id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,801 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စင်စစ်မူကား-ထို တိတ္ထိတို့၏ တရားမှာ လောကိယသဒ္ဓမ္မ များပင်သော်လည်း မရှိလေသောကြောင့် ထိုတိတ္ထိတို့၏ တရားသည် အနန္တရဘဝ၌ အပါယ်သို့ ကောင်းကောင်းကြီး ဖြောင့်ဖြောင့်ကြီး သွား ရန်အကြောင်း သက်သက်မျှသာဖြစ်လေ၏၊ |
21,802 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ထိုတိတ္ထိတို့၏ တရားသည် ကောင်းကင်ဘုံသို့ မျှော်၍ ချိန်ရွယ် ကျင့်ကြံပါသော်လည်း သေသည်မှ နောက်ကာလ၌ အပါယ်ဘုံသို့ ငုံ့၍ ခုန်ဆင်းကြရကုန်၏-ဟူ၍ ဆိုလိုသည်။ |
21,803 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓဘာသာ တရားတော်သည် အဘယ်သို့ အကာလိက ဖြစ်ပါသနည်း။ |
21,804 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ဗုဒ္ဓဘာသာ တရားတော်မှာကား အာဒိကလျာဏ-ဟု ဆိုအပ်သော လောကိယသဒ္ဓမ္မ-၏ဆိုင်ရာ ကောင်းမြတ်သော အကျင့် တို့လည်း ရှိကုန်၏၊ ထိုလောကိယသဒ္ဓမ္မ-ထက် လွန်ကဲသော သာသန သဒ္ဓမ္မ-တို့၌မူကား မြင့်မြတ်သော ဗြဟ္မစရိယ-နှင့် ထိုဗြဟ္မစရိယ-၏ မျက်မှောက်ဒိဋ္ဌဖြစ်သော အကျိုးတို့သည်လည်း သာသနာတော်ဓမ္မ၏ လိုရင်းသဘောအနေအားဖြင့် ထင်ရှားရှိကြကုန်၏၊ ထို့ကြေ... |
21,805 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအရာ၌ စောဒနာစကား ပြောကြားခွင့် ရှိသည်မှာထို ဗုဒ္ဓဘာသာတရားတော်မြတ်၌ လောကိယသဒ္ဓမ္မ-များလည်း ထင်ရှားပါဝင် ရှိနေသည်၏အဖြစ်ကြောင့် ထိုလောကိယသဒ္ဓမ္မ-ကြောင့် လူဖြစ်ခြင်း, နတ်ဖြစ်ခြင်း, ဗြဟ္မာဖြစ်ခြင်းတို့သည်လည်း ထင်ရှားရှိကြ ကုန်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်သည်လည်း အခြားမဲ့ဖြစ်သော ဘဝ၌ သုဂတိဘုံဘဝသို့ ရောက်စေတတ်သော ကံတို့ကို ... |
21,806 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစောဒနာ စကားသည် တစ်စိတ်တစ်ဒေသအားဖြင့် မှန်ပေ၏၊ |
21,807 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ ကာလိက-မျိုးပင် ဖြစ်စေဦးတော့ ထိုအခြားမဲ့ဘဝ၌ သုဂတိဘဝသို့ ရောက်ရလိမ့်မည်-ဟု မျှော်လင့်ရသော အကျိုးသည် သာသနဓမ္မ-၌ လိုရင်းမဟုတ်၊ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံရသော သာမညဖလ သန္ဒိဋ္ဌိကတို့သာလျှင် ဗုဒ္ဓဘာသာတရားတော်၌ လိုရင်းအချက် ဖြစ်၏၊ ပညာရှိ၍ |
21,808 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါရမီပြည့်ကြကုန်ပြီးသော ပုဂ္ဂိုလ်မြတ်တို့သည်ကား ထိုကာလိက အကျိုးငှါ ကျင့်ကြံအားထုတ်ကြကုန်သည် မဟုတ်၊ မျက်မြင်ဒိဋ္ဌ တွေ့ကြုံ ခံစား ရသော အကာလိက-အကျိုးငှါသာလျှင် ကျင့်ကြံအားထုတ်ကုန်သည်။ |
21,809 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယခင်ပြဆိုခဲ့ပြီးသော မာရသံယုတ်၌ ရဟန်းတို့က ပြန်ပြောသော စကားတွင် |
21,810 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာလိကဉ္စ ခေါ မယံ ဟိတွာ သန္ဒိဋ္ဌိကံ အနုဓာဝါမ။ |
21,811 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ဆိုသော စကားကိုထောက်ရာ၏၊ |
21,812 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာလိကဉ္စ၊ နောက်ဘဝ၌ မျှော်လင့်အားထားရသော ကာမဂုဏ်အကျိုးကို။ |
21,813 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သန္ဒိဋ္ဌိကံ၊ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော သာမညဖလအကျိုးသို့သာလျှင်။ |
21,814 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုဓာဝါမ၊ စိတ်ပြေးဝင်သောအားဖြင့် ကျင့်ကြံ အားထုတ်ကြကုန်၏၊ သို့ပင် အကာလိက-စင်စစ်ဖြစ်သော်လည်း အကြင်ပုဂ္ဂိုလ်တို့ သည် အကာလိက-အကျိုးငှာ ကျင့်ကြံကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် မဟာဂေါဝိန္ဒသုတ်၌ ဆိုအပ်ပြီးသော နည်းအားဖြင့် အလုံးစုံသော ဤသာသနသဒ္ဓမ္မ-ကိုထိုးထွင်း၍ သိမြင်ပေါက်ရောက်ကြကုန်ရှိသော် အကာလိက-အကျိုးအလုံးစုံကို ရရှိကြလေကုန်၏၊ |
21,815 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အလုံးစုံ မထိုးထွင်း မပေါက်ရောက်နိုင်သော ပုဂ္ဂိုလ်တို့သည်ကား တစ်စိတ် တစ်ဒေသဖြစ်သော အကာလိက-အကျိုးကိုရ၍ ဤဘဝ၌ သုဂတိဘုံသို့ ရောက်စေတတ်သော ကံ၏အစွမ်းအားဖြင့် အခြားမဲ့ဘဝ၌ သုဂတိ ဘုံသို့သာ လားကြရလေကုန်၏၊ |
21,816 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာသနာတော်သဒ္ဓမ္မ-သည် အောက်ထစ်ဆုံးအားဖြင့် သုဂတိ ဘုံဘဝသို့ လားစေနိုင်၏၊ မျက်မှောက်ဒိဋ္ဌ အကာလိက အကျိုးကို ရရှိစေ နိုင်သော တရားအမှန်အစစ်ပင် ဖြစ်သော်လည်း ကျင့်ဆောင်အားထုတ် သော ပုဂ္ဂိုလ်တို့၏ ပါရမီအနုအရင့် ဉာဏ်အနုအရင့် အနုန့်အထက်သို့ လိုက်၍ အကျိုးကိုဖြစ်စေနိုင်၏၊ ဆောင်းဥတုသည် အမှန်အေးသည် ဆိုသော်လည်း အသည်းအသန် အဖျားတက်၍ နေသေ... |
21,817 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စောဒနာရန် ရှိပြန်သည်မှာ |
21,818 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဗုဒ္ဓဘာသာတရားတော်၌လည်း အကြင်ပုဂ္ဂိုလ်တို့သည် ကောင်းစွာမကျင့်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် အပါယ်သို့ သွားခြင်းတို့လည်း ထင်ရှားရှိကြကုန်သည်။ |
21,819 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကားမှန်၏၊ ထိုသို့ အပါယ်သို့လားကြကုန်ရာ၌ ကောင်းစွာ မကျင့်ကြကုန်သော သူတို့၏ အပြစ်ဒေါသ-သာလျှင်ဖြစ်၏၊ ဗုဒ္ဓဘာသာ တရားတော်၏ အပြစ်မဟုတ်ချေ၊ သို့ဖြစ်၍ ကောင်းစွာ မကျင့်ကြံကြ ကုန်သော သူတို့၏ အပါယ်သို့ လားမှုအတွက်ကြောင့် ဗုဒ္ဓဘာသာ တရားတော်ကို အပြစ်ဆိုရန် အကြောင်း မဟုတ်ချေ။ |
21,820 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ- ပြဒါးဓာတ်, သံဓာတ်တို့သည် ကောင်းစွာစီရင်နိုင်သော သူတို့အား ဓနသိဒ္ဓိ, အာယုသိဒ္ဓိ-စသော ကိစ္စများကို ပြီးစီးစေနိုင်၏၊ ကောင်းစွာ မစီရင်တတ်ဘဲ သုံးစွဲသောသူတို့အား အပြစ်ကိုဖြစ်စေ တတ်၏၊ ထိုသို့ အပြစ်ကိုဖြစ်စေမှု၌ ပြဒါးဓာတ်, သံဓာတ်တို့ကို အပြစ်ဆို ထိုက်သည်မဟုတ်၊ ကောင်းစွာ မစီရင်နိုင်သောပုဂ္ဂိုလ်၏ အပြစ်သာလျှင် ဖြစ်လေသကဲ့သို... |
21,821 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာနက္ခဏိက ကမ္မပစ္စည်းအရာ၌-မဂ် ၄-ပါး၌ရှိသော စေတနာ သည် အခြားမဲ့ဖြစ်သော ဖိုလ် ၄-ပါးအား အနန္တရ, သမနန္တရ-စသော သတ္တိဖြင့်ကျေးဇူးပြု၍ အကျိုးဖြစ်စေခြင်းသည်လည်း တရားတော်မြတ်၏ အခါမလင့် အကျိုးပေးသော အကာလိက-ဂုဏ်တော်အစွမ်းပင်ဖြစ်၏ဟူ၍-ဆိုကြကုန်၏၊ |
21,822 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကာလိက ဂုဏ်တော် ပြီး၏၊ |
21,823 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဟိပဿိက ဂုဏ်တော် |
21,824 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣတော ဧဟိ ဣမံ ပဿ ဣတိ ဝိဓာနံ နိယောဇနံ အရဟတီတိ ဧဟိပဿိကော။ |
21,825 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဟိ၊ သည်ကိုလာလှည့်။ |
21,826 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣမံ၊ ဤတရား ကို။ |
21,827 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဿ၊ ကြည့်ရှုစုံစမ်းလှည့်။ |
21,828 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣတိဝိဓာနံ၊ ဤသို့သောအစီအရင်ကို။ |
21,829 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိယောဇနံ၊ တိုက်တွန်းခြင်းကို။ |
21,830 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရဟတိ၊ ထိုက်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ |
21,831 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဟိပဿိကော၊ ဧဟိပဿိက-မည်၏၊ |
21,832 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တရားတော်မြတ်သည် ကောင်းခြင်း ၃-ရပ်နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် ဤအရပ်မှသည်ကို လာလှည့်, ဤတရားကိုရှုလှည့်-ဟူ၍ စီရင်ထိုက်, တိုက်တွန်း နှိုးဆော်ထိုက်သောကြာင့် ဗုဒ္ဓဘာသာ တရားတော် သည် ဧဟိပဿိက-မည်၏၊ |
21,833 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လက်သို့ရောက်ပြီးသော စကြာမင်း၏ စည်းစိမ်ချမ်းသာကိုပင် သော်လည်း စွန့်ခွာပယ်ပစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့် လျင်မြန်စွာလာပါလှည့်၊ လျင်မြန်စွာလာပြီးလျှင် ဤတရားတော်ကို နာပါလှည့်၊ ဤတရားကို နာပြီးလျှင် အနက်, သဘောအဓိပ္ပါယ်ကို နက်နက်နဲနဲ စုံစမ်းဆင်ခြင်သော ဉာဏ်မျက်စိဖြင့် ကြည့်ရှုဆင်ခြင်ပါ လှည့်-ဟူ၍ သွင်းဆောင်ခြင်း, ဆော... |
21,834 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ တရားတော်သည် အဘယ်သို့လျှင် လာလှည့်, ရှုလှည့်ဟူသော အစီအရင်ကို ထိုက်ပါသနည်း။ |
21,835 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ဤသို့ စီရင်တိုက်တွန်းသော သူတို့သည် စီရင် တိုက် တွန်းချက်အတိုင်း လာရောက် ကြည့်ရှုကြကုန်သော သူတို့၏ ဝမ်း မြောက်ဝမ်းသာ ပူဇော်သက္ကာရပြုခြင်း, ပြော၍မပြီးနိုင်အောင် ကျေးဇူးကြီး ကျယ်စွာ တင်ခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ဤဗုဒ္ဓဘာသာ တရားတော်မြတ်သည် လာလှည့်, ရှုလှည့်-ဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်သည်-ဟူ၍ မှတ်ရာ၏၊ |
21,836 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ လာရောက် ကြည့်ရှုသောသူတို့သည် အဘယ်သို့ ကျေးဇူးတင်ခြင်း, ပူဇော်ခြင်း, ချီးမွမ်းအံ့ဩခြင်းကို ပြုကြပါသနည်း။ |
21,837 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ အရှင်သည် အကျွန်ုပ်အား ကောင်းသောအမှု ကိစ္စကြီး ဖြင့် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုပေ၏၊ အရှင်သည် ဤထူးမြတ်လှ စွာသော တရားတော်အတွင်း, သာသနာတော်အတွင်းသို့ သွတ်သွင်းခေါ် ဆောင်ပေ၏၊ ထိုသို့ခေါ်ဆောင် သွတ်သွင်းခြင်းကား ကောင်းသော ခေါ်ဆောင်သွတ်သွင်းခြင်းပေတည်း။ |
21,838 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကယ်၍ အကျွန်ုပ်ကို ဤတရား တော်အတွင်း, ဤသာသနာတွင်းသို့ သွတ်သွင်းခေါ်ဆောင်ခြင်းကို မပြုပါမူကား အကျွန်ုပ်သည် ဤတရားတော်မှ အပြင်ပ၌ မျက်ကွယ်ဖြစ်၍ နေရတော့အံ့၊ မိစ္ဆာဒိဋ္ဌိအဖြစ်နှင့်သာ ဆုံးရှုံးရတော့အံ့၊ ဤတရားတော်မှ အပဖြစ်၍နေပါလျှင် အပါယ် ၄-ပါးတည်းဟူသော ဆင်းရဲတွင်းသို့ သက် ဆင်းရတော့အံ့။ |
21,839 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရှင်သည် အကျွန်ုပ်ကို ဤတရားတော်အတွင်းသို့ သွတ်သွင်း ခေါ်ဆောင်လျက် အကျွန်ုပ်ကို အပါယ်ဆင်းရဲမှ ကယ်တင်ပေ၏၊ ဝဋ်ဒုက္ခမှ ထုတ်ဆောင်ပေ၏ဟူ၍ ပူဇော်ချီးမွမ်းခြင်းကို ရရှိကြကုန်၏၊ စင်စစ်မှာ ထိုသို့မြင့်မြတ်သော ပူဇော်ခြင်း, ချီးမွမ်းခြင်းကို ရသည်မူလည်း ဖြစ်စေ, မရသည်မူလည်းဖြစ်စေ၊ တရားတော်မြတ်သည် စင်စစ်သံသရာမှ ထွက်မြောက်စေတတ်သော နိယျ... |
21,840 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မဟာဝဂ္ဂ သံယုတ်ပါဋ္ဌိတော် ရာဇိကာရာမဝဂ်၌လည်း-- ချစ်သား ရဟန်းတို့ အကြင်မိတ်ဆွေခင်ပွန်းတို့ကိုလည်းကောင်း, အကြင်ချစ်ကျွမ်းဝင်သော သူတို့ကိုလည်းကောင်း, အကြင်သွေးချင်း တော်စပ်သော ဉာတိပေါက်ဖော်တို့ကိုလည်းကောင်း သနားငဲ့ညှာကုန် သည်ဖြစ်အံ့၊ ထိုမိတ်ဆွေစသော သူတို့ကလည်း လိုက်နာထိုက်ပေသည် ဟူ၍ ထင်မြင်ယုံကြည်ကြကုန်သည် ဖြစ်အံ့။ |
21,841 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ချစ်သားရဟန်းတို့- ထိုသူတို့ကို သောတာပတ္တိယင်္ဂတရား ၄- ပါးတို့၌ ကောင်းစွာဆောက် တည်စေအပ်ကုန်၏၊ ကောင်းစွာ သွတ် သွင်းအပ်ကုန်၏၊ ကောင်းစွာထောက်တည်ရာကို ရစေအပ်ကုန်၏-ဟူ၍ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤတရားဒေသနာတော်ဖြင့် မြတ်စွာ ဘုရား ကိုယ်တော်တိုင်ပင်လျှင် တရားတော်အတွင်းသို့ သွတ်သွင်းသင့် သွတ်သွင်းထိုက် ခေါ်ဆောင်သင့် ခေါ်ဆောင်ထ... |
21,842 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောတာပတ္တိယင်္ဂ တရား ၄-ပါးဟူသည်ကား |
21,843 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘုရား၌ အကြွင်းမဲ့ သက်ဝင်ယုံကြည်ခြင်း, |
21,844 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ တရားတော်၌ အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း, |
21,845 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သံဃာတော်၌ အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း, |
21,846 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သီလသိက္ခာတို့ကို ဖြည့်ကျင့်လေ့ရှိခြင်း, |
21,847 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ၄-ပါးတို့ပေတည်း။ |
21,848 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သောတာပန်ဖြစ်ရန် အကြောင်းအင်္ဂါဖြစ်သောကြောင့် သောတာပတ္တိယင်္ဂ တရားခေါ်သည်။ |
21,849 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) မြတ်စွာဘုရားကိုယ်တော်တိုင်''ဧဟိ ဘိက္ခု” ခေါ်တော်မူ၍ ရဟန်းအဖြစ်သို့ သိမ်းသွင်းသော အစီအရင်တို့၌လည်း ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ၊ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ |
21,850 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်တဦးတည်းကို “ဧဟိ ဘိက္ခု” ခေါ်ယူသိမ်းသွင်းရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဧကဝုစ် စကားတော်ဖြစ်သည်။ |
21,851 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မော၊ တရားတော်ကို။ |
21,852 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတော၊ ငါဘုရား ကောင်းစွာ ဟောကြားတော်မူအပ်ပြီ။ |
21,853 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမ္မာ၊ ကောင်းစွာ မဖေါက်မပြန်။ |
21,854 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုက္ခဿ၊ ဆင်းရဲဒုက္ခ၏၊ အန္တကိရိယာယ၊ အဆုံးကိုပြုခြင်းငှါ။ |
21,855 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စရ၊ ကျင့်လှည့် ပါလော့။ |
21,856 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ၊ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ |
21,857 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်အများကို “ဧဟိ ဘိက္ခု” ခေါ်ယူသိမ်းသွင်းတော်မူရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဗဟုဝုစ် စကားတော်ဖြစ်သည်။ |
21,858 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွက္ခာတော၊ ငါဘုရား ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ |
21,859 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စရထ၊ ကျင့်လှည့်ကြကုန်လော့။ |
21,860 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် “ဧဟိ ဘိက္ခု” ခေါ်တော်မူ၍ ကိုယ်တော်တိုင် တရားတော်အတွင်း, သာသနာတော်အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင် တော်မူအပ်သော ဥပသမ္ပဒ-ရဟန်းတော်တို့သည်လည်း မြတ်စွာဘုရား လက်ထက် တော်အခါ အသိမ်းမက များပြားစွာ ရှိတော်မူကြကုန်၏၊ |
21,861 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ပြင်လည်း |
21,862 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧထ ဘိက္ခဝေ သီလဝန္တော ဟောထ၊ ပါတိမောက္ခ သံဝရသံဝုတာ ဝိဟရထ။ |
21,863 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ထိုထိုပါဠိတော်တို့၌ ဟောကြားတော်မူ၏၊ |
21,864 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သီလဝန္တော၊ သီလနှင့် ပြည့်စုံကြကုန်သည်။ |
21,865 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟောထ၊ဖြစ်ကြကုန်လော့။ |
21,866 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါတိမောက္ခ သံဝရသံဝုတာ၊ ပါတိမောက္ခသံဝရသီလ-ဟုဆိုအပ်သော ဝိနည်းသိက္ခာ ပုဒ်တို့ကို လုံခြုံစွာ စောင့်သုံးကြကုန်သည်ဖြစ်၍။ |
21,867 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိဟရထ။ နေကြကုန် လော့။ |
21,868 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပါဠိတော်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းတို့ကို ဟောကြားပညတ်တော်မူအပ်သော တရားတော် အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင်တော်မူကြောင်းကို ပြဆို၏၊ |
21,869 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရဟန်းတို့ကိုသာ ဤသို့ သိမ်းသွင်းခေါ်ဆောင်တော်မူသည် မဟုတ်၊ အိမ်ရာထောင်သော လူများကိုလည်း ဧထ တုမှေ ကာဠာမာ=အို-ကာဠာမ အမျိုးဖြစ်သော ဒါယကာ တို့- သင်တို့သည် လာကြကုန်လော့။ |
21,870 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧထ တုမှေ သာဠာ=အို- သာဠ မည်သော ဒါယကာတို့ သင်တို့ သည် လာကြကုန်လော့။ |
21,871 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ စသည်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ခေါ်ဆောင် ခြင်း အစီအရင်တို့သည် ဖြစ်ကုန်၏၊ |
21,872 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဧဟိ-ဟူသော အစီအရင်ကို ပြဆိုသော ပါဠိသာဓကများပေတည်း။ |
21,873 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) နိဒါနဝဂ္ဂသံယုတ် ပါဠိတော် ဒုတိယဝဂ်၌ |
21,874 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ဌိတာဝ သာ ဓာတု၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ၊ အဘိသမ္ဗုဇ္ဈိတွာ ဒေသေတိ၊ ပဿထာတိ စာဟ။ |
21,875 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇာတိပစ္စယာ၊ ဇာတိဟူသောအကြောင်း ကြောင့်။ |
21,876 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇရာမရဏံ၊ ဇရာမရဏသည်။ |
21,877 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပ္ပဇ္ဇတိ၊ဖြစ်၏၊ သာ ဓာတု၊ ဇာတိကြောင့် ဇရာမရဏ ဖြစ်မှုဟူသော ထိုဓာတ်သဘောသည်။ |
21,878 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တထာဂတာနံ၊ မြတ်စွာဘုရားတို့၏၊ ဥပ္ပါဒါ ဝါ၊ ပွင့်တော်မူသော် လည်းကောင်း။ |
21,879 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုပ္ပါဒါ ဝါ၊ ပွင့်တော်မမူသော်လည်းကောင်း။ |
21,880 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဌိတာဝ၊ တည်လျက် ရှိနေသည်သာလျှင်တည်း။ |
21,881 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တံ၊ ဇာတိကြောင့် ဇရာ မရဏဖြစ်ခြင်းဟူသော ထိုဓာတ်သဘောကို။ |
21,882 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တထာဂတော၊ မြတ်စွာ ဘုရားသည်။ |
21,883 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိသမ္ဗုဇ္ဈတိ၊ ထိုးထွင်း၍ သိတော်မူ၏၊ အဘိသမ္ဗုဇ္ဈိတွာ၊ ထိုးထွင်းသိမြင်ပြီး၍။ |
21,884 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒေသေတိ၊ သတ္တဝါတို့အား ဟောကြားတော်မူ၏၊ တုမှေ၊ သင်တို့သည်။ |
21,885 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဿထ=ရှုကြကုန်လော့။ |
21,886 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣတိ စ၊ ဤသို့လျှင်။ |
21,887 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဟ၊ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ |
21,888 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ၊ ပဿထာတိ စာဟ။ |
21,889 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ |
21,890 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ် ကုန်၏၊ တုမှေ၊ သင်တို့သည်။ |
21,891 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဟ၊ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ဤပါဠိတော်တို့ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင်လျှင် တရားတော်ကို ရှုကြကုန်လော့-ဟု နှိုးဆော်တိုက်တွန်းတော်မူကြောင်းကို သိအပ်၏၊ |
21,892 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ပဿ-ဟူသော အစီအရင်ကို ပြသော ပါဠိတော်သာဓကများပေတည်း။ |
21,893 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဧဟိ, ပဿ=လာလှည့်, ရှုလှည့်=ဟူသော တိုက်တွန်းချက် ၂- မျိုးတို့တွင် |
21,894 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဟိ-ဟူသောပုဒ်ဖြင့်- တရားတော်အတွင်း, သာသနာတော် အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်ခြင်း အစီအရင်ကို ပြ၏၊ ပဿ-ဟူသောပုဒ်ဖြင့်- တိုက်တွန်းချက်ဖြင့် ထိုတရားကို ကျင့်ဆောင်အားထုတ်ခြင်း, ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ခြင်း အစီ အရင်ကိုပြ၏၊ |
21,895 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လာလှည့်, ရှုလှည့်-ဟူသော ထိုတိုက်တွန်းချက် ၂-မျိုးတို့ဖြင့် နှိုးဆော်ခြင်းငှါ ထိုက်သောကြောင့် တရားတော်သည် ဧဟိပဿိက မည်၏၊ |
21,896 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤလောက၌ လာပါလှည့်, ကြွပါလှည့်-ဟူ၍ဖိတ်လျှင် ကြွလာ သောသူအား ပြုစုကျွေးမွေးခြင်း, လှူဒါန်းပူဇော်ခြင်းဖြင့် တစ်စုံတစ်ရာ ဝမ်းမြောက် နှစ်သက်ဖွယ်ရာ ကျေးဇူးပြုနိုင်မှသာလျှင် လာပါ, ကြွပါဟူ၍ ပင့်ဖိတ်ခြင်းငှါ သင့်လျော်လေသကဲ့သို့။ |
21,897 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့အတူ တရားအတွင်းသို့ သိမ်းသွင်းခြင်း အနေအားဖြင့် ဧဟိ-လာလှည့်-ဟူ၍ ခေါ်ဆောင်ပင့် ဖိတ်လျှင် ထိုတရားအတွင်းသို့ ခိုဝင် ကပ်ရောက်လာသော သူတို့အား အကျိုး များစွာ ဖြစ်ထွန်းစေနိုင်မှသာလျှင် ခေါ်ဆောင် သိမ်းသွင်းသင့်လေ သဖြင့် ဧဟိ- ဟူသော အစီအရင်ကို ထိုက်သည်မည်၏၊ |
21,898 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြတ်စွာဘုရားဟောကြားတော်မူအပ်သော ကလျာဏ ၃-ပါးနှင့် ပြည့်စုံသော တရားတော်သည်ကား |
21,899 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိအတွင်းသို့ သိမ်းသွင်းခေါ်ဆောင်၍ ရောက်လာသောသူတို့ အား အောက်ထစ်ဆုံးအားဖြင့် သုဂတိဘုံဘဝသို့ လာစေနိုင်၏၊ အလွန်ဆုံး အကျိုးအားဖြင့် အမြတ်ထက် အမြတ်ဆုံးဖြစ်သော နိဗ္ဗာန် ချမ်းသာသို့ ရောက်စေနိုင်၏၊ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရား တော်သည် ဧဟိ-ဟူသော အစီအရင်ဖြင့် နှိုးဆော်ခြင်းကို ထိုက်လေ သည်။ |
21,900 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤလောက၌ တစ်စုံတစ်ခုသော ပွဲသဘင်ကို ဖြစ်စေ, တစ်စုံ တစ်ခုသော ရတနာကိုဖြစ်စေ, တစ်စုံ တစ်ခုသော အထူးအဆန်း ပန်းမန် ဥယျာဉ်ပန်းမာလ်ကိုဖြစ်စေ ရှုကြည့်လှည့်ပါ-ဟုနှိုးဆော်တိုက်တွန်းလျှင် ရှုကြည့်သောသူ၏ စိတ်နှလုံးကို ရွှင်စေခြင်း, အံ့ဖွယ်သရဲကိုဖြစ်စေခြင်း, ရှုမြင်ရသည့်အတွက် ကျေးဇူးတင်စွာနှင့် တစ်သက်လျာလုံး မှတ်သား လောက်အောင် စိတ်စွဲ၍... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.