id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
22,301
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒက္ခိဏံ=သဒ္ဒါဖြင့် လှူအပ်သော အလှူဝတ္ထုကို၊ အရဟတိ=ခံစား ခြင်းငှာထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဒက္ခိဏေယျော=ဒက္ခိဏေယျ မည်၏၊
22,302
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒက္ခိဏဆိုသည်ကား- အာဟုန,ပါဟုန-မျိုး မဟုတ်ဘဲ သက် သက်ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း ယုံကြည်အား ထား၍ နောင်အခါ အကျိုးထူးကို ခံစားရလိမ့်မည်ဟူ၍လည်းကောင်း, ပါရမီ ကုသိုလ် ပြည့်စိမ့်သောငှာလည်းကောင်း, သီလစသော ဂုဏ်ကျေးဇူး တို့ကို ပူဇော်ချီးမြောက်ခြင်းငှာလည်းကောင်း သဒ္ဓါသဖြင့် စီရင်၍ထား အပ်သော သဒ္ဓါဒေယျ ဒါနသည် ဒက္ခိဏ-မည်၏၊...
22,303
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဉ္ဇလိကရဏီယဂုဏ်တော်
22,304
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆိုအပ်ပြီးသော ဒါန ၃-မျိုးကို အရိယာသံဃာတော်အား လှူဒါန်း အပ်သည်ရှိသော် အထူးသဖြင့် ကြီးကျယ်ဖွံ့ဖြိုးသော အကျိုးအာနိသင်ကို ဖြစ်စေတတ်၏၊
22,305
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရိယာ သံဃာတော်သည် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ-ဟူသောဂုဏ်ကို ရရှိတော်မူသည်။
22,306
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လက်အုပ်ချီခြင်းကို အဉ္ဇလိကမ္မ- ဟူ၍လည်းကောင်း, အဉ္ဇလိ ကရဏ-ဟူ၍လည်းကောင်း ဆိုအပ်၏၊
22,307
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဉ္ဇလိကရဏံ အရဟတီတိ အဉ္ဇလိကရဏီယော။
22,308
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဉ္ဇလိကရဏံ=လက်အုပ်ချီမိုး ရှိခိုးရိုသေခြင်းကို။
22,309
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရဟတိ= ခံထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်။
22,310
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဉ္ဇလိကရဏီယော=အဉ္ဇလိ ကရဏီယ-မည်၏၊
22,311
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သုပ္ပဋိပန္န-စသော ဂုဏ်တို့နှင့်ပြည့်စုံ၍ မြတ်သော ပုဂ္ဂိုလ်ဖြစ် သောကြောင့် လက်အုပ်ချီခြင်းကို ခံထိုက်သည်၊ ထို့ကြောင့် အဉ္ဇလိ ကရဏီယ-မည်၏၊
22,312
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရှိခိုးခြင်း၏ အကျိုးကို ဥပမာဖြင့် ပြဆိုချက်
22,313
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤလောက၌ ဣဿရိယဂုဏ်နှင့်ပြည့်စုံသော မင်းစိုးရာဇာ တို့အား ရှိခိုးလျှင် ထိုက်သည့်အားလျော်စွာ လောကီအကျိုးကို ပေးတတ်သကဲ့သို့၊ သုပ္ပဋိပန္န-စသော ဂုဏ်ကောင်း, ဂုဏ်မြတ်တို့နှင့် ပြည့်စုံသော အရှင်မွန်, အရှင်မြတ်တို့ကို ရှိခိုးလျှင် မရေမတွက်နိုင်သော သံသရာ၏ ကောင်းကျိုး ချမ်းသာတို့ကို ပေးနိုင်လေသည်။
22,314
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ ရှိရှင်မြတ်နိုး တစ်ကြိမ်ခိုးက ကောင်းကျိုးအသင်္ချေ ပေးနိုင် ပေသောကြောင့် ထိုအရှင်မွန်, အရှင်မြတ်တို့သည် အဉ္ဇလိကရဏီယ ဟူသော ဂုဏ်ထူးကို ရရှိတော်မူကြကုန်သည်။
22,315
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သံဃာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊
22,316
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဃ) သီလာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ
22,317
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သီလာနုဿတိဟူသည်ကား-မိမိထိန်းသိမ်း စောင့်ရှောက် အပ်သော သီလကို အဖန်ဖန်ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။
22,318
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ လူတို့ စောင့်ရှောက်အပ်သော ဂဟဋ္ဌသီလပင် ဖြစ်စေ, ရဟန်းတို့ စောင့်ရှောက်အပ်သော ပဗ္ဗဇိတသီလပင်ဖြစ်စေ, ထိုသီလတို့၌ အစ-ကဖြစ်စေ, အဆုံးက ဖြစ်စေ, သိက္ခာပုဒ် ၁-ပါးပါး ပျက်သောသီလ သည် အစွန်အဖြား စုတ်ပြတ်သော ပုဆိုးကဲ့သို့ ပြတ်ကျိုးသော သီလ မည်၏၊
22,319
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အလယ်၌ သိက္ခာပုဒ် ၁-ပါးပါး ပျက်သော သီလသည် အလယ်၌ မီးလောင်ပေါက်သော ပုဆိုးကဲ့သို့ ပေါက်သောသီလမည်၏၊
22,320
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ သိက္ခာပုဒ် ၁-ခုခြား, ၁-ခုခြား အစဉ်အတိုင်းပျက်သော သီလသည် နွားမ ဝါစေ့ပြောက်ကဲ့သို့ ပြောက်သောသီလမည်၏၊
22,321
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ သိက္ခာပုဒ် ၂-ခု ကျော်, ၃-ခု ကျော် စသည်ဖြင့် ပျက်သော သီလသည် နွားမကျားကဲ့သို့ ကြောင်ကျားသော သီလမည်၏၊
22,322
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သီလာနုဿတိကို ပွားများပုံနှင့် အကျိုး
22,323
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသီလာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိတို့ထိန်းသိမ်းစောင့်ရှောက်အပ်သော သီလကို မကျိုး, မပေါက်, မပြောက်, မကျားရအောင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်၍
22,324
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ငါ၏ သီလသည် မကျိုး, မပေါက်, မပြောက်, မကျား ပေပြီ။
22,325
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကောင်းစွာ ပြည့်စုံသန့်ရှင်းပေ၏၊ အလွန်ကောင်းပေစွ၊ သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ရန် နီးစွာသော အကြောင်းဖြစ်၍ တဏှာ၏ကျွန် အဖြစ်မှ တော်လှန် လွန်မြောက်ကြောင်း ဖြစ်ပေစွ။
22,326
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ သူတစ်ပါးတို့သည် သင်၏သီလ၌ ဤကဲ့သို့ အပြစ်ဒေါသ ရှိသည်ဟု စွပ်စွဲပြောဆိုခြင်းငှာ မထိုက်အောင် အပြစ်မှ သန့်ရှင်းဖြူစင် ပေ၏၊
22,327
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်း ထိုက်အောင် စိတ်အေးမြချမ်းသာ တည်ကြည်ခြင်း သမာဓိကို ဖြစ်စေ နိုင်လောက်အောင် လွန်စွာအပြစ်တို့မှ သန့်ရှင်းဖြူစင်ပေ၏၊ အလွန် ကောင်းပေစွဟု မိမိသီလကို အဖန်ဖန်ဆင်ခြင်အောက်မေ့အပ်၏၊ အောက်မေ့ရာ၏၊
22,328
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကဲ့သို့ အောက်မေ့သည်ရှိသော် အလွန်နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ဉာဏ် ထက်သန်ကြီးထွား၏၊ ကြည်လင်၏၊ တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊ ဤသီလာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- သီလဂုဏ် ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည်ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။
22,329
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သီလာနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊
22,330
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (င) စာဂါနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ
22,331
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စာဂါနုဿတိ ဟူသည်ကား-နှမြောမဖက် သဒ္ဒါသက်သက် ဖြင့် လှူဒါန်းစွန့်ကြဲအပ်သော မိမိ၏ အလှူစာဂ၏ ဂုဏ်ကျေးဇူးကို အဖန်ဖန်ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။
22,332
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စာဂါနုဿတိကို ပွားများပုံနှင့် အကျိုး
22,333
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုစာဂါနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် တရား သဖြင့်ရရှိသော လှူဖွယ်ဝတ္ထုတို့ကို ဂုဏ်ကျေးဇူး ကြီးမြတ်သော ပုဂ္ဂိုလ်တို့၌ မလှူမီ,လှူဆဲ, လှူပြီး ၃-ပါးသော ခဏ၌ စိတ်ကိုကြည်လင် ရွှင်လန်း ဝမ်းမြောက်စေလျက် နှစ်သက်ကြည်ဖြူ စွာ ပေးလှူစွန့်ကြဲပြီး၍ စွန့်ကြဲ ပေးလှူသော စိတ်စေတနာ၏တွန့်မတိုဖြစ်ပုံ အခြင်းအရာ နိမိတ်ကို မှတ်ယူ၍။
22,334
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါသည်မပေးလှုလို ဝန်တိုနှစ်မြောခြင်း မစ္ဆေရမရှိဘဲ ဝန်တို နှမြောခြင်း မစ္ဆေရ အညစ်အကြေး ကင်းသည်ဖြစ်၍ ကောင်းစွာပေးလှူ စွန့်ကြဲရပေပြီ၊ ကောင်းလေစွ, ကောင်းလေစွ။
22,335
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါသည် ဖြစ်လေရာရာဘဝ၌ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာများခြင်း ခွန်အားကြီးခြင်း ပညာကြီးခြင်းစသော အကျိုးအာနိသင် လာဘ်တို့ကို ရထိုက်ကုန်စွတကား။
22,336
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါသည် လူဖြစ်ကျိုး နပ်စွတကား၊ သံသရာဝဋ်မှ လွတ်မြောက် ကြောင်း အမှုကို ငါပြုပေစွတကား၊ ဩော်-ကောင်းလေစွတကား၊ ဩော်ကောင်းလေစွတကား-ဟု အဖန်ဖန်ဆင်ခြင်အောက်မေ့ရာ၏၊
22,337
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော်
22,338
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ဉာဏ်ကြည်လင်၏၊ တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊
22,339
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤစာဂါနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- အလှူစာဂ ဂုဏ် ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည်ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။
22,340
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စာဂါနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊
22,341
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စ) ဒေဝတာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ
22,342
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒေဝတာနုဿတိ ဟူသည်ကား- နတ်တို့ကို သက်သေထား၍ နတ်တို့ကို တုပြိုင်အားကျ၍ မိမိ၌ရှိသော သဒ္ဓါ-စသော သူတော်ကောင်း ဥစ္စာ, သူတော်ကောင်းတရားတို့ကို အားကိုးအားထား ဝမ်းမြောက် ရွှင်လန်းစွာ ဆင်ခြင်အောင်မေ့သော သတိကို ဆိုသည်။
22,343
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒေဝတာနုဿတိ ပွားများပုံနှင့် အကျိုး
22,344
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုဒေဝတာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ကောင်းကင်၌- စတုမဟာရာဇ်နတ်, တာဝတိံသာနတ်, ယာမာ နတ်, တုသိတာနတ်, နိမ္မာနရတိနတ်, ပရနိမ္မိတဝသဝတ္တိနတ်တို့သည် ရှိကြကုန်၏
22,345
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နတ်ပြည် ၆-ထပ် အထက်ဖြစ်သော ဗြဟ္မာဘုံ၌လည်း ပထမစျာန် ဗြဟ္မာ, ဒုတိယစျာန် ဗြဟ္မာ, တတိယ စျာန်ဗြဟ္မာ, စတုတ္ထစျာန် ဗြဟ္မာစသော ဗြဟ္မာကြီးတို့သည်လည်း ရှိကြကုန်၏၊ ထိုနတ် ဗြဟ္မာကြီးတို့သည် အလွန် ဘုန်းတန်ခိုး ကြီးမားကြကုန်၏၊
22,346
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုနတ်ဗြဟ္မာကြီးတို့သည် ဤလူ့ ပြည်၌ နေစဉ်အခါ၌ ၁။
22,347
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ- ဟူသော သူတော်ကောင်း ဥစ္စာ ၇-ပါး,
22,348
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, ပညာဟူသော သူတော်ကောင်းတရား ၇-ပါး-တို့နှင့်ပြည့်စုံကြခြင်းကြောင့် ဤလူ့ပြည်မှ စုတေကြသောအခါ ထိုနတ်ပြည်, ဗြဟ္မာပြည်၌ ဖြစ်ကြ ကုန်၏၊
22,349
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါ့မှာလည်း ထိုကဲ့သို့ တန်ခိုးကြီးမားစွာ နတ် ဗြဟ္မာအဖြစ်ကို ဖြစ်စေတတ်သော သဒ္ဓါ, သီလ,သုတ,စာဂ, ပညာ,ဟိရီ, ဩတ္တပ္ပ-ဟူသော အဖိုးတန် သူတော်ကောင်းဥစ္စာ ရတနာတို့သည်လည်းကောင်း၊ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာသုဿစ္စ, ဝီရိယ, ပညာ-ဟူသော အဖိုးတန် သူတော်ကောင်း တရားတို့သည်လည်းကောင်း ရှိကြကုန်သည်တကား၊ ဩော်-ကောင်းလေစွ ကောင်းလေစွဟု အဖန်ဖန်ဆင...
22,350
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်အားရှိ၏ အလွန် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ကြည်လင်၏၊ ဥပစာရ စျာန်ကို ရ၏၊
22,351
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဒေဝတာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- သဒ္ဓါ စသော တရားတို့က အလွန်နက်နဲ သိမ်မွေ့သော တရားဖြစ်၍ နိမိတ်ရကောင်း သော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။
22,352
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းပြီး၏
22,353
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဆ) ဥပသမာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ
22,354
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥပသမာနုဿတိ ဟူသည်ကား- နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကိုခေါ်သည်။
22,355
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုဥပသမာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် နိဗ္ဗာန်၏ဂုဏ် ဓမ္မာရုံကို အာရုံပြု၍ လှည့်ကာ လှည့်ကာ ရှုအပ်ရာ၏၊
22,356
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
22,357
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မဒနိမ္မဒနော-မာန်မယစ်ရာ နိဗ္ဗာန်။
22,358
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ပိပါသဝိနယော-တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။
22,359
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အာလယသမုဂ္ဃါဋော-ကာမဂုဏ် အာလယကို အကြွင်းမဲ့ ခွါရာ နိဗ္ဗာန်။
22,360
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဝဋ္ဋုပစ္ဆေဒေါ-ဝဋ် ၃-ပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။
22,361
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ တဏှာက္ခယော-တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။
22,362
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဝိရာဂေါ-ရာဂ ကင်းလွတ်ရာ နိဗ္ဗာန်။
22,363
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ နိရောဓော-တဏှာ၏ချုပ်ရာ နိဗ္ဗာန်။
22,364
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ဓုဝံ-အမြဲခိုင်ခန့်သော နိဗ္ဗာန်။
22,365
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ အဇရံ-အိုခြင်းမရှိသော နိဗ္ဗာန်။
22,366
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ နိပ္ပပဉ္စံ- သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။
22,367
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၁။ သစ္စံ-မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။
22,368
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၂။ ပါရံ-သံသရာ၏ ဟိုဘက်ကမ်းမှာ ရှိသော နိဗ္ဗာန်။
22,369
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၃။ သုဒုဒ္ဒသံ-ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။
22,370
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၄။ သိဝံ-ကိလေသာ ကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။
22,371
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၅။ အမတံ-သေခြင်းကင်းရာ နိဗ္ဗာန်။
22,372
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၆။ ခေမံ-ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။
22,373
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၇။ အဗ္ဘုတံ-သင်္ခါရကင်းဖွယ် အံ့ဖွယ်သရဲ မဖြစ်ဘူးသော နိဗ္ဗာန်။
22,374
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၈။ အနိတီကံ-အကျိုးမဲ့ယူဘိ ဤတိ-ဘေးမရှိသော နိဗ္ဗာန်။
22,375
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၉။ တာဏံ-ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။
22,376
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၀။ လေဏံ-ဘေးရန်လွတ်ရှောင်း ပုန်အောင်းရာ နိဗ္ဗာန်။
22,377
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၁။ ဒီပံ-ဩဃမလွမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။
22,378
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၂။ ဝိသုဒ္ဓိ-ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။
22,379
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၃။ ဝရံ-သူတော်ကောင်းတို့ တောင်းတအပ်သော နိဗ္ဗာန်။
22,380
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၄။ နိပုဏံ-သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။
22,381
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၅။ အသင်္ခတံ-အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။
22,382
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၆။ မောက္ခော-ကိလေသာမှ လွတ်သော နိဗ္ဗာန်။
22,383
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၇။ သေဋ္ဌော-အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။
22,384
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၈။ အနုတ္တရော-အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။
22,385
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၉။ လောကဿန္တော-လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။
22,386
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်း ရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်စိတ်ကြည်လင်၏၊ ဉာဏ်ကြီး ထွား၏၊ စိတ်အေးချမ်း တည်ကြည်၏၊ ဥပစာရ စျာန်ကိုရ၏၊ ဤ ဥပသမာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း ဥပသမာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ အလွန်နက်န...
22,387
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥပသမာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊
22,388
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဇ) မရဏာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ
22,389
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မရဏာနုဿတိ ဟူသည်ကား-သေရခြင်းကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကိုခေါ်သည်။
22,390
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုမရဏာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ဆင်ခြင်အောက်မေ့ရာ၏၊
22,391
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါသည်သေရခြင်းသဘောရှိ၏၊ သေရခြင်းသဘောကို မလွန်နိုင် ချေ၊ ဧကန်မုချ ငါသေရလိမ့်မည်၊ လောက၌ သေစရာအကြောင်းတို့သည် များပြား၏၊
22,392
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆင်ဘေး, ကျားဘေး, ဝံဘေး, မြွေဘေး, ကင်းဘေး, ပင့်ကူဘေး, ငြောင့်ဘေး, သစ်ပင်ဘေး, ရေတွင်း ရေကန်ဘေး, မီးဘေး, ခိုးသူဘေး, မင်းဘေး, ဓားပြဘေး, ရန်သူဘေး, စုန်း-နတ်-တစ္ဆေ မြေဖုတ်ဘီလူးအစိမ်းသူရဲ-ပယောဂဘေး,ပိုးမျိုး ၈၀-ဘေး, အသပ္ပါယ-မသင့်သော အစာဘေး, အဆိပ်ဘေး, အနာရောဂါဘေး, ဓာတ်ကြီး ၄-ပါးဖောက် ပြန်သောဘေး, ဆနဝုတိ ၉၆-ပါး၊ အဋ္ဌနဝုတိ ၉၈-ပါး ...
22,393
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သတ္တဝါတို့၏ အသက်သည် ကံကြောင့်ဖြစ်၏၊ ဆိုခဲ့ပြီးသော ဘေးဥပဒ်တို့နှင့် အကယ်၍ မတွေ့မကြုံ၍ နေရငြားသော်လည်း ဤအသက်ကို ဖြစ်စေတတ်သော ကံကုန်လျှင်လည်း အသက်ကင်းပြတ် သေဆုံး၏၊ ကံအားကောင်းလျှင် အသက်ရှည်၏၊ ကံအားညံ့လျှင် အသက်တို၏၊ မည်သူ မည်ဝါ၏အသက်ကို ဖြစ်စေတတ် သောကံသည် မည်မျှအားကောင်း၏၊ အားညံ့၏-ဟူ၍လည်း မသိနိုင်ကြချေ၊ ငါ၏ ကံသည် ဘယ်လောက် ...
22,394
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁-ညဉ့်လွန်၍ အားလျှင် ငါ၏အသက် ၁-ပိုင်းကုန်၍ သွား လေပြီ။
22,395
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂-ညဉ့်လွန်၍သွားလျှင် ငါ၏အသက် ၂-ပိုင်း ကုန်၍သွားလေပြီ၊ ဤနေ့ ညဉ့်ကာလသည် ငါ၏အသက်ကို အပိုင်းပိုင်း ကုန်စေ၍ စား၍ စား၍ လိုက်ချေ၏၊
22,396
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါ၏အသက်သည် တို၍ တို၍ ကုန်ပါပြီတကား၊ ငါသည် ၁- နေ့ထက် ၁-နေ့ သေမင်းထံသို့ နီး၍ နီး၍ သွားပါပြီတကား၊ ဩော်.. ငါ၏အသက်ကိုဖြစ်စေတတ်သောကံသည် အကယ်၍ ညဉ့်အိပ်နေဆဲ အခါ၌ ကုန်ခဲ့ငြားအံ့၊ ထိုညဉ့်အိပ်နေဆဲအခါ၌ပင် အသက်လည်းကုန် ဆုံး၍ ငါသည်အိပ်ရာမှ ထနိုင်တော့မည်မဟုတ်။
22,397
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကယ်၍ ထိုင်နေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုထိုင်နေဆဲ ခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုင်ရာမှ ထနိုင်တော့မည်မဟုတ်၊ အကယ် ၍ ထနေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုထနေဆဲခဏ၌ပင် အသက် ကုန်ဆုံး၍ ထရာမှ သွားနိုင်တော့မည်မဟုတ်၊ အကယ်၍ ပထမခြေလှမ်း ဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုပထမခြေလှမ်း၌ပင်အသက် ကုန်ဆုံး၍ တစ်ဖန် ဒုတိယခြေလှမ်းကို လှမ်းနိုင်တော့မည်မ...
22,398
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကယ်၍ ထမင်းလုတ် ဆွမ်းလုတ် ဝါးနေဆဲ စားနေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုဝါးဆဲ စားဆဲခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုဝါးပြီး စားပြီးသော ထမင်းလုတ် ဆွမ်းလုတ်ကို မျိုနိုင်တော့မည်မဟုတ်၊ အကယ်၍ ထမင်းလုတ် ဆွမ်းလုတ် မျိုဆဲခဏ၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲခဏ၌ အသက်ကုန်၍ တစ်ဖန် အသစ် ထမင်းလုတ် ဆွမ်းလုတ်ကို ဝ...
22,399
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကယ်၍ ထွက်သက်ရှူခိုက်၌ပင် အသက်ကုန်ဆုံး၍ တစ်ဖန် ဝင်သက်ရှိူက်နိုင်တော့မည် မဟုတ်၊ အကယ်၍ ဝင်သက်ရှိူက်ခိုက်၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုဝင်သက်ရှိူက်ခိုက်၌ပင် အသက်ကုန်ဆုံး၍ ငါသည် တစ်ဖန် ထွက်သက် ရှူနိုင်တော့မည် မဟုတ်ပါပြီတကား-ဟု အဖန်ဖန် နှလုံးသွင်းရာ၏၊ အဖန်ဖန်ဆင်ခြင် အောက်မေ့ရာ၏၊ ဤကဲ့သို့ အဖန်ဖန်ဆင်ခြင်အောက်မေ့သော ယောဂီပုဂ္ဂိုလ်...
22,400
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နခေါ အဟဉ္စေဝေကော မရဏဓမ္မော မရဏံ အနတီတော၊ အထခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ၊ သဗ္ဗေသတ္တာ မရဏဓမ္မာ မရဏံ အနတီတော။