id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
23,201 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂေါတြဘူ ဉာဏ်ဇောသည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာအရာ၌ အထွတ်အထိပ် အဆုံးစွန်ဖြစ်၏၊ |
23,202 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိထိ ပုံစံကား |
23,203 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘွင် န ဒ မ ကံ စာ နု ဂေါ မဂ် ဖိုလ် |
23,204 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ |
23,205 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖိုလ် ဘွင် |
23,206 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝဝဝ ဝဝဝ ဤ သောတာပတ္တိမဂ် ဝီထိ၌ ရှေ့နောက်ဘဝင်ကို ပဉ္စဝေါကာရ တိဟိတ် ဘဝင် ၉-ခု ချ၊ မနောဒွါရာဝဇ္ဇန်း အစ အနုလုံ အဆုံးရှိသော စိတ်တို့သည် လက္ခဏာရေး ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုကုန်၏၊ ဂေါတြဘူ, မဂ်,ဖိုလ်တို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်၏၊ မဂ်ရှေ့ ဇောတို့ကို မဟာကုသိုလ်သမ္ပယုတ် ၄-ခုတို့တွင် တစ်ခုခုချ၊ သောတာပတ္တိမဂ်သည် ပဉ္စမစ... |
23,207 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိက္ခပုဂ္ဂိုလ်၏ ဝီထိပုံစံ |
23,208 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘွင် န ဒ မ စာ နု ဂေါ မဂ် ဖိုလ် ဖိုလ် |
23,209 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝဝဝ ဝဝဝ ထို ယောဂီပုဂ္ဂိုလ်သည် ဒုက္ခိတသတ္တဝါ သံသရာခရီးသမား ပုထုဇဉ်အလားမှ ကျွတ်လွတ်ထမြောက်၍ အရိယနွယ်ဝင် နိဗ္ဗာန်သခင် အဖြစ်သို့ရောက်လေ၏၊ |
23,210 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုပထမအဆင့် မဂ်လမ်းပွင့်ပြီးသောပုဂ္ဂုလ်သည် အရှင်းသတ် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို ပယ်ပြီးဖြစ်၍ နောက် အပါယ်သို့ သွားရဦးမည်လောဟု တွေးတောကြောက်လန့်ဖွယ်သောဘေး, ရုပ်နာမ်ခန္ဓာတို့ကို ငါပင် ငါပဲဟ့ ထင်စွဲလိမ့်သောဘေး, ရတနာ၃-ပါး၌ ယုံမှားလိမ့်သော ဘေးတိုမှ အေးအေးသာသာ တစ်ခါတည်း လွတ်ရ၏၊ အကယ်၍ တစ်ဘဝတည်း နိဗ္ဗာန်သို့ မပေါက်ခဲ့သေးလျှင် အထွတ်အ... |
23,211 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လေတော့သတည်း။ |
23,212 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မဂ်ပေါက်သောအခါ တစ်ဆင့်တစ်တန်း အသိဉာဏ်ကိစ္စ စင်ကြယ်ပြီးစီးပြီ ဖြစ်၍ ဉာဏဒဿနဝိသုဒ္ဓိ ပေါက်၏၊ ဆိုခဲ့ပြီးသော ဥဒယဗ္ဗယ-စသော ဝိပဿနာဉာဏ်အစဉ်မှာ တစ်ဆင့်ထက်တစ်ဆင့် ရင့်ရင့်ကြီး ထူးခြားစွာ ရေးသားပြဆိုခဲ့သော်လည်း အလုပ်စခန်းမှာ ဥဒယဗ္ဗယဉာဏ် ကောင်းကောင်းပေါက်လျှင် ရုပ်နာမ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ် နည်းစံနစ်အတိုင်း အကြောင်းအကျိုးတွဲစပ်... |
23,213 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လေတော့သည်၊ ဟိမဝန္တာမှ စီးဆင်း လာသော ဂင်္ဂါရေသည် သမုဒ္ဒရာသို့ အတွင်စီးသကဲ့သို့ ပထမအရိယာလည်း နိဗ္ဗာန်သမုဒ္ဒရာသို့သာ စီးလေ |
23,214 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ လွတ်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာ-၄၀၊ အကျာယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။ |
23,215 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဘာဝနာ ၄၀-ဆိုသည်ကား တော ၄၀-ပင်တည်း။ |
23,216 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခန္ဓာ ၅-ပါး ခန္ဓာ၊ ခန္ဓာတို့သည်။ |
23,217 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရူပက္ခန္ခော၊ ရုပ်အစုဟူသော ရူပက္ခန္ဓာလည်းကောင်း။ |
23,218 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝေဒနာက္ခန္ဓော၊ ခံစားမှုအစုဟူသော ဝေဒနာက္ခန္ဓာလည်း ကောင်း။ |
23,219 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ သညာက္ခန္ဓော၊ အမှတ်ပြု၍ သိမှုအစုဟူသော သညာက္ခန္ဓာ လည်းကောင်း။ |
23,220 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ သင်္ခါရက္ခန္ဓော၊ စိတ်၏ စေ့ဆော်မှု, ပြုပြင်မှုအစုဟူသော သင်္ခါရက္ခန္ဓာလည်းကောင်း။ |
23,221 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဝိညာဏက္ခန္ဓော၊ အာရုံကို ထွေထွေ ထူးထူး သိမှုအစု ဟူသော ဝိညာဏက္ခန္ဓာလည်းကောင်း။ |
23,222 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣမေ၊ ဤသည်တို့ကား။ |
23,223 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဉ္စက္ခန္ဓာ၊ ၅-ပါးသော ခန္ဓာတို့တည်း။ |
23,224 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။ |
23,225 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနိစ္စာ၊ မြဲခြင်းသဘော မရှိကုန်။ |
23,226 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အဓုဝါ၊ ခိုင်မာခြင်းသဘော မရှိကုန်။ |
23,227 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အသာရာ၊ အနှစ်သာရ မရှိကုန်။ |
23,228 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ စလာ၊ ရွေ့ရှားတတ်ကုန်၏ |
23,229 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ပလောကဓမ္မာ၊ ပျက်စီးခြင်းသဘော ရှိကုန်၏၊ |
23,230 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဝိပရိဏာမဓမ္မာ၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏၊ |
23,231 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရ။ မရဏဓမ္မာ၊ သေဆုံးခြင်းသဘော ရှိကုန်၏၊ |
23,232 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ဝိဘဝဓမ္မာ၊ ဆုံးရှုံးခြင်းသဘော ရှိကုန်၏၊ |
23,233 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ သင်္ခါတာ၊ အဖန်ဖန် ပြုပြင်အပ်ကုန်၏၊ |
23,234 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ပဘင်္ဂုနော၊ ဖရိုဖရဲ ပြိုကွဲခြင်းသသော ရှိကုန်၏၊ |
23,235 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနိစ္စံ၊ အနိစ္စလက္ခဏာ ၁၀-ပါးတည်း။ |
23,236 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဒုက္ခာ၊ ယုတ်မာညစ်ဆိုးဒုက္ခမျိုးတို့သာတည်း။ |
23,237 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဘယာ၊ ကြောက်ဖွယ်ညစ်ဆိုးဘေးရန်မျိုးတို့သာတည်း။ |
23,238 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဤတိ၊ ထိတ်လန့်သဖွယ် အန္တရာယ်မျိုးတို့သာတည်း။ |
23,239 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဥပဒ္ဒဝါ၊ လွန်စွာကပ်ရပ်နှိပ်စက်တတ်သော၊ ဥပဒ်မျိုး တို့သာတည်း။ |
23,240 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဥပသဂ္ဂါ၊ တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုး တို့သာတည်း။ |
23,241 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ရောဂါ၊ ကြင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။ |
23,242 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ အာဗာဓာ၊ နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။ |
23,243 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ ဂဏ္ဍာ၊ မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။ |
23,244 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ သလ္လာ၊ စူးဝင်ညစ်ဆိုးမြားငြောင့်မျိုးတို့သာတည်း။ |
23,245 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ အဃာ၊ အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။ |
23,246 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၁။ အတာဏာ၊ စောင့်ရှောက်မဲ့လျဉ်း ဘေး၏အသင်း တို့သာတည်း။ |
23,247 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ အလေဏာ၊ ကွယ်ကာမဲ့လျဉ်း ဘေး၏ အသင်းတို့သာ တည်း။ |
23,248 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၃။ အသရဏာ၊ ကိုးရာမဲ့လျဉ်း ဘေး၏ အသင်းတို့သာတည်း။ |
23,249 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၄။ အာဒီနဝါ၊ ဆိုးဝါးညစ်ကျု အပြစ်စုတို့သာတည်း။ |
23,250 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၅။ အဃမူလာ၊ ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့ သာတည်း။ |
23,251 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၆။ ဝဓကာ၊ လူ, နတ်,ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင် သတ်သည့် လူသတ်မျိုးရိုးတို့သာတည်း။ |
23,252 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၇။ သာသဝါ၊ အာသဝေါတရား ၄-ပါးတို့၏ အစီးအပွါးတို့ သာတည်း။ |
23,253 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၈။ မာရာမိသာ၊ ကိလေသာမာရ် မစ္စုမာရ်တို့၏ စားဖတ်, ဝါးဖတ်သုံးသပ်နင်းနယ်ရာတို့သာတည်း။ |
23,254 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၉။ ဇာတိဓမ္မာ၊ သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်း ဆိုးညစ်ဖြစ်ချင်တိုင်းဖြစ်တတ်သော သဘောရှိကုန်၏၊ |
23,255 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၀။ ဇရာဓမ္မာ၊ ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏၊ |
23,256 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၁။ ဗျာဓိဓမ္မာ၊ နာခြင်းသဘောရှိကုန်၏၊ |
23,257 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၂။ သောကဓမ္မာ၊ စိုးရိမ်ပူပန်ရခြင်း သဘောရှိကုန်၏၊ |
23,258 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၃။ ပရိဒေဝဓမ္မာ၊ ငိုကြွေးမြည်တမ်းရခြင်း သဘောရှိကုန်၏၊ |
23,259 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၄။ ဥပါယာသဓမ္မာ၊ သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်း သဘောရှိကုန်၏၊ |
23,260 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂၅။ သံကိလေသိကဓမ္မာ၊ တဏှာ, ဒိဋ္ဌိ, ဒုစ္စရိတ-တည်းဟူသော ညစ်နွမ်းခြင်း ၃-ပါးကို ပွားစီးစေတတ်သော သဘောရှိကုန်၏၊ |
23,261 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုက္ခံ၊ ဒုက္ခလက္ခဏာ ၂၅-ပါးတည်း။ |
23,262 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနတ္တာ၊ ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့ မလိုက်ကုန်။ |
23,263 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပရေ၊ အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပ တို့သာတည်း။ |
23,264 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ရိတ္တာ၊ အနှစ်သာရ ဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ် ကင်းသော တရားတို့သာတည်း။ |
23,265 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ တုစ္ဆာ၊ ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစမနီး အချီးနှီးသော တရားတို့သာတည်း။ |
23,266 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ သုညာ၊ ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစ်စိုးတစ်စိ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း။ |
23,267 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနတ္တာ၊ အနတ္တလက္ခဏာ ၅-ပါးတည်း။ |
23,268 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ဒုက္ခလက္ခဏာ ၂၅-ပါး။ |
23,269 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) အနတ္တလက္ခဏာ ၅-ပါး။ |
23,270 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပေါင်းဘာဝနာ ၄၀-ဖြစ်၏၊ |
23,271 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဘာဝနာ ၄၀-ဆောင်ပုဒ် ပြီး၏၊ |
23,272 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခ ၃-ပါး |
23,273 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနိမိတ္တ ဝိမောက္ခ။ |
23,274 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပ္ပဏီဟိတ ဝိမောက္ခ။ |
23,275 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုညတ ဝိမောက္ခ။ |
23,276 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဝိမောက္ခနက်၊ ကျွတ်လွတ်ချက်၊ ဖိုလ်မဂ်မည် သညာ။ |
23,277 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခကား ကျွတ်လွတ်ခြင်း အနက်တည်း၊ သံသရာနယ် တစ်ခွင်မှ အစဉ်သဖြင့် ကျွတ်လွတ် တတ်သော အနက်သဘောကြောင့် မဂ် ၄-ပါး, ဖိုလ် ၄-ပါးသည် ဝိမောက္ခမည်၏၊ |
23,278 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခ မုခ ၃-ပါး |
23,279 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနိမိတ္တာနုပဿနာဉာဏ်။ |
23,280 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပ္ပဏိဟိတာနုပဿနာဉာဏ်။ |
23,281 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုညတာနုပဿနာဉာဏ်။ |
23,282 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဝိမောက်-မုခ၊ တံခါးဝ၊ အရ လက္ခဏာ။ |
23,283 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခ မုခ ၃-ပါး အထူး |
23,284 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနိစ္စာနုပဿနာဉာဏ်။ |
23,285 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုက္ခာနုပဿနာဉာဏ်။ |
23,286 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနတ္တာနုပဿနာဉာဏ်။ |
23,287 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခမုခ-ကား မဂ်၏တံခါးဝ, ဖိုလ်၏တံခါးဝတည်း၊ အရ မူကား လက္ခဏာရေး ၃-ပါးတည်း၊ အနုလောမဉာဏ် ၃-ပါးဆို လိုသည်။ |
23,288 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဝုဋ္ဌာနဂါမိနိ၊ ဉာဏ်ဆိုက်ဘိ၊ ဝိမုနယ်အပါ။ |
23,289 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် အဆုံးဖြစ်သော ဝုဋ္ဌာနဂါမိနီ အမည်ရှိသော သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ၂-ပါးသို့ ဆိုက်ရောက်သောအနုပဿနာဉာဏ် ၃-ပါးသည် မဂ်တံခါးဝမည်သော ဝိမောက္ခမုခ နယ်တွင်းသို့ ပါဝင်ပြီ-ဟူလို။ |
23,290 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အနိမိတ္တ၊ အနိစ္စ၊ ဒုက္ခ ပဏိဟိတာ။ |
23,291 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနတ္တမူ၊ သုညဟူ၊ သုံးဆူ နုပဿနာ။ |
23,292 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနိစ္စာနုပဿနာဉာဏ်သည် အနိမိတ္တာနုပဿနာ-မည်၏၊ |
23,293 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိနုပဿနာ-မည်၏၊ |
23,294 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အနတ္တာနုပဿနာဉာဏ်သည် သုညတာနုပဿနာ-မည်၏၊ |
23,295 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ပုဂ္ဂိုလ်, သတ္တဝါ၊ အင်္ဂါကြီးငယ်၊ ဆန်းတကြယ်၊ မှတ်ဖွယ်နိမိတ္တာ။ |
23,296 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်, သတ္တဝါသည် နိမိတ်မည်၏၊ ဦးခေါင်း, ခြေ, လက် စသောအင်္ဂါကြီးစုသည်လည်း နိမိတ်မည်၏၊ မျက်လုံးနား, နှာခေါင်း, ခံတွင်း, နှုတ်ခမ်း, လျှာ, သွား-စသော အင်္ဂါငယ်စု၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း-စသော ၃၂-ပါးသော ကောဋ္ဌာသ-စုသည်လည်း နိမိတ်မည်၏၊ |
23,297 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အကုန်နိမိတ်၊ ပျောက်အောင်ကြိတ်၊ အနိမိတ္တ သာ။ |
23,298 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တဝါတို့၏စိတ်တွင် ဒြဗ်သဏ္ဌာန်နှင့် ကြောင်ကြောင် ထင် မြင်၍ နေကြသော ထိုနိမိတ်တရားတွေကို သဘာဝဉာဏ်, အနိစ္စဉာဏ် နှင့်အဖန်ဖန်ကြိတ်နယ်၍ကွယ်ပျောက်စေနိုင်သော ဉာဏ်ဖြစ်သော ကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမတ္တဉာဏ် ဆိုသည်။ |
23,299 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အတင့်အတယ်၊ အဖွယ်အရာ၊ မင်္ဂလာသုဘ၊ သုခ ဣဋ္ဌ၊ ထင်သမျှ၊ မှတ်ကြ ပဏိဟိတာ။ |
23,300 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လူ့လောက,နတ်လောက, ဗြဟ္မာ့လောက, အဇ္ဈတ္တ, ဗဟိဒ္ဓ, တေဘူမက ဓမ္မတို့၏အတွင်း၌ နှစ်သက်ဖွယ် မြတ်နိုးဖွယ် တင့်တယ် ကောင်းမြတ်သည်ကိုတွေ့ရှိထင်မြင်၍ နေကြသောအရာသည် ပဏိဟိတ-မည်၏၊ ထိုပဏိဟိတ-တွေကိုဘေးဘယအစု ထင်အောင် ရှုသောဉာဏ်ဖြစ်၍ ဒုက္ခာနုပဿနာဉာဏ်ကို အပ္ပဏိဟိတဉာဏ် မည်၏၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.