id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
22,501 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ ၆-ဝါရတို့ဖြင့် ရေတွက်ရာ၏၊ |
22,502 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ပထမဝါရ, ဒုတိယဝါရ, တတိယဝါရ, စတုတ္ထဝါရ, ပဉ္စမဝါရ, ဆဋ္ဌမဝါရ-ဟူ၍လည်း အစဉ်အတိုင်း ခေါ်ရ၏၊) |
22,503 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဆဋ္ဌမဝါရ ၆-ကြိမ်မြောကြ်ပီးလျှင် ပထမဝါရ အစ ရှေးဦး အကြိမ်သို့ပြန်လေ၊ ၎င်း ၆-ဝါလုံးကိုမှ တစ်ဝါရ-ဟူလည်း ခေါ်ကြ၏၊) |
22,504 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေးဦးစွာ စိတ်ကို နှာခေါင်းဝ၌ စိုက်ထား၍ ထွက်သက် ဝင်သက် ၂-ပါးတွင် ထင်ရှားရာတစ်ခုခုကို ၁-ဟု ရေတွက်ရာ၏၊ ၎င်းနောက် ထွက်သက် ဝင်သက် ၂-ပါးပင် ထင်ရှားသည်ချည်း ဖြစ်၍လာခဲ့လျှင် အစဉ်အတိုင်း ၂-၃-၄-၅-ဟု ရေတွက်ရာ၏၊ မထင်မရှား ပါရှိခဲ့လျှင် ထိုမထင်ရှားသောအချက်ကို မရေတွက်မူ၍ ထင်ရှားသည့်အချက် မတွေ့သေးသမျှ ကာလပတ်လုံး တန့်ရပ်၍ ၁-၁-စသည်ဖြင... |
22,505 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနည်းတူ ဒသက-ဝါရ ၁၀-ကြိမ်တိုင်အောင် ၆-ဝါရတို့၌ မထင်ရှားသော ထွက်သက် ဝင်သက် အချက်တို့ကို မရေတွက်မူ၍ ထင်ရှားသော ထွက်သက် ဝင်သက်တို့ကိုသာ ရွေးကောက်၍ ရေတွက် သောကြောင့် နှေးသောရေ တွက်နည်းဖြစ်လေသတည်း။ |
22,506 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရေတွက်ဖန်များလတ်သော် ထင်ရှားသောအချက်များ၍ လာလတ္တံ့၊ ၁-၂-စသော ဂဏန်းချက်လည်း စိပ်၍ စိပ်၍ လာလတ္တံ့၊ ထွက်သက်အချက် ဝင်သက်အချက် ထင်ရှားသည်ချည်းဖြစ်သောအခါ၌ ၁-၂-စသော ဂဏန်းချက်သည်လည်း မပြတ်မစဲ မြန်ရ၏၊ တစ်ခုကိုမျှ မလွတ်စေရ၊ ထွက်သက် ဝင်သက် အစဉ်နှင့် ဂဏန်းအစဉ်သည် အခုန် အကျော် အလစ်အလပ် မရှိ အစဉ်မှန်စေရမည်၊ ၁-၂-စသော ဂဏန်းချမှု ကိုလည... |
22,507 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်အခါ၌ အရေတွက်သော်လည်း ရေတွက်သည်နှင့် ထပ်တူ ထွက်သက်ဝင်သက်တို့၏ ထိုဌာန၌ ထိတိုင်းထိတိုင်း အသိမြဲစွဲ၏၊ အလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းနေသမျှကာလပတ်လုံး တစ်ခုသောထွက် သက်, တစ်ခုသောဝင်သက်မျှ အမှတ်မဲ့လွတ်၍ သွားသည်မရှိပြီ၊ ထို အခါမှစ၍ ရေတွက်မှုကို ရုပ်သိမ်း၍ အနုဗန္ဓနာ-နည်းဖြင့် ရှုရာ၏၊ အနှေးအမြန် အစဉ်မှန် ၂-တန် ရေတွက်နည်း ပြီး... |
22,508 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုဗန္ဓနာနည်း ဆိုသည်ကား- ရေတွက်ခန်းတွင် အစဉ် မှန်ခဲ့သည့်အတိုင်း ထိရာဌာန စိတ်ကိုစိုက်ထား၍ ထွက်မှု ဝင်မှု အကြိမ် စဉ်အတိုင်း တစ်ကြိမ်မျှ မလွတ်စေရဘဲ ထွက်မှု ဝင်မှုအစဉ်နှင့် နှလုံး သွင်းမှု အစဉ် ဖွဲ့တွယ် စွဲမြဲ၍ နေအောင် အားထုတ်မှုသည် အနုဗန္ဓနာမည်၏၊ ရေတွက်မှုမရှိဘဲလျှက် ရေတွက်နည်းမှာ သိမှုအစဉ် မှန်ခဲ့ သည့်အတိုင်း သိမှုအစဉ်မှ... |
22,509 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိဘာဂ နိမိတ်ဆိုသည်ကား-ပကတိသော ထွက်သက် ဝင်သက် လေအတိုင်းကိုလွန်၍ အဆင်း သဏ္ဌာန် အရောင်အလက်နှင့်တကွ လဲဝါဂွမ်း အစုကဲ့သို့, လေအယဉ်ကဲ့သို့, မိုးကြယ်ကဲ့သို့, ပတ္တမြားလုံးကဲ့သို့, ပုလဲလုံးကဲ့သို့, ပုလဲသွယ်ကဲ့သို့- အစရှိသည်ဖြင့် တစ်ခုခု ထင်ပေါ် ဖြစ်ထွန်း ၍လာသော ပညတ္တိ ဓမ္မအထူးကို “ပဋိဘာဂ နိမိတ်” ဆိုသည်။ |
22,510 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပဋိဘာဂ နိမိတ် ပညတ်အာရုံအထူး အထင်အရှား စိတ်အမြင်မှာ နှလုံးသွင်းအတိုင်း ဖြစ်ပေါ် ထင်မြင်လာသောအခါမှ အနုဗန္ဓနာနည်းကို ရုပ်သိမ်းရမည်၊ ဂဏနာ-နည်း, အနုဗန္ဓနာ-နည်း ၂-ပါးမှာ ထိရာဌာန မလွတ်ရသေး။ |
22,511 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အမြဲအမြန် အတွယ်သန် တစ်ဖန်ဖွဲ့ထားနည်းပြီး၏၊ |
22,512 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဌပနာနည်း ပဋိဘာဂနိမိတ် ထင်သည်မှစ၍ ဌပနာနည်းဖြင့် အားထုတ်ရာ၏၊ ဌပနာနည်းဆိုသည်ကား- ပဋိဘာဂ နိမိတ်မည်သည် ပညတ် အာရုံအထူးဖြစ်၍ အာရုံအသစ်ကဲ့သို့ ဖြစ်ပြန်၏၊ သဘာဝဓမ္မမျိုး မဟုတ် သောကြောင့် ကွယ်ပျောက်လည်း ကွယ်ပျောက်လွယ်၏၊ ကွယ်ပျောက် ပြန်လျှင် တစ်ဖန်ထင်မြင်ရန် အမှုလည်း ခဲခက်၏၊ ထိုကြောင့် ထင်မြင် လာသောပဋိဘာဂနိမိတ်ကို မကွယ် မပျောက်စေမ... |
22,513 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ဌပနာ-နည်းသို့ ရောက်သောအခါ၌မူကား အသပ္ပါယ ၇- ပါးကိုကြင်ရှောင်၍ သပ္ပါယ ၇-ပါးကို မှီဝဲရာ၏၊ အပ္ပနာကောသလ္လ ၁၀- ပါးကို ပြည့်စုံစေရာ၏ |
22,514 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသပ္ပါယ ၇-ပါး |
22,515 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘာဝနာမှု၏ ဆုတ်ယုတ်ကြောင်းဖြစ်သော နေရာဌာန, |
22,516 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဆွမ်းခံရွာ, |
22,517 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ စကားများမှု, |
22,518 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အပေါင်းအဖော်, |
22,519 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဘောဇဉ်, |
22,520 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဥတု, |
22,521 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဣရိယာပုထ်, |
22,522 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သပ္ပါယ ၇-ပါးဆိုသည်ကား ဘာဝနာမှု၏ တိုးပွားကြောင်းဖြစ်သော ထို ၇-ပါးပင်တည်း။ |
22,523 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အပ္ပနာကောသလ္လ ၁၀ ပါး |
22,524 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ကိုယ်အင်္ဂါနှင့်တကွ အသုံးအဆောင် ဝတ္ထုမျိုး သန့်ရှင်းမှု, |
22,525 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထွက်သက် ဝင်သက်ဟူသော အာရုံနိမိတ် လိမ္မာမှု, |
22,526 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ တက်ကြွလွန်းသော စိတ်ကို ဖိနှိပ်မှု, |
22,527 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဆုတ်နစ်လွန်းသောစိတ်ကို ချီးပင့်မှု, |
22,528 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ခြောက်သွေ့လွန်းသော စိတ်ကို ရွှင်စေမှု, |
22,529 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ညီညွတ်သောစိတ်ကို လျစ်လျူရှုမှု, |
22,530 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ သမာဓိမရှိသော ပုဂ္ဂိုလ်ကို ကြဉ်ရှောင်မှု, |
22,531 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲမှု, |
22,532 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ဣန္ဒြေ-၅-ပါးကို ညီညွတ်အောင်ပြုမှု, |
22,533 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ အပ္ပနာစျာန်ကို ရခြင်းငှာ အမြဲညွတ်သော စိတ်ရှိမှု, ပေါင်း ၁၀-ပါးတည်း။ |
22,534 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့သောအမှုတို့ကို ပြည့်စုံစွာပြု၍ ထိုပဋိဘာဂနိမိတ်၌ စိတ်ကို အစွဲကြီးစွဲ၍ အမြဲကြီးမြဲလေအောင် နေ့ရှည်လများ ရှုသောအားဖြင့် ပွားများစေရာ၏၊ |
22,535 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘယ်မျှလောက်ကြာမြင့်အောင် ဤဌပနာနည်းအားဖြင့် ပွားများအားထုတ်ရာသနည်း-ဟူမူကား ရူပါဝစရ စတုတ္ထစျာန်တိုင် အောင်သည် ဌပနာခေတ်ပေတည်း။ |
22,536 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငြိမ်ဝပ်ပျံ့ပျူး စိတ်စိုက်စူး အထူးစိတ်ထားနည်းပြီး၏၊ |
22,537 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိမိတ် ၃-ပါး၊ ဘာဝနာ ၃-ပါးခွဲနည်း |
22,538 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂဏနာနည်း၊ အနုဗန္ဓနာနည်း၊ ဌပနာနည်း-ဟူသော နည်းသုံးပါးတို့ဖြင့် အစဉ်အတိုင်း ပွားများဖြစ်ထွန်း၍ သွားရာ၌ နိမိတ် ၃-ပါး၊ ဘာဝနာ သမာဓိ ၃-ပါးခွဲနည်းကား၁။ |
22,539 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂဏနာ အခန်း၌ ထင်မြင်အပ်သော ထွက်သက်ဝင်သက် အာရုံသည် ပရိကမ္မနိမိတ် မည်၏၊၂။ |
22,540 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုဗန္ဓနာခန်း၌ ထင်မြင်အပ်သော ထိုအာရုံသည်ပင်လျှင် ဥဂ္ဂဟနိမိတ် မည်၏၊၃။ |
22,541 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဌပနာအခန်း၌ ထင်မြင်အပ်သော ပညတ်အာရုံသည် ပဋိဘာဂနိမိတ် မည်၏၊ဤကား နိမိတ် ၃-ပါးခြားနားပုံတည်း။ |
22,542 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်နှစ်ပါးခိုက်ရာ၌ ပွားများသော ဘာဝနာသမာဓိသည် ပရိကမ္မဘာဝနာ သမာဓိမည်၏၊၂။ |
22,543 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဌပနာခေတ်တွင် အပ္ပနာစျာန်သိုမရောက်မီ အကြား ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများသော သမာဓိသည် ဥပစာရဘာဝနာသမာဓိ မည်၏၊၃။ |
22,544 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စတုတ္ထနည်းအားဖြင့် ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်-ဟု ဆိုအပ်သော ရူပါဝစရစျာန် ၄-ပါးသည် အပ္ပနာဘာဝနာ သမာဓိ မည်၏၊ |
22,545 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာနာပါနအလုပ်ကို အားထုတ်ရာ၌ ဂဏနာ၊ အနုဗန္ဓနာတို့ အခန်းတွင် ထွက်သက်ဝင်သက်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံသည် အဆင့်ဆင့်သိမ်မွေ့၍ သွားသဖြင့် ပျောက်ကွယ်၍ သွားသကဲ့သို့ ဖြစ်တတ်၏၊ ထိုအခါ စိတ်ကို ထိရာဌာန၌သာ ထားမြဲထား၍ အလွန်သိမ်မွေ့လှစွာသော ထိုအာရုံကို ထိုနေရာမှာပင် ရအောင်ယူနိုင်၍ ထိုအာရုံ ထင်ရှားပေါ်ပြန်သည့်နောက် မကြာမီ ပဋိဘာဂနိမိတ် ပ... |
22,546 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကမ္မဋ္ဌာန်းအာရုံ၏ အဆင့်ဆင့် သိမ်မွေ့၍ ပျောက်ကွယ်မှုမှာ အဋ္ဌကထာနည်းလမ်း၌ သိမ်မွေ့၍သွားအောင် တမင်အားထုတ်မှုကို မဆို၊ သူ့အလိုအလျောက် အဆင့်ဆင့် သိမ်မွေ့၍သွားသည်ကို ဆို၏၊ လောက၌လည်း ဤကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြရာ အဆင့်ဆင့် သိမ်မွေ့၍သွားသဖြင့် ထွက်သက်ဝင်သက် ပျောက်ကွယ်၍ သွားသူများကို တွေ့မြင်ရဖူး၏၊ |
22,547 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေ့၌ ထုတ်ပြခဲ့ပြီးသော ပါဠိတော် နောက်ဆုံးဝါရ၌ကား ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သက္ခတိ၊ |
22,548 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သက္ခတိ။ |
22,549 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟုဟောတော်မူ၏၊ |
22,550 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပါဠိတော်မြတ်အလိုမူကား-အနုဗန္ဓနာအခန်းသို့ ရောက်သောအခါ၌ ထွက်သက်ဝင်သက်ကို အဆင့်ဆင့် သိမ်မွေ့၍သွားလေအောင် တမင်အားထုတ်ရမည်ပင်ဖြစ်၏၊ |
22,551 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤအာရုံ ပျောက်ကွယ်ခန်းမှာ ကမ္မဋ္ဌာန်းအစီအရင်၌ မလိမ္မာသော ယောဂီပုဂ္ဂိုလ်သည် ထွက်သက်ဝင်သက်ပျောက်ကွယ်၍ သွားခဲ့ပြီဟုထင်၏၊ ကမ္မဋ္ဌာန်းအလုပ်ကို လွှတ်၍ပစ်တတ်၏၊ သတိမူကြလေ။ |
22,552 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပါဠိတော်နှင့် အဋ္ဌကထာနှီးနှောပုံ |
22,553 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထုတ်ပြခဲ့ပြီးသော ပါဠိတော် ၄-ဝါရ၏ အရဖြစ်သော |
22,554 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်တို-သိ။ |
22,555 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ လုံးစုံလင်းရာ၊ တ၌သာ၊ စ-မှာ ငြိမ်းစေဘိ။ |
22,556 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူသော ၄-ချက်ကို ပြဆိုခဲ့ပြီးသော ဂဏနာ-အစရှိသော အဋ္ဌကထာနည်းလမ်းနှင့် နှီးနှောရာ၏၊ |
22,557 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှီးနှောပုံကား-ထိရာဌာန၌ စိတ်ကို စိုက်ထား၍ ဂဏနာနည်းအားဖြင့်အစဉ်မှန်စွာ ရေတွက်မှုသည် သတိမြဲရာ ပထမာဖြစ်၏၊ နာရီအပိုင်းအခြားနှင့်ကမ္မဋ္ဌာန်းအလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းရာ အပသို့ ခဏခဏ ထွက်ပြေးသော စိတ်ဝိတက်ကို ချိုးဖျက်ခြင်းငှာ ဂဏနာနည်းကို ပြုလုပ်ရသည်ဖြစ်၍ ဂဏနာခန်း၌ အရှည်အတို သိမှုကို တမင်အားထုတ်ဖွယ် မရှိသေး၊ “သတောဝအဿသတိ သတေ... |
22,558 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုကြောင့် အဋ္ဌကထာ၌ |
22,559 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗဟိ ဝိသဋဝိတက္ကဝိစ္ဆေဒံ ကတွာ အဿာသ ပဿာသာရမ္မဏေ သတိသဏ္ဌပနတ္ထံယေဝ ဟိ ဂဏနာ။ |
22,560 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ မိန့်ပြီ။ |
22,561 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂဏနာ၊ ရေတွက်ခန်းမည်သည်။ |
22,562 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗဟိ၊ မိမိကိုယ်အင်္ဂါမှ အပ၊ အလွတ်၌။ |
22,563 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိသဋဝိတက္ကဝိစ္ဆေဒံ၊ ဘဝအဆက်ဆက် ပျံ့နှံ့ပြေးသွား၍ နေသောစိတ်ဝိတက်အလျဉ်၏ ပြတ်ခြင်းကို။ |
22,564 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဿာသ ပဿာသာရမ္မဏေ၊ မိမိကိုယ်အင်္ဂါဖြစ်သော ထွက်သက်ဝင်သက်ဖြစ်သော အာရုံ၌။ |
22,565 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတိသဏ္ဌပနတ္ထံယေဝ၊ သတိကို ခိုင်မြဲစွာ ထားခြင်းငှာသာလျှင်။ |
22,566 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟောတိ၊ ဖြစ်၏၊ |
22,567 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂဏနာခန်းပြီးစီး၍ အနုဗန္ဓနာခန်းသို့ ရောက်သောအခါ “ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ” အစရှိသော ဒုတိယဝါရပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကို ခိုင်မြဲစွာထားမှုနှင့်တကွ အရှည်အတို သိမှုကိုလည်း အစဉ်မှန်စွာသိအောင် သတိပြုရာ၏၊ အရှည်အတိုသိမှုကိုသတိပြုရာ၌ ထွက်သက်ဝင်သက်တို့ကို အစ၊ အလယ်၊ အဆုံး-အစဉ်လိုက်၍ တမင်အာရုံပြုရသည်မဟုတ်၊ ... |
22,568 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်၏ ဗျာပါရမည်သည် အလွန်ပျံ့နှံ့နိုင်သော သဘောသတ္တိရှိသောကြောင့် ထိရာဌာန၌ပင် စိုက်၍ ထားငြားသော်လည်း ထိရာဌာနမှ အတွင်း၌ထွက်၍လာသောအလား၊ ဝင်၍သွားသော အလားများသည်လည်း အလိုလို ထင်မြင်လာလတ္တံ့။ |
22,569 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရှည်အတိုသိမှု စွဲမြဲသောအခါ၌ |
22,570 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ |
22,571 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူသော တတိယဝါရ ပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာစိုက်ထား၍ အရှည်အတို သိမှုနှင့်တကွ ထွက်သက်ကို အစ၊ အလယ်၊ အဆုံး အကုန်လုံး ထင်လင်းစေမှု၊ ဝင်သက်ကို အစ၊ အလယ်၊ အဆုံး အကုန်လုံးထင်လင်းစေမှုကို အထူးအားထုတ်ရာ၏၊ ထွက်သက် လွှတ်မည်ရှိခဲ့လျှင် အမှတ်တမဲ့ မလွတ်မူ၍ ဝမ်းတွင်း၌ ဖြစ်ပေါ်သော အစမှစ၍ ထိရာဌာနတိုင်အောင် ထွက်သက်သဏ္ဌ... |
22,572 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ပြုရာ၌လည်း နှာသီးဖျားဟု ဆိုအပ်သော ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာ ထားမြဲထား၍သာ ဥဿာဟပြုရမည်၊ ထိရာဌာန၌ စိတ်ထားမှုကိုလွှတ်၍ မလိုက်ရ၊ ထိရာဌာနကို လွှတ်၍ မလိုက်သော်လည်း အစ၊ အလယ်၊ အဆုံး-အကုန်လုံးထင်ရှားစေမည်-ဟူသော ဥဿာဟနှင့်တကွ ထိရာဌာန၌စိတ်ကိုစိုက်၍ထားလျှင်ပင် တစတစ အားဖြင့် ထွက်သက်ဝင်သက်တို့သည် အစ၊ အလယ်၊ အဆုံး-အကုန်လုံး အလိ... |
22,573 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အစ၊ အလယ်၊ အဆုံး-အကုန်လုံး ထင်လင်းစွာ ထင်မြင်သောအခါ၌ |
22,574 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ |
22,575 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူသော စတုတ္ထပါဠိတော်နှင့်အညီ အဆင့်ဆင့် ရုန့်ရင်းမှု၏ ချုပ်ငြိမ်းခြင်း၊ အဆင့်ဆင့်သိမ်မွေ့ခြင်း ကွယ်ပျောက်၍ သွားပြီး ထင်ရအောင်သိမ်မွေ့ခြင်းသို့ အလိုအလျောက် မရောက်ခဲ့သည်ရှိသော် ထိုသို့ သိမ်မွေ့ခြင်းသို့ ရောက်အောင်အားထုတ်မည်-ဟူသော ဥဿာဟကိုပြု၍ ထွက်သက်ဝင်သက်ကို ဖြစ်စေရမည်၊ အမှတ်တမဲ့မဖြစ်စေရာ။ |
22,576 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဋ္ဌကထာနည်း၌ကား-ဂဏနာနည်းမှစ၍ပင် အလိုအလျောက် အဆင့်ဆင့် သိမ်မွေ့၍သွားမှု၊ ကွယ်ပျောက်သော အခြင်းအရာသို့ ရောက်မှုကို ပြပေ၏၊ အလိုအလျောက် ကွယ်ပျောက်သူများကိုလည်း ငါတို့တွေ့မြင်ရဖူး၏၊ |
22,577 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂဏနာ ဝသေနေဝပန မနသိကာရကာလတော ပဘုတိ အနုက္ကမတော ဩဠာရိက အဿာသ ပဿာသ နိရောဓဝသေန ကာယဒရထေ ဝူပသန္တေ ကာယောပိ စိတ္တံ လဟုကံ ဟောတိ၊ သရီရံ အာကာသေ လင်္ဃနာ ကာရပ္ပတ္တံဝိယ ဟောတိ။ |
22,578 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အထူးဖြစ်တတ်ပုံကို ပြဆိုပေအံ့။ |
22,579 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂဏနာ ဝသေနေဝ၊ ဂဏနာနည်း၏ အစွမ်းဖြင့်သာလျှင်။ |
22,580 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မနသိကာရ ကာလတော၊ နှလုံးသွင်းသောကာလမှ။ |
22,581 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဘုတိ၊ အစပြု၍။ |
22,582 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုက္ကမတော၊ အစဉ်အားဖြင့်။ |
22,583 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩဠာရိက အဿာသပဿာသနိရောဓဝသေန၊ ရုန့်ရင်းသော ထွက်သက်ဝင်သက်တို့၏ အဆင့်အဆင့် ချုပ်ငြိမ်းသည်၏ အစွမ်းဖြင့်။ |
22,584 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာယဒရထေ၊ ကိုယ်တွင်း သဏ္ဍာန် ပူပန်ချောက်ချားမှုသည်။ |
22,585 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝူပသန္တေ၊ ငြိမ်းလတ်သော်။ |
22,586 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာယောပိ၊ ရူပကာယ တစ်ခုလုံးသည်လည်းကောင်း။ |
22,587 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ္တံပိ၊ စိတ်သည်လည်းကောင်း။ |
22,588 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လဟူကံ၊ ပေါ့ပါးသည်။ |
22,589 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟောတိ၊ ဖြစ်၏၊ သရီရံ၊ ကိုယ်ကောင်သည်။ |
22,590 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လင်္ဃနာကာရပ္ပတ္တံ ဝိယ၊ ပျံတက်လွင့်ပါးတော့မည့်အခြင်းအရာသို့ ရောက်သကဲ့သို့။ |
22,591 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာမှ မြေနှင့် လက်လေးသစ်ခန့် ကွာအောင် ကောင်းကင်သို့ တက်ကြွ၍ နေသူများကို ကြားရဖူး၏၊) |
22,592 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ ကွယ်ပျောက်သော အခြင်းအရာသို့ ရောက်သောအခါ ထိရာဋ္ဌာန၌ စိတ်ကိုခိုင်မြဲစွာ စိုက်ထား၍ ထိုအာရုံကို အရယူသဖြင့် တစ်ဖန်ပေါ်လွင် ထင်ရှား၍ လာသည်ရှိသော် ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာ၏၊ ထိုအခါ ကြောက်ခြင်း၊ လန့်ခြင်း၊ အိပ်ခြင်း၊ ပျင်းရိခြင်းစသော နီဝရဏတရားတို့ ကျွတ်ကွာသဖြင့် ဥပစာရစျာန်ကို ရ၏၊ |
22,593 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ပထမစတုက္က ပါဠိတော်နည်းနှင့် အဋ္ဌကထာနည်းကို နှီးနှောပြပုံတည်း) |
22,594 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဋ္ဌကထာ၌ ဂဏနာ၊ အနုဗန္ဓနာ၊ ဖုသနာ၊ ဌပနာ၊ သလ္လက္ခဏာ၊ ဝိဝဋ္ဋနာ၊ ပါရိသုဒ္ဓိ ဟူ၍လာသော အာနာပါန ကမ္မဋ္ဌာန်း ၇-ခန်းတို့တွင် ဖုသနာ-ဟူသော ထိရာဌာနနှင့်တကွ ဂဏနာအခန်း၊ အနုဗန္ဓနာအခန်း၊ ဥပစာရစျာန် ဟုဆိုအပ်သော ဌပနာအခန်းများကို ပြဆိုမှုပြီး၏၊ ဤ ပထမ စတုက္ကသည် လိုရင်းပဓာနတည်း၊ ယခုအခါ၌ ဤပထမစတုက္က အလုပ်ပြီးစီးလျှင်ပင် သမထဝိပဿနာ လိုရာအလုပ်ကိ... |
22,595 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အာနာပါနဿတိကမ္မဋ္ဌာန်းပွားများ အားထုတ်ပုံတည်း) |
22,596 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုဿတိကမ္မဋ္ဌာန်း ပြီး၏၊ |
22,597 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ၇-ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်းကို ပြဆိုခန်း |
22,598 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) မေတ္တာဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ |
22,599 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗြဟ္မဝိဟာရ ၄-ပါးတို့တွင် မေတ္တာဗြဟ္မဝိဟာရကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ပွားများရာ၏၊ |
22,600 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကုသိုလ်ရရုံ ပွားများနည်း |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.