id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
22,601 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေတ္တာပွားများနည်းသည် ကုသိုလ်ရရုံ ပွားများနည်း၊ စျာန်အပ္ပနာရအောင် ပွားများနည်းဟု ၂-မျိုးရှိသည်၊ ထို ၂-မျိုးတို့တွင် ကုသိုလ်ရရုံ ပွားများနည်းမှာ တစ်ကျောင်းလုံး၊ တစ်တိုက်လုံး၊ တစ်အိမ်လုံး၊ တစ်ရွာလုံး၊ တစ်မြို့လုံး-စသည်ဖြင့် သတ္တဝါအများကို တစ်လုံးတည်း အာရုံပြု၍ ဤသတ္တဝါတို့သည် ချမ်းသာပါစေ၊ သတ္တဝါခပ်သိမ်း အကုန်လုံး ချမ်းသာပ... |
22,602 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ဖြစ်ရာ ပွားများရာမှာလည်း သားငယ်အား အလွန်ချစ်ခင်သောမိခင်သည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်းသော သားငယ်ကို အလွန်သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ တကယ်အမှန် ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ မေတ္တာတည်း၊ စိတ်ကမပါဘဲနှင့် နှုတ်ကချမ်းသာပါစေ ဟုဆိုရုံနှင့် မေတ္တာမဟုတ်၊ စိတ်ကချမ်းသာစေလိုသော ဆန္ဒမရှိပါဘဲနှင့် “အဝေရာ ... |
22,603 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကုသိုလ်ရရုံ မေတ္တာပွားများနည်း ပြီး၏၊ |
22,604 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စျာန်ရအောင် မေတ္တာပွားများနည်း |
22,605 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စျာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် “ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်းသာသုခကို အလိုရှိ၏၊ နှစ်သက်၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါကဲ့သို့ ဆင်းရဲဒုက္ခကို မုန်းကြ၏၊ ချမ်းသာသုခကို အလိုရှိကြ၏ နှစ်သက်ကြ၏၊ ငါသည်လည်း ချမ်းသာသုခကို အလိုရှိ၏၊ သတ္တဝါခပ်သိမ်းလည်း ချမ်းသာသုခ ရကြပါစေ” ဟုခပ်သိမ်းသော သတ္တဝါတို့၌ ခ... |
22,606 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော ချမ်းသာပါစေ-ဟု မိမိတွေ့ဖူးသမျှ ကြုံဖူးသမျှ၊ ပုဂ္ဂိုလ်ကြီးငယ် သတ္တဝါတို့ကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်း နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့၍ သွားရာ၏၊ မိမိနှင့် မတွေ့မမြင်ဖူးငြားသော်လည်း အဝေးက လှမ်း၍ မိမိကို ကျေးဇူးပြုဖူးတဲ့သူ-ဆိုလျှင် တိရစ္ဆာန်ကလေးတောင် မကျန်စေနှင့်၊ အကုန်ပါအောင်ပို့။ |
22,607 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့သွား၍ ၁၀-နှစ်လောက်က တွေ့ကြုံဖူးတဲ့ အဆုံးစွန် ပုဂ္ဂိုလ်သို့ကျလျှင် ထိုသူမှ တစ်ဖန် လှည့်ပြန်၍ ယခုတွေ့ဖူးတဲ့သူကျအောင် အနုလုံ အစဉ်အတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်း ပို့၍လာရာ၏၊ ကာယဂတာသတိ ပွားများရာ၌ ကောဋ္ဌာသတို့ကို အနုလုံ၊ ပဋိလုံ-အခေါက်ခေါက် အပြန်ပြန် ကြည့်ရှုဘိသကဲ့သို့ မိမိတွေ့ကြုံဖူ... |
22,608 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဉာဏ်နှင့်ကြည့်၍ ဤသူသည် ငါ့အား သနားချစ်ခင်ရှာတယ်၊ ဤမည်သော၊ ဤမည်သော ကျေးဇူးဥပကာရ ပြုရှာဖူးတယ်၊ စောင်မရှာတယ်၊ ဤသူသည် ငါကဲ့သို့ အသက်နှင့်သတ္တဝါ ဖြစ်တယ်၊ ဆင်းရဲကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုချင်ရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ခု ရောဂါဝေဒနာ ဘေးရန်အန္တရာယ်မတွယ်မငြိပါစေနှ... |
22,609 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ အဖန်ဖန် မေတ္တာစိတ် ဖြန့်နှံ့၍ပို့သနေလျှင် ကြာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိနှင့် မြင်ရဘိသကဲ့သို့ ထင်မြင်၍၊ အနီး၌ချဉ်းကပ်၍ နေဘိသကဲ့သို့ထင်မြင်၍လာ၏၊ ချစ်ခင်ခြင်းမေတ္တာစိတ်လည်း အလွန်အားကြီး၍လာ၏၊ မေတ္တာစိတ်တွေ တဖွားဖွားဖြစ်၍ ထိုပုဂ္ဂိုလ်၌သာ တွယ်၍နေတော့၏၊ များစွာ မပြေးလွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟနိမိတ်ရပြီ-ဟူ၍မှတ်၊ ဥဂ... |
22,610 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ ပထမစျာန်ကိုရပြီးသောရောဂီသည် ပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍ မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍ ကသိုဏ်း၌ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်-ကျအောင် တက်အပ်၏၊ ဖြစ်စေအပ်၏၊ ဤသို့တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍၊ အာရုံပြု၍ စတုတ္ထစျာန်ကျအောင် ရပြီး၍ ဝသီဘော်နိုင်ပြီးသောအခါ မိမိတွ... |
22,611 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့နောင် မိမိမတွေ့ဖူးသော်လည်း ကြားဖူးသမျှသော အရပ် ၁၀-မျက်နှာရှိ အလုံစုံသော သတ္တဝါတို့ကို တစ်ယောက်ချင်းသော်လည်းကောင်း၊ အပေါင်းများစွာသတ္တဝါကို တစ်လုံးတည်း အာရုံပြု၍သော်လည်းကောင်း မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထစျာန်ကျအောင် ဖြစ်စေအပ်၏၊ |
22,612 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိ၏ရန်သူပုဂ္ဂိုလ် |
22,613 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့မေတ္တာပို့ရာ၌ ထိုပုဂ္ဂိုလ်အပေါင်းတို့တွင် မိမိမုန်းသော ငြိုးသောရန်သူရန်ဖက်များတွေ့ရှိ၍ ထိုရန်သူ၌ အကယ်၍ မေတ္တာစျာန် မြုဖစ်နိုင်ဘဲ မဝင်စားနိုင်ဘဲ မုန်းသောစိတ်၊ မြင်ပြင်းကပ်သောစိတ်၊ ဒေါသစိတ်များ ဖြစ်ပေါ်လာခဲ့လျှင် |
22,614 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပဗ္ဗော။ |
22,615 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စသောဘုရားရှင် ဟောကြားတော်မူသော အနမတဂ္ဂသုတ်တော်မြတ်အတိုင်း ထိုရန်သူသည် အသင်၏ ရန်သူမဟုတ်၊ ရှေးရှေးဘဝတို့က အမိ-အဖစသည်ဖြစ်၍ အသင့်အား ကျေးဇူးပြုဖူးလှပြီ၊ ဤစိတ်ထဲ၌ ဖြစ်ပေါ်လာသော ဒေါသသည်သာလျှင် အသင်၏ရန်သူတည်း၊ ထိုပုဂ္ဂိုလ်သည် အသင့်ကို စျာန်မှလျော့အောင်လည်း မလုပ်၊ ငရဲသို့ကျအောင်လည်းမချ၊ အသင်၏ရန်သူမဟုတ်၊ ဤဒေါသသည်သာလျှင် အသင့်ကိ... |
22,616 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသင်သည် ရန်သူမဟုတ်သောသူကို မမုန်းနှင့်၊ မမြင်ပြင်းနှင့်၊ ရန်သူဖြစ်သော ဒေါသ-ကိုသာမုန်းလော့၊ မြင်ပြင်းလော့၊ ပယ်ဖျက်သတ်ဖြတ်လော့-ဟု မိမိကိုယ်ကိုမိမိဆုံးမ၍ မိမိရန်သူ အစစ်ဖြစ်သော အမျက်ဒေါသကိုသာလျှင် သတ်ဖြတ်ပြေငြိမ်းစေ၍ ထိုရန်သူပုဂ္ဂိုလ်၌ ရှေးရှေးက အမိအဖ-စသည်ဖြစ်ဖူးသောအဖြစ်ကို အောက်မေ့ဆင်ခြင်၍ ယခုလည်း အမိရင်း၊ အဖရင်း-စသည်ကဲ့သ... |
22,617 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကယ်၍ အမိ၊ အဖ-စသည်ကဲ့သို့ မမှတ်နိုင်ဘဲ သူစိမ်းအနေနှင့် ထင်၍နေလျင် ဩ-သူလဲ ငါလိုပဲ၊ အသက်နှင့်အကောင်ပဲ၊ ဆင်းရဲဒုက္ခကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုလားရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ-ဟု ကိုယ်ချင်းစာ၍ မေတ္တာစျာန်ဇောကျစေ၊ ဖြစ်စေအပ်၏၊ အကယ်၍ ဤကဲ့သို့လည်း ကိုယ်ချင်းမစာနိုင်၍ မုန်းစိတ် မပျောက်ခဲ့ဘဲ မေတ္တာစျာန်ဇော... |
22,618 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရန်သူမဟုတ်သော သူတို့၌ မေတ္တာစျာန်ဇော ကျဖန် ဖြစ်စ်ဖန် များ၍ မေတ္တာစိတ် ထက်သန်အားကောင်းသောအခါ အလွန်မုန်းသော ရန်သူ၌လည်း မေတ္တာစျာန်ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ စျာန်ဇော မကျစေနိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ထိုရန်သူမုန်းကို နှလုံးမသွင်းအပ်၊ အာရုံမပြုအပ်၊ မေတ္တာမပို့အပ်၊ တောထဲ၌ရှိသော မြက်မှိုက်၊ ထင်းချောင်းတို့နှင့်အတူသ... |
22,619 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေတ္တာဗြဟ္မဝိဟာရ ပွားများပုံ ပြီး၏၊ |
22,620 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ခ-ဂ) ကရုဏာ၊ မုဒိတာ ဗြဟ္မဝိဟာရ ပွားများအားထုတ်ပုံ |
22,621 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကရုဏာ၊ မုဒိတာ-တို့ကို ပွါးများနည်းသည်လည်း မေတ္တာနည်းတူပင် ကုသိုလ်ရရုံ ပွါးများနည်း စျာန်အပ္ပနာကိုရအောင် ပွါးများနည်းဟု ၂-မျိုးရှိသည်။ |
22,622 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကုသိုလ်ရရုံ ပွါးများနည်း |
22,623 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ၂-မျိုးတို့တွင် ကုသိုလ်ရရုံ ပွါးများနည်းမှာ သားကိုချစ်ခင်တတ်သော အမိသည် ထိုမိမိသားငယ် ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုဆင်းရဲဒုက္ခမှ အလွန်လွတ်စေခြင်ဘိသကဲ့သို့ အလွန်သနားခြင်း ဖြစ်ဘိသကဲ့သို့ ထိုမိမိသားစည်းစိမ်ချမ်းသာနှင့် ပြည့်ပြည့်စုံစုံ ခံစံ၍ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေသည်ကို တွေ့မြင်ရလျှင်လည်း ထိုစည်းစိမ်ချမ်... |
22,624 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံနှင့် ခံစံမွေ့လျော်၍ ပျော်ပျော်ရွှင်ရွှင် တင့်တင်တယ်တယ် ချမ်းသာ၍ နေသောသူကို တွေ့မြင်လျှင်လည်း ဤသူသည် ဤစည်းစိမ်ချမ်းသာမှ မဆုတ်မယုတ်ဘဲ ဤစည်းစိမ်ချမ်းသာအတိုင်းသာ တည်ပါစေ၊ တိုးတက်၍သာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံပါစေ-ဟု တောင့်တလျက် အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ဝမ်းသာခြင်းဖြစ်ရာ၏၊ ဝမ်းသာဝမ်းမြ... |
22,625 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကုသိုလ်ရရုံ ကရုဏာ မုဒိတာပွါးများနည်းတည်း။ |
22,626 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) စျာန်ရအောင် ပွါးများနည်း |
22,627 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေတ္တာကိုမပွါးများသော မေတ္တာစျာန်ကိုမရသောပုဂ္ဂိုလ်သည် ဆင်းရဲဒုက္ခရောက်၍ နေသောသူ၌ သနားသော ကရုဏာစိတ် ကြာမြင့်စွာ အလွန်တည်နိုင်ခဲ၏၊ စျာန်အပ္ပနာပေါ်အေင် အလွန်ကရုဏာစိတ် ဖြစ်နိုင်ခဲ၏၊ ကမ္မသကာ-ဟုအောက်ေ့မပြီး ကြောက်ကြမစိုက်ဘဲ၊ အာရုံမပြုဘဲ အနာရမ္မဏဥပေက္ခာပြု၍ လျစ်လျူရှု၍သာ နေတတ်၏၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၍ ချမ်းသာရွှင်လမ်း... |
22,628 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေတ္တာကိုပွါးများ၍ မေတ္တာစျာန်ကိုရပြီးသောအခါမူကား ထိုမိမိမေတ္တာစျာန်စိတ်သည် အာရုံပြုအပ်သော မိမိအလွန်ချစ်ခင်၍ နေသော သတ္တဝါတို့၌ တစ်ဦးဦး ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုသူ့ကို အလွန်သနားခြင်းဖြစ်တော့၏၊ ဖြစ်သည်နှင့်တစ်ပြိုင်နက် ဤသူသည် ဤဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ဆင်းရဲဒုက္ခမှလွတ်စေလိုသော အလွန်သနားသောစိတ်ဆန္ဒဖြစ်လျက် ခဏချင်း ကရုဏ... |
22,629 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ချစ်နေရာက သနားနေရာက နှစ်သက်ဝမ်းမြောက်သော စိတ်ပြောင်းလဲပေးလိုက်ရုံမျှသာ ဝန်ရှိတော့၏၊ မုဒိတာစျာန်ဇော ကျလာအောင် အထူးကြောင့်ကြစိုက်၍ အားထုတ်၍ မနေရတော့ပြီး၊ ထိုမိမိသနား ချစ်ခင်အပ်သော သူတို့သည် အလွန်ပင် စည်းစိမ်ချမ်းသာသို့ မရောက်ငြားသော်လည်း မျက်နှာရွှင်ရွှင်လန်းလန်း ပြုံးပြုံးကြည်ကြည် နေကြသည်ကို မြင်ရလျှင်ပင် အလွန်နှစ်သက်ဝမ... |
22,630 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ကရုဏာ၊ မုဒိတာတို့ကိုလည်း မေတ္တာနည်းတူ စတုတ္ထစျာန်သို့ကျအောင် ပွားများအပ်ကုန်၏၊ |
22,631 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကရုဏာ၊ မုဒိတာ-ဗြဟ္မဝိဟာရ ၂-ပါး ပွားများပုံ ပြီး၏၊ |
22,632 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ဃ) ဥပေက္ခာ ဗြဟ္မဝိဟာရ ပွားများ အားထုတ်ပုံ |
22,633 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ဖြင့် စတုတ္ထစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက် ပဉ္စမစျာန်ကို တက်လိုသောအခါ အောက်က ကသိုဏ်း၌ ဆိုခဲ့ပြီးသောနည်းအတိုင်း စတုတ္ထစျာန်ကို သုခကို အပြစ်မြင်၍၊ မုန်း၍ ပဉ္စမစျာန်ကို ဥပေက္ခာကို သာယာချစ်ခင် လိုချင်တောင့်တ၍ တစ်ဦးဦးသော ပုဂ္ဂိုလ်၌ မေတ္တာစိတ်ဖြင့်သော်လည်းကောင်း၊ ကရုဏာစိတ်ဖြင့်သော်လည်းကောင်... |
22,634 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩော်-ဤပုဂ္ဂိုလ်သည် ငါကချမ်းသာပါစေ ဟု တောင့်တသော်လည်း သူချမ်းသာစရာ အကြောင်းကံရှိမှ ချမ်းသာမည်၊ ငါက ဆင်းရဲဒုက္ခ လွတ်ပါစေ ဟု တောင့်တသော်လည်း သူလွတ်စရာအကြောင်းကံရှိမှ လွတ်မည်၊ ငါက ဤစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ပါစေနှင့်-ဟု တောင့်တငြားသော်လည်း သူမဆုတ်စရာအကြောင်း ကံရှိမှ မဆုတ်ယုတ်မည်၊ ငါကတောင့်တ၍ ဖြစ်နိုင်သည်မဟုတ်၊ သူ့ကံရှိမှဖ... |
22,635 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အောက်ဗြဟ္မဝိဟာရတို့ဖြင့် စတုတ္ထစျာန်ရပြီး၍ အထက်ပဉ္စမစျာန်ကို ဖြစ်စေလိုသောအခါ ဤကဲ့သို့ စိတ်ထဲ၌ သတ္တဝါတို့ကို ချမ်းသာအောင်-စသည်ဖြင့် ကြောင့်ကြစိုက်ခြင်း ဗျာပါရကို ရုပ်သိမ်း၍ သူ့မှာ ကံသာလျှင် အပြုအပြင် အစီအရင်ကိုးကွယ်ရာ ဥစ္စာရှိသည်၊ ကမ္မဿကာ-တည်းဟု လျစ်လျူဥပေက္ခာဖြင့် ဆင်ခြင်ကြည့်ရှုသည်ကို ဥပေက္ခာဗြဟ္မဝိဟာရ-ကို ပွားများသည်... |
22,636 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်ထဲမှာ ချမ်းသာခြင်း-စသည်ဖြစ်စေလိုတဲ့ ကြောင့်ကြစိုက်ခြင်း ဗျာပါရမျှကိုသာ ရုပ်သိမ်းရသည်၊ ကမ္မဿကာ-အနေနှင့် ကြောင့်ကြစိုက်ခြင်းဗျာပါရကိုရုပ်သမ်း၍ ထိုပုဂ္ဂိုလ်ကိုပင်လျှင် လျစ်လျူ-ဥပေက္ခာစိတ်နှင့် ကြည့်ရှု၍အာရုံပြု၍ စွဲတွယ်၍နေရသည်၊ ဤဥပေက္ခာဗြဟ္မဝိဟာရ-မှာ ကုသိုလ်ရရုံ ပွါးများမှုဟူ၍မရှိ၊ အောက်၊ ဗြဟ္မဝိဟာရ စတုတ္ထစျာန်ကိုမရဘဲ... |
22,637 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပေက္ခာဗြဟ္မဝိဟာရ-ကမ္မဋ္ဌာန်းပြီး၏၊ |
22,638 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း၌ မှတ်ဖွယ် |
22,639 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မေတ္တာကို ပွါးများသော သူအား ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့သည် အထူးများစွာ အားမထုတ်ရဘဲ အလိုလိုပြည့်စုံလာကြတော့၏၊ ထို့ကြောင့် မေတ္တာကိုသာလျှင် ရှေးဦစွာအားထုတ်အပ်၏၊ အားထုတ်ရာ၏၊ ဤမေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များ၏၊ ကြီးမားမြင့်မြတ်၏၊ ဘဝသမ္ပတ္တိ အကျိုးပေးသန်သော ကောင်းသောကံ အများတို့တွင် ဤမေတ္တာကံသည် အထွတ်အမြတ်ဆုံး အသာဆုံးတည်း၊... |
22,640 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း၌ မှတ်ဖွယ်ပြီး၏၊ |
22,641 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ၈-အာရုပ္ပကမ္မဋ္ဌာန်းကို ပြဆိုခန်း |
22,642 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) ပဌမအာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ |
22,643 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုပ္ပ ၄-ပါးကို ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်းတို့ဖြင့် ပဉ္စမစျာန်ကိုရ၍ ထက်သန်အားကောင်းအောင်၊ မြဲမြံခိုင်ခံ့အောင်၊ ဝသီဘော်နိုင်အောင်ပြုပြီး၍ ထိုကသိုဏ်းဟူသော ရုပ်တရားကိုလည်းကောင်း၊ ထိုရုပ်တရားလျှင် အာရုံရှိသော ရူပစျာန်ကိုလည်းကောင်း၊ အောက်ကျသေးသည်၊ ညံ့ဖျင်းသေးသည်-ဟု အပြစ်မြင်၍ မုန်း၍ အထက်အရူပစျာန်ကို သိမ်မွေ့မ... |
22,644 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာကာသ ကသိုဏ်းမှ ကြွင်းသောကသိုဏ်း ၉-ပါးတို့တွင် |
22,645 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ပါးပါးကိုအာရုံပြု၍ ပဉ္စစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် ထိုကသိုဏ်းဝန်းကိုပင်လျှင် အာရုံပြု၍ မျက်နှာရှေး၌ခင်းဖျန့်ထား၍ ထိုကသိုဏ်းဝန်းကို စေ့စေ့စပ်စပ်ကြည့်၍ ဤနေရာ၌ ကသိုဏ်းဝန်း မဟုတ်၊ မရှိ၊ ကောင်းကင်ဟင်းလင်းတည်း၊ ကောင်းကင်ဟင်းလင်းတည်း ဟုကသိုဏ်းဝန်းကို နှလုံးမသွင်းဘဲ ကောင်းကင်ဟင်းလင်းအနေနှင့် အဖန်ဖန်နှလုံးသွင်း၍ ရှုလိ... |
22,646 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ-ပြတင်းပေါက်ကို ပုဝါကားကြက် ဆီးတား၍ ကြည့်ရှု၍ နေဆဲ၌ လေတိုက်၍ ပုဝါလွင့်ကျသွားသဖြင့် ပဝါနေရာ၌ ဟင်းလင်းကောင်းကင်ကွက်ဖြစ်၍ ထင်မြင်ရဘိသကဲ့သို့တည်း၊ ဤကောင်းကင်ကွက်ကို ကသိုဏ်းကိုခွါ၍ ကွယ်ပျောက်စေ၍ ရအပ်သော ကောင်းကင်ဖြစ်၍ကသိဏုဂ္ဃါဋိမ-ကောင်းကင်-ဟုခေါ်၏၊ ဤ “ကသိဏုဂ္ဃါဋိမ-ကောင်းကင်” ကို ဥပါဒ်၊ ဘင်ဟူသော အစအဆုံးမရှိသော ကောင်းကင်ဟ... |
22,647 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤပဉ္စမစျာန်ကို ကသိုဏ်း-ဟူသော ရုပ်တရားကို မုန်းသော၊ လွန်မြောက်သော၊ အာရုံမပြုသော စျာန်ဖြစ်၍ အရူပစျာန်ဟု ခေါ်၏၊ ဥပါဒ်၊ ဘင်-ဟူသော အစအဆုံးမရှိသော ကောင်းကင်လျှင် တည်ရာမှီတွယ်ရာ အာရုံရှိသောကြောင့် အာကာသာနဉ္စာယတန စျာန်-ဟူ၍ ခေါ်၏၊ ဤအာကာသာနဉ္စာယတန အရူပစျာန်သည်ပင်လျှင် အာကာသာနဉ္စာယတန အာရုပ္ပမည်၏၊ ပထမ ရအပ်၊ ရောက်အပ်သော အရူပစျာန်ဖြ... |
22,648 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဌမာရူပ္ပကမ္မဋ္ဌာန်း ပြီး၏၊ |
22,649 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ခ) ဒုတိယာ ရုပ္ပကမ္မဋ္ဌာန်း ပွားများ အားထုတ်ပုံ |
22,650 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ပဌမာရုပ္ပစျာန်ကို ထက်သန်အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင်ပြုပြီး၍ အထက်ဒုတိယစျာန်ကို တက်လို ဖြစ်စေလိုသောအခါ အောက်စျာန်ထက် အထက်စျာန်ကို ချစ်ခင်လိုချင်၍ ဤ''ကသိဏုဂ္ဃာဋိမ-ကောင်းကင်” ကိုအာရုံပြု၍ ပဌမာရုပ္ပစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် ထိုယခုဝင်စား၍၊ ဖြစ်၍ ချုပ်လေပြီးသော အတိတ် ပဌမာရုပ္ပစျာန်စိတ်ဝိညာဉ... |
22,651 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစျာန်ကို အနန္တကောင်းကင်ကို အာရုံပြု၍ဖြစ်သဖြင့် အနန္တမည်သောပဌမာရုပ္ပဝိညာဉ်လျှင် တည်ရာ၊ မှီတွယ်ရာ အာရုံရှိခြင်းကြောင့် ဝိညာဏဉ္စာယတန စျာန်ဟုခေါ်၏၊ ၂-ကြိမ်မြောက် ရအပ် ရောက်အပ်သော အရူပစျာန်ဖြစ်၍ ဒုတိယာရုပ္ပစျာန်-ဟူ၍လည်း ခေါ်၏၊ |
22,652 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နီဝရဏကင်း၍ စိတ်ဉာဏ်ကြည်သော အခါမူကား မိမိ၏ စိတ်ဖြစ်နေပုံကို လင်းလင်းခြင်းခြင်း ထင်မြင်ရသည်၊ စိတ်တွေက ရှေ့စိတ်နောက်စိတ် အဆက်အစပ် အလွန်စေ့လျက် အလွန်မြန်စွာဖြစ်၍ နေကြသည်ဖြစ်ခြင်းကြောင့် ညဉ့်အခါ မီးစကိုယမ်းရာ၌ကဲ့သို့ ထင်မြင်ရသည်။ |
22,653 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပဌမာရုပ္ပဝိညာဉ်ချုပ်၍ သွားပြီးငြားသော်လည်း ဝင်စား၍ နေစဉ်အခါက ကောင်းကင်ဟင်းလင်းကွက်ကို စိပ်ပုတီးကုံးကို ပုတီးစေ့များ ထိုသီထားဘိသကဲ့သို အာရုံပြု၍ စွဲတွယ်ပြီး မတုန်မလှုပ် ငြိမ်သက်စွာ တန်းပြီးဖြစ်၍ နေပုံအတိုင်းကို ဤဒုတိယာရုပ္ပဝိညာဉ်သည် လင်းလင်းခြင်းခြင်း ထင်မြင်၍ အာရုံပြု၍ စွဲတွယ်ပြီးဖြစ်သည်။ |
22,654 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုတိယာရုပ္ပကမ္မဋ္ဌာန်း ပြီး၏၊ |
22,655 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ဂ) တတိယာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ |
22,656 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ ဒုတိယာရုပ္ပစျာန်ကို ထက်သန်အားကောင်း မြဲမြံခိုင်ခံ့ ဝသီဘော်နိုင်အောင်ပြုပြီး၍ အထက် တတိယာရုပ္ပစျာန်ကို တက်လို၊ ဖြစ်စေလိုသောအခါ |
22,657 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အောက်စျာန်ထက် အထက်စျာန် သာလွန်မြင့်မြတ်၏၊ |
22,658 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကောင်း၏-ဟု အောက်စျာန်ကိုမုန်း၍ အထက်စျာန်ကို ချစ်ခင်လိုချင်၍ ပဌမာရုပ္ပဝိညာဉ်ကို အာရုံပြု၍ ဒုတိယာရုပ္ပစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင်ယခု ငါအာရုံပြုအပ်သော ကောင်းကင်ကွက်၌ တန်းပြီးဖြစ်နေသည့် ဤပထမာရုပ္ပဝိညာဉ်သည် “မရှိဘူး-မရှိဘူး” ဟု ကသိုဏ်းကို ခွါရာ၌ကဲ့သို့ ထိုဝိညာဉ်ကိုမရှိအောင်၊ ပျောက်အောင်-နှလုံးသွင်း၍ ရှုလိုက်၊ ဖျောက်ဖ... |
22,659 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ-သိမ်အပြင်၌ သံဃာအစည်းအဝေးကို မြင်ပြီး၍ တပိုတပါးခဏသွား၍ သံဃာအစည်းအဝေးပျက်၍ ထသွားကြပြီး နောက်မှရောက်လာ၍ ကြည့်လတ်သော် သိမ်အပြင်၌ သံဃာကို မမြင်ဘဲ သံဃာမရှိသည်ကိုသာ မြင်လေဘိသကဲ့သို့တည်း။ |
22,660 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအခါ ထိုပဌမာရုပ္ပဝိညာဉ်၏မရှိခြင်း အဘာဝပညတ်မျှကို အာရုံပြု၍ “နတ္ထိ ကိဉ္စိ'', နတ္ထိ ကိဉ္စိ-ပဌမာရုပ္ပဝိညာဉ် အနည်းငယ်မျှ မရှိဘူး၊ အနည်းငယ်မျှမရှိဘူး-ဟုစိတ်ထဲကမှတ်လျက် ထိုမရှိခြင်း အဘာဝကို အဖန်ဖန် နှလုံးသွင်းလတ်၊ ကြည့်ရှုလတ်သော် ဥပေက္ခာ၊ ဧကဂ္ဂတာ စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမစျာန်ဇော အပ္ပနာဝီထိ ကျလာ၏၊ အရူပပဉ္စမစ... |
22,661 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တတိယာရုပ္ပကမ္မဋ္ဌာန်းပြီး၏၊ |
22,662 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) စတုတ္ထာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ |
22,663 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤတတိယာရုပ္ပစျာန်ကို ထက်သန်ခိုင်ခံ့ ဝသသီဘော်နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထာရုပ္ပစျာန်ကို တက်လို၊ ဖြစ်စေလိုသောအခါအောက်စျာန်ထက် အထက်စျာန် သာလွန်မြင့်မြတ်၏၊ ကောင်း၏-ဟုအောက်စျာန်ကို မုန်း၍ အထက်စျာန်ကို ချစ်ခင်လိုချင်၍ ပဌမာရုပ္ပဝိညာဉ်၏မရှိခြင်း အဘာဝပညတ်ကို အာရုံပြု၍ တတိယာရုပ္ပစျာန်ကို ဝင်စား၍စျာန်မှထပြီးလျှင် ထိုယခုဝင်စား၍ ... |
22,664 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤစျာန်ကို ပျောက်သလောက်နီးနီး အလွန်သိမ်မွေ့၍သွားသဖြင့် ရုန့်ရင်းသော သညာကား မရှိ၊ အလွန်သိမ်မွေ့သော သညာမျှသာရှိခြင်းကြောင့် နေဝသညာနာသညာယတနစျာန်-ဟု ခေါ်၏၊ ၄-ကြိမ်မြောက် ရအပ် ရောက်အပ်သော အရူပစျာန် ဖြစ်ခြင်းကြောင့် စတုတ္ထာရုပ္ပစျာန်ဟူ၍လည်းခေါ်၏၊ ဤစျာန်ကိုလည်း ထက်သန်အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏... |
22,665 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စတုတ္ထာရုပ္ပ ကမ္မဋ္ဌာန်း ပြီး၏၊ |
22,666 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- ဝိမောက္ခ ၈-ပါး၊ သမာပတ် ၈-ပါး၊ ၉-ပါး အနုပုဗ္ဗဝိဟာရသမာပတ် ၉-ပါး |
22,667 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရူပစျာန်က စတုက္ကနည်းအားဖြင့် ၄-ပါး၊ အရူပစျာန်က ၄-ပါး ဤ ၈-ပါးကို နီဝရဏစသော ဘေးရန်တို့မှ ကင်းစင်ကျွတ်လွတ်ခြင်းကြောင့် ဝိမောက္ခ ၈-ပါး ဟူ၍လည်း ခေါ်၏၊ |
22,668 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝင်စားအပ်ခြင်းကြောင့် သမာပတ် ၈-ပါး ဟူ၍လည်းခေါ်၏၊ |
22,669 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဤသမာပတ် ၈-ပါးထဲသို့ နိရောဓသမာပတ်ကို ထည့်သွင်းလျှင် သမာပတ် ၉-ပါး ဖြစ်၏၊ |
22,670 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဤ ၉-ပါးသော သမာပတ်ကို အစဉ်အတိုင်း ဝင်စားအပ်သော အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါး ဟူ၍ ခေါ်၏၊ |
22,671 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ သမာပတ် ၉-ပါးကို ကာမရာဂ ကင်းစဉ်ပြိးသော ရုပ်ရှိသော အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ် ၂-ဦးတို့မှသာလျှင် ဝင်စားနိုင်၏၊ |
22,672 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝင်စားပုံကား- ရှေးဦးစွာ ပဌမစျာန်ကို တစ်ခဏမျှ ဝင်စား၍ စျာန်မှထပြီးလျှင် ထိုပဌမစျာန်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု တိလက္ခဏာ တင်ရှုအပ်၏၊ ပြီးလျှင် ဒုတိယစျာန်ကို ဝင်စား၍ စျာန်မှ ထ၍ ဤဒုတိယစျာန်ကိုလည်း ရှေးနည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု တိလက္ခဏာ တင်ရှုအပ်၏၊ |
22,673 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနည်းတူ အစဉ်အတိုင်း အာကိဉ္စညာယတန သမာပတ်တိုင်အောင်သမာပတ် ၇-ပါးလုံးကို ဝင်စား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု တိလက္ခဏာတင်ရှု၍ ပြီးသောအခါ နိရောဓသမာပတ် ဝင်စားရာမှ ထ၍ အလျင်အမြန် စုတိစိတ်များ ကျမသွားရအောင် စုတိစိတ်ကျမည့်အခါများ ဝေးသေး၏လား-ဟုကြည့်မျှော်၍ မိမိအလိုရှိသလောက် ကာလကို မှန်းထား၍ |
22,674 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘယ်အခါကျလျှင် ထနိုင်စေသတည်း။ |
22,675 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုကာလ အတွင်းမှာလည်း ဘုရားရှင်ခေါ်လျှင်လည်း ထနိုင်စေသတည်း။ |
22,676 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သံဃာ့ကိစ္စရှိ၍ငါ့ကိုတောင့်တမျှော်လင့်လျှင်လည်း ထနိုင်စေသတည်း။ |
22,677 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ငါ၏ သပိတ်၊ ပရိက္ခရာ၊ ပစ္စည်းဘဏ္ဍာတို့သည်လည်း ဘာတစ်စုံတစ်ခုကြောင့်မှ မပျက်စီးနိုင်စေသတည်းဟု ဓိဋ္ဌာန်ခြင်း ပုဗ္ဗကိစ္စကို ပြုပြီးလျှင် နေဝသညာနာသညာ ယတနသမာပတ်ကို ဝင်စားအပ်၏၊ ထိုသမာပတ် စျာန်ဇော ၁-ကြိမ်၊ ၂-ကြိမ်လောက် ကျပြီးလျှင် စိတ်မဖြစ်လာဘဲ စိတ်အစဉ် ပြတ်၍ ချုပ်၍ မိမိမှန်းထားသမျှ ကာလအတွင်း စိတ်၊ စေတသိက်-မရှိဘဲ ရုပ်ချည်းသက... |
22,678 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးနှင့်ရှို့၊ မလောင်တော့ပြီ၊ သူနေသော ကျောင်းကို ပျက်စီးအောင်၊ မီးမလောင်အောင်မတတ်နိုင်တော့ပြီ၊ ပစ္စည်းဘဏ္ဍာ ပရိက္ခရာနှင့်တကွ ကာယသိဒ္ဓိ ပြီးစီး၍နေတော့၏၊ အဓိဋ္ဌာန်ပြုလုပ်လျှင် သူသာပြီးစီး၏၊ ပရိက္ခရာဘဏ္ဍာ မပြီးစီးပြီ။ |
22,679 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါးကိုဝင်စားပုံတည်း။ |
22,680 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အသညသတ်ဗြဟ္မာ |
22,681 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ သမာပတ် ၈-ပါးတို့တွင် ရူပစတုတ္ထစျာန်ကိုရသော ပုဂ္ဂိုလ်သည် ဤ နာမ်ရှိခြင်းကြောင့် စိုးရိမ်ပူပန်ရ ဒုက္ခရောက်ရသည်၊ နာမ်မရှိဘဲ ရုပ်ချည်းသက်သက်နေရလျှင် ဘာကိုမျှ မသိရဘဲ အေးအေးချမ်းချမ်း နေရ၏၊ ကောင်း၏-ဟုတောင့်တ၍ နာမ်ကိုသာ အပြစ်မြင်၍၊ မုန်း၍ ရုပ်ကို အပြစ်မမြင်ဘဲ မမုန်းဘဲ ရုပ်နှင့် နေလိုသော စိတ်ဆန္ဒရှိလျက် စျာန်မလျော့ဘဲ စုတေခဲ့လ... |
22,682 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအာရုပ္ပစျာန်ကို ရသောပုဂ္ဂိုလ်သည်လည်း အကယ်၍မိမိက ဤကိုယ်ခန္ဓာ ရုပ်ကောင်ကြီးရှိလို့သာ အရိုက်ခံရ၊ အထိုးခံရ၊ အနာပေါက်ရ၊ ဖျားရ၊ နာရ၊ ဒုက္ခမျိုးစုံရောက်ရသည်၊ ရုပ်မရှိဘဲ နာမ်ချည်းသက်သက် နေရလျှင် ဘာတစ်စုံတစ်ခုမျှ မထိခိုက်နိုင်ဘဲ အေးအေးချမ်းချမ်း နေရ၏၊ ကောင်း၏-ဟုတောင့်တ၍ ရုပ်ကိုသာ အပြစ်မြင်၍ မုန်း၍ နာမ်ကိုအပြစ်မမြင်ဘဲ မမုန်းဘဲ ... |
22,683 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကယ်၍ ဤပုဂ္ဂိုလ်က ထိုစတုတ္ထစျာန်၊ အာရုပ္ပစျာန်တို့ကို ရငြားသော်လည်း မိမိနာမ်ကို၊ မိမိကရဇရုပ်ကိုမိမိကမမုန်းဘဲ ထိုဘုံတို့ကို မတောင့်တငြားအံ့၊ ထိုအသညသတ်၊ အရူပဘုံတို့မှာမဖြစ်၊ ရုပ်နာမ် ၂-ပါးစုံသော ကြွင်းသောဗြဟ္မာဘုံတို့မှာသာ ဖြစ်၏၊ ကာမဘုံတို့မှာဖြစ်လိုလျှင်လည်း ဖြစ်၏၊ ဤစကားရပ်ဖြင့် ရူပစျာန်မှ အရူပစျာန်ကို တက်သောအခါ မိမိကို... |
22,684 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုပ္ပကမ္မဋ္ဌာန်းပြီး၏၊ |
22,685 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (၉) အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းကိုပြဆိုခန်း |
22,686 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဟာရေပဋိကူလ သညာ-ဟူသည်ကားစားသောက်မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ကောင်းစွာ ထင်မြင်၍ တည်နေသော သညာကိုခေါ်သည်၊ ထိုသညာကိုရလို,ပွားများ လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ပွားများရာ၏၊ |
22,687 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာဆိုသည်ရှိသော်- ရှေးသောအခါ သားငယ်ကိုချီ၍ ကန္တာရခရီးခဲကို သွားကြသော သမီးခင်ပွန်း ၂-ဦးတို့သည် လမ်းခရီး၌ ရိက္ခာကုန်ပြတ်သဖြင့် ငါတို့အား အသက်ရှက်စွာနေရလျှင် နောင်အခါ သား အစားရလိမ့်မည်၊ ဤသားကိုသတ်၍ အသားကိုစား၍, ရိက္ခာလုပ်၍ ကန္တာရခရီးခဲကို လွန်မြောက်ကြအံ့-ဟု ကြံစည်တိုင်ပင်ပြီးလျှင် သားငယ်ကို သတ်၍သားငယ်၏ အသားကိုစားကြကုန်၏၊... |
22,688 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို မိဘ ၂-ဦးတို့၏ သား၏အသားကိုစားကြရာ၌ ဤသား၏ အသားကို |
22,689 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဇာတ်တူသား ဖြစ်ခြင်းကြောင့်လည်းကောင်း, |
22,690 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဆွေမျိုး၏အသား ဖြစ်ခြင်းကြောင့်လည်းကောင်း, |
22,691 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဆွေမျိုးမှာလည်း အဖျားမဟုတ်၊ မိမိ၏သားရင်း ဖြစ်ခြင်း ကြောင့်လည်းကောင်း, |
22,692 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အလွန်ချစ်လှစွာသော သား၏အသားဖြစ်ခြင်းကြောင့် လည်းကောင်း, |
22,693 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အလွန်သနားကျင်နာသော သား၏အသားဖြစ်ခြင်း ကြောင့်လည်းကောင်း, |
22,694 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ မီးမရှိ မဖုတ်မြိုက် မကင်မချက်ရဘဲ အစိမ်းဖြစ်ခြင်း ကြောင့်လည်းကောင်း, |
22,695 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ကြမ်းကြုတ်၊ ကြောက်မက်ဖွယ်သော လူသား ဖြစ်ခြင်း ကြောင့်လည်းကောင်း, |
22,696 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ဆားမရှိ ဆားမထည့်ရသောကြောင့်လည်းကောင်း, |
22,697 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ တစ်ပါးသော အရသာမဖက်စွက်ရခြင်းကြောင့်လည်း ကောင်း, |
22,698 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့သော အကြောင်းတို့ကြောင့် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ အလွန်ပင် စက်ဆုပ်ကြ ရွံရှာကြ၏၊ အနည်းငယ်မျှပင် ကောင်းသည်,ကောင်းသည်-ဟုနှစ်သက်သာယာခြင်း မဖြစ်ကြရှာ၊ နှစ်သက်သာယာခြင်းမရှိ၊ အလွန်စက်ဆုပ်လျက်နှင့်ပင် ကန္တာရ ခရီးခဲမှ လွန်မြောက်ခြင်းငှါ စားကြရှာ၏၊ |
22,699 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသားငယ်၏ အသားကဲ့သို့ ထို့အတူ ဤစားသောက် မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ-သည်လည်း မိုးစွတ်မရှောင်, နေပူ မရှောင်,ဘေးမရှောင်,ရန်မရှောင်-ဆင်းရဲငြိုငြင်ပင်ပန်းစွာ အရှာသွား, သွား၍ ရအောင်ရှာရသည့် အတွက်ကြောင့်လည်း အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ ရှာမှီးသဖြင့်ရ၍ စားသောက်သောအခါလည်း ခံတွင်း၌ ဝါး၍လျှာရည် တံတွေးချွှဲတို့ဖြင့်ရောလျက် ကောင်... |
22,700 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ညစ်ထေး၍နေသော ခွေးစားခွက်ကဲ့သို့ မွေးကတည်းက တစ်ရံတစ်ခါမျှ မဆေးကြော မသုတ် သင်ရဘူးသဖြင့် အလွန်စက်ဆုပ်ဖွယ်ကောင်းအောင် ညစ်ထေး၍နေ၏၊ ဤကဲ့သို့ ညစ်ထေး၍နေသော တည်ရာ အစာသစ်အိမ်အတွက်ကြောင့် လည်း ထိုအစာအဟာရ-သည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.