၏ထိုလူအပေါင်းတို့သည် ဥစ္ဆေဒဒိဋ္ဌိ-တို့သာလျှင် ဖြစ်ကြလေကုန်၏၊
21,708
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥစ္ဆေဒဒိဋ္ဌိ- အယူရှိကြလေကုန်သောကြောင့် နောင်တမလွန် လောကကို မယုံကြည်သည့်အတွက် ထိုတမလွန် လောကအလို့ငှါ ကုသိုလ်ကောင်းမှုပြုရန် ကြောင့်ကြမစိုက်ကြကုန်၊ ထိုသူတို့သည် စင်စစ်အားဖြင့် အပါယ်သို့သာ လားကြလေကုန်၏၊
21,709
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုဥစ္ဆေဒ ဒိဋ္ဌိကိုမစွဲလမ်းကြကုန်သည်ရှိသော် သဿတဒိဋ္ဌိကို ယူငင်စွဲလမ်းကြကုန်၏၊ သဿတဒိဋ္ဌိမှာ တမလွန် လောကကို ယုံကြည် ၏၊ ထိုတမလွန်လောကအတွက် ကြောင့်ကြစိုက်ကြပါကုန်သော်လည်း တရားကောင်း တရားမှန်မှကင်း၍ ကံကိုယုံကြည်သော ကမ္မကိရိယ ဉာဏ်မျက်စိ ကွယ်ကြကုန်သောကြောင့် မကိုးကွယ်ထိုက်ရာ၌ ကိုးကွယ် ရာဟူ၍ ရှာမှီးမှတ်ထင်၍နေကြလေကုန်၏၊
21,710
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤအရာ၌ ကိုးကွယ်သည်-ဟူသောစကားမှာ သရဏဂုံကဲ့သို့ သံသရာဘေးမှ ကယ်တင်လိမ့်မည်ဟု ထင်မှတ်၍ ကိုးကွယ်ခြင်းကို ဆိုလိုသည်။
21,711
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အချို့သော သူတို့သည် လောကကို အစိုးရသော အရှင်ကို ဆည်းကပ်ကိုးကွယ်ကြကုန်၏၊
21,712
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အချို့သော သူတို့သည် မဟာဗြဟ္မာကြီးကို ကိုးကွယ် ဆည်း ကပ်ကြကုန်၏၊
21,713
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အချို့သော သူတို့သည် လ-ကို, နေ-ကို, မဟာဒေဝ-စသော မိမိတို့ဆိုင်ရာ နတ်တို့ကို, တောကို, တောင်ကို, သစ်ပင်ကြီးကို, မြစ်ကို ကိုးကွယ်ကြကုန်၏၊
21,714
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအလုံးစုံသော ကိုကွယ်မှုများသည် တစ်စုံတစ်ခုမှ အကျိုးကို မရစေနိုင်သောကြောင့် နိရတ္ထက-အချည်းနှီးတို့သာ ဖြစ်ကုန်၏၊ အား ကိုးပါသော်လည်း ကိုးကွယ်ရာမရောက် ဖြစ်ကြလေကုန်၏၊ မိမိတို့ ထင်မြင်စွဲလမ်းသောအတိုင်း ကိုးကွယ်ရာတို့ကို ကိုးကွယ် ၍ ဆုတောင်းခြင်း, ချီးမွမ်း ထောမနာပြုခြင်း, နဖူးမြေစိုက်နှင့် ခစား ဝပ်တွားခြင်း, ပူဇော်လုပ်ကျွေး...
21,715
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နွားမ၏ ဦးချိုဖျားကို နို့ရည်ထွက်မည်အထင်နှင့် ညှစ်သော သူရူး၏ အချည်းနှီး ပင်ပန်းခြင်းကဲ့သို့လည်းကောင်း, မီးကို အလိုရှိသဖြင့် ပိုးစုန်းကြူးကို အပန်းကြီးစွာ ကောက်ရိုးဖြင့် မီးမှုတ်သော သူရူးကဲ့သို့ လည်းကောင်း, ဆီကို အလိုရှိသဖြင့် သဲတို့ကို ဆီပွတ်သော သူရူးကဲ့သို့ လည်းကောင်း ဖြစ်ကြရလေကုန်၏၊
21,716
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဇ္ဈိမဒေသ၌ မူလတိုင်းရင်းသားဖြစ်သော ဟိန္ဒုလူမျိုးတို့သည် ကား မဟာဗြဟ္မာကြီးကိုလည်းကောင်း, အပါးသော ကိုးကွယ်ရာတို့ကို လည်းကောင်း, ဆည်းကပ်ကိုးကွယ်ကြကုန်သော်လည်း ကမ္ဘာဦးကစ၍ အစဉ်အဆက် မိရိုးဖလာ ဆင်းသက်၍လာသော ကံ,ကံ၏အကျိုးကို ယုံကြည်သော ကမ္မကိရိယဝါဒ-ကို မစွန့်လွှတ်ကြကုန်၊ ပုညကိရိယဝတ္ထုကို လည်း ပြုကြကုန်၏၊
21,717
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့လျှင် လူတို့၏ အနှစ် တစ်ထောင်တမ်းအခါ မိစ္ဆဒိဋ္ဌိတို့ ဖြစ်ပေါ်ထွန်းကားသည်မှစ၍ လောကိယ သဒ္ဓမ္မ-ကြီးသည် အဆင့်ဆင့် အစဉ်အတိုင်း ဆုတ်ယုတ်၍ လာလေ၏၊
21,718
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဂေါတမဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော် အခါ၌မူကား
21,719
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပုဏ္ဏားဟုခေါ်သော ဗြာဟ္မဏလူမျိုးတို့သည် အထူးထူးသော မိစ္ဆာဒိဋ္ဌိကျမ်းဂန်တို့ကိုသာလျှင် အမှီသဟဲပြု၍ နေကြကုန်၏၊
21,720
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အိမ်ရာမထောင်ဘဲ ရသေ့ ရဟန်း ဇာတိနှင့် ရှိနေကြကုန် သော သူတို့သည်လည်း ဘာသာဝါဒတို့၌ တွေးတောခြင်း, စုံစမ်းခြင်းအားဖြင့် ဝိစိကိစ္ဆာတရား တလုံးထွေးထွေးနှင့် အယူအထူးထူးရှိသော မိစ္ဆာဒိဋ္ဌိတို့သာလျှင် ဖြစ်ကုန်၏၊
21,721
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အိမ်ရာထောင်သော လူ့ဘောင်၌နေထိုင်ကြကုန်သော မင်းမျိုး, သူဌေးမျိုး, ကုန်သည်မျိုးတို့သည်ကား မိမိတို့နှင့်စပ်လျဉ်းရာ ပူရဏကဿပ-အစရှိကုန်သော တိတ္ထိဆရာကြီး ၆-ဦးတို့ကိုသာလျှင် ဆည်းကပ် ကိုးကွယ်ကြကုန်၍ များသောအားဖြင့် မိစ္ဆာဒိဋ္ဌိ အမျိုးမျိုး တို့သာလျှင် ဖြစ်နေကြလေကုန်၏၊
21,722
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် အလွန်ကြီးကျယ် ထူထပ်လှ စွာသော မိစ္ဆာဒိဋ္ဌိတောကြီးထဲမှ ထူးကဲစွာ ဘုရားအဖြစ်သို့ ရောက် တော်မူလာရသည်။
21,723
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မိစ္ဆာဒိဋ္ဌိတို့၏ လွှမ်းမိုးချက်ကြောင့် ပျက်စီးတိမ်မြုပ်နေ သော''လောကိယသဒ္ဓမ္မ” ကမ္ဘာစောင့် လက်ရိုး တရားဟောင်းကြီး တရားကောင်းကြီးတို့ကို တစ်ဖန် အသစ်ဖြစ်ထွန်း ပေါ်ပေါက်လာရလေ အောင် များစွာ ကြောင့်ကြစိုက်တော်မူပြီးလျှင် တရားဟောတော်မူခြင်း ကိစ္စ၌ လွန်မင်းစွာ ကြိုးစားတော်မူရ၏၊
21,724
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကိလေသာတရားတို့ ပြန့်ပွား သောင်းကျန်းသော ခေတ် အတွင်းမှာဖြစ်ပေါ်တော်မူလာရသောကြောင့်လည်း ရဟန်းတို့အတွက် နှင့် သိက္ခာပုဒ်တော် အမျိုးမျိုးကို ပညတ်တော်မူရခြင်းကိစ္စ၌လည်း များစွာ ကြောင့်ကြစိုက်တော်မူရလေ၏၊
21,725
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြဆိုအပ်ပြီးသော စကားအစဉ်ကို ဆင်ခြင်သောအားဖြင့် ထိုလောကိယသဒ္ဓမ္မ-သည် ဤမြတ်စွာဘုရား၏ သာသနာတော်ဓမ္မ၌ အာဒိကလျာဏ-ဟုဆိုအပ်သော အစ၏ကောင်းခြင်းဖြစ်မှုကို ကောင်းစွာ သိအပ်လေ သတည်း။
21,726
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သွာက္ခာတ ဂုဏ်တော် ပြီး၏၊
21,727
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌိက ဂုဏ်တော်
21,728
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမံ အတ္တနိ ဒဋ္ဌဗ္ဗန္တိ သန္ဒိဋ္ဌံ။
21,729
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမံ၊ ကိုယ်တိုင်၊ အတ္တနိ၊ မိမိသန္တာန်၌။
21,730
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒဋ္ဌဗ္ဗံ၊ ရှုအပ်မြင်အပ်သည်တည်း။
21,731
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌံ၊ သန္ဒိဋ္ဌမည်၏၊
21,732
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သူတစ်ပါးပြောဟောချက်နှင့် မယုံကြည်မူ၍ ကိုယ်တိုင်ဒိဋ္ဌ ထင်ထင်ရှားရှား တွေ့မြင်အပ်သည်ကို သန္ဒိဋ္ဌဟု ဆိုသည်။
21,733
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌံ သာမညဖလံ ဧတဿာတိ သန္ဒိဋ္ဌိကော။
21,734
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဧတဿ၊ ထိုတရားတော်အား။
21,735
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌံ၊ ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံ ခံစားရသော။
21,736
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမညဖလံ၊ ရဟန်းအဖြစ်၏ အကျိုး, မဂ်၏အကျိုးသည်။
21,737
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အတ္ထိ၊ ရှိ၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။
21,738
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သော၊ ထိုတရားတော်သည်။
21,739
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌိကော၊ သန္ဒိဋ္ဌိက မည်၏၊
21,740
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏အကျိုး, မဂ်၏အကျိုးရှိသောကြောင့် သန္ဒိဋ္ဌိက မည်၏- ဟူ၍ ဆိုလိုသည်။
21,741
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမည ဆိုသော စကား၌
21,742
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရဟန်းအဖြစ်ကိုလည်းကောင်း, အရိယမဂ်ကိုလည်းကောင်း သာမညဆိုသည်၊ ထိုသာမည၏ အကျိုးသည် သာမညဖလ မည်၏၊ ဤတရားတော်ကို ကျင့်ဆောင်လျှင် မျက်မှောက်ဒိဋ္ဌအားဖြင့် ရဟန်း ဖြစ်မှု၏ အကျိုး, သို့မဟုတ် မဂ်၏အကျိုးများကို ခံစားရသည်-ဟူ၍ ဆိုလိုသည်။
21,743
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသန္ဒိဋ္ဌိက-ဟူသော ဂုဏ်ပုဒ်ကို သီလက္ခန်ပါဠိတော် သာမည ဖလသုတ်၌ အကျယ်အားဖြင့် ပြဆိုလျက်ရှိ၏၊ ထိုသာမညဖလသုတ်၌ ရဟန်း၏အဖြစ်အကျိုး, အရိယမဂ်၏ အကျိုးများကို သန္ဒိဋ္ဌိက-ဟူ၍ ဆို၏၊
21,744
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဂုဏ်တော်အရာ၌မူကား
21,745
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရဟန်း၏အဖြစ်, အရိယမဂ်-ဟူသော အကြောင်းတရားကိုသာ သန္ဒိဋ္ဌိက-ဟူ၍ ဆိုသည်၊ သာမညနှင့် သညမာဖလ-သည် အချင်းချင်း မကွေမကွင်းနိုင်သော တရားများ ဖြစ်ကြပေသည်။
21,746
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသာမညဖလသုတ်၌ အဇာတသတ်မင်းသည် မျက်မှောက်၌ ဒိဋ္ဌတွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏ အကျိုးဟု ဆိုအပ်သော သာမညဖလကို မေးလျှောက်လေ၏၊
21,747
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူသည်။
21,748
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်ဦးသော မင်းခယောကျ်ားသည် အသင်မင်းကြီးကို မပန် ကြားဘဲ သာသနာဘောင်၌ ရဟန်းပြုလေ၏၊ မင်းကြီး သိလေသော် ထိုမင်းခယောကျ်ား၌ အဘယ်သို့ ပြုစီရင်မည်နည်းဆိုလျှင် တစ်စုံတစ်ရာ ဒဏ်ထားခြင်း စသည် အမှုကိုမပြုရာ၊ စင်စစ်မူကား မင်းသည်သာလျှင် ထိုရဟန်းကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, နေရာပေးခြင်း, ပစ္စည်း ၄-ပါး တို့ဖြင့် ဖိတ်မံခြင်းကို ပြ...
21,749
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤသည်ကား ရဟန်းပြုလေသော ထိုမင်းခယောကျ်ား၌ ဒိဋ္ဌတွေ့ကြုံ ခံစားရသော ရဟန်းဖြစ်မှု၏ အကျိုးပေတည်း။
21,750
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ရဟန်းမပြုမီ ရှေးအဖို့၌ မင်းကြီးကို မိမိက ရှိခိုးရ၏၊ ရဟန်း အဖြစ်သို့ ရောက်သောအခါ မိမိကို မင်းကြီးက ရှိခိုးရလေ၏၊ မင်း၏ ရှိခိုးခြင်းကို ခံရလေ၏- ဟူ၍ ဟောတော်မူ၏၊
21,751
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသာမညဖလသုတ်၌- ရဟန်းအဖြစ်ကို သာမည-ဟူ၍ ဆို၏၊ ရဟန်းအဖြစ်သို့ ရောက်သည်နှင့် တပြိုင်နက် ခံစားရသော အကျိုး အာနိသင်-ဟူ၍ ဆိုသည်၊ ဤမျှသည်သာလျှင် အကျိုးရှိသည် မဟုတ် သေး စင်စစ်သော်ကား- များလှစွာသော ကာမဂုဏ်၏ အပြစ် ဒေါသ=အာဒီနဝတို့ကို ပယ်ရှား၍ ချမ်းသာစွာ နေရခြင်း တည်းဟူသော အကျိုးသည်လည်း ရဟန်းအဖြစ်သို့ ရောက်သည်နှင့်တပြိုင်နက် ကိုယ် တွ...
21,752
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်ဓမ္မသည် မျက် မှောက်ဒိဋ္ဌ၌ ခံစားတွေ့ကြုံရသော ချမ်းသာအကျိုးထူး ရှိလေသောကြောင့် သန္ဒိဋ္ဌိက မညလေသည်။
21,753
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌိက ဂုဏ်တော်ပြီး၏၊
21,754
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကာလိက ဂုဏ်တော်
21,755
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဂမေတဗ္ဗော အနာဂတေ ဘဝေ ဖလကာလော ဧတဿာတိ ကာလိကော။
21,756
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဧတဿ၊ ထိုတရားအား။
21,757
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနာဂတေ ဘဝေ၊ နောင် အနာဂတ်ဘဝ၌။
21,758
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဂမေတဗ္ဗော၊ ဆိုင်းငံ့ မျှော်ရသော။
21,759
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဖလကာလော၊ အကျိုးပေးချိန်သည်။
21,760
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သော ဓမ္မော၊ ထိုတရားသည်။
21,761
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာလိကော၊ ကာလိက-မည်၏၊ သေသည်၏ အခြားမဲ့ဖြစ်သော နောက်ကာလ၌ အကျိုးပေး လိမ့်မည်ဟူ၍ ထင်စားမျှော်လင့်ရသော တိတ္ထိတို့၏ တရားကို ရစေ။
21,762
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို အညတိတ္ထိတို့၏ တရားသည် ကာလိက မည်၏၊
21,763
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
န ကာလိကော အကာလိကော။
21,764
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာလိကော၊ နောင်ကာလ အကျိုးပေးချိန်ကို မျှော်လင့်ရသော တရားမျိုးသည်။
21,765
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
န၊ မဟုတ်။ ဣတိတသ္မာ၊ ထို့ကြောင့်။
21,766
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကာလိကော၊ အကာလိက မည်၏၊ မြတ်စွာ ဘုရား၏ တရားတော်ကိုရစေ။
21,767
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုမြတ်စွာဘုရား၏ တရားတော်မြတ်သည် ဤမျက်မှောက်ဘဝ၌ပင် ကျင့်သုံး ဆောက်တည်သော အခါမှစ၍ ကျင့်စင်လမ်းရှိသည့်အတိုင်း အဆင့်ဆင့် ရသင့်ရထိုက်သော “သာမ ညဖလ” ဒိဋ္ဌ အကျိုးထူး, ဒိဋ္ဌချမ်းသာထူးကို ပေးတတ်၏၊ ထိုသို့ အခါမလင့် အကျိုးထူး, ချမ်းသာထူးကို ပေးတတ်သောကြောင့် မြတ်စွာဘုရား၏ တရားတော်သည် အကာလိက မည်၏၊
21,768
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာလိက, အကာလိက-စကားနှင့်စပ်၍ မာရသံယုတ်၌ လာ သော သုတ္တန်ကို ထုတ်ဆောင်၍ ပြအပ်၏၊
21,769
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်ရံသောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သီလဝတိမည်သောဌာန တောင်ချောက်ကြားတို့၌ သီတင်းသုံးတော် မူသောအခါ များစွာသောရဟန်းတို့သည်လည်း ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ မနီးမဝေးသော အရပ်ဌာန၌ မမေ့မလျော့ မပူမပင် ကျွတ်ကျွတ်လွတ်လွတ် ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်၍ နေ တော်မူကြကုန်၏၊
21,770
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအခါ ယုတ်မာသော မာရ်နတ်သားသည် ပုဏ္ဏားအသွင် ဖန်ဆင်းပြီးလျှင် လာလတ်၍ ထိုရဟန်းတို့ကို ဤသို့ဆိုလေ၏၊ ဒဟရော ဘဝန္တော ပဗ္ဗဇိတာ အနိကိလိတာဝိနော ကာမေသု၊ ဘုဉ္ဇန္တု ဘောန္တော မာနုဿကေ ကာမေ၊ မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝိတ္ထ။
21,771
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘဝန္တော၊ အရှင်ရဟန်းတို့။
21,772
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တုမေ၊ အရှင်တို့သည်။
21,773
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒဟရာ၊ ပျိုမျစ်နုနယ် အရွယ်ငယ်ငယ်တုံးက။
21,774
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဗ္ဗဇိတာ၊ ရဟန်းပြု၍လာကြကုန်၏၊ ကာမေသု၊ ကာမဂုဏ်တို့၌။
21,775
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနိကိလိတာဝိနော၊ သက်ဝင်ပျော်ပါး ခံစား ရွှင်းမြူးခဲ့ကြဖူးသည် မဟုတ်ကြကုန်။
21,776
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မာနုဿကေ ကာမေ၊ လူ့ပြည်၌ဖြစ်သော ကာမဂုဏ်တို့ကို။
21,777
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘုဉ္ဇန္တု၊ သုံးဆောင် ခံစားကြကုန်ဦးလော့။
21,778
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သန္ဒိဋ္ဌိကံ၊ ဒိဋ္ဌတွေ့ကြုံဆဲဖြစ်သော လူတို့ကာမဂုဏ်ချမ်းသာကို။
21,779
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာလိကံ၊ အချိန်ကာလစောင့်ဆိုင်းမျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့။
21,780
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မာ အနုဓာဝိတ္ထ၊ စိတ်ပြေးသွား၍ မနေကြကုန်လင့်။
21,781
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုမာရ်နတ်၏ စကား၌
21,782
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ သန္ဒိဋ္ဌိက-ဆိုသည်မှာ လူ့ဘုံ၌ တွေ့ကြုံ၍နေသော လူတို့ ကာမဂုဏ်ကို ရည်၍ဆိုသည်။
21,783
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကာလိက-ဆိုသည်မှာ သေသည်မှ နောက်ကာလ၌ ခံစားရ မည်ဖြစ်သော နတ်တို့ကာမဂုဏ်ကို ရည်၍ဆိုသည်။
21,784
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မာရ်နတ်၏ အထင်မှာ ရဟန်းပျိုတို့သည် နောက်ဘဝ၌ ခံစားရန် မျှော်လင့်ရသော နတ်ကာမဂုဏ်တို့ကို အလိုရှိသောကြောင့် တွေ့ကြုံ၍ နေသော လူတို့ကာမဂုဏ်ကို စွန့်ပြီးလျှင် တောထွက်ကျင့်ကြံ၍နေသည်ဟု ထင်သဖြင့် ဤသို့ဆိုလေသည်။
21,785
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအခါ ရဟန်းတို့က ဤသို့ပြောဆိုကြကုန်၏၊ အိုပုဏ္ဏား ငါတို့သည် ဒိဋ္ဌတွေ့ကြုံရသော လူတို့ ကာမဂုဏ်ကို စွန့်၍ စောင့်ဆိုင်း မျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့ စိတ်ပြေးသွား၍ နေကြကုန် သည်မဟုတ်၊ ငါတို့သည် စောင့်ဆိုင်းမျှော်လင့်ရသော ကာမဂုဏ်တို့ကို စွန့်၍ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော သာမညဖလ-ရဟန်း အဖြစ်၏ အကျိုးထူးဆီသို့သာလျှင် စ...
21,786
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အိုပုဏ္ဏား-ကာမဂုဏ်တရားတို့သည် စင်စစ်အားဖြင့် စောင့်ဆိုင်း မျှော်လင့်ရသော ကာလိက-တို့မည်ကုန်၏-ဟူ၍ မြတ်စွာဘုရား ဟော ကြားတော်မူ၏၊ ကာမဂုဏ်တို့သည် များသောဒုက္ခရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်တို့သည် အလွန်များ ပြားကုန်၏၊
21,787
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အိုပုဏ္ဏား-ဤကျင့်ကြံအားထုတ်အပ်သော ရဟန်းတရားသည် မျက်မှောက်ဒိဋ္ဌ ခံစားအပ်သော အကျိုးရှိ၏၊ အခါမလင့် အကျိုးပေး တတ်၏-ဟူ၍ ဆိုကြကုန်၏၊
21,788
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုစကား၌ ရှေးရှေးဘဝတို့၌ ကံကိုပြု၍ နောက်နောက်ဘဝတို့၌ ရရှိခံစားအပ်ကုန်သောကြောင့် အလုံးစုံသော လူ့ကာမဂုဏ်, နတ် ကာမဂုဏ်တို့ကို ကာလိက-ဟူ၍ ဆိုသည်။
21,789
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(နောင်အနာဂတ်ဘဝ၌ ရရှိခံစားရန် မျှော်လင့်ရသော တရားမျိုးဟူ၍ဆိုလိုသည်။
21,790
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ဤအရာ၌ ဗုဒ္ဓဘာသာတရားနှင့် သာသနာတော်မှ အပဖြစ်သော အညတိတ္ထိယတရား ၂-ပါးတို့၏ အထူးကို ပြဆိုဦးအံ့။
21,791
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ကာလိက-ဟူ၍ဆိုလျှင် အကျိုးကို စောင့်ဆိုင်း မျှော်လင့်ရ သောတရား။
21,792
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အကာလိက-ဟူ၍ဆိုလျှင် လက်ငင်းဒိဋ္ဌအကျိုးပေးသော ဗုဒ္ဓဘာသာတရားဟူ၍ မှတ်လေ။
21,793
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဗုဒ္ဓဘာသာမှတပါးသော တိတ္ထိတို့၏တရားသည် ကာလိက-ဖြစ်၏၊
21,794
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဗုဒ္ဓဘာသာ တရားတော်မြတ်သည် အကာလိက-ဖြစ်၏၊
21,795
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မေး။ တိတ္ထိတို့၏ တရားသည် အဘယ်သို့ ကာလိက-မျိုးဖြစ် သနည်း။
21,796
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဖြေ။ သွာက္ခာတ-ဂုဏ်တော်တို့တွင် ပြဆိုခဲ့ပြီးသော နည်း အားဖြင့်တိတ္ထိတို့၏ တရား၌ အလုံးစုံပြည့်စုံသော အကျင့်သီလဟု ဆိုအပ်သော ဗြဟ္မစရိယ-လည်း မရှိ၊ စျာန်သမာပတ်ဟု ဆိုအပ်သော ဗြဟ္မစရိယ-လည်း မရှိ၊ လောကုတ္တရာမဂ်ဟု ဆိုအပ်သော ဗြဟ္မစရိယ လည်း မရှိ၊ ရှေး၌ပြဆိုခဲ့ပြီးသော လောကိယသဒ္ဓမ္မ-ကမ္ဘာစောင့် တရားကောင်း တရားမွန်ကြီးများပင်သော်လည်း မ...
21,797
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့် ပြဆိုခဲ့ပြီးသော အဆင့်ဆင့် မွန်မြတ်ကုန်သော မျက်မှောက်ဘဝ၌ ကိုယ်တွေ့ဒိဋ္ဌ ခံစားအပ်ကုန်သော သာမညဖလ-ဟု ဆိုအပ်ကုန်သောချမ်းသာသုခတို့သည်လည်း မရှိကုန်၊ သေသည်မှ အခြားမဲ့ဖြစ်သော နောက်ကာလ, နောက်ဘဝတို့၌ အထက် ကောင်းကင် ဘုံသို့ရောက်၍ နိစ္စချမ်းသာ, ထာဝရချမ်းသာကို ရရှိခံစားရလတ္တံ့ဟူ၍ အမြဲအစွဲ မှတ်ယူပြီးလျှင် ဤပစ္စုပ္ပန်ဘဝ၌ အ...
21,798
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဗုဒ္ဓသာသနာတော်မှအပ၌ ကိုးကွယ်ရာ မဟုတ်သည်တို့ကို ကိုးကွယ်အားထားရာဝတ္ထုတို့ဟူ၍ မှတ်ထင်ကြကုန်ပြီးလျှင် ဆုတောင်း ခြင်းအလုပ်, ဝပ်တွားခစားခြင်းအလုပ်, ချီးမွမ်းထောမနာခြင်း အလုပ်ပို တွေကို ပြုကျင့်ရုံမျှသာဖြစ်၏၊
21,799
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့် တိတ္ထိတို့၏ တရားသည် နောင်အနာဂတ်ဘဝ၌ မျှော်လင့်ရသော အကျိုးရှိသည်ဖြစ်၍ ကာလိက-မည်သတည်း။
21,800
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုတိတ္ထိတရားများ၏ နောင်အနာဂတ်ဘဝ၌ မျှော်လင့် အား ထားရသောအကျိုးဆိုသည်မှာလည်း ထိုတိတ္ထိတို့၏ အရမ်းမဲ့ ထင်မြင် ယုံကြည် မှတ်ယူပြောဆိုခြင်း၏ အစွမ်းအားဖြင့်သာလျှင် ဆိုရသော စကားဖြစ်၏၊