id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
22,701
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အစာသစ်အိမ်သို့ ရောက်ပြီးသောအခါလည်း ဒွန်းစဏ္ဍားရွာနား တန်စီးတွင်းကဲ့သို့ ၃၂-ပါးသော ပိုးမျိုးသံကောင်တို့ဖြင့် ကျိကျိတက်ပြွမ်း လျက် ဓာတ်မီးချက်အပ်သဖြင့် အမြုပ်အပွက်ထလျက် အလွန်စက် ဆုပ်ဖွယ်ကောင်းသော အဆင်းအနံ့ရှိလျက် ဖောက်ပြန်ကြေကျက်၍ နေ၏၊ ဤကဲ့သို့ အစာသစ်အိမ်တွင်း၌ ဖောက်ပြန်ကြေကျက်လျက် တည်နေပုံ အခြင်းအရာအားဖြင့်လည်း ထိုအစာအာ...
22,702
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကယ်၍ မကြေကျက်ပြန်လျှင်လည်း ဝမ်းရောင်ခြင်း, ရင် ပြည့်ခြင်း စသည်ကို ဖြစ်စေ၏၊ ဤသို့ ဝမ်းရောင်ခြင်း, ရင်ပြည့်ခြင်း စသည်ကို ဖြစ်စေတတ်သည့်အတွက်ကြောင့်လည်း ထိုအစာအာဟာရ သည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊
22,703
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကောင်းစွာ ကြေကျက်ပြီးလျှင်လည်း ရွှေ, ငွေ- စသော အဖိုးတန် နှစ်သက်ဖွယ်မဖြစ်၊ စင်စစ် အလွန်စက်ဆုပ်ဖွယ်သော ကျင်ငယ်, ကျင်ကြီး သာ ဖြစ်လေ၏၊ ဤသို့ကျင်ငယ်, ကျင်ကြီးဖြစ်၍ သွားခြင်းကြောင့်လည်း ထိုအစာအဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊
22,704
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို အာဟာရ-ထဲမှ ထွက်သော အဆီတို့သည်လည်း အဖိုးတန် နှစ်သက်ဖွယ်ဝတ္ထုကို မဖြစ်စေ၊ စင်စစ် စက်ဆုပ်ဖွယ်သော ဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရိုး, ခြင်ဆီစသော ၃၂-ပါးသော အပုပ်မျိုး တို့ကိုသာ ဖြစ်စေ၏၊ ယားနာ, ပွေးနာ, နှင်းခူနာ-စသော အမျိုးမျိုးသော အနာရောဂါတို့ကိုလည်း ဖြစ်စေ၏၊ ဤသို့မကောင်း စက်ဆုပ်ဖွယ်သော အကျိုးကိုဖြစ်စေသည့် အတွက်...
22,705
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို အစာအာဟာရကို ဝမ်းတွင်းသို့ မျိုသွင်းပြီးပြန်လျှင်လည်း တစ်ဖန်ပြင်ဖက်သို့ မထုတ်ရ မနနိုင် ထုတ်ပြစ်ရပြန်၏၊ မိုးစွတ်မရှောင်, နေပူမရှောင်, ဘေးမရှောင်, ရန်မရှောင်, ရှက်ရှက်ကြောက်ကြောက် ပုန်းကွယ်လျက် စက်ဆုပ်ပင်ပန်းစွာ ထုတ်ရပြန်၏၊ ဤသို့ မနေသာပဲ တစ်ဖန် စွန့်ထုတ်ရမှုအတွက်ကြောင့်လည်း ထိုအစာအာဟာရ၏ အကျိုးဆက်သည် ၉-ပေါက်သော ဒွါရတို...
22,706
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအစာအာဟာရသည် ခံတွင်းသို့ ရောက်ကာမျှဖြင့်ပင်လျှင်
22,707
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ စိတ်ကို ညစ်နွမ်းစေ၏၊
22,708
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ တုန်လှုပ်ပျံ့လွင့်စေ၏၊
22,709
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဝမ်းတွင်းသို့ ရောက်လျှင်ကား ကိုယ်, စိတ်ကိုပင် ထိုင်းမှိုင်း လေးလံခြင်း, နုံ့ခြင်းကို ဖြစ်စေတတ်၏၊
22,710
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ စိုးရိမ်ကြောင့်ကြခြင်းကိုလည်း ဖြစ်စေတတ်၏၊
22,711
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ အနာရောဂါ အမျိုးမျိုးတို့ကိုဖြစ်စေ၍ ပုဂ္ဂိုလ်ကို ဆင်းရဲ ပင်ပန်းစေ၏၊
22,712
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ အသက်ကိုသော်လည်း သေအောင်သတ်၏၊
22,713
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ ဗြဟ္မစရိယ သီလကိုသော်လည်း ညှိုးနွမ်းအောင်, ပျက်စီး အောင် ပြုတတ်၏၊
22,714
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ မိစ္ဆာစာရ ဒုစရိုက်မှုကိုလည်း ဖြစ်စေတတ်၏၊
22,715
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့သော အကြောင်းတို့ကြောင့်လည်း ထိုအစာအာဟာရ သည် အလွန်စက်ဆုပ်ရွံမုန်းဖွယ် ကောင်း၏၊
22,716
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအစာအာဟာရကို အကြောင်းပြု၍ အမျိုးမျိုးသော အနာ ရောဂါ ဆင်းရဲဝေဒနာတွေဖြစ်ရ၏၊ အမျိုးမျိုးသော အငြင်းအခုံ ခိုက်ရန်ဒေါသတွေ,အကုသိုလ် ဒုစရိုက်တွေ,ဘေးတွေ, ရန်တွေ, ဒုက္ခတွေ ဖြစ်ရ၏၊ ဤသို့ ဖြစ်သမျှတို့သည် အာဟာရကြောင့် ဖြစ်သည် ချည်းပင် တည်း၊ ဆင်းရဲဒုက္ခ ဟူသမျှသည် ကြွင်း နာမ်အာဟာရ-တို့နှင့်တကွ ဤကဗဠီပာရအာဟာရကြောင့်ဖြစ်သည်ချည်းပင်တည်း...
22,717
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ကြောင့် ထိုကဗဠီကာရ အာဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊
22,718
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုစက်ဆုပ်ရွံရှာဖွယ် ကောင်းငြားသော်လည်း အနာပျောက်ခြင်း ငှါ အလွန်ခါးသောဆေးခါးကြီးကို စားသောက် သုံးဆောင်ရဘိသကဲ့သို့ ကန္တာရခရီးခဲကို လွန်မြောက်ခြင်းငှါ သား၏ အသားကိုစားရဘိသကဲ့သို့ အသက်ရှည်၍ ဣရိယာပုထ် ၄-ပါးမျှတ ကျန်းမာ၍ ကိလေသာ အနာ ကင်းပျောက်ကြောင်း ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်နိုင်ခြင်းငှါ, သံသာရာကန္တာရခရီးခဲကို လွန်မြော...
22,719
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအာဟာရ ပဋိကူဠသညာကို ပွားများလိုသော ယောဂီ ပုဂ္ဂိုလ်သည် ဤယခုရေးသားခဲ့ပြီးသောအတိုင်း ထိုကဗဠီကာရ အာဟာရ-၌ စက်ဆုပ်ရွံမုန်းဖွယ် အခြင်းအရာ,စက်ဆုပ်ရွံမုန်းသော အကြောင်းတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ဆင်ခြင် အောက်မေ့ဖန် များသောအခါ စားပြီး စားဆဲ စားလတ္တံ့သော အတတ်, အနာဂတ်, ပစ္စုပ္ပန်ကာလ ၃-ပါး၌ တည်သော ထိုကဗဠီကာရအာဟာရ သည် ထ...
22,720
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုယောဂီပုဂ္ဂိုလ်အား -
22,721
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ရသတဏှာ လွန်စွာပါး၏၊
22,722
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကာမဂုဏ် ၅-ပါးလုံး၌ တပ်နှစ်သက်သော တဏှာရာဂ လည်းလွန်စွာပါးတော့၏၊
22,723
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အာဟာရကို စားသောက်မှီသောအခါလည်း ကန္တာရခရီး၌ သား၏အသားကို စားကြသော သူတို့ကဲ့သို့ နှစ်သက် သာယာခြင်း ကင်းလျက်သံသရာမှ လွန်မြောက်ခြင်းငှာသာ လျှင် စားသောက် မှီဝဲလေတော့၏၊
22,724
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ- ဆိုသော အတိုင်းပင်တည်း။
22,725
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်း ပြီး၏၊
22,726
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (၁၀)စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ပြဆိုခန်း
22,727
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းစီးဖြန်းပွါးများလိုသော ယောဂီ ပုဂ္ဂိုလ်သည် ကာယဝိဝေက အလို့ငှါ ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်သဖြင့် လည်းကောင်း, စိတ္တဝိဝေကလို့ငှါအထူးထူးသောအာရုံမှ ဖဲ့စေလျက် ကမ္မဋ္ဌာန်းသို့ စိတ်ကို သွင်းလျက်လည်းကောင်း ဆံဖျားမှ ခြေဖဝါးတိုင် အောင်, ခြေဖဝါးမှ ဆံဖျားတိုင်အောင် မဟာဘုတ်ဖြင့်ပြီးသော မိမိ ရူပကာယကိုဓာတ်အာ...
22,728
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆင်ခြင်ပွါးများပုံ
22,729
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ငါ၏ တစ်လံမျှလောက်သော ဤခန္ဓကိုယ်၌
22,730
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မြေဓာတ်လွန်သော ကိုယ်အစု,
22,731
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ရေဓာတ်လွန်သော ကိုယ်အစု,
22,732
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ မီးဓာတ်လွန်သော ကိုယ်အစု,
22,733
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ လေဓာတ်လွန်သော ကိုယ်အစု,
22,734
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄-ပုံ ၄-စု ဓာတ်ကွဲအောင် ရှုရမည်။
22,735
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို ၄-ပါးသော ကိုယ်အစုတို့တွင် မြေဓာတ်လွန်သော ကိုယ် အစုဟူသည်ကား
22,736
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြေဓာတ်လွန်သော ကိုယ်အစု
22,737
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ကေသာ-၂-ကုဋေ ၄-သန်းမျှသော ဆံပင် ဟူသော မြေအစု။
22,738
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ လောမာ-၉-သောင်း ၉-ထောင် မျှသော မွေးညင်း ဟူသော မြေအစု။
22,739
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ နခါ- ၂၀-အရေအတွက်ရှိသော ခြေသည်း လက်သည်း ဟူသောမြေအစု။
22,740
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဒန္တာ-၃၂-အရေအတွက်ရှိသော သွားဟူသော မြေအစု။
22,741
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ တစော-အရေထူ အရေပါး ၂-မျိုး ပြားသော အရေ ဟူသော မြေအစု။
22,742
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ မံသံ- ၉-ရာမျှ အရေအတွက်ရှိသော အသားစိုင်ဟူသော မြေအစု။
22,743
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ နှာရု-၉-ရာမျှ အရေအတွက်ရှိသော အကြော ဟူသော မြေအစု။
22,744
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ အဋ္ဌိ-၂-ရာမျှအရေအတွက်ရှိသော အရိုး ဟူသောမြေအစု။
22,745
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ အဋ္ဌိမိဉ္ဇံ- ရိုးတွင်းခြင်ဆီ ဟူသောမြေအစု။
22,746
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ ဝက္ကံ-ကျောက်ကပ်ခေါ်သောအညှို့ဟူသောမြေအစု။
22,747
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၁။ ဟဒယံ-နှလုံးသား ဟူသော မြေအစု။
22,748
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၂။ ယကနံ-အသည်း ဟူသော မြေအစု။
22,749
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၃။ ကိလောမကံ- အမြှေးလွှာ ဟူသော မြေအစု။
22,750
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၄။ ပိဟကံ- သရက်ရွက်ခေါ်သော အဖျဉ်းဟူသောမြေအစု။
22,751
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၅။ ပပ္ဖါသံ- အဆုတ် ဟူသောမြေအစု။
22,752
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၆။ အန္တံ-အူမ ဟူသော မြေအစု။
22,753
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၇။ အန္တံဂုဏံ-အူသိမ် ဟူသောမြေအစု။
22,754
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၈။ ဥဒရိယံ-အစာသစ် ဟူသော မြေအစု။
22,755
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၉။ ကရီသံ- အစာဟောင်း ဟူသောမြေအစု။
22,756
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂၀။ မတ္ထလုင်္ဂံ- ဦးနှောက် ဟူသော မြေအစု။
22,757
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြေဓာတ်လွန်သော ကိုယ်အစု ပြီး၏၊
22,758
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေဓာတ်လွန်သော ကိုယ်အစု
22,759
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပိတ္တံ- သည်းခြေ ဟူသော ရေအစု။
22,760
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ သေမှံ- သလိပ် ဟူသော ရေအစု။
22,761
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပုဗ္ဗော- ပြည် ဟူသော ရေအစု။
22,762
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ လောဟိတံ- သွေး ဟူသော ရေအစု။
22,763
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ သေဒေါ- ချွေး ဟူသော ရေအစု။
22,764
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ မေဒေါ- အဆီပျဉ် အဆီခဲ ဟူသော ရေအစု။
22,765
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ အဿု- မျက်ရည် ဟူသော ရေအစု။
22,766
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ဝသာ- ဆီကြည် ဟူသောရေအစု။
22,767
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ ခေဠော-လျှာရည် တံတွေး ဟူသော ရေအစု။
22,768
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ သိင်္ဃာဏိကာ- နှာရည်နှပ်စေး ဟူသော ရေအစု။
22,769
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၁။ လသိကာ-အစေးပုပ် ဟူသော ရေအစု။
22,770
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၂။ မုတ္တံ- ကျင်ငယ် ဟူသော ရေအစု။
22,771
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေဓာတ်လွန်သော ကိုယ်အစုပြီး၏၊
22,772
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးဓာတ်လွန်သောကိုယ် အစု
22,773
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ သန္တာပေါ-ရက်, ရက်ချန်-ဖျားခြင်းစသော အပူလွန်သော မီးအစု။
22,774
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဒါဟော-ပေါက်နာ,ကျောက်နာ-စသောအသွေးအသားကို အကျက်လောင်သော မီးအစု။
22,775
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပါစကော-အစာကိုကြေကျက်စေတတ်သော မီးအစု။
22,776
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ဇီရဏာ-ရင့်ရော် မှည့်ရွမ်း ဟောင်းနွမ်းဆွေးမြေ့စေတတ် သော မီးအစု။
22,777
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးဓာတ်လွန်သော ကိုယ်အစု ပြီး၏၊
22,778
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လေဓာတ်လွန်သော ကိုယ်အစု
22,779
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဥဒ္ဓင်္ဂမာဝါတာ-အထက်သို့ ဆန်တက်သော လေအစု။
22,780
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အဓောဂမဝါနာ-အောက်သို့ စုံဆင်းသော လေအစု။
22,781
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ကုစ္ဆိသဝါတာ-ဝမ်းခေါင်းထဲ၌ ကိန်းသောလေအစု။
22,782
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ကောဋ္ဌာသယာဝါတာ- အူမ အူသိမ်အတွင်း၌ ကိန်းသော လေ အစု။
22,783
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ အင်္ဂမဂါနုသာရိနောဝါတာ- ကိုယ်အင်္ဂါ လှုပ်ရှားမှုတို့၌ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော လေအစု။
22,784
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ အဿာသ ပဿာသာဝါတာ-ထွက်သက်ဝင်သက်ဟူသော လေအစု။
22,785
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လေဓာတ်လွန်သော ကိုယ်အစုပြီး၏၊
22,786
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ၂-ကုဋေ ၄-သန်းမျှသော ဆံပင်ဟူသော မြေအစု၌ ဓာတ် ၈-ပါး ခွဲစိတ်ကြည့်ရူ့ခန်း
22,787
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆံပင်တစ်ခု၌ ပထဝီကာယ, အာပေါကာယ, တေဇောကာယ, ဝါယောကာယ-ဟူ၍ ကာယကြီး ၄-ပါးရှိ၏၊
22,788
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဆံပင်တစ်ခုလုံး၌ အမာခံဖြစ်သော ခက်မာမှု ကိရိယာ အပေါင်းသည် ပထဝီကာယ မည်၏၊
22,789
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဖွဲ့စေးမှု ကိရိယာအပေါင်းသည် အာပေါကာယ မည်၏၊
22,790
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပူသောအခါ၌ ပူမှုအပေါင်း, အေးသောအခါ၌ အေးမှု အပေါင်း တေဇောကာယ မည်၏၊
22,791
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု အပေါင်း သည် ဝါယောကာယ မည်၏၊
22,792
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤဆံပင်၌ ဝဏ္ဏ-အဆင်း, ဂန္ဓ-အနံ့, ရသ-အရသာ, ဩဇာအဆီအဝေးဟူသော ဥပါဒ်ရုပ် ၄-ပါးကျန်ရှိသေး၏၊)
22,793
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အချုပ်အားဖြင့် ရေတွက်လျှင်
22,794
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆံပင်တစ်ခု၌ - ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။
22,795
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မွေးညင်း၌- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။
22,796
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခြေသည်းလက်သည်း၌- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။
22,797
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ကြွင်းသော ကောဋ္ဌာသတို့၌လည်း ဤနည်းအတိုင်း ဓာတ် ၈- ပါးခွဲလေ။
22,798
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ဆံပင်၌ ဓာတ် ၈-ပါး မြန်မာလိုခွဲနည်း
22,799
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆံပင်၌ ဓာတ် ၈-ပါး ခွဲနည်းကား
22,800
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဆံပင်ကို စမ်းသပ်လျှင် မာသည်ဟု တွေ့ရှိ၏၊ ထိုမာမှုသည် ပထဝီ ဓာတ်တည်း။