id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
23,501
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဝတ္တတိ၊ ဖြစ်ရ၏၊ ဒွေ မဟာဘူတေ၊ ၂-ပါး ၂-ပါး,သော မဟာဘုတ် တို့ကို။
23,502
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒွေ မဟာဘူတာ၊ ၂-ပါး ၂-ပါးသော မဟာဘုတ်တို့သည်။
23,503
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဝတ္တန္တိ၊ ဖြစ်ကြကုန်၏, ဟူ၍ ပဋ္ဌာန်းပါဠိတော် မြတ်၌ ဟောတော်မူသည်ကို ထောက်၍လည်းကောင်း
23,504
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ပထဝီ၊ မြေဓာတ်သည်။
23,505
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သမ္ပဋိစ္ဆနရသာ၊ ရေဓာတ်,လေဓာတ်, မီးဓာတ်တို့ကို ခံခြင်းကိစ္စရှိ၏ဟူ၍ အဋ္ဌကထာကတို့၌ မိန့်ဆိုသည်နှင့် အညီအမာခံဖြစ်သော မြေဓာတ်အခံမရှိလျှင် ရေဓာတ်လည်းမရှိနိုင်၊ မီးဓာတ်လည်း မရှိနိုင်၊ လေဓာတ်လည်းမရှိနိုင်သော သဘောကို ထောက်၍လည်းကောင်း ဆိုခဲ့ပြီးသော ရေစသည်တို့၌ မြေဓာတ်အပြည့် ပါရှိကြောင်းကို ဆိုအပ်သတည်း။
23,506
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ကျမ်းဂန်ယုတ္တိတည်း။
23,507
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်လုံးတစ်ခဲတည်း ဖြစ်ကြသော ရေတို့၌လည်းကောင်း, လေတို့၌လည်းကောင်း အထက် အထက် နေသော ရေ, လေ-တို့ကို အောက်အောက်နေသော ရေ, လေတို့က အဆင့်ဆင့်ခုခံ၍ နေမှုသည် ထင်ရှား၏၊ ထိုခုခံမှုသည် အာပေါမှုလည်း မဟုတ်၊ ကပ်တွယ်ဖွဲ့စည်းမှုသည်သာ အာပေါပေတည်း၊ ထိုခုခံမှုသည် တေဇောမှုလည်းမဟုတ်၊ ပူမှု, အေးမှုသည်သာ တေဇောပေတည်း၊ ထိုခုခံမှုသည် ပထဝီမှု, ဝါယေ...
23,508
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို ၂-မှုတို့တွင် ထောက်ကန်တောင့်တင်းမှု--ဟူသော လေဓာတ်သည် ခက်မာကြမ်းတမ်းမှုဟူသော မြေဓာတ်ကိုမှီရသည်၊ မြေဓာတ်ကိုလွှတ်၍ မိမိအလိုလျောက် ဖြစ်နိုင်သည်မဟုတ်၊ ခက်မာကြမ်းတမ်းမှုနှင့် ထောက်ကန်တောင့်တင်းမှုကို ခြားနားအောင်ကြည့်လေ၊ ဤသို့လျှင် ထိုဆိုအပ်ခဲ့ပြီးသော ရေ, လေ-တို့၌ ခက်မာကြမ်းတမ်းမှုဟူသော ပရမတ်မြေ ထင်ရှားရှိကြောင်းကို ထိုရ...
23,509
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဆိုအပ်ခဲ့ပြီးသော နေရောင်စသည်, ခေါင်းလောင်းသံစသည်, အမွှေးအနံ့ စသည်တို့၌သာ ထိုအားလျော်စွာ ခက်မာကြမ်းတမ်းမှု အသီးအသီးပါရှိငြားသော်လည်း အလွန်တရာအားနည်းလှသော အမှုဖြစ်ချေ၍ လက္ခဏယုတ္တိနှင့် မပြသာချေ။
23,510
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကျမ်းဂန်ယုတ္တိနှင့်သာ ပြသာချေသည်၊ ဤကြည်လှစွာသော လေ, လရောင်, အသံ, အနံ့တို့ကို ပြဆိုလိုက်သည်မှာ ကက္ခဠကိရိယာ ခက်မာကြမ်းတမ်းမှု ဟူသော အမူအရာ သက်သက်သည်သာလျှင် ပရမတ်မြေအစစ် မည်သည်၊ အဏုမြူကို အစိတ်တစ်သိန်းစိတ်သော်လည်း တစ်စိတ်စာမျှ အဆန်အမာ အထည်ဝတ္ထု မရှိကြောင်းကို ထင်ရှားစေခြင်းငှာ ပြဆိုလိုက်သည်၊ အထည်ဝတ္ထုဟူ၍မရှိ၊ ခက်မာသော အမူ...
23,511
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့် ဝဇိရစိန်ကျောက်သွား၌ ရှိသော ခက်မာမှုကို အလွန်ဆုံးထား၍ လ, ရောင်ကလာပ်၌ ရှိသော ခက်မာမှုကို အနုံ့ဆုံးထား၍ စပ်ကြား၌ ခက်မာမှု အဆင့်ဆင့်, နူးညံ့မှု အဆင့်ဆင့် ဖြစ်၍နေသော ထိုမြေဓာတ်၏ သဘောသွားကို သိရမည်၊ ဤမြေဓာတ်၌ ခက်မာခြင်း လက္ခဏာဆိုသည်ကို ပရမတ်သဘောနှင့်ကြည့်ရမည်။
23,512
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပကတိလူတို့၏ အမှတ်သညာနှင့် မကြည့်ရ။
23,513
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပကတိလူတို့၏ အမှတ်သညာနှင့် ကြည့်ခဲ့သော် လရောင် စသည်တို့၌ ခက်မာသောအမှုကို မတွေ့နိုင်ရှိလိမ့်မည်။
23,514
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုခက်မာသော အခြင်းအရာ ကိရိယာ သဘောသက်သက်မျှသာဖြစ်သော ပရမတ်မြေဓာတ်သည် အာပေါ ဟူသော ပရမတ်စေး ဖွဲ့စည်းမှု ကြောင့် မြေဓာတ်ပေါင်း ကုဋေသိန်းသောင်း ပေါင်းဖွဲ့မိသည်ရှိသော် အနုမြူတစ်ခုဟူသော ဝတ္ထုအထည်ဒြဗ် ဖြစ်၏၊ အနုမြူပေါင်း ကုဋေသိန်းပေါင်း ပေါင်ဖွဲ့မိသည်ရှိသော် သန်း, ကြမ်းပိုးဖြစ်၏၊
23,515
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုမှ အဆင့်ဆင့်ပွါး၍ သတ္တဝါတွင် ယူဇနာ ၄-ထောင် ၈-ရာ ရှိသော အသူရိန်နတ်ကြီးတိုင်အောင်၊ ဗဟိဒ္ဓသဏ္ဌာန်တွင် ယူဇနာ ၈- သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး, ၂-သိန်း ၄-သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး, ၂-သိန်း ၄-သောင်း အထုရှိသော မဟာပထဝီ မြေကြီးတိုင်အောင် သိလေ၊ သန်း အစရှိသော, အနုမြူအစရှိသော သက်ရှိသက...
23,516
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ မြေဓာတ်၏ကိစ္စ ကြီးကျယ်ဟန်ကို သိရမည်၊ မြင့်မိုရ်တောင်ကြီး တစ်ခုလုံး၌လည်းကောင်း၊ မဟာပထဝီမြေကြီးတစ်ခုလုံး၌လည်းကောင်း၊ ပရမတ်မြေဓာတ်သက်သက်ကို ကြည့်လိုသည်ရှိသော် အနုမြူမျှ အထည်ဒြဗ်မရှိ၊ ခက်မာသော အခြင်းအရာ ကိရိယာသဘော သက်သက်ကို ကွက်ခြား၍ သိရသည်၊ အနုမြူမျှ အထည်ဒြပ်မရှိဘဲ မှန်ထဲ၌ထင်သော အရိပ်ကြီးကဲ့သို့, ရေထဲ၌ ထင်သောအရိပ်ကြ...
23,517
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤဓာတ်ကမ္ဓဋ္ဌာန်း၌ ရှင်အာနန္ဒာကို အရှင်ပုဏ္ဏမထေရ် ဆုံးမ သောအခါ မှန်ရိပ်ဥပမာနှင့် ဆုံးမသည်၊ ဤမှန်ရိပ်ဥပမာနှင့်ပင် ရှင် အာနန္ဒာ သောတာပန်ဖြစ်လေသည်။
23,518
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) မြင့်မိုရ်တောင်, မဟာပထဝီ မြေကြီးတို့ကို အကုန်ခြုံ၍ ကြည့်သောအခါ၌ပင် အခဲအကျိတ် အထည်ဝတ္ထု အနုမြူမျှ မရောမယှက်ဘဲ ပရမတ်အစစ်အမှန်ဖြစ်သော ခက်မာမှုဟူသော မြေဓာတ်သက်သက်ကို ထင်မြင်အောင် ရှုနိုင်သောသူအား ထိုအောက်ငယ်သော သက်ရှိသက်မဲ့ တို့၌ ပရမတ်စစ်ဖြစ်သော မြေဓာတ်ကို ထင်မြင်အောင်ရှုမှု အလွန်လွယ်လှတော့သည်။
23,519
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မှန်၌ထင်သော အရိပ်, ရေ၌ထင်သောအရိပ်, သစ်ပင်ရိပ်, တောင်ရိပ်တောရိပ် အစရှိသော အရိပ်တို့သည် မြင်းမိုရ်တောင်မျှပင် ကြီးမားစွာထင်မြင်ရငြားသော်လည်း အနုမြူမျှ အထည်ဒြဗ် မရှိသည့် အတွက်ကြောင့် ပျောက်ခွင့်ပျက်ခွင့်ဆိုက်ခဲ့လျှင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက်နိုင် ပျက်နိုင် သကဲ့သို့ ထို့အတူ ထိုမြင့်မိုရ...
23,520
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မိမိကိုယ်၌ ထိုပရမတ်စစ်ဖြစ်သော မြေဓာတ်ကို အလင်းပေါက်အောင် ကြည့်ရှုသောအခါ ဉာဏ်ငုံနိုင်လောက်ရုံ, ဉာဏ်ဝါးနိုင်လောက်ရုံ ပိုင်း၍ ပိုင်း၍ကြည့်၊ ဦးခေါင်းကို ပိုင်း၍ကြည့်သောအခါ အတွင်းအပြင် မခြားမနား ထုတ်ချင်းပေါက်အောင်ကြည့်၊ မြေဓာတ်မဟုတ်သော ဆေင်းဓာတ် ခုခံ၍ နေတတ်သည်၊ သဏ္ဌာန ပညက်ဒြဗ် အထည်ကြီးလည်းခုခံ၍ နေတတ်သည်၊ ဉာဏ်ကို ကြပ်ကြပ်လှ...
23,521
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မိမိကိုယ်ခန္ဓာတစ်ခု၌ ဓာတ်ပေါက်အောင်မြင်ခဲ့လျှင် စကြဝဠာ အနန္တ, ကမ္ဘာအနန္တ၌ ရှိသမျှသော သတ္တဝါခန္ဓာစု အကုန်လုံးသည် ဓာတ်ဖြင့်ပြီးတော့သည်၊ ဤပရမတ် မြေဓာတ်တစ်ခု ပေါက်၍သွားလျှင် ကြွင်းသော ရေဓာတ်, မီးဓာတ်, လေဓာတ်, စက္ခု-သောတ-စသော အဇ္ဈတ္တိကဓာတ်, ရူပ-သဒ္ဒ-စသော ဗာဟိရ ဓာတ်စုရှုနည်း, ဖောက်နည်း အလွန်လွယ်၍ကုန်တော့သည်။
23,522
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီဟူသော မြေဓာတ်ကို ဓာတ်ပေါက်အောင်ရှုနည်း အမြွက်ပြီး၏၊
23,523
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ခ) ပရမတ်နှစ် ရေအစစ်
23,524
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ်နှစ် ရေအစစ်ကား တွယ်မှု, ကပ်မှု, ဖွဲ့စည်းမှုသည် သာလျှင် ပရမတ်နှစ် ရေဓာတ်အစစ်တည်း၊ ထိုတွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု-ဟူသော ပရမတ်ရေဓာတ်သည် ထက်သန်ခြင်းသို့ ရောက်သည်ရှိသော် စိုစွတ်ခြင်း, ယိုစီးခြင်း- ဟူသော ပဂ္ဃရဏ ရေဓာတ် ဖြစ်လေ၏၊ ထိုတွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု-ဟူသော အာဗန္ဓနကိရိယာ သက်သက်မျှသာ ဖြစ်သော ပရမတ် ရေအစစ်သည်လည်း အ...
23,525
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုတွယ်ကပ် ဖွဲ့စည်းမှု-ဟူသော ပရမတ် ရေဓာတ်သည် မြေဓာတ်, မီးဓာတ်, လေဓာတ် ၃-ပါးတို့ကို တစ်ခုတည်း, တစ်သားတည်း ကဲ့သို့နေအောင် ဖွဲ့နှောင်စည်းကြပ်ပေးသည်ဖြစ်၍ ကလာပ်တူ မဟာဘုတ်တို့သည် တစ်ပါးသည် တစ်ပါးအား ကျေးဇူးပြုခွင့်ရကြကုန်သည်၊ တစ်ပါးကိုတစ်ပါး ထောက်ပံခွင့် ရကြကုန်သည်၊ ဖွဲ့နှောင်စည်းကြပ် ချုပ်ထိန်း၍နေသော ရေဓာတ် ချုပ်ကွယ် ပျောက်...
23,526
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ကလာပ်တစ်ခုတည်း၌ ရေဓာတ်၏ ကျေးဇူးကိုဆိုသော စကားရပ်တည်း။
23,527
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ပရမတ်နှစ် ရေဓာတ်စစ်၏ ကျေးဇူးကြီးမားပုံ
23,528
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောက၌ ပရမာဏုမြူမှစ၍ သတ္တဝါ၌ အသူရိန်နတ်ကြီးဟု ဆိုအပ်သော ရုပ်လုံး ရုပ်ခဲကြီးတိုင်အောင်၊ ဗဟိဒ္ဓ၌ မြင့်မိုရ်တောင်ကြီး, မဟာပထဝီ မြေကြီးတိုင်အောင် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ်အနေနှင့် ရုပ်တရားတို အကျိတ်အခဲ အတုံးအခဲဖြစ်၍ နေကြမှုသည်လည်း ဤရေဓာတ်၏ ကျေးဇူးပင်တည်း၊ ဤရေဓာတ်မှတစ်ပါး အကျိတ်အခဲဖြစ်အောင် ဖွဲ့စည်းသောဓာတ်-ဟူ၍ မရှိပြီ။
23,529
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈-သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင် ကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခု ခဏချင်း ပျက်ဆုံးခဲ့သည် ဖြစ်အံ့၊ ထိုမြင့်မိုရ်တောင်ကြီးသည် ယခုခဏချင်း ကွယ်ပျောက်ရာ၏၊
23,530
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ၈-သောင်း ၂-ထောင် ၂-ပြန်ဆောင်သော စကြဝဠာ တောင်ကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခု ခဏချင်း ပျက်ဆုးံခဲ့သည်ဖြစ်အံ့၊ ထိုစကြဝဠာတောင်ကြီးသည် ယခုခဏချင်း ကွယ်ပျောက်ရာ၏၊
23,531
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ မဟာပထဝီ မြေကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခုခဏချင်း ပျက်ဆုးံခဲ့သည်ဖြစ်အံ့၊ ဤမဟာပထဝီ မြေကြီးသည် ယခု ချင်းကွယ်ပျောက်၍ ကောင်းကင်အထိသာဖြစ်လေရာ၏၊
23,532
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘယ်ကြောင့်နည်း ဟူမူကား-ဖွဲ့စည်းမှု-ဟူသော ချုပ်ထိန်းမှု မရှိခဲ့သည်ရှိသော် မြင့်မိုရ်တောင်, စကြာဝဠာတောင်, သိလာပထဝီ ဖြစ်၍နေသော တစ်ခဲနက်သော ပရမတ်မြေ,ပရမတ်မီး, ပရမတ်လေ တို့သည် တစ်ပါးကိုတစ်ပါးထောက်ခံ မှီတွယ်မှုမှု အစည်းရုံး ခဏချင်း ကင်းလွတ်ကြလေကုန်၏၊ နိဗ္ဗာန်မှ တစ်ပါးသော သင်္ခတ လက္ခဏာ ရှိသော ပရမတ္ထဓမ္ဓတို့မည်သည် ထောက်ခံမှု,...
23,533
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြင့်မိုရ်တောင်ကြီး, စကြာဝဠာတောင်ကြီး, မဟာပထဝီ မြေကြီးတို့၌ ပရမတ် ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်လိုသည် ရှိသော် ခက်မာမှု-ဟူသော မြေဓာတ်နှင့် မရောစေမူ၍ ဖွဲ့စည်း-ဟူသော ရေဓာတ် သက်သက်ကို ကွက်ခြား၍ ကြည့်ရသည်၊ အဆင်းသဏ္ဌာန် အထည်ဒြဗ်စုလည်း ခုခံ၍နေတတ်သည်၊ ကြည့်ရှုသော ဓမ္မဝဝတ္ထာဉာဏ်၌ အဆင်းသဏ္ဌာန် အထည်ဒြပ်စု ခုခံ၍နေခဲ့လျှင် နောက်၌...
23,534
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြေဓာတ်၌ ဆိုခဲ့ပြီးသောအတိုင်း ဤရေဓာတ်၌လည်း ဖွဲ့စည်းမှုသက်သက်ဟုဆိုအပ်သော ရေဓာတ်အမြင် စင်ကြယ်သောအခါ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီးတစ်ခုလုံး၌ အကျိတ်အခဲ အဆန် အမာ ရှိသည်အတွက် မှန်ထဲ ရေထဲမှာ မြင်ရသော မိုးရိပ်, တိမ်ရိပ်, နေဝန်း လဝန်းအရိပ်, သစ်ပင်ရိပ်တို့ကဲ့သို့ ဖွဲ့စည်းမှုဟူသော အာပေါလက္ခဏာကြီး ထင်မြင်လိမ့်မည်၊ မြင့်မိုရ်တောင...
23,535
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သတ္တဝါသဏ္ဌာန်မှာ ထင်မြင်မှုသာ လိုရင်းဖြစ်သည်, မြင့်မိုရ်, မဟာပထဝီမြေကြီးတို့က စချီ၍ပြလိုက်သည်မှာ သတ္တဝါသဏ္ဌာန်၌ ထင်လွယ် မြင်လွယ်အောင် စ၍ ချီလိုက်သည်၊ မိမိသဏ္ဌာန်၌ ဦးခေါင်း ခြေဖဝါး ထုတ်ချင်းအောင် ထင်လင်းပြီးမှ သူတစ်ပါးသဏ္ဌာန်စုကိုလည်း ထို့အတူ ထုတ်ချင်းပေါက်အောင် ရှုလေ။
23,536
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာပေါဟူသောရေဓာတ်ကို
23,537
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဓာတ်ပေါက်အောင်ရှုနည်းအမြွက်ပြီး၏၊
23,538
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဂ) ပရမတ်နှစ် မီးအစစ်
23,539
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပူမှု, အေးမှု ဟူသော အမူရော ကိရိယာမှု သက်သက်သည် ပရမတ်နှစ်မီးဓာတ်စစ်မည်၏၊ ပူမှု အေးမှုဟူသည်လည်း ကလာပ်တူ မဟာဘုတ် ၃-ပါးတို့ကို ရင့်မာသန်စွမ်းအောင် ပေါင်းနွေးမှုဟူပေတည်း၊ အပူစွမ်း, အအေးစွမ်း, ၂-ပါးစုံသည်ပင်လျှင် ကလာပ်တူ မဟာဘုတ်တို့ကို ရင့်မာအောင်, ထက်သန်အောင်, အသီးသီး အစွမ်းသတ္တိနှင့် ပြည့်စုံအောင် ပေါင်းနွှေးမှု ရှိသည်ချည်...
23,540
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အမိဝမ်းမှ ဥ၍ မြုံ၌တည်ရှိသော ကြက်ဥတို့သည် အမိဖြစ်သူ ကြက်မက မပြတ်ဝပ်၍ အငွေ့ပေးမှ အစဉ်အတိုင်း ရင့်မာသန်စွမ်း၍ ကြက်သူငယ်အဖြစ်သို့ရောက်သဖြင့် ပေါက်ဖွားနိုင်သည်။
23,541
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အမိကြက်မက မဝပ်ဘဲ၊ အငွေ့မပေးဘဲနေခဲ့သည်ရှိသော် ကြက်သူငယ်အဖြစ်သို့ မရောက်နိုင်ပြီ၊ အမိဝမ်းတွင်းက ထုံခဲ့သော အငွေ့အကုန်တွင် ပုပ်ခြင်းသို့ ရောက်လေတော့သည်။
23,542
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအတူ တေဇောဟူသော မီးဓာတ်သည် အမိကြက်မနှင့် တူသည်၊ အတူတကွဖြစ်သော မြေဓာတ်, ရေဓာတ်, လေဓာတ်၊ ဤ ဓာတ်ကြီး ၃-ပါးတို့သည် ကြက်ဥနှစ်တို့နှင့် တူကြကုန်သည်။
23,543
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးဓာတ်နှင့်အတူတွဲဖက်ရမှ မြေဓာတ်ဟူသော ခက်မာမှုသည် အောင်မြင်စွာ ဖြစ်နိုင်သည်။
23,544
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရေဓာတ်ဟူသော ဖွဲ့စည်းမှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်။
23,545
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လေဓာတ်ဟူသော အဝှန်အဝါမှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်။
23,546
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးဓာတ်နှင့်ကင်း၍ အောင်မြင်စွာ မဖြစ်နိုင်ကုန်။
23,547
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဟာသမုဒ္ဒရာရေ, သီဒါရေ, ကမ္ဘာကိုခံသော ရေတို့သည်လည်း သီတ ဓာတ်မီး၏ အစီးအပွားတို့သာတည်း၊ သီတဓာတ်မီး၏ အုပ်စိုးချက်နှင့် ဆက်လက်ဖြစ်ပွါးကာ နေကြရကုန်သည်၊ မြင့်မိုရ်တောင်, စကြဝဠာတောင်, သိလာပထဝီမြေကြီးတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွား တို့သာတည်း၊ တစ်ပါးသောဓာတ်တို့နှင့် မရောနှောစေဘဲ မီးဓာတ် သက်သက်ကို ရှုသောအခါ အေးသောဝတ္ထုတို့၌ အေ...
23,548
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပူမှု အေးမှုဟူသော ဤပရမတ်မီးဓာတ်၏ အဏုမြူမျှမရှိသည်၏အဖြစ်ကြောင့် ဤမီးဓာတ်ကို အမြင် စင်ကြယ်သောအခါလည်း ရေကြည်,မှကြည်စသည်တို့၌ နေဝန်း လဝန်းအရိပ်,တိမ်ရိပ်,မိုးရိပ်တို့ကဲ့သို့ ဉာဏ်အမြင်မှာသာ ကြီးကျယ်၍ အထည်ဒြဗ်မရှိကြောင်း ထင်ရှားလိမ့်မည်၊ မိမိကိုယ်ကိုရှုသောအခါ ဉာဏ်နိုင်ရုံ ပိုင်း၍ပိုင်း၍ရှု၊ မိမိကိုယ်မှာ အလင်းထင်မြင်လျှင် သတ္တ...
23,549
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇောဟူသော-မီးဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်းအမြွက် ပြီး၏၊
23,550
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဃ) ပရမတ်နှစ် လေအစစ်
23,551
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးတောက် မီးခိုး၏အတွင်း၌မီးဓာတ်၏အာနုဘောကြောင့် မီးဓာတ်ကိုပင် အစဉ်ဖြစ်ပွား၍ သွားနိုင်အောင် လှုံ့ဆော်ချီပင့်မှု ဟူသော ဝါယောဓာတ်သည်ပါရှိ၏၊ ထိုဝါယောဓာတ်အတွက်ကြောင့် မီး၏ပြန့်ပွားခြင်း, မီးရှိန်၏ပြန့်ပွားခြင်း, မီးရောင်၏ပြန့်ပွားခြင်း, မီးတောက်၏ပြန့်ပွားခြင်း, မီးတောက်၏ တလူလူပြန့်ပွားခြင်း အခိုးထွက်ခြင်း, အဆင့်ဆင့်မီးကူးခြင...
23,552
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးစာရှိရာ၌ အနည်းငယ် ချထားသောမီးသည် ထိုရှိန်အဝှန် ကြောင့် မီးစာရှိသမျှ အကုန်ပွားနိုင်သည်။
23,553
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီး၌ အတွင်းအရှိန်အဝှန်ညံ့၍ မပွားတဲ့နိုင်, မတောက်တဲ့နိုင်ရှိလျှင် ယပ်နှင့်ယပ်၍ပြောင်းမှုတ်၍အပက အရှိန်အဝှန် ကူရသေးသည်၊ ပူမှုရှိလျှင် ပူရှိန် ပူဟုန်ရှိမြဲ၊ အေးမှုရှိလျှင် အေးရှိန် အေးဟုန်ရှိမြဲ၊ ပူမှု,အေးမှုကား တခြား၊ အရှိန် အဝှန်ကား တခြား၊ ပူမှု, အေးမှုကား ပရမတ်မီးဓာတ်တည်း၊ အရှိန်အဝှန်ကား ပရမတ် လေဓာတ်တည်း၊ ထိုအရှိန်ဝှန်ဟ...
23,554
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြင်အောင်ကြည့်။
23,555
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဟဒယဝတ္ထု၌ဖြစ်ပေါ်သော တစ်ခုခုသောစိတ်ကြောင့် ခဏချင်း ခဏချင်းတစ်ကိုယ်လုံး စိတ္တဇရုပ်ကလာပ် ပျံ့နှံ့ဖြစ်ပွားမှု, ဥတုဇရုပ် ကလာပ်တို့ ပျံ့နှံ့ဖြစ်ပါ၏၊ ဝမ်းထဲသို့ ရောက်သောအစာအဟာရ ဓာတ် တို့၏ တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ဖြစ်ပွားမှု, ကလလရေကြည်မှစ၍ သတ္တဝါတို့၏ အစဉ်အတိုင်း တိုးပွားစည်ကားမှု, အညွန့်အညှောင့် ပေါက်ရောက်သည်မှစ၍ သစ်...
23,556
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြင့်မိုရ်တောင်, စကြာဝဠာတောင် မဟာပထဝီ မြေကြီးမှစ၍ သက်ရှိသက်မဲ့ အလုံးစုံတို့ကို ရွရွရွရွ ထင်အောင်ကြည်လေ။
23,557
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မိမိကိုယ်မှစ၍ အကုန်လုံးနှံ့အောင်ကြည့်၊ ဦးထိပ်မှစ၍ ခြေဖဝါးတိုင် အလင်းပေါက်အောင်ကြည့်၊ ဤဝါယောဓာတ်ကိုလည်း ဆိုခဲ့ပြီးသော ဓာတ်နည်းတူ အဆန်အမာဟူ၍ အဏုမြူမျှ မရှိသည့် အတွက်ကြောင့် ရေထဲ မှန်ထဲ၌ထင်သော အရိုပ်စသည်ကဲ့သို့ ထင်မြင်လိမ့်မည်၊ မျက်စိတွင်မြင်နေကြဖြစ်သော အဆင်းသဏ္ဌာန်အထည်ဒြပ် ပညတ်ကြီးခုခံ၍ နေတတ်သည်၊ အတုမရှိသော ထိုပညတ်ကို ဉာ...
23,558
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယောဟူသော လေဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်း အမြွက်ပြီး၏၊
23,559
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (င) လောကုတ္တရာ အရိယဝိဇ္ဇာ ထွက်ရပ်လမ်း
23,560
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ ၄-ခုသော အခြင်းအရာ အမူအရာ ကိရိယာကြီးတို့သည် သဘောလဏ္ခဏာအားဖြင့် အသီးအသီး ထင်ရှားရှိကြကုန်၏ တည်ရာဌာနအားဖြင့် ခက်မာမှုကို ပထမဦးတည် မ-တည်ပြု၍ တစ်ခုတည်းကဲ့သို့ တည်ကြကုန်၏၊ ဖြစ်အတူ, ပျက်အတူ, တည်အတူတို့သာတည်း။
23,561
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခက်မာမှုဟူသော မြေဓာတ်ပျက်ဆုံးလျှင် တည်ရာမရှိသည် ဖြစ်၍ ကြွင်းသောဓာတ် ၃-ပါးလည်း ပျက်ဆုံးရတော့သည်။
23,562
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့အတူဖွဲ့စည်းမှုဟူသောရေဓာတ်ပျက်ဆုံးလျှင်လည်း အဖွဲ့အစည်းပျက်ဆုံးသဖြင့်တစ်ပါးနှင့်တစ်ပါး ထောက်ပံ့မှုကင်းကြ၍ အကုန်လုံးပျက်ဆုံးကြတော့သည်။
23,563
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပေါင်းနွေး၍ထက်သန်အောင် ပြုမှုဟူသော မီးဓာတ် ပျက်ဆုံးလည်း ကြွင်းသောဓာတ်သုံးပါးတို့သည် မိမိတို့သဘော အတိုင်းပြည့်စုံစွာ မတည်နိုင်ကြ၍ အကုန်လုံးပျက်ဆုံးတော့သည်။
23,564
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကြံ့ခိုင်တောင့်တင်းမှုဟူသော လေဓာတ်ပျက်ဆုံးလျှင်လည်း ကြွင်းသောဓာတ်တို့သည် အားပြတ်၍ ပျက်ဆုံးကြကုန်တော့သည်။
23,565
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မိုးဟူသော ပူမှုအေးမှုသည် လှုံ့ဆော်တလူလူ ဆောင်ရွက်ခြင်း ဟူသော လေဓာတ်နှင့်တွဲရမှဖြစ်နိုင်သည်၊ လေဓာတ်မရှိလျှင် အားပြတ်၍ ခဏချင်းကွယ်ဆုံးလေ၏၊ ထို့အတူ ခက်မာမှုဟူသော မြေဓာတ်သည် လည်း ခက်မာခြင်း ကိရိယာကိုကြံ့ယံ့ တင်းရင်းအေင် ချီပင့်သော လေဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊ ဖွဲ့စည်းခြင်းဟူသော ရေဓာတ်သည်လည်းဖွဲ့တွယ်ခြင်း ကိရိယာကို...
23,566
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အခြင်းအရာကြီး ၄-ပါးတို့၏ အချင်းချင်း မှီတွယ်ကြပုံ,တစ်ပါးပျက်လျှင် အကုန်လုံးပျက်ကြပုံကို ပြဆိုလိုက်သော အချက်တည်း။
23,567
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
)ထိုဓာတ်ကြီး ၄-ပါးတို့၏ သက်ရှိသက်မဲ့သဏ္ဌာန် ၂-ပါးတို့၌ ဖြစ်ပုံဆန်းကြယ်မှုသည်လည်း အစိန္တေယျ အရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ထိုဓာတ် ၄-ပါးတို့၏တန်ခိုးဣဒ္ဓိပါဒ်သည်လည်း အစိန္တေယျ အရာဖြစ်၍မကြံအပ် မကြံရာ ကြီးကျယ်လှစွာ၏၊ ဤဓာတ် ၄-ပါးကို ဘုရား၏နည်းလမ်းနှင့် အထင်အမြင် ထိုးထွင်း၍ ထမြောက် ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် လ...
23,568
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇာဟူသောဓာတ်မီး၏ ဣဒိပါဒ်တန်ခိုး အကျိုးသွားကို ဘုရားသဗ္ဗညုတို့၏ ဉာဏ်တော်သည်သာ မှီနိုင်ရာသတည်း၊ ဓာတ်မျက်လုံးအမြင် စင်ကြယ်စွာပေါက်သောအခါ၌မူကား မိမိ ရူပကာယ ကိုယ်ခန္ဓာ, သူတစ်ပါးတို့၏ ရူပကာယ ကိုယ်ခန္ဓာ, ဗဟိဒ္ဓသဏ္ဌာန်ရုပ်ခန္ဓာကို ဖြစ်မှု, ပျက်မှုတွေ တရွရွ နေသည်ကို မြင်ကြကုန်လတ္တံ့၊ ရုပ်တုံးရုပ်ခဲ ဟူသမျှ သည် အနှစ်သာရမရှိသော ရ...
23,569
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မဇ္ဈိမပုဂ္ဂိုလ်တို့ ရှုနည်းကို ပြဆိုခန်း ပြီး၏၊
23,570
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ၁၇-တိက္ခပုဂ္ဂိုလ်တို့ ရှုနည်းကိုပြဆိုခန်း
23,571
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၁) စွဲလမ်းတတ်သောတရား ၃-ပါး။
23,572
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၂) စွဲလမ်းတတ်သော အခြင်းအရာ ၃-ပါး။
23,573
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၃) စွဲလမ်းရာ ဝတ္ထု ၃-ပါး။
23,574
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၄) အစွဲအလမ်းကို ဖျောက်ပယ်တတ်သော အနုပဿနာ ဉာဏ် ၃-ပါး။
23,575
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(က) မာနတဏှာ၊ ဒိဋ္ဌိသာ၊ မှတ်ပါ စွဲလမ်းတတ်။
23,576
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) ဧသောဟမသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္ထာ၊ ဤ ၃-ဖြာ၊ ခြင်းရာ ၃-ပါးမှတ်။
23,577
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) နိမိတ်, ပဏီဟိတ၊ အတ္တဇီဝါ၊ဤ ၃-ဖြာ၊ စွဲရာဝတ္ထုမှတ်။
23,578
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဃ) အနိမိတ္တ၊ ပဏီဟိတ၊ သုညတာ၊ မှတ်ပါ ဖျောက်ပယ်တတ်။
23,579
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စွဲလမ်းတတ်သော တရား ၃-ပါး
23,580
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မညနံ မာနော။
23,581
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အထင်မှားခြင်း။
23,582
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တဿနံ တဏှာ။
23,583
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တွယ်တာခြင်း။
23,584
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မညနံ၊ အထင်မှားခြင်း။
23,585
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မာနော၊ ။ တဿနံ၊ တွယ်တာခြင်း။
23,586
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒဿနံ ဒိဋ္ဌိ။
23,587
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒဿနံ၊ အမြင်မှားခြင်း။
23,588
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒိဋ္ဌိ၊ အမြင် မှားခြင်း။
23,589
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စွဲလမ်းတတ်သော တရား ၃-ပါး မှတ်ရန်ပြီး၏၊
23,590
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စွဲလမ်းပုံအခြင်းအရာ ၃-ပါး
23,591
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဧသောဟမသ္မိ။
23,592
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဧသောမေ အတ္တာ။
23,593
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဧသော၊ ဤသည်ကား။
23,594
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသ္မိ၊ ဖြစ်၏၊
23,595
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ဧတံ၊ ဤသည်ကား။
23,596
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မမ၊ ငါ့ဟာတည်း။
23,597
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဧသော၊ ဤသည်ကား။
23,598
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မေ၊ ငါ၏၊ အတ္တာ၊ အတ္တတည်း။
23,599
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါ အထည်ခံ အမာခံ အနှစ်အသားတည်း။
23,600
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဂ) သံပေါက်ရှင်းလင်းချက်