id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
22,801
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ လုံးပတ်သဏ္ဌာန် ဖြစ်နေသည်ကို မြင်၍ ဖွဲ့စေးမှုကို သိရ၏၊ ထိုဖွဲ့စေးမှုသည် အာပေါဓာတ်တည်း။
22,802
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပူသောအခါ ပူမှု, နွေးသောအခါ နွေးမှု, အေးသောအခါ အေးမှုကိုတွေ့ရှိ၏၊ ထိုပူမှု, နွေးမှု, အေးမှု-သည် တေဇောဓာတ်တည်း။
22,803
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ပူရှိန်, နွေးရှိန်, အေးရှိန်ကို တွေ့ရှိ၏၊ ထိုအရှိန်စုသည် ဝါယောဓာတ်တည်း။
22,804
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ မျက်စိနှင့်ကြည့်ရှုလျှင် ဆံပင်၌ အဆင်းကို မြင်၏၊ ထိုအဆင်း သည်ဝဏ္ဏဓာတ်တည်း။
22,805
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ နှာခေါင်းနှင့် နမ်းလျှင် ဆံပင်၌ အနံ့ကိုနံ၏၊ ထိုအနံ့သည် ဂန္ဓဓာတ်တည်း။
22,806
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ လျှာနှင့်မြည်းလျှင် အရသာကို သိရ၏၊ ထိုအရသာသည် ရသဓာတ်တည်း။
22,807
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ဆံပင်ကို စားသော သတ္တဝါတို့မှာ ရူပကာယကို စောင့် ရှောက်ထောက်ပံ့ခြင်း သဘောရှိသော အဆီအစေးမည်သည် ဆံပင်၌ ရှိ၏၊ ထိုအဆီအစေးသည် ဩဇာခေါ်သော အာဟာရ ဓာတ်တည်း။
22,808
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆံပင်၌ ဓာတ် ၈-ပါးခွဲနည်း ပြီး၏၊
22,809
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- မွေးညင်း၌ ဓာတ် ၈-ပါး, ခြေသည်း-လက်သည်း၌ ဓာတ် ၈- ပါး, သွား၌ ဓာတ် ၈-ပါး, အရေ၌ ဓာတ် ၈-ပါး, အသား၌ ဓာတ် ၈-ပါး, အရိုး၌ဓာတ် ၈-ပါး, ခြင်ဆီ၌ ဓာတ် ၈-ပါး, အညှို့၌ ဓာတ် ၈-ပါး, နှလုံး၌ ဓာတ် ၈-ပါး, အသည်း၌ ဓာတ် ၈-ပါး, အမြှေး၌ ဓာတ် ၈-ပါး, အဖျဉ်း၌ ဓာတ် ၈-ပါး, အဆုတ်၌ ဓာတ် ၈-ပါး, အူမ၌ ဓာတ် ၈-ပါး, အူသိမ်၌ ဓာတ် ၈-ပါး, ဤသို့စသည်ဖြင့် ကျင...
22,810
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ဓာတ် ၈-ပါးကား အဝိနိဗ္ဘောဂ-ရုပ်ဖြစ်၍ ခပ်သိမ်းသော ရုပ်အစုတို့မှာအရင်းခံဖြစ်ကြ၏၊ ဤဓာတ် ၈-ပါးကိုခွဲခြမ်း၍ မြင်နိုင်လျှင်ပင် ဉာဏ်၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, မိန်းမ, ယောကျ်ား, ဦးခေါင်း, ခြေလက်စသည်၊ ဆံပင်,မွေးညင်း၊ ခြေသည်း, လက်သည်း, သွား, အရေ, အသား, အရိုးစသည် ဉာဏ်မျင်စိ၌ အကုန်ကွယ်ပျောက် လတ္တံ့၊ ဓာတ်စု ဓာတ်ခဲကြီးငယ် မျှသ...
22,811
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်းအကျိုး
22,812
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤစတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီ ပုဂ္ဂိုလ်သည်
22,813
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပုဂ္ဂိုလ် သတ္တဝါ-ဟူသော အမှတ်သညာကို ပယ်နိုင်ခြင်း,
22,814
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကြောက်မက်ဖွယ်သော ဘေးကြီး ဘေးငယ်ကို သိခံနိုင်ခြင်း,
22,815
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ တပ်မက်ရွှင်ပြုံး နှလုံးမသာယာခြင်းသို့ မရောက်ခြင်း,
22,816
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်း ရတိ, သမထ-ဝိပဿနာ ဆိတ်ငြိမ်ရာတို့၌ မမွေ့မလျော်နိုင်ခြင်း အရတိတို့ကို နှိမ်နှင်းနိုင်ခြင်း,
22,817
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ကြီးကျယ်သော ပညာရှိခြင်း,
22,818
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ဤပစ္စုပ္ပန်ဘဝ၌ နိဗ္ဗာန်ချမ်းသာကိုရခြင်း,
22,819
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ တမလွန်ဘဝ၌ သဂတိသို့ လားရခြင်း, အကျိုးရင်း, အကျိုးဖျား တို့ကို ရနိုင်၏-ဟုမှတ်။
22,820
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်း ပြီး၏၊
22,821
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (၁၁) အဘိညာဉ်ကို ပြဆိုခန်း
22,822
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ဣဒ္ဓိဝိဓ၊ ဒိပ္ပနှစ်ထွေ၊ စေတောပရိ၊ ပုဗ္ဗေနိဝါ၊ ယထာကမ္မံ၊ နာဂတံသ၊ ဤသတ္တ၊ မှတ်ကြ အဘိညာ။
22,823
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နေဝသညာတိုင်အောင် သမာပတ် ၉-ပါးကို ရပြီး၍ ထို ၉-ပါးလုံး၌ အသီးသီးဝသီဘော်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သမထ ဘာဝနာ၏ အကျိုးဆက်ဖြစ်သော အဘိညာဣဒ္ဓိကို ရလိုပြန်သည်ရှိသော် ရူပါဝစရ ပဉ္စမစျာန် စိတ်ကို စျာနာနုလောမအစရှိသော ၁၄-ပါးသော အခြင်းအရာ တို့ဖြင့် အလွန်ထက်သန်ခြင်းသို့ ရောက်အောင်ဆုံးမရာ၏၊ အလွန် ထက်သန်ခြင်းသို့ ရောက်သောအခါ ထိုရူပပ...
22,824
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘိညာ ၇-ပါး
22,825
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဣဒ္ဓိဝိဓအဘိညာ-ကောင်းကင် မြေမိုး ပျံလျှိုးမှု, တံခိုး အထွေ ထွေဖန်ဆင်းမှု။
22,826
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဒိဗ္ဗစက္ခု အဘိညာ-နတ်မျက်စိကဲ့သို့ အဆင်းအမျိုးမျိုးကို မြင်မှု။
22,827
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဒိပ္ပသောတ အဘိညာ-နတ်နားကဲ့သို့ အသံအမျိုးမျိုး ကိုကြားမှု။
22,828
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ စေတောပရိယ အဘိညာ-သူတစ်ပါးတို့၏စိတ်အကြံ အစည်ကို သိမှု။
22,829
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ-ရှေးရှေးသော ဘဝအ ဆက်ဆက် ကမ္ဘာအဆက်ဆက်တွေက ဖြစ်ဖူးသောခန္ဓာ အစဉ်ကို သိမှု။
22,830
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ယထာကမ္မူပဂ အဘိညာ-ဘယ်နတ်, ဘယ်လူ, ဘယ် သတ္တဝါ, ဘယ်ကံကြောင့် ဤသို့ဖြစ်ရသည်-ဟုကံဟောင်း ကိုသိမှု။
22,831
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ အနာဂတံသ အဘိညာ-နောက်နောက်ဘဝတွေ, ကမ္ဘာ တွေကို သိမှု။
22,832
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ပါဒကစျာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန် ပါဒက၊ စတုတ္ထ၊ ကျတုံအဘိညာ။
22,833
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်ခုတစ်ခုသော အဘိညာကိုဝင်စားလိုသော် ရှေးဦးစွာ အဓိဋ္ဌာန်၏ အခြေပါဒကပြုရာ၌
22,834
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ရူပပဉ္စမစျာန်ကို ဝင်စားမှုတစ်ရပ်။
22,835
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ထို့နောင် အလိုရှိရာအခွင့်ကို ဤအမှု ပြီးစေသတည်းဟု ဓိဋ္ဌာန်သော ကာမဇောဝီထိ ကျသည်တစ်ရပ်။
22,836
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ထို့နောင် အဘိညာ၏ အခြေပြုရာ၌ ရူပပဉ္စမစျာန်ကိုဝင် စားမှု တစ်ရပ်။
22,837
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ထို့နောင် ဘဝင် ၂-ကြိမ်, မနောဒွါရာဝဇ္ဇန်း,ပရိကံ,ဥပစာ, အနုလုံ, ဂေါတြဘု,အဘိညာတစ်ကြိမ်စီ၊ ထို့နောင် ဘဝင် ကျ၏၊
22,838
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘိညာဖြစ်သည်နှင့် တပြိုင်နက် ကောင်းကင်မြေမိုး ပျံလျှိုးခြင်း စသော ဣဒ္ဓိကိစ္စပြီးစီး၏၊
22,839
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ချဲ့ဦးအံ့ဤသမထ ၄၀-တို့တွင် ကသိုဏ်း ၁၀-ပါးတို့၌ရသော စျာန်တို့မှ သာလျှင် အဘိညာကို ဖြစ်စေနိုင်၏၊ ကြွင်းသောကမ္မဋ္ဌာန်း၌ ရသောစျာန် တို့သည် အဘိညာကိုမဖြစ်စေနိုင်၊ ကသိုဏ်းတို့ဖြင့်ရူပသမာပတ် ၄-ပါး, ၅-ပါး လုံးကိုအကုန်ရလျှင်ပင် အရှင်သာရိပုတ္တရာအလောင်း သုရုစိ ရသေ့ဆရာကြီး၏ တပည့်ရသေ့၂၄၀၀၀-စသည်တို့ကဲ့သို့ ရှေးရှေးသော နီးသောဘဝတို့က အဘိ...
22,840
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်း၁၀-ပါးတို့ဖြင့် သမာပတ် ၈-ပါး,၉-ပါးကိုရသောယောဂီ ပုဂ္ဂိုလ်သည် ဣဒ္ဓိဝိဓ,ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု-ဟူသော အဘိညာငါးပါးတို့ကိုလည်း ရအောင်ပြုရာ၏၊ ဖြစ်စေ ရာ၏၊ ထိုအဘိညာတို့ကိုရလို ဖြစ်စေလိုသော ယောဂီပုဂ္ဂိုလ်သည် တော ခုတ်ခါနီးဓားကို ထက်သည်ထက် ထက်အောင် သွေးဘိသကဲ့သို့ ဝေးစွာ သောအရပ်၌ ဝတ္ထုကိုကြည့...
22,841
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စျာန် ကစားပုံ
22,842
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ စတုက္ကနည်းမှာ သမာပတ် ၈-ပါး, ပဉ္စကနဉ်းမှာ သမာပတ် ၉-ပါး၊ ထို ၈-ပါးသော သမာပတ်တို့ကို ပထမစျာန်မှသည် နေဝသညာနာသညာယတနစျာန် ကျအောင် အစဉ် အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊
22,843
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ တစ်ဖန် နေဝသညာနာသညာယတနစျာန်မှသည် ပဌမ စျာန်ကျအောင် နောက်ပြန်အစဉ် ပဋိလုံချည်း အကြိမ် များစွာရာ၏၊
22,844
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ တစ်ဖန် အသွားအပြန် အနုလုံ,ပဋိလုံအားဖြင့်လည်း အကြိမ်များစွာဝင်စားရာ၏၊
22,845
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကသိုဏ်း ၁၀-ပါးလုံးကိုလည်း ထိုနည်းတူ
22,846
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပထဝီကသိုဏ်းမှသည် အာကာသကသိုဏ်းကျအောင် အစဉ်အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊
22,847
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အာကာသ ကသိုဏ်းမှသည် ပထဝီကသိုဏ်းကျအောင် နောက်ပြန်အစဉ်အတိုင်း ပဋိလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊
22,848
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ တဖန်အသွားအပြန် အနုလုံ ပဋိလုံ အားဖြင့်လည်း အကြိမ် များစွာ ဝင်စားရာ၏၊
22,849
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ထိုသို့ စျာန်ကသိုဏ်းတို့ကို အနုလုံအားဖြင့်လည်းကောင်း, ပဋိလုံအားဖြင့်လည်းကောင်း ဝင်စားရာတို့၌ စျာန်ကိုချည်း လည်း တစ်ခုကျော်တစ်ခုကျော် ဝင်စားရာ၏၊
22,850
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ကသိုဏ်းကိုချည်းလည်း တစ်ခုကျော်တစ်ခုကျော်ဝင်စား ရာ၏၊
22,851
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စျာန်ကသိုဏ်း ၂-ပါးစုံရောလျက်လည်း
22,852
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်ခုကျော်တစ်ခုကျော် ဝင်စားပုံကား
22,853
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ထပြီးလျှင် ဒုတိယစျာန် အာပေါကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ တေဇောကသိုဏ်း၌ တတိယစျာန်ကိုဝင်စားအပ်၏၊
22,854
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ထို့နောင် စတုတ္ထစျာန် ဝါယောကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ နီလကသိုဏ်း၌ ပဉ္စမစျာန် ဝင်စားအပ်၏၊
22,855
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ထို့နောင် အာကာသာနဉ္စာယတန စျာန်ကိုချန်ထားခဲ့၍ ကျော်၍ ဝိညာနဉ္စာယတနစျာန်ကို ဝင်စားအပ်၏၊
22,856
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ထို့နောင် အာကိဉ္စညာယတနစျာန်ကို ချန်ထားခဲ့၍ ကျော်၍ နေဝသညာနာသညာယတနစျာန်ကို ဝင်စား အပ်၏၊
22,857
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ထို့နောင် ထိုစျာန်မှထ၍ နောက်သို့ ပဋိလုံ ပြန်ဆင်း သောအခါ အာကိဉ္စညာယတနစျာန်ကို ဝင်စားအပ်၏၊
22,858
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ထို့နောင် ဝိညာဏဉ္စာယတနစျာန်ကို ချန်ထားခဲ့၍ ကျော်၍ ပီတကသိုဏ်းကို ခွါ၍ အာကသာနဉ္စာယတနစျာန်ကို ဝင်စားအပ်၏၊
22,859
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ ထို့နောင် ပဉ္စစျာန် နီလကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ ဝါယောကသိုဏ်း၌ စတုတ္ထစျာန်ကို ဝင်စား အပ်၏၊
22,860
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ထို့နောင် တတိယစျာန် တေဇောကသိုဏ်းတို့ကို ချန်ထား ခဲ့၍ ကျော်၍ အာပေါကသိုဏ်း၌ ဒုတိယစျာန်ကို ဝင်စား အပ်၏၊
22,861
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ ထို့နောင် ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ရှေးနည်းတူ အထက်သို့တက်၍ ဝင်စားအပ် ၏၊
22,862
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀။ ဤကဲ့သို့ပြု၍ အောက်ကသိုဏ်း ၆-ခုလမ်း ကျေပြွန်နိုင်နင်း သောအခါ အထက်ကသိုဏ်း ၆-ခုလမ်းလည်း ကျေပြွန်နိုင် နင်းအောင် နီလကသိုဏ်းမှစ၍ အထက်ကသိုဏ်းတို့၌ ရှေးနည်းတူ ဝင်စားအပ်၏၊ ပြုအပ်၏၊
22,863
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နီလ, ပီတ ၂-ပါးတို့ကား အထက်အောက် ၂-ပါး၌ပင် ကသိုဏ်း ၆-ခုစေ့အောင် အရေအတွက်ပါရမည်၊ အကြင်အမှတ်မရှိ တစ်ခုခုသော ကသိုဏ်းကို ချန်လှပ်ထား၍ မကျေပြွန် မနိုင်နင်းခဲ့လျှင် ထိုကသိုဏ်းဖြင့် ခိပ္ပနိသန္တိဖြစ်အောင် ပြုအပ်သော ဆရာတို့၌ ခိပ္ပနိသန္တိမဖြစ်နိုင်ဘဲနေ တတ်သည်။
22,864
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခိပ္ပနိသန္တိ-ဟူသည်ကား တန်ခိုးဖန်ဆင်းသောအခါ အလျင် အမြန်ဖြစ်စေ ပြီးစီးစေနိုင်မှုကို ဆိုသည်၊ ထို့ကြောင့် ကသိုဏ်း ၁၀-ပါး လုံးကိုပင်ကျေပြွန်အောင် နိုင်နင်းအောင်, စေ့အောင်ပြုအပ်၏၊ မကျန် စေအပ်၊ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားလိုသောအခါ အာကာ သကသိုဏ်းနှင့် ကြိမ်၍နေလျှင် ကြွင်းသော အမှတ်မရှိ တစ်ခုခုသော ကသိုဏ်းကိုခွါ၍ ဝင်စားအပ်၏၊ အထက...
22,865
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤပြဆိုခဲ့ပြီးသော စျာန်ဝင်စားပုံ, ကစားပုံကား နည်းမျှသာ တည်း၊ အစအဆုံး မဟုတ်ဘဲ၊ အလယ်ကပဲ ဖောက်၍ဝင်စား ဝင်စား၊ ၂-ခုကျော် ၃-ခုကျော်ပဲဝင်စား ဝင်စား မိမိအလိုရှိသလို ဝင်စားအပ်၏၊ ကစားအပ်၏၊ စျာန်ကသိုဏ်းတို့၌ လေ့လာနိုင်နင်းမှုသည်သာ လိုရင်း တည်း။
22,866
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) စျာန်ကစားပုံပြီး၏၊
22,867
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- စျာန်တန်ခိုးကြီးကျယ်ပုံ
22,868
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြဆိုခဲ့ပြီးသောအတိုင်း ၁၈-ပါးသော အခြင်းအရာတို့ဖြင့် စျာန်ကစားခြင်းကို ပြုသည်ရှိသော် စျာန်စိတ်သည်, ဉာဏ်သည် အလွန်ထက်သန်ကြီးထွား၏၊ အားကောင်း၏၊ မြဲမြံခိုင်ခံ့၏၊ လွန်စွာ ဝသီဘော်နိုင်၏၊ လွန်စွာ တည်ကြည်၏၊ ကြည်လင်၏၊ ထိုအခါ ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။
22,869
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လ။ ဌိတေ အာနဉ္ဇပ္ပတ္တေ ဣဒ္ဓိဝိဓာယ စိတ္တ အဘိနိဟရတိ အဘိနိန္နာမေတိ၊ သော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ၊ ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ။
22,870
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စသည်ဖြင့် ဟောတော်မူသောအတိုင်း တစ်ယောက်တည်း ကိုယူလျက် တစ်ရာ, တစ်ထောင် ဖန်ဆင်းနိုင်ခြင်း, မြေကိုလျှိုးခြင်း, မိုးကိုပျံခြင်း-စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်တော့။
22,871
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို စေတောဝသီပတ္တ- စိတ်အလိုအတိုင်း ပြီးစီးစေနိုင်ခြင်းသို့ ရောက်သော ဣဒ္ဓိမာ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို တစ်ရာ, တစ်ထောင် စသည်ဖြင့်ဖန်ဆင်းလိုလျှင် အကယ်၍ တစ်ရာဖန်ဆင်းလိုအံ့၊ ဝိဇ္ဇာဓိုရ်များ ဆေးနှိုးဘိသကဲ့သို့ တန်ခိုးနှိုးသောအားဖြင့် ရှေးဦးစွာ ပထဝီကသိုဏ်း၌ တန်ခိုးနှိုး ပဉ္စမစျာန်ကို တစ်ခဏမျှ ဝင်စား၍ နှိုး၍ ထပြီးလျှင်-ငါ တစ်ရာ...
22,872
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘိညာဇောဝီထိကျပုံ
22,873
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအဓိဋ္ဌာန် အဘိညာဇော ဝီထိကျပုံမှာ- တစ်ထောင် ဟူသောနိမ္မိတရုပ်ပွားကို အာရုံပြု၍ အာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ- ဟုကာမစိတ်ဖြစ်၍ ဂေါတြဘူ အခြားမဲ့၌ ရူပပဉ္စမစျာန် အဘိညာဇော တစ်ကြိမ်ဖြစ်၍ ထို့နောင် ဘဝင်ကျ၍ သွား၏၊
22,874
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နောက် အဘိညာ ဝီထိတို့မှာလည်း ထို နည်းတူချည်း မှတ်ကြ လေ၊ အကယ်၍ တစ်ထောင်မဖြစ်လာ သေးမူ ဤနည်းတူ စသည်ဖြင့်ပြု အပ်၏၊ ဖြစ်ပေါ်လာ၏၊
22,875
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရှင်စူဠပန်စသည်တို့ကဲ့သို့လည်းကောင်း, ထို့ထက်အလွန် လည်ကောင်း, သဘောတူလည်းကောင်း, သဘောပြားလည်းကောင်း ဖန်ဆင်းလိုမူ
22,876
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဤမျှလောက် ရဟန်းစုက ပထမအရွယ် ဘယ်လို အဆင်း သဏ္ဍာန် အဝတ်သင်္ကန်း, အလုပ်အကိုင်နှင့် နေစေ။
22,877
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဤမျှလောက်သော ရဟန်းစုက ဒုတိယအရွယ် ဘယ်လို အဆင်းသဏ္ဍာန်, အဝတ်သင်္ကန်း, အလုပ် အကိုင်နှင့်နေစေ။
22,878
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ မိမိအလိုရှိသလိုါ်ရည်မှန်းဆင်ခြင်ခြင်း ပရိကံပြု၍ အဓိဋ္ဌာန် အပ်၏၊ ဓိဋ္ဌာန်တိုင်း အလိုရှိတိုင်းဖြစ်၏၊
22,879
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့ ဖန်ဆင်းသောအခါ ငါဘယ်လောက် ကြာအောင် ဖန်ဆင်း ၍ နေမည်ဟူ၍လည်း ကာလအပိုင်းအခြားကို မှတ်ထား၍ ဖန်ဆင်း အပ်၏၊ ထိုမိမိမှန်းထားသော ကာလစေ့လျှင် တန်ခိုးငြိမ်း၍ မိမိ တစ်ယောက်တည်းပင် ဖြစ်၍သွား၏၊ အကယ်၍မှန်းထားသော အချိန် ကာလမတိုင်မီ အကြား၌ တန်ခိုးကို သိမ်းရုပ်လိုအံ့၊ စျာန်ကိုဝင်စား၍ ထ၍ ငါတစ်ယောက်ထည်း အတိုင်းပင် ဖြစ်မည်ဟု ရည်မှန်း...
22,880
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အထူးကား ၁။
22,881
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေ၌ငုပ်ချည် ပေါ်ချည် လုပ်ဘိသကဲ့သို့ မြေကြီး၌ ငုပ်ချည် ပေါ်ချည် ပြုလုပ်လိုလျှင် အာပေါကသိုဏ်း၌ ဝင်စား၍ “ဤနေရာ၌ ရေဖြစ်စေဟုဓိဋ္ဌာန်ဖန်ဆင်း၍ ပြုအပ်၏၊
22,882
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ နံရံကို တံတိုင်းကို မြေကြီးကို ဖောက်ဝင် ငုပ်လျှိုး၍ ကောင်းကင်၌ သွားဘိသကဲ့သို့ မထိမခိုက် သွားလိုလျှင် ကာသကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသောနေရာ၌ “ဤနေရာ၌ ကောင်းကင်ဖြစ်စေဟု ဓိဋ္ဌာန်ဖန်ဆင်း၍ ဖောက်ဝင် ငုပ်လျှိုး၍ သွားအပ်၏၊
22,883
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ငှက်ကဲ့သို့ မိုးကောင်းကင်သို့ ပျံတက်၍ ခြေဖြင့်နင်း၍ သွားလိုလျှင် ပထဝီကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသော မိုးကောင်း ကင်၌ “ဤနေရာ၌ မြေဖြစ်စေဟု ဓိဋ္ဌာန် ဖန်ဆင်း၍ သွားအပ်၏၊
22,884
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ အကယ်၍ ခြေဖြင့်နင်း၍ လှမ်း၍ မသွားလိုပဲ ရုပ်သေးဇာတ် ပွဲထဲ၌ နတ်ရုပ်တွေ ထွက်လာဘိသကဲ့သို့ ငြိမ်ငြိမ်သွားလိုလျှင် ဝါယော ကသိုဏ်း၌ ဝင်စား၍ “ငါသည် ကောင်းကင်သို့ လွင့်တက်စေ” ဟု ဓိဋ္ဌာန် ခြင်းကိုပြု၍ သွားအပ်၏၊
22,885
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ထိုသို့သွားရာ၌ ပကတိသွားဘိသကဲ့သို့ ဖြည်းဖြည်း သွားလို လျှင် “ငါ၏စိတ်သည် ကိုယ်ကဲ့သို့ ဖြည်းဖြည်းလေးလေး” ဖြစ်စေဟု စိတ်ကို ရုပ်၌ ထည့်သွင်းခြင်း, ညွတ်စေခြင်းကိုလည်း ပြုအပ်၏၊
22,886
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ရောဟိတ ရှင်ရသေ့ ပြေးသွားပုံကဲ့သို့ အလိုရှိရာ အရပ်သို့ အလျင်အမြန် ခဏချင်း ရောက်လိုမှု ငါ၏ကိုယ်သည် စိတ်ကဲ့သို့ ပေါ့ပါး လျင်မြန်စေဟု ရုပ်ကို စိတ်၌ ထည့်သွင်းခြင်း, ညွတ်စေခြင်းကိုလည်း ပြုအပ်၏၊
22,887
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ သီဟိုဠ်ကျွန်း ဓမ္မဒိန္နမထေရ်သည် အပဏ္ဏကသုတ်ကို ဟောယင်း ပရိသတ်တို့အား မြေကိုခွဲ၍ ငရဲကိုပြဘိသကဲ့သို့လည်းကောင်း, နတ်ပြည်တို့ကိုလည်း ပြဘိသကဲ့သို့လည်းကောင်း, ရှေးက သံကိစ္စ ရသေ့ကြီး ဗြဟ္မဒတ်မင်းအား ငရဲတို့ကို ခွဲ၍ ပြဘိသကဲ့သို့လည်းကောင်း, “သုစိဏ္ဏဿ ဖလံ ပဿ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ” ဟုနတ်, ဗြဟ္မာပြည်တို့ကိုလည်းမြင်အောင် ပြဘိသကဲ့သ...
22,888
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ဣဒ္ဓိဝိဓ အဘိညာ ကသိုဏ်းတို့၏အစွမ်း
22,889
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြဆိုခဲ့ပြီးသော တန်ခိုးအမျိုးမျိုးတို့ကို ဖန်ဆင်းရာ, ပြရာ, ဖြစ်စေ ရာတို့၌ ကသိုဏ်းတို့၏ အစွမ်းတို့ကိုသိ၍ မိမိအလိုရှိသလို ပြုရာ၏၊ ကသိုဏ်းတို့၏ အစွမ်းတို့ကား
22,890
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီကသိုဏ်း၏အစွမ်း
22,891
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီကသိုဏ်း၏ အစွမ်းဖြင့် တစ်ရာ, တစ်ထောင် စသည် ဖန်ဆင်းခြင်း, နဂါး, ဂဠုန်-ယောင်စသည် ဖန်ဆင်းခြင်း, ကောင်းကင်၌ လည်းကောင်း၊ ရေပေါ်၌လည်းကောင်း မြေဖန်ဆင်း၍ ခြေဖြင့်နင်း၍ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကို ပြုခြင်း, သစ်ပင်၊ တော၊ တောင်၊ မြေ၊ အိမ်၊ ကျောင်း၊ ဗိမာန်စသော အထည်ဝတ္ထုတို့ကို ဖန်ဆင်း ခြင်း, တစ်စုံတစ်ခုသော...
22,892
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာပေါကသိုဏ်း၏အစွမ်း
22,893
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာပေါ-ကသိုဏ်း၏ အစွမ်းဖြင့် မြေ၌ ငုပ်မှု ပေါ်မှုကို ပြုခြင်း, မိုးရွာစေခြင်း, မြစ်-သမုဒ္ဒရာ စသည်ဖန်ဆင်းခြင်း, ပကတိရေကို ဆီ, ပျား, နို့ရည်-စသည်ဖန်ဆင်းခြင်း, ကိုယ်မှ ရေဆိုင်ထွက်စေခြင်း, မြေတောင်-ပြာသာဒ် စသည်ကိုလှုပ်စေခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊ မြေ, တောင်, ပြာသာဒ်-စသည်ကို လှုပ်စေသောအခါ အာပေါ ကသိုဏ်း၌ ဝင်စား၍...
22,894
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရှေးက မဟာနာဂမထေရ်၏ တူရင်းဖြစ်သော သံဃရက္ခိတ သာမဏေကလေးသည် သာမဏေပြုသောနေ့ ဆံချစဉ်၌ပင် ရဟန္တာ ဖြစ်၍ တန်ခိုးပါပြည့်စုံ၍ ထိုနေ့၌ပင် သိကြားမင်း၏ ယူဇနာတစ်ထောင် မြင့်စွာ ကြီးမားသော ဝေဇယန္တာပြသာဒ်ကို လှုပ်စေသောအခါ ပထဝီ ကသိုဏ်း၌ ဝင်စားပြီး လှုပ်၍ မလှုပ်သဖြင့် နတ်သမီးတွေ ဝိုင်းပြီး သရော် လှောင်ပြောင်ကြ၍ ပြန်ပြေးလာပြီးလျှင် ဆရာကိုမ...
22,895
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇော-ကသိုဏ်း၏ အစွမ်းဖြင့် မိမိကိုယ်မှလည်းကောင်း, တစ်ပါးသောဝတ္ထုမှလည်းကောင်း အခိုးထွက်စေခြင်း, မီးလျှံထထွက် စေခြင်း, မီးကျီးမိုးရွာစေခြင်း, မိမိတန်ခိုးဖြင့် သူတစ်ပါးတန်ခိုးမီးကို ကုန်စေနိုင်ခြင်း, လောင်စေလိုသော ဝထ္ထုကို လောင်စေနိုင်ခြင်း, ဒိဗ္ဗ စက္ခုရှုရာ၌ အလင်းကိုပြုခြင်း, ပရိနိဗ္ဗာန်စံသောအခါ မိမိကိုယ်ကို တေဇောဓာတ် လေ...
22,896
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယောကသိုဏ်း၏ အစွမ်း
22,897
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယော- ကသိုဏ်း၏ အစွမ်းဖြင့်လေကဲ့သို့ လွင့်ပြေးစေခြင်း, လေးသောဝတ္ထုကို ပေါ့စေခြင်း, လေမုန်တိုင်း ထစေခြင်း- စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊
22,898
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နီလကသိုဏ်း၏ အစွမ်း
22,899
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နီလ ကသိုဏ်း၏ အစွမ်းဖြင့် ညိုသောအဆင်း ဝတ္ထုဖန်ဆင်းခြင်း, ပတ္တမြားညို ဖန်ဆင်းခြင်း, မှောင်ချခြင်း- စသည်တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏၊
22,900
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပီတကသိုဏ်း၏အစွမ်း