id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
23,701 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သွားခေါ်သောခန္ဓာကိုယ်ပေါင်း------၃၂-ရှိ၏၊ |
23,702 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရေခေါ်သောခန္ဓာကိုယ်ပေါင်း-----၂-ရှိ၏၊ |
23,703 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသားခေါ်သောခန္ဓာကိုယ်ပေါင်း----၉၀၀-ရှိ၏၊ |
23,704 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြောခေါ်သောန္ဓာကိုယ်ပေါင်း----၉၀၀-ရှိ၏၊ |
23,705 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရိုးခေါ်သောခန္ဓာကိုယ်ပေါင်း-----၃၀၀-ရှိ၏၊ |
23,706 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ စသည်ဖြင့် ခွဲလေဦး။ |
23,707 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆံပင်တစ်၌လည်း ပထဝီကာယ, အာပေါကာယ, တေဇော ကာယ, ဝါယောကာယ-ဟူ၍ ကာယကြီး၄-ပါးရှိ၏၊ |
23,708 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဆံပင်တစ်ခုလုံး၌ အမာခံဖြစ်သော ခက်မာမှုကိရိယာ အပေါင်းသည် ပထဝီကာယမည်၏၊ |
23,709 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဖွဲ့စည်းမှု ကိရိယာအပေါင်းသည် အာပေါကာယမည်၏၊ |
23,710 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ပူသောအခါ၌ ပူမှုအပေါင်း, အေးသောအခါ၌ အေးမှု အပေါင်းသည် တေဇောကာယမည်၏၊ |
23,711 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု အပေါင်းသည် ဝါယောကာယမည်၏၊ |
23,712 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ဆိုလျှင် ဆံပင်တစ်ခု၌ ကာယကြီး ၄-ပါးရှိ၏၊ ကိုယ်ခန္ဓာ ကြီး ၄-ပါးရှိ၏-ဟူလိုသည်။ |
23,713 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုကာယကြီး ၄-ပါးတို့၏ မစဲဖြစ်ပေါ်မှု, မစဲပျက်ဆုံးမှု, ဟူသော လက္ခဏာဓာတ်ကြီး ၂-ပါးလည်းရှိ၏၊ ကလာပ်ဖွဲ့ ကလာပ်ခဲတို့၏ ထက် ဝန်းကျင် အခြား ရှေ့နောက်အခါဟူသော အာကာသပရိစ္ဆေဒဓာတ်ကြီး လည်းရှိ၏၊ စိတ်ဝိညာဉ် ဖန်ဆင်း၍ပြသဖြင့် ထင်မြင်၍နေကြသော သဏ္ဌာန်နိမိတ်ကြီးလည်းရှိ၏၊ ထိုသဏ္ဌာန်အတိုင်း နှစ်လအရှည် တည်နေ သည်ဟု ထင်မြင်၍နေကြသော သန္တတိနိမိ... |
23,714 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သုသာန်မြေမ ဗာတထွေးလုံးလုံး တည်ရှိကြကုန်သေး၏၊ ထိုနိမိတ် ၂-ပါးတို့မှာဖြစ်မှုဟူ၍လည်းမရှိ၊ ပျက်မှုဟူ၍လည်းမရှိ၊ ဒုက္ခလည်းမရှိ၊ နိစ္စဓမ္မမျိုးတို့သာတည်း။ |
23,715 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနိမိတ်ကြီး ၂-ပါးတိုမှီရာဖြစ်သော ကာယကြီး၄-ပါးတို့ ထိုဘဝ၌ အစစွာသောဖြစ်ပေါ်မှုကို ထိုနိမိတ်တို့၏ ပျက်မှုဟု သိမြင် ထင်မှတ်၍ နေကြကုန်၏၊ မသေမီအကြား၌ ထိုသူအသက်ရှည်သမျှကာလပတ်လုံး အန္တရာယ်မရှိလျှင် သုသာန်မြေသို့ရောက်သည်တိုင်အောင် ထိုဆံပင် အခါခါဖြစ်သည်၊ အခါခါပျက်သည်ဟူ၍ မရှိပြီ-ဟုသိမြင်ထင်မှတ်၍ နေကြကုန်၏၊ သတ္တဝါ၏ ကိုယ်ခန္ဓာတစ်... |
23,716 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနိမိတ်ကြီး ၂-ပါးတို့တွင် သဏ္ဌာန်နိမိတ်ကြီးသည် ဆံပင်၌ ရှိသော ကာယကြီး ၄-ပါးတို့ကို ဆံပင်ဟု တစ်ခုတည်းပြု၍ ဖုံးလွမ်း၏၊ ၁။ |
23,717 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆံပင်၌ရှိသော ခက်မာမှုကို ပထဝီဓာတ်ဟု ခွဲခြမ်း၍ မသိနိုင် ကုန်၊ ဆံပင်ခက်မာသည်ဟူ၍သာ သိကြကုန်၏၊ |
23,718 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဖွဲ့စည်းမှုကိုအာဗောဓာတ်ဟု ခွဲခြား၍ မသိကြကုန်၊ ဆံပင်ဖွဲ့ စည်းသည်ဟု သိကြကုန်၏၊ |
23,719 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ပူမှု, အေးမှုကို တေဇောဓာတ်ဟု ခွဲခြား၍ မသိကြကုန်၊ ဆံပင်ပူသည်ဆံပင်အေးသည်ဟု သိကြကုန်၏၊ |
23,720 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ထောက်ကန်, တောင့်တင်းမှုကို ဝါယောဓာတ်ဟုခွဲခြား၍ မသိကြကုန်၊ ဆံပင်တောင့်တင်းသည်ဟု သိကြကုန်၏၊ |
23,721 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သန္တတိနိမိတ်ကြီးသည် ထိုဓာတ်ကြီး ၄-ပါးတို့၏ ၁-နာရီအတွင်း မှာ အခါ ၁-ရာ အခါ ၁-ထောင်မက တစ်သုတ်တစ်သုတ် ချုပ်ပျက် သေဆုံးမှု, တစ်သုတ်တစ်သုတ် အသစ်သစ်ဖြစ်ပေါ်မှုတို့ကို လုံခြုံလှစွာ ဖုံးကွယ်၍ ရှေ့နောက်အစဉ်ဖြစ်ကုန်သော ထိုတစိသုတ်တစ်သုတ်တို့ကို ဆံပင်တစ်ခုတည်းပြု၍ တစ်သက်လုံး၌ သည်ဆံပင်-ဟုထင်မှတ်မှောက် မှားစေ၏၊ ဓာတ်ကြီး ၄-ပါးတို့ကား ... |
23,722 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုဆံပင်၌ ကာယကြီး ၄-ပါးတို့တွင် တေဇောကာယဆိုသည် ကား မီးစုမီခဲတည်း၊ ပူမှု,နွေးမှု,အေးမှု,ချမ်းမှု, အစုအခဲတည်း၊ ပူမှု, အေးမှုတို့၌ ကိစ္စကြီးကား ၂-ပါးသာရှိ၏၊ |
23,723 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အတူတကွ အနည်းအစပ်ဖြစ်သော ပထဝီကာယ, အာပေါ ကာယ, ဝါယောကာယတို့ကို ခဏမစဲ, ကုန်ဆုံးအောင် အမြဲလောင်မှု ကိစ္စကြီးတစ်ပါး။ |
23,724 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုကာယကြီး ၃-ပါးတို့ကို လောင်မိ,စွဲမိ,ခဲမိသည်နှင့် တစ်ပြိုင် နက် အမြဲမီးပွါးမှု ကိစ္စကြီးတစ်ပါး။ |
23,725 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့ ပူမှု၌ ကိစ္စကြီး ၂-ပါး, အေးမှု၌ကိစ္စကြီး ၂-ပါး အသီးအသီး ရှိကြ၏၊ ဤစကား၌ မီးပွါးမှုဆိုသည်ကား အပူအဆင့်ဆင့်ပွါးမှု, အအေး အဆင့်ဆင့်ပွါးမှုကိုဆိုသတည်း၊ ပူမှု,အေးမှု အသစ်အသစ်မီးပွါးတိုင်း မီးပွါးတိုင်း ကြွင်းသော ကာယကြီး ၃-ပါးတို့သည် အမြဲပါရှိကြကုန်၏၊ |
23,726 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးပွါးပုံ |
23,727 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးပွါးပုံအခြင်းအရာကိုကား လောက၌ ရှားမီးခဲရဲရဲကြီးကို စေ့စေ့ကြည့်ရှု၍လည်းကောင်း, မီးတောက်မီးလျှံကို စေ့စေ့ကြည့်ရှု၍ လည်းကောင်း, ဥဏှမီးပွါးမှုကိုသိမြင်ရာ၏၊ မြစ်ရေအလျဉ်,စမ်းရေ အလျင်များ ကိုကြည့်ရှု၍ သီတမီးပွါးမှုကို သိမြင်ရာ၏၊ လှုပ်လှုပ်ရွရွ တစ်ဖွါးဖွါးပေါ်မှု, တက်မှု, တတွေတွေစီးထွက်မှုတို့ကိုဆိုလိုသည်။ |
23,728 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကြင်မျှလောက်သော နေ့,ရက်,လ,နှစ် ကာလပတ်လုံး ထို ဆံပင်၌တေဇောကာယကြီး မီးပွါးမှု အခွင့်ရရှိ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ဆံပင်ဟူသော သဏ္ဌာန်နိမိတ် သန္တတိနိမိတ်တို့သည် ထင်မြင်ရ ကုန်၏၊ မီးပွါးမှုကုန်ဆုံးလျှင် အမှီမရှိ၍ ထင်စရာ မြင်စရာမရှိ၊ ကွယ်ပျောက်ကြကုန်၏၊ ဤမီးပွါးမှုကို ဉာဏ်စူးစိုက်မိခဲ့လျှင် ဆံပင် တစ်ခုလုံးအမြဲနိစ္စတရွရွနေသ... |
23,729 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆံပင် တစ်ခု၌ ကောင်းကောင်းမြင်ခဲ့ပေလျှင် သတ္တဝါတို့၏ ကိုယ်ခန္ဓာရှိ ရုပ်စု ရုပ်ခဲတို့ကိုမဆိုထားဘိ၊ မဟာပထဝီမြေကြီး, မြင့်မိုတောင်ကြီးတို့နှင့် တကွ တော,တောင်, သစ်ပင်-အစရှိသော ရုပ်စုရုပ်ခဲတို့သည် ဉာဏ်၌ တရွရွ တွေဖြစ်၍ ကုန်လတ္တံ့။ |
23,730 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တရွရွထင်မြင်ခဲ့လျှင် ထိုတရွရွဆိုသော အမှုမျိုး၌ အကျအတက် အပျက်အဖြစ်တွေကို ဖက်စပ်၍ ဆိုရသော အမှုမျိုးပေတည်း။ |
23,731 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့ကြောင့်-- |
23,732 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရှေးရှေးအသုတ်မှ ကာယ ကြီး ၄-ပါး ပျက်ဆုံးမှု အစွန်း, |
23,733 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နောက်နောက်အသုတ်မှ ကာယကြီး ၄-ပါး အသစ်အသစ် ဖြစ်ပေါ်မှုအစွန်း, |
23,734 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ထိုအစွန်း ၂-ပါး, ၂-ပါးတို့၏ အကြား၌ အပြတ်ကြီး အပြတ် ကြီး အနေနှင့် အမြဲပါရှိသောအာကာသ ပရစ္ဆေဒမှု, |
23,735 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအစွန်း ၂-ပါး,အခြား ၁-ခုကိုလည်း အတတ်သိမြင်နိုင်ကြ ကုန်ရာသတည်း။ |
23,736 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အစဉ်အမြဲအားဖြင့် သတ္တဝါတို့၏ ကိုယ်ခန္ဓာနှင့်တကွ တစ်လောကလုံး၌ နေ, လ, နက္ခတ်တို့ကို အရင်းပြု၍ တစ်နေ့တစ်နေ့၌ ပင်လျှင် ပဟိုရ်အပိုင်းအခြား, နေ့,ညဉ့် အပိုင်းအခြားအားဖြင့် တက်တုံ့ ဆုတ်တုံ့ ဖြစ်၍နေကြသော ဥဏှဓာတ်မီး, သီတဓာတ်မီးတို့ကို အစွဲပြု၍ ပကတိသော ဆံပင်၌ ကာယကြီး ၄-ပါး, အစွန်းကြီး ၂-ပါး, အခြားကြီး ၁-ပါးတို့ကို ဖော်ပြသော... |
23,737 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဤဆံပင်၌ ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ-ဟူသော ဥပါဒါရုပ် ၄-ခု ကျန်ရှိသေး၏၊ ကာယကြီး ၄- ပါး တို့၏ဖြစ်မှုပျက်မှု ထင်မြင်နိုင်ပါလျက် ဥပါဒါရုပ်တို့၏ဖြစ်မှု, ပျက်မှုတို့ကိုလည်းထင်မြင်နိုင်တော့သည်၊ သို့ရာတွင် အဆင်းဟူသော ဝဏ္ဏဓာတ်သည် သဏ္ဌာန်နိမိတ်ကြီးနှင့် အလွန်နီး စပ်လှ၏၊ ဤအဆင်းဟူသော ဝဏ္ဏဓာတ်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဉာဏ်နှင့် အထူးခ... |
23,738 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့အတူ အာပေါ ကာယကြီး အဖွဲ့အတွက် ပြုတ်ပျက်မှု, တေ ဇောကာယကြီး အပူအအေး ကုန်ဆုံးမှု, ဝါယောကာယကြီး အရှိန်သေ ပျောက်မှုတို့ကို ရှုခဲ့လျှင် ဝဏ္ဏဓာတ်ပျက်မှုလည်း တပေါင်းတည်း ပါလေ အောင် အထူးအားထုတ်ရမည် ဆိုလိုသည်၊ ဆံပင်၌ မည်းနက်သော အဆင်းကို ကြောင်ကြောင်မြင်ကြလျက် ဓာတ်အသီးအခြား ဟု မသိကြ၊ ဓာတ်အသီးအခြားဟု သိကြလျက် ခြားနား၍ မမြင်ကြ။ |
23,739 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနံ့, အရသာ, ဩဇာတို့၌လည်း ဤနည်းတူဆိုလေ၊ ဤဆံပင်၌ကဲ့သို့ မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ-အစရှိသော ကြွင်းသော ကောဋ္ဌာသ တို့၌လည်း ကာယကြီး ၄-ပါး, အစွန်း ၂-ပါး, အာကာသ ပရိစ္ဆေဒ ၁- ပါး, နိမိတ်ကြီး ၂-ပါးတို့ကို အသီးသီး အထင်အမြင် ပေါက်အောင် အားထုတ်ကြလေ။ |
23,740 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုကြွင်းသောကောဋ္ဌာသတို့တွင် မွေးညင်းမှတစ်ပါးသော ၁၈- ပါးသော ပထဝီကောဋ္ဌာသတို့၌ နိမိတ်ကြီး ၂-ပါး ကြီးကျယ်လှ၏၊ |
23,741 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သဏ္ဌာနနိမိတ်မည်သည် အဏုမြူမျှ အထည်ဝတ္ထုဒြဗ် သဏ္ဌာန် ထင်မြင်လာလျှင် သဏ္ဌာန-နိမိတ်ကြီးပင်တည်း။ |
23,742 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သန္တတိ-နိမိတ်မည်သည်ကား ဤဝတ္ထုသည် ၁-မိနစ် တည် နေ၏၊ ၁-နာရီ တည်နေ၏ဟု ထင်မြင်လာလျှင် သန္တတိ နိမိတ်ကြီး ပင်တည်း။ |
23,743 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မုန်ညင်းစေ့ငယ်တွေကို တောင်ကြီးဖုံးဖိ၍ ထားဘိသကဲ့သို့ အဟုတ် အမှန်ရှိသော ပရမတ်ဓာတ်တွေက အဟုတ်အမှန်ရှိ မဟုတ်၊ စိတ်ဝိညာဉ် လုပ်ကြံလှည့်စား၍ ပြမှုနှင့် ထင်မြင်၍ နေရသော ထို နိမိတ်ကြီး ၂-ပါးတို့သည် ဖုံးအုပ်ကွယ်ကာ၍ ထားအပ်ကုန်၏၊ ပရမတ် ဓာတ်ကြီးတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်၍ နိမိတ်ကြီးတွေကို ဉာဏ်နှင့် သန်သန်မှုတ်လွှင့်၍ ပစ်ကြလေ... |
23,744 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ နိစ္စဒိဋ္ဌိကြီး, |
23,745 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ အတ္တဒိဋ္ဌိကြီး, |
23,746 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂-ပါးတို့ မင်းမူ၍နေကုန်၏၊ ထိုဒိဋ္ဌိကြီးတို့မှ ဒုစရိုက် ၁၀- ပါးတို့သည် ထွက်ပေါ်ကြကုန်၏၊ ဒုစရိုက် ၁၀-ပါးတို့မှ အပါယ်ဘဝ, အပါယ်ခန္ဓာတို့သည် ဖြစ်ကုန်၏၊ |
23,747 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒိဋ္ဌိဘေးကြီး, ဒုစရိုက်ဘေးကြီး, အပါယ်ဘေးကြီးတို့ကို ကြောက် လန့်ကြကုန်မူကား ဓာတ်အမြင်ပေါက်သော ဉာဏ်ရောင်အလင်းက အင်တိုက်အားတိုက် ထူထောင်ကြလေကုန်။ |
23,748 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တိမ်သလာဖုံးသော မျက်စိ |
23,749 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မျက်စိနှစ်ဘက်၌ ပသာဒရုပ်ကြည်ကို တိမ်သလာကြီး ထူထပ်စွာ ဖုံးလွှမ်းလျက်ရှိသောသူသည် နေ့ကြောင်ကြောင်မှာပင် မှောင်ကြီးဝိုင်း၍ နေ၏၊ မှောင်ကြီးကိုသာ မြင်၍ နေ၏၊ ထိုသူထင်မြင်၍နေသော မှောင် ကြီးကား နေ့ကြောင်ကြောင်ဖြစ်၍ အဟုတ်ရှိသော မှောင်မဟုတ်၊ ထိုသူစိတ်ဝိညာဉ် ထင်မိထင်ရာ မြင်မိမြင်ရာ မဟုတ်တရုတ်ကြီး, မတူ တယူကြီး သက်သက်သာတည်း၊ မျက်စဉ်း... |
23,750 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မျက်စိမမြင်သူနှင့် ဤသတ္တဝါတို့သည် တူကုန်၏၊ |
23,751 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မျက်စိနှင့် စိတ်သဏ္ဌာန်သည်တူ၏၊ |
23,752 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ပသာဒရုပ်ကြည်နှင့် ပကတိဉာဏ်သည်တူ၏၊ |
23,753 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ တိမ်သလာနှင့် အဝိဇ္ဇာသမ္မောဟ တရားကြီးသည်တူ၏၊ |
23,754 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ စိတ်ရှေးရှုရာ အရပ် ၁၀-မျက်နှာဝိုင်း၍ နေသော မှောင်ကြီး နှင့် နိမိတ်ကြီးတို့သည် တူကုန်၏၊ |
23,755 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တဝါတို့၏ ပကတိသောစိတ်ဝိညာဉ်မည်သည် အဟုတ်အမှန် ကို ဟုတ်မှန်သည့်အတိုင်း ထင်မြင်၍နေမှု အလွန်နည်းပါး၏၊ မဟုတ် မမှန် ထင်မြင်၍နေမှုကား တစ်ယောက်တစ်ယောက်မှာပင် အနန္တများ ပြား၏၊ |
23,756 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သည်းခြေပျက်သော အရူး |
23,757 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သည်းခြေပျက်၍ အလွန်ကြီး ဖောက်ပြန်၍နေသော အရူး၏ စိတ်သည် မီးကို ရွှေထင်၏၊ ရေပြင်ကို မြေပြင်ထင်၏၊ ကောင်းကင်ကို ရေပြင်ထင်၏၊ သစ်ပင် တောချုံတွေကို ရွှေဘုံရွှေနန်းတွေ ထင်၏၊ ထိုထင်မြင်မှုသည် စိတ်ဝိညာဉ် လှည့်စား သက်သက်သာတည်း၊ ဓာတ် အမြင် မပေါက်သော ပုထုဇဉ်သတ္တဝါတို့၏ စိတ်သည် ထိုအရူးစိတ်နှင့် ထပ်တူပင်တည်း။ |
23,758 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရူး၏ စိတ်မှာ ဘာမှမဟုတ်, ဘာမှမရှိသော ကောင်းကင်ကို ရေပြင်ကြီး, ပင်လည်ပြင်ကြီး အဟုတ်အမှန် ထင်မြင်၍နေမှုနှင့် ပုထုဇဉ် သတ္တဝါတို့၏စိတ်မှာ နိမိတ်ကြီး ၂-ပါး ထင်မြင်၍နေမှု တူလှ၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်သာ အဟုတ်ရှိ အမှန်ရှိ ဖြစ်၏၊ ထိုအဟုတ်ရှိ အမှန်ရှိ တို့ကား မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ခိုင်မြဲသော နိစ္စမျိုး မဟုတ်ကုန်၊ ... |
23,759 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိမိတ်ကြီး ၂-ပါး ဆိုသည်ကား အထည်ဒြပ် မဟုတ်သော ရုပ် ဓာတ်, နာမ်ဓာတ်ကိုပင် အထည်ဒြပ်ပြုလုပ်၍ ထင်မြင်သော အမှုတည်း၊ အရူးသည် ကောင်းကင်ကြီးငယ်ကို ရေဟူ၍ အတပ်ထင်မြင်၏၊ အရူး ထင်သည်အတိုင်း၊ ရေမဟုတ်သည်အတွက်ကြောင့် ရေကိစ္စ၌ အသုံး သက်သက်မကျ၊ ရေဟုထင်မြင်ချက်နှင့် အမက်ကြီး အစွဲကြီး တစ်ခု ဖြစ်နေရုံမျှသာရှိ၏၊ ထို့အတူ သတ္တဝါတို့သည် ရုပ်ဓာတ... |
23,760 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိစ္စကိစ္စ, အတ္တကိစ္စ ဆိုသည်ကား-စောင့်ရှောက်မှု, ထောက် ပံ့မှု, မွေးမြူပြုပြင်မှုတို့နှင့် အချင်းခပ်သိမ်း လွတ်ကင်း၍ အနှစ် ၁-ရာ, အနှစ် ၁-ထောင်စသည်ဖြင့် သတ္တဝါတို့ အလိုရှိသမျှ ကာလပတ်လုံး မိုးကြိုးပင် ပစ်သော်လည်း ဖောက်ပြန်ခြင်းမရှိပဲ ပကတိအတိုင်း တည်နေမှု သည် နိစ္စကိစ္စ, အတ္တကိစ္စမည်၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၌ ထိုကိစ္စ ၂- ... |
23,761 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆီမီးတောက် ဥပမာ |
23,762 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးစာ, ဆီ, ရေနံဆီတို့ကို အစွဲပြု၍ ဖြစ်ရ, တည်နေရသော မီးတောက်သည် မီးစာ, ဆီ, ရေနံဆီတို့ လျော့ပါးကုန်လျှင် လျှော့ပါးရ တော့သည်၊ မီးစာ, ဆီ, ရေနံဆီ- တို့ကုန်ဆုံးလျှင် သေဆုံးရတော့သည်၊ မီးစာ, ဆီ, ရေနံဆီတို့နှင့်ကင်း၍ အကတိအနေနှင့် မျက်တောင် တစ်ခတ်စာမျှ တည်တံ့၍ မနေနိုင်၊ သေရလေ၏၊ |
23,763 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးစာ, ဆီ, ရေနံဆီတို့ပင် အပြည့်အစုံရှိကြကုန်သော်လည်း လေ, ရေ-အစရှိသော အန္တရာယ် ဖျက်ဆီးပြန်လျှင် ခဏချင်း သေဆုံးပြန်သည်။ |
23,764 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုနှင့်ထပ်တူ သတ္တဝါတို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည် အမိဝမ်း၌, အမိကိုယ်၌ ဖြစ်ကုန်သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရ, တည်ရကုန်၏၊ ထိုဥတု, အာဟာရ-တို့နှင့်ကင်း၍ မျက်တောင်တစ်ခတ် စာမျှ တည်တံ့စွာမနေနိုင်၊ ပျက်ဆုံးရကုန်၏၊ ဖွားမြင်သည်မှ နောက်၌ လည်း ထမင်းအစာရေစာတို့မှ ဖြစ်ကုန်သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရတည်ရကုန်၏၊ ထိုဥ... |
23,765 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုဥတု, အာဟာရတို့ ထောက်ပံ့မှု ရှိနေကုန်သော်လည်း ကိုယ်တွင်း အန္တရာယ်, ကိုယ်ပအန္တရာယ်တို့ အပြင်းအထန် ထိပါးခဲ့ပြန် လျှင် ခဏချင်း ပျက်ဆုံးရပြန်ကုန်၏၊ |
23,766 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကိုယ်တွင်း၌ ထမင်းရေစာတို့မှ ဖြစ်ပွားသော ဥတု- ဟူသော ဓာတ်မီး, အာဟာရ-ဟူသော ဓာတ်ဆီတို့နှင့် ကင်းလျက်လည်းကောင်း, အတွင်းအပအန္တရာယ် ပြင်းထန်စွာ ထိပါးလျက်လည်းကောင်း, ဖောက် ပြန်ခြင်းမရှိဘဲ မိမိတို့၏ နိစ္စဂုဏ်သတ္တိ အစွမ်းနှင့်သော်လည်းကောင်း, သတ္တဝါတို့၏ အလိုသို့လိုက်ပါမူ-ဟူသော အတ္တဂုဏ်-သတ္တိအစွမ်းနှင့် သော်လည်းကောင်း, သတ္တဝါတို့... |
23,767 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤလောကတွင် ရေသတ္တဝါ, ကုန်းသတ္တဝါတို့၌ အသက်မွေးမှု ကိစ္စ အစာအာဟာရ ရှာမှီးစားသောက်မှုကိစ္စ, ကိုယ်တွင်းကိုယ်ပ ဘေးအန္တရာယ်တို့ကို အမြဲသတိပြုမှုကိစ္စ၊ ဤသင်္ခါရဒုက္ခ ကိစ္စကြီးတို့နှင့် နေ့ရက်ရှိသမျှ ကြပ်တည်းစွာ ကြောင့်ကြစိုက်ထုတ်၍ နေကြသည်ကား ဒိဋ္ဌမျက်မြင်ပေတည်း။ |
23,768 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသင်္ခါရဒုက္ခ ကိစ္စကြီးတို့ကို လွှတ်ထား၍ မိမိခန္ဓာတို့၏ နိစ္စဂုဏ်သတ္တိ, အတ္တဂုဏ်သတ္တိ သက်သက်နှင့် တစ်သက်လုံး တည်နေ နိုင်သောသူဟူ၍ လောက၌ တစ်စုံတစ်ယောက်မျှမရှိ၊ တစ်နေ့ တစ်ရက်မျှ မနေနိုင်ကြ၊ တစ်ကြိမ်မှီဝဲသောအစာ အာဟာရဓာတ်စာ၏တစ်ကိုယ် လုံးပျံ့နှံ့ထောက်ပန့်မှုသည် လူတို့၌ ၇-ရက်ဟူ၏၊ နတ်တို့၌ ၁-လ, ၂- လ,ဟူ၏၊ ထိုဓာတ်ဆီ အလျဉ်ပြတ်သ... |
23,769 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိမိတ်ကြီး ၂-ပါးတို့သည် ထိုခန္ဓာတို့၏ ထိုကဲ့သို့သော ပျက်ဆုံးမှု ကိုအဏုမြူမျှ တားမြစ်ခုခံနိုင်ကြသည် မဟုတ်ကုန် ဤသတ္တဝါ အပေါင်း တို့သည်မူကား သင်္ခါရဒုက္ခမှုကြီးတွေနှင့် အကြပ်အတည်းကြောင့်ကြ စိုက်နိုင်လှ၍ ခန္ဓာအစဉ်မပျတ်ဘဲ နှစ်လရှည်ကြာ အသက်ရှည်၍ နေကြရပါသည်ကို နိမိတ်ကြီးတို့၏ နိစ္စအစွမ်း, အတ္တအစွမ်း, ဇီဝအစွမ်းဟုထင်မှတ်မှောက်မ... |
23,770 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တဝါတို့၏ အလိုသက်သက်နှင့် ၁-ရက် ၁-နာရီ တည်နေကြ သည်မဟုတ်ကုန်၊ ထိုကြောင့် အတ္တအစွမ်း ဟူ၍ အဏူမြူမျှ မရှိကြ သည်ကို မုချသိမြင်နိုင်၏၊ |
23,771 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကယ်၍ ၁-နေ့ ၁-ရက် ရှည်နိုင်သော အသက် ဇီဝ ရှိကြကုန် သည်ဖြစ်အံ့၊ ၁-နေ့ ၁-ရက် အတွင်းမှာ မိုးကြိုး ၁၀၀-ဆိုင်၍ ပစ်သော် လည်း ထိုခန္ဓာတို့ မပျက်ကုန်ရာ၊ အကယ်၍ ၁-ရက် ၂-ရက် ရှည်နိုင်သော အသက်, ၃-ရက်ရှည်နိုင်သော အသက်, ၁-လရှည်နိုင်သော အသက် စသည်ဆိုလေ၊ အကယ်၍ အနှစ် ၁၀၀-ရှည်နိုင်သော အသက်ဇီဝ ရှိကုန် ဖြစ်အံ့၊ ထိုခန္ဓာ ထိုနိမိတ်တို့သည် ပြု... |
23,772 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနှစ် ၁၀၀-၏အတွင်းမှာ မိုးကြိုး ၁၀၀-ပင် ဆိုင်၍ ပစ်သော် လည်း မပျက်နိုင်ကြကုန်ရာ၊ ထိုသို့ မပျက်နိုင်ကုန်သည်ကား မဟုတ်၊ အာဟာရအလျဉ် ပြတ်ခဲ့လျှင် ဘယ်အခါမဆို ပျက်ဆုံးကြကုန်၏၊ အန္တရာယ်ပြင်ထန်စွာ ထိခိုက်လျှင်လည်း ဘယ်အခါမဆို ပျက်ဆုံးကြ ကုန်၏၊ ထို့ကြောင့် ၁-နာရီ ရှည်နိုင်သော အသက်ဇီဝဟူ၍ အဏုမြူမျှ မရှိ၊ ၁-ရက်စသည် ရည်နိုင်သော အသက်ဇီဝ... |
23,773 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခန္ဓာတို့သည် အတ္တဟုတ်ပါကုန်၏၊ အတ္တမှန်ပါကုန်၏၊ ကောင်း ကောင်းပြုပြင်၍ ပေးခဲ့ပါလျှင် အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက် တမ်း ရှိသမျှပြည့်မီရုံ အလိုသို့လိုက်ပါကုန်၏၊ ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါ ကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါ ဟုတ်ပါကုန်၏၊ ငါဟုတ်သော ကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ ခန္ဓာတို့ကို ငါအစိုးရပါ၏၊ ငါ့ကိုယ်... |
23,774 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုစကား၌ ကောင်းကောင်းပြုပြင်၍ပေးခဲ့လျှင်, အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက်တမ်းရှိသမျှ ပြည့်မီရုံ အလိုသို့ လိုက်ပါကုန်၏ဟူသောအဆိုမှာ ပြုပြင်၍ပေးပါလျှင် အလိုသို့ လိုက်နိုင်ကြကုန်သည်၊ ပြုပြင်၍ မပေးခဲ့လျှင် အလိုသို့ မလိုက်နိုင်ကြကုန်-ဟု ဆိုရာကြ၏၊ အလို၏အစွမ်းနှင့် အလိုရှိတိုင်း မပြီးစီးနိုင်သောကြောင့် ပြုပြင်မှုကို ပဓာနထား၏၊... |
23,775 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါဟုတ်ပါကုန်၏-ဟူသော စကား၌ နိမိတ်ကြီး ၂-ပါးတို့သည် ခန္ဓာဟုတ် ကြပါကုန်လျှင် ဓာတ်ကြီး ၄-ပါး ဟုတ်ကြပါကုန်လျှင် ခန္ဓာတို့သည်၊ ပုဂ္ဂိုလ်, သတ္တဝါ, ငါဟုတ်ပေ ကုန်ရာ၏၊ နိမိတ်ကြီးတို့သည် ခန္ဓာမဟုတ်၊ ဓာတ်ကြီး ၄-ပါးမဟုတ်၊ ဘာမှမဟုတ်ကုန်၊ ကောင်းကင်ကိုရေပြင်-ဟု အရူး၏စိတ် ဖောက်ပြန... |
23,776 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မှောင်နှင့်မီးရောင် ဥပမာကဲ့သို့ ဓာတ်ကြီး ၄-ပါးတို့ကို ဥပါဒ်စွန်း, ဘင်စွန်းတို့နှင့်တကွ ထင်ရှားစွာ မြင်နိုင်ကြမှ ထိုနိမိတ္တပညတ်, သတ္တ ပညတ်တို့အလိုလို ကွယ်ပျောက်ကုန်သတည်း၊ ခန္ဓာတို့ ငါဟုတ်သော ကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ ငါတစ်သက်လုံး ငါ့ခန္ဓာတို့နှင့် ပင်လျှင် ငါအလိုရှိရာ ပြုလုပ်၍ လာခဲ့သည်ဟူသော စကား၌ နောက် န... |
23,777 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဆိုဖွယ်အထူးကား |
23,778 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခါရတရားမျိုးမည်သည် ဘယ်လိုပြုလျှင် ဘယ်လိုဖြစ်၏-ဟု သိ၍ အလိုရှိရာ ဖြစ်လာရန် ပြုပြင်ပေးလျှင် အလိုရှိရာဖြစ်လာ၏၊ ပြုပြင်မှုနှင့်ကင်း၍ အလိုသက်သက်နှင့် ဖြစ်လာသည်မရှိ၊ မန္ဓာတ်မင်းကြီး သည် လက်ပမ်း ပေါက်ခတ်လိုက်လျှင် ကောင်းကင်မှ ရတနာမိုးရွာလာ ရသည်-ဟူရာ၌ ထိုသို့ဖြစ်နိုင်ရန် ရှေးရှေးဘဝတို့၌ ကံအထူးကိုပြုမှု, လက်ပမ်းပေါက်ခတ်မှု-ဟ... |
23,779 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဘယ်အမှုကိုပြုလျှင် ဘယ်ဟာဖြစ်လာ၏ဟု သိမှုတို့ကား သညာ, ဝိညာဉ်, ပညာ-တို့ပေတည်း။ |
23,780 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပြုပြင်မှုတို့ကား စေတနာ, ဝီရိယ-တို့ပေတည်း။ |
23,781 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုတရားတို့သည် နိမိတ္တပညတ်မျိုးလည်း မဟုတ်ကုန်၊ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ-ပညတ်မျိုးလည်း မဟုတ်ကုန်၊ တစ်ထိုင်တွင်း, တစ်နာရီ တွင်းမှာပင်အခါ ၁-ရာမက ချုပ်ပျောက် ပြက်ဆုံးမှုအမြဲရှိ နေကြကုန် သော ပရမတ်ဓာတ်မျိုး, အနိစ္စဓာတ်မျိုးတို့သာတည်း၊ ထို့ကြောင့် ထိုဓာတ်တို့လည်း တစ်စုံတစ်ခုကိုမျှ သိတတ် ပြုပြင်တတ်သော ပုဂ္ဂိုလ်, သတ္တဝါ မဟုတ်ကြက... |
23,782 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤတွင်ရွေ့ကား ဆံပင်မှကြွင်သော ပထဝီကောဋ္ဌာသတို့တွင် အရေ, အသား, အရိုး အစရှိသော ကောဋ္ဌာသကြီးတို့၌ နိမိတ်ကြီး ၂- ပါး ကြီးကျယ်လှသည်ဖြစ်၍ နိစ္စ,ဓုဝ,ပုဂ္ဂလ,သတ္တ,အတ္တ,ဇီဝ-အထင်အမြင် တို့ကို ပယ်ဖျောက်ရန် အလွန်ခဲယဉ်းလှသောကြောင့် ခက်ဆစ်ခက်ပိုင်း တို့နှင့်တကွနိမိတ်ကြီး၂-ပါးပယ်ရှား နည်းကို အထပ်ထပ်ပြ ဆိုလိုက်သည်၊ ရေ, အသား, အရိုး, ဦးန... |
23,783 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) (င) ဓာတ်ကြီး ၄-ပါးနှင့် ဘာဝနာကိစ္စပြီးနိုင်ပုံ |
23,784 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ရူပက္ခန္ဓာတရား အများရှိပါလျက် ဓာတ် ၄-ပါးကိုသာ ပြဆိုသည်မှာ ဓာတ် ၄-ပါးနှင့်ပင် ဝိပဿနာကိစ္စ ပြီးစီးနိုင်ကြောင်းကို စတုက္ကအင်္ဂုတ္တိုရ်၌ ဟောတော်မူချက်ရှိသော ကြောင့်တည်း။ |
23,785 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (က) အထ ခေါ အာယသ္မာ ရာဟုလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ ယာ စ ရာဟုလ အဇ္ဈတ္တိကာ ပထဝီဓာတု၊ ယာ စ ဗာဟိရာ ပထဝီဓာတု၊ ပထဝီဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ။ |
23,786 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ ပထဝီဓာတုယာ နိဗ္ဗိန္ဒတိ၊ ပထဝီ ဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
23,787 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ အာပေါဓာတု၊ ယာ စ ဗာဟိရာ အာပေါဓာတု၊ အာပေါဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ အာပေါဓာတုယာ နိဗ္ဗိန္ဒတိ၊ အာပေါဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
23,788 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဂ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ တေဇောဓာတု၊ ယာ စ ဗာဟိရာ တေဇောဓာတု၊ တေဇောဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ တေဇောဓာတုယာ နိဗ္ဗိန္ဒတိ၊ တေဇောဓာတုယာ စိတ္တံ ဝိရာဇေတိ။ |
23,789 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဃ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယာ စ ဗဟိရာ ဝါယောဓာတု၊ ဝါယောဓာတုယေဝ သာ၊ နေသံ မမ၊ နေသောဟ မသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ ဝါယောဓာတုယာ နိဗ္ဗိန္ဒတိ၊ ဝါယောဓာတုယာ စိတ္တံ ဝိရာစေတိ။ |
23,790 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (င) ယတော ခေါ ရာဟုလဘိက္ခု ဣမာသု စတူသု ဓာတူသု နေဝတ္တာနံ န အတ္တနိယံသမနုပဿတိ၊ အယံဝုစ္စတိ ရာဟုလသမ္မဒသော ဘိက္ခု၊ အစ္ဆဇ္ဇိ တဏှံ၊ သမ္မာ မာနာဘိသမယာ အန္တမကာသိ ဒုက္ခဿာတိ။ |
23,791 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနက်ကား (က) အထခေါ=ထိုအခါ၌၊ အာယသ္မာရာဟုလော=အရှင် ရာဟုလာသည်၊ ယေန=အကြင်အရပ်၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အတ္ထိ=ရှိတော်မူ၏၊ တေန=ထိုဘုရားရှိတော်မူသောအရပ်သို့၊ ဥပသင်္ကမိ= ကပ်လေ၏၊ ဥပသင်္ကမိတွာ=ကပ်လေပြီး၍၊ ဧကမန္တံ=သင့်တင့်သော အရပ်၌၊ နိသီဒိ=နေ၏၊ ဧကမန္တံ=သင့်တင့်သောအရပ်၌၊ နိသိန္နံခေါ=နေပြီး သော၊ အာယသ္မန္တံရာဟုလံ=အရှင်ရာဟုကို၊ ဘဂဝါ=မြတ... |
23,792 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဣတိဧဝံ=ဤသို့၊ ဧတံ=ဤပထဝီဓာတ်၂-မျိုးလုံးကို၊ ယထာဘူတံ= ဟုတ်မှန်သည့် အတိုင်း၊ သမ္မာ=ကေင်းစွာ၊ ပညာယ= ဝိပဿနာ ပညာဖြင့်၊ ဒဋ္ဌဗ္ဗံ=ရှုအပ်၏၊ ဧဝံ=ဤသို့၊ ဧတံ=ဤပထဝီဓာတ်၂-မျိုးလုံးကို၊ ယထာ ဘူတံ=ဟုတ်မှန်သည့်အတိုင်း၊ သမ္မာ=ကောင်းစွာ၊ ပညာယ=ဝိပဿနာ ပညာဖြင့်၊ ဒိသွာ=မြင်၍၊ ပထဝီဓာတုယာ=ပထဝီဓာတ်၌၊ နိဗ္ဗန္ဒတိ= ငြီးငွေ့၏၊ ပထဝီဓာတုယာ=ပထဝီဓာတ်၌၊ ... |
23,793 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ခ, ဂ, ဃ-နောက်ဓာတ်ကြီး ၃-ဝါကျ၌လည်း ဤနည်းတူ အနက်ပေးလေ။ |
23,794 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) (င) ရာဟုလ=ရာဟုလာ၊ ယတော=အကြင်အခါ၌၊ ဘိက္ခု=ရဟန်း သည်၊ စတူသု=၄-ပါးကုန်သော၊ ဣမာသာဓာတူသု=ဤဓာတ်တို့၌၊ နေဝတ္တာနံ=အနှစ်သာရအတ္တမဟုတ်သည်ကို၊ နအတ္တနိယံ=ကိုယ်နှင့် မစပ်သည်ကို၊ သမနုပဿတိ=ကောင်းစွာမြင်လေ၏၊ ရာဟုလ=ရာလာ၊ အယံဘိက္ခု=ဤသို့မြင်သော ရဟန်းကို၊ သမ္မဒသော=ကောင်းစွာမြင်သော ရဟန်းဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏၊ တဏှံ=တဏှာသည်၊ အစ္ဆဇ္ဇိ=ပြတ်ပြ... |
23,795 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပထဝီဓာတုယေဝေသာ-ပါဌ်၌ အဓိပ္ပါယ်ကား |
23,796 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြေကြီး,တော,တောင်-စသည်တို့၌ရှိသော ဗာဟိရပထဝီ သည်လည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်းမဟုတ်၊ ငါ့အတ္တလည်းမဟုတ်ဟု ထင်ရှား၏သို့ ထို့အတူ မိမိမိမိတို့၏အဇ္ဈတ္တသဏ္ဌာန်၌ရှိသော ခက်မာမှု ကိရိယာကိုလည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်းမဟုတ်၊ ငါ၏အတ္တလည်း မဟုတ်-ဟု ဉာဏ်အမြင်၌ ထင်ရှားစေရမည်၊ ပထဝီ ၂-မျိုး ထပ်တူကျ စေရမည်။ |
23,797 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဇ္ဈတ္တပထဝီကို ပုဂ္ဂိုလ်, သတ္တဝါ, ငါဖြစ်၍ မနေစေနှင့်၊ ငါ၏ ဥစ္စာဖြစ်၍ မနေစေနှင့်၊ ငါ၏ အတ္တဖြစ်၍ မနေစေနှင့်-ဟု ဧဝ ကျောက်ကန် လျှာလိပ်သံ ပြင်းပြင်းနှင့် ခပ်တင်းတင်း ဟောတော်မူပေ သတည်း။ |
23,798 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တစ်နည်းတစ်ဖုံ ဓာတုမနသိကာရ ထူထောင်ရန် |
23,799 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာဇီဝဋ္ဌမကသီလကို လုံခြုံစေ၍ ရှေးဦးစွာ သီလဝိသုဒ္ဓိနှင့် ပြည့်စုံရာ၏၊ |
23,800 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သီလဝိသုဒ္ဓိပြီး၏၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.