id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
23,301 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ နတ်, လူ,ဗြဟ္မာ၊ ငါ,သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ပုဂ္ဂလနှင့်၊ စိုးရပိုင်နိုင်၊ ခံ့ခိုင်မြင့်ရှည်၊ သက်ဆုံးတည်ဟု၊ အားစည်သမျှ၊ အနန္တ၊ အတ္တ, ဇီဝသာ။ |
23,302 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အတ္တ,ဇီဝေ၊ ပျောက်ကင်းစေ၊ မှတ်လေ သုညတာ။ |
23,303 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စည်း ပစ္စယုပ္ပန္နဓမ္မအစု, သင်္ခါရအစုမျှသာ ဖြစ်သည်ကိုလည်း ကောင်း, ခဏချင်း ခဏချင်း ချုပ်ကွယ် သေဆုံး၍ နေမှုကိုလည်းကောင်း, ရှုမြင်သဖြင့် ထိုအတ္တ ဇီဝ အထင်အမြင်ကို ပျောက်ကွယ်စေတတ်သော ဉာဏ်ဖြစ်၍ အနိစ္စာနုပဿနာဉာဏ်ကို သုညတဉာဏ်-ဆိုသည်။ |
23,304 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခ မခု ၃-ပါးအထူးပြီးပြီ။ |
23,305 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခ အပြား |
23,306 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ သူ့တံခါးမှ၊ ပေါက်ရောက်က၊ မောက္ခ သူ့မဂ်သာ။ |
23,307 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မဂ်သို့ဝင်ရောက်ရန် အနုပဿနာဉာဏ် တံခါး ၃-ပေါက်ရှိ သည်တွင် |
23,308 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနိစ္စနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောင်ရရှိသော မဂ် သည် အနိမိတ္တ နည်၏၊ |
23,309 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဒုက္ခာနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ် သည် အပ္ပဏိဟိတ-မဂ်မည်၏၊ |
23,310 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အနတ္တာနုပဿနာဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ်သည် သုညတမဂ်မည်၏၊ |
23,311 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ ရောက်ကြောင်းဟူသော ဝီပဿနာ အာဂမမုခ-ကို အစွဲပြု၍ မဂ်သည်အမည် ၃-ပါးတွင် တစ်ပါးပါးကိုရ၏၊ မဂ္ဂဝီထိ၌ကျသော ဖိုလ်သည်လည်း မဂ်ကိုအစွဲပြု၍ မိမိမဂ်ရသော အမည်ကိုရ၏၊ ဖလ သမာပတ္တိ ဝီထိ၌ ကျသောဖိုလ်သည်ကား သူ့ဝိပဿနာကို အစွဲပြု၍ အနိမိတ္တ-စသော အမည်သုံးပါးတွင် တစ်ပါးပါးကို ရ၏၊ |
23,312 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အာဂမမုခ-၏ အစွမ်းဖြင့် မဂ်ဖိုလ်တို့၌ အမည် ၃-ပါး ဖြစ်ပုံတည်း။ |
23,313 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ နိဗ္ဗာန်သည် အမည် ၃-ပါးကို ရ၏၊ မဂ်ဖိုလ် တို့သည် ထိုနိဗ္ဗာန်ကို အာရုံပြုသောကြောင့် အာရုံကိုအစွဲပြု၍ အမည် ၃-ပါးလုံးကို အကုန်ရကြ၏၊ |
23,314 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်နည်း။ |
23,315 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ရာဂ, ဒေါသ, မောဟ ၃-ပါးသသည် နိမိတ္တလည်း မည်၏၊ ပဏိဓိ-လည်း မည်၏၊ အလုံးစုံသော မဂ်ဖိုလ်တို့သည် ထိုနိမိတ္တဓမ္မ, ပဏိဓိဓမ္မ-တို့၏ အာရုံအဖြစ်မှ လွတ်ကုန်၏၊ ထိုဓမ္မတို့မှ ဆိတ်ကင်းကုန်၏၊ ထို့ကြောင့် အလုံးစုံသော မဂ်ဖိုလ်တို့သည် မိမိတို့၏ ပကတိသဘောကို အစွဲပြု၍လည်း ၃-ပါးသော အမည်တို့ကိုလည်း ရကြကုန်၏၊ |
23,316 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သဗ္ဗညုဘုရားရှင်တို့၏ အဆုံးအမတည်းဟူသော သာသနာ တော်၌ ဤဝိမောက္ခတို့ဖြင့် ကျွတ်လွတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည် |
23,317 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်, |
23,318 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သဒ္ဓါဓိမုတ္တ ပုဂ္ဂိုလ်, |
23,319 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ကာယသိက္ခိ ပုဂ္ဂိုလ်, |
23,320 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဓမ္မာနုသာရီ ပုဂ္ဂိုလ်, |
23,321 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဒိဋ္ဌိပတ္တ ပုဂ္ဂိုလ်, |
23,322 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ပညာဝိမုတ္တပုဂ္ဂိုလ်, |
23,323 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဥဘတောဘာဂဝိမုတ္တိ ပုဂ္ဂိုလ်, |
23,324 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ပုဂ္ဂိုလ် ၇-မျိုး ရှိကုန်၏၊ |
23,325 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိမောက္ခ အပြားပြီး၏၊ |
23,326 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမာပတ် အပြား |
23,327 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့သည် မိမိတို့၏ဖိုလ်ကို မိမိတို့ အသီးအသီး ဝင်စားနိုင်ကြကုန်၏၊ မဝင်စားနိုင်သူ-ဟူ၍ မရှိကြကုန်၊ ထို့ကြောင့် ဖလသမာပတ်မည်သည် ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့နှင့် ဆက်ဆံ၏၊ |
23,328 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဋ္ဌဓမ္မ နိဗ္ဗာန် |
23,329 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဋ္ဌဓမ္မနိဗ္ဗာန်ဟုဆိုအပ်သော နိရောဓသမာပတ်သည်မူကား လောကီစျာန်သမာပတ် ၈-ပါး, ၉-ပါးကို အကုန်ရရှိ၍နေသော ကာမ, ရူပ-အနာဂါမ်, ရဟန္တာ-ပုဂ္ဂိုလ်တို့သည်သာလျှင် ဝင်စားနိုင်ကုန်၏၊ |
23,330 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝင်စားပုံကား - ရူပ ပထမစျာန် သမာပတ်ကို ရှေးဦးစွာ ဝင်စား၏၊ ထိုမှထ၍ ထိုပထမစျာန် သမာပတ် အတွင်း၌ရှိသော ရုပ်နာမ်တရားတို့ကို လက္ခဏာရေးတင်ရှု၏၊ စျာန်ဝင်စားမှုကား သမထ အလုပ်တည်း၊ လက္ခဏာရေး တင်မှုကား ဝိပဿနာ အလုပ်တည်း။ |
23,331 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနည်းအတူ ဒုတိယစျာန်သမာပတ်, တတိယစျာန်သမာပတ်, စတုတ္တစျာန်သမာပတ်, ပဉ္စမစျာန် သမာပတ်, အာကာသာနဉ္စာယတန သမာပတ်, ဝိညာဏဉ္စယတန သမာပတ်, အာကိဉ္စညာယတန သမာပတ်တို့ကိုလည်း အစဉ်အတိုင်း ဝင်စား၍ သွား၏၊ အာကိဉ္စညာယတန သမာပတ်မှထပြီိးသည်၏ အခြားမဲ့၌ ပုဗ္ဗကိစ္စ ၄-ပါးကို ပြုပြီးလျှင် နေဝသညာနာသညာယတန သမာပတ်ကို ဝင်စား၏၊ အနာဂါမ်ပုဂ္ဂိုလ် အား နေဝသညာ ... |
23,332 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သမာပတ်အပြား ပြီး၏၊ |
23,333 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤတွင်ရွေ့ကား ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိကရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ-ဟူ၍ ဝိသုဒ္ဓိဘေဒ-အားဖြင့် ၅-ပါးအပြားရှိသော အဓိပညာ သာသနာတော်မြတ်ကြီး အပြီးတိုင် အစီအရင် အကျဉ်းချုပ်ပြီး၏၊ ရှေ့၌ပြဆိုခဲ့ပြီး သော အဓိသီလသိက္ခာ သာသနာ, အဓိစိတ္တသိက္ခာ သာသနာ ၂-ပါးနှင့် ပေါင်း သည်ရှိသော် သာသနာတော်မ... |
23,334 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိသုဒ္ဓိ ၇-ပါး ပြီး၏၊ |
23,335 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဋ္ဌကထာကြီးများ မိန့်ဆိုချက် |
23,336 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ပိဋကတ် ၂-ပုံ၊ အကျဉ်းချုံ၊ နှုတ်ငုံသူတို့မှာ။ |
23,337 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်ပိုင်း, စေတသိက်ပိုင်း, ပကိဏ်းပိုင်း, ဝီထိပိုင်း, ရုပ်ပိုင်း, ပစ္စည်းပိုင်း-ပေတည်း၊ ဘုံပိုင်း, သမုစ္စည်းပိုင်း, ကမဋ္ဌာန်းပိုင်းတို့သည် သုတ္တန်ပိဋကတ်ကိုလည်း အကျဉ်းချုံးသော အပိုင်းတို့ပေတည်း၊ ၉- ပိုင်းလုံးကို သိမ်းကျုံး မိသော သူတို့သည် အကျဉ်းချုပ်အားဖြင့် ပိဋကတ် ၂-ပုံကို နှုတ်ငုံသိမ်းပိုက်မိကြကုန်၏၊ |
23,338 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသူတို့သည် ဤဘဝမှာပင် အကျွတ်တရားရနိုင်ရန် ဓမ္မ အဆောက်အအုံနှင့် ပြည့်စုံကြကုန်၏၊ ဤဘဝ၌ အကျွတ်တရား မရရှိခဲ့ လျှင် နတ်ပြည်၌ ကျွတ်ကြကုန်လတ္တံ၊ ဤသာသနာမှ ကျန်ရှိကြ သော သူတို့သည် သာသနာပ နောက်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်ကြ ကုန်လတ္တံ့၊ ကျန်ရှိသော သူတို့သည် နောက်ဘုရား သာသနာ၌ ပညာ ဧတဒဂ်, အဘိညာဧတဒဂ် ထက်မြက်သီးသီး အကျော်အမော်ကြီး ဖြ... |
23,339 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဂတပစ္စာဂတ ဝတ်၌လာသော အဋ္ဌကထာကြီးများ မိန့်ဆိုချက်ပေတည်း။ |
23,340 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အဓိပညာသာသနာကို ပြဆိုခန်းပြီး၏၊ |
23,341 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၄-နိဗ္ဗာန်ကို ပြဆိုခန်း |
23,342 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) နိဗ္ဗာန်၏ အေးငြိမ်းသောသဘော |
23,343 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဒုက္ခခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်း ပြည်နိဗ္ဗာန်။ |
23,344 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇာတိချုပ်ငြိမ်းသည်ကို ဇာတ်သိမ်းဆိုသည်၊ လွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက် ဘဝအဆက်ဆက် ဇာတ်ထွက်၍ လာခဲ့သော ကိလေသာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, ပုညာ-ပုည သင်္ခါရဟူသော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်း မှု, ပဋိသန္တေပဝတ္တိဝိပါတ် ရုပ်နာမ်ခန္ဓာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှုကို နိဗ္ဗာန်ဆိုသည်-ဟူလ... |
23,345 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) အပူနှစ်မျိုး |
23,346 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုထုဇဉ်တို့၏ သန္တန်၌ အဝီစိ-အစရှိသော အပါယ်ဘဝသို့ ပစ်ချရန် အစဉ်ပါရှိ၍နေကုန်သော အကုသိုလ် ကံဟောင်းတို့သည် တစ်ယောက်တစ်ယောက်သောသူမှာပင် အသင်္ချေယျအနန္တ ရှိကြလေ ကုန်၏၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းကြီးပင် ဖြစ်၍နေကြကုန်သော် လည်း စိတ်နှလုံးအတွင်းမှာ အစဉ်ပါရှိ၍ နေကြကုန်သော ထိုအကုသိုလ် ကံဟောင်းတို့အတွက် အပူကောင်ကြီးတွေ သက်သက်သာတည်း... |
23,347 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကံဟောင်းတွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံတည်း။ |
23,348 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ထိုပုထုဇဉ်တို့၏ သန္တန်၌ ရှေ့သို့လည်း ဒုစရိုက်အကုသိုလ် အနန္တတို့သည် ဖြစ်ပွားကြကုန်လတ္တံ့သာတည်း၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းပင်ဖြစ်၍ နေကြကုန်သော်လည်း ရှေ့သို့ ပြုလတ္တံ့ကုန်သော ထိုဒုစရိုက် အကုသိုလ် ကံသစ်တို့အတွက် အပူကောင်ကြီးတွေ သက် သက်သာတည်း။ |
23,349 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကံသစ်တွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံတည်း။ |
23,350 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) အပူမှ နိဗ္ဗာန်၏ အေးငြိမ်းပုံ |
23,351 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောတာပတ္တိမဂ်သို့ရောက်သောအခါ ထိုအတိတ်ကံ အနန္တတို့ သည် အကုန်ချုပ်ငြိမ်းလေကုန်၏၊ ထိုအနာဂတ်ကံ အနန္တတို့သည် အကုန်ဇာတ်သိမ်းကုန်၏၊ အပ္ပါယ်သံသရာကြီးသည်လည်း ထိုသူတို့ သန္တာန်မှာ အကုန်ဇာတ်သိမ်းလေကုန်၏၊ ဤချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုသည် သောတာပန်သို့ ရောက်ကြ, ရကြ, ခံစံကြသော နိဗ္ဗာန်ကြီးပေတည်း၊ ထိုသောတာပန်တို့သည် လူ့ဘုံ, နတ်ဘုံ, ဗြ... |
23,352 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပရိနိဗ္ဗာန်စံရာ ဘဝတိုင်အောင် သာသနာပ-သောဘဝ, သာသနာပ-သောကမ္ဘာ-ဟူ၍ ထိုသူတို့မှာ မရှိကြကုန်ပြီး မိမိ၏ ငြိမ်းရန် နိဗ္ဗာန်ဟူသော အကြောင်းနှင့် တစ်ပါးသောဘုရားကိုလည်း တောင့်တ ဖွယ် မရှိကြကုန်ပြီ။ |
23,353 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်ပါးသော သာသနာကိုလည်း တောင့်တဖွယ် မရှိကြကုန်ပြီ။ |
23,354 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိတို့ရပြီး ရောက်ပြီးနိဗ္ဗာန်ကြီး၏ အတွင်းမှ ဘဝများစွာ ကမ္ဘာအဆက်ဆက် မထွက်ကြရကုန်ပြီ။ |
23,355 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနိဗ္ဗာန်ကြီး၏အတွင်း၌ တည်၍ အလိုရှိရာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ တို့ကို ခံစားစံစားကြကုန်ပြီးမှ အားရကြကုန်သောအခါ ခန္ဓာကို စွန့်ပစ်ကြ ကုန်၏၊ |
23,356 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာကား- မြင့်မိုရ်တောင်ခြေရှိ ယူဇနာ ၈-သောင်း ၄- ထောင်နက်ကျယ်စွာသော အလွန်အေးမြ ကြည်လင်စွာသော သီတာ သမုဒ္ဒရာကြီး၏ အတွင်းမှာ ရှိနေကြကုန်သော ငါးကြီးအပေါင်းတို့သည် တစ်ပါးသော မြစ်သမုဒ္ဒရာကို တောင့်တဖွယ် မရှိကြကုန်ပြီ။ |
23,357 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှစ်ပေါင်း မည်မျှပင်ကြာကုန်သော်လည်း ရေကုန်မည်, ရေခန်းမည်, ရေနောက်မည်, ရေပူမည်ကိုကြောင့်ဖွယ် မရှိကြကုန်ပြီ၊ ထိုသီတာမဟာသမုဒ္ဒရာကြီး၏ အတွင်း၌သာ အသက်ရှည်ကြသမျှ ကာလပတ်လုံး အလိုရှိတိုင်း မြူးတူး ပျော်ပါးစွာ နေကြကုန်ပြီးမှ ခန္ဓာကို စွန့်ကြကုန်သတည်း။ |
23,358 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကားမှန်၏၊ ထိုအတိတ် အနာဂတ် ဒုစ္စရိုက်ကံ အနန္တတို့၏ ငြိမ်းခြင်းဟူသော နိဗ္ဗာန်သို့ ရောက်ကြကုန်ပြီးသော ထိုပုဂ္ဂိုလ်တို့သည် ထိုငြိမ်မှုကုန်ဆုံးပြန်၍ ပုထုဇဉ်အဖြစ်သို့ တဖန် ရောက်ကြရပြန်ကုန်သည်။ |
23,359 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပါယ်ဘေးကို ကြောက်ကြရပြန်ကုန်သည်၊ ဘုရားတစ်ပါး, သာသနာ တစ်ပါးကို မျှော်ကြရပြန်ကုန်သည်ဟု မရှိကြကုန်ပြီ၊ သံသရာ၌ ကျင် လည်၍ သွားကြကုန်သော်လည်း သံသရာဝဋ်မှ ကျွတ်လွတ်သော အနေ နှင့် ကျင်လည်ကြရကုန်၊ သံသရာဝဋ်၌ နစ်မွန်းမျောပါး၍ နောက်ကျသော ဝဋ်ကောင်မျိုး, အပူကောင်မျိုး မဟုတ်ကြကုန်ပြီ၊ ပြဆိုခဲ့ပြီသော အနက် တို့ကိုမူကား အဘိသမယသံယုတ် ပါဠိ... |
23,360 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤသည်ကား ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, အဟောင်းအသစ်ဖြစ်ကုန်သော ခပ်သိမ်းကုန်သော ဒုစရိုက်ကံတို့၏ ချုပ် ငြိမ်းမှု, ဇာတ်သိမ်းမှု, အပါယ်သံသရာကြီး၏ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူသော သောတာပန်တို့သည်ရကြ, ရောက်ကြ, ခံစံကြရသော အသင်္ခတ မဟာနိဗ္ဗာန်ကြီး၏ အခြင်းအရာကို အရိပ်အမြွက်မျှပြဆိုချက်တည်း၊ ကြွင်း သော အရိယ... |
23,361 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) သဥပါဒိသေသ,အနုပါဒိသေသ-နိဗ္ဗာန် ၂-မျိုး |
23,362 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကံ၏ အကျိုးဖြစ်သော ခန္ဓာငါးပါးသည် တဏှာ, ဒိဋ္ဌိ-တို့၏ အကျိတ်အခဲစွဲလမ်းရာဖြစ်၍ ဥပါဒိ-မည်၏၊ |
23,363 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ သဥပါဒိ၊ သေသ-နိ၊ ကြွင်းရှိ ငါးရပ်ခန်။ |
23,364 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိ-ကား နိဗ္ဗာန်တည်း၊ ဘဝခန္ဓာ သံသရာအကြွင်းအကျန် ရှိနေစဉ်အခါပေါက်ရောက်ရရှိ ခံစံကြရသော နိဗ္ဗာန်သည် သဥပါဒိသေသ နိဗ္ဗာန် မည်၏၊ |
23,365 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောတာပန်တို့၌ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ ချုပ်ငြိမ်းမှု, ခပ်သိမ်းသော ဒုစရိုက်ကံတို့၏ ချုပ်ငြိမ်းမှု, အပါယ်သံသရာကြီး၏ ချုပ်ငြိမ်းမှုကို ဆိုသတည်း၊ ထိုသဥပါဒိသေသနိဗ္ဗာန်သို့ ရောက်ကြ၍ ထိုနိဗ္ဗာန်၌ တည်နေကြကုန်သော သောတာပန် ပုဂ္ဂိုလ်တို့အား အပါယ် ၄-ပါးဟူသော ဒုဂ္ဂတိသံသရာ မရှိကြကုန်ပြီ၊ ဘုန်းတန်ခိုး ကျက်သရေနှင့် ပြည်စုံသော လူ့ဘဝ, န... |
23,366 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ကြွင်းသော အရိယာတို့မှာလည်း ထိုက်သည့်အားလျော်စွာ သိလေ။ |
23,367 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဆောင်ပုဒ်သံခိပ်။ |
23,368 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ အနုပါဒိ၊ သေသ-နိ၊ မရှိ ငါးရပ်ခန်။ |
23,369 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခန္ဓာကြွင်း, ဘဝကြွင်း, သံသရာကြွင်း အလျဉ်းမရှိသော အဆုံး စွန်သော ပရိနိဗ္ဗာန်စံမှုသည် အနုပါဒိသေသနိဗ္ဗာန် မည်၏၊ |
23,370 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ နိဗ္ဗာန် ၂-ပါးသည် ကျန်ရှိသော ဘဝခန္ဓာသံသရာ အတွက် နှင့်အခေါ်သာလွဲကြသည်၊ တစ်ခုတည်းသော အသင်္ခတ မဟာနိဗ္ဗာန်ကြီးပင်တည်း။ |
23,371 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာကား- တစ်ခုသော မိုးကောင်းကင်ကြီးကိုပင်လျှင် ရပ်ပေါ် ရွာပေါ်မှာ ရှိသည်ကို ရွာကောင်းကင် ဟူ၍, ရွာမှ ကျွတ်လွတ်ရာ၌ ရှိသည်ကို တောကောင်းကင်ဟူ၍ ဆိုအပ်သကဲ့သို့တည်း၊ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ အပါယ်သံသရာတို့၏ ချုပ်ငြိမ်းမှုမှစ၍ တစ်ဆက်တည်း, တစ်ခုတည်းသာတည်း။ |
23,372 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (င) သုညတ အနိမိတ္တ, အပ္ပဏီဟိတ နိဗ္ဗာန် ၃-မျိုး |
23,373 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ သုည, နိမိတ်၊ ပဏိဟိတ်၊ ဖြာစိတ် သုံးနိဗ္ဗာန်။ |
23,374 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဗ္ဗာန်သည် သုညတနိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပ္ပဏိဟိတနိဗ္ဗာန် ဟူ၍ ၃-ပါးပြား၏၊ |
23,375 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ပလိဗောဓ၊ ကြောင့်ကြသဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန်သုညတ။ |
23,376 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခတဓမ္မ အပေါင်းတို့တွင် အရဟတ္တဖိုလ် အမြတ်ဆုံးတည်း၊ |
23,377 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုအရဟတ္တဖိုလ်သည် ဇာတိရှိသော တရားမျိုးဖြစ်၍ ရရှိပြီးနောက် ဝင်စားလိုပြန်သည်ရှိသော် ဖြစ်ပေါ်ရန် အကြောင်းအခွင့်တွေကို ကြောင့် ကြစိုက်နိုင်မူ ဖြစ်ပေါ်၏၊ ဖြစ်ပေါ်၍ ခံစားစံစားဆဲမှာပင် မတ်တတ်ချုပ် ပျက် ကွယ်ပျောက်၍သွား၏၊ ခံစားလို ပြန်လျှင် တစ်ဖန် ကြောင့်ကြ စိုက်ရပြန်၏၊ ကြောင့်ကြစိုက်မှုပလိဗောဓ-မဆုံးရှိနေ၏၊ ထိုမှကြွင်းသော သင်္ခ... |
23,378 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဗ္ဗာန်မူသည်ကား-ထိုကဲ့သို့မဟုတ်၊ ဇာတိကင်းငြိမ်းသော ဇာတ် သိမ်းမှုဖြစ်ပေ၍ သက္ကာယဒိဋ္ဌိ အပြီးချုပ်ငြိမ်းခြင်းကို တစ်ကြိမ်ရရှိ သည့်နောက် ထိုဒိဋ္ဌိငြိမ်းမှု, အပါယ်သံသရာငြိမ်းမှုသည် ဘဝအဆက် ဆက် ကမ္ဘာအဆက်ဆက် အမြဲတည်လေတော့သည်ဖြစ်၍ ထိုငြိမ်းမှု အတွက်နှင့် ကြောင့်ကြစိုက်ဖွယ် ကိစ္စတစ်စုံ တစ်ခုမျှမရှိပြီ၊ သီတာ သမုဒ္ဒရကြီး၏ အတွင်းမ... |
23,379 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ဘေးပေါင်းတစ်ရံ၊ မဆက်ဆံ၊ နိဗ္ဗာန်နိမိတ္တ။ |
23,380 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခတဓမ္မမည်သည် ဇာတိရှိသောကြောင့် ရုန့်သော အရိပ် နိမိတ်ရှိ၏၊ ရုန့်ရင်းသော အရိပ်နိမိတ်ရှိသောကြောင့် ဘေးအပေါင်းနှင့် တစ်ရံမစဲ အမြဲဆက်ဆံ၏၊ မဇ္ဈတ္တဘေး, ဗဟိတ္တ ဘေးတို့ထိပါးနိုင်၏၊ ကိလေသာတို့ သုံးသပ်နိုင်၏၊ ဇရာ, မရဏမီးတို့လောင်နိုင်၏၊ နိဗ္ဗာန် သည်မူကား ထိုကဲ့သို့မဟုတ်၊ အနိမိတ္တဓမ္မသာ-ဖြစ်၏၊ ထိုဘေးတို့ မထိပါးနိုင်။ |
23,381 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာကား- ကောင်းကင်ကြီးသည်ဇာတိနှင့်ဖြစ်ပေါ်သော တရားမျိုးမဟုတ်သောကြောင့် လက်နက်ဘေးတို့ မထိပါးနိုင်၊ မစင်စ သောအညစ်အကြေးတို့ မလိမ်ကျံနိုင်၊ မီးတို့မလောင်နိုင်၊ ဟောင်းနွမ်း ဆွေးမြေ့သည်မရှိ၊ ပြိုပျက်ကွယ်ဆုံးသည်မရှိ၊ အနမတဂ္ဂ သံသရာနှင့်အမျှ နိစ္စ တည်ရှိ၏၊ |
23,382 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့အတူ သောပန်ပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိ, ဝိစိကိစ္ဆာ-တို့ချုပ်ငြိမ်းမှု, အပါယ်သံသရာ၏ချုပ်ငြိမ်းမှု-ဟူသော နိဗ္ဗာန်သည် ဘေးအပေါင်းတို့ မထိပါးနိုင်၊ ကိလေသာတို့မလိမ်းကျံနိုင်၊ ဇရာမရဏမီးတို့ မလောင်နိုင်၊ ထိုချုပ်ငြိမ်းမှုကို ဘေးထိ၍ ဆွေးမြေ့ကုန်ခန်းမည်ကို ကြောင့်ကြ စိုးရိမ်ဖွယ်မရှိ၊ သောတာပန်သည် ပုထုဇဉ်အဖြစ်သို့ ပြန်၍ရောက်မည်ကို ကြ... |
23,383 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ တောင့်တပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန် ပဏိဟိတ။ |
23,384 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တောင့်တခြင်းသည် ပဏိဟိတ မည်၏၊ ပူပန်မှုသက်သက်တည်း၊ ဒုက္ခ အများကပွါးများစေတတ်၏၊ သင်္ခတဓမ္မမည်သည် ကောင်းမွန် သောတရားကိုရအောင် အားထုတ်၍ရရှိသော်လည်း ကုန်ခန်းခြင်းသ ဘော ရှိသောကြောင့် မွဲမြဲ မွဲပြန်၏၊ ဆင်းရဲမြဲဆင်းရဲပြန်၏၊ တောင့်တ ပူပန်မှုအဆုံးမရှိ။ |
23,385 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သောတာပန်တို့အား ရရှိ၍နေသော ထိုငြိမ်းမှုသည်ကား အဘယ်အခါမှာမှ ပျက်ကွယ်ကုန်ဆုံးခြင်မရှိ၊ တဖန် တောင့်တရန် မရှိ၊ ဒိဋ္ဌိချုပ်ငြိမ်းမှု ပျောက်ကွယ်သွားပြန်၍ ဘုရားကို တောင့်တ-ရပြန်သည် မရှိ၊ တရားကို တောင့်တ-ရပြန်သည်မရှိ၊ ဒုစရိုက်ချုပ်ငြိမ်းမှု ပျောက်ကွယ် သွားပြန်၍ ဒါနကိုအထူးအားထုတ်ရပြန်ပြီ သီလကို အထူးအားထုတ် ရပြန်ပြီ-ဟူ၍မရှိ၊ ထို... |
23,386 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤအမည် ၃-ပါးသည်လည်း တစ်ခုသောအဖြစ်ငြိမ်းမှု, ဇာတ် သိမ်းမှု၏ အမည်သာတည်း။ |
23,387 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အရိယာပုဂ္ဂိုလ်တို့တွင် သောတာပန်သည် အညံ့ဆုံးဖြစ်၏၊ ထို့ အညံ့ဆုံး၏ ငြိမ်းချမ်းမှုသည်ပင်လျှင် အနမတဂ္ဂ ကြီးကျယ်လှလေ၏၊ ကြွင်းသောပုဂ္ဂိုလ်တို့၏ ငြိုချမ်းမှုမှာ ဆိုဖွယ်မရှိပေ-ဟု သိစေခြင်းငှါ သောတာပန်၏ နိဗ္ဗာန်ကို ထုတ်ဖေါ်၍ ပြဆိုလိုက်သည်။ |
23,388 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိဗ္ဗာန်ကို ပြဆိုခန်း ပြီး၏ |
23,389 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၅-ဝိပဿနာရှုနည်း ပြဆိုခန်း |
23,390 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုပ္ဖုဠူပမာ။ |
23,391 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။ |
23,392 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။ |
23,393 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (သံယုတ်ပါဠိတော်) |
23,394 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပံ၊ ရူပက္ခန္ဓာကို၊ ဏေ ပိဏ္ဍူပမံ၊ ရေမြှုပ်ဆိုင် ရေမြှုပ်ခဲနှင့်တူစွာ။ |
23,395 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒဋ္ဌဗ္ဗံ၊ ရှုအပ်၏၊ ဝေဒနာ၊ ဝေဒနက်ခန္ဓာကို။ |
23,396 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုပ္ဖုဠူပမာ၊ ရေပွက်နှင့်တူစွာ။ |
23,397 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒဋ္ဌဗ္ဗာ၊ ရှုအပ်၏၊ သညာ၊ သညက္ခန္ဓာကို။ |
23,398 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မရီစိကူပမာ၊ တံလှပ်နှင့်တူစွာ။ |
23,399 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒဋ္ဌဗ္ဗာ၊ ရှုအပ်၏၊ သင်္ခါရာ၊ သင်္ခါရက္ခန္ဓာ ကို။ |
23,400 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကဒလူပမာ၊ ငှက်ပျောတုံး လက်ပန်တုံးနှင့်တူစွာ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.