id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
23,401
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒဋ္ဌဗ္ဗာ၊ ရှုအပ် ကုန်၏၊ ဝိညာဏံ၊ ဝိညာနက္ခန္ဓာကို။
23,402
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မာယူပမံ၊ မျက်လှည့်အမှုနှင့်တူစွာ။
23,403
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒဋ္ဌဗ္ဗာရှုအပ်၏၊ ဣတိ၊ဤသို့။
23,404
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာဒိစ္စဗန္ဓုနာ၊ နေမင်း၏အနွယ်ဖြစ် တော်မူသော ငါဘုရားသည်။
23,405
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒေသိတ၊ံ ဟောတော်မူအပ်၏၊
23,406
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရူပက္ခန္ဓာ ရှုနည်း
23,407
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကိဉ္စ ဘိက္ခဝေ ရူပံ ဝဒေထ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။
23,408
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသ မကသ ဝါတာတပ သရီသပ သမ္ဖေဿနပိ ရုပ္ပတိ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခ တသ္မာရူပန္တိ ဝုစ္စတိ။
23,409
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကိဉ္စ၊ အဘယ့်ကြောင့်လျှင်။
23,410
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရူပံ၊ ရုပ်ဟူ၍။
23,411
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝဒေထ၊ ဆိုကြကုန်မည်နည်း။
23,412
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခေါ၊ စင်စစ်လျှင်။
23,413
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ အတည်မမြဲ အနည်းနည်းလျှင် ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်၏၊ ရုပ္ပတိ၊ ခဏချင်းလျှင် ယိုယွင်းယိုင်ရွေ့ မြေ့မြေ့ကြေမွ ရွရွကြေကွဲ အနည်းနည်း ဖောက်ပြန်တတ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်။
23,414
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရူပန္တိ၊ ရုပ်ဟူ၍။
23,415
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝုစ္စတိ၊ ဆိုအပ်၏၊
23,416
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန်တတ် သနည်းဟူမူကား။
23,417
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သီတေနပိ၊ သီတတေဇောနှင့် တွေ့ခြင်းကြောင့်လည်း။
23,418
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဥဏှေနပိ၊ ဥဏှတေဇောနှင့်တွေ့ခြင်း ကြောင့်လည်း။
23,419
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဇိဃစ္ဆာပိ၊ ဆာလောင်ပူပန် သော တေဇောနှောင့်ယှက်ခြင်းကြောင့်လည်း။
23,420
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန် တတ်၏၊ပိပါသာရပိ၊ မွတ်သိပ်ပူပန်သော တေဇော နှောင့်ယှက်ခြင်း ကြောင့်လည်း။
23,421
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန် တတ်၏၊ ဍံသ သမ္ဖေဿနပိ၊ ခြင်ဆိပ် တေဇောနှင့် တွေ့ခြင်းကြောင့်လည်း။
23,422
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ မကသသမ္ဖေဿနပိ၊ မှက်ဆိပ်တေဇောနှင့် တွေ့ခြင်းကြောင့်လည်း။
23,423
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဝါတ-သမ္ဖေဿနပိ၊ လေစိမ်းမှာပါသော သီတ, ဥဏှ-တေဇောအစိမ်းနှင့်တွေ့ခြင်းကြောင့်လည်း။
23,424
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန် တတ်၏၊ အာတပ သမ္ဖေဿနပိ၊ နေပူ တေဇောနှင့်တွေ့ခြင်းကြောင့် လည်း။
23,425
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ဖောက်ပြန်တတ်၏၊ သရီသပ-သမ္ဖေဿနပိ၊ မြွေဆိပ် ကင်းဆိပ်ဟူသော သီတတေဇော ဥဏှ တေဇောနှင့်တွေ့ခြင်းကြောင့် လည်း။
23,426
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊
23,427
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရုပ္ပတိ၊ဖရိုဖရဲဖောက်လွဲ ဖောက်ပြန်ဖြစ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်။
23,428
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) ဝေါဟာရမြေကိုပြဆိုချက်
23,429
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤပါဠိတော်မြတ်၌ “သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ” အရကိုသိသာရုံမျှပြဆိုအံ့။
23,430
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေ, မြေ, လေ, မီး- ဟူသောဓာတ်ကြီး ၄ပါးတို့တွင် မြေဓာတ် သည် လောကဝေါဟာရမြေ, အဘိဓမ္မာ၌ ဟောတော်မူသော ပရမတ် မြေဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင်
23,431
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝေါဟာရမြေဆိုသည်ကား- ပရမာဏုမြူ, အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ, ကညစ်စာ, သန်းဥ, သန်းဖျ,သန်းမ,နှမ်း,ဆန်, မုယောတို့မှစ၍ မဟာပထဝီ, မြင့်မိုရ်တောင်စသည်တိုင်အောင် အစိုင်အခဲရှိနေ သော ဝတ္တုမျိုးကို ဝေါဟာရမြေဆိုသည်။
23,432
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သတ္တဝါ၏သဏ္ဌာန်၌လည်း ဆံပင်, မွေးညင်း, ခြေသည်း လက် သည်း, သွား, အရေထူအရေပါး-အစရှိသော အထည်သဏ္ဌာန်နှင့် မျက်စိဖြင့် မြင်ကောင်းသော ဝတ္တုမျိုးသည် ဝေါဟာရမြေသာတည်း။
23,433
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝေါဟာရမြေဟူသမျှသည် မြေအစစ်မဟုတ်သေး၊ မုချမြေ မဟုတ်သေး၊ လက္ခဏာရေးသုံးပါး၏ သက်ဆိုင်ရာ မဟုတ်သေး၊ ဝိပဿနာဉာဏ်မည်သည် ပရမတ္ထဓမ္မကို အာရုံပြု၍ဖြစ်မြဲ၊ ထိုမြေစုကား ပရမတ် မြေအစစ်မဟုတ်၊ ဝေါဟာရပညတ်မြေမျိုးသာတည်း။
23,434
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝေါဟာရ ပညတ် ဆိုသည်ကားမုချစင်စစ် အမှန်ရှိရင်း တရားကို မထိ၊ အဟုတ်ရှိ ရင်းတရားကို မထိ ဧကန်ရှိရင်းသဘောသို့ မဆိုက်၊ တကယ်ရှိရင်း ဖြစ်သော ဓာတ်ရင်းသို့ မရောက်၊ ထို့ကြောင့် ဝိပဿနာဉာဏ်၏ အရာမဟုတ်။
23,435
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ဝေါဟာရမြေကို ပြဆိုချက်တည်း။
23,436
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) ပရမတ်မြေကို ပြဆိုချက်
23,437
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ်မြေဆိုသည်ကား- ခက်မာခြင်းကြိယာအမူအရာ သက် သက်သာတည်း။
23,438
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုထိုဝတ္တုကို ဆုပ်ကိုင်ဖိနှပ် တီးခေါက်၍ စမ်းကြရာ၌ နူးညံ့သည်၊ ခက်မာသည်ဟု-လူတိုင်းပင်သိကြကုန်၏၊ ထိုသို့ သိကြကုန်ရာ၌ ပညတ် သိ, ပရမတ်သိ ၂-မျိုးရှိ၏၊
23,439
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ နူးညံ့သောဝတ္ထု၌ နူးညံ့မှုကိရိယာနှင့် ထိုဝတ္ထုတစ်ခုလုံးကို တပေါင်းတည်းပြု၍ တစ်ခုတည်းပြု၍ သိကြသည်ကား ပညတ်သိတည်း၊
23,440
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ်သိမဟုတ်၊ စိတ်သိ, သညာသိတည်း၊ ဉာဏ်သိမဟုတ်။
23,441
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ထိုဝတ္ထု၌ နူးညံ့မှုကိရိယာသက်သက်ကို သီးသန့်ကွက်ခြား၍ သိသည်ကား ပရမတ်သိတည်း၊ ပညတ်သိ မဟုတ်၊ ဉာဏ်သိတည်း၊ စိတ်သိ, သညာသိမဟုတ်။
23,442
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သီးသန့်ကွက်ခြား၍ သိမှုဆိုသည်ကား ထိုဝတ္ထု၌ မြေဓာတ်မှ တစ်ပါး ရေဓာတ်, မီးဓာတ်, လေဓာတ်, အဆင်းဓာတ်, အနံ့ဓာတ်, ရသဓာတ်, ဩဇာဓာတ်-ဟူ၍ ဓာတ် ၇-မျိုး ရှိကြသေး၏၊ ရော၍ မပါရအောင် ဝတ္ထုတစ်ခုလုံးကို အကုန်ခြုံ၍ ဤဝတ္ထုသည် နူးညံ့၏-ဟု ဆိုသည်ရှိသော် ထိုဓာတ် ၇-မျိုးပါ အကုန်နူးညံ့ခြင်းဟူသော မြေဓာတ် တစ်ခုပြု၍ သိမှု, ပြောမှုဖြစ်၏၊
23,443
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဝတ္ထုသည် ဤအဏုမြူသည်, ဤမွေးညင်းသည် အစရှိ သည်ဖြင့် အထည်ဒြပ်ပညတ်သဏ္ဌာန်ကို စိတ်၌ထင်မြင်၍ သိမှု, ပြောမှု ဖြစ်သည့်အတွက် ပညတ်သိသာဖြစ်၏၊ ဓာတ် ၇-ပါးကို အဟုတ် ထိသည်လည်းမဟုတ်၊ စမ်းသပ်လိုက်သောအခါ၌ ကာယဝိညာဉ်သည် ကား မြေဓာတ်သက်သက် ကိုသာ ထိ၏၊
23,444
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ်မြေဓာတ်သက်သက်ကို သီးသန့်ကွက်ခြား၍ ယူသေး၏၊
23,445
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအခါ ဓာတ် ၇-ပါးတို့ မပါကုန်သေး၊ ပညတ်လည်း မဟုတ်သေး၊ နောက်လိုက် မနောဝိညာဉ်တို့သည်ကား ကာယဝိညာဉ်သိသော မြေ ဓာတ်နူးညံ့မှု သက်သက်ကို ထိုဝတ္ထုဒြပ် ပညတ်အထည် နူးညံ့မှုပြုလုပ်၍ သိကြကုန်၏၊ ကာယဝိညာဉ်သိကား မပြဋ္ဌာန်းနိုင်၊ မနောဝိညာဉ်သိ တို့သည်သာ ပြဋ္ဌာန်း၍နေကုန်၏၊ မနောဝိညာဉ်သိ အတိုင်းသာ လူတို့က အဟုတ်မှတ်ထင် အသိအမြင်ပြု၍ နေကြကုန်၏၊
23,446
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥပမာ-- မီးရထားစီး၍ သွားကြရာ၌ လယ်ကွင်း, ယာကွင်း, သစ်ပင်, ချုံနွယ်, တော, တောင်-တို့ကို မျှော်ရှုကြရာ၌ စက္ခုဝိညာဉ်သည် ကား ထိုဝတ္ထုတို့ တည်ရှိကြသည့်အတိုင်းသာ မြင်ပေ၏၊ နောက်လိုက် မနောဝိညာဉ်တို့ မဟုတ်မယမ်း ဆန်းပြားပွေလီမှုအတွက် ချာချာလည်ဝိုင်း ခုန်စိုင်းပြေးသွား အမှောက်အမှား ထင်မြင်ချက်ပြဋ္ဌာန်းလျက် ရှိနေကြ သကဲ့သို့တည်း။
23,447
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(စက္ခုဒွါရ၌ လူတိုင်း ဒိဋ္ဌမျက်မြင် ဥပမာတည်း။
23,448
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) မဟုတ်မှန်းသိလျက်နှင့် မနောဝိညာဉ်တို့ ပြဋ္ဌာန်းလှသည့် အတွက်ကြောင့် ချာချာလည်ဝိုင်း ခုန်စိုင်း ပြေးသွား အမှောက်အမှား ထင်မြင်ချက်ကြီးကို ဖျက်သိမ်း၍ပင် မရကြလေ။
23,449
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရထားမစီးမီက သိရင်းဖြစ်ကြ၍သာလျှင် ထိုဝတ္ထုတို့ကား မပြေးမသွားသည်အမှန်၊ ရထားသည်သာ ပြေးသွားသည်-ဟု ဉာဏ်သိပေါ်နိုင်ကြသေး၏၊ ဓာတ် သဘာဝ အရာတို့၌ကား အနမတဂ္ဂသံသရာမှ တစ်ခါမှ သိရှိရင်း မဟုတ် ကြသောကြောင့် ဉာဏ်သိဟူ၍ မပေါ်နိုင်ကြပြီ။
23,450
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား နူးညံ့သောဝတ္ထု, နူးညံ့ခြင်းကိရိယာ-ဟူသော ဆတ် ဆတ်သော ပရမတ်မြေဓာတ်ကို ဝတ္ထုဒြပ် တည်းဟူသောပညတ်မှ ဉာဏ်ဖြင့် အသီးထုတ်၍ သီးသန့်ကွက်ခြား၍ သိမြင်ပုံတည်း။
23,451
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ထိုဝတ္ထုမှာ နူးညံ့မှုကိရိယာကို ပရမတ်မြေဓာတ် အစစ်ဆိုရာ ၌လည်း ထိုဝတ္ထုတစ်ခုလုံး၌ နူးညံ့မှုအားလုံးကို တစ်ခုသော ပရမတ်မြေ ဓာတ်ဟု ဆိုသည်မဟုတ်၊ အကယ်၍ တစ်ခုသော မြေဓာတ်ဖြစ်ခဲ့ငြားအံ့၊ အစိတ်အစိတ် ခွဲခြမ်းစိတ်ဖြာခြင်းငှါ မတတ်ကောင်းသည်သာ ဖြစ်ရာ၏၊
23,452
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်ခုသော ပရမတ္ထတရားမည်သည် အပိုင်းအပိုင်းဖြတ်၍ မရကောင်း၊ အစိတ်အစိတ် ခွဲ၍မရကောင်း၊ မျက်မြင်လက်စမ်း တွေ့ အောင် လှုပ်ရှား၍ အမူအရာပြောင်းလဲသည်-ဟူ၍ မရှိ၊ ရှေးရှေးအမှု ဟောင်း ကွယ်ပျောက် နောက်နောက်အမှုသစ်တစ်မျိုးတစ်မျိုး ဖြစ်ပေါ် သည်ကို လောက၌လှုပ်သည်, ရှားသည်,ကြွသည်, ထသည်,ရွေ့ရှားသည်ဟုခေါ်ဝေါ်ပြောဆိုကြသည်။
23,453
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ္ထတရားမည်သည် ကိရိယာအမူ အရာ သက် သက်မျှဖြစ်၍
23,454
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ရှေးရှေး အမှုဟောင်း ကွယ်ပျောက်မှုဆိုသည်ကား ရှေး ပရမတ် ဓာတ်ဟောင်းတို့ ချုပ်ပျက်သေဆုံးမှုပေတည်း။
23,455
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နောက်နောက်အမှုသစ်တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုဆိုသည် ကား ပရမတ်ဓာတ်သစ်တို့ တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုပေ တည်း။
23,456
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဓာတ်သစ်, ဓာတ်ဟောင်း, ပရမတ်သစ်, ပရမတ်ဟောင်း ပြောင်း လဲကြရာ၌ အပိုင်းအခြား အာကာသသည်ရှိ၏၊ မျက်စိနှင့်ကားမမြင်ရ၊ ပရမတ်ကိရိယာသဘာဝကို မြင်တတ်သောဉာဏ်နှင့်သာလျှင် ထိုအပိုင်း အခြားကိုမြင်နိုင်၏၊ အပိုင်းအခြားဆိုသည်ကား ရှေးရှေးတရား၏ ဘင်စွန်း နှင့် နောက်နောက်တရား၏ ဥပါဒ်စွန်းအကြားတည်း၊ ကောင်းကောင်းမြင် အောင်ကြည့်ကြကုန်ရာ၏၊
23,457
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(နူးညံ့မှုပထဝီမြေဓာတ်စစ်ခန်းပြီး၏၊ ခက်မာမှုပထဝီ မြေဓာတ်မှာလည်း ဤနည်းကိုမှီ၍ သိလေ။
23,458
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) (ဤကား ပရမတ်မြေကို ပြဆိုချက်တည်း။
23,459
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ)ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံးတည်ထောင်ပုံ
23,460
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အလွန်ဆုံးသော ခတ်မာမှု, မာဆတ်သော ပရမတ်ကလာပ်ကို ပြဆိုချက်
23,461
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အေးမြလှစွာသော သံလုံးသံခဲကို အားကြီးလှစွာသော ရှားမီး ကျီးစုအတွင်း၌ထည့်၍ ဖိုများစွာဆိုင်၍ ပြိုင်အားတိုက်ထိုး၍ အရည် ကျိုရာ၌ သံတုံးသံခဲ၌ နဂိုပကတိ ရှိနေသော ခက်မာမှု အခြင်းအရာ အမူအရာသည် ဥဏှမီးပူ အပြင်းအထန် နှိပ်စက်ဖိစီးမှုကြောင့် ရှေးရှေး အမူအရာ ပျက်၍ပျက်၍ အမူအရာသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ် ဖြစ်ပေါ်၍အရည်ကြည်ကြည်ဖြစ်ရ၏၊ ခက်မ...
23,462
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သံတုံးသံခဲအတွင်းအပြင်တစ်ခုလုံး ပျက်မှု, ဖြစ်မှု, ရွရွ ရွရွ နေပုံကိုမြင်လိမ့်မည်၊ ရေမြှုပ်ခဲနှင့် အနှစ်မရှိခြင်း တူလှပုံကို မြင်လိမ့်မည်၊ ဉာဏ်၌အတုံးကြီး,အခဲကြီး-ဟူသောသဏ္ဌာန်ဒြဗ် ပညတ်ကြီးပေါ်ရှိ ခုခံပိတ်ဆီး၍ မနေစေနှင့်၊ အတွင်း၌ခက်မာမှုတွေ တရွရွနေသည်ကို ဉာဏ်နှင့်စူးစိုက်ထိုးထွင်း၍ မြင်အောင်ကြည့်လေ၊ တစ်ဖန် ထိုသံရည်က ရေအေးသ...
23,463
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခက်မာမှု-ဟူသော ပရမတ်မြေဓာတ်လက္ခဏာ၌ အမာကြီး အဆင့်ဆင့် အမာနုအဆင့်ဆင့် ရှိပြန်၏၊ အမာနုကို နူးညံ့မှုဆိုသည်၊ မဟာပထဝီမြေကြီး, မြင့်မိုရ်တောင်, စကြာဝဠတောင်, သတ္တရဘန်တောင် ကြီးတွေကို ကမ္ဘာမီးအပြင်းအထန် နှိပ်စက်ဖိစီး၍လောင်ရာ၌ အတွင်း ပရမတ်မြေဓာတ် အမူအရာ ကိရိယာစုကို စူးစိုက် ထိုးထွင်း၍ ကြည့်နိုင် ပါမူ ရေမြှုပ်ခဲကြီးတွေနှင့် တူပုံ...
23,464
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အနမတဂ္ဂသံသရာ၌ တစ်ခါမျှ မပေါ်ပေါက်ဖူးသေး သော ဓာတ်မျက်စိ,ဓာတ်မျက်လုံး, ပေါ်ပေါက်အောင် အစစွာထူထောင်ပုံ စနစ်တည်း။
23,465
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
)ဤမျက်စိကို ပါဠိတော်၌"ဓမ္မစက္ခုံ ဥဒပါဒိ"ဟူ၍ဟောတော် မူသည်၊ ဤမျက်စိပေါက်မှသာ 'ဘုရားကို မြင်နိုင်သူ မည်သည်။
23,466
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တရားကို မြင်နိုင်သူမည်သည်။
23,467
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သာသနာတော်ကို တွေ့ရသူမည်သည်။
23,468
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယော ဟိ ဝက္ကလိ ဓမ္မံပဿတိ၊ သော မံ ပဿတိ။
23,469
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယော ဓမ္မံ န ပဿတိ၊ သော မံ နပဿတိ- ဟူ၍ ဟော တော်မူသည်။
23,470
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝက္ကလိ၊ ဝက္ကလိရဟန်း။
23,471
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဓမ္မံ၊ သမ္မုတိပညတ် ဒြပ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော်ရှုမြင်အပ်သော ပရမတ္ထသဘောကို။
23,472
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဿတိ၊ ဉာဏ်မျက်စိဖြင့် မြင်နိုင်၏၊ သော၊ ထိုသူသည်၊ မံ၊ ငါဘုရားကို။
23,473
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဿတိ၊ တွေ့မြင်ရ သောသူ မည်၏၊ ဝက္ကလိ၊ ဝက္ကလိရဟန်း။
23,474
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဓမ္မ၊ သမ္မုတိပညတ် ဒြဗ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော် ရှုမြင်အပ်သော ပရမတ္ထသဘောကို။
23,475
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နပဿတိ၊ ဉာဏ် မျက်စိဖြင့် မမြင်နိုင်။
23,476
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နပဿတိ၊ မတွေ့ မမြင်ရသောသူ မည်၏၊
23,477
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အလွန်ဆိုးသော ခက်မာမှု မာဆက်သော ပရမတ် ကလာပ်ကို ပြဆိုချက်တည်း။
23,478
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အလွန်နူးညံ့သော မုဒုပရမက်မြေဓာတ်ကို ပြဆိုချက်
23,479
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယခုအခါ၌ အလွန် နူးညံ့သိမ်မွေ့သော ပရမတ် ပထဝီကို ပြဆိုပေအံ။
23,480
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လဝန်းသဏ္ဌာန်မှထွက်၍ မြေအပြင်သို့ရောက်အောင် သက် ဆင်းလွင့်ပါးရွေ့ရှားပြေးသန်း၍ ကျရောက်လာသော လရောင်တို့၌ လည်းကောင်း, ရှိန်ရှိန် ရှိန်ရှိန် လူလူလူလူ တောက်ထ၍နေသော မီးတောက်မီးလျှံတို့၌လည်းကောင်း, ရွေ့ရွေ့ ရွေ့ရွေ့ စီးသွား၍နေသော မြစ်ရေအလျဉ်တို့၌လည်းကောင်း တစ်ခဏမျှ ရပ်တန့်တည် နေခွင့်မရဘဲ ရုပ်ကိရိယာ ရုပ်အမူအရာ အပျက်, အဖြစ် အရွေ...
23,481
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အလွန်သိမ်မွေ့သော ပထဝီကို ပြဆိုချက်တည်း။
23,482
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အမာဆုံး အနုဆုံး ၂-ချက်ကို ပြဆိုလိုက်သဖြင့် အလယ်အလက်ဖြစ်သော ပထဝီတို့ကိုမူကား သိမြင်နိုင်ကြကုန်ရာ၏၊)
23,483
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝိကာရရုပ္ပန အပျက်ကို ပြဆိုချက်
23,484
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သတ္တဝါတို့၏ သဏ္ဌာန်၌မူကား သီတ, ဥဏှ၊ အတက်, အသက်၊ ခဏမစဲရှိနေ၏၊ ဥတု ၃-ပါး အပွားအဆုတ်,ရတု ၆-ပါး အပွားအဆုတ် ၁၂-ရာသီခေါ်သောဓာတ်မီး ၁၂-ပါး အပွားအဆုတ်, လဆန်း လဆုတ် တနင်္ဂနွေ တနင်းလာ စသော ၇-ပါးဟုဆိုအပ်သော ဓာတ်မီး ၇-ပါးတို့၏ အစဉ်အတိုင်း အတက်, အဆုတ်, နေ့နာရီ ညနာရီခေါ်သော ဥဏှ, သီတဓာတ်တို့၏ အဇ္ဈတ္တသန္တာန်မှာလည်း ရွရွရွရွ ခဏမစဲ မြစ်...
23,485
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤရိယာပုထ်ကြီး ၄-ပါး ခပ်သိမ်းသောကိုယ်အင်္ဂါ လှုပ်ရှားမှု၌ လည်းကောင်း, အညရဟဓာတ်မီး-အာရဟဓာတ်ဆီတို့၏အတက် အဆုတ်တို့၌လည်းကောင်း ထို့အတူမြင်အောင်ရှုရာ၏၊ မိမိသဏ္ဌာန်မှာ တစ်ခုသော အင်္ဂါ၌ ထင်မြင်အောင်ထူထောင်တစ်ကိုယ်လုံး ဓာတ်မျက်လုံး ပေါက်အောင်စွဲမြဲကြလေ၊ မိမိသသဏ္ဌာန်တစ်ခု၌ ဓာတ်မျက် လုံးလှလှ ပေါက်လျှင် ခပ်သိမ်းသောသတ္တဝါတို့၏ သဏ္ဌ...
23,486
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခပ်သိမ်းသော ရုပ်ဟူသမျှသည် ပထဝီ၌မှီတွယ်၍ ဖြစ်ကြရ ကုန်၏၊ ခပ်သိမ်းသော ပဉ္စဝေါဟာရ နာမ်ခန္ဓာဟူသမျှသည် ရုပ်၌ မှီတွယ်၍ဖြစ်ကြရ၏၊ ပထဝီ၏ဖြစ်မှု ပျက်မှု ဥဒယဗ္ဗယ-အချက်ကို ထင်မြင်နိုင်ပါလျှင် ကြွင်းသော ရုပ်နာမ်တို့၏ ဖြစ်မှု ပျက်မှု ဥယဗ္ဗယ အချက်ကိုလည်း ထင်မြင်ခြင်းငှါလွယ်လှ၏၊
23,487
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ဝိပကာရရုပ္ပနအပျက်ကို ပြဆိုချက်တည်း။
23,488
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံးတည်ထောင်ပုံ ပြီး၏၊
23,489
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
Ä Ä Ä ၁၆-မဇ္ဈိမပုဂ္ဂိုလ်တို့ ရှုနည်းကိုပြဆိုခန်း
23,490
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ်နှစ် မြေအစစ်ဆိုသည်ကား ခက်မာသော အမူအရာ အခြင်းအရာကိရိယာမျှသာတည်း၊ အဏုမြူကို အစိတ်တစ်သိမ်းစိတ်၍ တစ်စိတ်စာမျှ အခဲအကျိတ် အဆန်အမာ အထည်ဒြဗ်ဟူ၍မရှိ။
23,491
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အလွန်ကြည်လင်လှစွာသောမြစ်ရေ၊ ချောင်းရေ၊ စိမ့်ရေ၊ စမ်းရေတို့၌လည်းကောင်း၊ နေရောင်၊ လရောင်၊ ကြယ်ရောင်၊ မီးရောင်၊ ပတ္တမြားရောင်တို့၌လည်းကောင်း၊ အနည်းအဝေး ပျံ့နှံ့၍ သွားသော ခေါင်းလောင်းသံ၊ ကုလားတက်သံ၊ တုံးသံ၊ တိုင်သံ၊ ကြေးစည်သံ၊ စည်သံ၊ ဗုံသံ၊ ဆိုင်းသံ၊ အော်သံ၊ ဟစ်သံ-စသည်တို့၌လည်းကောင်း၊ လေပြည်လေညင်း၊ လေပြင်း၊ မုန်တိုင်းတို့၌...
23,492
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကျမ်းဂန် ယုတ္တိကား
23,493
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဓာတ်ကြီး ၄-ပါးတို့၏ တစ်ပါးနှင့်တစ်ပါး အချင်းချင်း အဝိနိဗ္ဘောဂဝုတ္တိ ဖြစ်ကြသည်ကို ထောက်၍လည်းကောင်း,
23,494
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဧကံမဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေပဋိစ္စ ဧကံမဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။
23,495
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဧကံမဟာဘူတံ၊ ၁-ပါး ၁-ပါးသော မဟာဘုတ်ကို။
23,496
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိစ္စ၊ စွဲ၍, မှီတွယ်၍။
23,497
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တယော မဟာဘူတာ၊ ၃-ပါး ၃-ပါးသော ပဝတ္တန္တိ၊ ဖြစ်ကြရ ကုန်။
23,498
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တယော မဟာဘူတေ၊ ၃-ပါး ၃-ပါးသော မဟာဘုတ်တို့ကို။
23,499
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိစ္စ၊ စွဲ၍,မှီတွယ်၍။
23,500
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဧကံ မဟာဘူတံ ၁-ပါး ၁-ပါးသော မဟာဘုတ်သည်။