id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
22,201
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍၊ ရူပဿ၊ ရုပ်၌။
22,202
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိဗ္ဗိဒါယ၊ ပျင်းမုန်းငြီးငွေ့ခြင်းငှာ၊ ဝိရာဂါယ၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းငှာ။
22,203
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိရောဓာယ၊ ရုပ်၌ စွဲလမ်းသော တဏှာကို ချုပ်စေခြင်းငှာ၊ ပဋိပန္နာ၊ ကျင့်ကြကုန်၏၊ တေ၊ ထိုသို့ကျင့်ကြသော ရဟန်း ပုဏ္ဏားတို့သည်၊ သုပ္ပဋိပန္နာ၊ ကောင်းစွာကျင့်ကြသော ပုဂ္ဂိုလ်တို့ပေတည်း။
22,204
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါ၊ ကောင်းစွာ ကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံကြသော သုပ္ပဋိပန္န-ပုဂ္ဂိုလ်တို့ပေတည်း။
22,205
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယေ၊ အကြင်သူတို့သည်၊ သုပဋိပ္ပန္နာ၊ ကောင်းစွာ ကျင့်ကြ ကုန်၏၊ ဝါ=ကောင်းစွာကျင့်ခြင်း သမ္မာ ပဋိပတ်နှင့် ပြည့်စုံကြကုန်၏၊ တေ၊ ထိုကောင်းစွာကျင့်ကြကုန်သော ကောင်းစွာကျင့်ခြင်း သမ္မာ ပဋိပတ်နှင့် ပြည့်စုံကြကုန်သော သူတော်သူမြတ်တို့သည်။
22,206
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣမသ္မိံ ဓမ္မဝိနယေ၊ ဤငါဘုရားသာသနာတော်၌၊ ဂါမန္တိ၊ ထောက်မှီကြကုန်၏၊ ဝါ-ထောက်ရာ, တည်ရာ, မှီရာ-ရကြကုန်၏၊
22,207
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခန္ဓာ ၅-ပါး ၇-ပါးသော အရာဌာနတို့၌ သိလိမ္မာ၍ ထိုခန္ဓာ ၅- ပါးတို့ကို ငြီးငွေ့ရွံမုန်းအောင်, ချစ်ခင် တပ်မက်ခြင်း ကင်းအောင်, စွန့်ပစ်နိုင်အောင် ကျင့်သော ပုဂ္ဂိုလ်ကို သမ္မာပဋိပတ်ပုဂ္ဂိုလ်ဟု ခေါ်သည်။
22,208
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤပုဂ္ဂိုလ်မျိုးကို သုပ္ပဋိပန္န, ဥဇု, ဉာယ, သာမိစိပ္ပဋိပန္န-ဖြစ်သော ပုဂ္ဂိုလ်ဟူ၍ ခေါ်သည်၊ ၎င်းပုဂ္ဂိုလ်သည် အာဟုနေယျ, ပါဟုနေယျ စသော အကျိုး ၅-ပါးနှင့်လည်း ပြည့်စုံနိုင်တော့၏၊)
22,209
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) “စတ္တာရော စ ပဋိပန္နာ စတ္တာရော စ ဖလေ ဋ္ဌိတာ။
22,210
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဧတ္ထဒိန္နံ မဟပ္ဖလံ” ဟူ၍လည်းကောင်း,
22,211
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) “သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒတွာ အသင်္ချေယျာ အပ္ပမေယျာ” အစရှိသည်ဖြင့်လည်း ကောင်း
22,212
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒက္ခိဏဝိဘင်္ဂသုတ် စသည်တို့၌ ဟောတော်မူသည်။
22,213
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဟုနေယျ စသည်ကို ပြဆိုချက်
22,214
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အရပ်ဝေးမှ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ခဲယဉ်းစွာ ဆောင် ယူခဲ့၍ လှူအပ်သော ဝတ္ထုအလှူကို “အာဟုနေဝတ္ထု အလှူ” ဟု ခေါ်သည်။
22,215
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အရပ်လေးမျက်နှာတို့မှ လာလတ္တံ့သော ချစ်ခင်အပ် သော မိတ်ဆွေ ဧည့်သည်တို့အဖို့ ရည်စူး၍ ထားသော ထွတ်ထွတ် မြတ်မြတ် လက်ဆောင်ဝတ္ထုအလှူကို “ပါဟုနဝတ္ထုအလှူ''ဟုခေါ်သည်။
22,216
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ကံ,ကံ၏အကျိုးကို ယုံကြည်၍ နောင်သံသရာ၌ အကျိုး မြတ်ခြင်းကို လိုလားတောင့်တ၍ ဘယ်ဝတ္ထုမဆို ယုတ်စွာ့အဆုံး ပန်းတစ်ပွင့်ပင်ဖြစ်စေ လှူသော ဝတ္ထုအလှူကို “ဒက္ခိဏဝတ္ထုအလှူ” ဟုခေါ်သည်။
22,217
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအလှူ ၃-ပါးတို့ကို သာမညပုဂ္ဂိုလ်တို့ ခံယူသုံးဆောင်၍ အလှူရှင်က စိတ်မကျေချမ်းနိုင်၊ သာမညပုဂ္ဂိုလ်တို့ အလှူမခံထိုက်၊ ဤကဲ့သို့သမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့မှသာလျှင် အသင်္ချေယျ အကျိုးကြီး မြတ်ခြင်းကို ဖြစ်စေတတ်သောကြောင့် ခံယူသုံးဆောင် ထိုက်သည်၊ အလှူရှင်ကလည်း စိတ်ကျေချမ်းနိုင်သည်။
22,218
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သဒ္ဓါနိုင်သည်၊ ဝမ်းမြောက်နိုင်သည်။
22,219
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့် ဤသမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာဟုနဝတ္ထုအလှူကို ခံထိုက်သော အာဟုနေယျ, ပါဟုနဝတ္ထုအလှူကို ခံထိုက်သော ပါဟုနေယျ, ဒက္ခိဏဝတ္ထု အလှူကို ခံထိုက်သော ဒက္ခိ ဏေယျ-ပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။
22,220
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မိဘ ၂-ပါးတို့သည် သားသမီးတို့ ဝတ္ထု အလှူကို ခံထိုက် မခံထိုက်
22,221
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သားသမီးတို့၏ အာဟုနဝတ္ထု, ပါဟုနဝတ္ထု ၂-ပါးကိုကား သမ္မာပဋိပတ်နှင့်ပင် မပြည့်စုံငြားသော်လည်း မိဘ ၂-ပါးတို့သည် ခံထိုက် ကုန်၏၊ အမိအဖတို့သည် သားသမီးတို့၏အပေါ်၌ အာဟုနေယျ, ပါဟုနေယျဂုဏ်တို့နှင့် ပြည့်စုံကြ၏ အာဟုနေယျပုဂ္ဂိုလ် ဖြစ်ကြ၏၊
22,222
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဟုနေယျာစ ပုတ္တာနံ၊ ပဇာယ အနုကမ္ပာယ စသည့်ဖြင့် ဣတိဝုတ်ပါဠိတော် ဟောတော်မူပေ၏၊
22,223
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိသာခါ, အနာထပိဏ်-စသည်တို့လို သမ္မာပဋိပတ်နှင့်ပြသည့် စုံသော သုပ္ပဋိပန္နပုဂ္ဂိုလ်ဖြစ်ခဲ့ပါလျှင် သားသမီးတို့နှင့်တကွ သတ္တဝါ ခပ်သိမ်းတို့၏ ဒက္ခိဏအလှူကိုလည်း ခံထိုက်၏၊ ဒက္ခိဏေယျပုဂ္ဂိုလ် လည်း ဖြစ်နိုင်ကြ၏၊ သမ္မာပဋိပတ်နှင့် မပြည့်စုံလျှင် ဒက္ခိဏေယျ ပုဂ္ဂိုလ်မဖြစ်နိုင်ကြကုန်၊ ဤအာဟုဏေယျ-စသော ပုဂ္ဂိုလ်ဖြစ်နိုင်မှု သည်ကား သမ္မာပ...
22,224
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤသို့လျှင် ပဋိပတ္တိ, ပဋိဝေဓ တရားတော်မြတ်၏ ဂုဏ်ကျေးဇူးကြီးမားပုံ, အာနုဘော် ကြီးမားပုံကို သိကြလေ။
22,225
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) သံဃာနုဿတိ၏အကျိုး
22,226
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့သုပ္ပဋိပန္နတာ- စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူကြကုန် သော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်၏ ဂုဏ်တို့လည်း အဖန်ဖန်ဆင်ခြင်အောက်မေ့ကြရာ၏၊
22,227
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်၌ ဤဂုဏ် ၉- ပါးအပြင် ဂုဏ်ကျေးဇူးတွေသည် “အပ္ပမာဏော သံဃော” ဆိုသော အတိုင်း အသင်္ချေ အနန္တများပြားစွာ ရှိကုန်သည်၊ သံဃာတော်မြတ်၏ ဂုဏ်ကျေးဇူးတွေကို ၁-ပါးထက် ၂-ပါး, ၂-ပါးထက် ၃-ပါး စသည်ဖြင့် များများကြီး သိနိုင်လေ ဆင်ခြင်အောက်မေ့နိုင်လေ အကျိုးသာလွန် ကြီးမြတ်နိုင်လေသည်။
22,228
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကဲ့သို့ ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ အလွန်စိတ် ဉာဏ်ကြည်လင်၏၊ အလွန်ဉာဏ် ထက်သန်ကြီးထွား၏၊ အလွန်စိတ်တည်ကြည်၏၊ ဥပစာရစျာန်ကိုရ၏၊
22,229
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသံဃာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း-သံဃာတော်မြတ် ဂုဏ်ကျေးဇူးတွေက အလွန်နက်နဲ သိမ်မွေ့သော ပရမတ္ထဓမ္မ-တွေဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကို မဖြစ် စေနိုင်။
22,230
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုပ္ပဋိပန္နဂုဏ်တော်
22,231
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့သည် ကောင်းစွာကျင့်နေ ဆဲဖြစ်သောကြောင့် သုပ္ပဋိပန္န-မည်ကုန်၏၊
22,232
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုဋ္ဌု ပဋိပဇန္တီတိ သုပ္ပဋိပန္နာ။
22,233
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုဋ္ဌု=ကောင်းမွန်စွာ၊ ပဋိပဇ္ဇန္တိ=ကျင့်ဆဲဖြစ်ကြကုန်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ သုပ္ပဋိန္နော=သုပ္ပဋိပန္န-မည်ကုန်၏၊
22,234
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) ရဟန္တာပုဂ္ဂိုလ်သည်ကား ကျင်းခြင်းကိစ္စ ပြီးစီးပြီ ဖြစ်သော ကြောင့် သုပ္ပဋိပန္န-မည်၏၊
22,235
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုဋ္ဌု ပဋိပဇ္ဇိတ္ထာတိ သုပ္ပဋိပန္နော။
22,236
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုဋ္ဌု=ကောင်းမွန်စွာ၊ ပဋိပဇ္ဇိတ္ထ=ကျင့်ခြင်းကိစ္စပြီးစီးလေပြီ၊ ဣတိတသ္မာ=ထို့ကြောင့်၊ သုပ္ပဋိပန္နော=သုပ္ပဋိပန္န မည်၏၊ အရိယာသံဃာ တော်-၈-ပါးသည် ကောင်းစွာကျင့်ဆဲ ကျင့်ပြီးဖြစ်သောကြောင့် သုပ္ပဋိပန္န မည်တော်မူသည်။
22,237
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဇုပ္ပဋိပန္န ဂုဏ်တော်
22,238
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဇုပ္ပဋိပန္န-စသော ပုဒ်တို့၌လည်း သေက္ခ, ရဟန္တာ-ခွဲ၍ ဝိဂြိုဟ် ပြုရာ၏၊
22,239
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဇုကံ ပဋိပန္နာတိ ဥဇုပ္ပဋိပန္နာ။
22,240
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဇုကံ=ဖြောင့်မှန်တည်တံ့စွာ၊ ပဋိပန္နာ=ကျင့်တော်မူကြကုန်၏၊
22,241
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣတိတသ္မာ=ထို့ကြောင့်၊ ဥဇုပ္ပဋိပန္နာ=ဥဇုပ္ပဋိပန္နမည်ကုန်၏၊ ဖြောင့်ဖြောင့်ကျင့်သည်ဆိုသည်ကား-ကာယကံ, ဝစီကံ, မနောကံတည်းဟူသော ကိုယ်, နှုတ်, နှလုံး အကောက်-၃-ပါးတို့နှင့် ကင်း၍ စဉ်းလဲခြင်း, လှည့်ဖြားခြင်းမရှိဘဲ ကျင့်သည်ကိုဆိုသည်။
22,242
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဉာယပ္ပဋိပန္န ဂုဏ်တော်
22,243
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဉာယေန ပဋိန္နာတိ ဉာယပ္ပဋိပန္နာ။
22,244
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဉာယေန=အသင့်လျော်အားဖြင့်၊ ပဋိပန္နာ=ကျင့်တော်မူကြ ကုန်၏၊
22,245
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣတိတသ္မာ=ထို့ကြောင့်၊ ဉာယပ္ပဋိပန္နာ= ဉာယပ္ပန္န-မည်ကုန်၏၊
22,246
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသင့်အလျော်ကျင့်သည် ဟူသည်ကား-မချွတ်မယွင်း ကျင့် သည်၊ ကျင့်စဉ်နည်းလမ်းအတိုင်း လျော်ညီစွာ ကျင့်သည်ကိုဆိုသည်။
22,247
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမိစိပ္ပဋိပန္နဂုဏ်တော်
22,248
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမိစိံ ကတွာ ပဋိပန္နာတိ သာမိစိပ္ပဋိပန္နာ။
22,249
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမိစိံ ကတွာ=အရိုအသေပြု၍၊ ပဋိပန္နာ=ကျင့်တော်မူကြ ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သာမိစိပ္ပဋိပန္နာ=သာမိစိပ္ပဋိပန္န မည် ကုန်၏၊
22,250
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာမီစိပ္ပဋိပန္နဟူသည်ကား-မြတ်စွာဘုရား ဟောကြားနည်း ပြတော်မူသောအတိုင်း မဆန့်ကျင်စေမူ၍ လေးလေးမြတ်မြတ် ဂရုတစိုက် ကျင့်သည်ကို သာမိစိပ္ပဋိပန္နဆိုသည်။
22,251
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြဆိုအပ်ပြီးသော ဂုဏ်တော် ၄-ပါးသည် သဘောအဓိပ္ပါယ် အားဖြင့်များစွာ ထူးခြားလှသည်မဟုတ်၊ အကျင့်ပဋိပတ်ကို ကောင်းစွာ ကျင့်သည်၊ ဖြောင့်စွာကျင့်သည်၊ သင့်လျော်စွာကျင့်သည်၊ ရိုသေစွာ ကျင့်သည်ဟူ၍ အနည်းငယ်မျှသာ ထူးခြားလေသည်။
22,252
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရဟန်းရှင်လူတို့ တူညီပုံ ထူးခြားပုံ
22,253
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တူညီပုံ-ရဟန်းဖြစ်စေ, လူဖြစ်စေ အကြင်အကြင် ပုဂ္ဂိုလ် တို့သည် မြတ်စွာဘုရားဆုံးမ နည်းပေးတော်မူသောအတိုင်း အပြည့်အစုံ စင်စင်ကြယ်ကြယ် ကျင့်ကြံအားထုတ်ကြကုန်၏၊ ထိုထိုပုဂ္ဂိုလ်တို့သည် သုပ္ပဋိပန္န, ဥဇုပ္ပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န-တို့မည်ကုန်၏၊ သို့သော် လည်း ဤသံဃာ့ဂုဏ်တော်အရာ၌ “အနုတ္တရ ပုညက္ခေတ္တ” အတုမရှိ သောကုသို၏ စိုက်ပ...
22,254
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စင်စစ်အားဖြင့်မူကား သိက္ခာသုံးရပ်တို့တွင် အဓိစိတ္တ, အဓိပညာဟုဆိုအပ်သော အထက်ဘာဝနာ အသိက္ခာတို့၌ ကျင့်စဉ်စခန်းသည် ရဟန်း, ရှင်, လူ-ဟူ၍ အထူးအခြားမရှိ၊ အတူအမျှပင်ဖြစ်၏၊
22,255
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထူးခြားပုံ-အဓိသီလသိက္ခာ အရာ၌မူကား လူနှင့်ရဟန်းတို့ သည် လွန်စွာခြားနားကြကုန်၏၊ ထိုစကားမှန်၏၊ လူတို့မှာကား ၅-ပါး သီလဟုဆိုအပ်သော သိက္ခာပုဒ် ၅-ပါးတိုပသာလျှင် နိစ္စသီလရှိကြ ကုန်၏၊ ရဟန်းတော် အရှင်မြတ်တို့မှာကား အတိုင်းမသိသော သိက္ခာပုဒ် တော်များ ရှိကြကုန်၏
22,256
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရဟန်းတော်တို့ သိက္ခာပုဒ်ပေါင်းသည် ဝိနည်း ပိဋကတ်တော်၌ (၉၁၈၀၅၀၃၆၀၀၀)ကုဋေ ကိုးထောင် တရာ့ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်ရှိသည်။
22,257
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ကိုးထောင်တရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေထုတ်၊ ငါးသန်းသုံးသောင်း၊ ခြောက် ထောင်ဆောင်း၊ များတောင်း သိက္ခာပုဒ်။
22,258
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥပသမ္ပန္နဘုံ၌ တည်၍ အတိုင်းမသိ များပြားသော သိက္ခာပုဒ် တို့ကို ကျင့်ဆောင်တော်မူကြကုန်သော ရဟန်းတော် အရှင်မြတ်တို့သည် သာလျှင် အတုမရှိသော ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ်တို့ ဖြစ်ကြကုန်၏၊
22,259
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မေး။ ကျင့်ဆောင် ကျိုးစားကြကုန်သော ထိုတပည့်သာဝက တို့သည် အဘယ်သို့လျှင် ကောင်းစွာ ကျင့်ခြင်းကိစ္စ ပြီးစီးကြကုန်သနည်း။
22,260
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဖြေ။ အကြင်သို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား သည် ထိုတပည့်သာဝကတို့အား အကျင့် ပဋိပတ်တို့ကို ဟောကြား တော်မူအပ်ကုန်၏၊ ထိုသို့ ဟောကြားတော်မူသောအတိုင်း ကျင့်ဆောင် ကျိုးစားကြကုန်သည်ရှိသော် ထိုတပည့်သာဝကတို့သည် ကောင်းစွာ ကျင့်ခြင်းကိစ္စ, ဖြောင့်မှတ်စွာ ကျင့်ခြင်းကိစ္စ, သင့်လျော်စွာ ကျင့်ခြင်းကိစ္စ, ရိုသေစွာ ကျင့်ခြင်းကိစ္စ ...
22,261
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မေး။ အဘယ်သို့လျှင် မြတ်စွာဘုရားသည် ထိုတပည့် သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော် မူပါသနည်း။
22,262
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဖြေ။ ဆိုလတ္တံ့သော စကားရပ်ဖြင့် သာဝကတို့အား အကျင့် ပဋိပတ်ဟောကြားပုံကို သိအပ်၏၊
22,263
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရှင်ဥဒါယီအား မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ္တန်
22,264
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အို-ဥဒါယီ...တဖန်တုံ ငါဘုရားသည် တပည့်သားတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူအပ်၏၊
22,265
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြင် ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် သတိပဋ္ဌာန် ၄-ပါးကို ပွါးများကြကုန်၏၊ ထိုသို့ ပွါးများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ်လမ်း ပေါက်ရောက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ဆိုက်ရောက်ကြကုန်သည်ဖြစ်၍ နေကြကုန်၏၊
22,266
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါဘုရားသည် တပည့်သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူအပ်ကုန်၏၊
22,267
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြင်ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် သမ္မပ္ပဓာန် ၄-ပါးတို့ကို ပွားများကြကုန်၏၊ ဣဒ္ဓိပတ် ၄-ပါးတို့ကို ပွားများကြကုန်၏၊ ဣန္ဒြေ ၅-ပါးတို့ကို ပွားများကြကုန်၏၊
22,268
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဗိုလ် ၅-ပါးတို့ကို ပွားများကြကုန်၏၊ ဗောဇ္ဈင် ၇-ပါးတို့ကို ပွားများကြ ကုန်၏၊ အရိယမဂ္ဂင် ၈-ပါးတို့ကို ပွားများကြကုန်၏၊ ထိုသို့ ပွားများကြ ရာ၌ ငါဘုရား၏များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ် လမ်းပေါက်ကြလျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်ကုန် သည်ဖြစ်၍ နေကြကုန်၏၊ ငါဘုရားသည် တပည့်သာဝကတို့အား အကျင့် ပဋိပတ်တို့ကို ဟောကြာ...
22,269
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြင် ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရားတို့၏ တပည့်သားတို့သည် ဝိမောက္ခစျာန် ၈-ပါးတို့ကို ပွားများကြကုန်၏၊
22,270
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘိဘာယတနစျာန် ၈-ပါးတို့ကို ပွားများကြကုန်၏၊ ကသိဏာယတန စျာန် ၁၀-ပါးတို့ကို ပွားများကြကုန်၏၊ စျာန် ၄-ပါးတို့ကို ပွားများကြကုန်၏၊
22,271
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့ ပွားများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ် လမ်းပေါက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်၍ နေကြကုန်၏၊
22,272
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အထက်ပါစကားရပ်၌ စျာန်လေးပါးဆိုသည်မှာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် လေးပါးကိုယူလေ၊ ကသိုဏ်း စျာန်, အသုဘစျာန်, အနုဿတိစျာန်, အပ္ပမညာဗြဟ္မဝိဟာရစျာန်, အာရုပ္ပ စျာန်တို့သည် ဆိုခဲ့ပြီးသော စျာန် ၄-ပါးတို့၌ အကြုံးဝင်ကုန်၏၊)
22,273
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဟုနေယျဂုဏ်တော်
22,274
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဟုနံ အရဟတီတိ အာဟုနေယျော။
22,275
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဟုနံ၊ နိစ္စဘတ်တည်သော အလှူဝတ်ကို၊ အရဟတိ၊ ခံခြင်းငှာထိုက်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်၊ အာဟုနေယျော၊ အာဟုနေယျ-မည်၏၊ မိဘ, ဆရာ ပူဇော်ရိုသေထိုက်သူများကို ရည်၍ ရှေးကပြုပေဘူးသော ကျေးဇူးအထူးကို အောက်မေ့ဆင်ခြင်ပြီးလျှင် ကတညုတ,က တဝေဒီ-တရားကို ပွားများဖြည့်ဆည်းပူးသည်၏ အစွမ်း အားဖြင့် အမြဲမပြတ် နိစ္စဘတ်ဝတ်တည်ထားအပ်သော အလှူဝတ်သည် အာဟုန...
22,276
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အယံ ခေါ အာယသ္မတော ဗြဟ္မဒေဝဿ မာတာ ဗြဟ္မဏီဗြဟ္မုနော အာဟုတိံ နိစ္စံ ပဂ္ဂဏှာတိ။
22,277
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူသော ဗြဟ္မသံယုတ် ပါဠိတော်ကို ထောက်၍ အာဟုနဆိုသည်ကား နိစ္စဘတ်တည်သော အလှူဝတ်ဟူ၍ သိအပ်၏၊ အာဟုဘိ နှင့် အာဟုန အနက်တူ၏၊
22,278
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(မိဘတို့သည်လည်း သားသမီးတို့၏ ဤသို့ နိစ္စဘတ် တည်ထား ပြုစုအပ်သောဝတ်ကို ခံထိုက်သော ကြောင့် အာဟုနေယျပင် မည်ကြပေ ကုန်၏၊)
22,279
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုနေယျဂုဏ်တော်
22,280
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုနံ အရဟတီတိ ပါဟုနေယျော။
22,281
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုနံ၊ ဧည့်သည်အာဂန္တုတို့အလို့ငှာ ရည်စူး၍ ထားအပ်သော အလှူကို။
22,282
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရဟတိ၊ ခံထိုက်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။
22,283
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုနေယျော၊ ပါဟုနေယျမည်၏၊ ဧည့်သည်ကိုလည်းကောင်း, ဧည့်သည်၏အကျိုးငှာ ရည်ညွန်း၍ ထားအပ်သော အလှူဝတ္ထုကိုလည်းကောင်း ပါဟုနခေါ်သည်။
22,284
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုန၏အဓိပ္ပါယ်အကျယ်
22,285
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို ပါဟုန၏ အနက်အဓိပ္ပါယ်ကို ပြဆိုလတ္တံ့သော တေမိယ ဇာတ် ပါဠိတော်ဖြင့် သိအပ်၏၊
22,286
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣဒံပိ ပဏ္ဏကံ မယှံ၊
22,287
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရန္ဓံ ရာဇ အလောဏကံ။
22,288
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရိဘုဉ္ဇ မဟာရာဇ၊
22,289
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုနော မေ ဣဓာဂတော။
22,290
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(တေမိယဇာတ် ပါဠိတော်)
22,291
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနက်။ ရာဇ၊ ခမည်းတော်မင်းကြီး။
22,292
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣဒံပိ ပဏ္ဏကံ၊ ဤကံပြင်းရွက်ကိုလည်း။
22,293
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အလောဏကံ၊ ဆား မခတ်ရဘဲ။
22,294
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရန္ဓံ၊ ပြုတ်၍ထားအပ်ပါ၏၊ မဟာရာဇ၊ ခမည်းတော် မင်းမြတ်။
22,295
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရိဘုဉ္ဇ၊ သုံးဆောင်တော်မူပါလော့။
22,296
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မေ၊ အကျွန်ုပ်၏၊ ပါဟုနော၊ ဧည့်သည်တော်ဖြစ်သော အရှင်မင်းကြီးသည်။
22,297
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣဓာဂတော၊ ဤအရပ်သို့ ဆိုက်ရောက်တော်မူလာပေ၏၊
22,298
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပါဟုနဆိုသည်ကား -မိမိနေရာဌာနသို့ ဆိုက်ရောက် လာကြ ကုန်သော ဆွေမျိုးမိတ်ဆွေ ဧည့်သည် အာဂန္တုတို့အား သူတော်ကောင်း တို့၏ ရှေးဟောင်းကျင့်ဝတ်ကို မချွတ်မယွင်းစေသောအားဖြင့် စီရင် ဧည့်ခံ ပြုစု လုပ်ကျွေးတည်ထားအပ်သော ဝတ္ထုကို ပါဟုနဆိုသည်ဟု သိအပ်၏၊ မိမိသည် ဧည့်သည် အာဂန္တုအဖြစ်ဖြင့် ဆွေမျိုးမိတ်ဆွေ စသည်တို့၏ နေရာဌာနသို့ ဆိုက်ရောက်လာသေ...
22,299
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒက္ခိဏေယျဂုဏ်တော်
22,300
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော။