id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
22,901 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပီတ-ကသိုဏ်း၏အစွမ်းဖြင့် ဝါရွှေသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ရွှေအစရှိသော ဝတ္ထုဖန်ဆင်းခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊ |
22,902 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောဟိတကသိုဏ်း၏ အစွမ်း |
22,903 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောဟိတ-ကသိုဏ်း၏ အစွမ်းဖြင့် နီသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ပတ္တမြားနီ ဖန်ဆင်းခြင်း- စသည်တို့သည် ဖြစ်ကုန်, ပြီး စီးကုန်၏၊ |
22,904 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩဒါတကသိုဏ်း၏ အစွမ်း |
22,905 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩဒါတ-ကသိုဏ်း၏ အစွမ်းဖြင့် ဖြူသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ငွေအစရှိသော ဝတ္ထုဖန်ဆင်းခြင်း, အမိုက်မှောင်ကို ပယ် ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှုရာ၌ အလင်းကိုပြုခြင်း- စသည်တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏၊ |
22,906 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာလောကကသိုဏ်း၏အစွမ်း |
22,907 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာလောက- ကသိုဏ်း၏ အစွမ်းဖြင်း မိမိကိုယ်မှလည်းကောင်း, တစ်ပါးသောဝတ္ထုမှလည်းကောင်း အရောင်ထွက်စေခြင်း, အရောင် တောက်ပသောရုပ်ကို ဖန်ဆင်းခြင်း, အရောင်အလင်းဖြစ်စေခြင်း, အမိုက် မှောင်ကို ပယ်ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှုရာ၌ အလင်းကိုပြုခြင်း-စသည် တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏၊ |
22,908 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာကာသကသိုဏ်း၏ အစွမ်း |
22,909 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာကာသ- ကသိုဏ်း၏အစွမ်းဖြင့် ဖုံးကွယ်၍နေသော ဝတ္ထုကို ထင်ရှားမြင်ရအောင် ပေါ်အောင်ပြုခြင်း မြေကြီးအတွင်း-တောင် အတွင်းတို့၌ ကောင်းကင်ဖန်ဆင်း၍ ဣရိယာပုထ် ၄-ပါးပြုနိုင်ခြင်း, တံတိုင်းနံရံ တစ်ဖက်သို့ မထိမငြိ ဖောက်ထွင်း၍ သွားနိုင်ခြင်း-စသည် တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊ |
22,910 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကသိုဏ်း၁၀-ပါးလုံး၏အစွမ်း |
22,911 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကသိုဏ်း၁၀-ပါးလုံး၏ အစွမ်းဖြင့် မမြင်စေလိုသော အထည် ဝတ္ထုကို မမြင်ရအောင် ကွယ်ထားခြင်း, ငယ်သောဝတ္ထုကို ကြီးစေခြင်း, ကြီသောဝတ္ထုကိုငယ်စေခြင်း, နီးသောဝတ္ထုကို ဝေးစေခြင်း, ဝေးသော ဝတ္ထုကို နီးစေခြင်း, သူတစ်ပါးတို့အား မေ့စေလိုသော အကြောင်းကို အမှတ်မရဘဲ သတိမေ့အောင် ပြုခြင်း-စသည်တို့ကိုကား ကသိုဏ်း ၁၀- ပါးလုံး၏ အစွမ်းသည်ပင်လျှင် ဖ... |
22,912 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣဒ္မိဝိဓအဘိညာ ပြီး၏၊ |
22,913 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | --- (ခ) ဒိဗ္ဗသောတ အဘိညာ |
22,914 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်နားကဲ့သို့ သန်း ကမျဉ်းနီတို့၏ မြည် တွန်သံ-အစရှိသော အလွန်သိမ်မွေ့သော အသံ, ဝေးစွာသော အရပ်၌ ရှိသော အသံတို့ကို ကြားလိုသောအခါ အကယ်၍ နတ်ပြည်က ပြော ဆိုသံကို ကြားလိုအံ့၊ ပေါ့ပါးသော ကသိုဏ်းတို့ကို ထိုမိမိကြားလိုသော အသံရှိရာအရပ်သို့ ဖြန့်၍ တန်ခိုးနှိုးစျာန်ကို ဝင်စား၍ ထ၍ ပကတိ လူစကားပြောသံများကို နားကကြားရဘ... |
22,915 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ ပကတိနားဖြင့် မကြားကောင်းသော အသံတို့ကို ကြားနိုင်သော ဉာဏ်ကို နတ်နားကဲ့သို့ ကြားတတ်သဖြင့် နတ်နားနှင့် တူခြင်းကြောင့် ဒိဗ္ဗသောတ အဘိညာဟု ခေါ်၏၊ |
22,916 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဗ္ဗသောတ အဘိညာ ပြီး၏၊ |
22,917 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ပရစိတ္တ ဝိဇာနန အဘိညာ |
22,918 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုဣဒ္ဓိမာပုဂ္ဂိုလ်သည် သူတစ်ပါး၏ စိတ်အကြံအစည်ကို သိလိုသောအခါ တန်ခိုး၌ မနိုင်နင်းသေးသော အာဒိကမ္မိကပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခု အဘိညာဖြင့် သူတစ်ပါး၏ နှလုံးသွေးကို ရှေးဦးစွာကြည့်၍ နှလုံးသွေးနီလျှင် ရာဂစိတ်,မည်းလျှင် ဒေါသစိတ်, ဝါလျှင်သဒ္ဓါစိတ်, ဖြူလျှင်ပညာစိတ်-စသည်ဖြင့် နှလုံးသွေးကို မြင်သဖြင့် စိတ်ကိုလည်း ဘယ်လိုစိတ်ဟု သာမည အနု... |
22,919 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကယ်၍ ပထမတစ်ကြိမ်ဖြင့် မသိသေးငြားအံ့၊ ဤနည်းအတူ အဖန်ဖန်ပြုအပ်၏၊ သိအပ်၏၊ ဤကဲ့သို့ သိနိုင်ဖန်များ၍ နိုင်နင်းသော အခါကျလျှင် နှလုံးသွေးကို ကြည့်နေဖွယ်မရှိ၊ တစ်ခါတည်း စိတ်ကိုပင် ကြည့်၍ သိနိုင်တော့၏၊ နှလုံးသွေးမရှိသော အရူပဘုံ စိတ်တို့ကိုလည်း သိနိုင်တော့၏၊ ၎င်းကို စေတောပရိယ အဘိညာဟူ၍လည်း ခေါ်၏၊ |
22,920 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပရစိတ္တဝိဇာနန အဘိညာ ပြီး၏၊ |
22,921 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ |
22,922 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုဣဒ္ဓိမာ ပုဂ္ဂိုလ်သည် မိမိရှေးကဖြစ်ခဲ့ဖူးသော ဘဝအစဉ်ကို သိလို, အောက်မေ့လို့ အမှတ်ရလိုသောအခါ တေဇော, ဩဒါတ, အာလောက-ဟု အလင်းကသိုဏ်း ၃-ခုတို့တွင် တစ်ခုခု၌ တန်ခိုးနှိုးစျာန်ကို ဝင်စား၍, ထ၍ ယခုအခါမှစ၍ မိမိနို့စို့အခါ, မိမိမွေးဖွားသောအခါ ကျအောင် နောက်ပြန် အစဉ်အတိုင်း မိမိနေဖူး, ပြုဖူး, ဆိုဖူးသမျှ အလုံးစုံကို ပရိကံစိတ်ဖြင့်ပင်... |
22,923 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့နောင် အရင်းသို့ ကျအောင် တိုး၍တိုး၍ ဆင်ခြင်အောက် မေ့အပ်၏၊ ထို့နောင် မသိနိုင်သော အရာသိ့ုကျလျှင် “ဤမွေးခါစအခါ, ပဋိသန္ဓေနေသောအခါတိုင်အောင် ငါလာခဲ့သော အစဉ်ကိုသိစေ, အမှတ် ရ စေသတည်း''ဟု အဓိဋ္ဌာန်ကိုပြုအပ်၏၊ သိနိုင်သောအဓိဋ္ဌာန် အဘိညာ ဇောကျလာ၏၊ သိ၏၊ |
22,924 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့နောင် ငါသည် ဘယ်ဘဝ ဘယ်အဖြစ်က လာခဲ့လေသနည်း။ |
22,925 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | “ငါလာခဲ့သော ရှေးဘဝကို သိစေ အမှတ်ရစေသတည်းဟု ပရိကံပြုပြီး လျှင် စျာန်ကိုဝင်စား၍ ထ၍ အဓိဋ္ဌာန်ခြင်းကိုပြုအပ်၏၊ ထိုအခါ ပဋိသန္ဓေမှ အရင်းသို့တိုးလျက် ရှေးဘဝကို သိမြင် အမှတ်ရနိုင်သော အဓိဋ္ဌာန် အဘိညာဇောကျလာ၏၊ အကယ်၍ မသိနိုင်, အမှတ်မရနိုင် သေးလျှင် စျာန်ဝင်စား၍ ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ သိမြင်အမှတ်ရနိုင်တော့၏၊ ဤယ... |
22,926 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤနည်းတူ ရှေးရှေးဘဝတို့ကိုလည်း သိအောင်, အမှတ်ရ အောင် နောက်ပြန်အောက်မေ့၍ သိအောင် ပြု၍ သွားရာ၏၊) |
22,927 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့သွားသောအခါ မိမိတို့စိတ်ဉာဏ် ထက်သန်သလောက် ဘဝများစွာ, ကမ္ဘာများစွာ အောက်မေ့ အမှတ်ရနိုင်ကြ, သိနိုင်ကြ၏၊ သာသနာပ ရသေ့ရဟန်းတို့ အောက်မေ့ကြသောအခါ ဉာဏ်အကြီးဆုံး ပုဂ္ဂိုလ်သည် ကမ္ဘာကြီး ၄၀-ကုန်အောင် အမှတ်ရနိုင်, သိနိုင်၏၊ ရဟန္တာ ပုဂ္ဂိုလ်တို့ကား မိမိတို့ဆုတောင်းပါရမီ ဖြည့်ခဲ့ရသမျှ ကာလကုန်အောင် အမှတ်ရနိုင်, သိနိုင်ကြ၏၊ သဗ္... |
22,928 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ ပြီး၏၊ |
22,929 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (င) ဒိဗ္ဗစက္ခုအဘိညာ |
22,930 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာ အရပ်တို့၌ရှိသော အဆင်းဝတ္ထုတို့ကို မြင်လိုသောအခါ အကယ်၍ နတ်ပြည်ကို မြင်လိုအံ့ အလင်းကသိုဏ်း၃-ခုတို့တွင် တစ်ခုခုကို ထိုမိမိမြင် လိုသော အရပ်သို့ဖြန့်ခင်း၍, နှိုးစျာန်ကိုဝင်စား၍, ထ၍ ပကတိ မျက်စိဖြင့် ဤအနီးရှိအဆင်းဝတ္ထုတို့ကို မြင်ရဘိသကဲ့သို့ ဤနတ်ပြည်ကို ငါမြင်အံ့ဟု ရည... |
22,931 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ထိုသတ္တဝါတို့ကို ကြည့်ရှု၍ မြင်၍ ဤသတ္တဝါတို့သည် ဘယ်လိုကံကိုပြု၍ ဤကဲ့သို့ စည်းစိမ် ချမ်းသာကို ရပါလိမ့်မည်နည်း၊ ဒုက္ခကို ခံရပါလိမ့်မည်နည်း- ဟု ကံကို ဆင်ခြင်ကြည့်ရှုလျှင် ကံကိုလည်း သိမြင်နိုင်တော့၏၊ ထိုကံကို သိမြင်နိုင်သည့်ဉာဏ်ကို ယထာကမ္မုပဂ အဘိညာ- ဟုခေါ်၏၊ |
22,932 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုသတ္တဝါတို့ကိုနောင်ဖြစ်လတ္တံ့သည်ကိုလည်း ဆင်ခြင် ကြည့်ရှုလျှင် သိမြင်နိုင်၏၊ ထိုသို့ သိမြင်နိုင်သော ဉာဏ်ကို အနာဂတံသ အဘိညာဟုခေါ်၏၊ ဤ အဘိညာ ၂-ပါးတို့ကိုလည်း ဒိဗ္ဗစက္ခုအဘိညာသို့ သွင်း၍ လောကီအဘိညာ ၅-ပါးဟု မိန့်ဆိုကြကုန်၏၊ |
22,933 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဗ္ဗစက္ခုအဘိညာ ပြီး၏၊ |
22,934 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ အဘိညာ ၅-ပါးထဲသို့ အရဟတ္တဖိုလ်ကို ထည့်၍ အဘိညာ ၆-ပါးဖြစ်၏၊ ဤအဘိညာ ၆-ပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု, အရဟတ္တဖိုလ်ဟူသော အာသဝက္ခယ၊ ဤ ၃-ပါးကို ဝိဇ္ဇာ ၃-ပါးဟု ခေါ်၏၊ အဘိညာ ၆-ပါးထဲကို ဝိပဿနာဉာဏ်, မနောမဟိဒ္ဓိ တန်ခိုး၊ ဤ ၂-ပါးကိုထည့်၊ ဝိဇ္ဇာ ၈-ပါးဟု ခေါ်၏၊ |
22,935 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မနောမယိဒ္ဓိ တန်ခိုးဟူသည်ကား မိမိကိုယ်ထဲကို ကောင်းကင်ဟု ဆင်ခြင် ဖန်ဆင်း၍ ထိုကိုယ် အခေါင်းထဲမှ မိမိကိုယ်ငယ် တစ်ခုကို ဖန်ဆင်း၍ဓားအိမ်မှ ဓားကို ထုတ်နုတ်ဘိသကဲ့သို့ ထုတ်နုတ်၍ ပြသော တန်ခိုးကိုခေါ်သည် ဣဒ္ဓဝိဓ တန်ခိုးပင်လျှင်တည်း။ |
22,936 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂ -စိတ္တဝိသုဒ္ဓိသည် ဝိပဿနာ၏ အခြေခံဖြစ်ပုံ |
22,937 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိညာစျာန်လမ်းမှ ဝိပဿနာစခန်းသို့ တက်ရန် |
22,938 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တန်ခိုး အဘိညာတို့နှင့်တကွ စျာန်သမာပတ်တို့ကို ရပြီး၍ စိတ်ဉာဏ်အလွန် ထက်သန်ကြည်လင် လတ်သော် |
22,939 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောဝိဝိစ္စေဝ ကာမေဟိ။ |
22,940 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လ။ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ |
22,941 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။ |
22,942 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လ။ ဌိတေ အာနဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ၊ သော ဣဒံ ဒုက္ခန္တိယထာဘူတံ ပဇာနာတိ။ |
22,943 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ပဉ္စင်္ဂုတ္တရပါဠိတော် ယောဓာဇီဝေါပမသုတ်) |
22,944 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်အလို့ငှာ စိတ်ကို ဝိပဿနာလမ်းသို့ ညွတ်စေ, တတ်စေအပ်၏၊ စျာန်၉-ပါးတို့တွင် ၁-ပါးပါးကို ဝင်စား၍ စျာန်သမာပတ်မှ ထပြီးလျှင် ရှေ့ပညာစခန်း၌ ပြလတ္တံ့သော ဓာတ်ကြီး ၄-ပါး, ၆-ပါး စသည်တို့ကို အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာထင်အောင် ရှုရာ၏၊ |
22,945 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မျက်မှန်, မှန်ပြောင်းဖြင့် တပ်ချိန်၍ ကြည့်သောအခါ ပကတိ မြင်နိုင်ခဲသော သိမ်မွေ့သော ဝေးသော အာရုံတို့ကိုပင်အလွယ်တကူ ချမ်းသာစွာ ထင်ထင်ရှားရှား မြင်ရဘိသကဲ့သို့ ထို့အတူ စျာန်ကိုဝင်စား၍, စျာန်သမာဓိကို အခြေခံ၍ ဝိပဿနာရှုသည်ရှိသော် အလွန်နက်နဲ သိမ်မွေ့သော အလွန်ဝေးသော အလွန်ထင်မြင်နိုင်ခဲသော အနိစ္စ လက္ခဏာ, ဒုက္ခလက္ခဏာ,အနတ္တလက္ခဏာ အာ... |
22,946 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လက္ခဏာရေး ၃-ပါးကို ထင်မြင်မှသာလျှင် နိဗ္ဗာန် ထင်မြင်ရ သည်ဖြစ်၍ လက္ခဏာရေး ၃-ပါးကို ထင်မြင်အောင် ကြည့်ရှုခြင်းသည် လည်း နိဗ္ဗာန်ကို ကြည့်ရှုမှုပင် မည်၏၊ စျာန်သမာပတ်ကို ဝင်စား၍, အခြေခံ၍ အာသဝေါကုန်မှုကို ရည်တော်မူ၍ |
22,947 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဌမံ ပါဟံ ဘိက္ခဝေ စျာနံ နိဿာယ အာသဝါနံ ခယံ ဝဒါမိ။ |
22,948 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လ။ နေဝသညာနာသညာယတနံ ပါဟံဘိက္ခဝေ စျာနံ နိဿာယအာသဝါနံ ခယံ ဝဒါမိ။ |
22,949 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (နဝင်္ဂုတ္တရပါဠိတော်) |
22,950 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဌမံပိ စျာနံ၊ ပဌမစျာန်ကိုလည်း။ |
22,951 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိသာယ၊ အခြေပါဒပြု၍, အမှီပြု၍၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်မှုကို။ |
22,952 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝဒါမိ၊ ဟောတော်မူလေ၏၊ လ။ |
22,953 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နေဝသညာနာသညာယတနံပိ စျာနံ၊ နေဝသညာ နာသညာယတနစျာန်ကိုလည်း။ |
22,954 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဿာယ၊ အခြေပါဒပြု၍။ |
22,955 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်မှုကို။ |
22,956 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝဒါမိ၊ ဟောတြားတော်မူ၏၊ |
22,957 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ စျာန်ကို ရှေးဦးစွာ ရအောင်ပြု၍ စျာန်ကို အခြေပါဒ ခံ၍အားထုတ်သဖြင့် ရအပ်သော မဂ်,ဖိုလ်ကို စေတောဝိမုတ္တိ မဂ်,ဖိုလ်၊ ထိုပုဂ္ဂိုလ်ကို စေတောဝိမုတ္တပုဂ္ဂိုလ်ဟုခေါ်သည်။ |
22,958 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စျာန်ကိုရအောင် ရှေးဦးစွာမပြုဘဲ, စျာန်ကို အခြေမခံဘဲလျက် ဝိပဿနာမဂ်လမ်းသက်သက်ကိုသာအား ထုတ်ရာ၌လည်း ရှေးရှေးသော နီးသောဘဝကစျာန်သမာပတ်ကို ရခဲဖူးသော အဓိကာရရှိခဲ့လျှင် မဂ်ပေါ် လာသော အခါစျာန်ပါ တစ်ခါတည်း ရ၍ ပါ၍လာ၏၊ ဤကဲ့သို့ စျာန်ပါ ပါ၍လာသောမဂ်,ဖိုလ်ကိုလည်း စေတောဝိမုတ္တိမဂ်,ဖိုလ်၊ ထိုပုဂ္ဂိုလ်ကို လည်း စေတောဝိမုတ္တပုဂ္ဂိုလ်-ဟုခေါ်... |
22,959 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့ ရှေးဦးစွာ စျာန်ကိုလည်း မရဘဲ, အခြေခံမရဘဲ, မဂ်ပေါ်သောအခါမှာလည်း စျာန်မပါလာဘဲ မဂ်ချည်းသန့်သန့် ဖြစ်ပေါ် လာသော မဂ်,ဖိုလ်ကို ပညာဝိမုတ္တိ မဂ်,ဖိုလ်,ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာဝိမုတ္တ ပုဂ္ဂိုလ်-ဟုခေါ်၏၊ စျာန်သမာဓိ အစေးမှ ခြောက်သွေ့သော သုက္ခဝိပဿကပုဂ္ဂိုလ်-ဟူ၍လည်း ခေါ်၏၊ |
22,960 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မံသစက္ခုဿ ဥပ္ပါဒေါ၊ မဂ္ဂေါဒိဗ္ဗဿ စက္ခုနော။ |
22,961 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယတော စဉာဏံ ဥဒပါဒိ၊ ပညာစက္ခု အနုတ္တရံ။ |
22,962 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယဿစက္ခုပဋိလာဘာ၊ သဗ္ဗဒုက္ခာပမုစ္စတိ။ |
22,963 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဣတိဝုတ်ပါဠိတော် တိစက္ခုသုတ်) |
22,964 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မံသစက္ခုဿ၊ ပကတိမံသ စက္ခု၏၊ ဥပ္ပါဒေါ၊ ဖြစ်ပေါ်ပါရှိ၍ လာခြင်းသည်။ |
22,965 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဗ္ဗဿစက္ခုနော၊ ဒိဗ္ဗစက္ခု၏၊ မဂ္ဂေါ၊ ဖြစ်ပေါ်ရရှိနိုင်သော အကြောင်းတည်း။ |
22,966 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယတောစ၊ အကြင်ဒိဗ္ဗ စက္ခုဟူသောအကြောင်းကြောင့်။ |
22,967 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဉာဏံ၊ နိဗ္ဗာန်ကိုသိမြင်နိုင် သော ဉာဏ်သည်။ |
22,968 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်နိုင်၏၊ ဧတံ၊ ဤကဲ့သို ဖြစ်ပေါ်သော ဉာဏ်သည်။ |
22,969 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုတ္တရံ၊ အတုမရှိလွန်မြတ်သော။ |
22,970 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပညာ စက္ခု၊ ပညာစက္ခုပေတည်း။ |
22,971 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပညာမျက်စိပေတည်း။ |
22,972 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယဿစက္ခု ပဋိလာဘာ၊ အကြင်ပညာစက္ခုကိုရခြင်းကြောင့်။ |
22,973 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သဗ္ဗဒုက္ခာ၊ အလုံးစုံ သောသံသရာဝဋ်ဒုက္ခမှ။ |
22,974 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပမုစ္စတိ၊ လွတ်၏၊ |
22,975 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမထဟုဆိုအပ်သော အဓိစိတ္တသိက္ခာသာသနာ-စိတ္တဝိသုဒ္ဓိ အခန်းပြီးပြည့်စုံပြီ။ |
22,976 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ္တဝိသုဒ္ဓိသည် ဝိပဿနာ၏အခြေခံဖြစ်ပုံကို ပြဆိုခန်း ပြီး၏၊ |
22,977 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၃- အဓိပညာသာသနာကို ပြဆိုခန်း |
22,978 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပုံ |
22,979 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) လက္ခဏနှင့်၊ ရသနှစ်ခု၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၊ သိမ်းရန် နာမ်နှင့်ရုပ်။ |
22,980 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) လေးချက်ပိုင်ပိုင်၊ ပိုင်းခြားနိုင်က၊ သတ္တဇီဝ၊ အတ္တအယူ၊ကင်းစင်ဖြူ၊ မှတ်ယူဒိဋ္ဌိဝိသုဒ္ဓိ။ |
22,981 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်, ဖဿ, ဝေဒနာ-အစရှိသော နာမ်တရားတို့ကိုလည်း ကောင်း၊ ပထဝီ, အာပေါ-အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း၊ ပထဝီ, အာပေါ, အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း ဓမ္မဝတ္ထာန ဉာဏ်ဖြင့်အသီးသီး ခြားခြားနားနား ထင်မြင်သိမ်းဆည်းနိုင်ရန် အချက် ကား |
22,982 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်,ဟူ၍ ၄-ပါးရှိ၏၊ |
22,983 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ရသသည် ကိစ္စရသ, သမ္ပတ္တိရသ-ဟူ၍ ၂-မျိုးရှိ၏၊ |
22,984 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ပစ္စုပဒဋ္ဌာန်သည် ဖလပစ္စုပဋ္ဌာန်, ဥပဋ္ဌာနကာရပစ္စုပဒဋ္ဌာန်ဟူ၍ ၂-မျိုးရှိ၏၊ |
22,985 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ စံပြုရန် |
22,986 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ပူခြင်းသဘောရင်းသည် မီိး၏လက္ခဏာ-တည်း။ |
22,987 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝတ္ထုတစ်ပါးကို လောင်ခြင်းအမှုသည် မီး၏ ကိစ္စရသ တည်း။ |
22,988 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထွန်းပခြင်း ဂုဏ်သည် မီး၏သမ္ပတ္တိရသ-တည်း။ |
22,989 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အခိုး အလျှံသည် မီး၏ ဖလပစ္စုပဋ္ဌာန်-တည်း။ |
22,990 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထွန်းပခြင်း ဟူသော သမ္ပတ္တိရသသည်ပင်လျှင် မီး၏ ဥပဋ္ဌာန ကာရ ပစ္စုပဋ္ဌာန်တည်း။ |
22,991 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထင်းမီးစာသည်လည်းကောင်း, မီးကိုဖြစ်စေတတ်သော ပယောဂအထူးသည်လည်းကောင်း မီး၏ ပဒဋ္ဌာန်-တည်း။ |
22,992 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုံကို သိခြင်းသည် စိတ်၏ လက္ခဏာ-တည်း။ |
22,993 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စေတသိက်၏ ရှေ့ဆောင် ရှေ့သွားဖြစ်မှုသည် စိတ်၏ရသတည်း။ |
22,994 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေ့နောက် အစဉ်စပ်မှုသည် စိတ်၏ စိတ်၏ ပစ္စုပဋ္ဌာန်-တည်း။ |
22,995 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာမ် ၂-ပါးသည် စိတ်၏ ပဒဋ္ဌာန်-တည်း။ |
22,996 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (လက္ခဏာကား သဘောတည်း၊ ရသကား ကိစ္စနှင့်ဂုဏ်တည်း၊ ပစ္စပဋ္ဌာန်ကား ထင်ပေါ်သော တံခွန် တည်း၊ ပဒဋ္ဌာန်ကား အလွန်နီးစပ် သော အကြောင်းတည်း၊ အကျိုးကိုဖြစ်စေမှု၌ မချွတ်မယွင်းနိုင်သော အကြောင်းဟူလို။ |
22,997 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | )ဤ ၄-ပါးနှင့် ခြားနားစွာ ထင်မြင်သည်ရှိသော် တရား ၁-ပါးနှင့် ထွေးယှက်ခြင်း မရှိစေမူ၍ တစ်ခုတစ်ခုသော နာမ်တရား ရုပ်တရားတိုကို သီးသန့်ခြားစွာ သိမြင်လေ၏၊ |
22,998 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံ ပြီး၏၊ |
22,999 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ပုံ |
23,000 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ နာမရူပ၊ သင်္ခါရ၏၊ ပဋိစ္စဇာတ်၊ သမုပ္ပါဒ်ကို၊ အထပ်ထပ် ထင်၊ ပိုင်ပိုင်မြင်က၊ ကင်္ခါယုံမှား၊ ၁၆- ပါးနှင့်၊ ရှစ်ပါး ဝိစိ၊ ဒိဋ္ဌိဖြာဖြာ ကင်းစင်ကွာ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.