id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
21,901 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ တရားကို ရှုလှည့်ပါဟု နှိုးဆော်တိုက်တွန်းလျှင် ဆန်းကြယ် သော အနက်အရသာ၊ ပါဠိအရသာကို ရရှိစေခြင်း, |
21,902 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ စိတ်သန္တာန်၌ ဓမ္မပီတိ- ကိုရရှိ၍ ငြိမ်သက်ချမ်းသာခြင်း, |
21,903 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ စိတ်၌ရှိသော အညစ်အကြေးတို့ကို ပယ်ရှားနိုင်ခြင်း, |
21,904 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဉာဏ်ပညာ၏ တိုးတက်ပွင့်လင်းခြင်း, |
21,905 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ နက်နဲသော တရားသဘောတို့၏ အဖြစ် အပျက်ကို ထိုးထွင်း သိမြင်နိုင်ခြင်း၊ |
21,906 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ မိမိ မူလအခြေအနေမှ ထူးသော အခြေအနေသို့ ရောက် ရှိခြင်း၊ |
21,907 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စသော သာမညဖလ အကျိုးတို့ကို ရရှိဖြစ်ထွန်းစေနိုင်မှသာလျှင် ရှုလှည့်ပါ ဟူသော နှိုးဆော် တိုက်တွန်းခြင်းကို ထိုက်သည်မည်၏၊ ဗုဒ္ဓဘာသာတရားတော်မြတ်သည်-ကျင့်ဆောင်သောသူ, ဝိပဿနာဉာဏ်, ပစ္စဝေက္ခနာဉာဏ်တို့ဖြင့် ဆင်ခြင် ရှုစားသောသူတို့အား ဆိုခဲ့ပြီးသောအကျိုးတို့ကို ရရှိစေနိုင်၏၊ ထို့ကြောင့်ရှုလှည့်ပါဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်လေ... |
21,908 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ လာလှည့်ပါ, ရှုလှည့်ပါ-ဟူသော စီရင်နှိုးဆော်ခြင်းတို့ ထိုက်သောကြောင့် ဧဟိပဿိက-ဟူ၍ ခေါ်ထိုက်လေသည်။ |
21,909 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အခြားသောဘာသာ တရားများသည်ကား-ထိုကဲ့သို့လာ လှည့်ပါ, ရှုလှည့်ပါ-ဟူသော အစီအရင်ကို ထိုက်သည် မဟုတ်ချေ။ |
21,910 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသာသနာတော်မှ အပဖြစ်သော တရားများသည်ကား |
21,911 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လာလှည့်ပါ-ဟု ဆို၍ သိမ်းသွင်းခေါ်ဆောင်လျက် ထိုတရား အတွင်းသို့ဝင်ရောက်လျှင် ထိုဗာဟိရ တရားစုတို့၏ သွာက္ခာတ-ဂုဏ် နှင့်ပြည့်စုံသည်မဟုတ်သောကြောင့် အသိမ်းအသွင်း ခံရသောသူ, ဝင်ရောက်သော သူတို့အား အကျိုးမများ စေသည့်ပြင် အပါယ်လားခြင်း တည်းဟူသော အပြစ်ကို ရရှိကြစေကုန်၏၊ ထို့ကြောင့် လာလှည့်ပါဟူ သော စီရင်နှိုးဆော်ခြင်းကို ထိုက်သည်မဟုတ... |
21,912 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှုလှည့်ပါ-ဆို၍ ကျင့်ကြံရှုစားသောအခါ အနက်အရသာ, ပါဠိအရသာ, ဓမ္မပီတိ-စသော သာမညဖလ အကျိုးများကို မရသည့်ပြင် မိစ္ဆာဒိဋ္ဌိ အမှားဘက်သို့ နက်နက်ကြီး စူးစိုက်သက်ဝင်၍သွားခြင်း, အပါယ်သို့ နက်နက်ကြီးကျရောက်ရန် မျိုးစေ့တို့ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခြင်းစသော အကျိုးယုတ်တို့ကို ရရှိလေ၏၊ ထို့ကြောင့် ထိုမိစ္ဆာတရားများသည် ရှုလှည... |
21,913 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓဘာသာ တရားတော်မြတ်ကြီးသည် လာလှည့်, ရှုလှည့်ဟူသော နှိုးဆော်ခြင်းကို ထိုက်သောကြောင့် ထိုအစီအရင် အတိုင်း နှိုးဆော်တိုက်တွန်း, သိမ်းသွင်းခေါ်ဆောင်, ပြသ, သွန်သင်သော ပုဂ္ဂိုလ်တို့အားလည်း ကုသိုလ်ပုည ပွားစည်းခြင်းတည်းဟူသော အကျိုးကို ဖြစ်ပွားစေနိုင်ကုန်သည်၊ သာသနာတော်မှ အပဖြစ်သော တရားတို့ သည်ကား ထိုကဲ့သို့ လာလှည့်ပါ, ရှုလှည့... |
21,914 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့် ဧကင်္ဂုတ္တရပါဠိတော် တေရသမဝဂ်၌-- |
21,915 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုရက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ယော စ သမာဒပေတိ၊ ယဉ္စ သမာဒပေတိ၊ ယော စ သမာဒပိတော တဒတ္ထာယ ပဋိပဇ္ဇတိ၊ သဗ္ဗေ တေ ဗဟုံ အပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ ဒုရက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။ |
21,916 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ဗဟုံ ပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ သွာက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။ |
21,917 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ဟောတော်မူ၏၊ |
21,918 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုရက္ခာတေ၊ မကောင်းသဖြင့် ဟောကြားအပ်သော။ |
21,919 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မဝိနယေ၊ ဟောအပ်သော တရား, ပညတ်အပ်သောအဆုံးအမ၌။ |
21,920 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယော စ၊အကြင်သူသည်လည်း။ |
21,921 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမာဒပေတိ၊ နှိုးဆော်တိုက်တွန်း၏၊ ယဉ္စ၊ အကြင်သူကိုလည်း။ |
21,922 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမာဒပေတိ၊ နှိုးဆော်တိုက်တွင်း၏၊ သမာဒပိတော၊ သိမ်းသွင်း နှိုးဆော်အပ်သော။ |
21,923 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တဒတ္ထာယ၊ ထိုနှိုးဆော် တိုက်တွန်းအပ်သော အတိုင်း။ |
21,924 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိပဇ္ဇတိ၊ ကျင့်ကြံအား ထုတ်၏၊ သဗ္ဗေ၊ အလုံးစုံကုန်သော။ |
21,925 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တေ၊ ထိုနှိုးဆော် တိုက်တွန်းသောသူ, နှိုးဆော်တိုက်တွန်းအပ်သော သူတို့သည်။ |
21,926 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပုညံ၊ မကောင်းမှုကို။ |
21,927 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပသဝန္တိ၊ ပွားအောင် ဆည်းပူးကြကုန်၏၊ တံ၊ ထိုသို့ဖြစ်ရခြင်းသည်။ |
21,928 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကိဿ ဟေတု၊ အဘယ်အကြောင်း ကြောင့်နည်းဟူမူကား။ |
21,929 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မဿ၊ မိစ္ဆာတရားများ၏၊ ဒုရက္ခာတတ္တာ၊ မကောင်းသဖြင့် ဟောကြားအပ်သော တရားများ ဖြစ်လေသောကြောင့်တည်း။ |
21,930 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွာက္ခာတေ၊ ကောင်းစွာ ဟောကြားအပ် သော။ |
21,931 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မဝိနယေ၊ သုတ်, အဘိဓမ္မာ, ဝိနည်းတော်- ဟုဆိုအပ်သော သာသနာတော်မြတ်၌မူကား။ |
21,932 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဝံ ကတေ၊ ဤသို့သိမ်းသွင်းနှိုးဆော်ခြင်း, ကျင့် ဆောင်ခြင်းကို ပြုအပ်သည်ရှိသော်။ |
21,933 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပသဝန္တိ၊ ပွားများကြကုန်၏၊ တံ၊ ထိုသို့ဖြစ်ခြင်း သည်။ |
21,934 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ |
21,935 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မဿ၊ သုတ်, ဝိနည်း, အဘိဓမ္မာ-ဟုဆိုအပ်သော တရားတော်မြတ်၏၊ သွာက္ခာတတ္တာ၊ ကောင်းစွာ ဟောကြားအပ်သော သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်တည်း။ |
21,936 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနေရာ၌ ဆိုဖွယ်ရှိသည်ကား |
21,937 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့သည် ဧဟိပဿိက ဂုဏ်နှင့် မပြည့်စုံသော မိမိတို့၏ တရား အတွင်းသို့ သွင်းဆောင်ကြကုန်၏၊ မိမိတို့ သာသနာသို့ဝင်ရန် နှိုးဆော်တိုက်တွန်းကြကုန်၏၊ |
21,938 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ သိမ်းသွင်း နှိုးဆော်သောအတိုင်းလည်း ထို မိစ္ဆာ သာသနာသို့ ဝင်ရောက်ကြကုန်ပြီးလျှင် မိစ္ဆာတရား နည်းလမ်းအတိုင်း လိုက်နာပြုကျင့်ကြကုန်၏၊ |
21,939 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သို့ရာတွင် ထိုမိစ္ဆာဒိဋ္ဌိသာသနာတို့၌ ချီးမွမ်း, အံ့ဩ, နှစ်သက်, မြတ်နိုးလောက်ဖွယ်ဖြစ်သည့် ဓမ္မသမ္ပတ္တိ ဂုဏ် မရှိခြင်းကြောင့် တရား၏ ဂုဏ်ကျေးဇူးတို့ကို ညွှန်ပြ၍ နှိုးဆော်တိုက်တွန်း သိမ်းသွင်းကြသည် မဟုတ်ကုန်။ |
21,940 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စင်စစ်မူကား-လောက မျက်မှောက်၌ အသက်မွေးဝမ်း ကျောင်း လွယ်ကူရန်ဖြစ်သော လောကီ လာဘ်လာဘ ပစ္စည်းပစ္စယ, ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို ခုံမင်တွယ်တာလောက်အောင် ဗန်းပြ၍ မိမိတို့၏ သာသနာတွင်းသို့ ဆွဲဆောင် သိမ်းသွင်းကြကုန်၏၊ |
21,941 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အယဉ္စ လောကော ယေဘုယျေန အာမိသဂရုကောဝ ဟောတိ။ |
21,942 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤလောကကြီးသည် ပစ္စည်းပရိက္ခရာ လာဘ်သပ်ပကာ ၅- ဖြာအာရုံ ကာမဂုဏ်တည်းဟူသော အာမိသ-ကိုသာ အလေးပြုလေ့ ရှိသည်သာလျှင်ဖြစ်၏၊ |
21,943 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဟိပဿိက ဂုဏ်တော်ပြီး၏၊ |
21,944 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ဩပါနေယျိက ဂုဏ်တော် |
21,945 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပေစ္စ နယနံ ဥပနယော။ |
21,946 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပေစ္စ၊ ကပ်၍ နယနံ၊ ဆောင်ခြင်း တည်း။ |
21,947 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပနယော၊ ကပ်၍ဆောင်ခြင်း။ |
21,948 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိသို့လည်းကောင်း, သူတစ်ပါးသို့လည်းကောင်း ကပ်၍ တရား ကိုဆောင်ခြင်း, ညွှန်ကြားပြသခြင်းပေတည်း၊ မိမိကိုယ်သို့ တရားနှင့် ကပ်ခြင်း, သူတစ်ပါးကို တရားနှင့်ကပ်ခြင်း ဆိုလိုသည်။ |
21,949 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတ္တူပနယံ ဝါ ပရူပနယံ ဝါ ကာတုံ အရဟတီတိ ဩပါနယိကော။ |
21,950 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတ္တူပနယံ ဝါ၊ မိမိဆီသို့ ကပ်ဆောင်ခြင်းကိုလည်းကောင်း။ |
21,951 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပရူပနယံ ဝါ၊ သူတစ်ပါးဆီသို့ ကပ်ဆောင်ခြင်းကိုလည်းကောင်း။ |
21,952 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရဟတိ၊ ထိုက်၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။ |
21,953 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောဓမ္မော၊ ထိုတရားသည်။ |
21,954 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩပနယျိကော၊ ဩပနယျိကမည်၏၊ |
21,955 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိသို့ ကပ်ဆောင်ပုံ-ဤတရားသည် ငါ၏သန္တာန်၌ ထင်ရှား တည်ရှိ၏၊ ငါသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် မိမိဆီသို့ တရားကိုကပ်ဆောင်ခြင်းငှါ, တရားဆီသို့ မိမိကို ကပ်၍ ဆောင်ခြင်းငှါ လည်း ထိုက်၏၊ |
21,956 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သူတစ်ပါးသို့ ကပ်ဆောင်ပုံ-ဤတရားသည် ဤသူ၌ ထင်ရှား တည်ရှိ၏၊ ဤသူသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် သူတစ်ပါးဆီသို့ တရားကို, တရားဆီသို့ သူတစ်ပါးကို ကပ်၍ဆောင်ခြင်း ငှါလည်း ထိုက်၏၊ ထို့ကြောင့် တရား တော်သည် ဩပါနေယိက မည်၏ဟူ၍ ဆိုလို၏၊ |
21,957 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အဘယ့်ကြောင့် ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါ ထိုက်သနည်း။ |
21,958 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ မကြည်ညိုသေး, သဒ္ဓါတရားမရှိသေးသောသူတို့၏ သဒ္ဓါတရားကို ဖြစ်ပွားစေသောကြောင့်လည်း, သဒ္ဓါတရား ဖြစ်ပွား ကြည်ညိုပြီးသော သူတို့အားလည်း တရားတော်နည်းလမ်းရှိသောအတိုင်း ကျင့်ကြံအား ထုတ်ခြင်းအမှု၌ ယှဉ်စေတတ်သောကြောင့်လည်းကောင်း တရားတော်သည် ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါထိုက်၏၊ |
21,959 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထင်ရှားစွာ ပြဦးအံ့ |
21,960 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်သူတို့သည် ဤဗုဒ္ဓဘာသာတရားတော်မြတ်၌ မကြည် ညိုကြကုန်၊ အကြင်သူတို့သည်လည်း ကြည်ညိုကာမတ္တသာလျှင် ဖြစ်ကြကုန်၏၊ တရားတော်နည်းလမ်းရှိသောအတိုင်း မကျင့်ဆောင် မလိုက် ပါကြကုန်၊ ထိုသူတို့သည် ပုဂ္ဂိုလ်နှင့် တရားကိုကပ်၍ ဟောပြ သဖြင့် ကြားနာရသောအခါ မကြည်ညိုသော သူတို့သည်လည်း ဤ တရားတော်၌ သဒ္ဓါတရား ဖြစ်ပွားကြည်ညိုကြကုန်၏၊ |
21,961 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကြည်ညိုရုံမျှသာဖြစ်၍ ကောင်းစွာ မကျင့်ကြံမလိုက်နာကြ သောသူတို့သည်လည်း မိမိသန္တာန်၌ တရားကပ်စေခြင်းငှါ ကျင့်ကြံအား ထုတ်ကြကုန်၏၊ မိမိဆီသို့ တရားကို ဆောင်ကြကုန်၏၊ ထိုစကားမှန်၏၊ |
21,962 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မဇ္ဈိမပဏ္ဏာသပါဠိတော် ဒုတိယဝဂ်၌''တံ ကိံ မညတိ အနုရုဒ္ဓ” စသည်ဖြင့်ဟောတော်မူသည်။ |
21,963 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါဠိတော်မြန်မာပြန် |
21,964 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို- အနုရုဒ္ဓါ..ငါဘုရား မိန့်ဆိုလတ္တံ့သော စကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ |
21,965 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြတ်စွာဘုရားသည် အဘယ်အကျိုးကို မြင်၍ တပည့်သား သာဝကတို့ စုတိကွယ်လွန်သောအခါ ဤမည်သော တပည့်သားသည် ဤမည်သောဘုံ၌ ဖြစ်လေ၏၊ ဤမည်သော တပည့်သားသည် ဤမည် သော ဘုံ၌ ဖြစ်လေ၏-ဟူ၍ ဥပပါတ် ဘုံဘဝတို့၌ ဖြစ်ခြင်းကို ပြောကြား မိန့်ဆိုတော်မူသနည်း-ဟူ၍မြတ်စွာ ဘုရားမေးတော်မူ၏၊ |
21,966 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရှင်ဘုရား- တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အကြောင်းရင်းရှိပါကုန်၏၊ မြတ်စွာဘုရားသည် ဖြေကြားတော်မူစေချင် ပါ၏၊ ရဟန်းအပေါင်းတို့သည် မှတ်သားဆောင်ရွက်ကြပါကုန်လတ္တံ့ဟူ၍အရှင်အနုရုဒ္ဓါက လျှောက်ထားလေ၏၊ |
21,967 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို-အနုရုဒ္ဓါ--ကြည်ညိုယုံကြည်စွာ သဒ္ဓါတရားရှိကြကုန်သော, မွန်မြတ်သော နှစ်သက်ခြင်းရှိကြကုန်သော, မွန်မြတ်သော ဝမ်းမြောက် ခြင်းရှိကြကုန်သော အကြင်အမျိုးကောင်းသားတို့သည် ရှိကုန်၏၊ |
21,968 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအမျိုးကောင်းသားတို့သည် ကွယ်လွန်သော တပည့် သာဝက တို့၏ ဥပပါတ်ဘုံ၌ ဖြစ်ကြောင်းကို ပြောကြားတော်မူသော ထိုမြတ်စွာ ဘုရား၏ စကားကို ကြားကြကုန်သည်ရှိသော် ထိုဥပပါတ် ဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော တရားဆီသို့ ရှေးရှုဆောင်ကြကုန်၏၊ ကျင့်ကြံ အားထုတ်ကြကုန်၏၊ ထိုအမျိုး ကောင်းသားတို့၏ ထိုသို့စိတ်ကို တရားဆီ သို့ဆောင်ခြင်းသည် ရှည်မြင့်စွာ... |
21,969 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ ပုဂ္ဂိုလ်သို့ ကပ်ဆောင်၍ ပုဂ္ဂိုလ်နှင့်ယှဉ်တွဲ၍ ပြအပ်သော တရားတော်သည် သဒ္ဓါမဲ့သော သူတို့အားလည်း သဒ္ဓါတရားကို တိုးပွားစေတတ်၏၊ သဒ္ဓါတရားရှိပါလျက် ထိုတရားကို ကောင်းစွာ မကျင့်ဆောင်သော ပုဂ္ဂိုလ်တို့အားလည်း ကောင်းစွာကျင့်ဆောင် ခြင်းကိစ္စနှင့် ယှဉ်စေ၏၊ ကျင့်ကြံအားထုတ် စေ၏၊ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ... |
21,970 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အဘယ်သို့လျှင် အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ ကိုယ်တော်မြတ်ဆီသို့ တရားကိုကပ်၍ ဆောင်ပြီး၍ ဟောကြားပြသ တော်မူပါသနည်း။ |
21,971 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ မြတ်စွာဘုရားသည် တောထွက်တော်မူသော အခါမှ စ၍ ဓမ္မစကြာတရားကို ဟောကြားတော်မူသည့်တိုင်အောင် အကြင် ဘုရားဖြစ်တော်မူခြင်း၏ အကြောင်းနှင့် ဘုရားဖြစ်တော်မူခြင်းကိုလည်း ကောင်း, ဘုရားဂုဏ်ကျေးဇူးနှင့်စပ်သော များစွာကုန်သော အကျင့်တရား တို့ကိုလည်းကောင်း များစွာသော သုတ္တန်တို့၌ များစွာသောသူတို့၏ အလယ်၌ ဟောကြားတော်မူ၏၊ |
21,972 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှတပါး ဘုရားဂုဏ်တော်ဖွင့်တွင် ပြဆိုခဲ့ပြီးသောအတိုင်း ဘုရားဂုဏ်ကျေးဇူးတို့ကိုပြု၍ သာသနာ ပြည့်စုံခြင်း၏ အကြောင်းများ ကိုလည်း ဟောကြားတော်မူ၏၊ |
21,973 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ရံတစ်ခါလည်း များစွာသော ပရိသတ်အလယ်၌ ကိုယ်တော် မြတ်၏ အတုမရှိ မြင့်မြတ်သော အကျင့်သီလ တရားတို့ကိုလည်းကောင်း စျာန်, သမာဓိ, သမာပတ္တိတရားတို့ကိုလည်းကောင်း, အဘိညာဉ်တရား တို့ကိုလည်းကောင်း ဟောကြားတော်မူ၏၊ တန်ခိုးပြာဋိဟာ ပြခြင်း တို့ကိုလည်း ပြုတော်မူ၏၊ ထိုဆိုပြီး အလုံးစုံကို ဟောပြပြုလုပ် ဆောင် ရွက်တော်မူခြင်းများသည် မြတ်စွာဘုရ... |
21,974 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အဘယ်သို့လျှင် တရားတော်ကို သူတစ်ပါးသို့ ကပ်၍ ဆောင်ပြီးမှ ဟောကြား ပြသတော်မူပါ သနည်း။ |
21,975 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ပရိသတ် ၄-ပါးတို့၏အလယ်၌ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်, ရှင်မဟာကဿပ အစရှိကုန်သော တပည့်သာဝကကြီး တို့၏ အကျင့်သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို ဟောပြောချီး မွမ်းတော်မူ၏၊ |
21,976 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ပြင်လည်း ဟတ္ထာဠာဝက သူကြွယ်, စိတ္တသူကြွယ်, ဥဂ္ဂ သူကြွယ်-အစရှိကုန်သော လူဥပသကာတို့၏ အကျင့်သီလဂုဏ်, သမာဓိ ဂုဏ်, ပညာဂုဏ်များကိုလည်း ဖော်ပြချီးမွမ်းတော်မူ၏၊ |
21,977 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအလုံးစုံသော အချက်များသည် မြတ်စွာဘုရား၏ တရား တော်ကို “ပရူပနယ” သူတစ်ပါးသို့ ကပ်ဆောင်၍ ပြုတော်မူခြင်း ပြတော်မူခြင်းမည်၏၊ |
21,978 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဒါနဝဂ္ဂ ကဿပသံယုတ်၌-- |
21,979 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ချစ်သား ရဟန်းတို့--ငါဘုရားသည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်၏၊ ချစ်သား ရဟန်းတို့ -ကဿပ--သည်လည်း အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှ လောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်၏၊ ဤသို့ စသည်ဖြင့်ကိုယ် တော်မြတ်နှင့်တကွ ရှင်မဟာကဿပမထေရ်၏ ကိုးဆင့်သော အနုပုဗ္ဗဝိဟာရသမာပတ်တို့၌ ဝင်စား၍ နေနိုင်ကြောင်းကို ဗျာဒိတ်... |
21,980 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ အတူ- ရှင်မဟာကဿပမှ တစ်ပါးကုန်သော မထေရ်တို့၏ ထိုထိုဂုဏ် ကျေးဇူးတရားတို့၌ အသီးသီး ထင်ရှားရှိခြင်းကို ဗျာဒိတ်မြွတ်ကြား တော်မူသောစကားတော်သည်လည်းရှိ၏၊ ထိုအလုံးစုံသော စကားတော် များသည် မြတ်စွာဘုရား ကိုယ်တော်မြတ်နှင့် အခြားသော ပုဂ္ဂိုလ်တို့ဆီသို့ တရားကို ကပ်ဆောင်၍ ပြသတော်မူခြင်း ဥဘယူပနယ-ကို ပြုတော် မူခြင်းမည်၏၊ |
21,981 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ အပြင်တစ်ပါး- |
21,982 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မဟာထေရ် အရှင်မြတ်ကြီးများသည်လည်း သင့်လျော် လျောက်ပတ်သောအခါ၌ အချင်းချင်းသော်လည်းကောင်း, မြတ်စွာ ဘုရား၏ ထံတော်ပါး၌သော်လည်းကောင်း ဥတ္တရိမနုဿဓမ္မ စျာန်မဂ် ဖိုလ်တရားတို့ကို ဖွင့်ဆို ပြောကြားကြကုန်၏၊ ဤသို့ပြောကြားခြင်းသည် မဟာထေရ်မြတ်ကြီးတို့၏ မိမိတို့ဆီသို့တရားကို ကပ်၍ ဆောင်ခြင်း, မိမိတို့ကို၌ တရားတော်ထင်ရှားရှိခြင်းကို ပြခြ... |
21,983 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ပြင်တစ်ပါး- |
21,984 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အိမ်ရာတည်ထောင် လူ၏ဘောင်၌ တည်နေကြကုန်သော ဥပါသကာယောကျ်ား, ဥပသိကာ မိန်းမတို့သည်လည်း တရားတော် မြတ်များကို မိမိတို့ဆီသို့ ကပ်ဆောင်၍ ပြဖူးကြလေကုန်၏၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စိတ္တဝဂ်၌- |
21,985 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ရံသောအခါ စိတ္ထသူကြွယ်သည်” အရှင်--ရဟန်းပြုသော အရှင့်အားနှစ်ပေါင်းမည်မျှကြာပါပြီနည်း” ဟူ၍ အစေဠကကဿပကို မေးမြန်းလေ၏၊ “ရဟန်းပြုသော ငါ့အား နှစ်ပေါင်း ၃၀-မျှ ရှိကုန်ပြီ” ဟူ၍ အစေဠကကဿပ ဖြေကြားလေ၏၊ |
21,986 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အရှင်--ဤ ၃၀-မျှလောက်ကုန်သော နှစ်တို့ဖြင့်ရဟန်းပြု နေခဲ့ရာ အရှင့်သန္တာန်မှာ တစ်စုံတစ်ခုသော စျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားများရှိပါသလော။ |
21,987 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူး များကို ရရှိပါပြီလော။ |
21,988 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ချမ်းသာစွာနေထိုင်ရပါ၏လော''ဟူ၍ မေးမြန်းလေ၏၊ |
21,989 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အို-သူကြွယ်--မရှိပါ” ဟူ၍ ဖြေကြားလေ၏၊ |
21,990 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အို-အချင်းတို့---အံ့ဖွယ်ရှိစွတကား၊ အို-အချင်းတို့-- မဖြစ်စဖူး ဖြစ်ပေစွတကား၊ နှစ်ပေါင်း ၃၀-မျှတို့ဖြင့် ရဟန်းပြု၍ နေပါလျက် တစ်စုံတစ်ခုသောစျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားကို မရဘဲ ရှိဘိ၏၊ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်ထူးကို မရဘဲရှိ ဘိ၏၊ ချမ်းသာစွာမနေရဘဲ ရှိဘိ၏” ဟူ၍ စိတ္တသူကြွယ် က အံ့ဩသော စကားနှင့် ဆိုလေ၏... |
21,991 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အို-သူကြွယ်---ဥပသကာအဖြစ်သို့ ကပ်မရောက်သော အသင့် အား နှစ်ပေါင်းမည်မျှကြာပြီနည်း” ဟူ၍အစေဠက ကဿပက မေးပြန် လေ၏၊ |
21,992 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အရှင်---နှစ်ပေါင်း ၃၀-မျှ ရှိပါကုန်ပြီ” ဟူ၍ ဆိုလေ၏၊ ၁။ |
21,993 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | “ ဤ ၃၀-မျှလောက်သော နှစ်တို့ဖြင့် ဥပသကာအဖြစ်သို့ ကပ်၍နေခဲ့ရာ သင့်အား တစ်စုံတစ်ခုသော စျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားများ ရှိပါသလော။ |
21,994 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူးကို ရအပ်ပါသလော။ |
21,995 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ချမ်းသာစွာ နေရပါ၏လော” ဟူ၍အစေဠက ကဿပကမေးလေ၏၊ |
21,996 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အို-အရှင်-ရှိပါ၏၊ အို-အရှင်...အမှန်အားဖြင့် အကျွန်ုပ် သည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍နေနိုင်ပါ၏၊ ဒုတိယစျာန်ကို, တတိယစျာန်ကို, စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ |
21,997 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို-အရှင်... အကျွန်ုပ်သည် အကယ်၍ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ရှေးဦးစွာ ကွယ်လွန် စုတေခဲ့ပါမူကား မြတ်စွာဘုရား သည် ဤသို့ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏၊ |
21,998 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်သံယောဇဉ်ဖြင့် ငြိတွယ်နှောင်ဖွဲ့အပ်သည်ဖြစ်၍ စိတ္တ သူကြွယ်သည် တစ်ဖန် ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လာရာ၏၊ ထိုသံယောဇဉ်မျိုး မရှိပြီဟူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏” ဟူ၍ပြောကြားလေ၏၊ |
21,999 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအခါ၌ အစေဠက ကဿပ-သည် အံ့ဩဖွယ်စကား ပြော ကြားလေ၏၊ |
22,000 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ “ အို- အချင်းတို့... တရားတော်၏ ကောင်းစွာဟော အပ်သော သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်သည် အံ့ဖွယ်ရှိစွ တကား။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.