id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
22,001 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အို-အချင်းတို့...မဖြစ်ဖူးမြဲ ဖြစ်လေစွတကား။ |
22,002 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဝတ်ဖြူကို ဆည်း၍ အိမ်၌နေသော လူပင်ဖြစ်ပါသော် လည်း ဤသို့သဘောရှိသော “ဥတ္တရိ မနုဿဓမ္မ” လူတို့ ကျင့်စဉ်တရား ထက် လွန်ကဲမြင့်မြတ်သော စျာန်, မဂ်, ဖိုလ်-တရားကို ရရှိနိုင်လေဘိ ၏တကား။ |
22,003 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူးကိုလည်း ရရှိနိုင်လေဘိ၏တကား။ |
22,004 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ချမ်းသာစွာနေခွင့် ရရှိနိုင်လေဘိ၏တကား” ဟူ၍ အံ့ဖွယ် စကားပြောကြားလေ၏၊ |
22,005 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစကားရပ်၌ ထိုသူကြွယ်သည် မိမိ၌ ပထမစျာန်စသော စျာန်တရားများထင်ရှားရှိကြောင်းကိုလည်းကောင်း, ဩရမ္ဘာဂိယ သံယောဇဉ် တရားကင်း၍ အနာဂါမ်ဖြစ်ကြောင်းကိုလည်းကောင်း ပြောကြားပြ ဆိုလေ၏၊ |
22,006 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စျာန်တရား, မဂ်တရားတို့ကို မိမိဆီသို့ဆောင်၍ မိမိသို့ကပ်၍ ပြလေ၏၊ |
22,007 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နန္ဒမာတာမည်သော ဥပါသိကာသည်လည်း သာရိပုတ္တရာ မထေရ်ကို ဖွင့်ဆိုပြောကြား၍ တရားကို မိမိသို့ကပ်၍ ပြဖူးလေ၏၊။ |
22,008 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကားမှန်၏--- |
22,009 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္ထင်္ဂုတ္တရပါဠိတော် သတ္တမ မဟာယည ဝဂ်၌--- |
22,010 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရှင်ဘုရား...အကျွန်ုပ်သည် ဤသာသနာတော်မြတ် အတွင်း၌ အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ ဒုတိယစျာန်ကို, တတိယစျာန်ကို, စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ |
22,011 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အရှင်ဘုရား...ကာမတည်းဟူသော အောက်ဘုံသို့ သက် ဆင်းကျရောက်စေတတ်ကုန်သော အကြင်ဩရမ္ဘာဂိယ သံယောဇဉ် ၅- ပါးတို့သည်ရှိကုန်၏၊ ထိုသံယောဇဉ် ၅-ပါးတို့တွင် တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ အကျွန်ုပ်၏ သန္တာန်၌ မပယ်အပ်သေးဘဲ ကြွင်းကျန်၍ နေသည်ကို အကျွန်ုပ်မတွေ့မမြင်ရပါ” ဟူ၍လျှောက်ကြားလေ၏၊ |
22,012 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစကားရပ်၌လည်း--- |
22,013 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နန္ဒမာတာသည် မိမိ၌ စျာန်တရား, အနာဂါမိမဂ်တရားရှိ ကြောင်းကို ဖော်ပြ၏၊ ထိုစျာန်တရား, မဂ်တရားတို့ကို မိမိသို့ကပ်၍ ပြ၏၊ |
22,014 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဤသို့သဘောရှိသော ဥပသကာယောကျ်ား, ဥပသကာမိန်းမတို့သည် အဘယ်မျှလောက် ရှိပါကုန်သနည်း။ |
22,015 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ဇဝနသုတ်ပါဠိတော်၌- |
22,016 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို-အချင်းတို့--အမှတ်မထင်သော အကြင်ပုဂ္ဂိုလ်တို့သည် ဘုရား၌လည်းကောင်း, တရားတော်၌လည်းကောင်း, သံဃာတော်၌ လည်းကောင်း သက်ဝင်ကြည်ညို ယုံကြည်ခြင်းသဒ္ဓါတရားနှင့် ပြည့် စုံကြကုန်၏၊ မဂဓတိုင်းသား ဘုရားအလုပ်အကျွေးဖြစ်ကြကုန်သော သောတာပန်ဖြစ်ကြကုန်ပြီးသော တရားဖြင့် ယဉ်ကျေးပြီး ဖြစ်ကုန်သော ရှေးလွန်လေပြီးသောကာလက ကွယ်လွန်စုတေ၍ နတ်ပြည်၌ ဖြ... |
22,017 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပုဂ္ဂိုလ်တို့၌ သကဒါဂါမ် ပုဂ္ဂိုလ်တို့လည်း ပါရှိကြကုန်၏၊ |
22,018 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတ္ထာယံ ဣတရာ ပဇာ၊ |
22,019 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုညဘာဂါတိ မေ မနော။ |
22,020 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခါတုံ နောပိ သက္ကောမိ၊ |
22,021 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မုသာဝါဒဿ ဩတ္တပံ။ |
22,022 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အယံ၊ ဤဆိုအပ်ပြီးသော၂၄၀၀၀၀ဝ (နှစ်သန်း လေးသိန်း)- ကျော်သောပုဂ္ဂိုလ်တို့သည်။ |
22,023 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတ္ထိ=ရှိကုန်၏၊ ဣတရာ၊ ဤ ၂၄၀၀၀၀ဝ-(နှစ်သန်းလေးသိန်း) ကျော်သောပုဂ္ဂိုလ်တို့မှ တစ်ပါး ကုန်သော။ |
22,024 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဇာ၊လူများအပေါင်းတို့သည်။ |
22,025 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုညဘာဂါ=သောတာ ပတ္တိယင်္ဂ-တရားနှင့်ပြည့်စုံ၍ အလုံးစုံကုသိုလ်အဖို့ ရှိပြီးသော ပုဂ္ဂိုလ် တို့ချည်းသာတည်း၊ ဣတိ=ဤသို့၊ မေ-အကျွန်ုပ်၏၊ မနော=စိတ် အထင်သည်၊ ဟောတိ=ဖြစ်၏၊ သင်္ခါတုံ၊ ရေတွက်ခြင်းငှါ။ |
22,026 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နောပိ သက္ကောမိ၊ တတ်ကားမတတ်နိုင်ပါ၊ မုသာဝါဒဿ၊ ချွတ်ယွင်းစွာ ရေတွက် ပြောဆိုမိခြင်းမှ၊ ဩတ္တပ္ပံ၊ထိတ်လန့်ပါ၏၊ |
22,027 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပါဠိတော်ဖြင့် မဂဓတိုင်းမှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြ ကုန်သော၊ သောတာပန်,သကဒါဂါမ်တို့သည် ၂၄၀၀၀၀ဝ (နှစ်သန်း လေးသိန်း)ရှိကုန်၏၊ ထိုမှတပါး ဖြည့်ဆည်းပူးအပ်သော ကုသိုလ် ကောင်းမှုရှိကုန်သော ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ထိုမဂဓတိုင်း၌ မရေတွက်နိုင်၊ အသင်္ချေယျ ရှိ၏ ဟူ၍ ပြဆိုသည်။ |
22,028 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပြင်လည်း- |
22,029 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာတိကာမည်သော ရွာငယ်တခု၌ပင်သော်လည်း အနာဂါမ် ပုဂ္ဂိုလ်ပေါင်း ၅-ကျိပ်ကျော်, သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၉-ကျိပ်ကျော်, သောတာပန်ပုဂ္ဂိုလ်ပေါင်း ၅၀၀-(ငါးရာ)ကျော် ရှိကုန်၏ ဟူ၍ ထိုထို သုတ္တန်တို့၌ ဆို၏၊ |
22,030 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှကြွင်းကုန်သော ကာသိတိုင်း, ကောသလတိုင်း, ဝဇ္ဇီတိုင်း, မလ္လာတိုင်း, စေတတိုင်း, ဝံသတိုင်း, ကုရုတိုင်း, ပဉ္စာလတိုင်း, မဇ္ဈတိုင်း, သူရသေနတိုင်း, တို့၌လည်း ရှေးက ကွယ်လွန်ကုန်ပြီး၍၊ ဥပပါတ်ပုဂ္ဂိုလ် ဖြစ်နေကြကုန်သော ဘုရားအလုပ် အကျွေးပေါင်း များစွာတို့ကို မြတ် စွာဘုရား ဟောကြားတော်မူ၏ ဟူ၍ ဆို၏၊ |
22,031 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သုတ္တန်တို့၌ အရေအတွက် သင်္ချာပမာဏကို မည်၍ မည်မျှရှိသည်ဟု အဆိုမရှိချေ။ |
22,032 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိလိန္ဒပဥှာ၌ကား-ကောသလ တိုင်း၌ ၅၀,၃၅၇,ဝဝဝ (ငါးကုဋေ သုံးသိန်း ငါးသောင်း ခုနစ် ထောင်) ရှိ၏ဟူ၍ဆို၏၊) |
22,033 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် တရားတော်မြတ်သည် မိမိကိုယ်သို့ကပ်၍ ဆောင် ခြင်းကိုပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါးသို့ ကပ်၍ ဆောင်ခြင်းကိုပြုခြင်းငှာ-ထိုက်သောကြောင့်လည်းကောင်း “ဩပ နေယျိက” မည်လေသည်။ |
22,034 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဩပနေယျိက-ဟူ၍လည်း ရေးသား ရွတ်ဖတ်ကြကုန်၏) |
22,035 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လိုရင်း အဓိပ္ပါယ် အကျဉ်းချုပ် |
22,036 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို'ဩပနေယျိကဂုဏ်တော်၏ဆိုလိုရင်းအဓိပ္ပါယ် အကျဉ်းချုပ် မှာ မိမိနှင့်တရားကိုကပ်၍ပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါးနှင့် တရားကို-တရားနှင့် သူတစ်ပါးကိုကပ်၍ ပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း “ဩပနေယျိကမည်၏ |
22,037 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ပုဂ္ဂိုလ်နှင့်တရား- တရားနှင့်ပုဂ္ဂိုလ် ကပ်၍ပြထိုက်သည်-ဟူ၍) စျာန်, အဘိညာဉ်, မဂ်,တရားရှိသောသူသည် ငါ့မှာစျာန် တရားရှိ၏၊ ငါ့မှာအဘိညာဉ်တရားရှိ၏၊ ငါ့မှာမဂ်တရားရှိ၏၊ ငါ့မှာ ဖိုလ်တရားရှိ၏- ဟူ၍ ပုဂ္ဂိုလ်နှင့်တရား ကပ်၍ ပြထိုက်၏၊ |
22,038 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ ပြခြင်းအားဖြင့် သဒ္ဓါးတရား မရှိသောသူသည် တရား တော်၌ သဒ္ဓါတရားဖြစ်ပွား၍လာ၏၊ သဒ္ဓါတရားရှိလျက်နှင့် အားမထုတ် သောသူသည် တရားကပ်သော ပုဂ္ဂိုလ်မြတ်မြင်လျှင် မိမိလည်း ထိုကဲ့သို့ တရားလက်ရှိ ပုဂ္ဂိုလ်ဖြစ်လိုသောကြောင့် အားထုတ်ချင်စိတ်သော်လည်း ပေါ်လာ၏၊ ကိုယ်တိုင်သော်လည်း အားထုတ်ကြိုးစားလေ၏၊ ဤသို့သော အကျိုးတရားများဖြစ် ထွန်းန... |
22,039 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပစာ။ ။ |
22,040 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိုင်းပြည်ကို အစိုးရခြင်းတည်းဟူသော မင်းအဖြစ် ဂုဏ်ရှိလျှင် ထိုဂုဏ်ကိုမိမိသို့ ကပ်၍ပြောဆိုထိုက်၏၊ ထိုပြင်တစ်စုံတစ်ရာ ရာထူးဂုဏ်သိန်ရှိလျှင် ထိုဂုဏ်သိန်ကို မိမိသို့ကပ်၍ ပြောဆိုထိုက်၏၊ ထိုသို့ပြောဆိုသဖြင့် လူအပေါင်းတို့ ရိုသေကိုင်းညွတ်ခြင်း, ဩဇာအာဏာ ရှိခြင်း စသောအကျိုးများ ဖြစ်ထွန်းလေသကဲ့သို့တည်း။ |
22,041 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်နှင့်တရားကို ကပ်၍ ပြောဆိုညွန်ပြထိုက်သောကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် မိမိ၌ မည်သည့် တရားရှိကြောင်း မည်သည့်ပုဂ္ဂိုလ်၌ မည်သည့်တရားထူး ရှိကြောင်းကို အကြောင်းအခွင့် သင့်သည့် အခါ ပြောကြားညွန်ပြတော်မူလေသည်။ |
22,042 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩပနေယျိက ဂုဏ်တော် ပြီး၏၊ |
22,043 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော် |
22,044 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသီးအသန့် “သင်းသီး“ ကို ပစ္စတ္တံ ဆိုသည်။ |
22,045 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိသန္ဓေကပင် ဉာဏ်နှင့် ယှဉ်၍လာသော တိဟိတ်ပုဂ္ဂိုလ်ကို ဝိညူဆိုသည်။ |
22,046 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိညူနှင့် ပဏ္ဍိတ ၂-ပါးအထူး |
22,047 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိသန္ဓိယံ ဇာတိပညာဝသေန ဝိညူ။ |
22,048 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဝတ္တိယံ ဒိဋ္ဌ, သုတ, စိန္တာ ပညာဝသေန ပဏ္ဍိတော။ |
22,049 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပဋိသန္ဓေအခါ၌ ဇာတိအားဖြင့် ဉာဏ်ပါလာသူကို ဝိညူ ခေါ်သည်။ |
22,050 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပဝတ္တိအခါမြင်မှု, ကြားမှု, ကြံစည်မှုဖြင့် ပညာရှိ၍ လာသော သူကို ပဏ္ဍိတ ခေါ်သည်။ |
22,051 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိညူဇာတ်ရှိ၍ ပဋိသန္ဓေက ဉာဏ်ပါ၍လာသော သူတို့သည်သာလျှင် အသီးအခြား သင်းသီးပြု၍ သိသင့် သိထိုက်၏၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်၊ ထို့ကြောင့် တရားတော်သည် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” မည်၏။ |
22,052 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်တည်းကား-ပညာရှိသူတို့သာလျှင် သင်းသီးပြု၍ သိသင့် သိထိုက်၏အဖြစ်ဖြင့် ကိုယ်တွေ့ လက်တွေ့ ထိထိရောက်ရောက် ခံစားသင့် ခံစားထိုက်ကြောင့် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” မည်၏။ |
22,053 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်နည်းကား- ကြည်ညိုကာမျှ ယုံကြည်ကာမျှတွင်သာ မရပ်မူ၍ ပညာရှိတို့သည် ကိုယ်တွေ့ မျက်မှောက်-ဒိဋ္ဌ ဉာဏ်မြင်ထိ၍ သိသင့် သိထိုက်သောကြောင့် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” မည်၏။ |
22,054 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပညာရှိတို့နှင့်သာလျှင် သက်ဆိုင်သည် ပညာမဲ့သူတို့နှင့် မဆိုင် |
22,055 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ အဘယ်သို့လျှင် ဤတရားကို ပညာရှိတို့သာလျှင် သင်းသီးအနေအားဖြင့် သိသင့် သိထိုက်သနည်း၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်ဘဲ ဖြစ်ပါသနည်း။ |
22,056 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ စျာန်သမာပတ်တရား, မဂ်, ဖိုလ်, နိဗ္ဗာန်-ဟူသော တရားတို့သည် လွန်စွာနက်နဲလှ၏၊ သာမန် လူသားတို့သည် ကိုယ်တိုင် သိမည်ဝေးစွ၊ သေချာစွာ ဟောပြ၍ ကြားနာရသော်လည်း နားလည် ရန်ပင် လွန်စွာခဲယဉ်းလှလေ၏။ |
22,057 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိသန္ဓေကပါရှိသော ဇာတိဉာဏ်နှင့် ပြည့်စုံသူမဟုတ်ပါလျှင် အခြားသော လောကီ အရေးအရာတို့၌ မည်မျှလောက်ပင် ထိုးထွင်း၍ ဉာဏ်သွားစေကာမူ နက်နဲသောတရားနှင့် တွေ့ကြုံသောအခါ ကြက်ဥ တွင် အစရှာ၍ မရသကဲ့သို့ တွေဝေမှိုင်ငေးလျက် နေကြရလေကုန်၏။ |
22,058 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နက်နဲသော တရား အာရုံတွင်းသို့ သွင်း၍ ဉာဏ်ကို အလုပ်ပေး သောအခါ ထိုဉာဏ်၏ အရည်အချင်း အတိမ်အနက် အနုံ့ အထက်ကို သိနိုင်လေသည်။ |
22,059 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇာတိဉာဏ်, ပင်ကိုယ်ဉာဏ်များသည် နက်နဲသော အရာဌနကို သိမြင်မှုဖြင့် တွေ့ကြုံလေလေ အစွမ်းထက် လေလေဖြစ်၏၊ ဇာတိဉာဏ်, ပင်ကိုဉာဏ်မဟုတ်သော ပဝတ္တိဉာဏ်များသည် ရေတိမ်သွား သင်္ဘော ကဲ့သို့ ခပ်တိမ်တိမ် အရေးအရာတွင် လွန်စွာလျင်မြန်စူးရှ၍ နေစေကာမူ နက်နဲသော အရာဌာနကို သိမြင်စူးရှ ထိုးထွင်းရန် ကိစ္စနှင့် တွေ့ကြုံ သည်ရှိသော် အစွမ်းမထက်နိုင်ဘဲ ပ... |
22,060 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သံမဏိ သံကောင်းဖြင့် ပြုလုပ်အပ်သော ဓား, သံညံ့ဖြင့်ပြုလုပ်အပ်သော ဓား ၂-စင်းကို ကျောက်ကောင်းကောင်းဖြင့် သွေး၍ထားရာ အသွေးကောင်းသည့်အတွက် အထက်ချင်းတူမျှသကဲ့သို့ ရှိလေ၏၊ သို့ရာတွင် မာသော သစ်သားတို့ကို ခုတ်ပိုင်း၍ ယှဉ်ကြည့်ရာ တွင် |
22,061 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သံညံ့ဖြင့်ပြုအပ်သော ဓားသည် အသွားကြွေလိပ်၍ မိမိကိစ္စ ကို မရွက်ဆောင်နိုင်ဘဲ တွန့်ဆုတ်ရလေ၏၊ |
22,062 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သံမဏိဖြင့် ပြုလုပ်အပ်သော ဓားမူကား မာသောသစ်သားကို မိမိအသွားဖြင့် ဝါး၍ ရဲရဲဝံ့ဝံ့ မဆုတ်မနစ် မိမိ၏ ဖြတ်တောက်ခြင်းကိစ္စကို ပြီးစီးအောင် ဆောင်ရွက်လေ၏၊ |
22,063 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဥပမာကဲ့သို့ နက်နဲသော တရားသဘောကို ကြံစည်မှု, သိမြင်မှုအရာ၌ ဇာတိဉာဏ်, ပဝတ္တိ ၂-ပါးတို့၏ ခြားနားပုံကို သိအပ်၏။ |
22,064 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သို့ဖြစ်၍ နက်နဲသော တရားတော်များသည် ပညာရှိပုဂ္ဂိုလ်တို့သာလျှင် အသီးအခြားပြု၍ သိသင့်သိထိုက်သော အရာဖြစ်၏၊ ပညာမဲ့ပုဂ္ဂိုလ်တို့၏ သိနိုင်သော အရာမဟုတ်ပေ၊ ဤသို့ ပညာရှိတို့သာလျှင် သင်းသီး အဖြစ်ဖြင့် သိသင့် သိထိုက်ကြောင်းကို အင်္ဂုတ္တရပါဠိတော် တတိယဝဂ် မဟာဝိတက္ကသုတ်ဖြင့် သိအပ်၏။ |
22,065 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယောကျ်ားမြတ်တို့သာ ကြံစည်ရာဖြစ်သော မဟာပုရိသ ဝိတက်တို့ကို ကြံစည်၍နေသော အရှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏၊ |
22,066 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အို- ချစ်သား အနုရုဒ္ဓါ- ကောင်းပေစွ ကောင်းပေစွ၊ အိုချစ်သား အနုရုဒ္ဓါ-သင်သည် မဟာပုရိသ ဝိတက်တို့ကို ကြံစည်၍ နေ ဘိ၏၊ ကောင်းပေစွတကား” ဟု မိန့်တော်မူ၏။ |
22,067 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မဟာပုရိသ ဝိတက် ၈-ပါး |
22,068 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အပ္ပိစ္ဆဿာယံ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။ |
22,069 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် အလိုနည်းသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ |
22,070 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် အလိုကြီးသောပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။ |
22,071 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သန္တုဋ္ဌဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။ |
22,072 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် ရောင့်ရဲ တင်းတိမ်လွယ်သော ပုဂ္ဂိုလ်မြတ်၏ |
22,073 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တရားဖြစ်၏၊ ဤတရားသည် မရောင့်ရဲ မတင်းတိမ်သော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။ |
22,074 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ပဝိဝတ္တဿာယံ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။ |
22,075 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် ဆိတ်ဆိတ်ငြိမ်ငြိမ် နေလေ့ရှိသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် အပေါင်းအသင်းနှင့် မွေ့လျော်၍ ပြိုးပြွမ်း ရှုတ်ထွေးစွာ နေလေ့ရှိသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။ |
22,076 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အာရဒ္ဓဝီရိယဿာယံ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။ |
22,077 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် အားထုတ်ကြိုးစား၍နေသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပျင်းရိပေါ့တန်စွာနေသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။ |
22,078 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဥပဋ္ဌိတဿတိဿာယံ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။ |
22,079 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် အောက်မေ့လက်စွဲ သတိမြဲသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပေါ့လျော့ ချွတ်ယွင်း သတိကင်းသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။ |
22,080 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သမာဟိတဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ။ |
22,081 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် တည်ကြည်ခိုင်ခံ့သော ပုဂ္ဂိုလ်မြတ်၏ တရား ဖြစ်၏၊ ဤတရားသည် မတည်ကြည် မခိုင်ခံ့သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။ |
22,082 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ပညဝတောယံ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ။ |
22,083 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် ပင်ကိုထက်သန် ဇာတိဉာဏ်ရှိသော ပုဂ္ဂိုလ် မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။ |
22,084 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤ ၇-ပါးကား အရှင်အနုရုဒ္ဓါ ကြံစည်၍နေသော မဟာပုရိသ ဝိတက် ၇-ပါးတည်း၊ ဆိုလတ္တံ့သော ၈-ခုမြောက်တရားကို မြတ်စွာဘုရား ဖြည့်စွက်တော်မူ၏၊) |
22,085 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို-ချစ်သား အနုရုဒ္ဓါ-ထိုသို့ကြံစည်၍နေလျှင် ၈-ခုမြောက် သော ဤမဟာပုရိသဝိတက်ကိုလည်း ကြံစည်လေဦးလော့။ |
22,086 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ နိပ္ပပဉ္စဿာယံ ဓမ္မော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ။ |
22,087 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတရားသည် သံသရာတခွင်ဝယ် အကျယ်မကြိုက် အကျဉ်း လိုက်သော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် သံသရာ တခွင်ဝယ် အကျဉ်းမကြိုက် အကျယ်လိုက်သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။ |
22,088 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤမဟာပုရိသအရာ၌ ဓမ္မဆိုသည်ကို မဂ်, ဖိုလ်, နိဗ္ဗာန် တရား၊ စျာန်, သမာဓိ, သမာပတ္တိ တရားများကို ယူအပ်၏၊) |
22,089 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဏ္ဍိတဓမ္မ |
22,090 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှတပါး ကုသိုလ်ကံမြောက်ကြောင်းဖြစ်သော ကုသလကမ္မ ပထတရား ၁၀-ပါးသည် ပညာရှိတို့ ချီးမွမ်းအပ်သော “ပဏ္ဍိတဓမ္မ” ဖြစ်၏၊ ဒါနသည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော “ပဏ္ဍိတဓမ္မ” ဖြစ်၏၊ သီလ, အဋ္ဌင်္ဂဥပေါသထသည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော “ပဏ္ဍိတဓမ္မ” ပင်ဖြစ်၏၊ ထို့အတူ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း, သူတော် ကောင်းတို့၏ တရားကိ... |
22,091 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိကင်္ဂုတ္တရ ပါဠိတော်၌ |
22,092 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တီဏိမာနိ ဘိက္ခဝေ ပဏ္ဍိတပညတ္တာနိ သပ္ပုရိသ ပညတ္တာနိ၊ ဒါနံ ဘိက္ခဝေ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ၊ |
22,093 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဗ္ဗဇ္ဇာ။ ပ။ |
22,094 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မာတာပိတုဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။ |
22,095 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဏ္ဍိတပညတ္တာနိ၊ ပညာရှိတို့ ပညတ်အပ်ကုန်သော။ |
22,096 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သပ္ပုရိသ ပညတ္တာနိ၊ သူတော်ကောင်း တို့ ပညတ်အပ်ကုန်သော တရားမျိုးတို့သည်။ |
22,097 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣမာနိ တီဏိ၊ ဤဆိုလတ္တံ့ သော ၃-ပါးတို့ပေတည်း။ |
22,098 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဏ္ဍိတပညတ္တံ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တံ၊ သူတော် ကောင်းတို့ ပညတ်အပ်၏၊ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်ကို။ |
22,099 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဏ္ဍိတ ပညတ္တာ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တာ၊ သူတော် ကောင်းတို့ ပညတ်အပ်၏၊ မာတာပိတုဥပဋ္ဌာနံ၊ မိခင်, ဖခင်တို့အား လုပ်ကျွေး ခစားခြင်းကို။ |
22,100 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဏ္ဍိတပညတ္တံ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသ ပညတ္တံ၊ သူတော်ကောင်းတို့ ပညတ်အပ်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.