id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
23,101
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိပဒါဉာဏဒဿနဝိသုဒဒ္ဓိဖြစ်ပုံ
23,102
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ သင်္ခါရုနှင့်၊ အနုလောမ၊ ဉာဏ်နှစ်ဝ၊ ဝုဋ္ဌာန ဂါမိနီလည်း ခေါ်သတည်း။
23,103
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁၀-ပါးသော ဝိပဿနာဉာဏ်တို့တွင် နောက်ဆုံးဖြစ်သောသင်္ခါရုပေက္ခာဉာဏ်သည်, အနုလောမဉာဏ်၊ ဤဉာဏ်နှစ်ခုကို ဝုဋ္ဌာန ဂါမိနီ-လည်းခေါ်သည်၊ ဝဋ် ၃-ပါးမှကျွတ်လွတ်ထမြောက်ခြင်း အနက် ကြောင့် မဂ်ကို ဝုဋ္ဌာန-ဆိုသည်၊ ထိုမဂ်သို့ မချွတ်မလွဲ ရောက်စေတတ် သောအနက်ကြောင့် ထိုဉာဏ်နှစ်ခုကို ဝုဋ္ဌာနဂါမိနီ-ခေါ်သည်။
23,104
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊
23,105
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စ) ပထမ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ
23,106
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ဝုဋ္ဌာနဂါမ်၊ လွန်ရင့်သန်က၊ နိဗ္ဗာန်ပေါက်ခါ၊ မဂ်ရောက်လာ၊ ဉာဏဒဿနဝိသုဒ္ဓိ။
23,107
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝုဋ္ဌာနဂါမ်မိနီဝိပဿနာဉာဏ် ရင့်သန်သောအခါ၌ နိဗ္ဗာန်ကို အာရုံပြုသော လောကုတ္တရာမဂ်ဉာဏ် ဖြစ်ပေါ်ပေါက်၍ လာ၏၊ မဂ် ဉာဏ် ၄-ပါးကို ဉာဏဒဿနဝိသုဒ္ဓိ ခေါ်သည်၊ ဤအရာ၌ကား သောတာပတ္တိမဂ် ဉာဏ်တည်း။
23,108
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ဘဝင် ၂-ကြိမ်၊ လက္ခဏာရေး ၃-ပါးတွင်တစ်ပါးပါးလျှင် အာရုံရှိသော မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ၁-ကြိမ်စီ၊ နိဗ္ဗာန်ကိုအာရုံပြုသော ဂေါတြဘူ ၁-ကြိမ်၊ သောတာပတ္တိ ၁-ကြိမ်၊ သောတာပတ္တိဖိုလ် ၂-ကြိမ်၊ ထိုနောင်ဘဝင်ကျ၏၊
23,109
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဝီထိပိုင်းဆိုင်ရာတည်း။
23,110
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ သိ, ပယ်,ဆိုက်, ပွါး၊ လေးပါးအချက်၊ တစ်ပြိုင် နက်၊ မဂ်၏ကိစ္စတည်း။
23,111
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအမှန်ကို သိခြင်း၊
23,112
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ သမုဒယအသင်းဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်းကိစ္စ၊
23,113
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏လည်းကောင်း, အပါယဒုက္ခတို့၏လည်း ကောင်း တစ်ချက်တည်း အပြီးတိုင် ငြိမ်းမှုသို့ ဆိုက်ရောက် ခြင်း ကိစ္စ၊
23,114
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ မဂ်ကိုပွါးများမှု တစ်စခန်း ထမြောက်ပြီးစီးခြင်း ကိစ္စ, ဤကိစ္စ ၄-ပါးကိုမဂ်သည် တစ်ပြိုင်နက် ဖြစ်စနိုင်သည်။
23,115
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ဒိဋ္ဌိ,ဝိစိ၊ ပယ်သတ်ဘိ၊ အာဒိမဂ်သောတာ။
23,116
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤမဂ်ကိုရသည်နှင့်တပြိုင်နက် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို ပယ်သတ်၏၊
23,117
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒုစရိုက်ကံဟောင်း, ကံသစ်, အကုန်ချုပ်ငြိမ်း၏၊ ထိုပုဂ္ဂိုလ်သည် ကာမဘုံ၌ ပဋိသန္တေ ၇-ကြိမ်သာရှိ၏၊
23,118
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပစ္စဝေက္ခဏာ ၅-ဝီထိဖြစ်ပုံ
23,119
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ မဂ်, ဖိုလ်, နိဗ္ဗာန်၊ ပယ်ကြွင်းကျန်၊ နှစ်တန် ကိလေသာ။
23,120
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အစဉ်သမှု၊ အမြင်ရှု၊ ငါးခု ပစ္စဝေက္ခဏာ။
23,121
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို သောတာပတ္တိမဂ္ဂဝီထိ၏ နောက်၌
23,122
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မဂ်ကို ရှုဆင်ခြင်သော ဝီထိ၊
23,123
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဖိုလ်ကို ရှုဆင်ခြင်သော ဝီထိ၊
23,124
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ နိဗ္ဗာန်ကို ရှုဆင်သော ဝီထိ၊
23,125
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ပယ်ပြီး ကိလေသာကို ရှုဆင်ခြင်သော ဝီထိ၊
23,126
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ကိလေသာကြွင်းစုကို ရှုဆင်ခြင်သော ဝီထိ၊
23,127
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ပစ္စဝေက္ခဏာ ၅-ဝီထိ ဖြစ်မြဲ။
23,128
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ထက်မဂ်ကိုလျှင်၊ မရောက်ခင်၊ ဖိုလ်လျှင် လဲလျောင်းရာ။
23,129
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အထက်မဂ်သို့ မရောက်မီအတွင်း သောတာပန် ပုဂ္ဂိုလ်အဖြစ်ဖြင့် နှစ်လများစွာလည်းကောင်း, ကာမဘုံ၌ ၇-ဘဝ၊ ဗြဟ္မာ့ဘုံ၌ ဘဝကမ္ဘာ များစွာပတ်လုံးလည်းကောင်း သောတာပတ္တိဖိုလ်ကို အလိုရှိတိုင်း ဝင်စား၏၊
23,130
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝီထိကျပုံကား- ဘဝင် ၂-ကြိမ်၊ ရုပ်နာမ်ဓမ္မ သင်္ခါရလျှင် အာရုံရှိသော မနောဒွါရာဝဇ္ဇန်း၊ အနုလုံ ၃-ကြိမ်လည်းကောင်း, ၄- ကြိမ်လည်းကောင်း၊ ထို့နောင် နိဗ္ဗာန်လျှင် အာရုံရှိသော သောတာပတ္တိ ဖိုလ်ဇော အကြိမ်ပေါင်း အနန္တ အလိုရှိသမျှဖြစ်၏၊ ထို့နောင် ဘဝင်ကျ၏၊
23,131
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအခါ၌ ပူအိုက်လှတုန်းအခါ အေးမြစွာသော ရေအိုင်ကြီး ထဲသို့ဆင်း၍ ငုတ်ရဘိသကဲ့သို့ ထို သောတာပန်ပုဂ္ဂိုလ်သည် ဖိုလ်၏ အတွေ့ နိဗ္ဗာန်၏အတွေ့တို့ဖြင့် အလွန်ချမ်းမြေ့လေသတည်း၊ အထက် မဂ်သို့ မရောက်မီ ဘဝများစွာ,ကမ္ဘာများစွာပတ်လုံး ထိုဖိုလ်သည် လဲ လျောင်းရာဖြစ်၏၊
23,132
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဗြဟ္မာပြည်သို့ သွားလတ္တံ့သော ဝဋ္ဋာဘိရတသောတာပန်, ဗြဟ္မာ့ပြည်မှာဖြစ်သော ဗြဟ္မာ သောတာပန်တို့ကို ရည်၍ ကမ္ဘာများစွာဟု ဆိုသည်။
23,133
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
)သတ္တက္ခတ္တုပရမ သောတာပန်, ကောလံကောလ သောတာပန်, ဧကဗီဇီသောတာပန်တို့ကား ဤကာမ ဘုံမှာပင် ရဟန္တာဖြစ်၍ ငြိမ်းကြ ကုန်လတ္တံ့။
23,134
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိသန္ဓေ ၇-ကြိမ်မှ ငြိမ်သည်ကား သတ္တက္ခတ္တုပရမ-တည်း။
23,135
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆-ကြိမ်, ၅-ကြိမ်, ၄-ကြိမ်, ၃-ကြိမ်, ၂-ကြိမ်တွင် ငြိမ်သူတို့ကား ကောလံကောလ-တို့တည်း။
23,136
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁-ကြိမ်တွင် ငြိမ်သူတို့ကား ဧကဗီဇီ-တို့တည်း။
23,137
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဌမမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊
23,138
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ
23,139
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ကာ, ဗျာ-နှစ်ထွေ၊ အကျန်ချွေ၊ ရောက်လေ သကဒါဂါ။
23,140
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောတာပန်သည် ဝိပဿနာဉာဏ် ၁၀-တန်ကို တစ်ဖန် အားထုတ်ပြန်သည်ရှိသော် သကဒါဂါမိမဂ်သို့ ရောက်ပြန်၏၊ သောတာ
23,141
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပန်အမည် ကွယ်လေ၏၊ သကဒါဂါမိအမည်ကို ရလေ၏၊ ကိလေသာမှာ သောတာပန်အခါ၌ အကျန်ကိလေသာစုတွင် ရုန့်ရင်းလျက်ရှိသေးသော ကာမရာဂ, ဗျာပါဒ ၂-ခုကိုပယ်သတ်၏၊ သိမ်မွေ့သော ကာမရာဂ, ဗျာပါဒ-သည်ကျန်ရှိသေး၏၊ ကာမဘုံမှာ ၁-ကြိမ်သာ ပဋိသန္ဓေ ရှိ၏၊
23,142
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ကြွင်းသော အစီရင်စုမှာ ပဌမမဂ္ဂဉာဏဒဿန- နည်းတူသိလေ။
23,143
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏၊
23,144
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ
23,145
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ ကာ, ဗျာ-နှစ်ထွေ။
23,146
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကုန်ချွေ၊ ရောင်လေ အနာဂါ။
23,147
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာမရာဂ,ဗျာပါဒ-ကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်မူ, ကာမရာဂ-မရှိသဖြင့် ကာမဘုံမှာ ပဋိသန္ဓေနေရန် ကိစ္စမရှိမူ၊ ဤမျှသာထူး၏၊ အကြွင်းမှာ ရှေးနည်းတူ သိလေ။
23,148
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဤဘဝ၌ ရဟန္တာဖြစ်၍ ငြိမ်းသောပုဂ္ဂိုလ်,
23,149
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဗြဟ္မာ့ပြည်သို့ သွားရသောပုဂ္ဂိုလ်,
23,150
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ၂-မျိုး ရှိ၏၊
23,151
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အန္တရာ ပရိနိဗ္ဗာယီ,
23,152
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဥပဟစ္စ ပရိနိဗ္ဗာယီ,
23,153
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ သသင်္ခါရ ပရိနိဗ္ဗာယီ,
23,154
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ အသင်္ခါရ ပရိနိဗ္ဗာယီ,
23,155
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ,
23,156
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟူ၍ ၅-မျိုး ရှိ၏၊
23,157
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏၊
23,158
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စတုတ္ထဉာဏဒဿန ဝိသုဒ္ဓိဖြစ်ပုံ
23,159
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ သဗ္ဗကိလေ၊ အကုန်ချွေ၊ ရောက်လေ အရဟတ္ထာ။
23,160
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနာဂါမ်ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ် ၁၀-တန်ကို အားထုတ်
23,161
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြန်သည်ရှိသော် အရဟတ္တမဂ်သို့ ရောက်လေ၏၊ ကိလေသာဓာတ်စု အကုန်သေ၏၊ ဘဝပဋိသန္ဓေ မရှိပြီ၊ ပစ္စဝေက္ခဏာ ဝီထိမှာ ကြွင်း ကိလေသာကို ဆင်ခြင်သော ပဉ္စမဝီထိ မရပြီ၊ ၄-ဝီထိသာ ရှိတော့သည်။
23,162
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စတုတ္ထမဂ္ဂဉာဏ်ဒဿနဝိသုဒ္ဓိ ပြီး၏၊
23,163
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဂ်ပေါ်ပုံကို အစဉ်အားဖြင့်ပြဆိုချက်
23,164
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြောင်းအကျိုး ဆက်စပ်ဖွဲ့စည်း၍နေသော ရုပ်နာမ်ခန္ဓာတို့၏ တစ်ခုသည် တစ်ခုအား ကျေးဇူးပြုကာ နေကြသဖြင့် သံသရာအစဉ်
23,165
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အမြင်မပြတ်ဘဲ ရုပ်ခဲ နာမ်ခဲတွေ ဖြစ်၍နေ၏၊ ဤရုပ်ခဲ နာမ်ခဲ ပေါင်းစပ်ဖွဲ့ယှက် ကျေးဇူးဆက်၍နေသော တရားအစုကိုပင်လျှင် ရုပ်ခဲ နာမ်ခဲတွေ-ဟု အမှန်သိနိုင်သောဉာဏ်ပညာ မပေါ်ပေါက်နိုင်ရကား ငါ၏ခန္ဓာ ငါ့ဥစ္စာပင် ငါပဲထင်၍ ပြင်ပြင်မှောက်မှား နေကြရုံမျှမက ၎င်းအထင်မှားမှု ဒိဋ္ဌိအတွက်နှင့်ပင် သံသရာအတွင်း ပဋိစ္စသမုပ္ပါဒ် ကျော့ကွင်းမိ၍ စင်စစ်ဒု...
23,166
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့အကြောင်းအကျိုး အပြန်အလှန်ဖွဲ့စည်း၍နေသော ခန္ဓာအစဉ်,အာယတန အစဉ်သည်ပင်လျှင် သံသရာ အလျဉ့်ကြီးဖြစ်၍ နေ၏၊ ခန္ဓာ,အာယတန,ဓာတ်တို့မှတစ်ပါး သံသရာ-ဟူ၍မရှိ၊ ဤခန္ဓာ ကိုယ်သည် သင်္ခါရ တရားအစု အပုံကြီးမျှသာတည်း၊ ဤခန္ဓာ၌ လူဆိုဖို့ရန်, နတ်ဆိုဖို့ရန်, သတ္တဝါဆိုဖို့ရန်တစ်စုံတစ်ခုသော ဓာတ်မျှ မပါမရှိ၊ ကောက်ရိုး အမှိုက်ထွေးကို လူပုံနှင့...
23,167
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝင်ရိုး, စက်ဘီး-စသော သေးသေးဖွဲ့ဖွဲ့မှ စ၍ ရထား၏ အင်္ဂါအပေါင်းတို့ စပ်ဖွဲ့နေသည်ရှိသော် ၎င်းသစ်အား, သံ, ကြေးအစိတ်စိတ် အစုအပုံကို ရထားဟူ၍ ခေါ်ဝေါ်ရ၏၊ ဤဝတ္ထုအစုအပုံ၌ ရထား ဘယ်ဟာပါလဲ-ဟု ရှာကြံသော် ဘာတစ်ခုမျှ မတွေ့မရှိဘိသကဲ့သို့ ထို့အတူ သက်သက် သင်္ခါရ ရုပ်နာမ်တို့စုခဲ၍ အတ္ထိပစ္စယသတ္တိဖြင့် တစ်ခုသော ပစ္စုပ္ပန်ရှိဆဲရုပ်နာမ်အား စ...
23,168
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ ရုပ်နာမ်အစုသက်သက်ကို မြင်လျှင် ငါပင် ငါပဲ- ဟု လွှဲမှားသော အထင်ပျောက်၍ ဒိဋ္ဌိဝိသုဒ္ဓိလမ်းပေါက်၏၊ ထိုသို့ ဒိဋ္ဌိ
23,169
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိသုဒ္ဓိလမ်းပေါက်က ဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရား ဆက်လက်၍နေသော တရားတို့၏ ပစ္စည်း, ပစ္စယုပ္ပန်-အစဉ်အတန်း ရုပ်နာမ်စခန်း, ရုပ်နာမ် လမ်းမကြီးသာတည်း၊ ဘယ်ဘဝက လာ၍ ဘယ်ဘဝသို့သွားသော ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး မရှိ-ဟု ပိုင်နိုင်စွာ အသိဉာဏ်ပေါက် သောအခါ အမျိုးမျိုးသော ယုံမှားသင...
23,170
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤကဲ့သို့ ပေါက်ရောက်အောင် ကြည့်ရှုနည်းသည် အနုဆုံးသော နည်းလမ်းဖြစ်၏၊ ဤသို့ အကြောင်းအတွက် အကျိုးဖြစ်၍ နေရ၏ အကြောင်းကို နုတ်လျှင် ငုတ်တုတ်ပင်ပြိုပျက်၍အကျိုးတရား မဆက်နိုင် ဟု စင်စစ်မြင်လျှင် ဥဒယဗ္ဗယ ဉာဏ်စခန်းသို့လည်း တန်းတန်းမတ်မတ် ပေါက်ရောက်နိုင်လေ၏၊
23,171
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပေါက်နိုင်ပုံကား- ဤအကြောင်း ထင်ရှားတင်းလင်းရှိပါမူ ဗြဟ္မာ, သိကြား, ဘုရားသဗ္ဗညုတို့ တားသော်လည်း မနိုင်၊ ဧကန်ဤမည် သော အကျိုးဖြစ်ပွား၏- ဟု အကြောင်းကို ဖော်၍ကြည့်လျှင် အပြစ်ကို မြင်သော ဥဒယဉာဏ် ပေါ်ပေါက်၏၊ ဤအကြောင်း မရှိခဲ့လျှင် ဗြဟ္မာ, သိကြား, ဘုရားသဗ္ဗညုတို့ ပြုပြင်သော်လည်း မရ၊ ဤမည်သော အကျိုးတရား ဧကန် ပျက်ဆုံး၏-ဟု အကြောင်...
23,172
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေအပြင်၌ တစ်ခုသော တုတ်လှံတို့ဖြင့် ရေးခြစ်သည်ရှိသော် ရေးခြစ်သောတုတ်လှံတံသည် ရေအပြင်၍ စိုက်ဆဲအခါ၌သာ အရေး အကြောင်းလိုလို ဖြစ်၏၊ တုန်လှံတံရွှေ့သည်နှင့် တစ်ပြိုင်နက် ရေမှာ အရေးသည် တစ်ပါတည်းပျက်ကွယ်လေသကဲ့သို့လည်းကောင်း, ပွတ်
23,173
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆောက်ဖျားပေါ်၌ ချလိုက်သော မုန့်ညင်းစေ့သည် ပွတ်ဆောက်ဖျား ပေါ်၌ တည့်တည့် ကျခိုက်အခါတွင်သာတည်၍ တစ်ခဏချင်း ပျက်စီး လေသကဲ့သို့လည်းကောင်း, ပထဝီဝါယော-လွန်ကဲသော တိမ်ညွန့် ၂- ခုတို့ကို တိုက်ခိုက်ဆဲအခါ လျှပ်စစ် ပြက်၍ပြက်၍ ချက်ချင်းလျှပ်စစ် ကွယ်ပြောက်လေသကဲ့သို့လည်းကောင်း, ထို့အတူ လက်ငင်းပစ္စုပ္ပန် ထင်ရှားသော အကြောင်းတရားသည် ကျေးဇ...
23,174
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စစ်ပြက်သကဲ့သို့ အကျိုးတရားပေါ်တည့်၍ တစ်ခါတည်း အကြောင်း နှင့်တကွ ပျက်စီးရလေတော့သည်။
23,175
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကျေးဇူးပြုသော ပစ္စည်းတရားက ခိုင်မြဲသောတရားဖြစ်ပါမူကား ၎င်း၏အကျိုးလည်းခိုင်မြဲလေရာ၏၊ ထိုသို့ကား မဟုတ်ပါခဲ့။
23,176
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ္ထ တရားချင်းသာ ကျေးဇူးပြုရလေသည်ဖြစ်၍ သူ့ကို မကယ်သာ, ငါလည်း မကယ်နိုင်ဆိုသကဲ့သို့ သမုဒ္ဒရာအတွင်းမှာ အပြင်းမောပန်း အားစွမ်း လျလျ လက်ပန်းကျသောသူ ၂-ယောက်ပုံကဲ့သို့ အကြောင်းအကျိုး တစ်စုံလုံးပင် စုံးစုံးစုပ်စုပ် ဘင်ခဏတွင် မြုပ်ကြလေတော့သည်၊ ဤ အတိုင်း ဉာဏ်၌ ထင်မြင်လာသောအခါ ထိုရုပ်နာမ်တရားတို့သည် အလေ့ပေါက်ပွား အလကား အမှိုက်သ...
23,177
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြင်စင်လွင်ပ အနတ္တ-တို့သာ တကားဟု ကြိုးစားဆင်ခြင်သော ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် မှန်ပြသကဲ့သို့ ထင်မြင်နိုင်လေ၏၊ ဤ အဖြစ်အပျက် ၂- ပါးကို ရှုသောဉာဏ်သည် ဥဒယဗ္ဗယ-ဉာဏ်မည်၏၊
23,178
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဒယဗ္ဗယဉာဏ် ရင့်သန်လာသောအခါ အဖြစ်ကို နှလုံး မသွင်းဘဲ အပျက်၌သာ သတိဉာဏ် တည်တော့၏၊ ထိုဘင်္ဂဉာဏ် ထက်သန်လာသောအခါ ပြင်းစွာရိုက်နှက်၍ ကွဲပျက်ဆဲဖြစ်သော အိုးခွက်, လှော်ချက်ဆဲဖြစ်သော နှမ်း, ပရမ်းပတာ မြူတို့ကဲ့သို့လည်းကောင်း၊ မိုးပေါက်ကြီးစွာ မိုးရွာတုန်းအခါ ကမ်းထိပ်ကရပ်၍ ကြည့်သော ယောကျ်ားသည် ရေအပြင်၌ ရှုပ်ယှက်ခတ်ပျက်၍,ပျက်၍ နေသေ...
23,179
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘင်္ဂဉာဏ် ထက်သန်လာသောအခါ သက်ရှည်ချမ်းသာ အနာ ကင်းလို ဘေးကို ကြောက်တတ်လှသော သူသည် ခြင်္သေ့ သစ်ကျား, သားရဲစွယ်ပြူး, ဘီလူးရက္ခိုသ်, နွားမိုက် ခွေးကြမ်း, မုန်ပြွမ်းသောဆင်, ဆိပ်လျင် သောမြွေဆိုး, မိုးကြိုးကျခြင်း, သင်္ချိုင်းစစ်ပွဲ, ရဲရဲငြိသော ရှားမီးအစုတွေကို တွေ့သောကာလ မှိုင်မေ့ဝေနောက် သေမလောက် ကြောကြ်ခင်းဖြစ်သကဲ့သို့ ခပ်သိ...
23,180
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘယဉာဏ် ထက်သန်လာသောအခါ သက်ရှည်ချမ်းသာ အနာကင်းလို ဘေးကိုကြောက်တတ်သော သူသည် သားရဲးနေသော လျို, ကျားခိုသောတောင်ခေါင်း, မိကြောင်းရဲသော ရေ, ဓားပြနေသော တောတောင်, မီးလောင်သော အိမ်, ရွယ်ချိန်လွတ်ပစ် ခုတ်ထစ် တိုက်ခိုက်ဆဲဖြစ်သော စစ်မြေသို့ရောက်၍ ကြောက်ရွံ့ထိတ်လန့် စိတ်မပျော်ရွှင် ထက်ဝန်းကျင်အားဖြင့် အပြစ်အာဒီနဝကို မြင်သကဲ့သို့ ခပ်...
23,181
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဒီနဝဉာဏ်ထက်သန်သောအခါ အနောတတ်အိုင်၏ အနောက်မျက်နှာရတနာ ၇-ပါးဖြင့်ပြီးသော စိတ္တကုဋ်တောင်ခြေကြာတောဝယ် ရွှင်မောပျော်နေသော ရွှေဟင်္သာသည် ဒွန်းစဏ္ဍား ရွာ၏အထွက် စိမ်းစိုသော ရွှံ့အိုင်ပွက်၌ မနှစ်သက် မပျော်နိုင်သကဲ့သို့ လည်းကောင်း, ယူဇနာ ၃၀၀၀-ဟေဝန်ချောင်နှင့် တောတောင် အကွေ့ ၌သာ ပျော်မွေ့နေကြဖြစ်သော မိဂရာဇာကေသရာသည် လူ့ရွာဝင်းခြ...
23,182
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နိဗ္ဗိဒါ-ဉာဏ် ရင့်သန်ထက်မြက်သောအခါ မြွေမိသော ဖား အယောင်,ချိုင့်လှောင်မိသော တောကြက်, အလမ္ပာယ်၌ မြွေ, ကျော့ကွင်း မိလေသော သမင်, ဂဠုန်လက်တွင်း နဂါး, ကြောင်ဖားလက်၌ ကြွက်သူငယ်, နက်ကျယ်သော ညွန်ပျောင်း၌ ကြွက်သူငယ်, နက်ကျယ် သော ညွန်ပျောင်း၌ ကျသောဆင်အို, ရာဟုမျိုသော လဗိမာန်, ရန်သူ ဝိုင်းသော ယောကျ်ား-စသည်ကဲ့သို့ ဘယ်တစ်စုံတစ်ရာသော...
23,183
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဉာဏ်သို့ ပေါက်ရောက်လာက ငါးဆောင်သော ယောက်ျား သည်မြွေဟောက်ကို အုပ်မိကပီတိရွှင်ပျ ငါးကြီးရပေါ့-ဟု အသော့လျင်စွာ ဖမ်းလိုက်ရာတွင် ကြီးစွာဆိပ်တောက် စိတ်ဒေါသပေါက်သော မြွေဟောက် ကြီးကို မြင်လေရာတွင်မှ ကြောက်လန့်တုန်အေး မြွေဟောက်ဘေးကို ဝေးအောင်ပစ်ဖို့ရန်အတွက် ချက်ကောင်းကို ရှာပြီးမှ ဝေးလှအောင် လွှင့်ပစ်ပြီးခါ လျင်စွာတက်ပြေး၍ မြွ...
23,184
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လွတ်ထွက်ရန် အားတိုက်ရူသော ပဋိသင်္ခါဉာဏ် ထက်သန်လာ သောအခါရှေးဦး ပထမ-က ချစ်ကြည်လှစွာသော မယားဆိုးကို ရန်ငြိုးမျက်ပွား မုန်းထားပြစ်မြင် ခွါကြဉ် စွန့်ပစ်ပြီးနောက် တစ်စုံတစ်
23,185
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယောက်သော ယောက်ျားနှင့်ပျော်ပါးခုန်မင် ရယ်မောရွှင်၍ နေချင်တိုင်း နေသော်လည်း မမုန်းမချစ် လျစ်လျူသာဖြစ်သကဲ့သို့ ခပ်သိမ်းသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ ငါပင်ငါပဲ ထင်စွဲစရာ ဉာဏ်ဖြင့် ရှာမရသော ကြောင့် ကြောက်ခြင်း, နှစ်သက်ခြင်းကိုစွန့်ပစ်၍ မမုန်းမချစ် လျစ်လျူဖြစ် သော သင်္ခါရုပေက္ခာ-ဉာဏ် ပေါ်ပေါက်လာ၏၊
23,186
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သင်္ခါရတရားတို့၌ ကြောင့်ကြဗျာပါဒစိုက်မှု ပြေငြိမ်းသော သင်္ခါရုပေက္ခာဉာဏ် အလွန်ထက်သန်သောအခါ နေထွက်သောအခါ နေထွက်လိုသော် အရုဏ်လာခြင်းကဲ့သို့ မဂ်ဉာဏ် ၄-ပါးပေါ်ရန် လွန်စွာ လျော်လှသော မဂ်ပေါ်ဖို့ကျေးဇူးပြုတတ်သော အနုလောမဉာဏ် ဖြစ်ပေါ်လာ၏၊
23,187
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ အနုလောမဉာဏ်-ဟူသည်ကား မဂ်ဖြစ်သော ဝီထိမှာ အာဝဇ္ဇန်း,ပရိကံ ဥပစာ-ဇောတို့၏နောက် ဂေါတြဘူ-ဇော၏ရှေ့၌ ဖြစ်
23,188
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောအနုလုံဇောပင်လျှင်တည်း။
23,189
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆိုခဲ့ပြီးသော ဝိပဿနာဉာဏ်တို့တွင် သင်္ခါရုပေက္ခာဉာဏ်နှင့် အနုလောမဉာဏ်တို့ကို သံသရာဝဋ် အတွင်းက အတင်းထ၍ ကျွတ်လွတ် သော မဂ်သို့ရောက်စေတတ်သောကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာဟူ၍ခေါ်ဝေါ်အပ်၏၊ သင်္ခါရုပေက္ခာဉာဏ်,အနုလောမဉာဏ်, ဂေါတြဘူ ဉာဏ် ၃-ပါးကိုလည်း လောကီတရားတို့၏ အထွတ်အထိတ်ဆုံးသို့ ရောက်သောဉာဏ်တို့ဖြစ်၍ သိခါပတ္တဝိပဿနာဉာဏ်-ဟူ၍ ခေါ...
23,190
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၏၊ လောကုတ္တရာမှလွဲလျှင်ဆိုပြီးဉာဏ် ၃-ပါး အထွတ်အထိပ်ဆုံး ဆိုလိုသည်။
23,191
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ဆိုက်ရောက်သောအခါ ဧကန် နမဂ်ပေါ်လာတော့မည်ဖြစ်၍ အားထုတ် ကြိုးပမ်း အလုပ်ကိစ္စ စင်ကြယ် ပြီးမြောက်ပြီးဖြစ်၍ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဖြစ်၏၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ ဉာဏ်ရင့်လာသည်ရှိသော် နိဗ္ဗာန်ကိုအာရုံပြုသော ဂေါတြဘူ စိတ်နှင့်တကွ မဂ်ပေါ်ပေါက်လာ၏၊
23,192
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဂ္ဂဝီထိဖြစ်ဟန်ကား- ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်၍ ဥဒယဗ္ဗယ စသော ဝိပဿနာဉာဏ် အဆင့်ဆင့် သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် အားတက်ကြိုးမင်း အတင်းဆန်တက်လာသော ယောဂီ
23,193
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပုဂ္ဂိုလ်အား မဂ်တည်းဟူသော အပ္ပနာ ဖြစ်လိုလတ်သော် ယောဂီပုဂ္ဂိုလ်၏ တိဟိတ်ဘဝင်သည် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ- ဟူ၍ ဘဝင် ၂-ကြိမ် ကျ၏၊ ထို့နောင် မနောဒွါရာဝဇ္ဇန်း စိတ်သည် ရုပ် နာမ် တရားတို့၏ အနိစ္စ-စသော လက္ခဏာရေး ၃-ပါးတို့တွင် ၁-ပါးပါးကို အာရုံပြု၍ အာဝဇ္ဇန်းကိစ္စ နှင့် ဖြစ်၍ ချုပ်၏၊ ထို့နောင် မဟာကုသိုလ် သမ္ပယုတ် ၄-ပါးတွင် ၁-ပါး ...
23,194
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့နောင် သောတာပတ္တိ မဂ်စိတ်သည်
23,195
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအဖြစ်ကို စင်စစ်သိမြင်ခြင်း,
23,196
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ သမုဒယသစ္စာ၏ အပင်းအသင်းဖြစ်သော ဒိဋ္ဌိသမ္ပယုတ္တ တဏှာ, ဝိစိကိစ္ဆာတို့ကို ပယ်ခြင်း,
23,197
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အပါယ်ဒုက္ခမှ အပြီးတိုင်ငြိမ်းမှု ဟု ဆိုအပ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း,
23,198
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ မဂ္ဂသစ္စာကို ပွားများခြင်း,
23,199
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟု ဆိုအပ်သော ကိစ္စကြီး ၄-ပါးကို တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစီးအောင် ဆောင်ရွက်လေ၏၊
23,200
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ သောတာပတ္တိမဂ်သည် သမုစ္ဆေဒပဟန်ဖြင့် ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကိုပယ်၏၊ မဂ်ရှေ့ဇောတို့တွင် အနုလုံဉာဏ်ဇောသည် သင်္ခါရလျှင် အာရုံရှိသော ဝိပဿနာအရာ၌ အထွတ်အထိပ် အဆုံးစွန်ဖြစ်၏၊