id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
23,001 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခပ်သိမ်းသော နာမ်ရုပ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ်ကို ပိုင်ပိုင် ထင်မြင်နိုင်သည်ရှိသော် သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါးနှင့် အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါးတို့ကို လွန်မြောက်နိုင်သော ကင်္ခါဝိတရဏဝိသုဒ္ခိ စခန်းသို့ တန်းတန်း မတ်မတ် ဆိုက်ရောက်လေတော့၏၊ |
23,002 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါး |
23,003 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတိတ်၌ ယုံမှားခြင်း ၅-ပါး |
23,004 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရှေး၌ ငါဖြစ်ဖူးပြီလော။ |
23,005 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ရှေး၌ ငါမဖြစ်ဖူးသေးဘူးလော။ |
23,006 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဘယ်အမျိုး အနွယ်အားဖြင့် ဖြစ်ဘူးလေသနည်း။ |
23,007 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ဘူးလေသနည်း။ |
23,008 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အဘယ် အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ခဲ့ရ လေသနည်း။ |
23,009 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အတိတ်၌ ယုံမှားခြင်း ၅-ပါးတည်း။ |
23,010 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အနာဂတ်၌ ယုံမှားခြင်း ၅-ပါး |
23,011 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ နောင်၌ ငါဖြစ်ရလတ္တံ့လော။ |
23,012 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နောင်၌ ငါမဖြစ်ရလတ္တံ့လော။ |
23,013 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဘယ်အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။ |
23,014 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အဘယ်အဆင်း သဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တ့နည်း။ |
23,015 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အဘယ် အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ရ လတ္တ့နည်း။ |
23,016 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အနာဂတ်၌ ယုံမှားခြင်း ၅-ပါးတည်း။ |
23,017 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ပစ္စုပ္ပန်၌ ယုံမှားခြင်း ၆-ပါး |
23,018 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ယခု ငါသည် ဖြစ်ဆဲလော။ |
23,019 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ယခု ငါသည် ဖြစ်ဆဲမဟုတ်လေသလော။ |
23,020 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။ |
23,021 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်လေသနည်း။ |
23,022 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အဘယ်ဘဝမှ လာခဲ့သနည်း။ |
23,023 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အဘယ်ဘဝသို့ သွားရမည်နည်း။ |
23,024 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ပစ္စုပ္ပန်၌ယုံမှားခြင်း ၆-ပါးတည်း။ |
23,025 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါးပြီး၏၊ |
23,026 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါး |
23,027 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘုရား၌ ယုံမှားခြင်း၊ |
23,028 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ တရား၌ ယုံမှားခြင်း၊ |
23,029 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သံဃာ၌ ယုံမှားခြင်း၊ |
23,030 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အကျင့်သိက္ခာ၌ ယုံမှားခြင်း၊ |
23,031 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း |
23,032 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း၊ |
23,033 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ သံသရာ၏ ရှေ့နောက်အစွန်း ၂-ပါး၌ ယုံမှားခြင်း၊ |
23,034 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း၊ |
23,035 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါးတည်း။ |
23,036 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍မရှိ-ဟုယူသော အဟေတုကဒိဋ္ဌိ, ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရား ဖန်ဆင်းသည် ဟူ၍ယူသော ဝိသမဟေတုဒိဋ္ဌိ-အစရှိသော ဒိဋ္ဌိအမျိုးမျိုးတို့ကို လွန် မြောက်သော် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏၊ |
23,037 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ပုံ ပြီး၏၊ |
23,038 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ဝိပဿနာဉာဏ် ၁၀-ပါး |
23,039 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သမ္မသနဉာဏ်။ |
23,040 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥဒယဗ္ဗယဉာဏ်။ |
23,041 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘင်္ဂဉာဏ်။ |
23,042 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အာဒိနဝဉာဏ်။ |
23,043 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဗ္ဗဒါဉာဏ်။ |
23,044 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မုစ္စိတုကမျတာဉာဏ်။ |
23,045 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဒိသင်္ခါဉာဏ်။ |
23,046 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခါရုပေက္ခာဉာဏ်။ |
23,047 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနုလောမဉာဏ်။ |
23,048 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဝိပဿနာဉာဏ် ၁၀-ပါး သရုပ်တည်း။ |
23,049 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ခန္ဓာဝိနည်း၊ ဖွဲ့စည်းပြီးခါ၊ ၃-ဖြာလက္ခဏ၊ သုံးသပ်ရ၊ သမ္မသနဉာဏ်။ |
23,050 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာ ၅-ပါးစသည် စုပုံ ဖွဲ့စည်းအပ်၏ |
23,051 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပံ အနိစ္စံ ခယဋ္ဌေန။ |
23,052 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပံ ဒုက္ဓံ ဘယဋ္ဌေန။ |
23,053 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပံ အနတ္တာ အသာရကဋ္ဌေန |
23,054 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အစရှိသည်ဖြင့် လက္ခဏာရေး ၃-ပါးတင်၍ အဖန်ဖန် အထပ် ထပ် သုံးသပ်သောဉာဏ်သည် သမ္မသန ဉာဏ်မည်၏၊ |
23,055 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဖြစ်ပွားပျက်မှု၊ အစုံရှု၊ ဥဒယဘယဉာဏ်။ |
23,056 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန်-စသည်တို့၏ ခဏချင်း ဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံအစုံရှုသော ဉာဏ်သည် ဥဒယဘယဉာဏ်မည်၏၊ |
23,057 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အပျက်ကိုသာ၊ ရှုတုံပါ၊သညာဘင်္ဂဉာဏ်။ |
23,058 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဖြစ်အပြက် ၂-ပါးတွင် အဖြစ်ကားမြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်းဖြစ်၏၊ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက် သက်ကိုရှုသောဉာဏ်သည် ဘင်္ဂဉာဏ်မည်၏၊ |
23,059 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အပျက်မြင်က၊ ဘယမစ္စု၊ ပျက်မှုခပင်း၊ ဘေးသေမင်းဟု၊ ကြောက်ခင်းထွေထွေ၊ ရှုတုံပေ၊ မှတ်လေဘယဉာဏ်။ |
23,060 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သော အခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်း ကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ်မည်၏၊ |
23,061 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ကြောက်ဖွယ်ခပင်း၊ မြင်တုံလျင်းက၊ ဘေး ဘယမျိုး၊ ရုပ်နာမ်ဆိုး၌၊ ကိုးရာမရှိ၊ ခက်မှန်း သိ၊ အာဒိနဝဉာဏ်။ |
23,062 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေး ဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကား ဟု ရှုဆင်ခြင်သော ဉာဏ်သည် အာဒိနဝဉာဏ်မည်၏၊ |
23,063 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၍၊ မချမ်းမမြေ့၊ ငြီးငွေ့သော ထွေ၊ စိတ်အနေ၊ မှတ်လေနိဗ္ဗိဒံ။ |
23,064 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မပျော်မွေ့ ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင် သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ်မည်၏၊ |
23,065 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ငြီးငွေ့ အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊ မုစ္စိတုကမျတာဉာဏ်။ |
23,066 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မပျော်မမွေ့ ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်း ထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာ ဉာဏ်မည်၏၊ |
23,067 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ထွက်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာ ၄၀၊ အကျယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။ |
23,068 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အလွန်တရာ လွတ်လိုလှ၌ လွတ်ခွင့်ရတဲ့ခြင်းငှာ ဘာဝနာ ၄၀- တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ်မည်၏၊ |
23,069 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အားတိုက်ရှု၍၊ လွတ်မှုလွတ်ရန်၊ အမြင်သန်က၊ ရုပ်နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မဖွယ်သမှု၊ လျစ်လျူရှု၊ သင်္ခါရုပေက္ခာဉာဏ်။ |
23,070 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ် သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ်မည်၏၊ |
23,071 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဘာဝနာ ၄၀-ဆိုသည်ကား တော ၄၀-ပင်တည်း၊ ဤစာအုပ် တစ်နေရာမှာ ကြည့်ပါ။ |
23,072 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ မဂ်ရောက်လိုသော်၊ အဆော်အနှူး၊ မဂ်၄- ဦးအား၊ အထူးလျော်မှု၊ ကျေးဇူးပြု၊ အနုလောမ ဉာဏ်။ |
23,073 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိပဿနာဉာဏ်ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ် အောင် နိုးဆော်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ် သည် အနုလောမဉာဏ်မည်ဧ်။ |
23,074 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂဟေအစပ်ကောင်းလှသောဉာဏ်-ဟူလို) ဝိပဿနာဉာဏ် ၁၀-ပါးပြီးဧ်။ |
23,075 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိပဿနာဉာဏ် ၁၀-ပါး၌ မှတ်ဖွယ် |
23,076 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိပဿနာဉာဏ် ၁၀-ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် ၃-ပါးသည် တီရဏပရိညာ-မည်၏၊ ထိုဉာဏ်၃-ပါးတို့တွင်- |
23,077 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သမ္မသနညဏ် ဆိုသည်ကား, ရုပ်တရား နာမ်တရား တို့မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သော တရားမျိုး မဟုတ်ကုန်၊ မျက်တောင်တစ်ခတ် လျှပ် တစ်ပြက် အတွင်းမှာပင် အခါများစွာ သေဆုံး ချုပ်ပျက်ရသော အနိစ္စမျိုး, ဒုက္ခမျိုး, အနတ္တမျိုးတို့သည် ဧကန်စင်စစ် ဖြစ်ကြကုန်သည်-ဟု ဉာဏ် အမြင်ပေါ်အောင် အားထုတ်အပ်သော ဝိပဿနာဉာဏ်... |
23,078 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘိဓမ္မာ ကျမ်းဂန်တတ်၍ ဓမ္မသဘာဝတို့ကို နေရာကျ သိနိုင် သော သဘောယုတ္တိ ဉာဏ်မျိုးသည် ဝိပဿနာဉာဏ် မဟုတ်၊ သုတမယဉာဏ်သာတည်း၊ ဝိပဿနာ-ဉာဏ်သည်ကား စိန္တာမယ-ဉာဏ်တည်း၊ ယခုကာလ၌ကား သုတမယ-ဉာဏ်အနေနှင့် ထင်မှု, မြင်မှု, နှလုံးသွင်းမှု ကိုပင် ဝိပဿနာဉာဏ်ဟု ထင်မှတ်၍ နေကြသူများ၏၊ |
23,079 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဆေးသောက်လို၍ မီးခြစ်ရာ၌ ခြစ်မိသော နေရာမှ မုန်ညှင်းစေ့မျှ မီးတောက် ဖြစ်ပေါ်သည်မှစ၍ တိုးပွား၍လာသည်ကိုလည်းကောင်း အတိုးအပွား ရပ်ပြီးနောက် ဆုတ်ယုတ်၍ သွားသည်ကိုလည်းကောင်း, အဆုံးသတ် သေပျောက်၍ သွားသည်ကိုလည်းကောင်း, မျက်စိဖြင့် ပစ္စက္ခ ဒိဋ္ဌမြင်ကြသကဲ့သို့ ကိုယ်ခန္ဓာအတွင်း၌ ရုပ်တရား, နာမ်တရားတို့၏ ထိုထို အခိုက်အတန့်အားလျော်စွ... |
23,080 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကွယ်ပျောက်မှုကိုသာ အထူးကွယ်ပျောက်မှုကိုသာ အထူး ကွက်ခြား၍ ဒိဋ္ဌပစ္စက္ခ အမြင်ပေါက် အောင်ရှုမှုသည် ဘင်္ဂဉာဏ် မည်၏၊ ဝိပဿနာဉာဏ် ၁၀-ပါး၌မှတ်ဖွယ် ပြီး၏၊ |
23,081 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဥဒယဉာဏ်၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ချက်အန္တရာယ်။ |
23,082 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရောင်, ပီတိ၊ ပဿဒ္ဓိနှစ်ဖြာ၊ သဒ္ဓါ, ဝီရိယ၊ သုခ, ဗုဒ္ဓိ၊ နိကန္တိနှင့်၊ သတိနှင့်၊ သတိ,ဥပေက္ခာ၊ ဤ ဆယ်ဖြာ၊ မှတ်ပါအန္တရာယ်။ |
23,083 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် ဥဒယဗ္ဗယဉာဏ် ရင့်သန် ထက် မြက်လာသောအခါ ဖြစ်ပေါ်၍လာတတ်သော အန္တရာယ် ၁၀-ပါးကား |
23,084 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩဘာသ, ပီတိ, ကာယပဒ္ဓိ-စိတ္တပဿဒ္ဓိ, သဒ္ဓါ, ဝီရိယ, သုခ, ဗုဒ္ဓိ, သတိ, ဥပေက္ခာ, နိကန္တိ။ |
23,085 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဩဘာသ-ဝိပဿနာ၏ အရောင်ဖြစ်ပေါ်လာခြင်း |
23,086 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပီတိ-ခုဒ္ဒကာပီတိ, ခဏီကာပီတိ, ဩက္ကန္တိကာပီတိ, ဥဗ္ဗေဂါ ပီတိ, |
23,087 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကာယပဿဒ္ဓိ-စိတ္တပဿဒ္ခိ=ကိုယ်စိတ်တို့၏ ငြိမ်းခြင်း, |
23,088 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သဒ္ဓါ =အလွန်ကြည်စေတတ်သော သဒ္ဓါရှိခြင်း, |
23,089 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဝီရိယ=မမေ့မလျော့ဘဲ အားထုတ်ချီးပင့်ခြင်း |
23,090 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သုခ=ဝိပဿနာနှင့်ယှဉ်သောစေတသိကသုခ-အလွန်ချမ်း သာခြင်း, |
23,091 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဗုဒ္ဓိ=ထက်မြက်စူးရှသော ဉာဏ်အမြင် ပေါ်လာခြင်း, |
23,092 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ သတိ=ဝိပဿနာနှင့် ယှဉ်သော ကျောက်စာတိုင်နှင့် တူသော သတိဖြစ်လာခြင်း, |
23,093 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ဥပေက္ခာ=သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်း, |
23,094 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ နိကန္တိ=ဝိပဿနာ၌ အာသာငင်းငင်းတွယ်တာခြင်း, အန္တရာယ် ၁၀-ပါး ပြီး၏၊ |
23,095 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ |
23,096 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ထိုဆယ်ချက်တွင်၊ မဂ်အထင်ကို၊ ပယ်ထွင် ရှင်းကာ၊ အလင်းသာ၊ မဂ္ဂါမဂ္ဂဉာဏ ဒဿန ဝိသုဒ္ဓိ။ |
23,097 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥဒယဘယဉာဏ် ထက်သန်သောအခါ မကြုံစဘူး အလွန်ထူး သောကိုယ်ရောင် ကိုယ်ဝါ-စသည် ဖြစ်ပေါ်၍ လာတတ်၏၊ ထိုအခါ ထိုကိုယ်ရောင် ကိုယ်ဝါ-စသည်ကို သာယာသော တဏှာနိကန္တိ အတွက် မဂ်ကို ငါရပြီ၊ ဖိုလ်ကို ငါရပြီဟု အထင်ကပ်၍ ဝိပဿနာကို လွှတ်၍ နေတတ်၏၊ ထိုအခါ၍ မဂ်-ဟူ၍ ထင်မိသော ထိုပီတိ, ပဿဒ္ဓီ-စသည်၏ လောကုတ္တရာမဂ် မဟုတ်သေးကြောင်းကို ရှင်းလင်းနိုင်သော ဉာဏ်သ... |
23,098 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (င) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ |
23,099 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဥဒယဉာဏ်၊ တစ်ဖန်ပျိုးကာ၊ ကိုးဖြာဉာဏ်စဉ်၊ စခန်းထွင်၍၊ အမြင်လင်းဘိ၊ ထိုးထွင်းသိ၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ။ |
23,100 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အန္တရာယ်ကို သုတ်သင်းပြီးမှ ဥဒယဗ္ဗယဉာဏ်ကိုပင် တဖန်ပြုစုပျိုးထောင်၍ ယူပြီးလျှင် ထိုဉာဏ်မှစ၍ အားထုတ်လတ်သော် အစဉ်အတိုင်း နေရာကျဖြစ်ပွါး၍စွားသော ဝိပဿနဉာဏ် ၉-ပါးသည် ပဋိပဒါဉာဏ ဒဿန ဝိသုဒ္ဓိမည်၏၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.