id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
23,601
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၁) ပုဂ္ဂိုလ်, သတ္တဝါ၊ ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ဦးခေါင်းစသား၊ ဒြပ်များ၊ မှတ်သား နိမိတ္တ။
23,602
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၂) လှပတင့်တယ်၊ ဆန်းတကြယ်နှင့်၊ ဖွယ်ရာ လျောက်ပတ်၊ ကောင်းမြတ် ချမ်းသာ၊ မင်္ဂလာကျက်သရေ၊ မက်ဖွယ် တွေ၊ မှတ်လေ ပဏိဟိတ။
23,603
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(၃) ပြုတတ်, ကြံတတ်၊ ပြောဆိုတတ်နှင့် သိမှတ်, ခံစား။
23,604
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပြောင်းသွား ကျင်လည်၊ အတ္ထမည်၏၊ အရှည်နှစ်, လ တည်သမျှ၊ ဇီဝ မှတ်သညာ။
23,605
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သံပေါက်ကဗျာ ၃-ပုဒ် ရှင်းလင်းချက်
23,606
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သစ်ပင်ရှိသည်ရှိသော် သစ်ပင်ကိုစွဲ၍ သစ်ပင်ရိပ် ပေါ်မြဲဖြစ်၏၊ အကိုင်းရိပ်, အခက်ရိပ်, အညွန့်ရိပ်, အရွက်ရိပ်, အပွင့်ရိပ်, အသီးရိပ်အစုံပေါ်မြဲဖြစ်၏၊ ထိုသို့ပေါ်ရာ၌ သစ်ပင်သည်အရိပ်မဟုတ်၊ အရိပ်သည် သစ်ပင်မဟုတ်၊ သစ်ပင်ကိုစွဲ၍ အရိပ်ဖြစ်၏၊ သစ်ပင်, သစ်ကိုင်း, သစ်ခက်, သစ်ညွန့်, သစ်ပွင့်, သစ်သီးတို့သည်လည်း အဋ္ဌကလာပ်ရုပ် အစုတို့ကို စွဲ...
23,607
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဋ္ဌကလာပ်ရုပ် အစုတို့သည် သစ်ပင်, သစ်ကိုင်း-စသည် မဟုတ်ကုန်၊ သစ်ပင်, သစ်ကိုင်း-စသည်တို့သည် အဋ္ဌကလာပ်ရုပ် အစု မဟုတ်ကြကုန်၊ အဋ္ဌကလာပ်ရုပ် အစုကိုစွဲ၍ သစ်ပင်, သစ်ကိုင်း-စသော အရိပ်သဏ္ဌာန် ကြီးငယ်တိုကို စွဲ၍ သစ်ပင်ရိပ်, သစ်ကိုင်းရိပ်-စသော အရိပ်ကြီးငယ်တိုသည် ပေါ်ကုန်၏၊ ဤသို့လျှင် သစ်ပင်၌ရှိသော အဋ္ဌ ကလာပ်ရုပ်အစုတို့မှ အရိပ် ၂-မျ...
23,608
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထမအရိပ်။
23,609
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
။ သစ်ပင်သဏ္ဌာန်-စသော ပထမအရိပ်ကား အဋ္ဌကလာပ် ရုပ်အစုတို့ကို မှီ၍ ပေါ်ကုန်၏၊
23,610
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဒုတိယအရိပ်။
23,611
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သစ်ပင်, သစ်ကိုင်းရိပ်-စသော ဒုတိယအပင် အရိပ်တို့ကား မြေအပြင်၌ ပေါ်ကုန်၏၊ ပကတိ လူတို့သည် ဤဒုတိယ အရိပ်ကိသာ အရိပ်-ဟူ၍ သိကြကုန်၏၊ ပထမအရိပ်ကိုကား အရိပ်ဟူ၍ မသိကြကုန်။
23,612
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့အတူ သတ္တဝါတို့၌လည်း ရုပ်ခန္ဓာတို့မှ အရိပ် ၂-မျိုးထွက်၏၊
23,613
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ပုဂ္ဂိုလ်အသွင်, သတ္တဝါအသွင်-ဟူသော အရိပ်။
23,614
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဦးခေါင်းသဏ္ဌာန်, ကိုယ်သဏ္ဌာန်, ခြေသဏ္ဌာန်, လက် သဏ္ဌာန်, လည်ပင်းသဏ္ဌာန်-ဟူသော အရိပ်။
23,615
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဦးခေါင်း၌လည်း, ဦးထိပ်သဏ္ဌာန်, နဖူးသဏ္ဌာန်, မျက်နှာ သဏ္ဌာန်စသည်၊ မျက်လုံးသဏ္ဌာန်, နှာခေါင်း သဏ္ဌာန်, ခံတွင်းပေါက် သဏ္ဌာန်, မေးသဏ္ဌာန်, နားရွက်သဏ္ဌာန်-စသည် အရိပ်ကြီးငယ် အလွန်များ၏၊ ကိုယ်၌လည်း ရင်သဏ္ဌာန်, ဝမ်သဏ္ဌာန်, ဆီးသဏ္ဌာန်, ကျောက်ကုန်းသဏ္ဌာန်, ခါးသဏ္ဌာန်, နံဘေးသဏ္ဌာန်-စသည် အရိပ်ကြီး ငယ် အလွန်များ၏၊
23,616
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့အတူ ဆံပင်သဏ္ဌာန်ပေါင်း ၂၄,ဝဝဝ,ဝဝဝ
23,617
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မွေးညင်းသဏ္ဌာန်ပေါင်း ၉၉,ဝဝဝ
23,618
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခြေသည်းသဏ္ဌာန်ပေါင်း ၁၀
23,619
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လက်သည်းသဏ္ဌာန်ပေါင်း ၁၀
23,620
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သွားသဏ္ဌာန်ပေါင်း ၃၂
23,621
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရေထူ အရေပါး သဏ္ဌာန်ကြီး ၂
23,622
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အသားစိုင် အသားခဲ သဏ္ဌာန်ပေါင်း ၉၀၀
23,623
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြောကြီး အကြောငယ် သဏ္ဌာန်ပေါင်း ၉၀၀
23,624
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရိုးကြီး အရိုးငယ် သဏ္ဌာန်ပေါင်း ၃၀၀
23,625
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဦးနှောက်ခဲသဏ္ဌာန်, ထိုထိုအရိုးတွင်းရှိ ရိုးတွင်းခြင်ဆီ သဏ္ဌာန်, အညှို့သဏ္ဌာန်, နှလုံးသဏ္ဌာန်, အသည်းသဏ္ဌာန်, အဆုတ်သဏ္ဌာန်, အမြှေးသဏ္ဌာန်, အူမသဏ္ဌာန်, အူအိမ်သဏ္ဌာန်-စသည်ဖြင့် အရိပ်ကြီး အရိပ်ငယ်ပေါင်း အလွန်များပြား၏၊ အဏုမြူ, ပရမာဏုမြူမျှ အထည်ဝတ္ထုဒြပ်သဏ္ဌာန် ထင်မြင်ခဲ့လျှင် အရိပ်အသွင်-ဟူ၍သာ မှတ်။
23,626
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ပထမအရိပ်မျိုးတည်း။
23,627
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
)နေရောင် မီးရောင်ကိုစွဲ၍ပေါ်သော လူရိပ်, မှန်အပြင်, ရေအပြင်တို့၌ပေါ်သော လူရိပ်တို့ကား ဒုတိယအရိပ် အသွင်မျိုးတည်း။
23,628
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နာမ်ခန္ဓာတို့မှ ထွက်သော အရိပ်မျိုးကား မြင်သောအသွင်, ကြားသောအသွင်, ကြံသောအသွင်, သိသော အသွင်, နှလုံးသာယာသော အသွင်, နှလုံးမသာယာသော အသွင်, အလိုရှိသော အသွင်, အလို မရှိသော အသွင်, အမျက်ထွက်သော အသွင်, အမျက်မထွက်သော အသွင်, ကြည်ဖြူသော အသွင်, မကြည်ဖြူသော အသွင်-စသည်တို့သည် နာမ်ခန္ဓာတို့မှ ရုပ်ခန္ဓာတို့၌ထင်သော အရိပ်တို့တည်း။
23,629
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခန္ဓာ ၅-ပါး အပေါင်းတို့မှ ထွက်သော အရိပ်ကိုကား ထိုထို ကိုယ်အင်္ဂါကြီးငယ်တို့ လှုပ်သောအသွင်, ထိုင်သော အသွင်, ထသော အသွင်, ရပ်သောအသွင်, သွားသောအသွင်, ကွေးသောအသွင်, ဆန့် သောအသွင်, ထိုထိုအမှုကိုပြု လုပ်သော အသွင်, ပြောဆိုသောအသွင်စသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထင်မြင်ကြသမျှ အလုံးစုံတို့သည် ခန္ဓာစသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထ...
23,630
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ဦးခေါင်း စသား၊ ဒြပ်များ၊ မှတ်သား နိမိတ္တ” ဟူသော သံပေါက်ကဗျာ၏သရုပ်ပြီး၏၊
23,631
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အနိမိတ္တာ နုပဿနာဉာဏ်
23,632
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သစ်ပင်၌ ဧကန်ရှိရင်း, အရှိန်ရှိရင်း, အဟုန်ရှိရင်း ဖြစ်ကြကုန်သော အဋ္ဌကလာပ်ရုပ်တို့ကိုလည်းကောင်း၊ ထိုရုပ်တို့၌ရှိသော အနိစ္စ အချက်ကြီးကိုလည်းကောင်းဉာဏ်အမြင်ပေါက်ခဲ့သည်ရှိသော်သစ်ပင်, သစ်ကိုင်း, သစ်ခက် သစ်ညွန့်, သစ်ရွက်, သစ်ပွင့်, သစ်သီး-အစရှိကုန်သော ပထမအရိပ်အသွင်တို့သည်ဉာဏ်၌ အကုန်ကွယ်ပျောက်ကုန်၏၊ အမှန်ရှိရင်းမျိုး, အဟုတ်ရှိ...
23,633
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့အတူ သတ္တဝါတို့သန္တာန်၌လည်း ဧကန်ရှိရင်း အမှန်ရှိရင်း ဖြစ်ကုန်သော အသီးသီးသော ရုပ်ဓာတ်တို့ကိုလည်းကောင်း၊ နာမ်ဓာတ် တို့ကိုလည်းကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ်တို့၏ အနိစ္စအချက်ကြီးကိုလည်း ကောင်း ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်-အစရှိကုန်သော အလုံးစုံသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ် နိမိတ်တို့သည် ...
23,634
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုဒြပ်သဏ္ဌာန်တို့ ကွယ်ပျောက်ကုန်လျှင်လည်း ပုဂ္ဂိုလ်ကြည့်သည်၊ ပုဂ္ဂိုလ်မြင်သည်၊ ပုဂ္ဂိုလ်နံသည်၊ ပုဂ္ဂိုလ်ကြားသည်၊ ပုဂ္ဂိုလ်ထိုင်သည်၊ ပုဂ္ဂိုလ်ထသည်၊ပုဂ္ဂိုလ်ရပ်သည်၊ ပုဂ္ဂိုလ်သွားသည်၊ ပုဂ္ဂိုလ်ရယ်သည်၊ ပုဂ္ဂိုလ်ပြုံးသည် အစရှိသောပုဂ္ဂိုလ် သတ္တဝါနှင့်စပ်သော ကိရိယာဒြဗ် အများတို့လည်း ဉာဏ်၌ကွယ်ပျောက်ကုန်လတ္တံ့၊ ပုဂ္ဂိုလ်ဒြဗ်, ...
23,635
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤဒြဗ်သို့လျှင် ရုပ်နာမ်တို့မှဖြစ်ကြကုန်၍ ရုပ်နာမ်တို့ကို လုံခြုံလှစွာ ဖုံးလွမ်းကွယ်ကာ၍ အပ၌ ထင်ရှားပေါ်ကာ ရှိနေကြကုန်သော ခပ်သိမ်းသော ရုပ်နိမိတ်,နာမ်နိမိတ်, ရုပ်နာမ်နိမိတ်တို့ကို အကုန်ကွယ် ပျောက်စေတတ်သောကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ်ဆိုသတည်း။
23,636
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ခ) မဟာဘုတ်ကြီး ၄-ပါးတို့၏အလွန်သိမ်မွေ့သေးဖွဲပုံနှင့် အဖြစ်အပျက်အလွန်လျင်မြန်ပုံ
23,637
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရာမာဏုမြူ, အနုမြူမျှ အထည်ဝတ္ထု, ဒြဗ်, သဏ္ဌာန်, နိမိတ် အသွင်ထင်မြင်ခဲ့သည်ရှိသော် ဧကန်ရှိ, အမှန်ရှိ, အဟုတ်ရှိမျိုးမဟုတ်ပြီ၊ မျက်လှည့်ဆရာပြသော ရုပ်တု, ရုသွင်မျိုး စင်စစ်မှတ်။
23,638
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘယ့်ကြောင့်နည်းဆိုသော်ကား အနုမြူတစ်ခုဟုခေါ်ဆိုသော ဝတ္ထုကိုကြိတ်နယ်ခဲ့လျှင် အစိတ်အဖြာ ကွဲမှု ဧကန်ရှိ၏ အတွင်း၌ ကလာပ်ဖွဲ့များရှိ၏၊ အာကာသ-အခြား အများရှိ၏ဟု သိအပ်၏၊
23,639
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အစိတ်အဖြာ ကွဲမှုဟူသမျှသည် ကလာပ်အခြားမှ ကွဲမြဲတည်း၊ အနုမြူ ကွယ်ပျောက်လေ၏၊ ပရမာနုမြူတွေ ဖြစ်၍ကုန်၏၊ ထိုပရမာနု မြူတို့ အသီးအသီး အစိတ်အဖြာ ကွဲကြကုန်လျှင် ပရမာနုမြူအမည် ကွယ်ပျောက်ကြကုန်၏၊ တစ်ခုတစ်ခုသော ရုပ်ကလာပ်စိတ်တွေ ဖြစ် ကြကုန်ရာ၏၊ ထိုအခါ အစိတ်အဖြာ ကွဲမှုမရှိပြီ၊ ချုပ်ဆုံး၍သာ သွားကြကုန်လတ္တ့။
23,640
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့လျှင် အနုမြူဓာတ်, အနုမြူကလာပ်-ဟူ၍ စင်စစ်အားဖြင့် မရ၊ နိမိတ္တမျိုးသာ ဖြစ်၏၊ ပရမာနုမြူဓာတ်, ပရမာနုမြူကလာပ်ဟူ၍ စင်စစ်အားဖြင့် မရှိ၊ နိမိတ္တမျိုးသာ ဖြစ်၏၊ ဤပရမာနုမြုကား ပကတိ မျက်စီဖြင့် မမြင်အပ်၊ ဒိဗ္ဗစက္ခုအဘိညာဖြင့်သာ မြင်အပ်သည် ဟူ၏၊ ထိုပရမာနုမြုမှာပင် ရုပ်ကလာပ် ပေါင်းများစွာ, ပထဝီပေါင်းများစွာ, အာပေါပေါင်းများစွာ, တ...
23,641
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား ပရမတ်ဓာတ်စစ်ကြီးတို့ သိမ်မွေ့ပုံကိုဆ၍သိကြရန် အချက်ကြီးပေတည်း။
23,642
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ထိုအတူ နေရောင်, လရောင်, ကြယ်ရောင်, မီးရောင်, စိန်ရောင်, မြရောင်, ပတ္တမြားရောင်,လျှပ်ရောင်တို့၌လည်းကောင်း၊ မြေ၌ထင်သော သစ်ပင်ရိပ်, လူရိပ်, မှန်အကြည်,ရေအကြည်တို့၌ ထင်သော နေရိပ်, လရိပ်, တိမ်ရိပ်, လူရိပ် သစ်ပင်ရိပ်တို့၌လည်းကောင်း၊ ညဉ့်မှောင်ရိပ်တို့၌ လည်းကောင်း၊ ကြည်လှစွာသော ရေတို့၌လည်းကောင်း၊ အသံအမျိုးမျိုးတို့၌လည်းကောင်...
23,643
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရိပ်အရောင် အစရှိသည်တို့၌ ပါရှိသော မဟာဘုတ် ရုပ်ကြီး တို့နှင့် သတ္တဝါတို့သဏ္ဌာန်တို့၌ အထည်ခံ အမာခံ ဖြစ်ကုန်သော မဟာဘုတ် ရုပ်ကြီးတို့သည်လည်းကောင်း၊ ကျောက်တိုင်, ကျောင်တုံး, သံတိုင်, သံတုံး, သစ်ပ်, သစ်တုံး-စသည်တို့၌ အထည်ခံ အမာခံဖြစ်ကုန် သော မဟာဘုတ်ရုပ်ကြီးတို့သည်လည်းကောင်း အဏုမြူ, ပရမာဏုမြူမျှ ဒြပ်သဏ္ဌာန်မရှိကြ၊ ကိရိယာ အမူ...
23,644
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤသည်လည်း မဟာဘုတ်ရုပ်ကြီးတို့၏ သိမ်မွေ့သေးဖွဲ့လှပုံကိုသိမြင်ရန် အချက်စုတည်း။
23,645
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) တေဇောဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါး
23,646
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို မဟာဘုတ်ကြီး ၄-ပါးတို့တွင် တေဇောမဟာဘုတ် ဆိုသည်ကား မီးဓာတ်ကြီးပေတည်း၊ ထိုမီးဓာတ်ကြီး၏ အခွင့်ကိစ္စကား
23,647
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အတူတကွဖြစ်သော မဟာဘုတ်ကြီးတို့ကို အတွင်လောင်မှု, ကျွမ်းစေမှု, ကုန်ဆုံးစေမှု-အခွင့်ကိစ္စကြီး တစ်ပါး။
23,648
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ရုပ်ကလာပ်သစ်တို့ကို အတွင်ပေါက်ဖွားစေမှု, တိုးပွားစေမှုကိစ္စကြီးတစ်ပါး။
23,649
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤအခွင့်ကိစ္စကြီး ၂-ပါးကို မျက်တောင်တစ်ခတ်မျှ မလပ်မစဲ အနိစ္စအားဖြင့် တွင်ကျယ်စွာဆောင်ရွက်၏၊ ထိုကိစ္စကြီး ၂-ပါးတွင် ရုပ်ကလာပ်သစ်ပေါက်ဖွားမှုက သဟဲကောင်းလှသောအခါ သူလောင်၍ ကလာပ်ဟောင်း တစ်ခုကုန်ရာ၌ ကလာပ်များစွာကိုဖြစ်ပေါ်စေ၏၊ သစ်ပင်များတစ်နေ့တစ်ခြား ကြီပွားမှုကိုမျှော်လေ၏၊ ပေါက်ဖွာမှုက သဟဲနည်းလှသော အခါလောင်၍ကုန်ဆုံးမှုက အားက...
23,650
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောင်မှု,ပွားစေမှုသဟဲမျှ- တ-၍နေသောအခါ အတိုးအဆုတ် မျှ-တ၍နေ၏၊ ထင်းမီးစာသဟဲ ကောင်းလျှင် မီးတောက်တိုးပွား၏၊ ထင်းမီးစာသဟဲနည်း၍သွားလျှင် မီးတောက်ဆုတ်ယုတ် သွား၏၊ ထင်းမီးစာကုန်လျှင် မီးတောက်ကုန်ပျောက်၏၊
23,651
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောက၌ ပကတိမီး၏ အချက်စုကို စေ့စုံစွာကြည့်၍ ပရမတ် တေဇောဓာတ်ကြီး၏ အခွင့်ကြီး ၂-ပါးကို အတတ်သိနိုင်၏၊ သီတ မီးသည်လည်း လောင်မှု, ပွားမှု, ကိစ္စကြီး ၂-ပါး ရှိ၏၊ မြစ်ရေ, သမုဒ္ဒရာရေ, ကမ္ဘာပျက်ရေတို့ကို မျှော်လေ၊ ထိုရေတို့၌ တိုးမှု, ပွားမှု, တည်နေမှု, ဆုတ်ယုတ်မှုတို့သည် သီတဓာတ်မီး၏ အခွင့်ကိစ္စကြီးပေတည်း။
23,652
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား တေဇော-ဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး၂-ပါးကို ပြဆိုချက်တည်း။
23,653
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) အထက်ကပြဆိုခဲ့သော ပရမတ်ဓာတ်ကြီးတို့၏ သိမ်မွေ့သေးဖွဲ့မှုနှင့် ဤတေဇောဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါးကိုနှီးနှော၍ ကြည့်ခဲ့သည် ရှိသော် ဤခန္ဓာကိုတို့၌ မျက်တောင်တခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲ အမြဲ ကုန်ဆုံးမှုကြီးတစ်ခု ရှိနေသည်ကိုလည်းကောင်း၊ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲ အမြဲဖြစ်ပွားမှု ကြီးတစ်ခု ရှိနေသည် ကိုလည်းကေ...
23,654
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား မဟာဘုတ်ကြီး ၄-ပါးတို့၏ အလွန်သိမ်မွေ့ သေးဖွဲ့ ပုံနှင့် အဖြစ်အပျက် အလွန်လျင်မြန်ကြပုံကို ရိပ်မိလောက်ရုံ ပြဆိုချက် တည်း။
23,655
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) (ဂ) အာကာသ ၄-ပါး ကြည့်ရှုရန် ပထဝီ အာကာသ
23,656
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာကသဓာတ် အပြိုင်ဖြစ်ကုန်သော ကလာပ်ဖွဲ့တို့၏ အချင်း ချင်းခြားမှု, ရှေ့နောက်အစဉ့် ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း, ဥပါဒ်စွန်း ခြားမှု-ဟူ၍ ၂-ပါး ရှိ၏၊ ထိုတွင် အပြိုင်ဖြစ်သော ကလာပ်ဖွဲ့တို့၏ အချင်းချင်း ခြားမှုကို ရှေး၌အဏုမြူ, ပရမာဏုမြူတို့ဖြင့် ခွဲ၍ပြဆိုခဲ့ပြီ။
23,657
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရှေ့နောက်အစဉ် ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း, ဥပါဒ်စွန်းခြားမှု၌ ခပ်သိမ်းသော ရုပ်တရား, နာမ်တရားတို့ မည်သည် ကိရိယာမျှသာ ဖြစ်ကြကုန်၏၊ အမူအရာမျှသာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် အမူအရာတစ်မျိုးတစ်မျိုးသည် ရုပ်တစ်မျိုးတစ်မျိုး, နာမ်တစ်မျိုး တစ်မျိုးပေတည်း၊ ထိုတွင် ရုပ်အမူအရာတစ်မျိုးနှင့် ရုပ်အမူအရာ တစ်မျိုး ၏အကြား၌...
23,658
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥပမာကား-လူတို့၌ အရေပါးနှင့် အရေထူ၏ အကြား၌ အာကာသခြား၏၊ အပေါ်ရံအရေပါးကို အသီးအခြား ခွာယူလျှင် ရ၏၊ အရေထူနှင့် အသားမြှေး၏ အကြား၌ အာကာသခြား၏၊ အရေထူကို အသီးအခြား ခွာယူလျှင်ရ၏၊ အရိုးတို့၏ အသားတို့၏ အကြား၌ အာကာသခြား၏၊ အသားကို အသီးအခြားခွာယူလျှင် ရ၏၊ ဤ အာကာသမျိုးကား ဟင်းလင်းမြင်ရသော အာကာသမျိုးမဟုတ်၊ အစွန်း၂-ခု အစ၂-ခု ထိစပ်လျက်ရ...
23,659
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ချိပ်ခဲဥပမာ
23,660
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အလွန်ခက်မာ၍ နေသော ချိပ်ခဲကို ပြင်းစွာသော မီးကျီးစု၌ချ၍ အရည်ကြည်စေရာ၌ အလွန်ခက်မာမှုကား အမူအရာကိရိယာတစ်မျိုး, ပထဝီဓာတ်တစ်မျိုး သီတမီးဓာတ်၏ သားသမီးစုပေတည်း၊ ပြင်းစွာ ပူသော မီးကျီးစု၌ ကျရောက်သည်နှင့် တပြိုင်နက် ဥဏှမီးရှိန်သည် အောက်အဖို့မှစ၍ အစဉ်အတိုင်းလောင်၍ သွားလေရာ သီတမီး ဓာတ်သည် အစဉ်အတိုင်း ချုပ်ကွယ်လေ၏၊ သီတမီးဓာတ်နှင့်...
23,661
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စေ့စေ့ကြည့်ရှု၍နေလျှင် ခက်မာမှုကိရိယာ ကြေပျောက်၍ ကြေပျောက်၍ သွားမှု, ပျော့ပျောင်း၍ ပျော့ပျောင်း၍လာမှု, အစိုင်အခဲ ကြေ၍ကြေ၍ သွားမှု, အရည်တွေတွေ ဖြစ်ပေါ်လာမှုတို့ကို ဒိဋ္ဌမြင်ရ၏၊ စကားတစ်မျိုး တစ်မျိုးနှင့် ပြောဆိုရန် အမူအရာတစ်မျိုးတစ်မျိုး ပြောင်း လဲဖြစ်ပေါ်၍လာမှု ထင်ရှား၏၊ ခက်မာမှုထက် ခက်မာမှုအဆင့်ဆင့် ချုပ်ကွယ်၍သွား၏၊ န...
23,662
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ၌ချိပ်ဟူသော, ချိပ်ခဲဟူသော, ချိပ်ပျော့ဟူသော နိမိတ္တဓမ္မကြီး ကို နှလုံးမသွင်းမူ၍ ခက်မာမှုကိရိယာ, နူးညံ့မှု ကိရိယာ-ဟူသော ပထဝီဓာတ်စစ်ကိုသာ ဉာဏ်နှင့်စိုက်၍ကြည့်။
23,663
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကြည့်ပုံကား
23,664
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထမ ခက်မာမှုသည် အရည်ကြည် ဖြစ်သည့်တိုင်အောင် ပကတိ အတိုင်း တည်နေနိုင်၏လော- ဟုကြည့်၊ ထိုသို့ကြည့်ခဲ့လျှင် ထိုပထမ ခက်မာမှုသည် အရည်ကြည်ဖြစ်သည့်တိုင်အောင် ပကတိ အတိုင်း မတည်နိုင်မူ၍ အစမှစ၍ ခက်မာသော ပထဝီအဆင့်ဆင့် ပြိုပျက် ကုန်ဆုံး၍ သွားမှု, နူးညံ့သော ပထဝီစု လှိုင်းပွက် အလိပ်လိပ် ထသကဲ့သို့ အဆင့်ဆင့် ဖြစ်ပေါ်၍ လာမှုသည် ဉာဏ်၌ ထင်...
23,665
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤ၌အာကာသပရိစ္ဆေဒကား အလွန်စိပ်၏၊ မျက်တောင် တစ်ခတ်မှာပင် အရာ, အထောင် -မကစိပ်၏၊ ဉာဏ်၌ ပထဝီကိရိယာ တစ်မျိုးတစ်မျိုးအနေနှင့် ထင်ရှားလှရာကိုသာ အပိုင်းအခြားပြု၍ ကြည့်လေ၊ ခက်မာမှုစု တစ်ပိုင်း, ပျော့ပျောင်းမှုစု တစ်ပိုင်း, အရည်စု တစ်ပိုင်း၊ ဤသို့ ၃ ပိုင်းပိုင်း၍သော်လည်း ကြည့်လေ၊ ပျက်မှုကို ကြည့်သောအခါ တစ်ပိုင်းတစ်ပိုင်း သန့်ခြား၍...
23,666
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပထဝီအာကာသပြီး၏၊
23,667
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- အာပေါအာကာသ
23,668
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာပေါအာကာသ၌လည်း ပကတိခက်မာသည်မှစ၍ အရည် ကြည်ဖြစ်သည်တိုင်အောင် ဖွဲ့စည်းမှုဟူသော အာပေါ ဓာတ်အဆင့်ဆင့် ပြက်ပျောက်၍ သွားပုံ, ယိုစီးမှုဟူသော အာပေါဓာတ်အဆင့်ဆင့် စမ်းရေပွက်ကဲ့သို့ ဖြစ်ပေါ်၍သွားပုံ, တစ်ဖန် အရည်ကြည်မှာရှိသော ယိုစီးမှုမှစ၍ ပကတိခက်မာမှု ဖြစ်သည်တိုင်အောင် ယိုစီးမှုအဆင့်ဆင့် ချုပ်ပျောက်ပုံ, ဖွဲ့စည်းမှုအဆင့်ဆင့် ဖြစ်ပေ...
23,669
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာပေါအာကာသ ပြီး၏၊
23,670
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇောအာကာသ
23,671
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇောအာကာသ၌ အေးမှုအဆင့်ဆင့်, ပူမှုအဆင့်ဆင့် ပိုင်းခြား၍ ကြည့်လေ။
23,672
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တေဇောအာကာသပြီး၏၊
23,673
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ဝါယောအာကာသ
23,674
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယောအာကာသ၌ ထောက်ခံမှုအဆင့်ဆင့် ပိုင်းခြား၍ ကြည့်လေ။
23,675
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဝါယောအာကာသပြီး၏၊
23,676
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ဤချိပ်ခဲတစ်ခု၌ ဓာတ်ကြီး ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှုကို အာကာသ ပရိစ္ဆေဒနှင့်တကွ အချက်ကျ ခြားနား ထင်ရှားစွာ ထင်မြင် နိုင်ကြပါလျှင် သတ္တဝါခန္ဓာကိုယ်ကို မဆိုထားဘိ၊ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီး တို့၌ပင် မြင်နိုင်ကြကုန်လတ္တံ့၊ ဤချိပ်ခဲ၌ မီးရှိန်ပြင်းစွာ ထိပါးမှုကို အာရုံ ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ချိပ်ခဲအမူအရာ တစ်မ...
23,677
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မျက်စိအမြင်ဆိုသည်ကား- ဌီခဏ-ဌီခဏ-ရောက်ဆဲကိုသာ မြင်၏၊ ပျက်မှုအစွန်း, ဖြစ်မှုအစွန်းတို့ကို မြင်ရိုး မဟုတ်၊ အစွန်း ၂-ခုုတို့၏ကြား အာကာသပရိစ္ဆေဒ-ကိုလည်း မြင်ရိုးမဟုတ်၊ အဟောင်း အသစ် ဌီအချင်းချင်းဖြင့်သာ စပ်ဆက်၍မြင်၏၊
23,678
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့ မြင်ရာတွင် ဌီရုပ်အချင်းချင်း အမူအရာ မတူကြသည်ကို မြင်၍ မနောဒွါရဖြင့် ရုပ်ပြောင်းမှုကို လောက၌ အလိုလိုသိကြ၏၊ အမူအရာဟောင်း ပျက်သည်ဟု သိကြ၏၊ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ် သည်ဟု သိကြ၏၊ အမူအရာခြားသည်ဟု သိကြ၏၊
23,679
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုတွင် ၁။
23,680
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အမူအရာဟောင်း ပျက်သည်ဟု သိမှုကား ရုပ်ဟောင်း ၏ ဘင်ကို သိမှုပင်တည်း။
23,681
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ်သည်ဟု သိမှုကား ရုပ်သစ်၏ဥပါဒ်ကို သိမှုပင်တည်း။
23,682
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အမူအရာခြားသည်ဟု သိမှုကား အာကာသပရိစ္ဆေဒ ကို သိမှုပင်တည်း။
23,683
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့ သိသော်လည်း ချိပ်ခဲ-ဟူသော သဏ္ဌာန်ဒြပ်, ပညတ် နိမိတ်ကြီးကို စိတ်၌ စွဲလျက်ရှိနေသောကြောင့် စိတ်၌ ထိုသဏ္ဌာန် ကြီးသည်သာ ပြဋ္ဌာန်း၍ နေ၏၊ အမူအရာဟောင်း ပျက်မှု, ပျောက် ကွယ်မှု, ချုပ်ဆုံးမှုကား မရဏဓာတ်ကြီးတစ်ခုတည်းဟု ပျက်မှုကို အသီးအခြားဓာတ်ကြီး ၁-ပါး, ဓမ္မကြီး ၁-ပါးအနေနှင့် မသိကြ၊ စိတ်၌ စွဲမြဲထင်ပေါ်၍နေသော ချိပ်ခဲ၏ အပေါ်...
23,684
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ချိပ်ခဲ-ဟူသော အဟုတ်ရှိ, ဧကန်ရှိ မဟုတ်သော နိမိတ္တကြီးကို ဉာဏ်နှင့်ဖယ်ရှား၍ ခက်မာမှု, ဖွဲ့စည်း မှု,အေးမှု, ပူမှု, ကြွရွမှု-ဟူသော ပရမတ်ဓာတ်စစ်ကို ဉာဏ်စိုက်၍ ကြည့်တတ်မှသာလျှင် ထိုမရဏ ဓာတ်ကြီး, ဇာတိဓာတ်ကြီး, အာကာသဓာတ်ကြီးတို့သည် အမှုအသီး အခြား, ကိရိယာအသီးအခြား, ဓမ္မကြီး ၁-ပါးစီ ၁-ပါးစီ အဖြစ်နှင့် ထင်မြင်နိုင်သည်၊ ဤဓမ္မကြီး ...
23,685
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤမျှသော စကားရပ်တို့ဖြင့် အနိစ္စဆိုသော တရားသည် ငါတို့ နဂိုပကတိ စိတ်အသိထဲမှာပင် ပါဝင်ပြီးသာတည်း၊ မမီနိုင်သောတရား မဟုတ်၊ ဉာဏ်၌ နိမိတ္တဓမ္မကြီးကို ပယ်ရှားမှု, ဓာတ်ကြီး ၄-ပါးကို ထုတ်ဖော်မှု, ဓမ္မကြီး ၃-ပါးကို ထင်ရှားစေမှု လို၍နေကြသည့်အတွက် ကြောင့်သာ အနိစ္စကို မြင်လျက်နှင့် အနိစ္စမှန်းမသိ ရှိနေကြရကုန်သည်ဟု အားတက်ကြရန်အချက်ကိ...
23,686
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အာကာသ ၄-ပါး ကြည့်ရှုရန်ပြီး၏၊
23,687
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- (ဃ) အနိစ္စလက္ခဏာ မထင်မြင်နိုင်ပုံ
23,688
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကိဿ အမနသိကာရာ ကေန ပဋိစ္ဆန္နတ္တာ အနိစ္စလက္ခဏံ န ဥပဋ္ဌာတိ၊ ဥဒယဗ္ဗယမ္ပန ပရိဂ္ဂဟေတွာ သန္တတိယာ ဝိကောပိတာယ အနိစ္စလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။
23,689
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(အဋ္ဌကထာ) အဘယ်ကို နှလုံးမသွင်းခြင်းကြောင့်, အဘယ်သည် ဖုံးလွှမ်းခြင်း ကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ ဉာဏ်၌ မထင်လေသနည်း ဟူမူကား ဖြစ်မှုပျက်မှုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြားဟု ထင် ရှားအောင် နှလုံးမသွင်းခြင်းကြောင့်, သန္တတိပညတ်တည်း--ဟူသော နိမိတ္တဓမ္မကြီးသည် ဖုံးလွှမ်း၍ နေခြင်းကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ဉာဏ်၌ ...
23,690
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား အဋ္ဌကထာကြီး၏ စကားကို အကျဉ်းချုပ် သိလောက်ရုံ အဓိပ္ပါယ်ဖော်ပြချက်တည်း။
23,691
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) ဓာတ်ကြီး ၄-ပါး, ဓမ္မကြီး ၄-ပါးတတို့သည် ဉာဏ်အလိမ္မာတို့၏ ကြီးပွါးစည်ကားရာ ဖြစ်ကုန်၏၊ အနိမိတ္တဓမ္မတို့သည် ကိလေသာတို့၏ ကြီးပွါးစည်ကားရာဖြစ်ကုန်၏၊ အတ္တဒိဋ္ဌိ၏ အမိသဖွယ်ဖြစ်သော သမ္မောဟ-တရားကြီးသည် ဓာတ်ကြီး၄-ပါး, ဓမ္မကြီး ၃-ပါးတို့ကို လုံခြုံစွာ ဖုံးလွမ်းကွယ်ကာ၏၊ စိတ်ဝိညာဉ်-ဟူသောမျက်လှည့်သည်ကြီး အဟုတ် မရှိသော နိမိတ္တဓမ္မကြီ...
23,692
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဘယ်သို့ ကြောင်ကြောင်မြင်၍ မသိကြကုန်သနည်း-ဟူမူကား လောက၌ ဒိဋ္ဌကိုယ်တွေ့ချည်း ဖြစ်ကြသည်ကို ကြောင်ကြောင်မြင်ဆိုသည်၊ မည်သည့်ဓာတ်ဟူ၍, မည်သည့်ဓမ္မဟူ၍ အသီးအသီးခြားနား၍ မသိကြသည်ကို မသိဆိုသည်။
23,693
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကြောင်ကြောင်သိလျက်မမြင်ကြကုန်ဆိုသည်ကား- သာသနာ ဓမ္မ၌ ကြားဖူးနားဝရှိကြသူတို့မှာ ဤကိုယ်ခန္ဓာသည် ဓာတ်ကြီး ၄-ပါး အစုသာတည်းဟု သိကြလျက် ကိုယ်ခန္ဓာ တစ်ခုလုံး ၄-စိတ် ကွဲအောင် ခွဲခြမ်း၍ မမြင်ကြ ဆိုလိုသည်။
23,694
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို စကား ၂-ရပ်ကိုထင်ရှားစေဦးအံ့
23,695
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခက်မာမှု,ကြမ်းတမ်းမှု,ပျော့ပျောင်းမှု,နူးညံ့မှုတို့သည် ဒိဋ္ဌကိုယ် တွေ့တို့ချည်းသာတည်း၊ ထို့အတူဖွဲ့တွယ်မှု, စေးစေမှု, ယိုစီးမှုတို့သည် လည်းကောင်း၊ ပူမှု,လောင်မှု,နွေးမှု,အေးမှု,ချမ်းမှုတို့သည်လည်းကောင်း၊ ထောက်ကန်မှု, တောင့်တင်းမှု,ကြွရွမှု,လှုပ်ရှားမှု, ရွေ့သွားမှုသည်လည်း ကောင်း၊ ဒိဋ္ဌကိုယ်တွေ့ချည်းသာတည်း၊ ထို့အတူ ထိုအမ...
23,696
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပဋိသမ္ဘိဒါမဂ်ပါဠိတော်--
23,697
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကေသကာယံ၊ လောမကာယံ၊ နခကာသံ၊ ဒန္တကာယံအစရှိသည်ဖြင့်ဟောတော်မူသောကြောင့် တစ်ယောက်သောသူ၏
23,698
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကိုယ်ခန္ဓာ၌ကေသကာယ,လောမကာယ-အစရှိသည်ဖြင့် ကာယပေါင်း ၃၂-ပါးရှိ၏၊ ကိုယ်ခန္ဓာပေါင်း ၃၂-ပါးရှိ၏ ဟူလို၊ ဆံပင်ပေါင်း ၂-ကုဋေ ၄-သန်း ရှိသည်ဆိုသောကြောင့် ကေသကာယပေါင်း ၂-ကုဋေ ၄-သန်း ရှိ၏၊ ဆံပင်ခေါ်သော ကိုယ်ခန္ဓာပေါင်း ၂-ကုဋေ ၄-သန်းရှိ၏ဟူလို၊
23,699
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့အတူ-- မွေးညင်းခေါ်သောကိုယ်ခန္ဓာပေါင်း-------၉၉၀၀၀-ရှိ၏၊
23,700
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခြေသည်းလက်သည်းခေါ်သောကိုယ်ခန္ဓာပေါင်း---- ၂၀-ရှိ၏၊