id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
22,101 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပါဠိတော်၌လာသော အလှူဒါန, ရဟန်းအဖြစ်, မိဘတို့အား လုပ်ကျွေးခြင်း တရား ၃-ပါးတို့ သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော “ပဏ္ဍိတဓမ္မ” တို့သာ ဖြစ်ကြကုန်၏။ |
22,102 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ပြင်လည်း- “ပဉ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ” စသည် ဖြင့် ၅-ပါးသီလကို ဒါနကြီး ၅-ပါးဟူ၍ မြတ်စွာဘုရား ဟောကြား တော်မူ၏။ |
22,103 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမှတပါး ဉာဏ်ပညာကို ဖြစ်ပွါးစေတတ်သော ကိုသိုလ် အမှုတို့သည်လည်း ရှိကုန်၏၊ ထိုဆိုပြီး အလုံးစုံသော တရားကောင်း, တရားမြတ်တို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော “ပဏ္ဍိတဓမ္မ''တို့ ဖြစ်ကုန်၏၊ ထိုတရားတို့သည် ပညာရှိတို့သည် သင်းသီးပိုင်အဖြစ်ဖြင့် သိသင့်သိထိုက်သော တရားတို့သာလျှင် ဖြစ်ကုန်၏၊ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ပင် မည်ကုန်၏။ |
22,104 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်နည်း ပြဆိုချက် |
22,105 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''ဝေဒိတဗ္ဗော” ဟူသောပုဒ်ကို “ခံစားအပ်သည်” ဟူသော အနက်ကြံ၍ တရားတော်၌ရှိသော အနက် အဓိပ္ပါယ်၏ အရသာ, ပါဠိ၏ အရသာများကို ပညာရှိသော ပုဂ္ဂိုလ်တို့သည်သာလျှင် သင်းသီးအဖြစ်ဖြင့် ခံစားသင့် ခံစားထိုက်သောကြောင့် တရားတော်သည် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ''မည်၏။ |
22,106 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တရားတော်၌ရှိသော အနက်အရသာ, ပါဠိအရသာများကို သာမညကံ, သာမညဉာဏ်, သာမည ပါရမီရှိသော ပုဂ္ဂိုလ်တို့ ခံစားခြင်း ငှါထိုက်သည် မဟုတ်ကြကုန်၊ “သဗ္ဗရသံ ဓမ္မရသံ ဇိနာတိ” ဟူ၍ ဟောတော်မူသော အတိုင်း ၃-ပါးသော လောက၌ ရှိရှိသမျှသော အရသာတို့တွင် တရားအရသာ, ဓမ္မရသသည် အထွတ်အထိပ်ဆုံး အသာလွန်ဆုံးဖြစ်၏၊ ထိုသို့ ထွတ်မြတ်သော သာလွန်သော တရား အရသာသည် သာမည ... |
22,107 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤသို့သော အဓိပ္ပါယ်ကို ပဉ္စင်္ဂုတ္တရပါဠိတော် ဗြာဟ္မဏဝဂ်၌ ဆိုလတ္တံ့သော သုတ်ဖြင့် သိအပ်၏) |
22,108 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါဠိတော် မြန်မာပြန် |
22,109 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ရံသောအခါ ဝေသာလီပြည်၌ ကာရဏပါလိ မည်သော ပုဏ္ဏားသည် ပိင်္ဂီယာနိ-မည်သော ပုဏ္ဏားကို မေးမြန်းလေ၏၊ မေးမြန်းပုံ။ |
22,110 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို-အရှင်ပိင်္ဂီယာနိ-အဘယ်ကဲ့သို့ အကျိုးအစွမ်း ကိုမြော်မြင်သောကြောင့် ရဟန်းဂေါတမ၌ ဤမျှလောက် အလွန်ကြည် ညိုပါသနည်း- ဟူ၍ မေးလေ၏၊ |
22,111 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေပုံ။ ။ |
22,112 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အို-ကာရဏပါလိပုဏ္ဏား- ဥပမာသော်ကား မွန်မြတ် သော အရသာဖြင့်သာလျှင် တင်းတိမ် ရောင့်ရဲလေ့ရှိသော ယောကျ်ား သည် မွန်မြတ်သော အရသာတို့မှတစ်ပါး ယုတ်ညံ့သော အရသာတို့ဖြင့် မနှစ်သက်နိုင်, တင်းမတိမ်နိုင်, မရောင့်ရဲနိုင်ဘိသကဲ့သို့ ထို့အတူပင်လျှင် ထိုအရှင်ဂေါတမ၏ တရား တော်မြတ်ကို အကြင်အကြင်သို့သော |
22,113 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) သုတ္တ အားဖြင့်လည်းကောင်း, |
22,114 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ဂေယျအားဖြင့်လည်းကောင်း, |
22,115 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ဝေယျာကရဏအားဖြင့်လည်းကောင်း, |
22,116 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) အဗ္ဘုတဓမ္မ အားဖြင့်လည်းကောင်း ကြားနာရ၏၊ ထိုထို သို့သော အခြင်းအရာအားဖြင့် တစ်ပါးကုန်သော ရဟန်းပုဏ္ဏား တို့၏ ဟောပြောချက် တရားစကားတို့ကို ရောင့်ရဲတင်းတိမ် နှစ်သက်ခြင်း မဖြစ်နိုင်။ |
22,117 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ တစ်နည်းသော်ကား |
22,118 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငတ်မွတ်ခြင်း, အားနည်းခြင်းဖြင့် နှိပ်စက်အပ်သော ယောကျ်ား သည် ပျားလပို့စိုင်တစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုပျား လပို့စိုင်ကို အကြင်အကြင်နေရာမှ လျက်လေရာ၏၊ ထိုထို လျက်ရာဌာနမှ အရသာတစ်ပါး ပူဖွယ်လောင်ဖွယ်မရှိသော အချိုစင်ဖွယ်မရှိသော ပျားအရသာကို ရရှိသုံးဆောင်ရလေရာ၏၊ |
22,119 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နံ့သာကို အလိုရှိသော ယောကျ်ားတစ်ဦးသည် နံ့သာတုံးတစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုနံ့သာတုံးကို အရင်းမှသော်လည်း ကောင်း, အလယ်မှသော်လည်းကောင်း, အဖျားမှသော်လည်းကောင်း အကြင်အကြင်နေရာဌာနမှ နမ်းရှုပ်လေရာ၏၊ ထိုထိုနမ်းရှုပ်ရာအရပ်မှ အမွှေးတစ်ပါးလောင်းစွက်ဖွယ် မရှိသော ပကတိအနံ့ကောင်းကို ရလေ ရာ၏။ |
22,120 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင် ဤတရားတော်ကို ပညာရှိဇာတ်မဟုတ်သော ဗာလ ပုဂ္ဂိုလ်တို့ခံစားသင့် ခံစားထိုက်သည် မဟုတ်၊ စင်စစ်အား ဖြင့်သော်ကားပညာရှိပုဂ္ဂိုလ်တို့သည်သာလျှင် အသီးအခြားအားဖြင့် သိအပ် ခံစား အပ်သောကြောင့် ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ” ဟူ၍ဆိုအပ်ပေသည်။ |
22,121 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တနည်းပြဆိုချက် |
22,122 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စတ္တံဝေဒိတဗ္ဗော” ဟူသောပုဒ်၌ ပစ္စတ္တ-သဒ္ဒါကို “ကိုယ်တိုင် မျက်မှောက် ကိုယ်တွေ့ ဒိဋ္ဌဟူသော အနက်ဟောကြံ၍ ပညာရှိပုဂ္ဂိုလ် တို့သည် ယုံကြည်ကာမျှ နှစ်သက်ကာမျှ တစ်ဆင့်စကား ကြားရုံမျှ အခြင်းအရာ ကြံစည်ရုံမျှ အမှတ်အယူဖြင့် ရှုစား၍ သဘောကြိုက်ညီရုံမျှ နှင့်သာ မဟုတ်ဘဲ တရားတော်မြတ်ကို ကိုယ်တွေ့ ဒိဋ္ဌအားဖြင့် သိအပ် သိထိုက်သောကြောင့်... |
22,123 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဒါဝဂ္ဂသံယုတ် ပါဠိတော်၌ အရှင်ပဝိဋ္ဌ မထေရ်က အရှင်မုသိလ ကို ပြောဆိုသောစကားရပ်တွင် |
22,124 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ၊ အညတြ |
22,125 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုစိယာ၊ အညတြ အနုဿဝါ၊ ပညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အတ္ထိ အာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ဇာတိပစ္စယာ ဇရာမရဏန္တိ။ |
22,126 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ဟောတော်မူချက် ရှိ၏။ |
22,127 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပါဠိတော်၌ ပစ္စတ္တ-သဒ္ဒါသည် ကိုယ်တိုင်လက်တွေ့ ဟူသော အနက်ကိုဟော၏၊ ပစ္စတ္တ-သဒ္ဒါဖြင့် ယုံကြည်ကာမျှဖြစ်သော သဒ္ဓါ အစရှိသည့် တရားငါးပါးတို့ကို နစ်စေ၏၊ မြစ်ပယ်၏။ |
22,128 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနက်။ အာဝုသော မုသိလ=ငါ့ရှင် မုသိလ၊ သဒ္ဓါယ=ယုံကြည် ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍သာလျှင်၊ အနုဿဝါ=တစ်ဆင့်စကား ကြားရခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရပရိဝိတက္ကာ=အခြင်းအရာ ထွေ ထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘောကျခြင်းကို၊ အညတြ=ကြဉ်၍... |
22,129 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှင်မုသိလစကား |
22,130 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှင်မုသိလက ပြန်၍ဆိုသော စကားရပ်တွင်လည်း |
22,131 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ၊ အညတြ ရုစိယာ၊ အညတြ အနုဿဝါ၊ အညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အဟမေတံ ဇာနာမိ၊ အဟမေတံ ပဿမိ၊ ဇာတိပစ္စယာ ဇရာမရဏန္တိ-ဟူ၍ဟောတော်မူ၏။ |
22,132 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဝုသော ပဝိဋ္ဌ=ငါ့ရှင်ပဝိဋ္ဌ၊ သဒ္ဓါယ=ယုံကြည် ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍သာလျှင်၊ အနုဿဝါ=တစ်ဆင့်စကားကြားရခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရပရိဝိတက္ကာ=အခြင်းအရာ ထွေ ထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘောကြခြင်းကို၊ အညတြ=ကြဉ်၍ သာလျှ... |
22,133 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပါဠိတော် စကားရပ်၌ |
22,134 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''အဟမေတံ ဇာနာမိ” ဟူသော ပါဌ်ဖြင့် ပစ္စတ္တဉာဏ်ကို ပြ၏၊ ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ရရှိခြင်း မျက်မှောက်ပြုခြင်းကို သစ္ဆိ ကရဏ-ဟူ၍လည်းကောင်း, အတ္တပစ္စက္ခ-ဟူ၍ လည်းကောင်း, ပစ္စတ္တဟူ၍လည်းကောင်း ဆို၏၊ ယုံကြည်ကာမျှ နှစ်သက်ကာမျှ တစ်ဆင့်ကြား ကာမျှတို့ကို ကစ္စတ္တ, သစ္ဆိကရဏ, အတ္တပစ္စက္ခ-ဟူ၍ မဆိုနိုင်။ |
22,135 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သဒ္ဓါ, ရုစိ, အနုဿဝ, အာကာရ, ပရိဝိတက ဒိဋ္ဌိနိဇ္ဈာနခန္တိ ၅-ပါးတို့၏ သဘောအထူး |
22,136 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ယုံကြည်ခြင်းမျှသည် သဒ္ဓါ မည်၏၊ ထိုသဒ္ဓါဖြင့် ယုံကြည်၍ နေမှုသည်လည်း အသိညဏ် မဟုတ်၊ ပုဂ္ဂိုလ်ခင်မှ တရားကို မင်-ဆိုသောစကားကဲ့သို့ ပုဂ္ဂိုလ်ကို ယုံကြည်နေလျှင် ထိုပုဂ္ဂိုလ်ပြော သမျှတို့ကို ယုံကြည်၍ နေတတ်၏၊ ထိုသို့ယုံကြည်မှု၌ ထိထိမိမိ အသိဉာဏ် မသက်ဝင်ချေ။ |
22,137 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နှစ်သက်ခြင်းသည် ရုစိ မည်၏၊ သဘောကျခြင်း ပေတည်း၊ ထိုနှစ်သက်ခြင်းသည် မှန်သည်ဖြစ်စေ, မှားသည်ဖြစ်စေ စိတ်ညွတ်ကိုင်းသည်အတိုင်း အဟုတ်ထင်၍ နှစ်သက်တတ်၏၊ ထို့ ကြောင့် ထိုရုစိ-ဟုဆိုအပ်သော နှစ်သက်ခြင်းကိုလည်း ထိထိမိမိ အသိဉာဏ် သဘောမှန်-ဟူ၍ မဆိုနိုင်။ |
22,138 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ တစ်ဆင့်စကား ကြားရခြင်းသည် အနုဿဝ-မည်၏၊ ကြားရသောအတိုင်း မှတ်သားခြင်းသည်လည်း အသိဉာဏ်မဟုတ်၊ ကိုယ်တိုင်ဉာဏ်ဖြင့် ထိထိမိမိ ဆုံးဖြတ်နိုင်သောအရာမဟုတ်။ |
22,139 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အခြင်းအရာ ထွေထွေလာလာ ကြံစည်ခြင်းသည် အာကာရပရိဝိတက္ကမည်၏၊ ထိုသို့ ထွေထွေလာလာ ကြံစည်၍ ထင်မြင် လာသော အချက်များသည်လည်း အသိဉာဏ်အစစ်မဟုတ်၊ ဝိတက်၏ အရှိန် အစော်ဖြင့် ပေါ်မိပေါ်ရာ, ထင်မိထင်ရာ ဖြစ်ပေါ်လာတတ်သည်၊ ဝိတက်ဖြင့် ထွေထွေလာလာ ကြံစည်ထင်မြင်ချက်နှင့် ဉာဏ်ဖြင့် ကိုယ် တွေ့ဒိဋ္ဌ ထင်မြင်ချက်သည် အလွန်ခြားနား၏။ |
22,140 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ မိမိစိတ်သဘော ထင်မြင်ချက်ဖြင့် ကြံစည်တွေးဆ သဘောကျ၍နေခြင်းသည် ဒိဋ္ဌိနိဇ္ဈာနခန္တိ-မည်၏၊ ထို ဒိဋ္ဌိနိဇ္ဈာနခန္တိသည်လည်း အသိဉာဏ်မဟုတ်၊ စိတ်သန္တာန်၌ ထင်မိထင်ရာ စိတ်ညွတ် ကိုင်းမိရာ ထင်မြင်သဘောကျ၍ လာတတ်သည်။ |
22,141 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ။ လောကကို ဣဿရအရှင် ဖန်ဆင်းသည်ဟူ၍ ဣဿရ နိမ္မာနဒိဋ္ဌိ အရင်းခံရှိနေသူသည် ထိုအဟူကို မူလထား၍ ရှုစားဆင်ခြင် သောအခါ ထင်မိထင်ရာ မိမိအယူအားလျော်စွာ ထင်မြင်၍ လာတတ် သည်၊ ထိုကြောင့် ဒိဋ္ဌိနိဇ္ဈာနခန္တိ-သည်လည်း ထိထိမိမိ အသိဉာဏ် မဟုတ်ချေ။ |
22,142 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဋ္ဌိနိဇ္ဈာနခန္တိ-ဟူသော စကား၌ |
22,143 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) ထင်မြင်ချက်သည် ဒိဋ္ဌိမည်၏၊ |
22,144 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ကြံဆဆင်ခြင်ချက်သည် နိဇ္ဈာနမည်၏၊ |
22,145 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) သဘောကျခြင်းသည် ခန္တိမည်၏၊ |
22,146 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (မိမိထင်မြင်ချက်ဖြင့် ကြံစည်၍ သဘောကျမှု ဆိုလိုသည်။ |
22,147 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ပစ္စတ္တ- ဉာဏ်, သစ္ဆိကရဏ-ဉာဏ်သည်သာလျှင် ဆိုခဲ့ပြီးသော ယုံကြည်ခြင်း သဒ္ဓါစသည့် အသိဉာဏ် ယောင်ယောင် တရားတို့ကို တွန်းလှန်၍ အမှန်အကန် ထိထိမိမိ နေရာတကျ ကိုယ်တိုင်သိရှိနိုင်သည်။ |
22,148 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြတ်စွာဘုရား၏ တရားတော်သည် ယုံကြည်ကာမျှ နှစ်သက် ကာမျှ သဒ္ဓါ, ရုစိ-အစရှိသည့် တရား ၅-ပါးတို့နှင့် ကင်း၍ ပညာရှိ ပုဂ္ဂိုလ်တို့သည် ကိုယ်တွေ့ဒိဋ္ဌ ထိထိမိမိ သိအပ်သောကြောင့် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” မည်ပေသည်။ |
22,149 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ-ဂုဏ်တော် ပြီး၏၊ |
22,150 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊ |
22,151 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ဂ) သံဃာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ |
22,152 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သံဃာနုဿတိ ဟူသည်ကား- မြတ်စွာဘုရား တပည့် သံဃာ တော်မြတ်၏ သုပ္ပဋိပန္နတာ-စသော ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့သော သတိကို ဆိုသည်။ |
22,153 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသံဃာနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ် သည် သံဃာတော်မြတ်၏ “သုပ္ပဋိပန္နတာ” စသော ၉-ပါးသော ဂုဏ်တော်တို့ကို ကောင်းစွာသိပြီး၍ မြတ်စွာဘုရား၏ တပည့် သံဃာတော် မြတ်သည် မိစ္ဆာဒိဋ္ဌိ ဆရာကြီး၏ တပည့်တို့လို “ဒုပ္ပဋိပန္န” မကောင်းသဖြင့် ကျင့်အပ်သော ပုဂ္ဂိုလ်မျိုးမဟုတ်၊ သုပ္ပဋိပန္န-ကောင်းစွာ ကျင့်အပ်သော ပုဂ္ဂိုလ်မျိုးတို့ ... |
22,154 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ” သုပ္ပဋိပန္န” ပုဂ္ဂိုလ်-ဟု ခေါ်ဆိုရအောင် ကောင်းစွာ ကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံတော်မူကြပေ၏။ |
22,155 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသံဃာတော်မြတ်၏ သဒ္ဓါစွမ်း, ဝီရိယစွမ်း, သတိစွမ်း, သမာဓိ စွမ်း, ပညာစွမ်း အစွမ်းသတ္တိတော်တို့သည် အလွန်ထက်မြက် ကြီးမားပေ ၏ဟု ဆင်ခြင်အောက်မေ့အပ်၏။ |
22,156 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ |
22,157 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ |
22,158 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ |
22,159 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ |
22,160 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ယဒိဒံ စတ္တာရိ ပုရိသ-ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော။ |
22,161 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ပါဟုနေယျော။ |
22,162 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဒက္ခိဏေယျော။ |
22,163 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အဉ္စလိကရဏီယော။ |
22,164 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ |
22,165 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝက သံဃော=ကလျာဏ ပုထုဇဉ် သီလဝန်, ပညာဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ ၈-ပါး တပည့်သံဃာတော်မြတ် အပေါင်းသည်၊ သုပ္ပဋိပန္နော= အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ |
22,166 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=ကလျာဏ ပုထုဇဉ် သီလဝန်, ပညာဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ-၈-ပါးတပည့်သား သံဃာတော်မြတ်အပေါင်းသည်၊ ဥဇုပ္ပဋိ ပန္နော=အဓိသီလ, အဓိစတ္တ, အဓိပညာ, သိက္ခာသုံးရပ် လွန်ဖြောင့် မတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ |
22,167 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=ကလျာဏ ပုထုဇဉ်သီလဝန်, ပညဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ-၈-ပါးတပည့်သားသံဃာတော်မြတ်အပေါင်းသည်၊ ဉာယပ္ပဋိ ပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ |
22,168 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော= ကလျာဏ ပုထုဇဉ် သီလဝန်, ပညဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ သာမိစိပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာသိက္ခာသုံးရပ် ရိုသေ အပ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ |
22,169 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ယဒိဒံ-ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ=အကြင် ၄- ပါးသော ယောကျ်ားမြတ်အစုံတို့သည်၊ သန္တိ=ရှိကုန်၏၊ ယဒိဒံ-ယေ ဣမေ အဋ္ဌပုရိသပုဂ္ဂလာ=အကြင် ၈-ပါးသော ယောကျ်ားမြတ်တို့သည်၊ သန္တိ= ရှိကုန်၏၊ ဘဂဝတော=မြတ်စွာဘုရား၏၊ ဧသ-ဧသော သာဝက သံဃော= ဤ ၄-စုံ ၈-ပါး တပည်းသား သံဃာတော်မြတ်အပေါင်းသည်၊ အာဟု နေယျော=အာဂန္တုအား ရည်၍ထားအပ်သော အလှူဝတ္ထုမျိုး... |
22,170 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ပါဟုနေယျော=လက်ဆောင်အလို့ငှာ ယူ၍လာသော အလှူ ဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ |
22,171 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဒက္ခိဏေယျော=နောက်နောက်ဘဝ အကျိုးရဖို့ မျိုးချ တုံလတ် မြတ်သောအလှူမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ |
22,172 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ အဉ္ဇလိကရဏီယော=လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကို ခံထိုက်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့် လည်း ပြည့်စုံတော်မူပေ၏၊ |
22,173 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ လောကဿ=လူအပေါင်း၏၊ အနုတ္တရံ=အတုမရှိ မြင့်မြတ် သော၊ ပုညက္ခေတ္တံ=ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်း သဖွယ်လည်းဖြစ်တော်မူပေ၏၊ |
22,174 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အမှာစကား။ ။ |
22,175 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော ဘုရားဂုဏ် ၉-ပါး, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော တရားဂုဏ် ၆-ပါး, ဤသံဃာနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော သံဃာဂုဏ် ၉- ပါး ကို အဓိပ္ပါယ်နှင့်တကွ ရေလည်စွာ မသိသောသောသူသည် ဘုရား, တရား, သံဃာကို ဉာဏ်နှင့် ကြည်ညိုတတ်သော သူမဟုတ်၊ ထိုသူ၌ တိဟိတ်ကုသိုလ်မဖြစ်၊ ဒွိဟိတ်ကုသိုလ်သာဖြစ်၏၊ |
22,176 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုကြောင့် ဗုဒ္ဓဘာသာလူမျိုးမှန်လျှင် ဤဂုဏ်တော် ၃-ပါး အနက်ကို နှုတ်တက်ကျေမွ တကယ်ရမှ သင့်မြတ်သတည်း။ |
22,177 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဂုဏ်တော်ကြီးကို သုတ္တန်ပိဋကတ်၌ မြတ်စွာဘုရား ကိုယ် တော်တိုင် အဖန်ဖန်ဟောတော်မူ၏၊ရဟန္တာကြီးများလည်း အဖန် ဖန်ဟောတော်မူ၏၊ |
22,178 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘုရားရှိခိုးပြုလုပ်လိုလျှင်- (တံ=ထိုသုပ္ပဋိပန္န အစ ပုညခေတ္တ အဆုံး ဘဝဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူပေသော သံဃာတော်မြတ်အပေါင်းကို၊ အဟံ=အကျွန်ုပ်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏ဟု ထည့်၍ဆိုကြလေ၊ ဤဘုရားရှိခိုးကြီးထက် ကြီးမြတ်သော ဘုရားရှိခိုး မရှိပြီ။ |
22,179 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ''သုပ္ပဋိပန္န” ဖြစ်အောင် ကျင့်သောပုဂ္ဂိုလ်သည် ဥဇုပ္ပဋိပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န-လည်း ဖြစ်တော့၏၊ ဤသမ္မာပဋိပတ် ကိုပင်လျှင် ဥဇုပ္ပဋိပတ်, ဉာယပ္ပဋိပတ်, သာမိစိပ္ပဋိပတ်-ဟုခေါ်၏၊ |
22,180 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမ္မာပဋိပတ် ပုဂ္ဂိုလ် |
22,181 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေး။ သမ္မာပဋိပတ်ပုဂ္ဂိုလ် ဆိုသည်ကား မည်ကဲ့သို့သော အကျင့်မျိုးကို ကျင့်သော ပုဂ္ဂိုလ်ကို ခေါ်သနည်း။ |
22,182 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖြေ။ ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဧဝံ ရူပံ အဘိညာယ ဧဝံ ရူပသမုဒယံ- အဘိညာယ ဧဝံ ရူပနိရောဓံ အဘိညာယ ဧဝံ ရူပနိရောဓဂါမနီပဋိပဒံ အဘိညာယ ဧဝံရူပဿ အဿာဒံ အဘိညာယ ဧဝံ ရူပဿ အာဒီနဝံ အဘိညာယ ဧဝံ ရူပဿ နိဿရဏံ အဘိညာယ ရူပဿနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နာ၊ တေ သုပဋိပန္နာ။ |
22,183 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယေ သုပဋိပန္နာ၊ တေ ဣမသ္မိံ ဓမ္မဝိနယေ ဂါမန္တိ။ |
22,184 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သံယုတ်ပါဠိတော် သတ္တဋ္ဌာန ကုသလသုတ်) |
22,185 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယေ ကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။ |
22,186 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမဏာ ဝါ၊ ရဟန်းတို့သည်လည်းကောင်း။ |
22,187 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗြဟ္မဏာ ဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ |
22,188 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဝံ၊ ဤသို့ ငါဘုရားဟောကြားပြီးသော အတိုင်း။ |
22,189 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။ |
22,190 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဝံ၊ ဤသို့ ငါဘုရားဟောကြားပြီးသောအတိုင်း။ |
22,191 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပသမုဒယံ၊ ရုပ်ဖြစ်ကြောင်းကို။ |
22,192 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဝံ၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ |
22,193 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပနိရောဓံ၊ ရုပ်ချုပ်ရာဌာနကို။ |
22,194 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဝံ၊ ဤသို့ ငါဘုရား ဟောကြားပြီးသောအတိုင်း။ |
22,195 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပ နိရောဓဂါမိနီပဋိပဒံ၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို။ |
22,196 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပဿ၊ ရုပ်၏၊ အဿာဒံ၊ သာယာဖွယ်ကို။ |
22,197 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။ |
22,198 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဧဝံ၊ ဤသို့ ငါဘုရားဟော ကြားပြီးသောအတိုင်း။ |
22,199 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပဿ၊ ရုပ်၏၊ အာဒီနဝံ၊ အပြစ်ဒေါသကို။ |
22,200 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပဿ၊ ရုပ်၏၊ နိဿရဏံ၊ ကျွတ်လွတ် ထွက်မြောက် ရာကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.